တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းဝင်္ကပါ
Vol. 96 Ch. 1435
ကိုယ်တော်တာမင်းသည် ဆူနာမီသွေးအဆင့်ကို ကျင့်ကြံထားနိုင်သည်မှာ အံ့ဩစရာမရှိပေ။
ဆူဇီမိုကို တကယ်တမ်းအံ့အားသင့်စေသည်မှာ ကိုယ်တော်တာမင်းထုတ်ဖော်လိုက်သော နည်းစနစ်သည် စိန်ကျောင်းတော်၏ လျှို့ဝှက်အတတ် စိန်သုတ္တန်ဖြစ်နေ၏။
ဒဏ္ဍာရီအရဆို စိန်သုတ္တန်ကို အထွတ်အထိပ်ထိ ကျင့်ကြံပြီးသောအခါ လူတစ်ယောက်သည် စိတ်နှလုံးသားတစ်ခုကို စုဖွဲ့လာနိုင်ပေလိမ့်မည်။
ထိုနှလုံးခုန်သံသည် နတ်ဘုရားဗုံတစ်လုံးကို တီးခတ်လိုက်ခြင်းနှင့်တူပြီး နေရာတစ်ခွင် တုန်ခါသွားစေပေလိမ့်မည်။
သူ၏နှလုံးခုန်သံနှင့်အတူ သူ၏သွေးချီက တလိပ်လိပ်တက်လာပြီး သူထုတ်ဖော်လိုက်သောစွမ်းအားများက အလွန်တရာ ကြမ်းကြုတ်ခက်ထန်နေ၏။ ၎င်းသည် နတ်ဆိုးများအားလုံးကိုနှိမ်နှင်းပြီး အရာရာတိုင်းကို ဖိနှိမ်နိုင်နေ၏။
အကြီးအကဲစန်းရှီက ရင်တစ်ချက်ထိတ်သွား၏။
အဖြူရောင်ဝတ်လူ၏ တိုက်ခိုက်မှုသည် အလွန်တရာကြောက်စရာကောင်းပြီး သူပင်လျှင် တလိပ်လိပ်တက်လာသော ထိုစွမ်းအားကို မခုခံနိုင်ပေ။
အကြီးအကဲစန်းရှီသည် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲကာ အမြစ်တွယ်ရပ်တည်လိုက်၏။
အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည်လည်း သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး မနှိုင်းယှဥ်သာအောင် တုတ်ခိုင်သော သွေးနွယ်ပင်ရာချီက လေထုကိုဆုတ်ဖြဲ၍ ကိုယ်တော်တာမင်း၏ ဆင်းသက်လာသောလက်ဖဝါးကို ရစ်ပတ်လာကြ၏။
ပျော့ပျောင်းမှုသည် မာကြောမှု၏ တန်ပြန်ဝိပါက်ဖြစ်၏။
ကိုယ်တော်တာမင်းထုတ်ဖော်လိုက်သော စွမ်းအားက သန်မာသော်လည်း ရာနှင့်ချီသော သွေးနွယ်ပင်များသည် အနာကွန်ဒါမြွေများကဲ့သို့ သူ၏လက်ကို ရစ်ပတ်လာကြ၏။
တစ်ခဏအတွင်းမှာပင် ကိုယ်တော်တာမင်းသည် သွေးနွယ်ပင်ရာချီကြားမှာ နစ်မြုပ်သွား၏။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က အော်ဟစ်ရယ်မောလိုက်၏။
“ငါက ဘယ်လိုအထင်ကြီးစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရောက်လာသလဲလို့ စဥ်းစားနေတာ... အပြီးသတ်တော့ သူက ဘာမှလဲ မဟုတ်ပါလား”
“မင်းရဲ့ပြိုင်ဘက်ကို အထင်မသေးနဲ့... မင်းရဲ့အစွမ်းကုန်ကို ထုတ်ဖော်ပြီး သူ့ကိုသတ်ဖို့လုပ်”
အကြီးအကဲစန်းရှီက အော်ငေါက်လိုက်လေသည်။
ရာနှင့်ချီသော သွေးနွယ်ပင်များက အဆက်မပြတ်တင်းကျပ်လာပြီး အထဲတွင်ရှိသော ကိုယ်တော်တာမင်းကို အသားပျော့ဖတ်ဖြစ်သည်အထိ ဖျစ်ညှစ်ဖို့ ခြိမ်းခြောက်လိုက်၏။
ရုတ်တရက်ဆိုသလို...
