← Chapters

လူသားဧကရာဇ်၏ စကားလုံးများ

Vol. 97 Ch. 1442

လူသားဧကရာဇ်၏ စကားလုံးများ

Vol. 97 Ch. 1442

ရုပ်သေးဂိုဏ်းတွင်..

ညစ်ပေရေနေသော ဦးခေါင်းနှစ်လုံးက တိုးဝှေ့ပူးကပ်နေကြ၏။

“မင်း ငါ့ကို ဘာလို့ လာရှာတာလဲ.. ငါ လိုက်မှာ မဟုတ်ဘူး”

ရှစ်ကျန့်က သူ၏ခေါင်းကို သွင်သွင်ခါယမ်းပြီး ခိုင်မာပြတ်သားစွာဖြင့် ငြင်းဆိုလိုက်၏။

“အဲဒါက တော်တော်အံ့ဩစရာကောင်းတဲ့ အုတ်ဂူတစ်လုံး ဖြစ်မှာကွ”

ဖက်တီးလေးက ရှုံ့တွနေသော တောကောင်သားရေတစ်ခုကို ထုတ်ယူပြီး လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်၏။

“လင်းရွှမ်ကျီက ငါတို့ဆီကို ဒီရတနာမြေပုံ ပို့ပေးလိုက်တယ်… သူက အဲဒါကို တူးဖော်ထုတ်ဖို့ ငါတို့ကို ကမ်းလှမ်းခဲ့တယ်.. စဉ်းစားကြည့်စမ်း.. သူတောင် အဲဒါကို မလုပ်နိုင်ဘူးဆိုရင် ဒီအုတ်ဂူက ဘယ်လောက်တောင် အံ့မခန်းဖြစ်လိုက်မလဲ”

တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက လင်းရွှမ်ကျီသည် သူ့ဘာသာသူ ကြယ်တာရာနဂါးခံတွင်းကို ရှာတွေ့ခဲ့ပြီး ထိုအုတ်ဂူထဲသို့ ဝင်ရောက်နိုင်ခဲ့လေသည်။

သူက ဤနယ်ပယ်မှာ ကျွမ်းကျင်သော ပညာရှင်တစ်ယောက်လည်း ဖြစ်၏။

ရှစ်ကျန့်က သူ၏နှုတ်ခမ်းကို စူဝိုင်းပြီး ပြန်ပြောလိုက်၏။

“မင်းက ဘယ်အချိန်ကတည်းက လင်းရွှမ်ကျီနဲ့ အဲ့လောက်ထိ ရင်းနှီးသွားတာလဲ.. ဘာလို့ ငါ အဲဒါကို မသိရတာလဲ”

“အဲဒါကို ပြောတာလား.. အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ငါတို့က သူနဲ့အတူ ရင်ဘောင်တန်း တိုက်ခိုက်ကြပြီး ရင်းနှီးမှု ရှိခဲ့ကြတာပေါ့”

ဖက်တီးလေးက အလောတကြီး ငြင်းခုံပြောဆိုလိုက်၏။

“ငါ မလိုက်ဘူး… မင်း ငါ့ကို နောက်တစ်ခါထပ်ပြီး သေချာပေါက် ရိုက်စားလုပ်ဦးမှာပဲ”

ရှစ်ကျန့်က သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“ဒီနှစ်တွေထဲမှာ ငါက အုတ်ဂူပေါင်းများစွာဆီ မင်းနဲ့အတူ လိုက်ခဲ့ပြီးပြီ.. ငါတို့ ကြုံတွေ့ခဲ့ရတဲ့ သေရေးရှင်ရေး အခြေအနေတွေကို ထည့်မတွက်ဘူးဆိုရင်တောင် ငါတို့က အခြေအနေပေါင်းစုံကို ဖြတ်ကျော်ခဲ့ပြီးပြီ.. ဖက်တီး မင်းက တော်တော်မရိုးဖြောင့်တဲ့ကောင်ပဲ.. မင်းက ပစ္စည်းကောင်းတွေဆိုရင် ငါ့ကို တစ်ခါမှ မျှဝေမပေးဘူး”

“ဒီတစ်ခေါက် ငါ မင်းကို သေချာပေါက် ခွဲဝေပေးမှာပါ”

ဖက်တီးလေးက တည်တံ့သော အမူအရာဖြင့် ပြန်ပြောလိုက်၏။

“ဒီတစ်ခေါက်.. ပစ္စည်းကောင်းတစ်ခုခု ငါတွေ့မယ်ဆိုရင် အရင်ဆုံး မင်းကို သေချာပေါက် ပေးမယ်လို့ ငါကျိန်တယ်ကွာ”

