← Chapters

စင်ကြယ်အပျိုစင် ပေါ်ထွက်လာခြင်း

Vol. 97 Ch. 1444

စင်ကြယ်အပျိုစင် ပေါ်ထွက်လာခြင်း

Vol. 97 Ch. 1444

ပုန်းလျှိုးကွယ်လျှိုး ပုံရိပ်နှစ်ခုသည် ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုး၏ မှောင်မည်းနေသော ထောင့်တစ်နေရာမှာ ခိုးချောင်ခိုးဝှက်ပုန်းကွယ်နေကြ၏။ သူတို့သည် ပဟေဠိနန်းတော်ရှေ့မှ မြင်ကွင်းကို ငေးကြည့်နေကြလေသည်။

သူတို့နှစ်ယောက်သည် အုတ်ဂူတစ်ခုကို တူးဖော်ထုတ်ဖို့အတွက် မိုင်ပေါင်းထောင်ချီ အကွာအဝေးကနေ ရောက်ရှိလာခဲ့ကြသော ရှစ်ကျန့်နှင့် ဖက်တီးလေးတို့ဖြစ်ကြ၏။

“အဲ့ဒီ လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါရဲ့ နောက်ခံက ဘာလဲ... အဲ့ဒါက တော်တော်စွမ်းအားကြီးမားတဲ့ပုံပဲ”

ရှစ်ကျန့်က တီးတိုးရေရွတ်လိုက်၏။

“ပြောရမယ်ဆိုရင်... အဲ့ဒါက ရှေးဟောင်းခေတ်က နံပါတ်တစ်သတ်ဖြတ်ခြင်းဝင်္ကပါပဲ”

ဖက်တီးလေးက ပြောလိုက်၏။

“ဒီဝင်္ကပါကို နတ်မိမယ်လင်းလုံကိုယ်တိုင် ခင်းကျင်းထားခဲ့တာ... ဒီလောကမှာ ဘယ်သူကများ အဲ့ဒါကို ချေဖျက်နိုင်ပါ့မလဲ”

“ညီကိုဆူက ဝင်္ကပါမှာ အတော်လေးကျွမ်းကျင်ပိုင်နိုင်တယ်... သူသာ ဒီမှာရှိမယ်ဆိုရင် သူက ဒီဝင်္ကပါကို ချေဖျက်နိုင်လိမ့်မယ်ထင်တယ်”

ရှစ်ကျန့်က လေးနက်စွာဖြင့် ပြောလိုက်၏။

“ဟီးဟီး”

ဖက်တီးလေးက ရယ်မောလိုက်၏။

“ကျုပ်က... နောင်ကြီးကိုလေးစားပေမဲ့ သူက လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါကို ချေဖျက်နိုင်မှာမဟုတ်ဘူး... နောင်ကြီးတင်မဟုတ်ဘူး ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိတဲ့ နံပါတ်တစ်ဝင်္ကပါသခင်တောင် အဲ့ဒါကို ချေဖျက်နိုင်မှာ မဟုတ်ဘူး”

“အဲ့ဒါက ဘာကိုဆိုလိုတာလဲ... ဒီဝင်္ကပါထဲမှာ ကျဆင်းသွားရင် ဘယ်သူကမှ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောတာလား”

ရှစ်ကျန်၏မျက်လုံးက ပြူးကျယ်သွား၏။

ဖက်တီးလေးက ခေါင်းညိတ်ပြလိုက်၏။

“ဒီလှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ခြေတစ်လှမ်းမှားသွားတာနဲ့ မင်းလက်ခံရရှိမဲ့ တိုက်ခိုက်မှုတွေက အဆက်မပြတ် ပြင်းထန်လာပြီးတော့ ကြမ်းကြုတ်ခက်ထန်လာလိမ့်မယ်”

“စစချင်းတော့... အဲ့ဒီမှာ ပေါင်းစည်းခန္ဓာအဆင့်ရဲ့ စွမ်းအားတချို့ရှိလိမ့်မယ်... နောက်ပိုင်းကျရင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်ရဲ့ စွမ်းအားတွေရောက်ရှိလာလိမ့်မယ်... နတ်ဘုရားစွမ်းအားတွေတောင် ပါလာနိုင်တယ်”

“ဘယ်လို...”