အကြီးအကဲစန်းရှီနှင့် အခြားသူများ၏ အမူအရာများက ပြောင်းလဲသွားကြ၏။
သူတို့သည် လူတစ်ယောက်ကို သတ်ဖြတ်နေရခြင်းမဟုတ်ပဲ ဧရာမမီးလုံးတစ်လုံးနှင့် ရင်ဆိုင်နေရသည့်အလား အလွန်တရာပြင်းထန်သော လောင်ကျွမ်းခြင်းနာကျင်မှုတစ်ခုကို ခံစားလာကြရ၏။
“ဟင်း...”
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်သည် သူတို့၏ဖမ်းဆုပ်ထားမှုကို ဖြေလျှော့ကာ သူတို့၏ နွယ်ပင်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြ၏။
ကိုယ်တော်တာမင်း၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်မှာ မီးတောက်တစ်လွှာက လောင်ကျွမ်းနေကာ အလွန်တရာကြောက်စရာကောင်းသော အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။
မီးတောက်များသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်၏ သွေးနွယ်ပင်များပေါ်သို့ ဆင်းသက်လာပြီး သူတို့ထဲမှများစွာကို စကာပေါက်ဖြစ်သည်အထိ လောင်ကျွမ်းသွားစေ၏။ အဲ့ဒါက ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
“ဒီပင်္ကရာကျောင်းတော်ရဲ့ လျှို့ဝှက်အတတ်ပဲ”
ဆူဇီမိုက အာရုံစိုက်၍ တစ်ချက်ကြည့်လိုက်၏။
ကိုယ်တော်တာမင်းတိုက်ခိုက်လိုက်သည့်အချိန်မှာပင် ဗုဒ္ဓကျောင်းတော်များ၏ ထိပ်တန်းလျှို့ဝှက်အတတ်နှစ်ခုကို သူကအသုံးပြုလိုက်လေသည်။
ကိုယ်တော်တာမင်းသည် တစ်ခါတုန်းက ဗုဒ္ဓကျောင်းတော်များ၏ အန္တိမဓမ္မဝိသေသ လေးခုကို စုဖွဲ့ထားခဲ့ပြီး သူ့အနေဖြင့် ဗုဒ္ဓဝါဒတွင် ဤကဲ့သို့ အောင်မြင်ထွန်းပေါက်မှုရရှိနေသည်က အံအားသင့်စရာမရှိပေ။
ဖောက်... ဖောက်..
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်သည် အလွန်တရာ လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး သူတို့၏ နွယ်ပင်များကို ပိုင်းဖြတ်ကာ မီးတောက်များပေါ်သို့ ညစ်ညမ်း၍ ဆိုးယုတ်သောသွေးများကို ပန်းထွက်လာစေ၏။
စုပ်ယူစမ်း...
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်သည် သူတို့၏ မူပိုင်ဓမ္မလက်နက်များကို တစ်ဖန်ထုတ်ဖော်ပြီး သွေးဘူးတောင်း ၆ခုကို ကိုယ်တော်တာမင်း၏ ဦးခေါင်းထက်သို့ ပစ်ထုတ်လိုက်၏။
ဘူးတောင်းများ၏ နှုတ်ခမ်းဝက သူ့ဘက်ကို မျက်နှာမူထားပြီး ကြောက်စရာကောင်းသော စုပ်ယူအားတစ်ခုစီကို ထုတ်ဖော်လိုက်ကြ၏။
စုပ်ယူအား ၆ခုသည် ကိုယ်တော်တာမင်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေ၏။
ကိုယ်တော်တာမင်းသည် ယိမ်းယိုင်ခြင်းမရှိပဲ မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်းကို သူ၏လက်နှစ်ဖက်ဖြင့်အတူ ထုတ်ဖော်လိုက်၏။ သူ၏နှာရောင်က တောက်ပလာပြီး ရှေးဟောင်းဘုရားကျောင်းတစ်ခုက ပေါ်ထွက်လာကာ လေနှင့်အတူပြန့်ကားလာခဲ့၏။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း...