“ဟုတ်ပြီလေ.. ဒီတစ်ခေါက် ထပ်ပြီး ငါ မင်းကို ယုံပေးလိုက်မယ်”

ရှစ်ကျန့်က အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။

ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက်.. ရှစ်ကျန့်သည် မြေပုံတစ်ချပ်ကို ထုတ်ယူကာ အတန်ကြာ စိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

“ဒီနေရာက ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးမှာ ရှိနေတာပဲ… အဲဒါက ပဟေဠိနန်းတော်နဲ့ အရမ်းကို နီးတယ်”

“အဲဒါ ကောင်းတာပေါ့.. အဲဒီမှာ လင်းရွှမ်ကျီလဲ ရှိနေမှာ”

ဖက်တီးလေးက လက်ကာပြလိုက်၏။

“ငါတို့ကို သူ ကူညီပေးမယ်ဆိုရင် ဘယ်သူကမှ အဲဒါကို သိလိုက်မှာ မဟုတ်ဘူး”

. . . . .

စင်ကြယ်အပျိုစင်ဂိုဏ်းတွင်…

အခန်းတစ်ခုထဲမှာ ညို့ဓာတ်ရှိသော အမျိုးသမီးတစ်ယောက်သည် ပြတင်းပေါက်ဘေးမှာ ထိုင်နေ၏။ သူမသည် သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ထင်းနေစေဖို့အတွက် နူးညံ့သော အဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူမ၏ ခန္ဓာကိုယ်က ရှိုက်ကြီးဖိုငယ် အသွယ်သွယ်နှင့် ကြော့ရှင်းလှပနေ​၏။

အမျိုးသမီးသည် သူ၏ မေးကို လက်တစ်ဖက်ဖြင့် ထောက်ထား​ပြီး သူမ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ စိတ်အာရုံ ပျံ့လွင့်နေပုံ ရ၏။

“ဒေါ်လေးဂူ… ဒေါ်လေး ကျွန်မကို ရှာနေတယ်ဆို”

ထိုစဉ်မှာပင်.. ပန်းရောင်ဝတ် မိန်းကလေးတစ်ယောက်က အခန်းထဲသို့ ဝင်ရောက်လာ၏။

ပန်းရောင်ဝတ် မိန်းကလေး ဝင်ရောက်လာသည့် အချိန်မှာပင် အခန်းတစ်ခုလုံးက ပို၍ တောက်ပသွားသည့်အလား ထင်ရ၏။ အဲဒီမှာ ထိုင်နေသော ချောမောလှပသည့် အမျိုးသမီးပင်လျှင် ပန်းရောင်ဝတ် မိန်းကလေးနှင့် ယှဉ်ပါက မှေးမှိန်သွားရ၏။

ပန်းရောင်ဝတ် မိန်းကလေးက နတ်ဆိုးမကျိပင် ဖြစ်လေသည်။

ထိုင်နေသည့် ချောမောလှပသော အမျိုးသမီးသည် မဟာကျိုးမြို့တော်ရှိ ရတနာ့ကောင်းကင် လေလံအိမ်တော်၏ ယခင် ဘဏ္ဍာစိုးခေါင်းဆောင် ဂူရှီ ဖြစ်လေသည်။

ဤနှစ်များအတွင်း.. ဂူရှီသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်​ပြီး မူလနတ္ထိ တာအိုသက်ရှိတစ်ယောက် ဖြစ်နေခဲ့လေပြီ။

သို့သော်လည်း နတ်ဆိုးမကျိက သူမ၏ ကျင့်ကြံမှုအဆင့်ထက် များစွာ သာလွန်သွားခဲ့လေပြီ။

နတ်ဆိုးမကျိသည် ယခုအခါ ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်နေခဲ့ပြီဖြစ်၏။

မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်အနေဖြင့် နတ်ဆိုးမကျိသည် လုံလောက်သော ကျင့်ကြံရေး အရင်းအမြစ်များ ရရှိပြီး ဤနှစ်များအတွင်း မဟာအခွင့်အလမ်း များစွာကိုလည်း တွေ့ကြုံရရှိခဲ့လေသည်။

ဥပမာအားဖြင့် လူသားဧကရာဇ်နန်းတော်မှ နတ်မိမယ် လင်းလုံ၏ အမွေအနှစ်နှင့် တာအိုအမွေအနှစ်ကုန်းမြေမှ ပြီးပြည့်စုံသော စင်ကြယ်အပျိုစင် သုတ္တန်တို့သည် နတ်ဆိုးမကျိ၏ ကျင့်ကြံမှုကို ခုန်ပေါက်၍ တိုးမြင့်လာစေခဲ့၏။

