ကြိုးတစ်မျှင်ဖြင့် ဆွဲထားခြင်း
Vol. 96 Ch. 1432
“ဂျူနီယာညီလေး... ငါ့ကိုချပေး ဘာမှ နောက်ဆံတင်းမနေနဲ့”
မင်းကျန်သည် အခြေအနေက အန္တရာယ်ရှိလာသည်ကို နားလည်သွားပြီး ညင်သာစွာ ပြောလိုက်၏။
ဆူဇိမိုက နာခံပြီး မင်းကျန်ကို မလှမ်းမကမ်းသို့ ဂရုတစ်ိုက်ချပေးလိုက်၏။
ထိုအခိုက်အတန့်တွင် မင်းကျန်သည် ဆယ်နှစ်ကြာအောင် ထန်လင်းကျီ၏ သန့်စင်စုပ်ယူခံရပြီးနောက် ညှိုးခြောက်၍ အားအင်ချိနဲ့နေပြီဖြစ်၏။ သူက တင်ပျဥ်ခွေထိုင်ပြီး လေပြင်းတစ်ချက်တိုက်ခတ်ရုံဖြင့် လဲပြိုကျသွားနိုင်သော အရိုးစုတစ်ခုကဲ့သို့ဖြစ်နေ၏။
“ဂျူနီယာညီလေး... ဘာမှမပူနဲ့ တိုက်ခိုက်စရာရှိတာတိုက်ခိုက်”
မင်းကျန်သည် ထိုသို့ပြောပြီးနောက် သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။
ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်တွင်...
ဆူဇီမိုသည် သွေးနွယ်ပင်မျိုးနွယ်များကို အကြောက်အလန့်ကင်းမဲ့စွာ ထောက်လှမ်းကြည့်ရှုပြီး တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ အော်ပြောလိုက်၏။
“လာခဲ့ကြ... မင်းတို့ရဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေ ဘာလုပ်နိုင်သလဲ... ငါ့ကိုပြပေးစမ်းပါဦး”
“တော်တော်မောက်မာနေတာပဲ”
သွေးနွယ်ပင်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ကျိန်ဆဲ၍ သူ၏လက်ထဲရှိ သွေးဘူးတောင်းကို ပစ်ထုတ်လိုက်၏။
၎င်းက လည်ပတ်၍ ဆူဇီမိုရှိရာသို့ ပစ်ဝင်လာ၏။
ဆူဇီမိုက လှောင်ရယ်၍ သူ၏ဓားလက်ညိုးကို လှုပ်ရှားပြီး ထိုသွေးနွယ်ပင် စွမ်းအားကြီးပုဂ္ဂိုလ်ရှိရာဘက်သို့ ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။
ဇီ...
အဖြူရောင်ဓားချီက တဖျတ်ဖျတ်တလက်လက် အရောင်အဝါတစ်ခုနှင့်အတူ ပစ်လွင့်ထွက်ပေါ်လာပြီး ၎င်းသည် လေဟာနယ်ကို စုတ်ပြဲသွားစေလေသည်။
သွေးဘူးတောင်းသည် သွေးနွယ်ပင်စွမ်းအားကြီးပုဂ္ဂိုလ်၏ မူပိုင်ဓမ္မလက်နက်ဖြစ်သော်လည်း ၎င်းသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုကို ခံနိုင်ရည်မရှိပေ။
၎င်းက ခုတ်ချက်တစ်ချက်ဖြင့် နှစ်ပိုင်းဖြတ်တောက်ခြင်းခံလိုက်ရ၏။
ကြွင်းကျန်ရစ်သော ဓားချီစွမ်းအားသည် ရပ်တန့်သွားခြင်း မရှိပေ။ သွေးနွယ်ပင်စွမ်းအားကြီးပုဂ္ဂိုလ်၏ တုန်လှုပ်ချောက်ချားနေသော အကြည့်အောက်မှာပင် ၎င်းသည် အေးစက်စက်အလင်းတစ်ခုအသွင်ပြောင်းလဲပြီး ထိုသူ၏နှာရောင်ထဲသို့ ဝင်ရောက်သွား၏။ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုက သူတို့၏အသိစိတ်ထဲသို့ ဝင်ရောက်လာပါက စွမ်းအားကြီးပုဂ္ဂိုလ်မပြောနှင့် မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
သွေးသံရဲရဲ ဒဏ်ရာတစ်ခုက သွေးနွယ်ပင်စွမ်းအားကြီးပုဂ္ဂိုလ်၏ နှာရောင်ပေါ်မှာ ပေါ်ထွက်လာ၏။ သူ၏အမူအရာက မှေးမှိန်သွားပြီး သူ၏မျက်လုံးများက အသက်မဲ့သွားလေသည်။ သူ၏ဦးခေါင်းက ဘေးသို့လည်ကျသွားပြီး လေထဲကနေပြုတ်ကျကာ သေဆုံးသွားခဲ့လေပြီ။
သွေးနွယ်ပင်စွမ်းအားကြီးပုဂ္ဂိုလ်များက ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်ပင်လျှင် မျက်မှောင်ကြုတ်လိုက်ကြ၏။
“မင်းက... အထက်ဘုံက ဆင်းသက်လာတဲ့ ဓားပညာရပ်တစ်ခုကိုတောင် ကျွမ်းကျင်တတ်မြောက်ထားတယ်ဆိုတော့...”
ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်၏ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက အေးစက်စွာ ပြောဆိုလိုက်၏။
“သူနဲ့ စကားပြောမနေနဲ့... နောက်ပိုင်းပြဿနာနဲအောင် သူ့ကိုအရင်ပူးပေါင်းပြီး သတ်လိုက်ကြရအောင်”
ကောင်းကင်ဂေဟာတောင်ထွတ်ကနေ လျှောက်လှမ်းလာသော သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ပြောဆို၍ ချက်ချင်းပင်တိုက်ခိုက်လိုက်၏။
ညှီစို့စို့အနံ့နှင့် လေပြင်းတစ်ချက်က တိုက်ခတ်လာပြီး သွေးမိုးများက ကျဆင်းလာ၏။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်သည် တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြပြီး သူတို့၏ လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ ထုတ်ဖော်လိုက်သောအခါ သွေးမုန်တိုင်းသည် ပို၍ပင်ကြောက်စရာကောင်း၍ မကောင်းဆိုးဝါးဆန်နေ၏။
ညှီစို့စို့အနံများနှင့် လေပြင်း ၆ ခုက ဆူဇီမို၏ ဘေးပတ်လည်မှာ စုစည်းတိုက်ခိုက်လာ၏။
ညစ်ညမ်းသောသွေးမိုးများက ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာလေသည်။
ဆူဇီမိုသည် သူ၏မျိုးဆက်သွေးကို လှည့်ပတ်ရင်း သူ၏ခန္ဓာကိုယ်က တဖျတ်ဖျတ်တလက်လက် အရောင်အဝါများဖြင့် တောက်ပလာ၏။
သူသည် မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်းကို လက်နှစ်ဖက်ဖြင့်ဖန်တီးပြီး မန္တန်တစ်ခုကိုရွတ်ဆိုကာ လျှို့ဝှက်အတတ်များကို ခုခံလိုက်၏။
စောစောက သူသည် ထန်လင်းကျီ၏ သွေးဘူးတောင်းထဲကနေ ရုန်းထွက်ခဲ့စဥ်က သူသည် သူ၏မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ခဲ့ပြီးလေပြီ။
ထိုအခိုက်အတန့်တွင် မျိုးဆက်သွေးနယ်မြေ၏ ထောက်ပံ့မှု မရှိသောအခါ ဆူဇီမိုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်၏ စွမ်းအားကို ခုခံရင်ဆိုင်ရာမှာ ရုန်းကန်နေရ၏။
အခြားသောသွေးနွယ်ပင် စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး အမြစ်တွယ်ရပ်တည်လိုက်ကြ၏။ ထောင်နှင့်ချီသော သွေးနီရောင်နွယ်ပင်များသည် ဆန့်တန်းထွက်ပေါ်လာပြီး ဆူဇီမိုရှိရာသို့ တလိပ်လိပ်နွယ်တက်လာကြ၏။
သွေးနွယ်ပင်များသည် သူတို့၏ထက်ရှသော သွားစွယ်များကို ထုတ်ဖော်ပြီး ဆူဇီမို၏ အသားကို ကိုက်ဖဲ့ချင်နေကြလေသည်။
ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး သူတို့အတွက် မဟာအားတိုးဆေးတစ်ခုလည်း ဖြစ်လေသည်။
သူတို့သည် ဆူဇီမိုထံမှ အသားတစ်ပိုင်းကို ကိုက်ခဲဝါးမျိုနိုင်မည်ဆိုလျှင် သူတို့သည် အဆင့်ချိုးဖြတ်တက်လှမ်းသွားတာပင် ဖြစ်နိုင်လေသည်။
