← Chapters

မင်းကျန်နှင့် တွေ့ဆုံခြင်း

Vol. 96 Ch. 1428

မင်းကျန်နှင့် တွေ့ဆုံခြင်း

Vol. 96 Ch. 1428

ရုတ်တရက်သည် သွေးနီရောင်ဘူးတောင်းတစ်ခုသည် ထန်လင်းကျီ၏ ခန္ဓာကိုယ်ကနေ လွင့်ပျံထွက်ပေါ်လာပြီး ဆူဇီမို၏ ဦးခေါင်းထက်မှာ လှည့်ပတ်လာ၏။

၎င်းသည် လေထဲကနေ ဇောက်ထိုးဆင်းချလာပြီး ဘူးတောင်း၏ နှုတ်ခမ်းဝက ဆူဇီမိုကိုချိန်ရွယ်ကာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေသည့် သွေးရောင်တစ်ခုနှင့်အတူ ​တောက်ပလာခဲ့၏။

“ဟမ်...”

ဆူဇီမို၏အမူအရာက ပြောင်းလဲသွား၏။

ထိုဘူးတောင်းကနေ ထုတ်ဖော်လိုက်သောစွမ်းအားသည် သူ့အပေါ်မှာ လွှမ်းခြုံလာပြီး သူက သွေးဘူးတောင်းရှိရာသို့ စုပ်ယူခြင်းခံနေရ၏။

လူတိုင်း၏ရှေ့မှောက်မှာပင် ဆူဇီမို၏ပုံရိပ်က အဆက်မပြတ်ကျုံ့ဝင်သွားပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ သွေးဘူးတောင်းထဲသို့ စုပ်ယူခြင်းခံလိုက်ရ၏။

သွေးနွယ်ပင်မျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များက ဤမြင်ကွင်းမှာ အံအားသင့်သွားခြင်း မရှိပေ။

ထန်လင်းကျီက သူ၏လူသားသွင်ပြင်သို့ ပြောင်းလဲလိုက်ပြီး သူ့လက်ထဲမှာ သွေးဘူးတောင်းကို ဆုပ်ကိုင်ကာ အော်ဟစ်ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင်တဲ့လား... သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားတဲ့လား... မင်းက နောက်ဆုံးမှာတော့ ငါ့လက်ထဲမှာကျဆင်းပြီး ငါ့ရဲ့ဖိနှိမ်ခြင်းကို ခံလိုက်ရတာပဲမလား”

“သခင်လေး... ခင်ဗျားက ထက်မြက်ပါပေတယ်.. ခင်ဗျားက ဒီတိုက်ပွဲနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သေချာပေါက်နာမည်ကြီးကျော်ကြားတော့မှာပဲ”

“အဲ့ဒါအမှန်ပဲ... ဒီတိုက်ပွဲပြီးရင် နတ်ဘုရားမျိုးနွယ်က အကာသဧကရာဇ်နဲ့ နတ်သမီးရှောင်ရှန်းတို့ရဲ့ ဂုဏ်သတင်းကတောင် ခင်ဗျားထက်နိမ့်ကျသွားတော့မှာပဲ”

“အထီးကျန်သိုင်းသခင်က တကယ့်ကိုမောက်မာပြီး မိုက်မဲတာပဲ... ကျုပ်တို့ သွေးနွယ်ပင်မျိုးနွယ်ရဲ့ မျိုးဆက်သွေးနဲ့ကိုယ်ကာယက တကယ်ပဲ မသန်မာလှပါဘူး... ဒါပေမဲ့ ကျုပ်တို့က ကမ္ဘာဦးမျိုးနွယ် ၉စုထဲက တစ်စုဖြစ်လာတယ်ဆိုမှတော့ ကျုပ်တို့မှာ စွမ်းအားကြီးမားတဲ့ သတ်ဖြတ်ကွက်တွေရှိတာပေါ့... သူက အဲ့ဒါကို မသိဘူးတဲ့လား”

သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ထန်လင်းကျီကို အလောတကြီးချီးကျူး၍ မြှောက်ပင့်ပြောဆိုလိုက်ပြ၏။

တကယ်တော့... သွေးဘူးတောင်းတစ်ခုသည် သွေးနွယ်ပင်မျိုးနွယ်ဝင်များအတွက် အလွန်တရာအရေးပါလေသည်။

သွေးနွယ်ပင်သက်ရှိတိုင်းသည် မွေးဖွားလာစဥ်ကတည်းက သူတို့၏ နွယ်ပင်များစွာပေါ်မှာ သွေးဘူးတောင်းများ ပါရှိလာကြလေသည်။ သို့သော်လည်း သူတို့သည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက် ထိုသွေးဘူးတောင်းများက အတူတကွပေါင်းစည်းသွားကြ၏။