မရေမတွက်နိုင်သောပညာရှင်များသည် ဤရှေးဟောင်းဘုရားကျောင်းထဲမှာ မြှုပ်နှံခံထားရ၏။ သို့သော်လည်း ဤမဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသည် လူတစ်ယောက်၏ မူပိုင်ဓမ္မလက်နက်ဖြစ်သည်ဆိုတာကို သိရှိထားသည့်သူ များများစာစားမရှိပေ။
ရှေးဟောင်းဘုရားကျောင်းသည် လူတိုင်းကို ကမ္ဘာဦးခေတ်သို့ ပြန်လည်ခေါ်ဆောင်သွားသည့်အလား အလွန်တရာ ရှေးကျသော အငွေ့အသတ်များနှင့် ပြည့်နှက်နေပြီး ဗုဒ္ဓအလင်းရောင်တစ်ခုဖြာထုတ်ပေးနေ၏။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းသည် ကိုယ်တော်တာမင်း၏ ဦးခေါင်းထက်မှာ ရစ်ဝဲလာပြီး သွေးဘူးတောင်း ၆ခုကနေ ထုတ်ဖော်ထားသော စွမ်းအားများကို ချက်ချင်းပင် ပိုင်းခြားလိုက်လေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက် ၆ခုသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းနှင့်အတူ စွမ်းအားချင်း လွန်ဆွဲနေကြ၏။
သွေးဘူးတောင်း ၆ခုအနေဖြင့် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်နိုင်ဖို့က မဖြစ်နိုင်ပေ။ သို့သော်လည်း မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းအနေဖြင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက် ၆ခုကို ဖိနှိမ်နိုင်ဖို့ကလည်း အင်မတန်ခဲယဥ်းလေသည်။
ထိုသည်ကိုမြင်သောအခါ အကြီးအကဲစန်းရှီနှင့် အခြားသူများက တစ်ဖန်တိုက်ခိုက်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် သွေးနွယ်ပင်မျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ် ၃၀သည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။
မရေမတွက်နိုင်သော ဓမ္မပညာရပ်များက ဆင်းသက်လာခဲ့၏။
ချက်ချင်းပင် ရာသီဥတုက ပြောင်းလဲသွားပြီး ဓမ္မစွမ်းအားများက တလိပ်လိက်တက်လာကာ ကိုယ်တော်တာမင်းရပ်နေသည့်နေရာကို ထိုးဖောက်လုနီးပါးဖြစ်လာခဲ့၏။
ကိုယ်တော်တာမင်းသည် တည်ငြိမ်သော အမူအရာရှိပြီး သူ၏လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သူတို့ကို လေထဲမှာ ဝေ့ယမ်းလိုက်၏။ သူသည် အဘက်ဘက်သို့စေညွှန်ပြီး ညင်သာစွာ အော်ငေါက်လိုက်၏။
“ပုံသဏ္ဌာန်မဲ့ဓမ္မ”
ထိုသို့သူပြောလိုက်သည့်အချိန်မှာပင် ဆင်းသက်လာသော ဓမ္မပညာရပ်များက ဘာမှမကျန်အောင် ပျက်ပြယ်သွားကြ၏။
“ပုံသဏ္ဌာန်မဲ့ကျောင်းတော်ရဲ့ လျှို့ဝှက်အတတ်ပဲ”
ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ကိုယ်တော်တာမင်းသည် ဗုဒ္ဓကျောင်းတော်များ၏ ထိပ်တန်းလျှို့ဝှက်အတတ်များကို သိရှိထားရုံသာမက သူသည် ထိုပညာရပ်မျာကို အထွတ်အထိပ်ထိရောက်အောင်ပင် ကျင့်ကြံထားနိုင်ခဲ့လေသည်။
“ခုနှစ်လွှာစေတီ”
ကိုယ်တော်တာမင်းသည် လက်ဟန်ချိပ်စည်းများကိုပြောင်းလဲပြီး ဧရာမ ခုနှစ်လွှာစေတီတစ်ဆူကို ကောင်းကင်ထက်ကနေ ဆင်းသက်လာစေပြီး မြင့်မြတ်ထည်ဝါသော ဗုဒ္ဓအလင်းရောင်းများကို ဖြာထွက်လာစေ၏။
သက္ကတဘာသာစကားသံများက အဆက်မပြတ်ထွက်ပေါ်လာ၏။
ထိုဗုဒ္ဓစေတီသည် အလွန်တရာသိပ်သည်းလေးလံပြီး အကန့်အသတ်မဲ့သော စွမ်းပကားတစ်ခုနှင့်အတူ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်ကို ဖိနှိမ်နိုင်သည်ဟု ထင်ရ၏။
အကြီးအကဲစန်းရှီနှင့် အခြားသူများသည် သူတို့၏ အစစ်အမှန်ပုံစံမှာ ရှိနေကြပြီး မြေပြင်ပေါ်မှာ အမြစ်တွယ်ရပ်တည်နေကြ၏။ သူတို့သည် ရွေ့လျားနိုင်ခြင်းမရှိပဲ ဓမ္မပညာရပ်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရလေသည်။
ဖောက်... ဖောက်... ဖောက်...
