← Chapters

အထွတ်အထိပ်တိုက်ပွဲ

Vol. 81 Ch. 1243

အထွတ်အထိပ်တိုက်ပွဲ

Vol. 81 Ch. 1243

ရွှီချင်းက ချဉ်းကပ်လာသည်။

ဧရာမသတ္တဝါကြီးများသဖွယ် အောက်မေ့ရသော အနက်ရောင်တိမ်တိုက်များသည် ဖိနှိပ်ခံလိုက်ရပြီး အမင်္ဂလာနိမိတ်ကို ပေးသည်။

မင်းသားမင်နန်က လမ်းလျှောက်နေစဉ် အနက်ရောင်ကောင်းကင်အောက်၌ တိမ်တိုက်များသည် စတင်လှုပ်ရှားလာကြသည်။ ယင်းတို့က ကြမ်းတမ်းသော လေပြင်းကြောင့် ဖြစ်ပေါ်လာသော ဆူနာမီလှိုင်းလုံးများနှင့် ဆင်တူသည်။ လျှပ်စီးသည် တိမ်တိုက်များကြားထဲမှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။ ဤသည်မှာ ငွေရောင်မြွေများက တိမ်တိုက်များကြားထဲမှာ ကူးခတ်နေကြသည့်အလားပင်။ ယင်းတို့က ရှေးဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

မိုးခြိမ်းသံသည် ထစ်ချုန်းသွားပြီး ကောင်းကင်သည် တုန်လှုပ်သွားသည်။ ဤသည်မှာ ဧရာမသားရဲတစ်ကောင်က မာန်ဖီဟိန်းဟောက်နေသည့်အလားပင်။

ဧရာမသားရဲသည် နိုးထလာသည်။

ကြီးမားကျယ်ပြောသော မုန်တိုင်းတစ်ခုသည် မင်းသားမင်နန်၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ရုတ်တရက် ဖြစ်ပေါ်လာသည်။

ကြမ်းတမ်းသော လေပြင်းသည် ဓားသွားတစ်ခုနှင့် ဆင်တူပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ ယင်းက တိမ်တိုက်များကို အဝေးသို့ လွင့်စင်သွားစေပြီး ချော်ရည်ပင်လယ်ကို လှုပ်ခါသွားစေသည်။ နောက်ဆုံးမှာတော့ မီးတောက်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

အရိုးနဂါးရထားလုံးသည်ပင် ကြမ်းတမ်းသော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကွဲပျက်စီးလုနီးပါး ဖြစ်သွားသည်။ ဤသည်မှာ ၎င်းက နောက်အခိုက်အတန့်မှာ မီးတောက်မုန်တိုင်း၏ ဝါးမျိုခံရတော့မည့်အလားပင်။

လူသားကျင့်ကြံသူများသည်တော့ ကြမ်းတမ်းသော လေပြင်းတိုက်ခတ်မှုကြောင့် လွင့်စင်သွားတော့မည့် သစ်ရွက်များနှင့် ဆင်တူသည်။ ချက်ချင်းဆိုသလို ဖရိုဖရဲမြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ရွှီချင်း၏ ပုံရိပ်သည်တော့ ထိုမုန်တိုင်း၏ အဓိကပစ်မှတ်ဖြစ်လာသည်။ မင်းသားမင်နန်၏ ပါးစပ်ထောင့်သည် အထင်သေးရှုံ့ချစွာ တွန့်ကွေးသွားသည်။ ထို့နောက် မုန်တိုင်းသည် ရွှီချင်းဆီသို့ ဦးတည်ရွေ့လျားသွားသည်။

ဤသည်မှာ လောကကြီးက ကြမ်းကြုတ်သော မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရွှီချင်းကို အကြမ်းပတမ်း ဝါးမျိုချင်နေသည့်အလားပင်။

