← Chapters

သတ်ဖြတ်ခြင်း တံဆိပ်ပြား၏ လျှို့ဝှက်ချက်

Vol. 96 Ch. 1440

သတ်ဖြတ်ခြင်း တံဆိပ်ပြား၏ လျှို့ဝှက်ချက်

Vol. 96 Ch. 1440

“ကမ္ဘာဦးမျိုးနွယ်က မင်းအပေါ်မှာ သူတို့ရဲ့ သတ်ဖြတ်ခြင်း တံဆိပ်ပြားတွေကို ထုတ်ပြန်ထားတယ်.. မင်း ဂရုစိုက်မှ ရမယ်”

ကိုယ်တော် တာမင်းက ပြောလိုက်၏။

“ဒီဘက်မျိုးဆက်ရဲ့ ပြန်ဝင်စား မွန်းစတားတွေကြားမှာ ထန်လင်းကျီက အားအနည်းဆုံးပဲ”

“နတ်ဘုရားမျိုးနွယ်ရဲ့ အာကာသဧကရာဇ်… နတ်သမီး ရှောင်ရှန်း… ရွှေကျီးကန်း သတ္တမမင်းသား… ယက္ခမျိုးနွယ်ရဲ့ ယက္ခယုနဲ့ စုန်းမျိုးနွယ်ရဲ့ သခင်လေး ဆန်းကြယ်တစ္ဆေတို့က မင်းကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားနေကြတယ်”

တကယ်တော့ တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင် ဆူဇီမိုသည် ကမ္ဘာဦးမျိုးနွယ်၏ ဤပြန်ဝင်စား မွန်းစတားများကို ဖိနှိမ်နိုင်လေသည်။

သို့သော်လည်း တစ်ဖက်အဖွဲ့အစည်းသည် များစွာသော စွမ်းအားကြီးပုဂ္ဂိုလ်များ၊ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများ ခေါ်လာခဲ့မည်ဆိုလျှင် သို့မဟုတ် ထောင်ချောက်တစ်ခုခုကို ခင်းကျင်းထားမည်ဆိုလျှင် ဆူဇီမိုအနေဖြင့် သူတို့ကို ကိုင်တွယ်ဖို့ ခက်ခဲပေလိမ့်မည်။

တကယ်တော့ သူသည် ပကတိ ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံနိုင်ပြီး သူ၏ ဓမ္မစွမ်းအားများကို သူတို့၏ အကန့်အသတ်ထိ မြှင့်တင်နိုင်သည်နှင့်အမျှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် တိုက်ခိုက်မလာသရွေ့ မည်သူကမှ သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

အချိန်…

ယခုအချိန်တွင် သူ လိုအပ်နေသည်မှာ အချိန်ဖြစ်၏။

ထိုစဉ်မှာပင်.. ကိုယ်တော်တာမင်းက ပြောလိုက်၏။

“မင်းမှာ အချိန်များများ မကျန်တော့ဘူး.. ကြယ်ခြောက်စင်းတောင်မှာ သွေးနွယ်ပင်မျိုးနွယ် ချေမှုန်းဖျက်ဆီးခံရတဲ့ သတင်းက သွေးနွယ်ပင်မျိုးနွယ်ကို ရောက်ရှိသွားပြီး ကျင့်ကြံရေးလောကတစ်ခုလုံး တုန်လှုပ်သွားဖို့ သိပ်ကြာမှာ မဟုတ်တော့ဘူး”

“သွေးနွယ်ပင်မျိုးနွယ်ဝင် တစ်သောင်းကျော်က ဒီနေရာမှာ သေဆုံးခဲ့တယ်.. စွမ်းအားကြီးပုဂ္ဂိုလ် အယောက် ၅၀၊ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်နဲ့ သွေးနွယ်ပင်မျိုးနွယ်ရဲ့ သခင်လေးတောင် ပါခဲ့တယ်.. ဒီလောက် ကြီးကြီးမားမား ဆုံးရှုံးခဲ့ပြီဆိုမှတော့ သွေးနွယ်ပင်မျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က မင်းကို အမဲလိုက်လာဖို့ အခွင့်များတယ်”

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

“ဒီနေရာမှာ သေဆုံးသွားတဲ့ သွေးနွယ်ပင်မျိုးနွယ်တစ်ဝက်က ခင်ဗျားရဲ့ လက်ချက်ကြောင့်ပဲ.. တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်​ ပေါ်ထွက်လာမယ်ဆိုရင် ခင်ဗျားကလည်း ပုန်းရှောင်နေရမှာ မဟုတ်ဘူးလား”

