ဓမ္မဖြိုခွင်းလေး
Vol. 97 Ch. 1452
စတုရတီ တာအိုမီးက ဆင်းသက်လာပြီး ပဟေဠိနန်းတော်၏ နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က သေဆုံးသွား၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများကလည်း တာအိုမီးထဲမှာ ရောက်ရှိနေပြီး သူတို့၏ အစွမ်းကုန်ဖြင့် ခုခံနေရ၏။ သူတို့အားလုံးသည် ပျက်ယွင်းသော အမူအရာများ ရှိနေပြီး ချွေးများဖြင့် စိုရွှဲနေကြ၏။
အခြားတစ်ဖက်မှာတော့.. ယန်ပေးချန်က ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် တိုက်ခိုက်နေလေပြီ။
ပုံမှန်အခြေအနေမှာဆိုလျှင်… အမုန်းသုတ္တန်နှင့် အဆူရာသုတ္တန်ကို ကျင့်ကြံပြီးနောက် ယန်ပေးချန်၏ တိုက်ခိုက်ရည်ခွန်အားသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အထက်မှာ ရှိသင့်လေသည်။
သို့သော်လည်း… သူသည် ဒဏ်ရာရရှိထားပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်ကလည်း နည်းလမ်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည့်အတွက် သူတို့နှစ်ယောက်သည် မျှချေတစ်ခုမှာ လွန်ဆွဲနေပြီး အချိန်တိုအတွင်း အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်ဖို့ ခဲယဉ်းလေသည်။
ဆူဇီမိုသည် စတုရတီ တာအိုမီးကို ထိန်းချုပ်ပြီး ဓမ္မစွမ်းအားများကို အဆက်မပြတ် တလိပ်လိပ်တက်လာစေ၏။
“အဲဒါကို လောင်ကျွမ်းလိုက်စမ်း”
ဆူဇီမို၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံသည် ဖြည်းဖြည်းချင်း လည်ပတ်ပြီး အလင်းရောင်ခြည်များကို ဖြာထုတ်ပေးကာ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်စေပြီး ၎င်း၏ ကုန်ဆုံးသွားသော စွမ်းအားများကို ထောက်ပံ့ဖြည့်ဆည်းပေးနေ၏။
ဖန်တီးခြင်းကြာခုံကြောင့်သာ မဟုတ်လျှင် ဆူဇီမိုက လဲပြိုကျသွားသည်မှာ ကြာနေလောက်လေပြီ။
စတုရတီ တာအိုမီးသည် အဆက်မပြတ် လောင်ကျွမ်းနေပြီး ကျန်ရှိနေသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၈ယောက်ကို ပိတ်လှောင်ကာ မီးတောက်များကို ပိုမိုသန်မာလာစေပြီး ပို၍ပင် ခက်ထန်ကြမ်းကြုတ်လာစေ၏။
“အားလုံးပဲ… ကျုပ်က ပဟေဠိနန်းတော်နဲ့ ရန်သူတွေ မဖြစ်ချင်ဘူး”
ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ခင်ဗျားတို့တွေက တာအိုမီးထဲမှာ ငြိမ်ငြိမ်လေး နေပေးလိုက်ရုံနဲ့ ခင်ဗျားတို့တွေက ဘာအန္တရာယ်မှ ရှိမှာ မဟုတ်တော့ဘူး”
နောက်ဆုံးမှာတော့ သူက ယန်ပေးချန် မဟုတ်ပေ။
သူက သူ၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။
ဤကိစ္စကို ကောင်းကင်ဘုံလျှို့ဝှက်ချက် တစ်ယောက်တည်းက ပြုလုပ်ခဲ့တာလား… ပဟေဠိနန်းတော်က ကြိုးကိုင်ထားသေးလား… မည်သူကမှ မသိရပေ။