ရှစ်ကျန့်က အထိတ်တလန့်ရေရွတ်လိုက်၏။

နတ်ဘုရားစွမ်းအားများ၏ စွမ်းအားသည် ဘိုးဘေးအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားဖြစ်လေသည်။

ဖက်တီးလေးက ပြောလိုက်လေသည်။

“ငါပြောတာကို သံသယမရှိနဲ့... ရှေးဟောင်းခေတ်စစ်ပွဲတုန်းက ဒီဝင်္ကပါထဲမှာ သေဆုံးခဲ့ရတဲ့ မဟာယာန မျိုးနွယ်စုခေါင်းဆောင်တွေတောင် မနဲဘူး”

“ငါကြားတာတော့... အရင်တုန်းက နတ်မိမယ်လင်းလုံကိုယ်တိုင် ဒီသတ်ဖြတ်ခြင်းဝင်္ကပါကို ထိန်းချုပ်ပြီး ဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့တယ်”

“တော်တော်မိုက်လှချေလား”

ရှစ်ကျန့်က တုန်လှုပ်သွား၏။.

“မင်းဘယ်လိုထင်လို့လဲ”

ဖက်တီးလေးက ပြောလိုက်၏။

“နတ်မိမယ်လင်းလုံက ဧကရာဇ်တစ်ပါးဖြစ်မလာပေမဲ့ သူမက ပဟေဠိနန်းတော်ကို တည်ထောင်ပြီး ခေတ်အဆက်ဆက် နာမည်ကြီးကျော်ကြားခဲ့တယ်... အဲ့ဒါက သူမက လူသားဧကရာဇ်ရဲ့ ဇနီးဖြစ်နေတာကြောင့်ပဲလို့ မင်းတကယ်ထင်လို့လား”

ရှစ်ကျန့်ကမေးလိုက်၏။

“အဲ့ဒါဆိုရင်... အဆူရာက သေဖို့သေချာသွားပြီလား”

“အဲ့လိုအတိအကျကြီးတော့လည်း မပြောနိုင်ဘူး”

နတ်မိမယ်လင်းလုံရောက်လာမယ်ဆိုရင်တော့ အဆူရာအတွက် မျှော်လင့်ချက်ရှိနိုင်သေးတယ်”

“ဟွန့်..”

ရှစ်ကျန့်က နှုတ်ခမ်းစူလိုက်၏။

“လင်းရွှမ်ကျီက ဘာလို့အခုထိ ထွက်မလာသေးတာလဲ”

ဖက်တီးလေးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏ ဝဝကစ်ကစ်လက်ဖဝါးနှစ်ဖက်ကို စိုးရိမ်ပူပန်စွာဖြင့် ပွတ်သပ်လိုက်၏။

ရှစ်ကျန့်က ပြန်ပြောလိုက်၏။

“ဘာလို့လောနေတာလဲ... ပဟေဠိနန်းတော်ကို အဆူရာရောက်လာတဲ့အတွက် သူက အခုချိန်မှာထွက်လာဖို့ အဆင်မပြေသေးလို့လို့ ငါထင်တယ်”

“အခုချိန်က အကောင်းဆုံးအချိန်လေ”

ဖက်တီးလေးက ပြောလိုက်၏။

“ပဟေဠိနန်းတော်က လူတိုင်းရဲ့စိတ်အာရုံက အဆူရာပေါ်မှာရောက်နေတာ ဒီလိုအချိန်မှာ ငါတို့က အုတ်ဂူကို တူးဖော်ပြီး အထဲမှာရှိတဲ့ ရတနာတွေကို ယူသွားရမှာ”

“ပဟေဠိနန်းတော်မှာ ပညာရှင်တွေအများကြီးရှိတယ်... အဆူရာသေသွားပြီးရင် သူတို့က တစ်ခုခုကို သတိမထားမိဘူးလို့ အာမမခံနိုင်ဘူး... အဲ့ဒီအချိန်ကျရင် ငါတို့လှုပ်ရှားဖို့ ခဲယဥ်းသွားလိမ့်မယ်”

“မင်းက ဘာကိုဆိုလိုချင်တာလဲ”

