ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်း
Vol. 97 Ch. 1447
ဝှစ်… ဝှစ်… ဝှစ်…
ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၁၀ ယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး ဓမ္မလက်နက် ၁၀ခုကျော်က လေထုကို ဆုတ်ဖြဲကာ ဖြတ်သန်းလာပြီး အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားများကို ထုတ်ဖော်လာခဲ့၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ ဓမ္မလက်နက်များသည် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဓမ္မလက်နက်များထက် ပိုမိုသန်မာလေသည်။
ထိုဓမ္မလက်နက်များမှာ နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စ ပါဝင်နေ၏။
နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စသည် ဓမ္မလက်နက်များကို ဓမ္မရတနာများအဖြစ် ပြောင်းလဲမပေးနိုင်သော်လည်း ၎င်းသည် စွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်များကို အသွင်ပြောင်းလဲစေပြီး သူတို့၏ ခွန်အားကို သိသိသာသာ တိုးမြင့်လာစေ၏။
အဲဒါက စွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်တစ်ခု ဖြစ်သည်ဆိုလျှင် ဆူဇီမိုသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်၏။
သို့သော်လည်း ဤမျှ များပြားသည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက်များနှင့် ရင်ဆိုင်ရချိန်မှာ သူက နမော်နမဲ့ မပြုမူရဲပေ။
ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး မီးခိုးရောင် တောင်တစ်လုံးကို ထုတ်ယူကာ လေနှင့်အတူ ပြန့်ကားသွားစေ၏။
၎င်းသည် ရှေးဟောင်း အတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင် ဖြစ်၏။
တစ်ခဏအတွင်းမှာပင် ဂမ္ဘီရသံလိုက်တောင်သည် ပေတစ်ထောင်အမြင့်ထိ ကြီးထွားလာခဲ့ပြီဖြစ်၏။
ပေါင်းစည်းခန္ဓာအဆင့်၌ ဆူဇီမို၏ ဓမ္မစွမ်းအားများသည် ပိုမိုသန့်စင်၍ စွမ်းအားကြီးမားလာ၏။ ဂမ္ဘီရသံလိုက်တောင်၏ အရွယ်အစားကလည်း တိုးမြင့်လာပြီး ၎င်းကနေ ဖြာထုတ်ပေးသည့် သံလိုက်ဓာတ် စွမ်းအားကလည်း အကန့်အသတ်ထိ ရောက်ရှိလာခဲ့၏။
ပေတစ်ထောင်မြင့်သော တောင်ထွတ်သည် ဆင်းသက်လာခဲ့ပြီး လူတိုင်း၏ ခေါင်းပေါ်ကနေ အုပ်မိုးလာခဲ့၏။ ၎င်းသည် ကောင်းကင်တစ်ခွင် အုပ်မိုးထားပြီး မွန်းကျပ်ဖွယ်ရာ စွမ်းပကားတစ်ခုနှင့်အတူ တရုန်းရုန်း ထကြွနေ၏။
သံလိုက်ဓာတ်စွမ်းအားသည် များစွာသော ဓမ္မလက်နက်များအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလေသည်။
ဓမ္မလက်နက်များမှာ ပါဝင်သော သတ္တုဓာတ် ပိုမိုများပြားလေလေ.. စုပ်ယူအားကလည်း ပိုမိုသန်မာလေလေ ဖြစ်၏။
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် စိတ်အာရုံပျက်ယွင်းသွားပြီး သူတို့၏ မူပိုင်ဓမ္မလက်နက်များက သူတို့၏ ထိန်းချုပ်မှုကနေ လွတ်ထွက်ကာ ဂမ္ဘီရသံလိုက်တောင်ဆီသို့ ပျံသန်းသွား၏။
ချွင်း… ချွမ်…
