← Chapters

အမြုတေစိတ်ဝိညာဥ်တိုက်ပွဲ

Vol. 97 Ch. 1453

အမြုတေစိတ်ဝိညာဥ်တိုက်ပွဲ

Vol. 97 Ch. 1453

ဆူဖီမို၏ ရင်ဘတ်ပေါ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်ဖြစ်ပေါ်လာပြီး သွေးများက ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာ၏။

“ဇီမို”

နတ်ဆိုးမကျိက စိုးရိမ်တကြီးဖြင့် အော်ခေါ်လိုက်၏။

ဆူဇီမိုသည် မည်သည့်နာကျင်မှုကိုမှ လုံးဝမခံစားရသည့်အလား လေထဲမှာ အေးစက်စက်အမူအရာနှင့်အတူ ရပ်နေ၏။ သူသည် ပဟေဠိနန်းတော်၏ နန်းတော်အရှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီကိုသာ ငေးကြည့်နေ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာအဖြစ် အသွင်ပြောင်းလဲပြီးနောက် ဤကဲ့သို့ ပြင်းထန်သည့်ဒဏ်ရာတစ်ခုကို မခံစားခဲ့ရတော့ပေ။

အခြားတစ်စုံတစ်ယောက်သာဆိုလျှင် သူတို့၏ရင်ဘတ်ကို မြားချက် ထိုးဖောက်သွားပြီးနောက် သူတို့၏ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက ပျက်စီးသွားပေလိမ့်မည်။ သို့သော်လည်း ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကြွယ်ဝသော အသက်ဓာတ်အားကို ပိုင်ဆိုင်ထားသည့် အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာနှင့် တူညီလေသည်။

ထိုသို့ပြင်းထန်သည့်ဒဏ်ရာတစ်ခုကို လက်ခံရရှိပြီးလျှင်တောင် သူ၏ အသက်ဓာတ်အားက တလိပ်လိပ်တက်လာပြီး သူ၏ဒဏ်ရာများကို အရူးအမူးကုသပေးနေ၏။

ဤဓမ္မဖြိုခွင်းလေးသည် ကိုင်တွယ်ရ တကယ်ခက်ခဲမည့်ပုံပင်။

မည်သည့်ဓမ္မပညာရပ်မဆို ဓမ္မဖြိုခွင်းလေး၏ စုပ်ယူခြင်းကိုခံရပြီး ၎င်း၏ခွန်အားအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ သို့​သော်လည်း ဓမ္မလက်နက်တစ်ခုက ဘယ်လောက်ပင်သန်မာသည်ဖြစ်ပါစေ ၎င်းမှာလည်း သေချာပေါက် အားနည်းချက်ရှိမည်ဟု ဆူဇီမိုက ယုံကြည်၏။

ထိုစဥ်မှာပင် ဆူဇီမိုသည် တစ်စုံတစ်ရာကို ခပ်ရေးရေး တွေးမိသွားကာ ရင်တစ်ချက် ထိတ်သွား၏။

ကြန့်ကြာမှု...

အချိန်ကြန့်ကြာမှု....

ရှေးဟောင်းအတုမရှိရတနာတစ်ခုအနေဖြင့် လေးကနေ ပစ်ထုတ်လိုက်ခြင်းသည် အစစ်အမှန်မြားတစ်စင်းမဟုတ်ပဲ ဓမ္မစွမ်းအားမြားတစ်စင်းသာဖြစ်၏။

တစ်နည်းအားဖြင့်ဆိုလျှင် ဓမ္မဖြိုခွင်းလေးကို အသက်သွင်းခြင်းသည် ဓမ္မပညာရပ်တစ်ခုကို အသက်သွင်းလိုက်ခြင်းနှင့် တူညီ၏။

တူညီသော ဓမ္မပညာရပ်ကို တစ်ဖန်ထပ်၍ အသက်သွင်းဖို့အတွက် အမြုတေစိတ်ဝိညာဥ် အနေဖြင့် ကြားထဲမှာ အချိန်ကြန့်ကြာမှုတစ်ခု လိုအပ်လေသည်။