ရွှီချင်း၏ စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်သည် မုန်တိုင်း၏ အမျက်ဒေါသကို ပထမဆုံး ခံစားရသူဖြစ်သည်။ ယင်းက မုန်တိုင်းနှင့် တိုက်ရိုက် တွေ့ဆုံသွားသည်။ မင်းသားကြီးနှင့် သူ၏ လက်အောက်ငယ်သားများသည် အမူအရာပျက်ယွင်းသွားကြသည်။

သူတို့သည် မင်းသားမင်နန်နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသောကြောင့် သူက မည်မျှကြောက်စရာကောင်းကြောင်း သူတို့သိထားကြသည်။ ရွှီချင်းက အားမနည်းသော်လည်း မီးတောက်မုန်တိုင်း၏ ဝါးမျိုခံလိုက်ရသော သူ့ပုံရိပ်က ယခုအချိန်မှာ ဝေဝါးနေပြီး အလွန်သေးနုတ်နေပုံပေါ်သည်။

မုန်တိုင်းထဲတွင် မီးလျှံမိုးသည် ရွာသွန်းလာပြီး လောကကြီးကို လွှမ်းခြုံသွားသည်။

မုန်တိုင်း၏ စွမ်းအားသည် အလွန်သန်မာသောကြောင့် တိမ်တိုက်များနှင့် မြူခိုးကိုပင် ကင်းစင်သွားစေသည်။ မြေပြင်ပေါ်တွင်လည်း ကြီးမားသော အက်ကွဲကြောင်းများက ထွက်ပေါ်လာကြသည်။ ထိုစွမ်းအား၊ ထိုခွန်အားသည် ၎င်း၏ ရန်သူအားလုံးကို သေးနုတ်သည်ဟု ခံစားရစေနိုင်သည်။

သို့သော်လည်း ထိုထဲမှာ ရွှီချင်းမပါဝင်ပေ။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ မုန်တိုင်းသည် ကျယ်လောင်သော မြည်ဟိန်းသံကို ထုတ်လွှတ်လာသည်။ ဝုန်းခနဲ မြည်သံများကြားမှာ ထူးဆန်းသော စွမ်းအင်တစ်မျိုးသည် မုန်တိုင်းကို ဖိနှိပ်ရန် မုန်တိုင်းထဲမှာ ထွက်ပေါ်လာသည်။

ယင်းက ဆေဘာဓားတစ်လက် ဖြစ်သည်။

ဆေဘာဓားသည် ကောင်းကင်နှင့် ထိစပ်နေဟန် ရသည်။

အေးစက်စက် အဖြူရောင်ဆေဘာဓားအလင်းသည် အနက်ရောင်ကောင်းကင်နှင့် ပေါင်းစပ်သွားပြီး အဖြူအနက်ပန်းချီကားတစ်ချပ်ကို ဖန်တီးလိုက်သည်။

ဆေဘာဓားက မုန်တိုင်း၏ အတွင်းပိုင်းထဲမှ ထွက်ပေါ်လာသောအခါ မုန်တိုင်းသည် ပေါက်ကွဲသံများကို တရစပ် ထုတ်လွှတ်လိုက်သည်။

ဗုန်း… ဗုန်း… ဗုန်း…

ဆေဘာဓားအလင်းသည် ပေါက်ကွဲထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။ ဤအခိုက်အတန့်မှာ ၎င်းက မုန်တိုင်းထဲမှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ထိုဆေဘာဓားထဲမှာ စိတ်ဝိညာဉ်တစ်ခုလည်း ကိန်းအောင်းနေသည်။

၎င်းက အချုပ်အနှောင်အားလုံး၊ စည်းမျဉ်းအားလုံးနှင့် အဟန့်အတားအားလုံးကို ချိုးဖျက်နိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

ကောင်းကင်သည် တုန်ယင်သွားပြီး တိမ်တိုက်များသည် ဆုတ်ဖြဲခံလိုက်ရသည်။ ထို့နောက် ကီလိုမီတာ(၅၀၀) ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာ မုန်တိုင်းသည် ပြိုကွဲပျက်စီးသွားသည်။ အကြွင်းအကျန်လေနှင့် မီးတောက်များသည် ဥက္ကာပျံများသဖွယ် ဘေးပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။

