← Chapters

အင်မော်တယ်စွမ်းအင် သုံးဆယ့်ခြောက်မျိုး

Vol. 81 Ch. 1242

အင်မော်တယ်စွမ်းအင် သုံးဆယ့်ခြောက်မျိုး

Vol. 81 Ch. 1242

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

လဝက်ခန့်ကြာပြီးနောက် ရွှီချင်းတို့အုပ်စုသည် မင်းသားမင်နန်နောက်သို့ လိုက်ရန် စတုတ္ထမြောက်အတွင်းပိုင်းဒေသကြီးကို ဖြတ်ကျော်သွားပြီး တတိယမြောက်အတွင်းပိုင်းဒေသကြီးဆီသို့ ရောက်ရှိသွားသည်။

ထိုနေရာမှဆိုလျှင် မဟာအမဲလိုက်ပွဲတော်၏ ပထမပြိုင်ပွဲ၏ နောက်ဆုံးဦးတည်ရာဖြစ်သော နတ်ဘုရားတောင်တန်းဆီသို့ ရောက်ရှိရန် ဒေသကြီးနှစ်ခုသာ ကွာဝေးတော့သည်။

တတိယမြောက်အတွင်းပိုင်းဒေသကြီး၏ ကုန်းမြေတစ်ခုလုံးကို အဓိကအားဖြင့် မီးတောင်များဖြင့် ဖွဲ့စည်းထားသည်။ မရေမတွက်နိုင်သော မီးတောင်များသည် တစ်နှစ်ပတ်လုံး ပေါ်ထွက်နေပြီး ကောင်းကင်အထိ ပျံတတ်သွားမည့် အနက်ရောင်မြူခိုးကို ဖြစ်ပေါ်စေသည်။

မြေပြင်ပေါ်တွင်တော့ အဆုံးမဲ့သော ချော်ရည်ပင်လယ်တစ်ခု ရှိသည်။

ရံဖန်ရံခါ အေးစက်သော လေသည် ကုန်းမြေကို တိုက်ခတ်သွားပြီး မတည်ငြိမ်သော ပြတ်တောင်းပြတ်တောင်း လမ်းကြောင်းတချို့ကို ဖြစ်ပေါ်စေသည်။ ထိုလမ်းကြောင်းများသည် ချော်ရည်အဖြစ် ပြန်မပြောင်းလဲသွားခင် အချိန်ကာလတစ်ခုကြာသည်အထိ အစိုင်အခဲ ဖြစ်နေလိမ့်မည်။ တစ်ချိန်တည်းမှာ အေးစက်သောလေ တိုက်ခတ်လာသည့်အခါတိုင်း လမ်းကြောင်းအသစ်များ ဖြစ်ပေါ်လာလိမ့်မည်။

လမ်းကြောင်းများက မတည်ငြိမ်သောကြောင့် သေမျိုးများသည် ဤနေရာကို မဖြတ်သန်းနိုင်ကြပေ။

ယေဘုယျအားဖြင့်ဆိုရလျှင် ထိုသို့မြေပြင်အနေအထားသည် မျိုးနွယ်စုအများအပြား အသက်ရှင်နေထိုင်ရန် မသင့်တော်ပေ။

သို့သော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အမြင်တွင် ထိုသို့ဒေသကြီးသည် သူတို့အတွက် အလွန်အမင်း သင့်တော်သည်။

ထိုသို့ပူပြင်းသော ပတ်ဝန်းကျင်အနေအထားက သူတို့၏ ခန္ဓာကိုယ်ကို တစ်နှစ်ပတ်လုံး ပုံသွင်းထုဆစ်နိုင်စေရုံသာမက ပညာရှင်ကျင့်ကြံသူတစ်ယောက်၏ နှလုံးသားကို ထိန်းသိမ်းနိုင်ရန် ကူညီပေးနိုင်သည်။ တစ်ချိန်တည်းမှာ သူတို့မျိုးနွယ်၏ နာမည်ထဲမှ ‘ မီးလျှံ ’ဟူသော စကားလုံးသည် မီးတောက်မီးလျှံအပေါ် သူတို့၏ စိတ်နှစ်ထားမှုကို ရည်ညွှန်းသည်။