ရှစ်ကျန့်ကမေးလိုက်၏။

ဖက်တီးလေးက တည်တံ့စွာဖြင့် ပြောလိုက်၏။

“ငါတို့က လင်းရွှမ်ကျီကို စောင့်မနေတော့ဘူး... အဲ့ဒီငနဲကြီးကလည်း ယုံရတာမဟုတ်ဘူး... သူက ဘယ်နေရာမှာရှိနေလဲ ခန့်မှန်းလို့ မရဘူး... ငါတို့လက်ထဲမှာ ရတနာမြေပုံရှိနေမှတော့ သူ့ကိုအရေးလုပ်မနေတော့ဘူး”

“အဲ့ဒါဆိုလည်း အလုပ်ဖြစ်တာပဲ”

ရှစ်ကျန့်က ခဏမျှတွေဝေတုံ့ဆိုင်းနေ၏။

“ဒါပေမဲ့လို့ တစ်ခုခုလွဲမှားနေတယ်လို့ ငါဘာလို့ခံစားနေရတာလဲ... ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေတယ်”

“ဘာမှားစရာရှိမှာလဲ... မင်းက အဲ့လိုရူးကြောင်ကြောင်တွေးရတာကို စွဲလမ်းနေတဲ့ပုံပဲ”

ဖက်တီးလေးက နှုတ်ခမ်းစူလိုက်၏။

“ဘာမှမပူနဲ့... ဒီတစ်ခေါက် ရတနာတွေကို ငါတို့ရှာတွေ့ရင် မင်းကို သေချာပေါက်အရင်ဆုံးပေးမယ်”

“ကောင်းပြီလေ”

ရှစ်ကျန့်က ဆက်လက်၍ သံသယမရှိတော့ပဲ ခေါင်းညိတ်ပြလိုက်၏။

“စလိုက်ကြရအောင်”

. . . . . .

ပဟေဠိနန်းတော်ရှေ့တွင်...

ယန်ပေးချန်သည် လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ လုံးဝကျဆင်းသွားခဲ့ပြီဖြစ်၏။

ဘန်း... ဘန်း.. ဘန်း...

သူသည် အမုန်းမိစ္တာဆေဘာကို ကိုင်ဆွဲပြီး မိစ္ဆာသုတ္တန်နှစ်ခုကို သူတို့၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ မိစ္ဆာချီများက သူ၏အထက်မှာ တစ်လွှာပြီးတစ်လွှာ ဖုံးအုပ်နေပြီး တိုက်ခိုက်မှုများကို ထပ်တလဲလဲပိတ်ဆို့တားဆီးပေးနေ၏။

သို့သော်လည်း သူက ဆက်လက်၍ မလျှောက်လှမ်းနိုင်တော့ပေ။

လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါ၏ တိုက်ခိုက်မှုများက ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာခဲ့၏။

သို့သော်လည်း သူက အဲ့ဒါကို ချေဖျက်ဖို့အတွက် မည်သည့် နည်းလမ်းကိုမှ ရှာမတွေ့နိုင်ပေ။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်... ကောင်းကင်ဘုံလျှို့ဝှက်ချက် ထွက်လာခဲ့စမ်း”

ယန်ပေးချန်သည် ဒဏ်ရာရရှိသွားသော သားရဲတောကောင်တစ်ကောင်ကဲ့သို့ ကျယ်လောင်စွာဟိန်းဟောက်နေ၏။ သူ၏မျက်လုံးများက နက်မှောင်နေပြီး သူ့ရင်ထဲရှိ အမုန်းတရားများက ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့၏။

တကယ်တော့... သိပ်သည်းပြင်းထန်သော အမုန်း၏ ထောက်ပံ့ပေးမှုကြောင့် မဟုတ်လျှင် သူသည် လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ နုတ်နုတ်စင်းသတ်ဖြတ်ခံနေရလောက်လေပြီ။

ပဟေဠိနန်းတော်တွင်...

ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် အခြားသူများသည် သရော်တော်တော်အမူအရာများနှင့်အတူ အထက်စီးကနေ ငုံ့ကြည့်နေကြ၏။

“အဆူရာက မိစ္ဆာဂိုဏ်းတွေရဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်နေတာ အံ့ဩစရာမရှိတော့ဘူး... ငါထင်တာမမှားဘူးဆိုရင် သူက လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ​ခြေလှမ်း ၂၀၉ လှမ်း လှမ်းထားပြီးသွားပြီ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က ညင်သာစွာ သက်ပြင်းချလိုက်၏။

“ငါတို့သာ အဲ့ဒီထဲကို ကျဆင်းသွားမယ်ဆိုရင် ခြေလှမ်းတစ်ရာမပြည့်ခင်မှာပဲ ငါတို့က သေရလိမ့်မယ်ထင်မယ်”

“အဲ့ဒါပြောနေလည်း အလကားပဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က ညင်သာစွာ ပြုံးလိုက်၏။

“ဆက်ပြီးတော့ ကြန့်ကြာလေလေ သူကအဲ့ဒါကို ချေဖျက်ဖို့ ပိုပြီးတော့ ခဲယဥ်းလာလေလေပဲ.. သူ့ပေါ်မှာရှိတဲ့ ဖိအားကလည်း ​ခြေတစ်လှမ်းလှမ်းတိုင်း နှစ်ဆတိုးလာလိမ့်မယ်”

“မိစ္ဆာဧကရာဇ်အမုန်း ပြန်လည်မွေးဖွားမလာသရွေ့.. အဆူရာက နာရီဝက်အတွင်းမှာ သေချာပေါက်သေရလိမ့်မယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက အေးစက်စွာဖြင့် ပြောလိုက်၏။

“ဟင်းဟင်း... တော်တော်လူစည်နေကြတာပဲ”

ထိုစဥ်မှာပင် နှစ်လိုဖွယ်ရာပုံစံဖြင့် လေထဲကနေ ရယ်သံတစ်သံထွက်ပေါ်လာ၏။

ပဟေဠိနန်းတော်မှ ပညာရှင်များသည် ထိုရယ်သံကိုကြားရသောအခါ သူတို့သည် ရင်တစ်ချက်ထိတ်သွားပြီး ထိုအသံပိုင်ရှင်က ဘယ်လိုပြိုင်စံရှား အချောအလှတစ်ဦးဖြစ်မလဲ သိချင်မြင်ချင်လာကြလေသည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများပင်လျှင် မျက်မှောင်ကြုတ်လိုက်ကြ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများပင်လျှင် သက်ရောက်ခြင်းခံရလေသည်။

လူတိုင်းက အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

မလှမ်းမကမ်းလေထဲတွင် ပန်းရောင်ဝတ်မိန်းကလေးတစ်ယောက် မတ်တတ်ရပ်နေ၏။ သူမသည် ကြော့ရှင်းသော သွင်ပြင်နှင့် အပြစ်ကင်းစင်သော မျက်နှာတစ်ခုကို ပိုင်ဆိုင်ထား၏။ သူမထံမှ အပြုံးတစ်ချက်သည် တစ်လောကလုံးကို ညို့ငင်ဖမ်းစားနိုင်လေသည်။

သူမ၏ ရေလိုကြည်လင်နေသော မျက်လုံးများသည် တစ်ချက်ကြည့်လိုက်ရုံနှင့် လူတစ်ယောက်၏ ဝိညာဥ်ကို ခိုးယူနိုင်သည်ဟု ထင်ရ၏။

ဂလု... ဂလု...

ပဟေဠိနန်းတော်ဘက်မှ တံတွေးမျိုချသံများ ထွက်ပေါ်လာ၏။

ပဟေဠိနန်းတော်၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ထက်ဝက်ကျော်သည် ယစ်မူးနေသည့်အမူအရာများကို ပြသလာပြီး သူတို့၏ အကြည့်များက ပန်းရောင်ဝတ်မိန်းကလေးပေါ်မှာ မမှိတ်မသုန် ရောက်ရှိနေကြ၏။ သူတို့သည် သူမထံမှ သူတို့၏အကြည့်ကို လုံဝမခွာနိုင်ကြပေ။

ကျန်ရှိနေသော ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များသည် တစ်ခုခု လွဲမှားနေသည်ကို နားလည်သွားကြသော်လည်း သူတို့က ခုခံဖို့အတွက် ကြိုးစားရုန်းကန်နေရ၏။

စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် တုန်လှုပ်ချောက်ချားသွားပြီး မျက်လွှာချကာ ပန်းရောင်ဝတ်မိန်းကလေးကို မကြည့်ရဲကြတော့ပေ။