ပေါင်းစည်းထားသော သွေးဘူးတောင်းသည် သွေးနွယ်ပင်မျိုးနွယ်ဝင်တစ်ယောက်၏ ကျင့်ကြံမှုအဆီအနှစ်နှင့် ကျင့်ကြံမှုထက်ဝက်ကျော်ကို ပေါင်းစည်းထားခြင်းဖြစ်သည်ဟု ဆိုနိုင်လေသည်။

သွေးနွယ်ပင်မျိုးနွယ်က အနီးကပ်တိုက်ခိုက်ခြင်းမှာ တကယ်ပင်မသန်မာပေ။ သို့သော်လည်း သွေးနွယ်ပင်မျိုးနွယ်၏ လတ်ဆတ်သောသွေးများဖြင့် စွန်းထင်းခံရသည့်မည်သူဆို သူတို့၏ သွေးဘူးတောင်းနှင့် အချိတ်အဆက်တစ်ခုရရှိသွားပေလိမ့်မည်။

သူတို့သည် အကွာအဝေးတစ်ခုထိ နီးကပ်လာသည်နှင့် သူတို့သည် သွေးဘူးတောင်း၏ စုပ်ယူခြင်းကိုခံရပြီး သွေးချီအဖြစ် သန့်စင်ခံရပေလိမ့်မည်။

ထန်လင်းကျီက ဂုဏ်ယူစွာဖြင့်ပြောလိုက်၏။

“အဲ့ဒီအထီးကျန်သိုင်းသခင်က တကယ့်ကို မိုက်မဲတာပဲ... ငါ့မှာသူ့ကို ဖိနှိမ်စရာနည်းလမ်းမရှိတော့ဘူးလို့ သူကတကယ်ပဲထင်နေတာ... ငါ့ရဲ့သွေးနဲ့ စွန်းထင်းခံရပြီးတာတောင် သူက ငါ့အနားကို ချဉ်းကပ်လာရဲတယ်ဆိုတော့ သူမပြောနဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကတောင် သွေးဘူးတောင်း၏ စွမ်းအားကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး”

“လူသားမျိုးနွယ်ရဲ့ကံကြမ္မာကို တကယ်ကိုကုန်ခန်းလာတာပဲ... သူတို့သတ်မှတ်ထားတဲ့ သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားဆိုတဲ့သူကတောင် ဘာမှမဟုတ်ပါလား... သခင်လေး ခင်ဗျားက အဲ့ဒါကိုလုပ်ဖို့ ဘယ်လောက်မှတောင် အားမစိုက်လိုက်ရပါလား”

“သူက ဘယ်နေရာမှာ တော်တာလဲ... ရှာလို့ မတွေ့ပါလား”

“ကျုပ်တို့ ကမ္ဘာဦးမျိုးနွယ်တွေက ငြိမ်သက်နေခဲ့တာ အတော်ကြာသွားလို့ထင်တယ် လူသားမျိုးနွယ်က အဲ့ဒီပုရွက်ဆိတ်တွေက သူတို့ကိုယ်သူတို့ ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ အရှင်သခင်လို့ တကယ်ပဲ ထင်နေကြတဲ့ပုံပဲ... ဟီးဟီး”

“သခင်လေး... ကျုပ်တို့က ဒီစားစရာတွေကို ဘယ်လိုလုပ်လိုက်ရမလဲ”

သွေးနွယ်ပင်မျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က မလှမ်းမကမ်းရှိ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းကို လက်ညိုးထိုးပြလိုက်၏။

တိုက်ပွဲက အလွန်တရာလျင်မြန်စွာ ဖြစ်ပွားခဲ့ပြီး ထန်ရှစ်ယွင်သည် အလယ်မှာနေ၍ လူတိုင်းကို ဖျောင်းဖျနေဆဲ ဖြစ်၏။ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် လှုပ်ရှားယိမ်းယိုင်လာပြီး မျှော်လင့်ချက်ရောင်ခြည်သန်းလာသည့်အချိန်မှာပင် ဆူဇီမိုက သွေးဘူးတောင်းထဲသို့ စုပ်ယူခြင်းခံလိုက်သည်ကို သူတို့က တွေ့မြင်လိုက်ကြ၏။ သူက ထန်လင်းကျီ၏ ဖိနှိမ်ခြင်းကိုခံလိုက်ရလေပြီ။

တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်း၏အမူအရာက ညိုမည်းသွားပြီး သူတို့က သူတို့ကိုယ်သူတို့ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။

အစကတည်းက သူတို့သည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် မည်သည့်မျှော်လင့်ချက်မှ မထားရှိခဲ့သင့်ပေ။ သူတို့၏ကံကြမ္မာကို ဆုံးဖြတ်ပြီးသွားခဲ့သည်မှာ ကြာခဲ့လေပြီ။

ထန်ရှစ်ယွင်က ခါးသက်စွာရယ်မော၍ ဝမ်းနည်းစွာသက်ပြင်းချလိုက်၏။

“ငါတို့က သူတို့ကိုထပ်ပြီး ထိန်းသိမ်းမွေးမြူရမှာပေါ့”

ထန်လင်းကျီက မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းတို့တွေက ငါတို့ရဲ့စားစရာပဲဆိုတာ နားလည်ထားသင့်တယ်... မင်းတို့က ထွက်ပြေးလွတ်မြောက်ဖို့ကို စိတ်ကူးတောင် မယဥ်သင့်ဘူး”

“သခင်လေး... ခင်ဗျားသူတို့ကို ဒီနေ့စားဦးမှာလား”

သွေးနွယ်ပင်မျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က မေးလိုက်၏။

“မလိုတော့ဘူး”

ထန်လင်းကျီ၏ အကြည့်က သူ့လက်ထဲရှိသွေးဘူးတောင်းပေါ်သို့ ဆင်းသက်သွားပြီး ရယ်မောလိုက်လေသည်။

“ငါလောလောဆယ် စားစရာမှီဝဲဖို့ မလိုလောက်တော့ဘူး”

“ဒဏ္ဍာရီအရဆို ဒီအထီးကျန်သိုင်းသခင်က သူ့ရဲ့ အစိမ်းရောင်ကြာပန်းခန္ဓာပဲ... ငါသူ့ကိုသန့်စင်နိုင်မယ်ဆိုရင် ငါ့ရဲ့ဓမ္မစွမ်းအားနဲ့ တိုက်ခိုက်ရည်ခွန်အားက ဆပွားများစွာတိုးလာလိမ့်မယ်... ငါက အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် အခွင့်အလမ်းတစ်ခုကို အာရုံခံမိပြီး နတ်ဘုရားစွမ်းအားတွေရဲ့စွမ်းအားကို နားလည်ဆင်ခြင်နိုင်တာတောင် ဖြစ်သွားနိုင်တယ်”

“သခင်လေး... အဲ့ဒါဆိုရင် ကြိုတင်ပြီးတော့ ဂုဏ်ပြုထားပါရစေ”

သွေးနွယ်ပင်မျိုးနွယ်မှ လူတိုင်းက သူ့ကို ချီးကျူးဂုဏ်ပြုလိုက်ကြ၏။

“အင်း...”

ထန်လင်းကျီက ခေါင်းညိတ်ပြပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါတစ်နှစ်လောက်ထိ တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်... အဲ့ဒီအချိနိအတောအတွင်း ငါ့ကိုလာပြီးမနှောင့်ယှက်ကြနဲ့”

“အဲ့ဒီစားစရာတွေကိုတော့ ငါမင်းတို့တွေကိုပဲ ပေးလိုက်တော့မယ်”

“ကျေးဇူးတင်ပါတယ် သခင်လေး”

သွေးနွယ်ပင်မျိုးနွယ်မှလူတိုင်း ကျေနပ်နှစ်ခြိုက်သွားကြ၏။

သွေးဘူးတောင်း၏ အတွင်းပိုင်းက အော်ဂလီဆန်စရာ နီရဲနေ၏။

နေရာတိုင်းက သွေးများဖြင့် ပြည့်နှက်နေ၏။

သူသည် ထန်လင်းကျီ၏ သွေးဘူးတောင်းထဲသို့ စုပ်ယူခြင်းခံလိုက်ရလျှင်တောင် ဆူဇီမို၏ အမူအရာက မပြောင်းမလဲရှိပြီး မည်သည့်စိုးရိမ်ပူပန်မှုမှ ရှိမနေပေ။

သူသည် သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းစစ်ဆေးကြည့်လိုက်၏။

သွေးဘူးတောင်းက မကြီးမားသော်လည်း ၎င်းမှာ ကိုယ်ပိုင်တည်ဆောက်မှုပုံသဏ္ဌာန်တစ်ခုရှိနေ၏။

