← Chapters

အာကာသ ယိုယွင်းပျက်စီးခြင်း ၅ မျိုး

Vol. 97 Ch. 1448

အာကာသ ယိုယွင်းပျက်စီးခြင်း ၅ မျိုး

Vol. 97 Ch. 1448

မသိလိုက်မသိဘာသာနှင့်ပင် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ လက်ထဲမှာ ခေါက်ယပ်တောင်တစ်ချောင်း ပေါ်ထွက်လာခဲ့ပြီဖြစ်၏။ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်မှာပေါ်ရှိအပြုံးက ဆူဇီမိုက တွေ့မြင်သောအခါ လျော့ကျသွားခြင်း မရှိပေ။ သူသည် သူ၏ခေါက်ယပ်တောင်ကိုပိတ်ပြီး ဆူဇီမို၏ ဖန်တီးခြင်းကြာပဒုမ္မာကို ပစ်ရိုက်လိုက်၏။

ခေါက်ယပ်တောင်က ဖန်တီးခြင်းကြာပဒုမ္မာနှင့် ထိတွေ့ရိုက်ခတ်တော့မည့်ဆဲဆဲပင်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားပြီး ထူးဆန်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ ရုတ်တရက် သူ့လက်ထဲရှိခေါက်ယပ်တောင်သည် လမ်းကြောင်းပြောင်းလဲသွားပြီး အရှေ့သို့ယိမ်းယိုင်လာ၏။

ခေါက်ယပ်သည် ဆူဇီမို၏ လက်ကောက်ဝတ်ကို ဖမ်းတောက်လိုက်ခြင်းဖြစ်၏။

ဤတစ်ကြိမ်မှာ အပြောင်းအလဲသည် အလွန်တရာ ညင်သာပြီး နောက်ဆုံးအခိုက်အတန့်မှာ ဖြစ်ပွားခဲ့ခြင်းပင်။ အဲ့ဒါသည် အတော်လေးကို လိမ္မာပါးနပ်မှုရှိပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ စွမ်းအားကြီးမားသော နှလုံးသားကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ပဟေဠိနန်းတော်၏ သခင်လေးဖြစ်လာသည့်အတွက် သေချာပေါက် အားနည်းလိမ့်မည်မဟုတ်ပေ။

သူသည် အကောက်ကြံခြင်းနှင့် အစီအစဥ်ချခြင်းမှာ ထူးချွန်ရုံသာမက သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း တကယ့်ကို ထူးခြားလေသည်။

ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲမှာတုန်းက သူသည် ယန်ပေးချန်နှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခဲ့၏။ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ဖျက်ဆီးဖို့ ကိုယ်တော်တာမင်း၏ တိတ်တဆိတ်တိုက်ခိုက်မှုကြောင့်သာ မဟုတ်ခဲ့လျှင် ယန်ပေးချန်သည် ထိုတိုက်ပွဲမှာ သေကြေပျက်စီးရပေလိမ့်မည်။

“ရတယ်လေ”

ဆူဇီမို၏ အာရုံခံသတိစိတ်က အလွန်သန်မာပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်က နည်းဗျူဟာမပြောင်းလဲခင်မှာပင် သူက အဲ့ဒါကို အာရုံခံမိခဲ့၏။ သူသည် အချိန်မီရပ်တန့်ပြီး သူ၏လက်ကောက်ဝတ်ကို အပေါ်သို့ မြှောက်တင်လိုက်၏။

သူ၏လက်ကောက်ဝတ်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ခေါက်ယပ်တောင်နှင့် ထိတွေ့ရိုက်ခတ်မိလျှင် အဲ့ဒါက ဒဏ်ရာအပြင်းအထန် ရရှိမသွားလျှင်တောင် ရလဒ်က ကောင်းလိမ့်မည် မဟုတ်ပေ။

