ကတိပျက်ခြင်း
Vol. 97 Ch. 1445
“အို”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏မျက်ခုံးကို အနည်းငယ်ပင့်ပြီး မေးလိုက်၏။
“မင်းက ဘယ်သူ့ကို ခေါ်သွားချင်တာလဲ”
“အဆူရာ”
နတ်ဆိုးမကျိက လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် အဆူရာကို လက်ညိုးထိုးပြလိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးထဲရှိ အပြုံးက ပို၍သိပ်သည်းကျစ်လျစ်လာပြီး သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“အဆူရာက... ဘယ်ပတ်သက်ဆက်နွယ်မှုကိုမှ ဂရုစိုက်တာမဟုတ်ဘူး... သူ့ကို မိစ္ဆာဂိုဏ်းတွေရဲ့ တစ်စုံတစ်ယောက်လို့တောင် မသတ်မှတ်နိုင်တော့ဘူး... မင်းကလည်း သူနဲ့ ပတ်သက်ဆက်နွယ်မှုရှိပုံ မရပါဘူး... မင်းက ဘာလို့ ဒီကိစ္စမှာ ဝင်ပါချင်လာရတာလဲ”
“ကျွန်မမှာလည်း ကျွန်မအစီအစဥ်နဲ့ ကျွန်မရှိနေလို့ပါ”
နတ်ဆိုးမကျိက ခပ်လှမ်းလှမ်းကနေ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဦးညွှတ်ပြီးပြောလိုက်၏။
“တာအိုရောင်းရင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်... ကျေးဇူးပြုပြီး မျက်နှာသာတချို့ပေးပါဦး.. ကျွန်မက ဒီအခွင့်အရေးကို သေချာပေါက်မှတ်ထားပါ့မယ်”
“အခုကစပြီး... ရှင့်မှာတောင်းဆိုစရာ တစ်စုံတစ်ရာရှိမယ်ဆိုရင် အဲ့ဒါက မလွန်ကျူးသရွေ့ ကျွန်မက သေချာပေါက် သဘောတူပေးပါ့မယ်”
သူမ၏စကားများက ကလက်တက်တက်နိုင်ပြီး ဟိုလိုလို ဒီလိုလို အဓိပ္ပါယ်ရလေသည်။
ပဟေဠိနန်းတော်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကိုယ်စား အဲ့ဒါကို သဘောတူပေးချင်နေကြ၏။
“ဟီးဟီး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာပေါ်ရှိအပြုံးက လျော့ကျမသွားပဲ သူ၏မျက်လုံးများက ကြည်လင်နေဆဲ ဖြစ်၏။
“ကောင်းပြီလေ... မင်းက အဆူရာကို ခေါ်ထုတ်သွားနိုင်မယ်ဆိုရင် ငါက မင်းကိုတားမှမဟုတ်ဘူး”
“ရှင်တကယ်ပြောနေတာလား”
နတ်ဆိုးမကျိက အပြုံးနှင့်အတူ မေးလိုက်၏။
“ဒါပေါ့”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပြုံး၍ပြန်ပြောလိုက်၏။
“မင်းက အဆူရာကို လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲကနေ ခေါ်ထုတ်သွားနိုင်မယ်ဆိုရင် ငါကမင်းကို တားဆီးမှာမဟုတ်ဘူး... ဒါပေမဲ့ စေတနာနဲ့ ပြောလိုက်မယ်”
“လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲကို ဝင်ဖို့ကလွယ်တယ်... ဒါပေမဲ့ ပြန်ထွက်ဖို့က မလွယ်ဘူး”
“အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်”
နတ်ဆိုးမကျိ၏ပုံရိပ်က လှစ်ခနဲလှုပ်ရှားသွားပြီး လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲသို့ တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ဝင်ရောင်သွား၏။
“ဒီဘက်မျိုးဆက်ရဲ့ ပြိုင်စံရှားတွေအကုန်လုံးက တော်တော်မိုက်မဲကြတာပဲ”