အဲ့ဒီမှာ သွေးနွယ်ပင်စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၅၀ သာဆိုလျှင် အဲ့ဒါက ဆူဇီမိုအတွက် ခြိမ်းခြောက်မှုတစ်ရပ်မဖြစ်နိုင်ပေ။ သို့သော်လည်း ထိုအခိုက်အတန့်တွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရပြီး ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်နှင့် ဓမ္မစွမ်းအားများသည် ကြီးမားစွာ ကန့်သတ်၍ ဖိနှိမ်ခံထားရ၏။
ယခုအချိန်တွင် သွေးနွယ်ပင် ထောင်ပေါင်းများစွာက ရစ်ပတ်လာပြီး ဆူဇီမို၏ လှုပ်ရှားနိုင်သည့် နေရာလွတ်များအားလုံးကို ပိတ်ဆို့လုနီးပါးဖြစ်သွားစေ၏။
သွေးနွယ်ပင်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ချင်းစီ၏ တိုက်ခိုက်ရည်ခွန်အားသည် မဟာသားရဲတစ်ကောင်နှင့် တူညီလေသည်။
မဟာသားရဲထောင်ချီက ဆူဇီမိုကို အုပ်စုဖွဲ့တိုက်ခိုက်နေခြင်းနှင့် တူညီနေ၏။
ဒါ့အပြင် ထိုသွေးနွယ်ပင်များသည် မဟာသားရဲများထက် များစွာပို၍ သွေးဆာရက်စက်လေသည်။
“သဲမုန်တိုင်း”
“အဝီစိ...”
“ပင်လယ်သင်္ချိုင်း လျှို့ဝှက်အတတ်”
“စွမ်းအားကြီးကောင်းကင်ဘုံနဂါး ဆင်းသက်ခြင်း”
ဆူဇီမိုသည် သူ၏ဓမ္မစွမ်းအားများကို သူတို့၏အကန့်အသတ်ထိလှည့်ပတ်ပြီး ဖန်တီးခြင်းကြာပဒုမ္မာက သူ၏အမြုတေစိတ်ဝိညာဥ်ကို အားဖြည့်ပေးနေခြင်းနှင့်အတူ ဓမ္မစွမ်းအားများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်၏။
တကယ်တော့... ဆူဇီမိုတစ်ယောက်တည်းသာဆိုလျှင် သူ့အနေဖြင့် ဤတိုက်ပွဲကိုတိုက်ခိုက်ဖို့ သိပ်ပြီး ခက်ခဲမှုမရှိပေ။
သူ၏လှုပ်ရှားမှုနည်းစနစ်အရ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်နှင့် စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ဝိုင်းဝန်းပိတ်ဆို့မလာနိုင်ခင်မှာပင် သူက သတ်ဖြတ်ခြင်းဖြင့် သူ၏လမ်းကို သေချာပေါက် ဖောက်ထွက်နိုင်လေသည်။
သူသည် သွေးနွယ်ပင်မျိုးနွယ်မှပညာရှင်များကို လှည့်စားထိန်းချုပ်ဖို့အတွက် သူ၏လှုပ်ရှားမှုနည်းစနစ်ကို အသုံးချနိုင်လေသည်။ သို့သော် ယခုအခါ မင်းကျန်က သူ၏ဘေးမှာရှိနေ၏။
သူထွက်သွားလျှင် မင်းကျန်ကို အသေခံထားခိုင်းခဲ့ခြင်းနှင့် တူနေပေလိမ့်မည်။
ထိုစဥ်မှာပင် ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခုက တောင်ထွတ်ဆီကနေ ထွက်ပေါ်လာ၏။
ဘုန်း...
ရုတ်တရက် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုသည် မင်းကျန်၏နောက်မှာ ပေါ်ထွက်လာပြီး အဆက်မပြတ် မြင့်တက်လာ၏။ တစ်ခဏအတွင်းမှာပင် အဲ့ဒါက ပေကိုးဆယ်အမြင့်ထိ ရောက်ရှိလာခဲ့၏။
အန္တိမဓမ္မဝိသေသ...