တစ်ခဏအတွင်းမှာပင်… ဓမ္မလက်နက်များစွာသည် ပျံသန်းလာခဲ့ပြီး ဂမ္ဘီရသံလိုက်တောင်အပေါ်မှာ မလှုပ်မယှက် ငြိတွယ်သွားကြ၏။
ထိုသို့ဖြင့် မင်းကျန်အပေါ် ဖိအားကလည်း သိသိသာသာ လျော့ကျသွား၏။
သို့သော်လည်း ဂမ္ဘီရသံလိုက်တောင်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက်တစ်ခုအပေါ်မှာ အကျိူးသက်ရောက်မှု မရှိသလောက်နီးပါးပင်။
“ဟမ့်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းက လှောင်ရယ်လိုက်၏။
“ငါတို့ရဲ့ ဓမ္မလက်နက်တွေက နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စနဲ့ ပေါင်းစည်းထားခဲ့ပြီ.. ဂမ္ဘီရသံလိုက်တောင်က သုံးစားမရတော့ဘူး”
“လက်စသတ်တော့ ဒီရှေးဟောင်း အတုမရှိရတနာက မင်းရဲ့လက်ထဲ ရောက်နေတာကိုး… အဲဒါလည်း ကောင်းတာပဲ… မင်းက မင်းကိုယ်တိုင်လာပြီး ကမ်းလှမ်းနေမှတော့ ပဟေဠိနန်းတော်က ဒီရှေးဟောင်း အတုမရှိရတနာကို လက်ခံပေးရမှာပေါ့”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက ရတနာအတွက် သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားပေ။
“မင်းက ငါ့ရဲ့ ရတနာကို လိုချင်သေးတယ်ပေါ့”
ဆူဇီမို၏ နှာရောင်ပေါ်တွင် အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူက ဖန်တီးခြင်းကြာခုံကို ဆွဲထုတ်ယူကာ အေးစက်စွာဖြင့် ပြောလိုက်၏။
“မင်းက အဲဒါကို ယူဖို့အတွက် အသက်မရှင်နိုင်တော့မှာပဲ ငါစိုးရိမ်မိတယ်”
ရွှစ်…
ဆူဇီမိုသည် သူ၏ သွေးချီကို လှည့်ပတ်ပြီး ကြောက်စရာကောင်းသော ပုံသဏ္ဌာန်ဖြင့် သူ၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီအသံတစ်သံက တလိပ်လိပ်ထွက်ပေါ်လာ၏။
ဘန်း.. ဘန်း.. ဘန်း..
သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာပြီး အရောင်အဝါတစ်ခု ဖြန့်ကြက်လာခဲ့၏။ သူသည် ဖန်တီးခြင်းကြာခုံကို ကိုင်မြှောက်ပြီး ဝင်ရောက်လာသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက်များ အားလုံးကို တွန်းကန်ထုတ်လိုက်၏။
ဖန်တီးခြင်းကြာခုံက ဖျက်ဆီး၍ မရနိုင်ပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက်တစ်ခုပင်လျှင် အဲဒါကို မဖျက်ဆီးနိုင်ပေ။
“ဂမ္ဘီရမိုးကောင်းကင်ဓားချီ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းသည် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သူ့လက်နှစ်ဖက်ကြားကနေ ဓမ္မစွမ်းအားများကို တလိပ်လိပ်ထိုးတက်လာစေ၏။ တစ်ခဏအတွင်းမှာပင်… ထက်ရှသော အနားစောင်းနှင့် သိပ်သည်းပြင်းထန်သော ဓားချီနှင့်အတူ ဧရာမ ဓားတစ်လက် ဖြစ်ပေါ်လာ၏။
“သတ်ဖြတ်စမ်း”
သူက ရှေ့သို့ စေညွှန်ပြီး အော်ငေါက်လိုက်၏။
ဧရာမ ဓားသည် လောကကို နှစ်ပိုင်းလှီးဖြတ်ချင်သည့်အလား လေထုကို ဆုတ်ဖြဲလာခဲ့၏။