တစ်ပိုင်းမျိုးနွယ်စု ဂမ္ဘီရလိပ်ချိုးက လှောင်ရယ်လိုက်၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က မျက်မှောင်ကြုတ်လိုက်၏။
“စင်ကြယ်အပျိုစင်က လူသားဧကရာဇ်နန်းတော်ထဲမှာ နတ်မိမယ်လင်းလုံရဲ့ အမွေအနှစ်ကိုဆက်ခံရရှိထားတယ်လို့ ငါကြားမိတယ်... သူမသေသွားလို့ မဖြစ်ဘူး”
“သူမကိုယ်တိုင်က သေချင်နေတာပဲလေ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းက နှုတ်ခမ်းစူလိုက်၏။
“လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါက ဒီရှေ့မှာရှိနေတယ်... ငါတို့က သူ့ကိုဝင်ဖို့မပြောခဲ့ဘူး... သူမကိုယ်တိုင် အထဲကိုအတင်းဝင်သွားတာပဲ... အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
လူတိုင်းဆွေးနွေးနေစဥ်မှာပင် နတ်ဆိုးမကျိသည် လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၏။
“အဆူရာက ခြေလှမ်းနှစ်ရာ့ကိုးလှမ်း လှမ်းပြီးသွားပြီ... ဒီနတ်ဆိုးမက ခြေလှမ်းဘယ်နှစ်လှမ်း လှမ်းနိုင်မလဲ ကြည့်ရတသေးတာပေါ့”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက လှောင်ရယ်လိုက်၏။
ထိုသို့သူပြောလိုက်သည့်အချိန်မှာပင် နတ်ဆိုးမကျိသည် လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်ပြီဖြစ်၏။
အဲ့ဒါသည် ပြောမပြတတ်သော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကို ထုတ်ဖော်ပေးနေသည်ဟု ထင်ရသော အလွန်တရာလှပညက်ညောသည့် ခြေလှမ်းတစ်လှမ်းဖြစ်၏။
လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါ၏ တိုက်ခိုက်မှုများက ဆင်းသက်မလာခဲ့ပေ။
ပဟေဠိနန်းတော်မှ လူတိုင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။
သို့သော်လည်း အဲ့ဒါက ခြေလှမ်းတစ်လှမ်းမျှသာရှိသေးသည့်အတွက် မည်သူကမှ စိတ်ထဲမှာ သိပ်ထည့်မထားကြပေ။
အဲ့ဒီနောက် နတ်ဆိုးမကျိသည် လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းများနှင့်အတူ ယန်ပေးချန်ရှိရာသို့ လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ဖြတ်လျှောက်လာခဲ့၏။
သူတို့နှစ်ယောက်ကြား အကွာအဝေးက လျင်မြန်စွာ တိုတောင်းလာခဲ့၏။
အစကနေ ယခုအချိန်ထိ လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါသည် နတ်ဆိုးမကျိကို လုံးဝတိုက်ခိုက်မလာခဲ့ပေ။
“ဟမ်..အဲ့ဒါက ဘယ်လိုဖြစ်နိုင်မလဲ”
“သူ့ရဲ့ခြေနင်းကွက်က လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါကို ချေဖျက်ဖို့အတွက် လိုအပ်တဲ့ ခြေလှမ်းတွေနဲ့ လုံးဝမတူဘူး... သူတို့က လုံးဝအမှားအယွင်းပဲ... ဒါပေမဲ့ လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါက ဘာလို့လုံးဝ တုံ့ပြန်မှုရှိမလာတာလဲ”
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်များက တူန်လှုပ်၍ တွေဝေရှုပ်ထွေးသွားကြ၏။
“ဒီ ခြေနင်းကွက်က...”
ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား အိုးတိုးအမ်းတမ်းအမူအရာများ ဖြစ်လာကြ၏။ သို့သော်လည်း သူတို့က မသေချာပေ။
“အဲ့ဒါက လှပသိမ်မွေ့ခြေလှမ်းတွေပဲ”
ထိုစဥ်မှာပင် ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဘယ်လို”
ပဟေဠိနန်းတော်မှ လူတိုင်းက တူန်လှုပ်သွားကြ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် လေးနက်သောအသံဖြင့် ပြောလိုက်၏။
“နတ်ဆိုးမကျိက အတိတ်ကာလတုန်းက မူလတည်ထောင်သူ သခင်မလင်းလုံလိုပဲ လှပသိမ်မွေ့ခြေလှမ်းတွေကို အသုံးပြုနေတာ... အဲ့ဒါကြောင့် ဒီသတ်ဖြတ်ခြင်းဝင်္ကပါက သူမကိုတိုက်ခိုက်မှာ မဟုတ်ဘူး”
“လူသားဧကရာဇ်နန်းတော်မှာ နတ်ဆိုးမကျိ ဆက်ခံရရှိထားတဲ့ အမွေအနှစ်က ကောင်းကင်ဘုံမိစ္ဆာကကြိုးဆိုတာ အားလုံးသိထားကြတာပဲ... အဲ့ဒါက ဘယ်လိုဖြစ်ပြီး လှပသိမ်မွေ့ခြေလှမ်းတွေ ဖြစ်နိင်မှာလဲ”
တစ်ယောက်က မယုံကြည်နိုင်စွာဖြင့်မေးလိုက်၏။
“ကျုပ်လည်းသေချာမပြောတတ်ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ခေါင်းခါပြလိုက်၏။
ဤလှပသိမ်မွေ့ခြေလှမ်းများသည် နတ်မိမယ်လင်းလုံကို နာမည်ဂုဏ်သတင်ကြီးစေခဲ့သည့် အန္တိမနည်းစနစ်တစ်ခုဖြစ်ခဲ့၏။
ထိုစဥ်တုန်းက ထိုခြေနင်းကွက်နှင့်အတူ သူမ၏ အထွတ်အထိပ်အချိန်မှာ နတ်မိမယ်လင်းလုံသည် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကိုပင် ယှဥ်နိုင်ခဲ့လေသည်။
သို့သော် နတ်မိမယ်လင်းလုံသည် ပဟေဠိနန်းတော်ကို တည်ထောင်ခဲ့သော်လည်း သူမသည် လှပသိမ်မွေ့ခြေလှမ်းများ၏ အမွေအနှစ်ကို ပဟေဠိနန်းတော်မှာ ချန်ထားရစ်ခဲ့ခြင်း မရှိပေ။
ယခု... လှပသိမ်မွေ့ခြေလှမ်းများကို မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်ထံမှာ တွေ့မြင်လာရလေသည်။
“သူမကို တားကြ”
ကောင်းကင်ဘုံလျှို့ဝှက်က ရုတ်တရက်ပြောလိုက်၏။
“ကျုပ်တို့က အဆူရာကို သူခေါ်ထုတ်သွားမှာ ခွင့်ပြုပေးလို့မရဘူး... မဟုတ်ရင် ပဟေဠိနန်းတော်က တည်ငြိမ်အေးချမ်းမှုရှိမှာ မဟုတ်တော့ဘူး”
ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမိန့်ကိုလက်ခံရရှိသောအခါ တွေဝေတုံ့ဆိုင်းခြင်း မရှိကြပေ။ လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာရှိသော နတ်ဆိုးမကျိထံသို့ ဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်ကြ၏။
“ဟင်း.. ဟင်း... ဟင်း”
နတ်ဆိုးမကျိသည် အန္တရာယ်ကိုအာရုံခံမိသွားရင်း လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခုနှင့်အတူ ရယ်မောလိုက်၏။
“ပဟေဠိနန်းတော်ရဲ့ သခင်လေးက သူ့စကားသူ မတည်နိုင်တဲ့လူဖြစ်နေတာပဲ... တကယ့်ဟာသပဲ”
“မင်းပြောတာမှားတယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က အလေးအနက်မထားဟန်ဖြင့် ပြုံးလိုက်၏။
