← Chapters

ထန်လင်းကျီကို သတ်ဖြတ်ခြင်း

Vol. 96 Ch. 1430

ထန်လင်းကျီကို သတ်ဖြတ်ခြင်း

Vol. 96 Ch. 1430

ချပ်.. ချပ်.. ဂျက်..

တစ်စုံတစ်ရာကွဲထွက်လာသည့်အလား ထန်လင်းကျီ၏ နားထဲမှာ ဂျစ်ဂျစ်ဂျက်ဂျက်အသံတစ်ခုက ထွက်ပေါ်လာ၏။

သူသည် သူ့လက်ဖဝါးထဲရှိ သွေးဘူးတောင်းကို မယုံကြည်နိုင်စွာဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်ပြီး သူ၏မျက်လုံးနှစ်ဖက်က ပြူးကျယ်သွား၏။ သူ၏သူငယ်အိမ်နှစ်ဖက်က တင်းကျပ်လာပြီး ပင့်သက်ကို ရှိုက်လိုက်ရ၏။

သူနှင့်အတူ ယှဥ်တွဲကာရှိနေခဲ့သော ဤမူပိုင်ဓမ္မလက်နက်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်ကို တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။

သူတို့က ပါးလွှာသော်လည်း သိသာထင်ရှားလေသည်။

ဒါ့အပြင် ထိုအက်ကွဲကြောင်းများသည် မြင်နိုင်သောနှုန်းထားဖြင့် ပျံ့နှံ့လာနေ၏။

တစ်ခဏအတွင်းမှာပင် အဲ့ဒါက သွေးဘူးတောင်းတစ်ခုလုံးမှာ ပျံ့နှံ့သွားလေသည်။

“ဒါ.. ဒါက”

ထန်လင်းကျီသည် ထိတ်လန့်တကြားဖြစ်လာပြီး တုန်ရီနေသော အသံဖြင့် စူးစူးဝါးဝါးအော်လိုက်၏။

“အဲ့လို.. မဖြစ်ရဘူးလေ”

“ငါ့ရဲ့ မူပိုင်ဓမ္မလက်နက်က ဘာလို့ကွဲကြေရမှာလဲ”

“အထီးကျန်သိုင်းသခင်က အသွေးအသားခန္ဓာကိုယ်တစ်ခုပဲကို အဲ့ဒါဘယ်လိုဖြစ်နိုင်ပါ့မလဲ”

ထန်လင်းကျီသည် အချက်တစ်ချက်နှင့် ပတ်သက်၍ မှားယွင်းတွက်ချက်ခဲ့​လေသည်။

ယခုအချိန်တွင် ဆူဇီမိုကို အသွေးအသားခန္ဓာတစ်ခုအဖြစ် မသတ်မှတ်နိုင်တော့ပေ။

သူက ပြီးပြည့်စုံသော အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာတစ်ခု ဖြစ်နေခဲ့လေပြီ။

​ဖန်တီးခြင်းကြာပဒုမ္မာသည် ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးမှုကိုခိုးယူပြီး ကစဉ့်ကလျားအာကာသထဲမှာ မွေးဖွားလာခဲ့၏။ ၎င်းသည် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားနှင့်အတူ ထာဝရတည်တံ့၍ ချို့ယွင်းချက်ကင်းမဲ့လေသည်။ ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ သွေးနွယ်ပင်မျိုးနွယ်သည် ဖန်တီးခြင်းကြာပဒုမ္မာကို သန့်စင်နိုင်လိမ့်မည် မဟုတ်ပေ။

ဂျွတ်...

ထန်လင်းကျီ၏ နားထဲမှာ နောက်ထပ်ထူးဆန်းသောအသံတစ်သံက ထွက်ပေါ်လာ၏။

သူ၏အကြည့်က အေးခဲရပ်တန့်သွား၏။

ကြီးမားသော အက်ကွဲကြောင်းတစ်ခုသည် သွေးဘူးတောင်းပေါ်မှာ ထွက်ပေါ်လာခဲ့လေပြီ။

ထိုအက်ကွဲကြောင်းမှတဆင့် အစိမ်းရောင်အလင်းတန်းများက ပြိုးပြိုးပြက်ပြက် ပုံစံဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။

ဘုန်း...