သူမသည် ပြီးခဲ့သည့် နှစ်တစ်သိန်းအတွင်း မိစ္ဆာဂိုဏ်းများ၏ နံပါတ်တစ် စင်ကြယ်အပျိုစင် ဟူသော ဘွဲ့ကိုလည်း ရရှိထားခဲ့ပြီ ဖြစ်၏။

”ဒေါ်လေးဂူ… ဒေါ်လေး ဘာလို့ ဒီလောက်ထိ ပိန်သွားရတာလဲ”

နတ်ဆိုးမကျိက မျက်မှောင် အနည်းငယ်ကြုတ်ပြီး သူမ၏ ရင်ထဲမှာ နာကျင်သွား၏။

သူမ၏ လက်ရှိကျင့်ကြံမှုနှင့် အဆင့်အတန်းသည် ဂူရှီထက် များစွာ သာလွန်သွားခဲ့ပြီဖြစ်သော်လည်း သူမသည် ထိုအမျိုးသမီးနှင့် နက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှု ရှိနေဆဲဖြစ်ပြီး သူမကို လုံးဝ လျစ်လျူရှုမထားနိုင်ပေ။

“အဲဒါက ဘာမှမဖြစ်ပါဘူး”

ဂူရှီက ကြိုးစား၍ ပြုံးပြလိုက်၏။

“ဒေါ်လေးက အဆူရာကို စိုးရိမ်နေတာလား”

နတ်ဆိုးမကျိက စိတ်ထဲကနေ သက်ပြင်းချပြီး မေးလိုက်မိလေသည်။

ဂူရှီက သူမ၏ ခေါင်းကို အနည်းငယ် ငုံ့ပြီး တိတ်တဆိတ်ဖြင့် ဝန်ခံလိုက်၏။

လွန်ခဲ့သည့် နှစ်များစွာက ဂူရှီသည် ယန်ပေးချန်ကို ကြိတ်၍ သဘောကျနေခဲ့ကြောင်း နတ်ဆိုးမကျိက သိထားလေသည်။

အဲဒီနောက်ပိုင်း.. ယန်ပေးချန်နှင့် ချင်ဖျန်ယန်၏ ကောလာဟလ သတင်းအချို့ကို ကြားရပြီးနောက် ဂူရှီသည် အသည်းကွဲကာ ထိုကိစ္စကို နှစ်ပေါင်းများစွာ ကြာသည်အထိ လွှတ်မချနိုင်ခဲ့ပေ။

နောက်ပိုင်း… ချင်ဖျန်ယန်က သေဆုံးသွားပြီး အစစ်အမှန် အဆူရာက မွေးဖွားပေါ်ထွက်လာခဲ့၏။ ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲက တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့၏။

ဂူရှီ၏ ကျင့်ကြံမှုအဆင့်က မြင့်မားခြင်း မရှိသည့်အတွက် သူမသည် ကောင်းကင်နှင့်မြေကြီးတောင်ကြားသို့ သွားရောက်ဖို့ အဆင့်မမီခဲ့ပေ။ သို့သော်လည်း သူမသည် အဆူရာ၏ အခြေအနေကို ကြားသိရသောအခါ တိတ်တဆိတ် စိုးရိမ်ပူပန်နေခဲ့၏။

“ယောင်ယန်… သူ့ရဲ့ စိတ်နေစရိုက်ကို ငါကောင်းကောင်းသိတယ်”

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဂူရှီက ပြောလိုက်၏။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်က ချင်ဖျန်ယန်ကို သတ်ခဲ့တယ်… သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို လက်စားချေဖို့အတွက် ပဟေဠိနန်းတော်ကို သေချာပေါက် ပြန်သွားလိမ့်မယ်”

“ယောင်ယန်.. ငါ နင့်ကို အနူးအညွတ် တောင်းပန်ပါရစေ… ပဟေဠိနန်းတော်ကို တစ်ချက်လောက် သွားကြည့်ပေးပါလား… သူ ဒုက္ခရောက်နေတာကို တွေ့မယ်ဆိုရင် ကျေးဇူးပြုပြီး သူ့ကို ကူညီပေးပါလား”

ဂူရှီ၏ အသံက တုန်ယင်နေပြီး သူမ၏ မျက်လုံးများက နီရဲလာ၏။

“ငါသိတဲ့ လူတွေထဲမှာ နင်ကပဲ သူ့ကို ကူညီပေးနိုင်လိမ့်မယ်”

