← Chapters

နက်ရှိုင်းသော ဆရာတပည့်ဆက်ဆံရေး

Vol. 96 Ch. 1429

နက်ရှိုင်းသော ဆရာတပည့်ဆက်ဆံရေး

Vol. 96 Ch. 1429

“ငါနောက်ကျသွားတယ်... တောင်းပန်ပါတယ်”

ဆူဇီမိုက မလုံမလဲ ခံစားနေရ၏။

မင်းကျန်သည် သူ၏ခေါင်းကိုခါပြီး ဆူဇီမို၏မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးချင်သည့်အလား သူ၏ပိန်လှီ​နေသောလက်ကို မြှောက်လိုက်လေသည်။ သို့သော်လည်း သူ့မှာ ခွန်အားမကျန်ရှိတော့သည့်အတွက် လမ်းတစ်ဝက်မှာပင် သူ၏လက်က ပျော့ခွေစွာပစ်ကျသွား၏။

ထိုသည်ကို မြင်သောအခါ ဆူဇီမိုက ရင်ထဲမှာ နာကျင်သွား၏။

မင်းကျန်၏အသက်ဓာတ်အားက အလွန်တရာအားနည်းနေသည်ကို သူက ရှင်းလင်းစွာခံစားမိလိုက်၏။

သူသာ အနည်းငယ်နောက်ကျခဲ့လျှင် မင်းကျန်ကို တွေ့ခွင့်ရချင်မှရပေတော့မည်။

“ဆရာက... မရှိတော့ဘူး”

ခဏမျှငြိမ်သက်ပြီးနောက် ဆူဇီမိုက အမှန်တရားကို ပြောဖို့ဆုံးဖြတ်လိုက်၏။

“ငါသိပါတယ်”

မင်းကျန်က ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုသည် အနည်းငယ်မှင်တက်သွားပြီး တွေဝေသွားလေသည်။

မင်းကျန်က ပြန်ဖြေလိုက်၏။

“ငါက... ဒီနေရာမှာ တစ်ချိန်လုံးပိတ်မိနေခဲ့ပေမဲ့ အဲဒါကို ခံစားမိခဲ့တယ်”

ထိုနေရာအရောက်တွင် သူက ခဏမျှ ရပ်တန့်ပြီးနောက် သူ၏ရင်ဘတ်ကို လက်ညိုးထိုးပြလိုက်၏။

“ဒီနေရာက နာကျင်သွားတယ်... အဲ့ဒီအချိန်မှာ ဆရာကွယ်လွန်သွားပြီဆိုတာ ငါသိလိုက်တယ်”

သူတို့သည် မိုင်ပေါင်းထောင်ချီကွာဝေးနေသော်လည်း သူ၏ဆရာကွယ်လွန်သွားသည်ကို သူကခံစားမိနိုင်ခဲ့၏။

မင်းကျန်၏အသံက တည်ငြိမ်နေသော်လည်း အဲ့ဒီမှာအတင်းအကျပ်ဖိနှိမ်ထားသော ဝမ်းနည်းမှုတစ်ခုရှိနေ၏။

“ဆရာက...ဘာဝေဒနာမှမခံစားရပဲ အေးအေးချမ်းချမ်း ထွက်သွားခဲ့တာ”

ဆူဇီမိုက ညင်သာစွာပြောလိုက်၏။

“သူမသွားခင်ကတောင် ငါ့ကို တောင်ပိုင်းဒေသကိုသွားပြီး မင်းဆီကိုအလည်သွားဖို့ မှာခဲ့သေးတယ်”

ကိုယ်တော်ယွမ်ပေသည် ဆူဇီမိုကို ထိုစကားပြောခဲ့စဥ်က သူသည်အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခဲ့ခြင်း မရှိပေ။

ယခုအဲ့ဒါကို ပြန်တွေးကြည့်သောအခါ ကိုယ်တော်ယွမ်ပေသည် တစ်စုံတစ်ရာကို အာရုံခံမိသောကြောင့် ထိုအကြံကိုပေးခဲ့ခြင်းဖြစ်ရပေမည်။

သို့သော်လည်း ကိုယ်တော်ယွမ်ပေသည် သူ့ဘဝ၏နောက်ဆုံးအချိန်သို့ ရောက်ရှိနေခဲ့ပြီး တစ်စုံတစ်ရာပြုလုပ်နိုင်ခဲ့ခြင်း မရှိပေ။

