ကျေးဇူးတင်ပါတယ်
Vol. 81 Ch. 1244
အရှေ့ဘက်လက်ချောင်းသည် သက်စောင့်စွမ်းအားကို ဖမ်းဆုပ်ထားသည်။
ရွှီချင်း၏ အရှေ့အရပ်တွင် ထွက်ပေါ်လာသော ကြယ်လက်ချောင်းသည် သိပ်သည်းသော သက်စောင့်စွမ်းအားကို ထုတ်လွှတ်နေသည်။
အကန့်အသတ်ထက် ကျော်လွန်ခြင်းသည် မလုံလောက်ခြင်းနည်းတူ ဆိုးဝါးပေသည်။ အကန့်အသတ်ကို ကျော်လွန်ပြီးနောက် သက်စောင့်စွမ်းအားသည် ကောင်းမွန်သော အရာမဟုတ်တော့ပေ။ ယင်းက နတ်ဆိုးဆန်သောအရာ ဖြစ်လာသည်။
ထို့ကြောင့် ထိုလက်ချောင်းထဲမှ သက်စောင့်စွမ်းအားသည် မိစ္ဆာတစ်ကောင်နှင့် ဆင်တူသည်။
တောင်ဘက်လက်ချောင်းသည် ကြီးပွားတိုးတတ်ခြင်းကို ဖမ်းဆုပ်ထားသည်။
မီးတောက်များက ပေါ်လျှိုးထွက်လာသည့်အခါ ယင်းက မီးတောက်နတ်ဘုရားတစ်ပါး၏ လက်ချောင်းအသွင် ဖြစ်လာသည်။ ယင်းက ကောင်းကင်နှင့်မြေပြင်ကို ချိပ်ပိတ်ပြီး လောင်ကျွမ်းပစ်နိုင်စွမ်းရှိဟန် ရသည်။
အနောက်ဘက်လက်ချောင်းသည် ယိုယွင်းပျက်စီးခြင်းကို ဖမ်းဆုပ်ထားသည်။
ယင်းက ယိုယွင်းပျက်စီးခြင်းနှင့် အဖျက်အဆီးအရှိန်အဝါကိုသာမက အချိန်ကာလစီးဆင်းမှု၏ အငွေ့အသက်ကိုလည်း သယ်ဆောင်ထားသည်။ ဤသည်မှာ ယင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ယောက်က အရွယ်အိုမင်းမှုကို မျက်မြင်တွေ့နိုင်မည့်သဘောရှိသည်။
နောက်ဆုံးလက်ချောင်းဖြစ်သော မြောက်ပိုင်းလက်ချောင်းသည် သေခြင်းတရားကို ဖမ်းဆုပ်ထားသည်။
ဤသည်မှာ ယင်းက မြေအောက်လောကထဲမှ ထွက်ပေါ်လာသည့်အလား သေခြင်းအငွေ့အသက်ကို သယ်ဆောင်ထားသည်။
ဤအခိုက်အတန့်မှာ သက်စောင့်အစွမ်း၊ သေခြင်းအငွေ့အသက်၊ ယိုယွင်းပျက်စီးခြင်းနှင့် ကြီးပွားတိုးတတ်ခြင်းကို အသီးသီး သယ်ဆောင်ထားသော ကြယ်လက်ချောင်းလက်ချောင်းသည် တစ်ပြိုင်နက် ဆင်းသက်လာကြသည်။ ထိုမန္တန်ကို မြင်လိုက်သောအခါ မင်းသားကြီး၏ အမူအရာသည် ပြောင်းလဲသွားပြီး သူက စိုးရိမ်ကြောင့်ကြလာသည်။
အဘယ့်ကြောင့်ဆိုသော် သူက ထိုကြယ်ကိုးလုံးဖိနှိပ်ခြင်းလက်ချောင်းအောက်မှာ ရှုံးနိမ့်သွားခဲ့သောကြောင့် ဖြစ်သည်။
အတိအကျဆိုရလျှင် သူက သွေးမျိုးဆက်စွမ်းအားကို ထုတ်လွှတ်ပြီးနောက် ကြယ်ကိုးလုံးဖိနှိပ်ခြင်းလက်ချောင်းကို ချိုးဖြတ်နိုင်ခဲ့သော်လည်း ထိုမန္တန်၏ နောက်ကွယ်မှ လျှို့ဝှက်လူသတ်ကွက်ကြောင့် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
‘ ကြယ်ကိုးလုံးဖိနှိပ်ခြင်းလက်ချောင်းက အပေါ်ယံပဲ… မင်းသားမင်နန်ရဲ့ တကယ့် လျှို့ဝှက်လူသတ်ကွက်က အဲ့ဒီဟာရဲ့ နောက်ကွယ်မှာရှိတယ်… ”