ထိုဓမ္မဝိသေသသည် စွမ်းအားကြီးမား၍ မြင့်မြတ်ထည်ဝါသော ဗုဒ္ဓအလင်းရောင်တစ်ခုကို ဖြာထုတ်ပေးပြီး အငြိုးအတေးကြီးသော စိတ်ဝိညာဥ်များနှင့် ဆိုးယုတ်တစ္ဆေများအားလုံးကို ဖိနှိမ်နိုင်လေသည်။
အဲ့ဒါသည် မင်းကျန်၏ ကမ္ဘာ့ကွန်ချာဓမ္မခန္ဓာဖြစ်၏။
ထိုအခိုက်အတန့်တွင် မင်းကျန်က ကမ္ဘာ့ကွန်ချာဓမ္မခန္ဓာကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းဖို့ ကြိုးစားနေခြင်းဖြစ်၏။
မင်းကျန်က အဆင့်ချိုးဖျက်တက်လှမ်းနေခြင်းပင်။
သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ချိုးဖျက်တက်လှမ်းပြီး ဆူဇီမိုနှင့်အတူယှဥ်ကာ တိုက်ခိုက်နိုင်လေသည်။
“ဟီးဟီး”
ထိုသည်ကိုမြင်သောအခါ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က လှောင်ရယ်လိုက်၏။
“မင်းက အဆင့်ချိုးဖြတ်တက်လှမ်းသွားပြီးရင်တောင် မင်းက ပေါင်းစည်းခန္ဓာအဆင့်မှာပဲ ရှိနေဦးမှာ... မင်းက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး”
မင်းကျန်သည် ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အမွေအနှစ်ကို ဆက်ခံရရှိထားပြီး သွေးဘူးတောင်းထဲမှာ ဆယ်နှစ်ကြာအောင်ပိတ်မိနေပြီးနောက် အန္တိမဓမ္မဝိသေသတစ်ခုကို စုဖွဲ့လာနိုင်ခဲ့လေသည်။
အန္တိမဓမ္မဝိသေသတစ်ခုကို စုဖွဲ့လာနိုင်သော မည်သူမဆို သေချာပေါက် ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်လေသည်။
မင်းကျန်၏ အနာဂတအောင်မြင်ထွန်းပေါက်နိုင်မှုက အကန်သတ်မဲ့လေသည်။
သို့သော်လည်း သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပြောသည်မှာ မမှားပေ။
မင်းကျန်က ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းနိုင်မည်ဆိုလျှင်တောင် အဲ့ဒါက အခြေအနေတစ်ခုလုံးပေါ် များစွာအကျိုးသက်ရောက်စေနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အန္တိမဓမ္မဝိသေသ သုံးခုနှင့် ပေါင်းစည်းထားပြီး သူ၏တိုက်ခိုက်ရည်ခွန်အားက မင်းကျန်ထက် များစွာသာလွန်လေသည်။ သို့သော်လည်း သူက ဤအခြေအနေကနေ ရုန်းထွက်နိုင်ခြင်းမရှိပဲ ခါးသီးသောတိုက်ပွဲတစ်ခုမှာ ကျဆင်းနေရ၏။
မင်းကျန်က အန္တိမဓမ္မဝိသေသတစ်ခုနှင့် ပေါင်းစည်းနိုင်ရုံဖြင့် ဘာများလုပ်နိုင်ဦးမှာလဲ... ။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်၏။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တကယ့်ကိုကြောက်စရာကောင်းလေသည်။
သူသည် အပြတ်အသတ်အရေးနိမ့်နေပြီး ညစ်ညမ်း၍ အလွန်တရာဆိုးယုတ်သောသွေးများဖြင့် စွန်းထင်းခံထားရသော်လည်း အဲ့ဒါက သူ့အပေါ်မှာ များစွာသက်ရောက်မှုမရှိပဲ သူ၏မျိုးဆက်သွေးကို ပုံမှန်အတိုင်းလှည့်ပတ်နိုင်နေသေး၏။
သို့သော်လည်း သူ့မှာဓမ္မစွမ်းအားများစွာမကျန်ရှိတော့ပေ။
ထိုကဲ့သို့သော တိုက်ပွဲတစ်ပွဲက သူ့အတွက် ဓမ္မစွမ်းအားများစွာကို ကုန်ခန်းစေ၏။