“ဂမ္ဘီရမိုးကောင်းကင် ဓမ္မချိပ်စည်း”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်သည် ဓမ္မချိပ်စည်းတစ်ခုကို ဆင့်ခေါ်ပြီး သူ၏ ဓမ္မစွမ်းအားများက မနှိုင်းယှဉ်သာအောင် သန့်စင်နေ၏။ ထိုဓမ္မချိပ်စည်းတွင် မိုးကြိုးစွမ်းပကားတစ်ခု ပါဝင်နေပြီး ဆူဇီမို ရှိရာသို့ ပစ်ဝင်လာခဲ့၏။
“ဂမ္ဘီရမိုးကောင်းကင် ဆိုင်ကလုန်း”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် သူ၏ လက်ဝါးနှစ်ဖက်ကို အတူတကွ ပွတ်ချေပြီး ဓမ္မစွမ်းအား မုန်တိုင်းတစ်ခုကို ထွက်ပေါ်လာစေ၏။ ချာလပတ်လည်နေသော ပုံစံဖြင့် သဲများနှင့် ကျောက်ခဲများက အဘက်ဘက်သို့ လွင့်ပျံထွက်သွား၏။
ပဟေဠိနန်းတော်၏ အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည်လည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြပြီး ကြောက်စရာကောင်းသော ဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်ကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ ကျင့်ကြံထားသည့် ကျင့်ကြံရေး နည်းစနစ်များသည် ပဟေဠိနန်းတော်ကို ထောက်ပံ့ပေးထားသည့် လျှို့ဝှက်အတတ် ဂမ္ဘီရမိုးကောင်းကင် မှတ်တမ်းဖြစ်၏။ ဂမ္ဘီရမိုးကောင်းကင် မှတ်တမ်းကို နတ်မိမယ် လင်းလုံက ဖန်တီးခဲ့ပြီး အဲဒီမှာ ပညာရပ်ပေါင်းစုံ ခြုံငုံပါဝင်လေသည်။ ဓမ္မပညာရပ်များ ဖြစ်စေ… လျှို့ဝှက်အတတ်များနှင့် ဓားပညာရပ်များ ဖြစ်စေ… ဝင်္ကပါ၊ ဆေးလုံးနှင့် လက်နက်သွန်းလုပ်သန့်စင်ခြင်း နည်းစနစ်များ ဖြစ်စေ… သူတို့အားလုံးကို ထိုမှတ်တမ်းထဲမှာ အသေးစိတ် ဖော်ပြထား၏။
ပို၍ အရေးကြီးသည်မှာ လူသားဧကရာဇ်သည် ထိုမှတ်တမ်းကို ပြီးပြည့်စုံစေရန် ထပ်မံဖြည့်စွက်ပေးခဲ့သည်ဟု ဆိုလေသည်။ ထိုသို့ဖြင့် ဤကျင့်ကြံရေး နည်းစနစ်၏ စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းလာခဲ့၏။
တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ ဓမ္မပညာရပ်များကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရနိုင်ပေ။ ဒါ့အပြင် ထိုဓမ္မပညာရပ်များမှာ နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စကလည်း ပါဝင်နေ၏။
ပေါင်းစည်းခန္ဓာတစ်ယောက်၏ ဓမ္မစွမ်းအားများက ဘယ်လောက်ပင် သန်မာသည်ဖြစ်ပါစေ… သူတို့သည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ ဓမ္မပညာရပ်များကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
အခြားတစ်ဖက်မှာတော့… ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဆူဇီမိုကို တိုက်ခိုက်ခြင်း မရှိချေ။
သူသည် အခြေအနေတစ်ရပ်လုံးအပေါ် ပိုမိုနားလည်သဘောပေါက်နိုင်စွမ်း ရှိလေသည်။
အပေါ်ယံမှာ ကြည့်လျှင်တော့ ဆူဇီမိုသည် ယခုအချိန်မှာ အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်၏။
သို့သော်လည်း တကယ်တမ်းမှာတော့ ဆူဇီမို တစ်ယောက်တည်းသည် ပဟေဠိနန်းတော်ကို ခြိမ်းခြောက်ဖို့အတွက် မလုံလောက်ပေ။