ကောင်းကင်ဘုံလျှို့ဝှက်ချက်က အေးစက်စွာ လှောင်ရယ်လိုက်၏။ သူသည် ထိုအခွင့်အလမ်းကို ချိန်ဆပြီး နောက်သို့ခုန်ဆုတ်ကာ ဆူဇီမိုနှင့် အကွာအဝေးတစ်ခုခြားလိုက်၏။

“အထီးကျန်သိုင်းသခင်... ငါကမင်းကို ကြောက်နေမယ်လို့ တကယ်ပဲထင်နေတာလား”

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲပင် သူသည် အရာရာတိုင်းကို ထိန်းချုပ်နိုင်ပြီး အရမ်းကိုယုံကြည်မှုရှိနေသည့်အလားပင်။

ဆူဇီမို၏အကြည့်က ဝင်ရောက်လာသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများအပေါ် ဆင်းသက်သွားပြီး ရုတ်တရက်အော်​ပြောလိုက်၏။

“မင်းတို့ရဲ့... သခင်လေးက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားတယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးဆယ်ယောက်က ခဏမျှရပ်တန့်သွားကြ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအများစုက မျက်မှောင်ကြုတ်ပြီး တွေဝေရှုပ်ထွေးသောအမူအရာများ ထုတ်ဖော်ပြသလာကြ၏။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်သည် အရမ်းကိုကြောက်စရာကောင်းပြီး သူတို့ပင်လျှင် အဲ့ဒါကို စိုးရိမ်ပူပန်ရ၏။ ပဟေဠိနန်းတော်၏ သခင်လေးက အဲ့ဒါကို ကျင့်ကြံထားမည်ဆိုလျှင် ကိစ္စများက ထိန်းမနိုင်သိမ်းမရဖြစ်လာပေလိမ့်မည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းကသာလျှင် တည်ငြိမ်သောအမူအရာများရှိနေကြ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက လှောင်ရယ်လိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းဘာတွေပေါက်ကရပြောနေတာလဲ... ပဟေဠိနန်းတော်ရဲ့သခင်လေးကို မင်းစွပ်စွဲချင်တိုင်းစွပ်စွဲလို့ မရဘူး”

“အဲ့ဒါအမှန်ပဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချန်ထျန်းက အေးစက်စွာ ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားတဲ့သူက မင်းပဲ”

“အသင်္ချေနယ်မြေမြို့တော်က တိုက်ပွဲမှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို မင်းထုတ်ဖော်ခဲ့တာ လူတိုင်းမြင်တွေ့ခဲ့တယ်”

ထိုနေရာအရောက်တွင် ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများစွာက ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ သံသယများက ပျောက်ကွယ်သွားကြ၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသည်မှာ တကယ်ပင်ဖြစ်၏။

သို့သော်လည်း သူသည် ၎င်း၏ အန္တရာယ်ကို အချိန်မီသိရှိခဲ့ပြီး အဲ့ဒါကိုဆက်လက်၍ အသုံးမပြုတော့ပေ။ သို့သော်လည်း ကောင်းကင်ဘုံလျှို့ဝှက်ချက်ကတော့ မတူပေ။ သူ၏ မိစ္ဆာနည်းစနစ်ကို ကျင့်ကြံဖို့အတွက် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာ သတ်ဖြတ်ခြင်းထောင်ချောက်တစ်ခုကိုပင် ခင်းကျင်းပြီး လောကရှိ ပညာရှင်များအားလုံး၏ မျိုးဆက်သွေးကို သန့်စင်ဖို့အတွက် မရေမတွက်နိုင်သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများကိုပင် အ​ကောက်ကြံခဲ့လေသည်။

သူနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသော်လည်း သူတို့နှစ်ယောက်က အခြေခံအားဖြင့် ခြားနားလေသည်။

သို့သော်လည်း အဲ့ဒါကို ရှင်းပြဖို့က မလွယ်ကူပေ။

သူက ရှင်းပြမည်ဆိုလျှင်​တောင် မည်သူကမှ အဲ့ဒါကို ယုံကြည်လိမ့်မည် မဟုတ်ပေ။

မလှမ်းမကမ်းတွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဆူဇီမိုကို သရော်နေသည့်အလား ခပ်ယဲ့ယဲ့ပြုံးပြနေ၏။