အဲ့ဒီမှာကျယ်လောင်သော မြည်သံတစ်သံ ထပ်မံထွက်ပေါ်လာ၏။

သွေးဘူးတောင်းသည် ပေါက်ကွဲထွက်သွားပြီး ဧရာမအစိမ်းရောင်ကြာပန်းတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်လာ၏။ ၎င်းသည် လောကရှိ သက်ရှိအားလုံးကို ငုံ့ကြည့်နေသည့်အလား ဝင်းလက်တောက်ပ၍ အင်အားကြီးမားသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

သွေးဘူးတောင်းက ပေါက်ကွဲထွက်သွားပြီး ထန်လင်းကျီ၏ လက်တစ်ဖက်လုံးက ပျက်စီးသွားလေသည်။ အသားများက ပြန့်ကျဲသွားပြီး လတ်ဆတ်သောသွေးများက ပန်းထွက်လာ၏။

“အား...”

ထန်လင်းကျီက သွေးပျက်ဖွယ်ရာအော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က လွင့်စင်ထွက်သွား၏။ သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်၍ ညိုးငယ်သော အမူအရာနှင့်အတူ ပါးစပ်အပြည့်သွေးများစွာကို ထွေးထုတ်နေရ၏။

သူ၏လက်တစ်ဖက်ပျက်စီးသွားခြင်းက ဘာမှပြောပလောက်စရာ မဟုတ်ပေ။

အလွန်ဆုံး ဓမ္မစွမ်းအားအချို့အသုံးပြုပြီး အဲ့ဒါကို ပြန်လည်ပေါက်စေနိုင်၏။

သို့သော်လည်း သွေးနွယ်ပင်မျိုးနွယ်၏ ကျင့်ကြံမှုအများစုက သွေးဘူးတောင်းထဲမှာ ရှိလေသည်။

ယခု သူ၏မူပိုင်ဓမ္မလက်နက်သည် ပျက်စီးသွားခဲ့ပြီး သူ့ကျင့်ကြံမှုနှင့် တိုက်ခိုက်ရည်ခွန်အား၏ ထက်ဝက်ကျော်က လျော့ကျသွားပြီဟု ဆိုနိုင်လေသည်။ အဲ့ဒါက ပြီးသွားလေပြီ။

သူ၏အနာဂတ်ကျင့်ကြံမှု၊ အတိတ်ကာလက ဂုဏ်ကျက်သရေနှင့် လက်ရှိအဆင့်အတန်းတို့အားလုံးက ပျက်စီးသွားခဲ့လေပြီ။

သွေးနွယ်ပင်မျိုးနွယ်မှာ ကလန်သားပေါင်းမြောက်များစွာရှိပြီး သခင်လေးနေရာအတွက် တိုက်ခိုက်လာပေတော့မည်။

ယခု သူ၏မူပိုင်ဓမ္မလက်နက်က ကြေမွသွားပြီး သူ၏ကျင့်ကြံမှုက ပျက်စီးသွားခဲ့ပြီဖြစ်၏။ သူသည် သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေးအဖြစ်ရပ်တည်ဖို့ ဆက်လက်၍ အဆင့်မမီတော့ပေ။

အဲ့ဒါက သူ့အတွက် အလွန်ကြီးမားသည့် ရိုက်ချက်ဖြစ်လေသည်။

ဤနေရာရှိ အုန်းအုန်းကျက်ကျက်ဖြစ်ပွားမှုက များပြားလှစွာသော အကြည့်များကို ဆွဲဆောင်မိသွား၏။

သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်ပေါ်ရှိ ဖန်တီးခြင်းကြာပဒုမ္မာကို တုန်လှုပ်သောအမူအရာနှင့် စိုးရိမ်ပူပန်သော အကြည့်များနှင့်အတူ ကြည့်လိုက်ကြ၏။

နောက်ဆုံးမှာတော့ သွေးနွယ်ပင်မျိုးနွယ်သည် အပင်အမျိုးအစားတစ်ခုသာဖြစ်၏။

သူတို့သည် အလွန်တရာလွှမ်းမိုးခြယ်လှယ်မှုရှိသော်လည်း ဖန်တီးခြင်းကြာပဒုမ္မာကဲ့သို့ စွမ်းအားကြီးမားသော အသက်ဓာတ်ပုံစံနှင့်ယှဉ်လျှင် နိမ့်ကျနေဆဲဖြစ်၏။