ဤတိုက်ပွဲ၏ အဓိက သော့ချက်မှာ အဆူရာကို တတ်နိုင်သမျှမြန်မြန် သတ်ဖြတ်ဖို့ ဖြစ်၏။ အဲဒါကြောင့် တိုက်ပွဲစတင်ချိန်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တိုက်ပွဲနယ်မြေကနေ ထွက်ခွာပြီး လှပသိမ်မွေ့ သတ်ဖြတ်ခြင်း ဝင်္ကပါအထက်သို့ ရောက်ရှိလာခဲ့၏။
သူ၏မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေသော်လည်း သူသည် သူ၏ လက်နှစ်ဖက်နှင့်အတူ သတ်ဖြတ်ကွက်တစ်ခုကို ထုတ်ဖော်ပြီး ဝင်္ကပါအတွင်းမှာ ရှိသည့် နတ်ဆိုးမ ကျိနှင့် အဆူရာကို သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်၏။
ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်း မရှိပေ။ သူသည် သူ၏ ဓားလက်ချောင်းများကို ပူးကပ်ပြီး ဓားကွက်တစ်ခုကို ထုတ်ဖော်ကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
ဘန်း.. ဘုန်း.. ဘုန်း..
သတ်ဖြတ်လိုစိတ်က ကောင်းကင်ကို လှုပ်ခါသွားစေပြီး မရေမတွက်နိုင်သော ကြယ်များသည် ကသောင်းကနင်း လမ်းကြောင်းများနှင့်အတူ ကောင်းကင်ထက်မှာ ရွေ့လျားပေါ်ထွက်လာကြ၏။
ကောင်းကင်၏ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည့်အခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။
ဇီး.. ဇီး.. ဇီး…
ဓားချီတစ်သောင်းသည် ပြိုးပြိုးပြက်ပြက် ပုံစံဖြင့် ဆူဇီမို၏ ခန္ဓာကိုယ်ကနေ တစ်ခုပြီးတစ်ခု ရုန်းကန်ထွက်ပေါ်လာကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများက တုန်လှုပ်သွားကြ၏။
ပေမင်မြို့နှင့် ကြယ်ခြောက်စင်းတောင်မှ တိုက်ပွဲသည် မကြာသေးခင်ကမှ ဖြစ်ပွားခဲ့၏။
ဒါ့အပြင်.. ထိုတိုက်ပွဲများက သိုသိုသိပ်သိပ် ဖြစ်ပွားခဲ့ပြီး အဲဒါကို တွေ့မြင်ခဲ့သည့်သူ မရှိသလောက်နီးပါးပင်။
ဆူဇီမိုက ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ကို ကျင့်ကြံထားသည်ကို ပဟေဠိနန်းတော်မှ ပညာရှင်များစွာက သိရှိထားကြသော်လည်း သူသည် ထိုပညာရပ်ကို ဤအတိုင်းအတာထိ နားလည်ဆင်ခြင်နိုင်ခဲ့သည်ကို မည်သူကမှ သိရှိမထားကြပေ။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီက သူတို့၏ မြင်ကွင်းကို လွှမ်းခြုံသွား၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီသည် ဆူဇီမို၏ ကျင့်ကြံမှုအဆင့်အရ နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စနှင့် ပေါင်းစည်းထားသည့် ဓမ္မပညာရပ်များကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အဲဒီမှာ ထွက်ပေါ်လာသော ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီများက အရမ်းကို များပြားလွန်းလေသည်။
ဓားချီတစ်ခုက မလုံလောက်ဘူးဆိုလျှင် သူက ဓားချီ ၁၀ခုကို အသုံးပြုပေလိမ့်မည်။