သို့သော်လည်း ခုနှစ်လွှာစေတီက အရမ်းကို ကြောက်စရာကောင်းလေသည်။ ၎င်းသည် သူတို့ကဲ့သို့ ဆိုးယုတ်သက်ရှိများနှင့် ရင်ဆိုင်ရာမှာ သက်ရောက်မှုအရှိဆုံးဖြစ်၏။
စေတီဆင်းသက်လာပြီးနောက် အနည်းဆုံး သွေးနွယ်ပင်တစ်ရာသည် ကြိတ်ချေခံလိုက်ရပြီး ချောက်ချားစရာပုံစံဖြင့် အသားစများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများအနေဖြင့် အကြီးအကဲစန်းရှီနှင့် အခြားသူများသည် အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။ ဓမ္မစွမ်းအားများကို တလိပ်လိက်တက်လာစေပြီး သူတို့၏ ပြတ်တောက်သွားသော သွေးနွယ်ပင်များက နောက်တစ်ဖန်ပြန်ပေါက်လာကြ၏။
“ငါတို့ သူ့ကိုထိန်းထားမယ်... ဒီနေရာမှာရှိတဲ့ အာကသာချိပ်စည်းကို ချေဖျက်ဖို့အတွက် အာကာသဆုံမှတ်တွေကို မြန်မြန်ရှာဖို့လုပ်ကြ”
အကြီးအကဲစန်းရှီသည် အခြေအနေမကောင်းတော့ဘူးဆိုတာ နားလည်လိုက်ပြီး အာကာသဆုံမှတ်များကို ရှာဖွေချေဖျက်ဖို့အတွက် ကျန်ရှိနေသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို အလောတကြီးအမိန့်ပေးလိုက်၏။
သူတို့အားလုံးလုပ်စရာရှိသည်မှာ ဤနေရာမှာရှိသည့် အာကာသဆုံမှတ်များကို ချေဖျက်ဖို့ဖြစ်၏။
ထိုအချိန်ကျလျှင် သူတို့သည် တိုက်ခိုက်ခြင်းမှာဖြစ်စေ ၊ သတင်းပေးပို့ခြင်းမှာဖြစ်စေ အသာစီးရရှိလာပေလိမ့်မည်။
“ထွက်ပြေးဖို့ ကြိုးစားချင်တာလား”
ကိုယ်တော်တာမင်းက သူ၏ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်၏။
“အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
“မင်းမှာရှိတဲ့ နည်းလမ်းတွေက ဒါအကုန်ပဲမလား”
အကြီးအကဲစန်းရှီက လှောင်ရယ်လိုက်၏။
“မင်းက အဲ့လောက်အစွမ်းအစနဲ့ ငါတို့ကို သတ်ချင်တယ်ဆိုရင် အိပ်မက်မက်နေလို့ပဲရမယ်”
ကိုယ်တော်တာမင်းက ငြင်းဆန်ခြင်း မရှိတော့ပေ။ ရုတ်တရက်... သူက လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းများနှင့်အတူ လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲထုတ်ဖော်ကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ ဓမ္မစွမ်းအားများသည် ပင်မတောင်ထွတ်ခြောက်ခုရှိရာသို့ ဖြန့်ကြက်ထွက်ပေါ်သွားလေသည်။
“ဟမ်....”