မြေပြင်သည် ပင်လယ်သဖွယ် လှုပ်ရှားထကြွသွားပြီး ကီလိုမီတာ(၅၀၀) ရှည်လျားသော လျှိုမြောင်တစ်ခု ထွက်ပေါ်လာသည်။ အကယ်၍ သေမျိုးတစ်ယောက်သာ လျှိုမြောင်၏ အစွန်းတစ်ဖက်တွင် ရပ်နေပြီး အောက်သို့ ငုံ့ကြည့်မည်ဆိုလျှင် အောက်ခြေမရှိကြောင်း မြင်တွေ့ရလိမ့်မည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဗလာနတ္ထိကျင့်ကြံသူတစ်ယောက်၏ လုပ်နိုင်စွမ်းကို စိတ်ကူးကြည့်နိုင်ပေသည်။

မုန်တိုင်းက ပြိုကွဲပျက်စီးသွားပြီး ကောင်းကင်ဆေဘာဓား၏ အလင်းရောင်က လွင့်ပြယ်သွားသည့်အခါ ရွှီချင်း၏ နတ်မိစ္ဆာပုံရိပ်က ထွက်ပေါ်လာသည်။ သူက အဆုံးမဲ့သော အရှိန်အဟုန်၊ ကြောက်မက်ဖွယ်ကောင်းသော အင်အားနှင့်အတူ မင်းသားမင်နန်၏ အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။

တည်ကြည်လေးနက်သော အရိပ်အယောင်သည် မင်းသားမင်နန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ လက်သီးထိုးလိုက်သည်။

မိုးခြိမ်းသံသည် ပဲ့တင်ထပ်သွားသည်။

သူတို့နှစ်ယောက်သည် လုံးဝတုံ့ဆိုင်းမနေဘဲ တိုက်ခိုက်ကြသည်။ သူတို့၏ အလျင်သည် အလွန်မြန်ဆန်လေရာ စက္ကန့်ပိုင်းအတွင်းမှာ အကြိမ်ပေါင်းတစ်ထောင်ကျော် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။

ထိုအတောအတွင်းမှာ မင်းသားမင်နန်၏ အသက်ရှူခြင်းသည် (၁၇)ကြိမ်အထိ ထွက်ပေါ်ခဲ့သည်။

သူအသက်ရှူလိုက်သည့်အခါတိုင်း နဂါးတစ်ကောင်က ပင်လယ်ရေကို စုပ်ယူလိုက်သည့်အလား အောက်မေ့ရသည်။ သူ၏ အသက်ရှူသံသည် ကျယ်လောင်ရုံသာမက ဘေးပတ်ဝန်းကျင်မှ စွမ်းအင်အားလုံးသည် သူ၏ ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရသည်။

ထို့နောက် သူ၏ ရုပ်ခန္ဓာကိုယ်စွမ်းအားသည် သိသာစွာ တိုးမြှင့်သွားသည်။

ရွှီချင်းသည် ထိုမန္တန်အား မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများက အသုံးပြုခြင်းကို ယခင်က မြင်ဖူးသည်။ ခေါင်းဆောင်၏ ရှင်းပြချက်ကြောင့်ဖြစ်စေ သို့မဟုတ် ကျူးချွယ်ဇီ၏ ပြောပြမှုကြောင့်ဖြစ်စေ ရွှီချင်းသည် ထိုမန္တန်ကို ကောင်းမွန်စွာ နားလည်ခဲ့သည်။

ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အင်မော်တယ်စွမ်းအင် သုံးဆယ့်ခြောက်မျိုးထဲမှ အင်ပါယာအဆင့် စွမ်းအင်အတတ်ပညာတစ်မျိုး ဖြစ်သည်။