၁၀ခုက မလုံလောက်ဘူးဆိုလျှင် သူက အခုတစ်ရာ သို့မဟုတ် အခုတစ်ထောင်ကို အသုံးပြုပေလိမ့်မည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်း ဆင့်ခေါ်ထားသည့် ဧရာမ ဓားသည် ထက်ရှ၍ သိပ်သည်းပြင်းထန်သော ဓားချီကို ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ထောင်နှင့် ထိခတ်ခြင်းခံရသောအခါ ဒဏ်ရာများဖြင့် ပြည့်နှက်ပြီး ချက်ချင်းပင် ပျက်ပြယ်သွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်၏ ဂမ္ဘီရမိုးကောင်းကင် ဓမ္မချိပ်စည်းသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကြောင့် ဇကာပေါက် ဖြစ်သွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုး၏ ဂမ္ဘီရမိုးကောင်းကင် ဆိုင်ကလုန်းသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီဖြင့် ထိုးဖောက်ခံလိုက်ရပြီး လေထဲမှာ ပျက်ပြယ်သွားလေသည်။
ဘန်း… ဘန်း… ဘန်း…
ဓားချီတစ်သောင်းက ရုန်းကန်ထွက်ပေါ်လာပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၁၀ယောက်၏ ဓမ္မပညာရပ်များနှင့် ထိတွေ့ရိုက်ခတ်ကာ ကျယ်လောင်သော အသံများကို ထွက်ပေါ်လာစေ၏။
ဓားချီများကြောင့် လေဟာနယ်တစ်ခုလုံးက ပြိုကျလုနီးပါး ဖြစ်သွား၏။
တိုက်ပွဲနယ်မြေရှိ ဓမ္မစွမ်းအားများက တလိပ်လိပ် ထိုးတက်လာ၏။
သာမန် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ဤကဲ့သို့သော ထိတွေ့ရိုက်ခတ်မှုတစ်ခုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဘဲ အမျိုးမျိုးသော စွမ်းအားများကြောင့် အပိုင်းပိုင်း ကြေမွပျက်စီးသွားပေလိမ့်မည်။
သတ်ဖြတ်လိုစိတ်နှင့် ထက်ရှမှုတို့က အရမ်းကို သိပ်သည်းပြင်းထန်နေ၏။
ပဟေဠိနန်းတော်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၁၀ယောက်၏ ဓမ္မပညာရပ်များသည် လုံးဝ ပိတ်ဆို့တားဆီးခြင်းခံလိုက်ရ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများသည် စိုးရိမ်ပူပန်သော အမူအရာများ ရှိလာပြီး ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ၏ ထက်ရှမှုကို ရှောင်တိမ်းဖို့အတွက် လောလောဆယ်မှာ နောက်သို့ ဆုတ်ပေးလိုက်ကြရ၏။
အစက မင်းကျန်နှင့် တိုက်ခိုက်ဖလှယ်နေသော ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည်လည်း ဝင်ရောက်လာသော ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီဖြင့် ခုတ်ပိုင်းခြင်းခံလိုက်ရ၏။
ဆူဇီမိုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၁၀ယောက်၏ ဖိနှိမ်ခြင်းခံနေရစဉ်မှာ ဤကဲ့သို့ ကြောက်စရာကောင်းသည့် တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်လာနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ဆူဇီမိုသည် ထိုအခွင့်အလမ်းကို ချိန်ဆပြီး လှစ်ခနဲ လှုပ်ရှားကာ ကန့်သတ်မဲ့ ရွှေအလင်းကို ထုတ်ဖော်လိုက်၏။ ချက်ချင်းပင် သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်ရှေ့သို့ ရောက်ရှိလာပြီး ဖန်တီးခြင်းကြာခုံကို ကိုင်မြှောက်ကာ ထိုသူ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က အဆူရာနှင့် နတ်ဆိုးမ ကျိကို သတ်ဖြတ်ချင်နေ၏။
ဆူဇီမိုက အဲဒါကို ခွင့်ပြုပေးလိုက်စရာ အကြောင်းမရှိပေ။