မင်းသားကြီးသည် ရွှီချင်းကို သတိပေးချင်သည်။ သို့သော်လည်း သူက ထိုသို့မလုပ်ဆောင်နိုင်ပေ။ သူ၏ အသံသော်လည်းကောင်း၊ သူ၏ နတ်ဘုရားစိတ်အာရုံသော်လည်း မင်သားမင်နန်ကြောင့် ချိပ်ပိတ်ခံထားရသည်။
သို့ဖြစ်၍ သူက ဆင်းသက်လာနေသော လက်ချောင်းလေးချောင်းကို အကူအညီမဲ့စွာ ကြည့်နေရသည်။
ခေါင်းဆောင်သည် ဝင်မနှောင့်ယှက်ပေ။ ရွှီချင်းက အလွယ်တကူ အသတ်ခံရလိမ့်မည်မဟုတ်ဟု သူယုံကြည်သည်။
အမှန်တကယ်ပင် ထိုသို့ဖြစ်သည်။ လက်ချောင်းလေးချောင်းက ဆင်းသက်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်က မရွေ့လျားနိုင်ဘဲ သဏ္ဍာန်မဲ့အင်အားဖြင့် ချုပ်နှောင်ခံထားရသော်လည်း သူက မျက်လုံးဖွင့်နိုင်ဆဲပင်။
နောက်အခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးသည် မည်းနက်သွားသည်။
လပူဇော်ဒေသကြီး၌ သူဆင်ခြင်နားလည်ခဲ့သော တားမြစ်အဆိပ်က ထွက်ပေါ်လာသည်။
နယ်ပယ်သည် ဤအခိုက်အတန့်မှာ အဓိကအချက်အချာ ဖြစ်လာသည်။ တားမြစ်အဆိပ်သည် သူ၏ အကြည့်မှတဆင့် ပေါ်လျှိုးလာသည်။
ရွှီချင်းက အရှေ့ဘက်လက်ချောင်းကို ကြည့်လိုက်သည့်အခါ တားမြစ်အဆိပ်စွမ်းအားသည် ပေါက်ကွဲထွက်လာသည်။ အရွယ်အစားကြီးမားသော အရှေ့ဘက်လက်ချောင်းသည် တုန်ယင်သွားသည်။ အနက်ရောင်သည် လက်ချောင်းပေါ်မှာ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
ထိုလက်ချောင်းထဲမှ သက်စောင့်စွမ်းအားက မည်မျှသိပ်သည်းပါစေ တားမြစ်အဆိပ်စွမ်းအားအောက်မှာ ယင်းက နေရောင်ခြည်ဖြင့် တွေ့ဆုံသွားသော နှင်းပမာ မြန်ဆန်စွာ အရည်ပျော်သွားသည်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ရွှီချင်းသည် သူ၏ အကြည့်ကို ရွှေ့ပြောင်းလိုက်ပြီး သေခြင်းတရားကို ကိုယ်စားပြုသော မြောက်ပိုင်းလက်ချောင်းကို ကြည့်လိုက်သည်။
တားမြစ်အဆိပ်သည်လည်း သေခြင်းတရားကို ကိုယ်စားပြုပေသည်။
မြောက်ပိုင်းလက်ချောင်းသည် ချက်ချင်း တုန်ယင်သွားပြီး တားမြစ်အဆိပ်သည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ ရွေ့လျားသွားသည်။
လက်ချောင်းနှစ်ချောင်းကို ပိတ်ဆို့ပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်သည် နောက်ဆုံးမှာတော့ အချုပ်အနှောင်မှ ချိုးဖြတ်နိုင်သွားသည်။ ဝိညာဉ်ချည်မျှင်များ၏ လူးလွန့်လှုပ်ရှားမှုအောက်မှာ သူက လွတ်လပ်စွာ လှုပ်ရှားနိုင်သွားသည်။
သူက လက်ကို ကောင်းကင်ဆီသို့ ချက်ချင်း တွန်းပို့လိုက်သည်။
ညှိုးနွမ်းမီးလျှံမိစ္ဆာ ဓမ္မအစစ်အမှန်ကိုယ်ပိုင်တာအို…