မင်းကျန်သည် သူ၏ခေါင်းကို အနည်းငယ်ငုံ့ထား၏။

ကြည်လင်သန့်စင်၍ ရိုးသားသော ဤဘုန်းကြီးလေးသည် ဤငရဲခန်းထဲမှာ ပိတ်လှောင်ခံနေရစဥ်မှာတောင် သူသည် ကြောက်ရွံ့မှုနှင့် သတ္တိကြောင်မှုအနည်းငယ်ကိုမှ မပြသခဲ့ပေ။

သူသည် ဤနေရာမှာ ဆယ်နှစ်ကြာအောင် ပိတ်မိနေခဲ့ပြီး သေလုနီးပါးဖြစ်နေခဲ့လေပြီ။ သို့သော်လည်း သူ၏နှလုံးသားသည် လုံးဝယိမ်းယိုင်သွားခြင်းမရှိပဲ အပြုံးတစ်ခုနှင့်အတူ သူ၏နဂိုယုံကြည်ပြတ်သားမှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ကိုယ်တော်ယွမ်ပေ၏ သတင်းကို ကြားသောအခါ မင်းကျန်သည် သူ၏ခေါင်းကိုငုံ့ထားပြီး သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ သူသည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း သူ၏အဝတ်များက မျက်ရည်များဖြင့် စိုလာခဲ့၏။

သူသည် သူ့ရင်ထဲရှိဝမ်းနည်းမှုကို ထိန်းထားဖို့ အကောင်းဆုံးကြိုးစားနေလျှင်တောင် သူသည် အဲ့ဒါကိုမလုပ်နိုင်ပေ။

“နဂါးသင်္ချိုင်းတောင်ကြားမှာတုန်းက ခွဲခွာခြင်းက ထာဝရခွဲခွာခြင်း ဖြစ်သွားခဲ့တာပဲ”

ခဏနေပြီးနောက် သူက တုန်ယင်နေသောအသံဖြင့်ပြောလိုက်၏။

မင်းကျန်က ဆူဇီမိုနှင့် မတူပေ။

သူတို့နှစ်ယောက်သည် ရှေးဟောင်းတိုက်ပွဲမြေသို့ ပို့ဆောင်ခံလိုက်ရပြီးနောက် ဆူဇီမိုသည် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ အမဲလိုက်ခြင်းကိုခံရကာ အကာအကွယ်ရယူဖို့အတွက် နဂါးသင်္ချိုင်းတောင်ကြားသို့ပင် ပြန်ရောက်သွားခဲ့ရ၏။

သို့သော်လည်း မင်းကျန်က ထိုနေရာသို့ ပြန်သွားဖို့ အခွင့်အရေးမရှိခဲ့ပေ။

အဲ့ဒါက သူ့ဘဝမှာအမြဲတမ်းရှိနေမည့် နောင်တဖြစ်၏။ အချို့နောင်တများသည် တစ်ကြိမ်လွဲချော်ပြီးသည်နှင့် ဤတစ်ဘဝလုံးစာ ပြုပြင်ဖာထေးလို့ မရနိုင်တော့ပေ။

မင်းကျန်သည် ကိုယ်တော်ယွမ်ပေ၏ သေဆုံးမှုကို အာရုံခံမိခဲ့သော်လည်း သူက ဤနေရာမှာ ပိတ်မိနေခဲ့၏။ ဤနှစ်များအတွင်း သူတွေ့ကြုံခံစားခဲ့ရသော နာကျင်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများသည် ဆူဇီမိုတွေးထင်ထားသည်ထက်ပင် များစွာပို၍ ကြီးမားနေ၏။

အတန်ကြာပြီးနောက် မင်းကျန်ကပြောလိုက်၏။

“ဆရာထွက်သွားတာကို အာရုံခံမိပြီးတဲ့နောက် ငါက ကမ္ဘာ့ကွန်ချာဗုဒ္ဓရဲ့ ဆုတောင်းသုတ္တန် ၊ ကန့်သတ်မဲ့အလင်းသုတ္တန်နဲ့ ပြန်ဝင်စားခြင်းမန္တန်ကို သူ့အတွက် ဒီနေရာမှာ ရွတ်ဆိုပေးခဲ့တယ်... သူက ဘာထိခိုက်ခံစားမှုမှမရှိပဲ သန့်စင်တဲ့မဟာ​မြေကို အေးအေးချမ်းချမ်းသွားရောက်နိုင်ဖို့အတွက်ပေါ့”

ဆူဇီမိုက သူ့ကိုနှစ်သိမ့်တော့မည့်ဆဲဆဲမှာပင် သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏အမူအရာက ပြောင်းလဲသွား၏။