ဆူဇီမို၏အကြည့်သည် သွေးဘူးတောင်း၏ အတွင်းဘက်နံရံပေါ်သို့ ဆင်းသက်သွား၏။

အဲ့ဒီမှာပါးလွှာသော သွေးအမာရွတ်များသည် ပြွတ်သိပ်၍ ယှက်ဖြာနေကြ၏။ လူတစ်ယောက်၏ သွေးကြောများကဲ့သို့ အထဲမှာသွေးများပင် စီးဆင်းနေ၏။

“ထန်လင်းကျီပြောပုံအရဆို မင်းကျန်ကသွေးဘူးတောင်းထဲမှာ ရှိနေရဦးမယ်... ငါသူ့ကို ဘာလို့ရှာမတွေ့ရတာလဲ”

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

မင်းကျန်က တောင့်မခံနိုင်တော့ပဲ ထန်လင်းကျီရဲ့သွေးအဖြစ် သန့်စင်ခံလိုက်ရပြီလား။

ဆူဇီမိုသည် သွေးဘူးတောင်းကို ဂရုတစိုက်စစ်ဆေးကြည့်ရှုနေ၏။

ရုတ်တရက်ဆိုသလို...

သူ၏အမူအရာက ပြောင်းလဲသွားပြီး သူ၏အကြည့်သည် ထောင့်တစ်နေရာရှိ လူတစ်ယောက်၏ အရပ်တစ်ဝက်လောက်ရှိသော သွေးပိုးအိမ်တစ်ခုပေါ်သို့ ဆင်းသက်သွား၏။

အစကတော့ သူသည် ထိုသွေးပိုးအိမ်ကို လုံးဝသတိမထားမိပေ။ ရုတ်တရက်ကြည့်လိုက်မည်ဆိုလျှင် အဲ့ဒါသည် မည်သည့်ထူးခြားသည့်သွင်ပြင်မှမရှိပဲ သွေးဘူးတောင်းထဲရှိ သွေးခဲတစ်လုံးနှင့်တူနေ၏။

သို့သော်လည်း ဆူဇီမို၏ စိတ်ဝိညာဥ် အသိအမြင်က သန်မာအားကောင်းလေသည်။ သူသည် ထိုသွေးပိုးအိမ်မှ အကြင်နာမေတ္တာဓာတ်တစ်စွန်းတစ်စကို ခံစားမိနိုင်၏။ အဲ့ဒါက အားနည်းသော်လည်း သူက အဲ့ဒါကိုအာရုံခံမိလေသည်။

လှစ်ခနဲဆို ဆူဇီမိုက သွေးပိုးအိမ်ဘေးသို့ ရောက်ရှိလာခဲ့၏။

သွေးပိုးအိမ်သည် တင်းကျပ်စွာရစ်ပတ်ထားသော သွေးချည်မျှင်များဖြင့် ပြည့်နှက်နေပြီး အထဲမှာ ဘာရှိသည်ကို မတွေ့မြင်နိုင်ပေ။

ဆူဇီမိုသည် သူ၏လက်ကိုဆန့်ထုတ်ပြီး ဒီတိုင်းဆွဲဖြဲကာ သွေးချည်မျှင်အများစုကို ဖယ်ရှားလိုက်၏။

ထိုသွေးချည်မျှင်များအားလုံးသည် အလွန်တရာသန်မာသော တိုက်စားစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။ သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပကတိအသွင်ပြောင်းလဲခြင်းတစ်ရပ်ကို တွေ့ကြုံထားခြင်းကြောင့်သာ မဟုတ်လျှင် ဆူဇီမို၏ လက်ဖဝါးက ပုပ်သိုးဆွေးမြည့်သွားပြီး သူ၏အရိုးများပင် ပေါ်ထွက်လာလောက်၏။

သွေးပိုးအိမ်ထဲမှာ တကယ်ပင် ဘုန်းကြီးတစ်ပါးရှိနေ၏။

ထိုဘုန်းကြီးသည် သူ၏လက်နှစ်ဖက်ကို အတူတကွယှက်ဖြာပြီး တင်ပျဥ်ခွေထိုင်နေ၏။ သူ၏မျက်လုံးများကိုမှိတ်ထားပြီး သူ၏ခန္ဓာကိုယ်က ခပ်ဖျော့ဖျော့တောက်ပနေ၏။ သူသည် အလွန်တရာပိန်လှီ၍ သူ၏အသားထက်ဝက်ကျော်က လျော့ကျသွားခဲ့လေပြီ။ ဆူဇီမိုသည် သူ့ကို မမှတ်မိနိုင်လုနီးပါးပင်။