ဤအခိုက်အတန့်မှာ တတိယမြောက်အတွင်းပိုင်းဒေသကြီး၏ အလယ်တွင် မရေမတွက်နိုင်သော မီးတောင်များ၏ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော အနက်ရောင်တိမ်တိုက်အစုအဝေးအောက်၌ ကြာပွတ်ရိုက်သံများက တရွှမ်းရွှမ်း ပဲ့တင်ထပ်နေသည်။ နဂါးရထားလုံးသည် အရှေ့သို့ ရွေ့လျားသွားနေသည်။

ရထားလုံး၏ အလျင်သည် အလွန်မြန်ဆန်သည်။

နဂါးရထားလုံး၏ အရှေ့မှ သံချိန်းကြိုးရာပေါင်းများစွာ၏ အဆုံးသတ်တွင် မင်းသားကြီးနှင့် သူ၏ လက်အောက်ငယ်သားများက ရထားလုံးကို အားသွန်ခွန်ဆိုက် ဆွဲနေကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။ သူတို့အားလုံး၏ အဝတ်အစားသည် စုတ်ပြဲနေပြီး သူတို့၏ မျက်နှာသည် မည်းချိတ်တူးနေကာ သူတို့၏ ခန္ဓာကိုယ်သည် ပိန်ချုံးနေသည်။ သူတို့ထဲမှ အများစု၏ မျက်လုံးသည် အသက်မဲ့နေကြသည်။

ကျန်ရှိသော လူများသည် တိတ်ဆိတ်နေလျက် အံတင်းတင်းကြိတ်ထားကြသည်။ သူတို့က အားကုန်သုံး၍ ရထားလုံးကို အရှေ့သို့ ဆွဲပေးနေကြသည်။

“ စိတ်ဝင်စားစရာပဲ… ငါ့ရဲ့ ကြာပွတ်ရိုက်ချက်ကြောင့်လား ဒါမှမဟုတ် မင်းတို့ကောင်တွေက တကယ်ပဲ သဘောပေါက်သွားတာလား ဒါမှမဟုတ် ဒီဟာကို မြန်မြန်အဆုံးသတ်ပစ်ချင်လို့လားဆိုတာ ငါသိချင်မိသား… ဟုတ်တာပေါ့ နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိနေသေးတယ်… အခုတလော နာမည်ကျော်ကြားနေတဲ့ ဟိုလူသားကျင့်ကြံသူကို ငါ့နောက်လိုက်မမီနိုင်အောင် လုပ်နေတာလည်း ဖြစ်နိုင်တယ် ”

“ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ အမြန်နှုန်းကို ငါအရမ်းသဘောကျတယ် ”

နဂါးဦးခေါင်းခွံထဲတွင် မင်းသားမင်နန်သည် ပြုံးလိုက်ပြီး ပြောသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ အပြုံးသည် ရုတ်တရက် တည်ကြည်လေးနက်သွားပြီး သူ၏ အသံသည် အေးစက်လာသည်။

“ ဒါပေမဲ့ မင်းတို့ရဲ့ သဘောထားကို ငါသဘောမကျဘူး ”

“ အခု… ငါလိုချင်တာက နှေးနှေးသွားတာပဲ… မင်းတို့ကောင်တွေ ရွေ့လျားတာ အရမ်းမြန်လွန်းတယ် ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း မရေမတွက်နိုင်သော ပုံရိပ်ယောင်ကြာပွတ်များသည် အရိုးနဂါးရထားလုံး၏ အရှေ့တွင် ထွက်ပေါ်လာပြီး ရိုက်ချလိုက်ကြသည်။

လူသားတချို့သည် သွေးအန်လိုက်ကြရသည်။ လမ်းတစ်လျှောက်တွင် ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မတောင့်ခံနိုင်သောကြောင့် သံချိန်းကြိုးများ၏ ဝါးမျိုခံလိုက်ရသော လူသားတချို့ပင် ရှိသည်။ သူတို့သည် အသက်ရှူရပ်တန့်သွားကြပြီး သူတို့၏ အလောင်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