သူ၏ရှေ့တည့်တည့်တွင် သွေးနီရောင်ဘူးတောင်း၏ အတွင်းဘက်နံရံသည် လူတစ်ယောက်၏ အစာအိမ်ကဲ့သို့ စတင်လူးလွန့်လာပြီး သွေးများကို စိမ့်ထွက်လာစေ၏။

ထိုသွေးများသည် အလွန်တရာ ဆိုးယုတ်၍ ဆူဇီမိုနှင့် မင်းကျန်ရှိရာသို့ တိုးဝင်လာလေသည်။

ဆူဇီမို၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်လေသည်။ သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး သူ့ဘေးတွင်ရှိသော မင်းကျန်ကိုပွေ့ယူကာ လေထဲသို့ ခုန်တက်လိုက်၏။

သို့သော်လည်း သွေးဘူးတောင်းအတွင်းမှာ ရှောင်တိမ်းနိုင်သော နေရာလွတ်က အကန့်အသတ်ရှိလေသည်။ ဆူဇီမိုသည် မင်းကျန်ကိုသယ်ဆောင်ပြီး အဆက်မပြတ် ပျံတက်လိုက်၏။ တစ်ခဏအတွင်းမှာပင် သူတို့သည် သွေးဘူးတောင်း၏ ထိပ်ပိုင်းသို့ ရောက်ရှိလာကြ၏။

သွေးဘူးတောင်း၏ နှုတ်ခမ်းဝကို ထန်လင်းကျီက ပိတ်ဆို့ထားလေသည်။

အောက်ဘက်ရှိသော သွေးရည်များက လျင်မြန်စွာ မြင့်တက်လာနေပြီး သိပ်မကြာခင် သူတို့နှစ်ယောက်ကို ဆွဲယူနှစ်မြှုပ်ပေတော့မည်။

ဆူဇီမို၏ အခြေအနေက ကောင်းမွန်သေးလေသည်။ သို့သော်လည်း မင်းကျန်၏ ခန္ဓာကိုယ်က လဲပြိုကျတော့မည့်ဆဲဆဲဖြစ်နေလေပြီ။ စောစောက သူ၏စိတ်ခံစားချက်အတက်အကျနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် သွေးရည်၏ ထိတွေ့ရိုက်ခတ်မှုကို ဆက်လက်၍ ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။

ဆူဇီမိုသည် သူ၏အသိစိတ်ကို ထုတ်လွှတ်ပြီး အစိမ်းရောင်အလင်းတစ်ခုကို ​ဖျတ်ခနဲလက်သွားစေ၏။

ဖန်တီးခြင်းကြာခုံက ဆင်းသက်လာခဲ့၏။

ဖန်တီးခြင်းကြာခုံကိုကိုင်ဆွဲပြီး ဆူဇီမိုသည် သူ၏သွေးချီကို လှည့်ပတ်ကာ ဆူနာမီအသံကို ထွက်ပေါ်လာစေ၏။ သူသည် သူ၏ ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး ဖန်တီးခြင်းကြာခုံနှင့် သွေးဘူးတောင်းနှုတ်ခမ်းဝကို ပစ်ရိုက်ချလိုက်၏။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။

ဖန်တီးခြင်းကြာခုံသည် သွေးဘူးတောင်းနှုတ်ခမ်းဝနှင့် ပြင်းထန်စွာထိတွေ့ရိုက်ခတ်ပြီး ကြီးမားသောပြန်ကန်အားကို ထွက်ပေါ်လာစေ၏။ ဆူဇီမို၏ လက်က အနည်းငယ်ထုံကျင်သွားသော်လည်း ဘူးတောင်း၏ နှုတ်ခမ်းဝက တုတ်တုတ်မျှလှုပ်မလာခဲ့ပေ။

ဘန်း... ဘန်း… ဘန်း...