ယင်းက ယေဘုယျအားဖြင့်သာ ဖြစ်သည်။ အတိအကျဆိုရလျှင် အင်မော်တယ်စွမ်းအင်(၃၆)မျိုးသည် အင်ပါယာအဆင့် စွမ်းအင်အတတ်ပညာ(၃၆)မျိုးကို ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာသော အထွတ်အထိပ် အတတ်ပညာတစ်ခုဖြစ်သည်။

အသက်ကိုးခါရှူ တိုက်ပွဲမန္တန်သည် စွမ်းအင်အတတ်ပညာ(၃၆)မျိုးထဲမှ တစ်မျိုးသာ ဖြစ်သည်။

ယင်း၏ နာမည်က အသက်ကိုးခါရှူဖြစ်သော်လည်း ကိုးကြိမ်သည် ၎င်း၏ အကန့်အသတ်မဟုတ်ပေ။ မတူညီသော ကျင့်ကြံသူများ၏ နားလည်သဘောပေါက်မှုပေါ် မူတည်၍ ယင်းက ကွဲပြားခြားနားသွားသည်။

သို့ဖြစ်၍ (၁၇)ကြိမ် အသက်ရှူပြီး (၁၇)ကြိမ် စွမ်းအင်တိုးမြှင့်ပြီးနောက် မင်သားမင်နန်၏ ရုပ်ခန္ဓာကိုယ်စွမ်းအားသည် ကြောက်စရာကောင်းသော အဆင့်ထိ ရောက်ရှိသွားသည်။

သို့သော်လည်း ရွှီချင်းသည် ယင်းကို တောင့်ခံနိုင်သည်။

သူက တန်ပြန်တိုက်ခိုက်လိုက်သေးသည်။

ကောင်းကင်ဘုံဆေဘာဓားသည် ဒုတိယအကြိမ် ဆင်းသက်လာသည်။ ထိုထဲမှာ ကိန်းအောင်းနေသော စိတ်ဝိညာဉ်သည်လည်း ပိုပြီးအားကောင်းလာပြီး ရှင်းလင်းလာသည်။

ရလဒ်အနေဖြင့် သူတို့နှစ်ယောက်၏ ထိပ်တိုက်တွေ့ဆုံမှုမှ ထုတ်လွှတ်လာသော အသံသည် အလွန်အမင်း ကျယ်လောင်သည်။ သို့သော်လည်း သူတို့နှစ်ယောက်က နားချိန်မယူဘဲ တရစပ် တိုက်ခိုက်နေသောကြောင့် ထိုအသံများသည် စုပေါင်းသွားပြီး စကြာဝဠာ၏ ဖန်တီးမှုနှင့်ဆင်တူသော ဟိန်းသံအဖြစ်သို့ ပြောင်းလဲသွားသည်။

အရိုးနဂါးရထားလုံးသည် အားလှိုင်းများကို မတောင့်ခံနိုင်သောကြောင့် အဝေးသို့ လွင့်စင်သွားသည်။

မရေမတွက်နိုင်သော အက်ကွဲကြောင်းများသည် မြေပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ကောင်းကင်ကို ဖုံးလွှမ်းထားသော တိမ်တိုက်များနှင့် မြူခိုးသည် လုံးဝကင်းစင်သွားပြီး ရှင်းလင်းသော ကောင်းကင်က ထွက်ပေါ်လာသည်။

ယင်းက ညကောင်းကင်ဖြစ်သည်။ ကြယ်များက ပြန့်ကျဲနေစဉ် ကောင်းကင်ပေါ်မှာ တည်ရှိနေသော နတ်ဘုရားမျက်နှာပျက်ကြီးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

နတ်ဘုရားမျက်နှာပျက်ကြီး၏ အောက်မှာ ရွှီချင်းနှင့် မင်းသားမင်နန်က ဆက်လက် တိုက်ခိုက်နေဆဲပင်။