“ငါ ဒီမှာရှိခဲ့တာ ဘယ်သူသိလို့လဲ”

ကိုယ်တော်တာမင်းက ပြုံးစစဖြင့် ပြန်မေးလိုက်၏။

“တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ကျင့်ကြံသူတွေ…”

ဆူဇီမိုက အလိုလို ပြောလိုက်မိ၏။

ကိုယ်တော်တာမင်းက ခေါင်းခါ၍ ပြုံးလိုက်၏။

“ငါက သူတို့ကို​ ကြယ်ခြောက်စင်းတောင်ကနေ ခေါ်ထုတ်ပေးခဲ့ပေမဲ့လို့.. ငါက တစ်ချိန်လုံး ပေါ်ထွက်မလာခဲ့ဘူး.. မင်းက ကြယ်ခြောက်စင်းတောင်ပေါ်ကို ဆင်းသက်လာပြီး သွေးနွယ်ပင်မျိုးနွယ်က ပညာရှင်တွေနဲ့ တိုက်ခိုက်ခဲ့တာကိုပဲ သူတို့ မြင်ခဲ့ရတာ”

“ဒီတစ်ခေါက် သူတို့က ဒီနေရာကနေ ထွက်ခွာပြီး ကြယ်ခြောက်စင်းတောင်မှာရှိတဲ့ သွေးနွယ်ပင်မျိုးနွယ် ဖျက်ဆီးချေမှုန်းခံလိုက်ရပြီဆိုတဲ့ သတင်းကို ရရှိမယ်ဆိုရင်.. အဲဒီကိစ္စ အရာရာတိုင်းကို မင်းလုပ်ခဲ့တာလို့ပဲ သူတို့က ထင်ကြလိမ့်မယ်… ငါ ပေါ်ထွက်လာခဲ့တာကို ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်သွား၏။

ကိုယ်တော်တာမင်းသည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူများကို ခေါ်ထုတ်သွားပေးခဲ့သည်မှာ သူက ထိုသူများ၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်သောကြောင့် မဟုတ်သည်ကို ယခုအခါမှသာ ဆူဇီမိုက နားလည်လိုက်၏။

အကြောင်းမှာ.. သူ၏ လှုပ်ရှားမှုကို မပေါက်ကြားစေချင်သောကြောင့် ဖြစ်၏။

ကြယ်ခြောက်စင်းတောင်ပေါ်ရှိ သွေးနွယ်ပင်မျိုးနွယ်များ အားလုံးက သေဆုံးသွားခဲ့လေပြီ။

ယခုအချိန်တွင် ဆူဇီမိုက လွဲလျှင် အမှန်တရားကို အခြားမည်သူကမှ မသိရှိကြတော့ပေ။

တကယ်တော့ ဆူဇီမိုသည် ဤကိစ္စကို ထုတ်ဖော်ကြေညာလိမ့်မည် မဟုတ်ကြောင်း ဆူဇီမိုက သိထား၏။

ကိုယ်တော်တာမင်းသည် ဤတစ်ခေါက် ကြယ်ခြောက်စင်းတောင်ပေါ်သို့ ဆင်းသက်လာပြီး သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၆ယောက်၏ မှတ်ဉာဏ်များကို ရှာဖွေခြင်းဖြင့် သူ အလိုရှိသည့် အရာကို ရရှိသွားပြီးတာ ဖြစ်ဖို့များလေသည်။

သို့သော်လည်း.. သူ၏ လမ်းကြောင်းက လုံးဝ ပေါက်ကြားခြင်း မရှိခဲ့ဘဲ သူက နောက်ဆက်တွဲ အကျိုးဆက်များနှင့် လွတ်ကင်းနေ၏။

ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းကလည်း ထို့အတူပင်။

ကိုယ်တော်တာမင်းသည် ပေါ်ထွက်မလာသော်လည်း နောက်ဆုံး အကျိုးအမြတ်ရရှိသူက သူဖြစ်ခဲ့၏။

သူ၏ တိုက်ခိုက်ရည်ခွန်အားက အဆင့်တူချင်းမှာ လူတိုင်းထက် သာလွန်နေခဲ့လေပြီ။

သူ၏ ကြီးမားသော ဉာဏ်ပညာနှင့် အခြားသူများထက် သာလွန်သော ကွက်ကျော်မြင်နိုင်စွမ်းအရ သူကဲ့သို့သော တစ်စုံတစ်ယောက်သည် မည်သည့် အားနည်းချက်မှ မရှိဘဲ ပြိုင်ဘက်ကင်းသလောက်နီးပါး ဖြစ်နေခဲ့လေပြီ။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် သီယင်းကဲ့သို့ ပြိုင်စံရှားနှင့် ပြန်ဝင်စား မွန်းစတားများစွာကို တွေ့ကြုံခဲ့ရ၏။