သူသည် ဖန်တီးခြင်းကြာခုံကို ကိုင်ဆွဲပြီး ကျယ်လောင်သောမြည်သံနှင့်အတူ ထပ်တလဲလဲ ပစ်ရိုက်နေ၏။

ဘူးတောင်းတစ်ခုလုံးသည် လှုပ်ခါလာသောလည်း ဘူးတောင်း၏နှုတ်ခမ်းဝက အလျှော့ပေးမည့်လက္ခဏာ မရှိပေ။

အောက်ဘက်ရှိ သွေးရည်များက ဆက်လက်မြင့်တက်လာနေ၏။

“ဂျူနီယာညီလေး... ဒီအစိမ်းရောင်မီးအိမ်ကို မင်းယူသွားလိုက်”

ထိုစဥ်မှာပင် မင်းကျန်က ပြောလိုက်၏။

“ငါဒီနေရာမှာ ဆယ်နှစ်ကြာအောင် တောင့်ခံနိုင်ခဲ့တဲ့ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းက ကမ္ဘာ့ကွန်ချာဗုဒ္ဓရဲ့ အမွေအနှစ်ကြောင့်ပဲ... တစ်ချိန်တည်းမှာပဲ အဲ့ဒါက ဒီအစိမ်းရောင်မီးအိမ်ရဲ့ ကာကွယ်မှုကြောင့်လည်းပါတယ်”

ပုံမှန်အားဖြင့်ဆိုလျှင် ဓမ္မဝိသေသတာအိုအရှင်များကိုမပြောနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများပင်လျှင် ထန်လင်းကျီ၏ သန့်စင်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အစိမ်းရောင်မီးအိမ်သည် မင်းကျန်ကို ယခုအချိန်ထိထောက်ပံ့ပေးထားနိုင်သည့်အတွက် အဲ့ဒါက ဘယ်လောက်တောင် သန်မာသလဲသိသာ၏။

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။ ချိတ်ပိတ်ထား၍ ညစ်ညမ်းသော ဤပတ်ဝန်းကျင်မှာ အစိမ်းရောင်မီးအိမ်ပေါ်ရှိ မီးတောက်သည် သေးငယ်၍ အားနည်းသော်လည်း ၎င်းသည် တောက်လောင်နေဆဲဖြစ်ပြီး ခပ်ဖျော့ဖျော့ အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေ၏။

ထိုခပ်ဖျော့ဖျော့အလင်းရောင်သည် သွေးဘူးတောင်း၏ စွမ်းအားအများစုကို ပိတ်ဆို့တားဆီးထားနိုင်၏။

“မင်းကျန်... အဲ့လိုလုပ်စရာမလိုဘူး”

ဆူဇီမို၏အမူအရာက အေးစက်လာပြီး သူကဖြည်းဖြည်းချင်း ပြောလိုက်၏။

“ညစ်ညမ်းတဲ့ သွေးဘူးတောင်းတစ်ခုက ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်တီးမှုကို ခိုးယူထားတဲ့ ဖန်တီးခြင်းကြာပဒုမ္မာကို ဝါးမျိုသန့်စင်နိုင်လိမ့်မယ်လို့ ငါမယုံဘူး”

“သူက ဖန်တီးခြင်းကြာပဒုမ္မာကို ဝါးမျိုချင်တယ်ဆိုရင်လည်း ငါသူ့ကို ဝါးမျိုခွင့်ပေးလိုက်မယ်”

ဆူဇီမိုသည် သူ၏မျိုးဆက်သွေးကို အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ သူ၏ပုံရိပ်က ပျောက်ကွယ်သွားသည်ဟုထင်ရပြီး တရုန်းရုန်းထကြွနေသော သွေးရည်များထဲကနေ ပြီးပြည့်စုံသော အစိမ်းရောင်ကြာပန်းတစ်ခုက ကြီးထွားလာ၏။

အစိမ်းရောင်ကြာပန်းသည် မည်သည့် ညစ်ညမ်းမှုနှင့် ဆိုးယုတ်မှုတို့မှ မစွန်းထင်းနိုင်သည် လောက၏ ရတနာတစ်ခုကဲ့သို့ ပြီးပြည့်စုံ၍ သန့်စင်ကြည်လင်နေ၏။

အစိမ်းရောင်ကြာပန်းပေါ်မှာ ပန်းဖူးတစ်ခုက တိတ်တဆိတ်ဖူးပွင့်လာ၏။

ပွင့်ချပ် ၇ လွှာက တစ်လွှာပြီးတစ်လွှာ ဖူးပွင့်လာပြီး ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးလာ၏။

ဧရာမအစိမ်းရောင်ကြာခုံသည် မင်းကျန်ကို ပင့်မြှောက်ပေးထားပြီး ကြာစိမ့်ပေါက် ၆၃ခုက အလင်းရောင်ခြည်များနှင့်အတူ တောက်ပလာပြီး သူ၏အသားနှင့် အမြုတေစိတ်ဝိညာဥ်ကို အားဖြည့်ပေးနေလေသည်။

သွေးရည်များက တလိပ်လိပ်တက်လာသော်လည်း ၎င်းသည် ဖန်တီးခြင်းကြာပဒုမ္မာဆီသို့ မချည်းကပ်လာနိုင်ပေ။

ရွှစ်...