ထိုသဘောတရားသည် ဒုတိယလက်သီးချက်ကိုမထိုးခင် ပထမလက်သီးချက်ကို ပြန်လည်ရုပ်သိမ်းရခြင်းနှင့် တူလေသည်။

တကယ်ဆို... ပို၍ကြောက်စရာကောင်းသော ဓမ္မပညာရပ်တစ်ခုသည် အချိန်ကြန့်ကြာမှုတစ်ခု ပို၍လိုအပ်လေသည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် ဂမ္ဘီရသံလိုက်တောင်ကို ပစ်ချပြီးနောက် သူသည် ဒုတိယမြားချက်ကို ချက်ချင်းပစ်မထုတ်ခဲ့ပေ။ ထိုအစားသူသည် ခဏမှစောင့်စားပြီးမှ ဆူဇီမိုထံသို့ ဒုတိယမြောက်မြားကို ပစ်ထုတ်ခဲ့လေသည်။

ထိုအချိန်မှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် ဒုတိယမြားကို ပစ်ထုတ်ပြီးနောက်လည်း ထပ်မံ၍ ချက်ချင်းတိုက်ခိုက်မလာခဲ့ပေ။

အချိန်ကြန့်ကြာမှုက တိုတောင်းသော်လည်း ဆူဇီမိုက သတိထားမိလိုက်ဆဲ ဖြစ်၏။

“အထီးကျန်သိုင်းသခင်... မင်းက ဓမ္မဖြိုခွင်းလေးရဲ့ မြားတစ်စင်းကို ခုခံနိုင်တယ်ဆိုတော့... တော်တော်အစွမ်းထက်တယ်ပြောရမယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက မှင်သေသေဖြင့် ပြောလိုက်၏။

“ဒါပေမဲ့လို့... ငါက ဒီဒုတိယမြားချက်နဲ့ မင်းရဲ့အသက်ကို ယူပြမယ်”

“မင်းမှာ အဲ့ဒီအခွင့်အရေးထပ်ရှိဦးမယ်လို့ ငါမထင်တော့ဘူး”

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူးလက်ညိုးဖြင့် သူ၏နှာရောင်ကို ထိတွေ့လိုက်၏။ သူ၏ဓားလက်ချောင်းကို ပူးကပ်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးလေး ချင်ဇီရှိရာဘက်သို့ စေညွှန်ကာ အော်ပြောလိုက်၏။

“အစိမ်းရောင်ကြာပန်းဓား... ခုတ်ပိုင်းစမ်း”

အစိမ်းရောင်အလင်းတန်းများက ပစ်လွင့်ထွက်ပေါ်လာ၏။

အစိမ်းရောင်ကြာစေ့ ၆၃ စေ့သည် လေထဲတွင် ဓားတစ်လက်အဖြစ် လျင်မြန်စွာ စုဖွဲ့သွားပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။ အဲ့ဒါသည် အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်းနည်းစနစ်ဖြစ်ပြီး ဆူဇီမို၏ အသန်မာဆုံး ဝှက်ဖဲများထဲမှ တစ်ခုလည်းဖြစ်၏။

အဆင့်တူများကြားမှာ ကိုယ်တော်တာမင်းတစ်ယောက်သာလျှင် ဤသတ်ဖြတ်ကွက်ကနေ မထိမခိုက်ခုခံနိုင်ခဲ့၏။

“ဟမ်...”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

အစိမ်းရောင်ကြာပန်းဓားမှ ကြောက်စရာကောင်းသော ထက်ရှမှုကို သူကခံစားမိလိုက်၏။

၎င်းက ရောက်ရှိမလာခင်မှာပင် သူ၏အမြုတေစိတ်ဝိညာဥ်က ခပ်ပါးပါးနာကျင်မှုကို ခံစားလာရလေသည်။

“ဂမ္ဘီရမိုးကောင်းကင်ခုတ်ပိုင်းခြင်း”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက နမော်နမဲ့မပြုမူရဲပဲ သူ၏စိတ်ဝိညာဥ်အသိစိတ်ကို အလောတကြီးစုဖွဲ့၍ အစိမ်းရောင်ကြာပန်းဓားကို ခုခံဖို့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကိုထုတ်ဖော်လိုက်၏။