တချို့အလောင်းများသည် ချော်ရည်၏ ဝါးမျိုခံလိုက်ရကြသည်။

တချို့သည် လမ်းကြောင်းပေါ်သို့ ပြုတ်ကျသွားပြီး အလောင်းခြောက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ၎င်းတို့က နောင်တစ်ချိန်တွင် လမ်းကြောင်းအသစ်အတွက် အသုံးပြုခံရလိမ့်မည်။

ကောင်းကင်ပေါ်တွင် အရိုးနဂါးရထားလုံး၏ အမြန်နှုန်းသည် အတင်းအဓမ္မ နှေးကွေးသွားသည်။

အနိုင်ကျင့်ခံရခြင်းနှင့် ဒေါသစိတ်သည် ရထားလုံးကို ဆွဲနေသော လူသားများ၏ နှလုံးသားထဲမှာ ပေါ်ထွက်လာသည်။ သို့သော်လည်း သူတို့သည် အကူအညီမဲ့နေကြသည်။

မျိုးနွယ်စု၏ အင်အားသည် အရာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အင်အားကြောင့် ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအများအပြားသည် သူတို့ကို မတွန်းလှန်ဝံ့ကြချေ။

နောက်ကျကျန်နေခဲ့ခြင်းသည် ပြစ်မှုတစ်ခုဖြစ်သည်။

တစ်ချိန်တည်းမှာ အနက်ရောင်တိမ်တိုက်အောက်တွင် ကီလိုမီတာတစ်ထောင်အဝေးမှ ရွှီချင်းတို့အုပ်စုသည် အရှိန်မြှင့်တင်နေသည်။

“ မင်းသားမင်နန်က အရမ်းထင်ပေါ်ပြီး သူ့ရဲ့ အကြောင်းတွေကို မဖုံးကွယ်ထားဘူး… နောက်ဆုံးရရှိထားတဲ့ သတင်းအရဆိုရင် သူက ဒုတိယမြောက်အတွင်းပိုင်းဒေသကြီးဆီ ဦးတည်ရွေ့လျားနေတာကို တစ်ယောက်ယောက်က မြင်လိုက်တယ်… ငါတို့တွေ သူ့ရဲ့ နဂါးရထားလုံးနဲ့ သိပ်မဝေးတော့ဘူး ”

ကျူးချွယ်ဇီက တိုးညင်းစွာ ပြောသည်။

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက အဝေးမှ အနက်ရောင်တိမ်တိုက်နှင့် မြေပြင်ပေါ်မှ ချော်ရည်ကို ကြည့်လိုက်သည်။ တတိယမြောက်အတွင်းပိုင်းဒေသကြီး၏ မြေပြင်အနေအထားသည် အပူဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း အပူသည် တစ်ဟုန်ထိုး မြင့်တတ်နေခြင်းမဟုတ်ဘဲ စမ်းချောင်းတစ်ခုပမာ စီးဆင်းနေခြင်း ဖြစ်သည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ဆီသို့ ထိုးဖောက်ဝင်လာသော အပူသည် အလွန်ပြင်းထန်သည်။

“ တာအိုရောင်းရင်းရွှီ… မင်း ပြန်စဉ်းစားပါလို့ ငါအကြံပေးပါရစေ ”

“ မင်းသားမင်နန်ရဲ့ ကျင့်ကြံခြင်းက အရမ်းအံ့ဖွယ်ကောင်းတယ်… သူက မကြာသေးခင်ကမှ ဗလာနတ္ထိတတိယအဆင့်ကနေ အဆင့်ချိုးဖြတ်သွားခဲ့တယ်… အခု သူက ဗလာနတ္ထိစတုတ္ထအဆင့်မှာ… ဒါ့အပြင် သူက ပုံရိပ်ယောင်လောကတစ်ခုကို ဖွဲ့စည်းထားတယ် ”

“ ပြီးတော့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်တွေရဲ့ ရုပ်ခန္ဓာကိုယ်က မျိုးနွယ်စုအများအပြားထက် သာလွန်တယ်… ငါတို့ရဲ့ မန္တန်တွေနဲ့ ကျင့်ကြံခြင်းအခြေခိုင်မှုက ငါတို့မျိုးနွယ်ဝင်တွေကို နယ်ပယ်တူမှာ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်စေတယ် ”