ဖန်တီးခြင်းကြာပဒုမ္မာက ညင်သာစွာ ယိမ်းနွဲ့သွားပြီး ၎င်း၏ကိုယ်ထည်က ပြန့်ကားလာကာ မရပ်တန့်နိုင်သော စွမ်းပကားတစ်ခုနှင့်အတူ အပေါ်သို့ ထိုးတက်လာ၏။

ကြယ်ခြောက်စင်းတောင်တွင်..

သွေးနွယ်ပင်မျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းကို ပြန်လည်ဝိုင်းပတ်လိုက်ပြီး တိုက်ပွဲနယ်မြေကို ရှင်းလင်းဖို့အတွက် သူတို့၏လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်၏။

တိုက်ပွဲက အလျင်အမြန်ပြီးဆုံးသွားခဲ့၏။

သို့သော်လည်း ကြယ်ခြောက်စင်းတောင်တစ်ခုလုံးသည် မမှတ်မိနိုင်လောက်အောင် မီးလောင်ကျွမ်းခံထားရ၏။

အကောင်းတိုင်းကျန်ရှိနေသေးသော ပင်မတောင်ထွတ် ၆ခုကလွဲလျှင် ကျန်နေရာများအားလုံးက လောင်ကျွမ်းတူးချစ်နေ၏။

သွေးနွယ်ပင်မျိုးနွယ်ကလည်း ဤတိုက်ပွဲမှာ ကြီးကြီးမားမား နစ်နာဆုံးရှုံးခဲ့ရလေသည်။

ကြယ်ခြောက်စင်းတောင်၌ နေထိုင်သော သွေးနွယ်ပင်ကလန်သားပေါင်း တစ်သောင်းကျော်ရှိခဲ့ပြီး သူတို့ထဲမှ ထက်ဝက်ကျော်က မီးလောင်ကျွမ်း၍ သေဆုံးသွားခဲ့ကြလေပြီ။

ယခင်က သွေးနွယ်ပင်မျိုးနွယ်သည် ဤနေရာကို သူတို့၏ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး အဆင့်နိမ့်သွေးနွယ်ပင်အချို့ပင်လျှင် ဤနေရာသို့ စတင်ရွှေ့ပြောင်းလာခဲ့ကြ၏။

ယခု... ထိုအဆင့်နိမ့်သွေးနွယ်ပင်များအားလုံးသည် မီးလောင်ကျွမ်းခံရပြီး သေဆုံးသွားကြကုန်လေပြီ။

ထန်လင်းကျီသည် ခုနှစ်ဆင့်သတ်ဖြတ်​ခြင်းတောင်ထွတ်ပေါ်သို့ ဆင်းသက်လာပြီး သွေးဘူးတောင်းကို သန့်စင်ဖို့အတွက် သူ၏မျိုးဆက်သွေးကို အသက်သွင်းလိုက်ကာစဖြစ်၏။

ရုတ်တရက်ဆိုသလို...

သူ့လက်ထဲရှိ သွေးဘူးတောင်းက လှုပ်ခါလာ၏။

သူက ​လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် ရယ်မောလိုက်၏။

“မင်းက... ငါ့ရဲ့သွေးဘူးတောင်းထဲကို ဝင်ရောက်လာပြီးမှ ပြန်ထွက်ချင်သေးတယ်ပေါ့”

အဲ့ဒီနောက် သိပ်မကြာမီ သွေးဘူးတောင်းက ထပ်တလဲလဲ လှုပ်ခါလာ၏။ သို့သော်လည်း အဲ့ဒါက ဘာမှအရေးမပါပေ။ ထန်လင်းကျီက ညင်သာစွာသာ ဆုပ်ကိုင်ထားပြီး သွေးဘူးတောင်းက ပြုတ်ကျမသွားခဲ့ပေ။

“ရုန်းကန်လိုက်စမ်း... နောက်ဆုံးမှာတော့ မင်း ခြေကုန်လက်ပန်းကျသွားလိမ့်မယ်”

ထန်လင်းကျီက ညင်သာစွာ ပြောလိုက်၏။

ရုတ်တရက်ဆိုသလို...

သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ထန်လင်းကျီ၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ့မျက်နှာပေါ်ရှိအပြုံးက အေးခဲရပ်တန့်သွား၏။

All Chapters