စွမ်းအင်လှိုင်းများသည် သူတို့နှစ်ယောက်ကို ဗဟိုထား၍ ပျံ့နှံ့သွားကြသည်။ မည်သည့်စွမ်းအင်လှိုင်းဂယက်မဆို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ကိန်းအောင်းနေသည်။

ထိုမြင်ကွင်းကို အဝေးမှ ခေါင်းဆောင်နှင့် တခြားဦးတည်ရာဘက်မှ မင်းသားကြီးက မြင်သွားသောအခါ သူတို့၏ နှလုံးသည် လှိုင်းထသွားသည်။

“ စိတ်ဝိညာဉ်ပါဝင်နေတဲ့ ဓားချက်ပဲ… ချင်းလေးက နောက်ဆုံးမှာ သူ့ကိုယ်ပိုင်တာအိုရဲ့ သန္ဓေသားလောင်းပုံစံကို ရှာတွေ့သွားပြီလား ”

“ အဲ့ဒါက ကောင်းကင်နဲ့မြေပြင်ရဲ့ အချုပ်အနှောင်အားလုံး၊ စည်းမျဉ်းအားလုံးနဲ့ အဟန့်အတားအားလုံးကို ချိုးဖောက်နိုင်တဲ့ တာအိုပဲ… အဲ့ဒါက ရိုးရာလမ်းစဉ်ကနေ ခွဲထွက်နေတယ် ”

ခေါင်းဆောင်၏ မျက်လုံးထဲမှာ သိပ်သည်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

မင်းသားကြီး၏ အတွေ့အကြုံသည် ခေါင်းဆောင်ကဲ့သို့ မပေါများသဖြင့် သူက ခေါင်းဆောင်ကဲ့သို့ အသေးစိတ် မမြင်နိုင်ပေ။ သို့သော်လည်း သူက ထိုဓားချက်ထဲမှာ ကိန်းအောင်းနေသော စိတ်ဝိညာဉ်ကြောင့် စိတ်လှုပ်ရှားသွားသည်။

ထိုခံစားမှုကို မည်သို့ဖော်ပြရမည်ဖြစ်ကြောင်း သူမသိပေ။ သို့သော်လည်း သဟဇာတဖြစ်မှုကို ဝေဝေဝါးဝါး သူခံစားမိသည်။

ဤသည်မှာ ယင်းက သူလိုလားတောင့်တသော တာအိုဖြစ်သည့်အလားပင်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူ၏ ဦးရေပြားသည် စပ်ဖျင်းဖျင်း ဖြစ်သွားသည်။ ယင်းက ကြောက်ရွံ့မှုကြောင့် မဟုတ်ပေ။ ယင်းအစား သူ့ဝိညာဉ်၏ တုံ့ပြန်မှုကြောင့် ဖြစ်သည်။

သူတို့နှစ်ယောက်က နှလုံးတုန်နေစဉ်မှာ ပိုပြီးကြီးမားသော ပေါက်ကွဲမှုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် ရွှီချင်းနှင့် မင်းသားမင်နန်၏ ပုံရိပ်သည် အနောက်သို့ အသီးသီးဆုတ်သွားကြသည်။ ပေတစ်ထောင်အဝေးသို့ ဆုတ်ခွာသွားကြပြီးနောက် သူတို့နှစ်ယောက်သည် ရပ်တန့်သွားကြသည်။

နတ်ဘုရားအသွင်သဏ္ဍာန်နှင့် ရွှီချင်းသည် အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော်လည်း အနီးကပ် စစ်ဆေးကြည့်မည်ဆိုလျှင် သူ၏ နတ်ဘုရားအသွင်သဏ္ဍာန် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအများအပြားရှိကြောင်း မြင်နိုင်လိမ့်မည်။

သို့သော်လည်း ဝိညာဉ်ချည်မျှင်များက လူးလွန့်လှုပ်ရှားသွားသည့်အခါ ထိုဒဏ်ရာများက မြန်ဆန်စွာ ပြန်ကောင်းမွန်သွားသည်။