“အထီးကျန်သိုင်းသခင်... မင်းအဲ့ဒါကို ဘာလို့လုပ်နေတာလဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က ညင်သာစွာ ပြုံးလိုက်၏။

“မင်းတို့တွေ ငါ့ကိုမယုံဘူးဆိုလည်း ရတယ်လေ”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

“မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို မသုံးပဲနဲ့ မင်းကငါ့လက်ထဲမှာ ဘယ်လောက်ကြာကြာခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

ပဟေဠိနန်းတော်မှ လူတိုင်းသည် သူ့ကိုမယုံကြည်ဘူးဆိုမှတော့ သူသည် အဲ့ဒါကို အတင်းအကျပ်ထုတ်ဖော်လာဖို့အတွက် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖိအားပေးရပေတော့မည်။

ထိုအချိန်ကျလျှင် အမှန်တရားက ထွက်ပေါ်လာပေလိမ့်မည်။

“အထီးကျန်သိုင်းသခင်... မင်းက ငါ့ကိုအထင်သေးနေတာပဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏ခေါင်းကို ညင်သာစွာ ခါယမ်း၍ သူ၏အပြုံးကို တဖြည်းဖြည်း ရုပ်သိမ်းလိုက်၏။

“မင်းက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်ခါစပဲရှိသေးတယ်... မင်းက အဆင့်တူတွေကြားမှာ တကယ်ပဲ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား”

“မင်းကိုဖိနှိမ်ဖို့တော့ လုံလောက်တယ်”

ဆူဇီမို၏အကြည့်က သိပ်သည်းစုဖွဲ့လာပြီး လက်ဟန်ချိပ်စည်းများကို လှုပ်ရှားလိုက်၏။ သူ၏ ခန္ဓာကိုယ်က မိုးကြိုးစွမ်းအားနှင့်အတူ တောက်ပလာပြီး မိုးသက်မုန်တိုင်းတစ်ခုထဲမှာ ရောက်ရှိနေသည့်အလား တဖျတ်ဖျတ်တလက်လက် ဖြစ်လာခဲ့၏။

“ကောင်းပြီလေ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က ခေါင်းညိတ်လိုက်၏။

“ငါဘာတတ်နိုင်လဲ မင်းကိုပြပေးမယ်”

“အာကာသ ယိုယွင်းပျက်စီးခြင်းမျိုး... ပထမတစ်ခု”

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ လက်နှစ်ဖက်က အဆက်မပြတ်လှုပ်ရှားသွားပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်ကာ ဆူဇီမိုဘက်သို့ စေညွှန်လိုက်၏။

ထူးဆန်းသော စွမ်းအားတစ်ခုက ဆင်းသက်လာခဲ့၏။

ဆူဇီမိုက လုံးဝမရှောင်တိမ်းနိုင်ပေ။

“ဟမ်..”

ယခုတင် ဆူဇီမ်ုဆင့်ခေါ်ထားသော ဓမ္မစွမ်းအားက လျင်မြန်စွာ ပျက်ပြယ်သွား၏။

မိုးကြိုးစွမ်းအားက မှေးမှိန်သွားပြီး တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွား၏။

“ဒုတိယ ယိုယွင်းပျက်စီးခြင်း... အမြုတေစိတ်ဝိညာဥ် ယိုယွင်းပျက်စီးခြင်း”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က အော်ငေါက်လိုက်ပြီး သူ၏လက်ဟန်ချိပ်စည်းကို ပြောင်းလဲကာ ဆူဇီမိုဘက်သို့ စေညွှန်လိုက်၏။