အရွယ်အစားကြီးမားသော ဇောက်ထိုးတောင်သုံးလုံးသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာကြပြီး နွေလက်ချောင်း၏ ဦးတည်ရာပေါ်သို့ အကြမ်းပတမ်း ပြုတ်ကျသွားကြသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ အတွေးတစ်ချက်ကြောင့် အဝေးမှ အနက်ရောင်လှံသည် လမ်းကြောင်းပြောင်းလိုက်ပြီး ကြီးပွားတိုးတတ်ခြင်းကို ကိုယ်စားပြုသော တောင်လက်ချောင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
နောက်အခိုက်အတန့်မှာ တားမြစ်အဆိပ်၊ မိစ္ဆာတောင်သုံးလုံးနှင့် တားမြစ်လှံသည် တစ်ပြိုင်နက်တည်း မြည်ဟိန်းသွားကြသည်။ ကျယ်လောင်သော အသံများက အတူတကွ ပေါင်းစည်းသွားသည့်အခါ ကောင်းကင်နှင့် မြေပြင်ကို ဆုတ်ဖြဲပစ်မည့် ဧရာမပေါက်ကွဲသံအဖြစ်သို့ ပြောင်းလဲသွားသည်။
အရှေ့ဘက်လက်ချောင်းသည် ပြိုကွဲထွက်သွားပြီး တောင်လက်ချောင်းသည် အက်ကွဲသွားသည်။ အနောက်ဘက်လက်ချောင်းသည် ပျက်စီးသွားပြီး မြောက်ပိုင်းလက်ချောင်းသည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
ကောင်းကင်ပေါ်မှ ကြယ်ကိုးလုံးသည် ဤအခိုက်အတန့်မှာ မှေးမှိန်သွားကြသည်။ ယင်းတို့က အစောနကကဲ့သို့ ထိန်ထိန်လင်းစွာ မတောက်ပတော့ပေ။
ရွှီချင်းသည် ပျံသန်းထွက်လာပြီး မင်းသားမင်နန်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
မင်းသားမင်နန်သည် သူ၏ နတ်ဘုရားစွမ်းရည်က ဖျက်ဆီးခံလိုက်ရခြင်းနှင့်ပတ်သက်ပြီး မအံ့ဩပေ။ ယင်းအစား သူက အေးစက်စွာ ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။
မှတ်မိပြီလား…
ထုံးစံအားဖြင့် သူက ရွှီချင်းကို မေးနေခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ ထိုအခိုက်အတန့်မှာ မရေမတွက်နိုင်သော တုံ့ပြန်မှုများသည် ကောင်းကင်ယံမှ ချက်ချင်း ပဲ့တင်ထပ်လာသည်။ ကောင်းကင်တစ်ခုတည်း မဟုတ်ပေ။ မြေပြင်သော်လည်းကောင်း၊ ဟင်းလင်းပြင်သော်လည်းကောင်း၊ တိမ်တိုက်များသော်လည်းကောင်း၊ ဤနေရာမှ တည်နေရာအားလုံးသော်လည်းကောင်း တုံ့ပြန်လိုက်ကြသည်။
မှတ်မိပါပြီ…
ထိုစကားကို မရေမတွက်နိုင်သော အသံများဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ ထိုထဲမှာ ယောင်္ကျား၊ မိန်းမ၊ လူကြီး၊ လူငယ် အစရှိသော အသံမျိုးစုံ ပါဝင်နေသည်။ ထို့ပြင် ထိုအသံများထဲမှာ ငိုခြင်း၊ ရယ်ခြင်း၊ အော်ပြောခြင်း၊ တီးတိုးပြောခြင်း အစရှိသော စိတ်ခံစားချက်မျိုးစုံလည်း ပါဝင်နေသည်။
အသံအားလုံးသည် ထိုစကားလုံးသုံးလုံးကို ပြောနေကြသည်။