“တစောက်ကန်းပဲ “

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက ကျိန်ဆဲလိုက်၏။

“ဒီအထီးကျန်သိုင်းသခင်က တကယ့်ကို တစောက်ကန်းပဲ”

ပုံမှန်အားဖြင့်ဆိုလျှင် သူတို့၏ကျင့်ကြံမှုအဆင့်မှာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို အသုံးပြုခြင်း မရှိတတ်ကြပေ။

အမြုတေစိတ်ဝိညာဥ်များကြား တိုက်ခိုက်ခြင်းသည် အန္တရာယ်အများဆုံးဖြစ်၏။

သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ပျက်စီးထိခိုက်မှုတစ်ခုခုကို ခံစားလိုက်ရသည်နှင့် သူတို့သည် သူတို့၏ဘဝတစ်လျှောက်လုံး မဟာယာနအဆင့်သို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

ပေါင်းစည်းခန္ဓာနှင့် မဟာယာနအဆင့်ကြားမှာ ရင်ကြားမစေ့နိုင်သော ကွာဟချက်တစ်ခုရှိနေ၏။

ကြားခံအဆင့်တစ်ခုအဖြစ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ ကျင့်ကြံမှုအဆင့်မှာပင်လျှင် သူတို့အနေဖြင့် မဟာယာနအဆင့်သို့ တက်လှမ်းနိုင်ဖို့က အလွန်တရာ ခဲယဥ်းနေဆဲ ဖြစ်၏။

ထုံးစံအားဖြင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ကျင့်ကြံပြီးနောက် သူတို့သည် ဂိုဏ်းထဲမှာ တံခါးပိတ်ကျင့်ကြံနေတတ်ကြ၏။ သူတို့သည် ကောင်းကင် ၊ မြေကြီးနှင့် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့ အပတ်တကုတ် အားထုတ်နေပြီး မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းဖို့အတွက် ကြိုးပမ်းနေတတ်၏။

အဲ့ဒါကြောင့် ကျင့်ကြံရေးလောကမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကို တွေ့မြင်ရလေ့ မရှိတတ်ပေ။

ဆူဇီမိုသည် ရုတ်တရက်ပေါ်ထွက်လာပြီး အဆင့်တူခြင်းကြားမှာ ပြိုင်ဘက်ကင်းကာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက သူ့ကိုမယှဥ်နိုင်ခြင်းကြောင့်သာ မဟုတ်လျှင် ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများက ပေါ်ထွက်တိုက်ခိုက်လာကြလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် တိုက်ပွဲ၏ ဤနေရာအရောက်၌ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်အသုံးပြုလိုက်လေပြီ။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချန်ထျန်းနှင့် အခြားသူများက ဒေါသတ​​ကြီး ကျိန်ဆဲလိုက်ကြ၏။ သို့သော်လည်း သူတို့သည် ဒီအတိုင်းရပ်မနေကြပဲ သူတို့၏ အမြုတေစိတ်ဝိညာဥ်အသိစိတ်များကို အလောတကြီး စုဖွဲ့ကာ သူတို့၏ မမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြ၏။

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဆူဇီမိုကို တိုက်ခိုက်လိုက်ကြ၏။

လှစ်ခနဲဆို ဆူဇီမိုက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီရှိရာသို့ ပြေးဝင်သွား၏။

တစ်ချိန်တည်းမှာပင် သူသည် လျှို့ဝှက်အတတ်တစ်ခုကို နောက်တစ်ဖန်ဆင့်ခေါ်ပြီး သူ၏နှာရောင်ကို တောက်ကာ လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပနေသည့် စိတ်ဝိညာဥ်အသိစိတ် ကျာပွတ်တစ်ခုကို ဆွဲထုတ်လိုက်၏။

“စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်...”

ဖောက်...