နောက်ဆုံး ဤနေ့အချိန်ထိ ဆူဇီမိုသည် လင်းရွှမ်ကျီနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိလေသည်။ ဒါ့အပြင်.. သူသည် ပဟေဠိနန်းတော်မှ အဘိုးအိုတစ်ယောက်နှင့် ထိတွေ့ဆက်ဆံဖူးပြီး ထိုသူကလည်း လူဆိုးတစ်ယောက် ဖြစ်မည့်ပုံ မပေါ်ပေ။
လင်းရွှမ်ကျီ သို့မဟုတ် ထိုအဘိုးအို ထွက်ပေါ်လာသည်နှင့်အမျှ ယနေ့ကိစ္စက အဆုံးသတ်သွားပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်.. မင်းက ငါတို့ဂိုဏ်းက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေကို သတ်ဖြတ်ခဲ့တယ်… ဒါတောင် မင်းက ကိစ္စတွေကို ပြေငြိမ်းဖို့ မျှော်လင့်နေသေးတာလား”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းက လှောင်ရယ်လိုက်၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လိပ်ချိုးကလည်း အေးစက်စွာပြောလိုက်၏။
“အဲဒါ အမှန်ပဲ… အထီးကျန်သိုင်းသခင် မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်တောကောင်ကို သတ်ဖြတ်ပြီး ငါတို့ရဲ့ နန်းတော်ထဲကို အတင်းဝင်ရောက်လာတယ်.. မင်းနဲ့ အဆူရာက ဒီနေရာမှာ သေရလိမ့်မယ်”
“မင်းတို့နှစ်ယောက် ပါးစပ်ပိတ်ထားတာ ပိုကောင်းလိမ့်မယ်”
ဆူဇီမို၏ အကြည့်က ရေခဲတမျှ အေးစက်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မဟုတ်ရင်.. မင်းတို့နှစ်ယောက်ကို ငါအရင်သတ်ရလိမ့်မယ်”
“ဟမ့်”
ထိုစဉ်မှာပင် အေးစက်စက် နှာမှုတ်သံက ပဟေဠိနန်းတော်ကနေ သိပ်သည်းပြင်းထန်သော အမျက်ဒေါသနှင့် အဆုံးမဲ့သော စွမ်းပကားတစ်ခုနှင့်အတူ ထွက်ပေါ်လာ၏။
“မင်းက အထီးကျန်သိုင်းသခင်လား.. မင်းက ပဟေဠိနန်းတော်ရှေ့မှာ လာပြီး သောင်းကျန်းရဲတယ်ဆိုတော့… တော်တော်ဇောင်းကြွနေတာပဲ”
ထိုအသံနှင့် တွဲဖက်၍ ပဟေဠိနန်းတော်ကနေ ပုံရပ်တစ်ခုက ထွက်ပေါ်လာပြီး အတောမသတ်သော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးကာ သူ၏ တောက်လောင်နေသော အကြည့်က ဆူဇီမိုထံသို့ ဆင်းသက်လာ၏။
“နန်းတော်အရှင်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများသည် ထိုပုဂ္ဂိုလ်ကို တွေ့မြင်သောအခါ ကျေနပ်နှစ်ခြိုက်သွားကြပြီး အံ့အားတသင့် အော်ခေါ်လိုက်ကြ၏။
ဤပုဂ္ဂိုလ်သည် ပဟေဠိနန်းတော်၏ လက်ရှိ နန်းတော်အရှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ ဖြစ်လေသည်။
“အထီးကျန်သိုင်းသခင်… မင်းကတော့ ပြီးသွားပြီ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် ဆူဇီမိုကို လှည့်ကြည့်ပြီး ပြုံးပြလိုက်၏။