နောက်ဆုံး... ဤနေ့ဤအချိန်ထိ ဆူဇီမိုသည် အစောပိုင်း ပေါင်းစည်းခန္ဓာအဆင့်မှာသာရှိနေသေး၏။ ဖန်တီးခြင်းကြာခုံ၏ အားဖြည့်ပေးမှုနှင့်ပင် သူ၏အမြုတေစိတ်ဝိညာဥ်က ကြာကြာတောင့်မခံနိုင်တော့ပေ။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်ကလည်း တဖြည်းဖြည်း စိတ်မရှည်နိုင်ဖြစ်လာကြ၏။
သူတို့က အတန်ကြာတိုက်ခိုက်ပြီးတာတောင် မအောင်မြင်နိုင်သေးပေ။
“အဲ့ဒီဘုန်းကြီးလေးကို အရင်သတ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ကို ငါတို့အတွက်ထားခဲ့”
သူ၏လုပ်ရပ်သည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အဲ့ဒါက အလွန်တရာကောက်ကျစ်လေသည်။
မင်းကျန်၏တည်ရှိမှုက သူတို့အတွက် ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်ပေ။
သို့သော်လည်း သွေးနွယ်ပင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် မင်းကျန်ကိုပစ်မှတ်ထားမည်ဆိုလျှင် ဆူဇီမိုသည် မင်းကျန်ကိုကာကွယ်ဖို့အတွက် သူ၏စိတ်အာရုံကို ခွဲဝေပေးရပေတော့မည်။ ထိုသို့ဖြင့် သူသည် နှစ်ဖက်စလုံးရှိ အခြေအနေကို မကိုင်တွယ်နိုင်တော့ပဲ သူလက်ခံရရှိမည့်ဖိအားက ဆပွားတိုးလာပေတော့မည်။
ရွှစ်... ရွှစ်... ရွှစ်...
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်သည် သူတို့၏ မူပိုင်ဓမ္မလက်နက် သွေးဘူးတောင်းများကို ထုတ်ဖော်လိုက်ကြ၏။ သွေးဘူးတောင်းများသည် ဆူဇီမို၏ဦးခေါင်းထက်သို့ ရောက်ရှိလာပြီး ဘူးတောင်းနှုတ်ခမ်းဝများက သူ့ဘက်သို့ မျက်နှာမူထားလေသည်။
“စုပ်ယူစမ်း”
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်သည် သူတို့၏ လက်ချောင်းများကို ညင်သာစွာ လှုပ်ရှားလိုက်ကြ၏။
သွေးဘူးတောင်း ၆ ခုက ကြောက်စရာကောင်းသော စုပ်ယူအားတစ်ခုစီကိုထုတ်ဖော်လိုက်ကြ၏။
လူတစ်ယောက်သည် သွေးဘူးတောင်းတစ်ခု၏ စုပ်ယူအားကို ခံနိုင်ရည်မရှိလျှင် ထိုအထဲသို့ စုပ်ယူသွင်းခြင်းခံလိုက်ရမည်ဖြစ်၏။
သို့သော်လည်း သွေးဘူးတောင်း ၆ ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ခြင်းသည် ဆူဇီမို၏ ခန္ဓာကိုယ်ကို မတူညီသော ဦးတည်ဘက် ၆ ခုကနေ ဆွဲယူနေခြင်းနှင့်တူလေသည်။ သူတို့သည် သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို တစ်စစီဆွဲဆုတ်ဖို့ ကြိုးစားနေခြင်းဖြစ်၏။
“အား...”
ဆူဇီမိုသည် နေရာမှာပင် မလှုပ်မယှက်ရပ်တန့်နေပြီး သိပ်သည်းပြင်းထန်သော နာကျင်မှုနှင့်အတူ သံရှည်ဆွဲ၍ အော်ဟစ်လိုက်ရ၏။
သူ၏ခန္ဓာကိုယ်သည် မတူညီသောဆွဲအား ၆ ခုကြောင့် တစ်စစီစုတ်ပြဲထွက်တော့မည့်အလားပင်။
အဲ့ဒါက ဓမ္မပညာရပ်တစ်ခုမဟုတ်တော့ပေ။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်သည် သူတို့၏ နတ်ဘုရားစွမ်းအားများကို အသုံးပြုနေခြင်းဖြစ်၏။
တစ်ချိန်တည်းမှာပင် အခြားသော သွေးနွယ်ပင်မျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် ဆူဇီမိုကို ယာယီအားဖြင့် လျစ်လျူရှုပြီး မင်းကျန်ဆီသို့ ပြေးဝင်သွားကြ၏။
သူတို့နှစ်ယောက်စလုံးသည် အလွန်တရာ အန္တရာယ်ရှိလာပြီး သူတို့၏ အသက်များက ကြိုးတစ်မျှင်ဖြင့် ချိတ်ဆွဲထားခြင်း ခံလာရလေသည်။