ကျူးချွယ်ဇီသည် ရွှီချင်းကို မဖျောင်းဖျဝံ့ချေ။ သို့သော်လည်း သူက ဆက်ပြီး ပြောသည်။

“ နောက်ပြီး သူ့ရဲ့ခမည်းတော် ဘုရင်မင်နန်က မဟာလောကရှစ်ခုကို ပိုင်ဆိုင်ထားတဲ့ ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်… သူက မဟာလောကကိုးခုကို ပိုင်ဆိုင်ဖို့ သိပ်မဝေးကွာတော့ဘူးလို့ ကောလဟာလတွေတောင် ရှိတယ် ”

“ ဘုရင်မင်နန်ရဲ့ တစ်ဦးတည်းသော သားအနေနဲ့ မင်းသားမင်နန်က ငယ်ငယ်လေးကတည်းက အရမ်းပါရမီရှိတယ်… သူက ဒီမျိုးဆက်ရဲ့ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံမဟုတ်ပေမဲ့ သူက ထိပ်ဆုံး(၁၀)ယောက်စာရင်းထဲမှာ ပါဝင်တယ် ”

“ သူတိုက်ခိုက်တာကို ငါတစ်ခါမှ မမြင်ဖူးဘူး… ဒါပေမဲ့ သူ့အကြောင်းတွေကို မကြာခဏ ငါကြားဖူးတယ် ”

“ ဥပမာ သူက ကျိန်စာတွေ၊ တားမြစ်အတတ်ပညာတွေနဲ့ နတ်ဘုရားအတတ်ပညာတွေကို တတ်ကျွမ်းထားတယ် ”

“ သူက မီးလျှံလရဲ့ အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာဖြစ်တဲ့ အင်မော်တယ်စွမ်းအင် သုံးဆယ့်ခြောက်မျိုးထဲက စွမ်းအင်အတတ်ပညာအများအပြားကို တတ်မြောက်ထားသေးတယ် ”

“ ယေဘုယျအားဖြင့်ပြောရရင် အင်မော်တယ်စွမ်းအင် သုံးဆယ့်ခြောက်မျိုးထဲက ဘယ်စွမ်းအင်အတတ်ပညာမဆို တခြားမျိုးနွယ်စုတွေရဲ့ အထွတ်အထိပ် အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာတစ်ခုနဲ့ နှိုင်းယှဉ်နိုင်တယ် ”

“ ဒါကြောင့် မင်းသားမင်နန်ရဲ့ နောက်ခံက အရမ်းကြောက်စရာကောင်းရုံတင်မကဘူး သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားကလည်း အရမ်းအံ့ဩဖို့ကောင်းတယ်… တိုက်ပွဲမှာ နိုင်တာပဲဖြစ်ဖြစ် ရှုံးတာပဲဖြစ်ဖြစ် တန်ဖိုးတစ်ခုကို ပေးဆပ်ရလိမ့်မယ်… အဲ့လိုလုပ်တာ မတန်ဘူးလို့ ငါထင်တယ်… ”

ကျူးချွယ်ဇီသည် ရွှီချင်းကို ဖျောင်းဖျရန် အကောင်းဆုံး ကြိုးစားသည်။ ရွှီချင်းသည် မထူးမခြားနား အမူအရာဖြင့် ရှိနေသည်။ သူ့ဘေးမှ ခေါင်းဆောင်သည် ပြုံးလိုက်ပြီး ကျူးချွယ်ဇီကို ပန်းသီးတစ်လုံး ပေးလိုက်သည်။

“ ကောင်လေး… မင်းမဆိုးဘူး… လမ်းတစ်လျှောက်မှာ မင်းက မိတ်ဆွေဖြစ်ထိုက်သူဆိုတာကို ငါမြင်တယ် ”