“နန်းတော်အရှင်က အစကတော့ တံခါးပိတ်ကျင့်ကြံနေတာ.. အခု သူတောင်မှ ဒီကိစ္စကို သတိထားမိသွားပြီ… အင်မော်တယ်တွေတောင်မှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး”
“ငါ မင်းကိုအရင် ပြာချပစ်မယ်”
ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး စတုရတီ တာအိုမီးကို သိပ်သည်းစုဖွဲ့စေကာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လိပ်ချိုးရှိရာသို့ တလိပ်လိပ်ထိုးတက်သွားစေ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများသည် အလောတကြီး တိုက်ခိုက်လိုက်ကြပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လိပ်ချိုးကို ကူညီကာ ဆူဇီမို၏ တိုက်ခိုက်မှုများကို ခုခံပေးလိုက်ကြ၏။
ထိုစဉ်မှာပင်.. ပဟေဠိနန်းတော်၏ နန်းတော်အရှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီက သူ၏ သိုလှောင်အိတ်ထဲကနေ ဧရာမ လေးတစ်လက်ကို ထုတ်ယူလိုက်၏။ ၎င်းက တစ်ခုလုံး အစိမ်းရောင်ဖြစ်ပြီး ကျောက်စိမ်းတစ်ခုနှင့် ဆင်တူနေ၏။
ကျောက်စိမ်းလေးကို ဆွဲထုတ်လိုက်သည့်အခါ လေထဲရှိ ဓမ္မစွမ်းအားများသည် ထိုအထဲသို့ ဆွဲယူသွင်းခြင်း ခံလိုက်ရသည်ဟု ထင်ရ၏။
“ဟမ်”
ဆူဇီမိုက သူ၏ မျက်ခုံးနှစ်ဖက်ကို အနည်းငယ် တွန့်လိုက်၏။
အဲဒါက အလွန်တရာ ထူးခြားသော လေးတစ်လက်ဖြစ်ပြီး သူက အဲဒါကို ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ တွေ့မြင်ဖူးခဲ့ပုံ ထင်ရလေသည်။
ရုတ်တရက်.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီက ကျောက်စိမ်းလေးကို ကိုင်မြှောက်ပြီး လေးကြိုးကို ဆွဲလိုက်၏။
လေးက လပြည့်ဝန်းတစ်ခုနှင့် တူလေသည်။
သို့သော်လည်း လေးပေါ်မှာ မည်သည့်မြားမှ မရှိပေ။
ဆူဇီမို တွေဝေရှုပ်ထွေးနေစဉ်မှာပင်… တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ ဘေးပတ်လည်ရှိ ဓမ္မစွမ်းအားများက ရူးသွပ်သွားသည့်အလား သူ၏ လက်ချောင်းထိပ်ဆီသို့ တလိပ်လိပ် တိုးဝင်လာကြ၏။
တစ်ခဏအတွင်းမှာပင်.. ဓမ္မစွမ်းအား မြားတစ်စင်းက လေးကြိုးပေါ်မှာ စုဖွဲ့လာခဲ့၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ ဘေးပတ်လည်ရှိ ဓမ္မစွမ်းအားများအနေဖြင့် သူတို့သည် ကျောက်စိမ်းလေး၏ ခန်းခြောက်အောင် စုပ်ယူခြင်းကို ခံလိုက်ကြရ၏။
ထိုဓမ္မစွမ်းအား လေး ဖြစ်ပေါ်လာသည့် ခဏမှာပင် ဆူဇီမိုက ခေါင်းမွေးများ ထောင်ထလာ၏။
ရွှစ်…
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီက သူ၏ လက်ကို လွှတ်ပေးလိုက်ပြီး မြားက လေထုကို ဖြိုခွင်းလာခဲ့၏။ ၎င်းသည် ဆူဇီမိုကို ချိန်ရွယ်ခြင်း မဟုတ်ဘဲ လေထဲရှိ ရှေးဟောင်းအတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင်ကို ချိန်ရွယ်ခြင်းဖြစ်၏။
ဘုန်း….
အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ထိုအသံက အလွန်တရာ စူးရှ၍ ခက်ထန်နေ၏။
ပေတစ်ထောင်မြင့်မားသော ဂမ္ဘီရသံလိုက်တောင်သည် လေထဲကနေ ဓမ္မစွမ်းအားမြားဖြင့် ပစ်ချခံလိုက်ရ၏။ ၎င်းသည် အဆက်မပြတ် ကျုံ့ဝင်သွားပြီး ၎င်း၏ အရောင်အဝါက မှေးမှိန်ကာ မြေကြီးပေါ်သို့ ပြုတ်ကျလာခဲ့၏။
အစက ဂမ္ဘီရသံလိုက်တောင်တွင် ကပ်ငြိနေသော ဓမ္မလက်နက်များစွာသည် လွတ်မြောက်သွားပြီး ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိလာ၏။
ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များက အားမာန်တက်ကြွသွား၏။
ဂမ္ဘီရသံလိုက်တောင်၏ ချုပ်နှောင်ကန့်သတ်မှု မရှိဘဲ မင်းကျန်နှင့် နတ်ဆိုးမ ကျိ၏ အခြေအနေက စတင်၍ ပျက်ယွင်းလာခဲ့၏။
“ဇီမို.. သတိထား.. အဲဒါက အတုမရှိ ရတနာတွေထဲက တစ်ခု… ဓမ္မဖြိုခွင်းလေးပဲ”
ထိုစဉ်မှာပင် နတ်ဆိုးမ ကျိ၏ အသံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ထိုလေး၏ ဇစ်မြစ်ကို နောက်ဆုံးမှာ မှတ်မိသွားပြီး နားလည်သဘောပေါက်သွား၏။
ဓမ္မဖြိုခွင်းလေးသည် ရှေးဟောင်း အတုမရှိရတနာများထဲမှ တစ်ခုဖြစ်ပြီး ဂမ္ဘီရသံလိုက်တောင်နှင့် အတူယှဉ်တွဲ ရပ်တည်လေသည်။
သို့သော်လည်း.. အတုမရှိရတနာ ၇မျိုးကြားတွင် ဓမ္မဖြိုခွင်းလေးသည် တိုက်ခိုက်ရည်မှာ နံပါတ်တစ် ဖြစ်၏။
ပို၍ အရေးကြီးသည်မှာ.. ဓမ္မဖြိုခွင်းလေးထံမှ မြားတစ်စင်းသည် ဓမ္မပညာရပ်များ အားလုံးကို ဖြိုခွင်းနိုင်လေသည်။
မည်သည့် ဓမ္မပညာရပ်မဆို… ဓမ္မဖြိုခွင်းလေးထံမှ မြားချက်တစ်ချက်ကို ခံနိုင်ရည်မရှိပေ။
ဂမ္ဘီရသံလိုက်တောင်ကို ပစ်ချပြီးနောက်… တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ အကြည့်က ဆူဇီမိုထံသို့ ရောက်ရှိလာခဲ့၏။
“ပြီးရင်.. မင်းအလှည့်ပဲ”
သူ့အသံက တည်ငြိမ်နေသော်လည်း ထိုအသံသည် ပြန်လည်မေးခွန်းမထုတ်ဝံ့သော အန္တိမစွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ရုတ်တရက်ဆိုသလို…
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီက လေးကြိုးကို ဆွဲတင်လိုက်၏။
နောက်ထပ် ဓမ္မစွမ်းအား မြားတစ်လက်သည် သူ၏ လေးပေါ်မှာ သိပ်သည်းစုဖွဲ့လာပြီး ဘေးပတ်လည်ရှိ ဓမ္မစွမ်းအား အားလုံးကို စုပ်ယူလိုက်၏။
ရွှစ်…
မြားက လေထုကို ဆုတ်ဖြဲပြီး စတုရတီ တာအိုမီးကို ဖြတ်ကျော်လာ၏။
ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုက ထွက်ပေါ်လာ၏။
မြားဖြတ်သန်းသွားရာ နေရာတိုင်း ၎င်း၏ ဘေးပတ်လည်ရှိ ဓမ္မစွမ်းအားများကို အရူးအမူး စုပ်ယူသွား၏။
စတုရတီ တာအိုမီးပင်လျှင် အဲဒါကို မခုခံနိုင်ပေ။
မြားက အလွန်တရာ မြန်ဆန်ပြီး စတုရတီ တာအိုမီးကို ဖြတ်ကျော်လိုက်၏။ ၎င်း၏ အရှိန်အဟုန်က လျော့ကျသွားရမည့်အစား ၎င်း၏ စွမ်းအားက ၎င်း၏ အကန့်အသတ်ထိ မြင့်တက်လာခဲ့၏။