ဆူဇီမိုသည် ကျာပွတ်ကိုလွှဲယမ်းပြီး အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ပစ်ရိုက်ကာ ၎င်းကို နေရာမှာပင် ဘာမှမကျန်အောင် ပျက်ပြယ်သွားစေ၏။

“အား...”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ အမူအရာကပြောင်းလဲသွားပြီး သူက ညည်းတွားအော်ဟစ်လိုက်ရ၏။

သူ၏အမြုတေစိတ်ဝိညာဥ်သည် သူ၏အသိစိတ်ထဲမှာ ပြင်းထန်သော တုန်ခါလှိုင်းတစ်ခုကို တွေ့ကြုံခံစားလိုက်ရ၏။

“မိုးကြိုးဧကရာဇ်ရဲ့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ပဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က သုန်မှုန်နေသာ အမူအရာတစ်ခုရှိလာပြီး အဲ့ဒါကို အလျင်အမြန် မှတ်မိသွား၏။

ဖောင်း... ​ဖောင်း... ဖောင်း...

ဆူဇီမိုသည် စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်ကို လွှဲယမ်းပြီး အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်လေးခုကို ကြိတ်ချေပြီးနောက် ၎င်းကလည်း ပျက်ပြယ်သွား၏။

သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်​ရောက်လာကာစဖြစ်ပြီး မိုးကြိုးဧကရာဇ်၏ လျှို့ဝှက်အတတ်နှင့်အတူ ဤကဲ့သို့ တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်နိုင်ခြင်းက သူ၏အကန့်အသတ်ဖြစ်နေခဲ့လေပြီ။

ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများထံမှ အခြားသော အမြုတေစိတ်ဝိညာဥ်လျို့ဝှက်အတတ်လေးခု ကျန်ရှိနေသေး၏။

ပုံမှန်အားဖြင့်ဆိိုလျှင် သူတို့က ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။

သို့သော်လည်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများသည် ဆူဇီမိုကို စိုးရိမ်ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေကြ၏။

ဆူဇီမိုသေဆုံးသွားသည်ကို သူတို့မျက်စိနှင့် မမြင်တွေ့ရသရွေ့ သူတို့သည့် နောက်ပိုင်းဖြစ်ပျက်လာမည့်အရာများကို မခန့်မှန်းနိုင်တော့ပေ။

ထင်မှတ်ထားသည့်အတိုင်းပင်...

ဆူဇီမို၏ စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်ကြေမွသွားသည့် ခဏမှာပင် သူ၏နှာရောင်ကနေ ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး လေထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အမှတ်သင်္ကေတ ရှေးဟောင်းစာလုံးတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ထိုအမှတ်သင်္ကေတစာလုံးသည် ဆိုးယုတ်မှုများအားလုံးကို ဖိနှိမ်ပြီး ဖယ်ရှားရှင်းလင်းပစ်နိုင်သည့်အလား မနှိုင်းယှဥ်သာသော နတ်ဘုရားစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။

အဲ့ဒါသည် နောက်ထပ်အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ် ရူလိုင်းဓမ္မချိပ်စည်းဖြစ်၏။

ရှေးဟောင်းအမှတ်သင်္ကေတသည် ပဟေဠိနန်းတော်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးလေးယောက်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များနှင့် ထိတွေ့ရိုက်ခတ်သွား၏။

အဲ့ဒါက တိတ်ဆိတ်ငြိမ်သက်သွားသော်လည်း အလွန်တရာကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ် အတက်အကျတစ်ခု ဖြာထွက်လာကာ အဘက်ဘက်သို့ ဝဲဂယက်များကဲ့သို့ ဖြန့်ကြက်သွားစေ၏။ အရာရာတိုင်းကို ဆုတ်ဖြဲပစ်ချင်နေသည့်အလား လေဟာနယ်က တွန့်လိမ်သွား၏။

ကျန်ရှိနေသော ပဟေဠိနန်းတော်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးရှစ်ယောက်သည် စိုးရိမ်ပူပန်နေသော အမူအရာများနှင့်အတူ နောက်သို့ ဆုတ်လိုက်ကြရ၏။

သို့သော်လည်း ဆူဇီမိုသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို ကာကွယ်ဖို့အတွက် ဖန်တီးခြင်းကြာခုံအပေါ် မှီခိုပြီး ဝဲဂယက်များကိုဖြတ်ကျော်ကာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီရှေ့သို့ ရောက်ရှိလာ၏။

တစ်ချိန်တည်းမှာပင်...