ဖန်တီးခြင်းကြာပဒုမ္မာသည် ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးမှုကိုပင် လုယူရဲလေသည်။

သွေးနွယ်ပင်မျိုးနွယ်က အဲ့ဒါကို ဘယ်လိုလုပ်ယှဥ်နိုင်ပါ့မလဲ။

“မင်းတို့တွေက ဘာကိုစောင့်နေကြတာလဲ”

ထန်လင်းကျီက အော်ငေါက်လိုက်၏။

“သူ့ကိုသတ်... သူက အထီးကျန်သိုင်းသခင်ပဲ”

သွေးနွယ်ပင်မျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် တုံ့ပြန်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားကာ ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်ဆီသို့ ပြေးတက်လာကြ၏။

“ထန်လင်းကျီ... မင်းက ငါ့ရဲ့စီနီယာအစ်ကိုကို ဆယ်နှစ်ကြာအောင်ချုပ်နှောင်ပြီး ကျင့်ကြံသူပေါင်း သိန်းနဲ့ချီပြီး သတ်ဖြတ်ခဲ့တယ်... ဒီနေ့ငါမင်းကို မင်းရဲ့အသက်နဲ့ ပြန်ပြီးပေးဆပ်ခိုင်းမယ်”

ဆူဇီမို၏အသံက အရိုးထိတိုင် အေးစက်စွာဖြင့် ထွက်ပေါ်လာ၏။

“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

ထိုစဥ်မှာပင် ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်မှ ဟိန်းဟောက်သံတစ်သံထွက်ပေါ်လာ၏။

ချောက်ချားဖွယ်ရာ အော်ရာတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ဖန်တီးခြင်းကြာပဒုမ္မာကို ဖိနှိမ်ချင်သည့်အလား ၎င်းပေါ်သို့ ဆင်းသက်လာ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်...

ဖန်တီးခြင်းကြာပဒုမ္မာ ပေါ်ထွက်လာခြင်းသည် နောက်ဆုံးမှာတော့ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို ဆွဲဆောင်မိသွားခဲ့လေသည်။

တကယ်တော့... သည့်အရင်ကတည်းက ဆူဇီမိုရောက်ရှိလာသည်ကို သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက သတိထားမိခဲ့၏။

သို့သော်လည်း တိုက်ပွဲစတင်ပြီး မကြာခင်မှာပင် ဆူဇီမိုသည် ထန်လင်းကျီ၏ ဖိနှိမ်ခြင်းခံရပြီး သွေးပူးတောင်းထဲသို့ သွတ်သွင်းခံခဲ့ရ၏။ အဲ့ဒါကြောင့် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ပေါ်ထွက်မလာခဲ့ခြင်းဖြစ်၏။

သို့သော် ယခုအခါ အခြေအနေက ကွဲပြားသွားလေပြီ။

ထန်လင်းကျီသည် ဒဏ်ရာအပြင်းအထန်ရရှိထားသော်လည်း ယခုအချိန်တွင်သူက သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေးဖြစ်နေဆဲပင်။

ဆူဇီမိုက သူတို့မျိုးနွယ်၏ သခင်လေးကို သူ၏မျက်စိရှေ့မှောက်မှာပင် သတ်ဖြတ်မည်ကို သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ခွင့်ပြုပေးလိုက်စရာ အကြောင်းမရှိပေ။

ဘုန်း... ဘုန်း...ဘုန်း..

ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်အပြင် အခြားသောတောင်ထွတ် ၅ခု မှလည်း စွမ်းအားကြီးမားသော အော်ရာများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြ၏။

ကြယ်ခြောက်စင်းတောင်မှာ စောင့်ကြပ်နေသော သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်ရှိလေသည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

အခြေအနေက သူတွေးထင်ထားသည်ထက် ပို၍ဆိုးဝါးနေ၏။ တကယ်တော့... သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး တစ်ယောက် သို့မဟုတ် နှစ်ယောက်သာဆိုလျှင် ဆူဇီမိုက သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် စွမ်းအားကြီးမားသော ဝှက်ဖဲများစွာနှင့်အတူ သူတို့ကိုတိုက်ခိုက်ဖို့ ယုံကြည်မှုရှိလေသည်။