သို့သော်လည်း သူသည် ကိုယ်တော်တာမင်းနှင့် ယှဉ်လျှင် အရမ်းကို အားနည်းနေဆဲဖြစ်၏။

ကိုယ်တော်တာမင်းသည် သီယင်းကို သတ်ဖြတ်ချင်သည်ဆိုလျှင် သူက အဲဒါကို သူကိုယ်တိုင်ပင် လုပ်စရာ လိုလိမ့်မည် မဟုတ်ပေ။ သူက ဇာတ်လမ်းတစ်ခုဆင်၍ အကောက်ကြံနိုင်ပြီး သီယင်းက သူဘယ်လိုသေသွားရသည်ကိုပင် သိလိုက်မည် မဟုတ်ပေ။

သို့သော်လည်း.. ဤကဲ့သို့ ကြောက်စရာကောင်းသောလူကလည်း အတိတ်ကာလတုန်းက ရှုံးနိမ့်ခဲ့ဖူးလေသည်။

သူသည် နှစ်လေးသောင်းကြာအောင် ဖိနှိမ်ခြင်း ခံခဲ့ရ၏။

ထိုစဉ်မှာပင် ကိုယ်တော်တာမင်းက ပြောလိုက်၏။

“ထန်လင်းကျီရဲ့ သိုလှောင်အိတ်ထဲမှာ အာသောက သစ်သားတစ်ပိုင်း ရှိလိမ့်မယ်… အာသောက သစ်ပင်က ဗုဒ္ဓကျောင်းတော်တွေရဲ့ အထွတ်အမြတ်သစ်ပင်ပဲ.. မင်းက ဗုဒ္ဓဝါဒကို ကျင့်ကြံထားပြီး မင်းရဲ့ ခန္ဓာကိုယ်ကလည်း ဖန်တီးခြင်းကြာပဒုမ္မာဖြစ်တယ်.. အဲဒီ အာသောက သစ်သားက မင်းအတွက် မဟာအားဆေး ဖြစ်လိမ့်မယ်”

“မင်းက အဲဒီ အာသောက သစ်သားကို ကုန်စင်အောင် စုပ်ယူနိုင်မယ်ဆိုရင်.. မင်းက အလယ်အလတ် ပေါင်းစည်းခန္ဓာအဆင့်ကို ချိူးဖျက်တက်လှမ်းနိုင်လောက်တယ်.. နောက်ပိုင်းအဆင့်-ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားတာတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမဲ့လို့…”

ကိုယ်တော်တာမင်းက စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ငါပြောခဲ့သလိုပဲ.. မင်းမှာ အချိန်များများစားစား မကျန်တော့ဘူး”

“အဲဒါ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ”

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

“ကျုပ်က ကြယ်ခြောက်စင်းတောင်ကနေ ထွက်ခွာသွားတာနဲ့ ပုန်းကွယ်ဖို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုကို ရှာလိုက်မယ်… သွေးနွယ်ပင်မျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာမယ်ဆိုရင်တောင် သူက ကျုပ်ကို ရှာနိုင်မှာလား”

အဲဒါက ဆူဇီမို၏ အစီအစဉ်ဖြစ်၏။

ယခု သူသည် ကိုယ်တော်တာမင်းနှင့် အဆင်ပြေနေပြီး သူက မည်သည့်အရာကိုမှ စိုးရိမ်ပူပန်စရာ မလိုတော့ပေ။

အဲဒါကြောင့် ဆူဇီမိုသည် ကြယ်ခြောက်စင်းတောင်ကနေ ထွက်ခွာပြီးနောက်.. တိတ်ဆိတ်ငြိမ်သက်နေပြီး ပြန်ထွက်မလာခင်အထိ အာသောက သစ်သားကို ကုန်စင်အောင် စုပ်ယူဖို့ ရည်ရွယ်ထား၏။

“သေချာတာပေါ့”

ကိုယ်တော်တာမင်းက ခိုင်မာပြတ်သားစွာဖြင့် ပြောလိုက်၏။

“သွေးနွယ်ပင်မျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တင် မင်းကို ရှာနိုင်တာ မဟုတ်ဘူး… သူတို့ထဲက ဘယ်သူမဆို မင်းကို ရှာနိုင်တယ်”