ထူးဆန်းသော စွမ်းအားတစ်ခုက သူ၏အမြုတေစိတ်ဝိညာဥ်ပေါ်သို့ ဆင်းသက်လာခဲ့၏။

သူ၏အမြုတေစိတ်ဝိညာဥ်သည် အလွန်တရာကြောက်စရာကောင်းသောစွမ်းအားတစ်ခုဖြင့် ချုပ်နှောင်ခံလိုက်ရသည့်အလား သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားသည် မြင်နိုင်သောနှုန်းထားဖြင့် ပျက်စီးယိုယွင်းလာခဲ့၏။

သူ၏အမြုတေစိတ်ဝိညာဥ်သည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ တာအိုနှင့် ပေါင်းစည်းထားပြီး သန့်စင်စုဖွဲ့နေသည်ဆိုလျှင်တောင် ၎င်းသည် ထိုစွမ်းအား၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိပေ။

ဤနှုန်းထားဖြင့်ဆိုပါက သူ၏အမြုတေစိတ်ဝိညာဥ်သည် သိပ်မကြာခင် ညိုးခြောက်သွားနိုင်လေသည်။

ဆူဇီမို၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူ၏လက်ချောင်းကို လှုပ်ရှားကာ ဖန်တီးခြင်းကြာခုံကို သူ၏အသိစိတ်ထဲသို့ ပြန်ပို့လိုက်၏။

အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်သည် ဖန်တီးခြင်းကြာခုံပေါ်သို့တက်ပြီး တင်ပျဥ်ခွေထိုင်ချလိုက်၏။

ဝှစ်... ဝှစ်... ဝှစ်...

ကြာစိမ့် ၆၃ပေါက်မှ အစိမ်းရောင်အလင်းရောင်ခြည်များက လျှံတက်လာပြီး အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ ထိုစွမ်းအားကို ဖြည်းဖြည်းချင်း ချေဖျက်ပေးနေ၏။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုက ချွေးအေးများထွက်လာခဲ့၏။

ထိုကဲ့သို့သောနည်းလမ်းများကို သူ တကယ်ပင် မကြားဖူးခဲ့ပေ။

လောကမှာ ဓမ္မပညာရပ်များနှင့် လျှို့ဝှက်အတတ်များစွာရှိလေသည်။ သူ၏အတွေအကြုံနှင့်ပင် သူသည် ထိုကဲ့သို့ ကြောက်စရာကောင်းသည့် လျှို့ဝှက်အတတ်တစ်ခုကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။

“ဟီးဟီး”

ထိုစဥ်မှာပင် ကောင်းကင်ဘုံလျှို့ဝှက်ချက်က ရယ်မောလိုက်၏။

“မဆိုးဘူး... မင်းက ယိုယွင်းပျက်စီးခြင်းစွမ်းအားနှစ်မျိုးကို တကယ်ခုခံနိုင်ခဲ့တာပဲ”

ခဏမျှရပ်တန့်ပြီးနောက် သူက စကားလမ်းကြောင်းပြောင်းလိုက်၏။

“ဒါပေမဲ့လို့... အဲ့ဒီမှာနောက်ထပ်သုံးခုရှိသေးတယ်... ငါ့ရဲ့လက်ထဲမှာ မင်းဘယ်လောက်ကြာကြာခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

အဲ့ဒါသည် စောစောက ဆူဇီမိုပြောခဲ့သောစကားဖြစ်ပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်က အတိအကျပြန်ပြောလိုက်လေသည်။

“တတိယမြောက် ယိုယွင်းပျက်စီးခြင်း... ခန္ဓာကိုယ်ယိုယွင်းပျက်စီးခြင်း”

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏ဓမ္မပညာရပ်ကို ဆူဇီမိုဘက်သို့စေညွှန်လိုက်၏။

“ဟမ်”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ထူးဆန်းသောစွမ်းအားက နောက်တစ်ဖန်ဆင်းသက်လာ၏။