မင်းသားမင်နန်သည်တော့ ယခင်ကဲ့သို့ စိတ်အေးလက်အေး ရှိမနေတော့ပေ။ သူ၏ မျက်လုံးထဲမှ တည်ကြည်လေးနက်သော အရိပ်အယောင်သည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာများရှိသည်။ သို့သော်လည်း အဖြူရောင်အလင်းက ထွက်ပေါ်လာသည့်အခါ သူ၏ ဒဏ်ရာများသည် မြန်ဆန်စွာ ပြန်ကောင်းမွန်သွားသည်။

“ ငါ့ရဲ့ အသက်ကိုးခါရှူ တိုက်ပွဲမန္တန်ကို တောင့်ခံနိုင်တယ်ဆိုတော့ မင်းက တကယ်ပဲ အံ့ဩဖို့ကောင်းတယ်… လူသား… မင်းရဲ့ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအတတ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ”

“ ဒါပေမဲ့ မင်းက ငါ့ရဲ့… ”

မင်းသားမင်နန်သည် စကားဆုံးအောင် မပြောနိုင်ခင်မှာ သူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး အနောက်သို့ မြန်ဆန်စွာ ဆုတ်သွားသည်။ သူက အနောက်ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် မူလက သူရှိနေသော နေရာသည် ပြိုကွဲထွက်သွားသည်။

ဟင်းလင်းပြင်သည် အက်ကွဲသွားသည်။

ထူးဆန်းသော အလင်းရောင်နှင့် သံချောင်းသည် အက်ကွဲသွားသော ဟင်းလင်းပြင်ထဲမှ ပျံသန်းထွက်ပေါ်လာပြီး ရွှီချင်း၏ ဘေးသို့ ပြန်သွားသည်။

“ မင်း… ”

မင်းသားမင်နန်၏ အမူအရာသည် မည်းမှောင်သွားသည်။

“ သောက်စကားများတယ် ”

ရွှီချင်း၏ အသံသည် တည်ငြိမ်သည်။ သူ၏ အသံက မြည်ဟိန်းထွက်လာသည်နှင့်ချက်ချင်း သူက မင်းသားမင်နန်ဆီသို့ လျှပ်စီးတန်းပမာ အမြန်နှုန်းဖြင့် ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပုတ်လိုက်သည်။ ချက်ချင်းဆိုသလို ရွှေကျီးကန်းအော်သံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

အနက်ရောင်မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ရွှေကျီးကန်းကို ဖွဲ့စည်းလိုက်သည်။ ရွှေကျီးကန်းသည် မီးတောက်ပင်လယ်တစ်ခုကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် ၎င်းက ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

၎င်း၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ ဤသည်မှာ ၎င်း၏ အသွေးအသားများက ဖယ်ရှားခံနေရသည့်အလားပင်။ နောက်ဆုံးမှာတော့ ရွှီချင်း၏ လက်ထဲတွင် အနက်ရောင်လှံတစ်ချောင်းသာ ကျန်နေခဲ့သည်။ သူက လှံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ယင်းကို မင်သားမင်နန်ဆီသို့ ပစ်လွှတ်လိုက်သည်။

သံချောင်းသည်လည်း ထွန်းလင်းတောက်ပလာသည်။ သံချောင်း၏ ဘေးပတ်ပတ်လည်မှာ မရေမတွက်နိုင်သော အနက်ရောင်လျှပ်စီးများက ရစ်ပတ်နေကြသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မင်းသားမင်နန်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အားနည်းချက်ကို သူသိသည်။ ယင်းက ခမည်းတော် သူ့ကို မကြာခဏပြောခဲ့သော သူ၏ မောက်မာထောင်လွှားမှုဖြစ်သည်။