“ဟမ်”

ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

“သတ်ဖြတ်ခြင်း တံဆိပ်ပြား…”

“အမှန်ပဲ”

ကိုယ်တော်တာမင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“သွေးနွယ်ပင်မျိုးနွယ်က မင်းအပေါ်မှာ သတ်ဖြတ်ခြင်း တံဆိပ်ပြားကို ထုတ်လွှတ်ခဲ့ပြီးပြီဆိုတော့… မင်းက တစ်မူထူးခြားတဲ့ အော်ရာတစ်ခုကို ရရှိလာလိမ့်မယ်.. မင်း ဘယ်နေရာကိုပဲ ရောက်ရောက် သူတို့က မင်းကို အာရုံခံနိုင်လိမ့်မယ်”

“ကမ္ဘာဦးမျိုးနွယ်ရဲ့ သတ်ဖြတ်ခြင်း တံဆိပ်ပြားတွေ အကုန်လုံးက အဲ့လိုမျိုး တူညီတဲ့ အကျိုးသက်ရောက်မှု ရှိတယ်”

“ကျုပ်သိပြီ”

ရုတ်တရက် ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

ထန်လင်းကျီသည် သူသေတော့မည့် အချိန်မှာပင် သတ်ဖြတ်ခြင်း တံဆိပ်ပြားကို ထုတ်သုံးခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။

ဒါ့အပြင်.. ဆူဇီမိုသည် သူ၏ လက်ကျန် ဘဝတစ်လျှောက်လုံး သွေးနွယ်ပင်မျိုးနွယ်၏ အမဲလိုက်ခြင်း ခံရပြီး သေရလိမ့်မည်ဖြစ်ကြောင်း သူပြောခဲ့သည်မှာ သတ်ဖြတ်ခြင်း တံဆိပ်ပြားကြောင့် ဖြစ်သည်။

သတ်ဖြတ်ခြင်း တံဆိပ်ပြားက အမှန်တကယ်ပဲ ဤမျှအထိ စွမ်းအားကြီးမားမည်ဆိုလျှင် ဆူဇီမိုသည် ဘယ်နေရာကို သွားသွား သွေးနွယ်ပင်မျိုးနွယ်၏ ထောက်လှမ်းသိရှိခြင်းကို ခံရပေလိမ့်မည်။ သူ့မှာ အာသောက သစ်သားကို သန့်စင်ဖို့ အခွင့်အရေး ရလိမ့်မည် မဟုတ်ပေ။

“ခင်ဗျားက ဗုဒ္ဓဝါဒနဲ့ မိစ္ဆာလျှို့ဝှက်အတတ်တွေမှာ ကျွမ်းကျင်ပိုင်နိုင်တာပဲ… ခင်ဗျားက ဒီတံဆိပ်ပြားကို မချေဖျက်ပေးနိုင်ဘူးလား”

ဆူဇီမိုက ကိုယ်တော်တာမင်းကို ကြည့်ပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။

ယခုအချိန်မှာ ကိုယ်တော်တာမင်း ပြသခဲ့သော နည်းလမ်းများအရ.. သူသည် တန်ခိုးရှင်တစ်ပါးနီးပါးဖြစ်ပြီး အရာရာတိုင်းကို သိရှိနေလေသည်။ ထိုသူက သတ်ဖြတ်ခြင်း တံဆိပ်ပြားကို ချေဖျက်နိုင်မည်ဆိုလျှင် ဆူဇီမိုက အံ့အားသင့်မိလိမ့်မည် မဟုတ်ပေ။

ကိုယ်တော်တာမင်းက ပြုံး၍ ခေါင်းခါပြလိုက်၏။

“ငါ မလုပ်နိုင်ဘူး”

ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“ဒါပေမဲ့လို့.. မင်း ကြိုးစားကြည့်လို့ရတဲ့ နေရာတစ်ခု ရှိတယ်.. အဲဒီမှာရှိတဲ့ ပညာရှင်တွေက တစ်ခုခုလုပ်ပေးချင်တယ်ဆိုရင် မင်းက သတ်ဖြတ်ခြင်း တံဆိပ်ပြားကို ချေဖျက်နိုင်ကောင်း ချေဖျက်နိုင်လိမ့်မယ်”

“ဘယ်နေရာလဲ”

ဆူဇီမိုက မေးလိုက်၏။

ကိုယ်တော်တာမင်းက ပြောလိုက်၏။

“ပဟေဠိနန်းတော်”