ပန်းရောင်ဝတ်မိန်းကလေးက ဒီဘက်မျိုးဆက်၏ စင်ကြယ်အပျိုစင် နတ်ဆိုးမကျိဖြစ်၏။

နတ်ဆိုးမကျိသည် ပြီးပြည့်စုံသော စင်ကြယ်အပျိုစင်သုတ္တန်ကိ ရရှိ၍ ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းလာပြီးနောက် သူမ၏ ညို့ငင်ဖမ်းစားခြင်း နည်းစနစ်များသည် သူမ၏ အသွေး၊ အသား၊ အရိုးများနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားခဲ့လေပြီ။

သူမသည် အဲ့ဒါကို တမင်သက်သက် အသက်သွင်းနေဖို့ မလိုအပ်တော့ပေ။

သူမ၏ မျက်စမျက်န ၊ အပြုံးနှင့် ပြုမူလှုပ်ရှားမှုတစ်ခုချင်းစီတိုင်းသည် တစ်ဘက်လူကို သူမထံမှာ ဦးညွှတ်သွားစေနိုင်၏။

ထိုအခိုက်အတန့်တွင် ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် စိတ်လွတ်လက်လွတ်ဖြစ်သွားပြီး ငေးငိုင်နေသော အကြည့်များနှင့်အတူ နတ်ဆိုးမကျိထံသို့ လျှောက်လှမ်းလာကြ၏။

“ဟမ့်...”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က အေးစက်စွာနှာတစ်ချက်မှုတ်၍ သူ၏ပါးစပ်ကိုဖွင့်ကာ စကားကိုတစ်လုံးချင်းပြောလိုက်၏။

“စင်ကြယ်အပျိုစင်... မင်းက တော်တော်အစွမ်းထက်လာတာပဲ”

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာကြားမှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကသာလျှင် သူ၏ဣန္ဒြေကို ဆက်လက်ထိန်းသိမ်းထားနိုင်၏။

သူပြောလိုက်သော စကားတစ်လုံးချင်းစီသည် အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုထားပြီး ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ စိတ်ထဲမှာ ခေါင်းလောင်းထိုသံကဲ့သို့ မြည်ဟည်းလာ၏။

ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာက ပျက်ယွင်းနေသော အမူအရာမျာနှင့်အတူ နိုးထလာကြ၏။

သူတို့သည် အဲ့ဒါကို ပြန်တွေးကြည့်လေလေ ပို၍ပင် ကြောက်စရာကောင်းလေလေ ဖြစ်၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ သတိပေးမှုကြောင့်သာမဟုတ်လျှင် သူတို့သည် ယခုအချိန်မှာ နတ်ဆိုးမကျိ၏ ညို့ငင်ဖမ်းစား၍ ထိန်းချုပ်ခြင်းကို ခံနေရလောက်လေပြီ။

သူမက သူတို့ကို သူတို့ကိုယ်သူတို့ သတ်သေခိုင်းမည်ဆိုလျှင်တောင် သူတို့က တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ပေ။

“ဒီဘက်မျိုးဆက်ရဲ့ စင်ကြယ်အပျိုစင်က ပဟေဠိနန်းတော်ကို ဘာလာလုပ်တာလဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က အပြုံးတစ်ခုနှင့်အတူ အလေးအနက်မထားဟန်ဖြင့် ပြောလိုက်၏။

“ဟီးဟီး....ကျွန်မက လူတစ်ယောက်ကို ခေါ်ထုတ်သွားချင်လို့”

နတ်ဆိုးမကျိက ရိုးသားအပြစ်ကင်းစင်သော ပုံစံဖြင့် တောက်ပစွာပြုံးပြလိုက်၏။

သူမသည် ကျင့်ကြံရေးလောက၏ အကောက်ကြံမှုများနှင့် မရိုးဖြောင့်မှုများကို နဲနဲလေးမှ ပိုင်ဆိုင်မထားသည့်ပုံပင်။

ဤမိန်းမပျိုလေး၏ အပြုံးသည် တစ်စုံတစ်ယောက်၏ နှလုံးသားထဲမှာ ဖော်မပြတတ်သာ ပီတိလှိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။ သူတို့က သူမကို ကာကွယ်ပေးချင်စိတ်ပေါက်လာကြလေသည်။

All Chapters