တကယ်ဆို သူက သူတို့ကိုပင် ဖိနှိမ်နိုင်ကောင်းလေသည်။ သို့သော်လည်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက် ၊ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၅၀နှင့် ထောင်နှင့်ချီသော ဓမ္မဝိသေသတာအိုအရှင်နှင့် မူလနတ္ထိများနှင့် ရင်ဆိုင်ရချိန်တွင် သူ့အတွက် အ​​ခြေအနေက ခက်ခဲသွားခဲ့လေပြီ။

သူ၏ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရောက်ရှိလာမှသာ ဖြစ်နိုင်ပေတော့မည်။

အဲ့ဒါသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏လက်ရှိအစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထက် များစွာပိုမိုသန်မာသည်ဟု မဆိုလိုပေ။ အကြောင်းမှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာတွင် သွေးနွယ်ပင်မျိုးနွယ်ကို တန်ပြန်ဒုက္ခပေးနိုင်သော လျှို့ဝှက်အတတ်များစွာရှိနေသောကြောင့်ဖြစ်၏။

နဂါးဖီးနစ်မီးတောက်များဖြစ်စေ ၊ ကျတ်တီးမြေဖြစ်စေ ထိုပညာရပ်များသည် သွေးနွယ်ပင်မျိုးနွယ်အပေါ် သေစေနိုင်စွမ်းအား အလွန်မြင့်မားလေသည်။

ဆူဇီမိုက အ​ခြေအနေကို လျှပ်တပြက် အကဲခတ်ကြည့်လိုက်၏။

သူသည် သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ သွေးနွယ်ပင်မျိုးနွယ်ဝင်များအားလုံးကို သတ်ဖြတ်နိုင်ဖို့က အရူးအိပ်မက်တစ်ခုသာဖြစ်နေပေလိမ့်မည်။

သူသည် မင်းကျန်နှင့် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့်အတူ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်မည်ဆိုလျှင်ပင် အဲ့ဒါက အလွန်တရာ ကံကောင်းလှပြီဖြစ်၏။

သို့သော်လည်း မည်သို့ပင်ဆိုစေ... ထန်လင်းကျီကို သတ်ဖြတ်ရပေမည်။

သူက ကြီးလေးသောအပြစ်ဒဏ်ကို ခံယူသင့်သည့် အပြစ်သားတစ်ယောက်ဖြစ်လေသည်။

တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၆ယောက်၏ စိတ်ဝိညာဥ်အသိစိတ်ဖိအားသည် ဖန်တီးခြင်းကြာပဒုမ္မာကို ဖိနှိမ်ဖို့အတွက် ဆင်းသက်လာကြ၏။

အခြားသော တောင်ထွတ် ၅ ခုမှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများသည် ပေါ်ထွက်လာကြပြီဖြစ်ပြီး ဤနေရာသို့ ပြေးလာနေကြပြီဖြစ်၏။

ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်ပေါ်ရှိ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးကတော့ ဤတောင်ထွတ်ပေါ်မှာ နဂိုကတည်းက ရှိနေခဲ့လေသည်။

“ဟားဟားဟားဟား”

ထိုသည်ကိုမြင်သောအခါ ထန်လင်းကျီက ဟားတိုက်ရယ်မော၍ ချောက်ချားဖွယ်ရာ အမူအရာဖြင့် အော်ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းက ငါ့ရဲ့မူပိုင်ဓမ္မလက်နက်ကို ဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင်တောင် မင်းလည်း ရှင်သန်နိုင်မှာ မဟုတ်ဘူး”

“ဘာပဲဖြစ်ဖြစ် ငါကမင်းကို အရင်သတ်ရမှာပဲ”

ဆူဇီမိုက သူ၏မျိုးဆက်သွေးနယ်မြေကို အသက်သွင်းပြီး ဖန်တီးခြင်းကြာပဒုမ္မာကို ဝင်းလက်တောက်ပလာစေကာ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၆ယောက်၏ စိတ်ဝိညာဥ်အသိစိတ် ဖိအားကို တွန်းကန်နိုင်မည့် သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်ပေါ်ရှိ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက စူးရှသောအမူအရာနှင့်အတူ ဟိန်းဟောက်လိုက်၏။

“မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်... ဒီနေ့ရောက်လာမယ်ဆိုရင်တောင် သူက မင်းကိုကယ်တင်ပေးနိုင်မှာ မဟုတ်တော့ဘူး”

ဆူဇီမိုက ထန်လင်းကျီကို အေးစက်စွာကြည့်ပြီး ပြောလိုက်၏။

“သေလိုက်တော့”

ဘုန်း..