ပဟေဠိနန်းတော်အကြောင်း ကြားချိန်တွင် ဆူဇီမို ပထမဆုံး သတိရမိသည့်လူများမှာ လင်းရွှမ်ကျီနှင့် ကွန်ဖြူးရှပ်သရဖူဆောင်းထားသည့် အဘိုးအိုတစ်ယောက် ဖြစ်၏။

နောက်ထပ် သူသတိရမိသော သူမှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ဟု ခေါ်သော တစ်စုံတစ်ယောက် ဖြစ်ပြီး ထိုသူက မိစ္ဆာသွေးသန့်စင်ထုတ် သုတ္တန်ကို သိရှိထားလေသည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ညဝိညာဉ်ကို ဖမ်းဆီးဖို့ အကောက်ကြံခဲ့ပြီး ဆူဇီမိုကို ထောင်ဖမ်းဖို့အတွက် ကောင်းကင်နှင့်မြေကြီးတောင်ကြားမှာ ထောင်ချောက်တစ်ခုကို ခင်းကျင်းခဲ့သောသူ ဖြစ်လေသည်။

သူသည် ထိုတိုက်ပွဲကို အသုံးချပြီး ကောင်းကင်နှင့်မြေကြီးတောင်ကြား၏ မျိုးဆက်သွေးများကို စုပ်ယူသန့်စင်ချင်ခဲ့၏။

သို့သော်လည်း.. သူ၏ လုပ်ရပ်များသည် ကိုယ်တော်တာမင်းအတွက် လမ်းဖောက်ပေးခြင်း ဖြစ်ခဲ့လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ကောင်းကင်နှင့်မြေကြီးတောင်ကြားသို့ မသွားရောက်ခင် ဆူဇီမိုသည် လင်းရွှမ်ကျီထံမှ သတိပေးချက်တစ်ခုကို လက်ခံရရှိခဲ့၏။ ဒါ့အပြင်.. သူ၏ လက်ရေးက အလောတကြီးနိုင်နေပြီး ခပ်သော့သော့ ရေးထားလေသည်။

ပဟေဠိနန်းတော်မှာ တစ်ခုခုဖြစ်နေတာများလား..။

“ဟုတ်တယ်”

ကိုယ်တော်တာမင်းက ဆက်ပြောလိုက်၏။

“မင်းရဲ့ အစ်ကိုကြီးကလည်း ပဟေဠိနန်းတော်ကို သွားနေတယ်ဆိုတဲ့ သတင်း ငါရရှိထားတယ်”

“အစ်ကိုကြီးလား”

ဆူဇီမိုက ခဏမျှ ကြောင်အ,မှင်တက်သွားပြီးနောက် နားလည်သဘောပေါက်သွား၏။

“အစ်ကိုကြီး ယန်ပေးချန်”

“ဟုတ်တယ်.. အဲဒီ အဆူရာပဲ”

ကိုယ်တော်တာမင်းက ခေါင်းညိတ်ပြလိုက်၏။

“ကောင်းကင်နဲ့မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းက အဆူရာက ကောင်းကင်ဘုံလျှို့ဝှက်ချက်နောက်ကို ပြေးလိုက်သွားခဲ့တယ်”

“ဒါပေမဲ့လို့… ပဟေဠိနန်းတော်မှာ လျှို့ဝှက်အတတ်တွေ အများကြီးရှိတယ်… ကောင်းကင်ဘုံလျှို့ဝှက်ချက်မှာ စွမ်းအားကြီးမားတဲ့ ထွက်ပြေးခြင်း နည်းစနစ်တွေ ရှိပြီး သူက တစ်ချိန်လုံး ပြေးလွှားနေခဲ့တယ်… အဆူရာက သူ့နောက်ကို ကီလိုမီတာ ထောင်နဲ့ချီပြီး လိုက်ခဲ့ပေမဲ့ အဲဒီလူက ပဟေဠိနန်းတော်ကို ပြန်သွားနိုင်ခဲ့တယ်.. ဒါ့အပြင် သူက ပဟေဠိနန်းတော်ရဲ့ စွမ်းအားကို အသုံးချပြီး အဆူရာကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့တယ်”

“ငါထင်တာ မမှားဘူးဆိုရင် အဆူရာက ဒီတစ်ခေါက် လက်စားချေဖို့အတွက် သွားနေတာပဲ”

အစကတော့ ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းနေခဲ့၏။

သို့သော်လည်း ထိုစကားကို ကြားသောအခါ သူက ပဟေဠိနန်းတော်ကို ချက်ချင်းသွားရောက်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

All Chapters