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ ဂမ္ဘီရမိုးကောင်းကင်ခုတ်ပိုင်းခြင်းက အစိမ်းရောင်ကြာပန်းဓားနှင့် ထိတွေ့သွား၏။

စွမ်းအားနှစ်ခု၏ ထိတွေ့ရိုက်ခတ်ခြင်းက လေဟာနယ်ကို အေးခဲသွားစေ၏။

အဲ့ဒီမှာ ခဏမျှရပ်တန့်သွားခဲ့၏။

ဂမ္ဘီရမိုးကောင်းကင်ခုတ်ပိုင်းခြင်းက ပျက်ပြယ်သွားခဲ့လေသည်။

အစိမ်းရောင်ကြာပန်းဓားကလည်း ပြန့်ကျဲသွားပြီး စိမ်းညိုရောင်ကြာစေ့များအဖြစ်ပြောင်းလဲကာ ဆူဇီမို၏ အသိစိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာ၏။

အစိမ်းရောင်ကြာစေ့များသည် ​ဖန်တီးခြင်းကြာခုံဆီသို့ ပြန်လည်ရောက်ရှိလာပြီးနောက် သူတို့၏ အသက်ဓာတ်များကို ပြန်လည်ဖြည့်တင်းနေ၏။

သို့သော်လည်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီ၏ အမြုတေစိတ်ဝိညာဥ်သည် ဤအမြုတေစိတ်ဝိညာဥ် တိုက်ခိုက်မှုမှာ ပြင်းထန်သော တုတ်ခါမှုတစ်ခုကို တွေ့ကြုံခံစားလိုက်ရ၏။

တကယ်ဆို သူ၏အမြုတေစိတ်ဝိညာဥ်ပေါ်တွင် ခပ်ပါးပါး ဒဏ်ရာတစ်ခုပါ ပေါ်ထွက်လာခဲ့လေပြီ။

သူ၏အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိသွားခဲ့လေပြီ။

အမြုတေစိတ်ဝိညာဥ်ပေါ်ရှိဒဏ်ရာများက ပါးလွှာသော်လည်း ၎င်းကို ကုသဖို့အတွက် အလွန်တရာခဲယဥ်းပြီး အနည်းဆုံး နှစ်အနည်းငယ် အချိန်ယူရပေလိမ့်မည်။

သူက အဲ့ဒါကို အပြည့်အဝပြန်လည်မကုသနိုင်ဘူးဆိုလျှင် သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာပင် အမြဲတမ်းရပ်တန့်နေတော့မည်ဖြစ်ပြီး ဘိုးဘေးအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

“အထီးကျန်သိုင်းသခင်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက ဒေါသထွက်သွားပြီး သူ့လက်ထဲရှိ ဓမ္မဖြိုခွင်းလေးကို ကိုင်မြှောက်ကာ တတိယမြောက်မြားကို ပစ်လွှတ်ချင်လေသည်။

ထိုစဥ်မှာပင် သူ၏မြင်ကွင်းက ဝေဝါးသွားပြီး ပုံရိပ်တစ်ခုက သူ့ရှေ့သို့ ဆင်းသက်လာ၏။ ထိုပုံရိပ်က ချက်ချင်းပင် တိုက်ခိုက်လိုက်ပြီး အလွန်တရာကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို ထုတ်ဖော်လာခဲ့၏။

“မင်း...”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် အမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှုအပြီး၌ ဆူဇီမိုက သူ့ထံသို့ ချဉ်းကပ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူသည် သူ၏ ဓမ္မဖြိုခွင်းလေးကို အသုံးပြုဖို့ပင် အချိန်မရတော့ပေ။

ယခုအချိန်တွင် ထိုဓမ္မလက်နက်က အားနည်းချက်တစ်ခုလည်း ဖြစ်လာခဲ့လေပြီ။

အနီးကပ် တိုက်ခိုက်ကြမည်ဆိုလျှင် ဤရှေးဟောင်းအတုမရှိရတနာသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

All Chapters