ဖန်တီးခြင်းကြာပဒုမ္မာသည် ယိမ်းနွဲ့၍ လေဟာနယ်ကို တုန်ခါသွားစေပြီး အက်ကွဲကြောင်းများက ထန်လင်းကျီရှိရာသို့ ဆန့်တန်းလာခဲ့၏။

ထန်လင်းကျီ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျနေပြီး သူကအဲ့ဒါကို လုံးဝမရှောင်တိမ်းနိုင်ပေ။

သူက သေရတော့မည်ဆိုတာကို သိရှိလိုက်ပြီး သူ၏မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်က ဖျတ်ခနဲလက်သွား၏။

ရူးသွပ်သွားသော အမူအရာနှင့်အတူ သူက သူ၏သိုလှောင်အိတ်ထဲကနေ သွေးရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး ဆူဇီမိုရှိရာသို့ ပစ်ထုတ်လိုက်၏။

အဲ့ဒါကသွေးနွယ်ပင်မျိုးနွယ်၏ သတ်ဖြတ်ခြင်းတံဆိပ်ပြားဖြစ်၏။

သတ်ဖြတ်ခြင်းတံဆိပ်ပြားသည် စွမ်းအားကြီးမားသော ဓမ္မလက်နက်တစ်ခု မဟုတ်ပေ။

ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာရွက်များက ညင်သာစွာ ခုတ်ပိုင်းလိုက်ပြီး သတ်ဖြတ်ခြင်းတံဆိပ်ပြားကို လှီးဖြတ်ချလိုက်၏။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်းတံဆိပ်ပြားက ထူးဆန်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်ပြီး ဆူဇီမိုပေါ်သို့ ဆင်းသက်လာခဲ့၏။

ဆူဇီမိုက ဂရုတစိုက်စစ်ဆေးကြည့်ရှုလိုက်သော်လည်း ထိုစွမ်းအားက ပျောက်ကွယ်သွားခဲ့လေပြီ။

စောစောက သူတွေ့မြင်ခဲ့ရခြင်းသည် စိတ်ကူးစိတ်သန်းတစ်ခုမျှသာဖြစ်ခဲ့ပုံပင်။

ဒါ့အပြင် သူ၏ခန္ဓာကိုယ်မှာ တစ်စုံတစ်ရာလွဲမှားနေသည်ကို သူက မခံစားရပေ။

“အထီးကျန်သိုင်းသခင်... မင်းလည်း မလွတ်နိုင်စေရဘူး... မင်းက သွေးနွယ်ပင်မျိုးနွယ်ရဲ့ ထာဝရအမဲလိုက်တာကို ခံရတော့မယ်... ဟားဟားဟားဟား”

ထန်လင်းကျီ၏ သွေးပျက်ချောက်ချားဖွယ်ရာရယ်သံက ထွက်ပေါ်လာ၏။

ဖန်တီးခြင်းကြာပဒုမ္မာ၏စွမ်းအားက ဆင်းသက်လာခဲ့လေပြီ။

ဘုန်း...

အဲ့ဒီမှာကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။

လူတိုင်း၏ရှေ့မှောက်မှာပင် ထန်လင်းကျီသည် စောစောက သွေးဘူးတောင်းကဲ့သို့ ပေါက်ကွဲထွက်သွားပြီး သွေးမြူများအဖြစ်ပြောင်းလဲကာ တောင်ထွတ်ကို နီစွေးသွားစေ၏။

သူ၏အမြုတေစိတ်ဝိညာဥ်ပင် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိပဲ ဘာမှမကျန်အောင်ပျက်စီးသွားရ၏။

သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေးက သေဆုံးသွားခဲ့လေပြီ။

All Chapters