မိစ္ဆာဂိုဏ်းများသည် ဤကဲ့သို့သော တစ်စုံတစ်ရာအတွက် ဝင်ပါကြလိမ့်မည် မဟုတ်ပေ။

မည်သည့် ပတ်သက်ဆက်နွယ်မှုကိုမှ အသိအမှတ်မပြုဘဲ ပုံမှန်စိတ်အခြေအနေမှာ ရှိမနေသည့် ငမိုက်သား တစ်ယောက်အတွက် ဘယ်သူကများ ပဟေဠိနန်းတော်ကို ဆန့်ကျင်ပါလိမ့်မည်နည်း။

“ဒေါ်လေးဂူ.. မပူနဲ့.. ကျွန်မ အခုချက်ချင်းပဲ ပဟေဠိနန်းတော်ကို သွားလိုက်မယ်”

နတ်ဆိုးမကျိက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သဘောတူလိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်၏။

“ဒါပေမဲ့လို့.. ကျွန်မရဲ့ တိုက်ခိုက်ရည်ခွန်အားအရဆို ကျွန်မက စွမ်းအားကြီးမားတဲ့ ပဟေဠိနန်းတော်ကို ရင်မဆိုင်နိုင်မှာ စိုးရိမ်မိတယ်… ဒါပေမဲ့ ကျွန်မ တတ်နိုင်တာတော့ အကောင်းဆုံး လုပ်ပေးမှာပါ”

“ယောင်ယန်.. နင့်ကိုယ်နင် ဒုက္ခမရောက်အောင်လည်း ကောင်းကောင်း ဂရုစိုက်ရမယ်.. အခြေအနေ မဟန်ဘူးထင်ရင် သူ့ကို ထားခဲ့လိုက်”

ဂူရှီက ပြတ်သားစွာဖြင့် ပြောလိုက်၏။

သူမသည် အဆူရာကို စိုးရိမ်ပူပန်နေ၏။ သို့သော်လည်း သူမသည် အဆူရာကြောင့် နတ်ဆိုးမကျိကိုလည်း ဒုက္ခမရောက်စေလိုပေ။

“အဲဒါက အဆင်ပြေပါတယ်”

နတ်ဆိုးမကျိက ညင်သာစွာ ပြုံး၍ ခေါင်းခါပြလိုက်၏။

“ပဟေဠိနန်းတော်က ကျွန်မကို ထိခိုက်အောင် လုပ်ရဲမှာ မဟုတ်ဘူး”

လဝက်ကြာပြီးနောက်… ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးတွင်…

ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးသည် တစ်နှစ်ပတ်လုံး ထူပိန်းသော မြူခိုးများနှင့် ပြည့်နှက်နေပြီး အတွင်းဘက်မှာ ပဟေဠိနန်းတော် တည်ရှိလေသည်။

ရှေးဟောင်းခေတ်ကတည်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး တိုက်ပွဲများက အဆက်မပြတ် ဖြစ်ပွားကာ ဖျက်ဆီးခံလိုက်ရသော ဂိုဏ်းများက မရေတွက်နိုင်တော့ပေ။ ထိပ်သီးဂိုဏ်းကြီးများပင်လျှင် ချမ်းသာရာ မရခဲ့ပေ။ သို့သော်လည်း ပဟေဠိနန်းတော်သည် ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးမှာ အမြဲတမ်း ငွားငွားစွင့်စွင့် ရပ်တည်နေခဲ့၏။

ထိုမျှသာမက… ရှေးဟောင်းခေတ်ကနေ ယခုအချိန်ထိ ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးမှာ ရှိသည့် ပဟေဠိနန်းတော်ကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့် အဖွဲ့အစည်းကမှ ပြဿနာ လာရှာရဲခြင်း မရှိခဲ့ပေ။

ဤနေရာသည် လူသားမျိုးနွယ်၏ အထွတ်အမြတ် ကုန်းမြေတစ်ခု ဖြစ်၏။

သို့သော်လည်း ဤနှစ်တွင် လူတစ်ယောက်က ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးကို ရောက်ရှိလာခဲ့၏။

ထိုလူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ အဖြူရောင် ဆံပင်ကို သူ၏ ပခုံးပေါ်မှာ ဖားလျားချထား၏။ သူ၏မျက်လုံးများက နက်မှောင်နေပြီး ဖြည်းဖြည်းချင်း ​လျှောက်လှမ်းလာရင်း သူ၏ အမူအရာက အေးစက်နေ၏။ သူ၏ ညာဘက်လက်ထဲတွင် မိစ္ဆာချီများ ရစ်ခွေနေသည့် ဆေဘာတစ်လက်ကို ဒရွတ်တိုက် ကိုင်ဆွဲလာပြီး မြေပြင်ပေါ်မှာ မီးပွားများကို ထွက်ပေါ်လာစေ၏။

အဲဒါက မည်သူပင်ဖြစ်စေ.. သူတို့သည် ထိုလူနှင့် တွေ့ဆုံပါက သိပ်သည်းပြင်းထန်သော အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်တို့ကို ခံစားမိရပေလိမ့်မည်။

အဆူရာ ယန်ပေးချန်..

ယန်ပေးချန်သည် ထူပိန်းသော မြူခိုးများကို ဖြတ်၍ လျှောက်လာခဲ့၏။

ထူပိန်းသော မြူခိုးများသည် အလွန်တရာ တွေဝေရှုပ်ထွေးစေပြီး စိတ်ဝိညာဉ် အသိစိတ်များကိုပင် ပိတ်ဆို့တားဆီးနိုင်လေသည်။

ကျင့်ကြံမှုအဆင့်နိမ့်သော ကျင့်ကြံသူများသည် ပဟေဠိနန်းတော်ကို ရှာဖွေဖို့ နေနေသာ… မြူခိုးများထဲမှာ လမ်းပျောက်သွားပေလိမ့်မည်။

သို့သော်လည်း.. ထူပိန်းသော မြူခိုးများသည် ယန်ပေးချန်၏ နက်မှောင်နေသော မျက်လုံးများနှင့် တွေ့ဆုံချိန်မှာ သုံးစားမရနိုင်တော့ပေ။

သူက ပဟေဠိနန်းတော် ရှိရာသို့ ဆက်လက်လျှောက်လှမ်းလာခဲ့၏။

အမုန်းမိစ္ဆာဆေဘာသည် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး အလွန်တရာ စိတ်လှုပ်ရှားလာခဲ့၏။ ၎င်းက မြေပြင်ပေါ်မှာ တဇီဇီမြည်၍ တုန်ခါလာခဲ့၏။

သိပ်မကြာခင်.. ယန်ပေးချန်သည် သူ၏ ခြေလှမ်းကို ရပ်တန့်​ပြီး မော့ကြည့်လိုက်၏။

ရှေ့မလှမ်းမကမ်းတွင်… အဆက်မပြတ် တွယ်တန်းနေသော တောင်ကြောရိုးပေါ်မှာ ကောင်းကင်ထက်ရှိ ကြယ်များနှင့် ဆင်တူသော ရှေးဟောင်း တာအိုနန်းတော်များ ရှိနေ၏။

တာအိုနန်းတော် တစ်ခုချင်းစီသည် ရှုပ်ထွေးဆန်းကြယ်သော လျှို့ဝှက်ချက်တစ်ခုစီကို ပိုင်ဆိုင်ထားပုံ ရ၏။

နောက်ထပ် မလှမ်းမကမ်းမှာ ဧရာမ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူထားပြီး ၎င်းပေါ်တွင် ရဲဝံ့၍ အားမာန်တက်ကြွသော စကားလုံးနှစ်လုံးကို ရေးထိုးထား၏။

ပဟေဠိ နန်းတော်…

ထိုစကားလုံးများသည် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

ယန်ပေးချန် ချဉ်းကပ်လာနေရင်း ဖိအားက ပို၍ပင် သိသာထင်ရှားလာခဲ့၏။ နောက်ဆုံးမှာတော့ သူပင်လျှင် အဲဒါကို တောင့်မခံနိုင်တော့ပေ။

ယခုအချိန်တွင် ယန်ပေးချန်သည် နောက်ပိုင်း-ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

သို့သော်လည်း သူသည် ကျောက်တိုင်ရှေ့တွင် ခြေတစ်လှမ်းမျှ ရှေ့ဆက်မတက်နိုင်တော့ပေ။

ဤကျောက်တိုင်က စွမ်းအားကြီးမားသော ဇစ်မြစ်တစ်ခု ရှိလေသည်။

ကျောက်တိုင်ပေါ်ရှိ စကားလုံးများကို အတိတ်ကာလတုန်းက ထာဝရ လူသားဧကရာဇ်သည် ကိုယ်တိုင်ရေးထိုးထားခဲ့၏။

လူသားဧကရာဇ်၏ စကားလုံးများက ထာဝရ တည်တံ့လေသည်။

All Chapters