သူ၏ အဆင့်အတန်းနှင့် သူ့မျိုးနွယ်၏ အလုံးစုံအင်အားကြောင့် သူက တိုက်ပွဲအများအပြားကို ရင်ဆိုင်ခဲ့ဖူးသော်လည်း သေခြင်းရှင်ခြင်းအတွေ့အကြုံသည်တော့ နည်းပါးသည်။ အထူးသဖြင့် ဤမျိုးဆက်ထဲတွင် သူ့အား သေခြင်းရှင်ခြင်းအခြေအနေသို့ရောက်အောင် တွန်းအားပေးနိုင်သူသည် အနည်းငယ်သာ ရှိသည်။

ချောမွေ့သော ဘဝဖြတ်သန်းမှုသည် သူ့အား ဂုဏ်သိက္ခာမြင့်မားစေပြီး စိတ်အေးလက်အေးရှိစေသည်။ သို့သော်လည်း ယင်းကြောင့် သူ့မှာ အားနည်းချက်များ ရှိလာသည်။

ထို့ကြောင့် သူက မဟာအမဲလိုက်ပွဲတော်မှာ ပါဝင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ခွန်အားကို ကောင်းကင်ဘုံဆန့်ကျင်သော မဟာတာအိုအဖြစ်သို့ မပြောင်းလဲပစ်ခင် သူက စစ်မှန်သော သေခြင်းရှင်ခြင်းအဓိပ္ပာယ်ကို နားလည်ရန် လိုအပ်သည်။

ယခု သူစောင့်ဆိုင်းနေသော အခွင့်အရေးက ရောက်ရှိလာပြီဖြစ်ကြောင်း ရေးတေးတေး သူခံစားမိသွားသည်။

ထို့ကြောင့် သူ၏ မည်းမှောင်နေသော မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။ ရွှီချင်းက အနားကပ်လာသည်နှင့်ချက်ချင်း သူက လက်မြှောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ သူ၏ လက်ဝါးကို ဖြန့်ထုတ်လိုက်ကာ အကြမ်းပတမ်း လက်သီးဆုပ်လိုက်သည်။

ဤသည်မှာ သဏ္ဍာန်မဲ့လက်ဝါးတစ်ခုဖြင့် ချေမွခံလိုက်ရသည့်အလား ကြီးမားသော ဟင်းလင်းပြင်ဧရိယာက ပြိုကွဲပျက်စီးသွားသည်။ ထို့နောက် မရေမတွက်နိုင်သော မိုးရေစက်များသည် ကမ္ဘာမြေပေါ်သို့ ကျဆင်းလာကြသည်။ ယင်းတို့က ပျံသန်းလာနေကြသော သံချောင်းနှင့် အနက်ရောင်လှံကို အတိုင်းအတာတစ်ခုထိ နှောင့်ယှက်လိုက်သည်။

ကြယ်တာရာကောင်းကင်သည် ဤအခိုက်အတန့်မှာ ထင်ရှားလာသည်။

ကြယ်တာရာကောင်းကင်ထဲ၌ ကြယ်ကိုးလုံးသည် တမူထူးခြားစွာ ထိန်ထိန်လင်း တောက်ပနေကြသည်။ ယင်းတို့က ကောင်းချီးမင်္ဂလာနိမိတ်ကို ထုတ်ဖော်နေကြပြီး လက်ချောင်းတစ်ချောင်းအသွင်သို့ အတူတကွ ပေါင်းစည်းသွားကြသည်။

မင်းသားမင်နန်သည် ညာလက်ကို အောက်ချလိုက်ပြီး ရွှီချင်းဆီသို့ လက်ညှိုးညွှန်လိုက်သည်။

“ ကြယ်လက်ချောင်းက အရှေ့ဘက်ကို ညွှန်တယ်… အဲ့ဒီနေရာက အရာအားလုံးက နွေဦးဖြစ်လာတယ် ”