သို့သော်လည်း.. စတုရတီ တာအိုမီးသည် ငြိမ်းသေသွားခဲ့ပြီဖြစ်၏။
တာအိုမီး၏ ဓမ္မစွမ်းအားသည် ထိုမြား၏ ကုန်စင်အောင် စုပ်ယူခြင်းကို ခံလိုက်ရပြီး ၎င်းကို ဆက်လက်၍ မလောင်ကျွမ်းစေနိုင်တော့ပေ။
မြားတစ်စင်းသည် စတုရတီ တာအိုမီးကို ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။
ဒါ့အပြင်.. စတုရတီ တာအိုမီး၏ ဓမ္မစွမ်းအားများကို စုပ်ယူပြီးနောက်… မြား၏ စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းလာခဲ့၏။
တစ်ခဏအတွင်းမှာပင်.. ၎င်းက ဆူဇီမိုရှေ့သို့ ရောက်ရှိလာ၏။
အဲဒါက အရမ်းကို မြန်ဆန်လေသည်။
သူ၏ အာရုံခံသတိစိတ်နှင့်ပင်လျှင် ဆူဇီမိုက အချိန်မီ မတုံ့ပြန်နိုင်တော့ပေ။
ဖန်တီးခြင်းကြာခုံသည် သူ၏ အသိစိတ်ထဲမှာ ရှိပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ပေးနေကာ အဲဒါကို အချိန်မီ မထုတ်ယူနိုင်တော့ပေ။
ဆူဇီမိုသည် သူ၏ လက်နှစ်ဖက်ကိုသာ ပင့်မြှောက်ပြီး မြားကို ဖမ်းဆွဲဖို့ ကြိုးစားလိုက်၏။
“ဟီးဟီး.. မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီက ထိုသည်ကို မြင်သောအခါ လှောင်ရယ်လိုက်၏။
ဘန်း…
ဖျတ်ခနဲဆို.. ဆူဇီမိုသည် သူ၏ လက်ဖဝါးကို ဆုပ်လိုက်ပြီး ဓမ္မစွမ်းအား မြားကို ဖမ်းဆွဲလိုက်၏။
သို့သော်လည်း.. ထိုမြား၏ စွမ်းအားသည် အရမ်းကို သန်မာလေသည်။
ဆူဇီမိုသည် ၎င်းကို လုံးဝ ဖမ်းဆုပ်မထားနိုင်လျှင်တောင် သူသည် မြား၏ စွမ်းအားအချို့ကို ချေဖျက်ဖို့အတွက် အကောင်းဆုံး ကြိုးစားလိုက်၏။
ရွှစ်…
မြားက သူ၏ လက်ထဲကနေ လျှောထွက်သွား၏။
ဆူဇီမို၏ လက်ဖဝါးက မြားချက်ဖြင့် စုတ်ပြဲသွားပြီး သွေးများက တစ်စက်စက် စီးကျလာ၏။
ဖောက်…
မြားက ဆူဇီမို၏ ရင်ဘတ်ကို ချက်ချင်းပင် ထိုးဖောက်သွား၏။
၎င်းက သူ၏ နောက်ကျောကနေ ပြန်ထွက်လာခဲ့၏။
အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာသည် မဖျက်ဆီးနိုင်လုနီးပါးပင်။
သို့သော်လည်း ၎င်းသည် ဓမ္မစွမ်းအား လေးထံမှ မြားတစ်ချက်ဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရ၏။
ပုံမှန်အားဖြင့်ဆိုလျှင်… ဓမ္မစွမ်းအား လေး၏ စွမ်းအားသည် ဤအဆင့်ထိ မရောက်ရှိနိုင်သေးပေ။
သို့သော်လည်း.. ဓမ္မစွမ်းအား လေးသည် ရှေးဟောင်းအတုမရှိရတနာတစ်ခု ဖြစ်လာရသည့် အကြောင်းရင်းမှာ ၎င်းကနေ ပစ်ထုတ်လိုက်သော မြားသည် လမ်းတစ်လျှောက်ရှိ ဓမ္မစွမ်းအားများကို စုပ်ယူပြီး သူ့ကိုယ်သူ ပိုမိုသန်မာစေနိုင်သောကြောင့် ဖြစ်၏။
ဤမြားသည် စတုရတီ တာအိုမီး၏ ဓမ္မစွမ်းအားများကို စုပ်ယူပြီးမှ ဤကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်လာခြင်း ဖြစ်၏။