သို့သော် ဤတစ်​ကြိမ်မှာ သူ၏အသားက စတင်၍ ညိုးခြောက်သွားပြီး ထိုစွမ်းအား၏ လွှမ်းခြုံမှုအောက်မှာ သူ၏အသက်ဓာတ်အားက လျော့ကျလာခဲ့၏။

သူမတုံ့ပြန်နိုင်ခင်မှာပင် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။

“စတုတ္ထမြောက် ယိုယွင်းပျက်စီးခြင်း.... မျိုးဆက်သွေး ယိုယွင်းပျက်စီးခြင်း”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမို၏သွေးချီက စတင်ဆုတ်ယုတ်လာပြီး လျင်မြန်စွာကုန်ခန်းလာခဲ့၏။

သူ၏ခန္ဓာကိုယ်သည် ထိုးဖောက်ခံလိုက်ရသော လေအိတ်တစ်လုံးကဲ့သို့ သူ၏သွေးချီက တုန်လှုပ်စရာကောင်းသော အမြန်နှုန်းဖြင့် အဆက်မပြတ်ကျဆင်းလာ၏။

သူ၏ခန္ဓာကိုယ်နှင့် သွေးချီသည် တစ်ပြိုင်နက်တည်း ယိုယွင်းပျက်စီးလာနေ၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အူမြူးအားရသော အမူအရာတစ်ခုရှိနေ၏။ သူ့လက်ထဲရှိ ဓမ္မပညာရပ်က နောက်တစ်ဖန်ပြောင်းလဲသွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ပဉ္စမမြောက် ယိုယွင်းပျက်စီးခြင်း.... ဘဝသက်တမ်း ယိုယွင်းပျက်စီးခြင်း”

ချက်ချင်းပင် ဆူဇီမို၏ဘဝသက်တမ်းက အဆက်မပြတ်လျော့ကျလာခဲ့၏။

လူတစ်ယောက်၏ဘဝသက်တမ်းကို လျော့ကျစေနိုင်သော လျှို့ဝှက်အတတ်တစ်ခု...

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ ကျတ်တီးမြေကလွဲလျှင် ဆူဇီမိုသည် လူတစ်ယောက်၏ ဘဝသက်တမ်းကို လျော့ကျစေနိုင်သည့် လျို့ဝှက်အတတ်တစ်ခုကို တစ်ခါမှ မတွေ့မြင်ဖူးပေ။

သို့သော် ယနေ့မှာတော့ သူသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ထံမှ အဲ့ဒါကို နောက်ဆုံးတွေ့မြင်လိုက်ရ၏။

ဤလျှို့ဝှက်အတတ်သည် ကျတ်တီးမြေလောက် ကြောက်စရာမ​ကောင်းသော်လည်း ၎င်းသည် အသက်တစ်ရှိုက်စာမှာ နှစ်ပေါင်းရာချီနှုန်းဖြင့် လူတစ်ယောက်၏ ဘဝသက်တမ်းကို လျော့ကျစေနိုင်သည့် သက်ရောက်မှုရှိနေ၏။

ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ထုတ်ဖော်လိုက်သော လျှို့ဝှက်အတတ်သည် လူတစ်ယောက်၏ဘဝသက်တမ်းကိုသာ လျော့ကျစေနိုင်ခြင်း မဟုတ်ပေ။

အဲ့ဒါသည် ကျင့်ကြံသူတစ်ယောက်၏ အရင်းအမြစ်စွမ်းအား ၅ခုကို ယိုယွင်းပျက်စီးလာစေခြင်းဖြစ်၏။

ဓမ္မစွမ်းအား ၊ အမြုတေစိတ်ဝိညာဥ် ၊ ခန္ဓာကိုယ် ၊ မျိုးဆက်သွေးနှင့် ဘဝသက်တမ်း။

ထိုအရာများသည် မိုးကောင်းကင်အောက်ရှိ သက်ရှိများ၏ ယိုယွင်ပျက်စီးခြင်း ၅မျိုးဖြစ်လေသည်။

All Chapters