“ ဒါပေမဲ့ မင်းက မင်းသားမင်နန်ရဲ့ နောက်ခံကိုပဲ မြင်တယ်… ငါတို့ရဲ့ နောက်ခံကို မင်းမသိဘူး ”

“ ဘာမှစိတ်မပူနဲ့… အဲ့ဒါက ဘုရင်မင်နန်လေးပါကွာ… ချင်းလေးသာ သူ့ရဲ့ ယန်အဆီအနှစ်ကို စတေးမယ်ဆိုရင်… ”

ခေါင်းဆောင်က စကားဆုံးအောင် မပြောနိုင်ခင်မှာ ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး သူ့ကို စူးစိုက်ကြည့်လိုက်သည်။

ခေါင်းဆောင်သည် တဟားဟား ရယ်မောလိုက်ပြီး ဆက်မပြောတော့ပေ။

ကျူးချွယ်ဇီသည် ဆွံ့အသွားပြီး ခေါင်းဆောင်ပြောသော ယန်အဆီအနှစ်နှင့်ပတ်သက်သည့် အကြောင်းကို စဉ်းစားလိုက်သည်။ သူ၏ အမူအရာသည် အနည်းငယ် တုံ့ဆိုင်းသွားပြီး မရေမတွက်နိုင်သော ခန့်မှန်းမှုများက သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း သူက မမေးဝံ့ပေ။

ထိုသို့ဖြင့် သူက ယန်အဆီအနှစ်အကြောင်းကို တွေးတောနေစဉ် သူတို့သုံးယောက်သည် ကောင်းကင်ပေါ်မှာ မြန်ဆန်စွာ ရွေ့လျားနေကြသည်။ အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

နှစ်နာရီကြာပြီးနောက် ရွှီချင်း၏ ပုံရိပ်သည် လေထဲမှာ ရုတ်တရက် ရပ်တန့်သွားသည်။ နောက်အခိုက်အတန့်က သူက ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ ချော်ရည်ပေါ်မှ လမ်းကြောင်းငယ်တစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

ထိုလမ်းကြောင်းသည် အေးစက်သော လေကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယခုအချိန်မှာ အရည်ပျော်နေသည်။ ယင်းက လုံးလုံးပျောက်ကွယ်သွားရန် အချိန်သိပ်ကြာမြင့်လိမ့်မည် မဟုတ်ချေ။

ထိုနေရာတွင် ခြောက်ကပ်နေသော အလောင်းတစ်လောင်း ရှိသည်။

ယင်းက လူသားအလောင်းဖြစ်သည်။

ရွှီချင်းသည် အလောင်းကို ကြည့်လိုက်သည်။ ခေါင်းဆောင်သည်လည်း အလောင်းကို အကြိမ်ရေအနည်းငယ် စစ်ဆေးကြည့်လိုက်သည်။

“ ငါသူ့ကို အရင်က မြင်ဖူးတယ်… သူက မင်းသားကြီးရဲ့ အစောင့်အကြပ်တစ်ယောက်ပဲ ”

“ အခုပုံအရဆိုရင် သူက အသက်ရှင်နေချိန်မှာ ကြီးမားတဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်တွေကို တွေ့ကြုံခဲ့ရတဲ့ပုံပဲ… သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ကြာပွတ်ရာတွေက အရမ်းထင်ရှားတယ်… သူက အနည်းဆုံး ကြာပွတ်အချက်တစ်ထောင်ကို ခံစားခဲ့ရလိမ့်မယ်… သူ့ရဲ့ အသွေးအသား၊ ကျင့်ကြံခြင်းနဲ့ သူရဲ့ ဝိညာဉ်က ဖြည်းဖြည်းချင်းစီ တိုက်စားခံခဲ့ရပြီး ဝါးမျိုခံခဲ့ရတယ်… သူသေဆုံးသွားရတဲ့ အဓိက အကြောင်းအရင်းက အားအင်ကုန်ခမ်းသွားတာကြောင့်ပဲ ”

ကျူးချွယ်ဇီသည် နှုတ်ဆိတ်နေသည်။ သူက မည်သည့်စကားမှ မပြောဝံ့ပေ။

ရွှီချင်းသည် အသက်ရှူချိန်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် အလောင်းကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ကျူးချွယ်ဇီကို ကြည့်လိုက်သည်။