“ငါက မင်းကိုတာဆီးမှာ မဟုတ်ဘူးလို့ပဲ ကတိပေးခဲ့တာ... ဒါပေမဲ့ ပဟေဠိနန်းတော်ရဲ့ အခြားသူတွေကတော့ မင်းကိုတားဆီးမှာ မဟုတ်ဘူးလို့ ငါမပြောခဲ့ဘူး”
“ဟင်းဟင်း”
နတ်ဆိုးမကျိက ရယ်မောလိုက်၏။
“ပဟေဠိနန်းတော်ရဲ့ သခင်လေးက ဒီလိုကလေးကလားစကားတွေလည်း ပြောတတ်တာပဲလား... ရွံစရာကောင်းလိုက်တာရှင်”
“ပြောကြတာတော့... ပဟေဠိနန်းတော်က လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်နေရာတစ်ခုတဲ့... ကျွန်မတို့က ဘယ်အချိန်ကတည်းက ဒီအခြေအနေထိကျဆင်းသွားရတာလဲ... ရှင်တို့ကိုယ်စား ကျွန်မတောင်မှ ရှက်မိတယ်”
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ တိုက်ခိုက်မှုများသည် ကြမ်းကြုတ်ခက်ထန်သော်လည်း နတ်ဆိုးမကျိသည် သူမ၏ လှပသိမ်မွေ့ခြေလှမ်းများနှင့်အတူ အန္တရာယ်ကို ရှောင်တိမ်းနိုင်နေဆဲ ဖြစ်၏။
သူသည် နတ်ဆိုးမကျိ၏ စကားကိုကြားသောအခါ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားပြီး ဘေးသို့တစ်ချက်ကြညိ့လိုက်၏။
“အကြီးအကဲတို့... ကျေးဇူးပြုပြီး သူမကို သတ်ပေးပါ”
“ဟင့်အင်း... အဲ့လိုလုပ်လို့ မရဘူး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်၏ အမူအရာက ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“သူမက မူလတည်ထောင်သူ သခင်မလင်းလုံရဲ့ အမွေအနှစ်ကို ဆက်ခံရရှိထားတယ်... မူလတည်ထောင်သူ သခင်မကို ထောက်ထားပြီး ကျုပ်တို့က သူမကို မသတ်နိုင်ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဘေးသို့တစ်ချက်ကြည့်ပြီး အေးစက်စွာဖြင့် မေးလိုက်၏။
“သူမက အဆူရာကို ခေါ်ထုတ်သွားမယ်ဆိုရင် အဆူရာပြန်လာတဲ့အချိန်မှာ သူက မဟာယာနအဆင့်ကို ရောက်နေတာဖြစ်သွားနိုင်တယ်... အဲ့ဒီအချိန်ကျရင် ပဟေဠိနန်းတော်မှာ သွေးမြစ်စီးလာလိမ့်မယ်... အဲ့ဒါအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲ”
“ဒါပေမဲ့... “
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က ဆက်လက်၍ငြင်းဆန်ချင်သေး၏။ သို့သော်လည်း ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် လက်ကာပြလိုက်၏။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှငြင်းခုန်နေစရာမလိုဘူး... ပဟေဠိနန်းတော်ရဲ့ သခင်လေးအနေနဲ့ ကျုပ်က ဒီအမိန့်ကိုပေးခွင့်ရှိတယ်... တိုက်ခိုက်ကြ”
အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကလည်း မျက်မှောင်အနည်းငယ်ကြုတ်ပြီး တွေဝေတုံ့ဆိုင်းနေကြ၏။
နတ်ဆိုးမကျိသည် မူလတည်ထောင်သူ သခင်မလင်းလုံ၏ အမွေအနှစ်ကိုဆက်ခံရရှိထားပြီး အဲ့ဒါက အရေးအကြီးဆုံး အမွေအနှစ်လည်းဖြစ်နေ၏။
သူတို့က သူမကို တိုက်ခိုက်ကြမည်ဆိုလျှင် အဲ့ဒါသည် မူလတည်ထောင်သူ သခင်မလင်းလုံကို မလေးမစားပြုမူခြင်းနှင့် တူလေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် ထူးဆန်းသော သွေးရောင်အလင်းတစ်ခုကို လျှပ်တပြက်မြင်လိုက်ကြရ၏။
ဘန်း... ဘန်း..