ထိုစဥ်မှာပင် ထိုကိုယ်တော်က သူ၏မျက်လုံးကိုဖွင့်ပြီး ဆူဇီမိုကိုတွေ့မြင်သွား၏။ သူ၏မျက်လုံးများက ရေကဲ့သို့ ကြည်လင်သန့်စင်နေ၏။

ဤကဲ့သို့ မကောင်းဆိုးဝါးဆန်၍ ညစ်ညမ်းသော ပတ်ဝန်းကျင်မှာပင်လျှင် သူ၏မျက်လုံးများက ကြင်နာမှုနှင့် တင့်တယ်မှု ခံစားချက်တစ်ခုကို ထုတ်ပေးနိုင်နေဆဲဖြစ်၏။

အဲ့ဒါက မင်းကျန်ဖြစ်၏။

ဆူဇီမိုသည် ဤကဲ့သို့ ကြည်လင်သန့်စင်သောအကြည့်ကို မင်းကျန်ထံမှာသာ တွေ့မြင်ဖူးလေသည်။

ပိန်လှီ၍ ခြောက်ကပ်နေသော မင်းကျန်ကိုငေးကြည့်ရင်း ဆူဇီမိုသည် ရင်ထဲမှာ နာကျင်ကိုက်ခဲသွားပြီး သူ၏မျက်လုံးများက နီရဲလာ၏။

“ဂျူနီယာညီလေး... မင်းဒီကိုရောက်လာတာပဲ”

မင်းကျန်က သူ့မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်မှုနှင့် ကျေးဇူးတင်မှုအရိပ်အယောင်နှင့်အတူ ညင်သာစွာပြုံးပြလိုက်၏။

ထိုအပြုံးကိုမြင်သောအခါ ဆူဇီမိုက မျက်ရည်များဝဲလာခဲ့၏။

ဘာ့ကြောင့်ရယ်မသိ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲမှာ မည်သည့်အမျက်ဒေါသ သို့မဟုတ် သတ်ဖြတ်လိုစိတ်မှ မရှိတော့ပေ။ အဲ့ဒီမှာ ဖော်မပြတတ်သော ကျေးဇူးတရားခံစားချက်သာလျှင်ရှိတော့၏။

မင်းကျန်သည် သွေးဘူးတောင်းထဲမှာ ဆယ်နှစ်ကြာအောင် ပိတ်လှောင်ခံထားခဲ့ရပြီး အဲ့ဒါက သေသည်ထက်ပင် ဆိုးဝါးသာ ကံကြမ္မာတစ်ခုဖြစ်၏။

အဲ့ဒီနေရာမှာ တခြားတစ်ယောက်သာဆိုလျှင် သူတို့၏စိတ်က လဲပြိုကျသွားသည်မှာ ကြာနေလောက်လေပြီ။

ဆူဇီမိုပင်လျှင် ဤကဲ့သို့ ဆိုးယုတ်၍ ညစ်ညမ်းသောပတ်ဝန်းကျင်မှာ ဆယ်နှစ်တိတိပိတ်လှောင်ခံထားရပါက သူက ဘာဖြစ်သွားမလဲ မစဥ်းစားကြည့်နိုင်ပေ။

သူသည် မိစ္ဆာတာအိုသို့ လုံးဝ ဝင်ရောက်သွားပြီး သတ်ဖြတ်ဖို့အတွက် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို တစ်ဖန်ပြန်အသက်သွင်းမိဖို့များလေသည်။

သို့သော်လည်း မင်းကျန်ကတော့ ထိုသို့မဟုတ်ခဲ့ပေ။

မင်းကျန်က ပြုံးနေနိုင်ဆဲ ဖြစ်၏။

အဲ့ဒီမှာ မည်သည့်မကျေမချမ်းမှု သို့မဟုတ် မုန်းတီးမှုတို့မှ ရှိမနေပေ။

မင်းကျန်မှတဆင့် ဆူဇီမိုသည် ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အဆုံးစွန်စေတနာ မေတ္တာနှင့် သဘောထားကြီးမြတ်မှုကို ခံစားမိနိုင်၏။

ထိုသူသည် ငရဲက ဗလာမကျင်းသေးသရွေ့ နိဗ္ဗာန်သို့မျက်မှောက်မပြုဟု ကျိန်ဆိုခဲ့သောသူဖြစ်လေသည်။ ဆူဇီမို၏စိတ်ဓာတ်က ပြတ်သား၍မကိုင်လှုပ်နိုင်ပေ။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူ၏စိတ်က လှုပ်ရှားယိမ်းယိုင်လာပြီး မျက်ရည်များက သွင်သွင်စီးကျလာ၏။

All Chapters