“ အခု သူတို့က သိပ်မဝေးလောက်ဘူး… မင်း ငါ့နောက်ကို အချိန်တစ်ခုထိ လိုက်စရာမလိုဘူး… အဲ့ဒီအစား ဒီအနီးနားကို စစ်ဆေးကြည့်ပြီး လူသားအလောင်းတွေကို လိုက်စုဆောင်းပေးပါ ”

ကျူးချွယ်ဇီက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ရွှီချင်းသည် မည်သည့်စကားမှ ထပ်မပြောပေ။ သူက လေထဲသို့ ချက်ချင်း မြှောက်တတ်သွားသည်။ ဝုန်းခနဲ မြည်ဟိန်းသံသည် ပေါက်ကွဲထွက်လာပြီး ကြမ်းကြုတ်သော လေပြင်းက တိုက်ခတ်လာသည်။ သူက အမြန်ဆုံး အလျင်ကို အသုံးပြုပြီး အဝေးမှ ကောင်းကင်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

သူက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးမြန်ဆန်လာလေရာ ကောင်းကင်ပေါ်တွင် အလင်းတန်းစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ခေါင်းဆောင်၏ တစ်ကိုယ်လုံးသည် အပြာရောင်အလင်း တလက်လက်တောက်ပလာပြီး ရွှီချင်း၏ ဘေးမှ လိုက်ပါသွားသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပိုပြီး သိပ်သည်းလာနေကြောင်း သူအာရုံခံနိုင်သည်။ ထို့ကြောင့် သူ၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။

“ ချင်းလေးက မွေးရာပါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒပြင်းထန်တဲ့သူပဲ… သူက အဲ့ဒါကို နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ထားခဲ့တယ်… ဒါပေမဲ့ အဲ့ဒီလို နှစ်တွေအကြာကြီး ဖိနှိပ်ထားတာက သူ့အတွက် ကောင်းမွန်တဲ့အရာတော့ မဟုတ်ဘူး ”

“ သတ်ပစ်… ဘာမှမစဉ်းစားနဲ့… ဘာအချုပ်အနှောင်မှ မထားနဲ့… ငါတို့ကျင့်ကြံသူတွေဟာ အချုပ်အနှောင်တွေထဲကနေ ရုန်းထွက်ဖို့အတွက် စိတ်ဓာတ်တတ်ကြွနေရမယ် ”

ခေါင်းဆောင်သည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး ရွှီချင်းနောက်သို့ လိုက်သွားသည်။

တစ်နာရီကြာပြီးနောက် အရိုးနဂါးရထားလုံးနှင့် ရထားလုံးကို ဆွဲနေသော လူသားကျင့်ကြံသူရာပေါင်းများစွာက ရွှီချင်း၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

“ စီနီယာအကိုကြီး… ဒီတိုက်ပွဲကို ငါတစ်ယောက်တည်း တိုက်ခိုက်ချင်တယ်… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ဒီကောင်းကင်အရွေးချယ်ခံက ဘယ်လောက်သန်မာလဲ ငါမြင်ချင်တယ် ”

“ တကယ်လို့ ငါက သူ့ပြိုင်ဘက်မဟုတ်ဘူးဆိုရင် ကျေးဇူးပြုပြီး သူ့ရဲ့ တားမြစ်တောင်တွေကို လုယက်ပေးပါ ”

ခေါင်းဆောင်သည် ပြုံးလိုက်ပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်သည် လောင်ကျွမ်းနေသော ဥက္ကာပျံတစ်စင်းနှယ် ဖြစ်လာသည်။ သူ၏ အမြန်နှုန်းသည် ကောင်းကင်ပေါ်မှ အနက်ရောင် တိမ်မည်းများကို တအိအိလှုပ်ရှားထကြွသွားစေသည်။ သူက ကောင်းကင်ပေါ်တွင် ရပ်နေသော အရိုးနဂါးရထားလုံးဆီသို့ တန်းမတ်စွာ ပျံသန်းသွားလေရာ ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်လာသည်။

သူဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် ပေါက်ကွဲသွားပြီး လောကကြီးသည် တုန်လှုပ်သွားသည်။

ဝိညာဉ်ချည်မျှင်သန်းပေါင်းများစွာသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာကြသည်။ ရွှီချင်းက အနားကပ်လာသည်နှင့်အမျှ သူ၏ အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ထိုဝိညာဉ်ချည်မျှင်များက အတူတကွ ပေါင်းစည်းသွားပြီးနောက် ရွှီချင်း၏ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းလိုက်သည်။

သူ၏ အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ဗလာနတ္ထိပထမအဆင့်နှင့် နှိုင်းယှဉ်နိုင်သွားသည်။

မုန်တိုင်းတစ်ခု ပေါ်ထွက်လာသည်။

ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ နောက်အခိုက်အတန့်မှာ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကို အခြေခံအုတ်မြစ်ထား၍ ဝိညာဉ်ချည်မျှင်များသည် လူးလွန့်လှုပ်ရှားသွားပြီး ဒုတိယနတ်ဘုရားအသွင်သဏ္ဍန်ကို ဖွဲ့စည်းလိုက်သည်။

သူ၏ အရှိန်အဝါသည် နောက်တဖန် ပေါက်ကွဲထွက်လာပြီး ဗလာနတ္ထိဒုတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သွားသည်။

သူ၏ အရှိန်အဝါသည် သက်တံ့ကို ဖောက်ထွင်းသွားသည်။

ထို့နောက် ဝိညာဉ်ချည်မျှင်အားလုံးက စုစည်းသွားသည့်အခါ တတိယနတ်ဘုရားအသွင်သဏ္ဍာန်က ထွက်ပေါ်လာသည်။

သူ၏ တိုက်ပွဲစွမ်းအားသည် ဗလာနတ္ထိတတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်သွားပြီး ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်သည်။

အဝေးမှကြည့်လျှင် ရက်စက်ကြမ်းကြုတ်ပြီး ရှည်လျားသော ပုံရိပ်တစ်ခုကို မြင်ရလိမ့်မည်။ ပုံရိပ်၏ ခန္ဓာကိုယ်သည် သလင်းကျောက်အရိုးစုဖြစ်ပြီး သွေးနီရောင်ဝတ်ရုံကို ခြုံထားသည်။ မရေမတွက်နိုင်သော သွေးနီရောင်ချည်မျှင်များက သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် အသွေးအသားများအဖြစ် စုဝေးသွားပြီး ရွှီချင်းကို နတ်မိစ္ဆာတစ်ပါးနှင့် ဆင်တူစေသည်။

သူ၏ အနောက်တွင် ပုံရိပ်ရောင်ခရမ်းလတစ်စင်းက အပေါ်သို့ မြှောက်တတ်သွားသည်။ ခရမ်းလ၏ အပေါ်တွင် နေနာရီက ဖြစ်ပေါ်လာသည်။ နေနာရီက ဖြည်းညင်းစွာ လှည့်ပတ်သွားသည့်အခါ ရွှီချင်းသည် နီလာနတ်သမီး၏ အသွေးအသားတစ်တုံးကို ထုတ်ယူလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ဝါးမျိုလိုက်သည်။

သူ၏ အသွေးအသားသည် ပေါက်ကွဲထွက်သွားပြီး သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် တုန်ယင်လာသည်။ သူ၏ အသွင်သဏ္ဍာန်သည် နီလာနတ်သမီးနှင့် အနည်းငယ် ဆင်တူသည်။ သို့သော်လည်း သေချာအနီးကပ်ကြည့်မည်ဆိုလျှင် သူက လီဇီဟွား၏ တည်ရှိမှုအရိပ်အယောင်ကို ပေးစွမ်းသည်။