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် မည်သည့်ငဲ့ကွက်ထိန်ချန်မှုမှမရှိပဲ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ စွမ်းပကားက ဆင်းသက်လာခဲ့၏။
နတ်ဆိုးမကျိသည် လှပသိမ်မွေ့ခြေလှမ်းများကို ပိုင်ဆိုင်ထားသော်လည်း သူမ၏လှုပ်ရှားမှုအမြန်နှုန်းသည် သိသိသာသာသက်ရောက်ခြင်းခံလာရ၏။
“ရှင်တို့ဘယ်လိုတောင်လုပ်ရဲတာလဲ”
နတ်ဆိုးမကျိက အော်ငေါက်လိုက်၏။
“ကျွန်မက နတ်မိမယ်လင်းလုံရဲ့အမွေအနှစ်ကို ဆက်ခံရရှိထားတယ်... ဒါတောင် ရှင်တို့က ကျွန်မကို သတ်ဖို့ ဘယ်လိုတောင် ကြိုးစားရဲတာလဲ”
“ဟမ့်... လောကတစ်ခုလုံးကို ညို့ငင်ဖမ်းစားနေတဲ့ နတ်ဆိုးမတစ်ယောက်က သေသင့်သေထိုက်တယ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းက ဟိန်းဟောက်ပြောဆိုလိုက်ပြီး ယိမ်းယိုင်သွားခြင်းမရှိပေ။
“မိစ္ဆာတစ်ကောင်နဲ့ နတ်ဆိုးမတစ်ကောင်က ပဟေဠိနန်းတော်ထဲကို အတင်းဝင်ရောက်လာတယ်ဆိုတာ သေဒဏ်ပေးထိုက်တဲ့ပြစ်မှုပဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးကလည်း အေးစက်စွာပြောလိုက်၏။
ရွှစ်... ရွှစ်...
ဓားပျံနှစ်လက်က ခုတ်ပိုင်းကျဆင်းလာ၏။
သူတို့သည် နတ်ဆိုးမကျိ၏ ဦးခေါင်းကို ခုတ်ပိုင်းလုနီးပါးဖြစ်သွား၏။
အနက်ရောင်ဆံစတစ်စုက လွင့်ကျလာခဲ့၏။
သူမက ခုတ်ပိုင်းခံရလုနီးပါးဖြစ်ခဲ့၏။
နတ်ဆိုးမကျိသည် ချွေးအေးများ ထွက်လာခဲ့၏။
ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် သူမသည် လှပသိမ်မွေ့ခြေလှမ်းများကို အမွေဆက်ခံထားသည့် အချက်အရ သူမက အမှားတစ်ခုကို ကျူးလွန်ခဲ့မည်ဆိုလျှင်တောင် နတ်မိမယ်လင်းလုံ၏ မျက်နှာကိုထောက်ထားပြီး ပဟေဠိနန်းတော်က သူမကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ပဟေဠိနန်းတော်သည် ဤမျှအထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူမက ထင်မှတ်မထားပေ။
ရွှစ်... ရွှစ်...
သူမ စိတ်အာရုံပျက်ယွင်းသွားသည့်ခဏမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာနှစ်ခုက ပေါ်ထွက်လာ၏။
လှပသိမ်မွေ့ခြေလှမ်းများနှင့်ပင် သူမသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ လိုက်လံတိုက်ခိုက်မှုမှာ ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
“ငါက ဒီနေ့ လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ မြှုပ်နှံခံရတော့မှာပါလား”
နတ်ဆိုးမကျိက ခါးသီးစွာဖြင့် ရယ်မောလိုက်၏။
ရုတ်တရက်ဆိုသလို...
သံရှည်ဟိန်းဟောက်သံတစ်သံက အဝေးကနေ ထွက်ပေါ်လာပြီး ထိုအသံသည် မိုးကြိုးတစ်စင်းကဲ့သို့ လျင်မြန်စွာချဉ်းကပ်လာနေ၏။
နတ်ဆိုးမကျိသည် ထိုဟိန်းဟောက်သံကို ကြားရသောအခါ သူမ၏မျက်လုံးက ဝင်းလက်သွားလေသည်။