ကောင်းကင်ပေါ်မှ ကြယ်ကိုးလုံးသည် ထွန်းလင်းတောက်ပလာပြီး ကြယ်အလင်းရောင်သည် ဤနေရာမှ အလင်းရောင်အားလုံးကို အစားထိုးလိုက်သည်။ ထို့နောက် ပုံရိပ်ယောင် လက်ချောင်းတစ်ချောင်းသည် ရွှီချင်း၏ အရှေ့ဘက်မှာ ထွက်ပေါ်လာသည်။

ထိုလက်ချောင်းသည် ဖော်မပြနိုင်အောင် ကြီးမားပြီး ကျယ်ပြောသော စွမ်းအားကို ထုတ်လွှတ်နေသည်။ ရွှီချင်း၏ စိတ်အာရုံထဲမှာ သူက ကြယ်တာရာကောင်းကင်တစ်ခုလုံးနှင့် ရင်ဆိုင်နေရသည့်အလားပင်။ ယင်းနှင့် နှိုင်းယှဉ်လျှင် သူက အလွန်သေးနုတ်သည်။

ထိုအင်အား၏ လွှမ်းခြုံမှုအောက်မှာ သူက တစ်စုံတစ်ခုဖြင့် ချုပ်နှောင်ခံထားရသည့်အလား ရွှီချင်း ခံစားနေရသည်။ အရာအားလုံးသည် နှေးကွေးသွားသည်။

“ ကြယ်လက်ချောင်းက တောင်ဘက်ကို ညွှန်ပြတယ်… အဲ့ဒီနေရာက အရာအားလုံးက နွေရာသီဖြစ်လာတယ် ”

ရွှီချင်းသည် နှလုံးတုန်သွားသည်။ သူက အချုပ်အနှောင်အင်အားကို ရုန်းထွက်တော့မည့်အချိန် ဒုတိယလက်ချောင်းသည် သူ၏ တောင်ဘက်မှာ ထွက်ပေါ်လာသည်။ အချုပ်အနှောင်အင်အားသည်လည်း ပိုပြီးအားကောင်းလာသည်။

“ ကြယ်လက်ချောင်းက အနောက်ဘက်ကို ညွှန်ပြတယ်… အဲ့ဒီနေရာက အရာအားလုံးက ဆောင်းဦးဖြစ်လာတယ် ”

နောက်အခိုက်အတန့်မှာ တတိယလက်ချောင်းက ထွက်ပေါ်လာသည်။

“ ကြယ်လက်ချောင်းက မြောက်ဘက်ကို ညွှန်ပြတယ်… အဲ့ဒီနေရာက အရာအားလုံးက ဆောင်းရာသီဖြစ်လာတယ် ”

မင်းသားမင်နန်၏ စကားသံက ပဲ့တင်ထပ်လာစဉ် စတုတ္ထလက်ချောင်းသည် ရွှီချင်း၏ မြောက်ဘက်မှာ ထွက်ပေါ်လာသည်။

လက်ချောင်းလေးချောင်းသည် အလွန်ကြီးမားကျယ်ပြောပြီး ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။ ဤအခိုက်အတန့်မှာ လက်ချောင်းအားလုံးသည် ရွှီချင်းကို ညွှန်ပြနေကြသည်။

ဤသည်မှာ အင်မော်တယ်စွမ်းအင် သုံးဆယ့်ခြောက်မျိုးထဲမှ ကြယ်ကိုးလုံးဖိနှိပ်ခြင်းလက်ချောင်းအတတ်ပညာ ဖြစ်သည်။

“ အရှေ့… တောင်… အနောက်… မြောက်… နွေဦး… နွေ… ဆောင်းဦး… ဆောင်း… ကြယ်လက်ချောင်းတွေညွှန်ပြတဲ့ ဘယ်နေရာမဆို မလွတ်မြောက်စေရဘူး ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ကြယ်လက်ချောင်းလေးချောင်းသည် ရွှီချင်းဆီသို့ ချက်ချင်း ဆင်းသက်လာကြသည်။

All Chapters