သူ၏ အရှိန်အဝါသည် ထပ်မံ မြင့်တတ်သွားပြီး ဗလာနတ္ထိစတုတ္ထအဆင့်သို့ ရောက်ရှိသွားသည်။

ဤသည်မှာ ရွှီချင်း၏ အသန်မာဆုံး တိုက်ပွဲစွမ်းအား ဖြစ်သည်။

အရိုးနဂါးရထားလုံး၏ အရှေ့မှ လူသားကျင့်ကြံသူရာပေါင်းများစွာသည် အမူအရာပြောင်းလဲသွားကြသည်။ လူတချို့က နတ်ဘုရားအသွင်သဏ္ဍာန်ထဲမှ ရွှီချင်း၏ အသွင်ပုံစံကို ရေးတေးတေး မှတ်မိသွားကြသောအခါ သူတို့၏ နှလုံးထဲမှာ လှိုင်းထသွားကြသည်။

အထူးသဖြင့် မင်းသားကြီးဖြစ်သည်။ ရောက်ရှိလာသူက ရွှီချင်းဖြစ်ကြောင်း မြင်သွားသောအခါ သူက နှလုံးတုန်သွားသည်။

သူက ရွှီချင်းနှင့် တစ်ခါမှ စကားမပြောဖူးသော်လည်း သူ့ကို အကြိမ်ရေအနည်းငယ် မြင်ဖူးသည်။ သို့သော်လည်း ရွှီချင်း၏ သရုပ်နှင့် ဤတစ်ကြိမ် တစ်ဖက်လူ ထမ်းဆောင်ရမည့် တာဝန်ကို သူသိထားသည်။

ထို့ကြောင့် ရွှီချင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ ထွက်ပေါ်လာကြောင်း မြင်လိုက်ရသောအခါ သူက အံ့ဩထိတ်လန့်သွားသည်။ သူက ရွှီချင်းကို သတိပေးတော့မည့်အချိန် မရေမတွက်နိုင်သော ကြာပွတ်များသည် သူတို့၏ အနောက်မှာ ထွက်ပေါ်လာကြပြီး သူတို့၏ ခန္ဓာကိုယ်ကို ချက်ချင်း ရစ်ပတ်သွားကြသည်။

ယင်းတို့က သူတို့၏ ပါးစပ်များနှင့် နတ်ဘုရားစိတ်အာရုံကိုပါ ပိတ်ဆို့လိုက်သည်။ ဆက်သွယ်ရေးနည်းလမ်းအားလုံးကို ပိတ်ဆို့ပြီးနောက် ရယ်မောသံသည် နဂါးဦးခေါင်းခွံထဲမှ ပျံ့လွင့်လာသည်။ နောက်အခိုက်အတန့်မှာ မင်းသားမင်နန်သည် နေရာမှာ ပျောက်ကွယ်သွားပြီး အပြင်လောကမှာ ပြန်ပေါ်လာသည်။

ရွှီချင်းက မြန်ဆန်စွာ ချဉ်းကပ်လာနေသည်ကို မြင်သွားသောအခါ စိတ်ဝင်စားသော အရိပ်အယောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ တကယ်ကြီး မင်းရောက်လာတာပဲ ”

“ မင်းရဲ့ အသွင်ပြောင်းအတတ်ပညာက မဆိုးဘူး… စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ ”

“ အစကတော့ ငါက လူသားမျိုးနွယ်ရဲ့ ကောင်းကင်အရွေးချယ်ခံကို စိတ်မဝင်စားဘူး… ဒါပေမဲ့ ငါ့မျိုးနွယ်ရဲ့ လူအများအပြားကို သတ်ဖြတ်ပြီး ဒီလိုနတ်ဘုရားအတတ်ပညာတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတော့ မင်းက အရည်အချင်းရှိသားပဲ… ဒါပေမဲ့ ငါ့အတွက် ရထားလုံးကို မင်းဆွဲပေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ငြင်းဆန်ပြီး ရထားလုံးအရှေ့မှာ မင်းရဲ့ ခေါင်းကို ချိတ်ဆွဲတာပဲဖြစ်ဖြစ် မင်းက အလှတန်ဆာပစ္စည်းတစ်ခုထက် မပိုပါဘူး ”

သူက စကားပြောပြီးနောက် ကြောက်စရာကောင်းသော အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသော ရွှီချင်းထံသို့ လမ်းလျှောက်သွားသည်။

All Chapters