အကြီးအကဲစန်းရှီနှင့် အခြားသူများသည် ရင်တစ်ချက်ထိတ်သွားပြီး အိုးတိုးအမ်းတမ်းအမူအရာများ ရှိလာကြ၏။
ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ရုတ်တရက်မော့ကြည့်လိုက်၏။
ကောင်းကင်ထက်တွင် ဧရာမကြယ်ခြောက်စင်းက ပေါ်ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းများနှင့်အတူ လှည့်ပတ်လိုက်၏။
“ဒါက... တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းလား”
ဆူဇီမိုက တိတ်တဆိတ် ရေရွတ်လိုက်၏။
ထိုသို့သူပြောလိုက်သည့်အချိန်မှာပင် ကြယ်ခြောက်စင်းတောင်မှ ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ဘန်း... ဘုန်း.. ဘုန်း...
ကြောက်စရာကောင်းသော စွမ်းအားများသည် ကြယ်ခြောက်စင်းတောင်ဆီကနေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်ကာ မိုးကောင်းကင်ထက်ရှိ တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းနှင့်အတူ ချိတ်ဆက်မိသွားကြ၏။
“အဲ့ဒါက ဝင်္ကပါတစ်ခုပဲ”
အစီအရင်ဝင်္ကပါတွင် ဆူဇီမို၏ ကျွမ်းကျင်တတ်မြောက်မှုက အလွန်တရာမြင့်မားနေခဲ့ပြီဖြစ်ပြီး ကိုယ်တော်တာမင်းက ရှေးဟောင်းဝင်္ကပါတစ်ခုအား အသက်သွင်းလိုက်ခြင်းဖြစ်သည်ကို ဆူဇီမိုက ချက်ချင်းပင် နားလည်လိုက်၏။
ဤရှေးဟောင်းဝင်္ကပါသည် ကောင်းကင်ဂေဟာတောင်ထွတ် ၊ ကောင်းကင်တံတားတောင်ထွတ် ၊ ကောင်းကင်လျှို့ဝှက်တောင်ထွတ် ၊ ကောင်းကင်သက်ဝင်တောင်ထွတ် ၊ ကောင်းကင်ကောင်းချီးတောင်ထွတ်နှင့် ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်တို့ကို အသုံးချပြီး တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်း၏ စွမ်းအားကို နှိုးဆွကာ ဝင်္ကပါကို အသက်သွင်းလိုက်ခြင်းဖြစ်၏။
ကိုယ်တော်တာမင်း၏ပုံရိပ်က ရုတ်တရက်ရပ်တန့်သွားပြီး သူ၏ပုံရိပ်က ကောင်းကင်ထက်ရှိကြယ်များကဲ့သို့ လင်းလက်သွားပြီး အော်ပြောလိုက်လေသည်။
“တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းဝင်္ကပါ အသက်ဝင်စမ်း”
ကောင်းကင်ထက်ကနေ ကြယ်အလင်းတန်းများက တစ်ခုပြီးတစ်ခုထိုးဆင်းလာ၏။
ထိုကြယ်အလင်းတန်းများသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းပကားကို ပိုင်ဆိုင်ထားရုံသာမက သူတို့၏ စွမ်းအားသည် ဝင်္ကပါ၏ အထောက်အပံ့နှင့်အတူ ဆပွားတိုးလာခဲ့၏။
ဘန်း... ဘန်း...ဘန်း...
ကြယ်အလင်းတန်းများသည် ကြယ်ခြောက်စင်းတောင်ပေါ်သို့ ဆင်းသက်လာပြီး ကြီးမားသော တွင်းချိုင့်များကို ဖြစ်ပေါ်လာစေ၏။
သွေးနွယ်ပင်မျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် အချိန်မီမရှောင်တိမ်းနိုင်ပဲ သူတို့၏ ခန္ဓာကိုယ်များက ကြယ်အလင်းတန်းများဖြင့် ထိုးဖောက်ခြင်းခံရကာ နေရာမှာပင် သေဆုံးကုန်ကြ၏။
အခြားသော မူလနတ္ထိများနှင့် ဓမ္မဝိသေသတာအိုအရှင်များကိုမပြောနှင့် သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ကြယ်အလင်းတန်းများကို ခုခံနိုင်ခြင်း မရှိကြပေ။
ထိုကြယ်အလင်းတန်းများက အလွန်တရာသိပ်သည်းကျစ်လျစ်နေ၏။
ထိုအလင်းတန်းများသည် ကြယ်ခြောက်စင်းတောင်ပေါ်သို့ ဖြန့်ကြက်ကျဆင်းလာပြီး အဲ့ဒီမှာသွေးမြစ်များ စီးဆင်းလာခဲ့၏။