နောက်ဆုံးမှာတော့ ကောင်းကင်ပေါ်မှ အရောင်မှေးမှိန်နေသော ကြယ်ကိုးလုံးသည် စက်ဝိုင်းသဏ္ဍာန်ကို ဖွဲ့စည်းလိုက်သည်။ ကြယ်အလင်းရောင်က တစ်ခုနှင့်တစ်ခု ဆက်စပ်သွားသည့်အခါ ယင်းက အနက်ရောင်တွင်းနက်တစ်ခုသဖွယ် ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် အနက်ရောင်တွင်းနက်ထဲမှ ပျံ့နှံ့ထွက်လာသည်။
ယင်းက ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားမဟုတ်ပေ။ သို့သော်လည်း ယင်းက အလွန်သိပ်သည်းသော နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းထဲမှာ တားမြစ်ဇုန်နှင့် တားမြစ်ဒေသကြီးထက် သာလွန်သော ဒြပ်နှောသိပ်သည်းမှုက ကိန်းအောင်းနေသည်။
ယင်းက ရွှီချင်းကို ပစ်မှတ်ထားလိုက်သည်။
ရွှီချင်းသည် ရပ်တန့်သွားသည်။ သူက အရှေ့သို့ ဆက်မသွားနိုင်တော့ကြောင်း ခံစားမိသွားသည်။ သို့ဖြစ်၍ သူက ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး သူ့ကို ပစ်မှတ်ထားနေသော ကြယ်ကိုးလုံးတွင်းနက်ကို ကြည့်လိုက်သည်။
သူက ရင်းနှီးသော အရှိန်အဝါကို အာရုံခံမိသွားသည်။
အဲ့ဒါက…
နတ်ဘုရားနယ်မြေပဲ…
ရွှီချင်းက ယင်းကို အာရုံခံမိသွားသည်နှင့်ချက်ချင်း ပစ္စည်းတစ်ခုသည် ကောင်းကင်ပေါ်မှ ကြယ်ကိုးလုံးတွင်းနက်ထဲမှ ကျဆင်းလာသည်။
ယင်းက အဝါရောင်စက္ကူတစ်ရွက် ဖြစ်သည်။
ယင်းက ဈာပနအခမ်းအနားတွင် အသုံးပြုသော စက္ကူအမျိုးအစား ဖြစ်သည်။
အဝါရောင်စက္ကူသည် လေထဲမှာ လွင့်မျောနေပြီး အောက်သို့ ကျဆင်းလာသည်။ ယင်းက နှေးကွေးဟန် ထင်ရ၏။ သို့သော်လည်း အမှန်မှာ ယင်းက ကြီးသထက် ပိုပြီးကြီးမားလာပြီး အံ့ဖွယ်ကောင်းသော အရှိန်ဖြင့် ကျဆင်းလာနေခြင်း ဖြစ်သည်။ ပိုပြီးချောက်ချားစရာကောင်းသည်မှာ မျက်နှာတစ်ခုသည် ထိုအဝါရောင်စက္ကူပေါ်မှာ မြန်ဆန်စွာ ရုပ်လုံးပေါ်လာနေသည်။
ထိုမျက်နှာသည် ရွှီချင်း၏ မျက်နှာသာ ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မင်းသားကြီးသည် ပိုပြီးစိုးရိမ်ကြောင့်ကြလာသည်။
သူက ထိုတိုက်ခိုက်မှုကြောင့် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သူရှာတွေ့ခဲ့သည်မှာ ထိုအဝါရောင်စက္ကူသည် မင်းသားမင်နန်ကို သူ့ခမည်းတော်က အကာအကွယ်အဆောင်အဖြစ် ပေးထားခဲ့သော ပစ္စည်းဖြစ်သည်။
ထိုပစ္စည်းသည် ဝမ်ကူးကုန်းမြေမှ မဟုတ်ပေ။ ယင်းအစား ထူးခြားဆန်းကြယ်သော သက်ရှိများ၊ သေခြင်းအငွေ့အသက်ဖြင့် ပြည့်နှက်နေသော နတ်ဘုရားနယ်မြေမှ ပစ္စည်းတစ်ခု ဖြစ်သည်။
ကြယ်ကိုးလုံးဖိနှိပ်ခြင်းလက်ချောင်းသည် အပေါ်ယံသရုပ်ပြမှုသာ ဖြစ်သည်။ ယင်း၏ အဓိကအနှစ်သာရသည် အဖျက်အဆီးစွမ်းအားမဟုတ်ပေ။ ယင်းအစား အဖျက်အဆီးစွမ်းအားကို အသုံးပြု၍ ရန်သူ၏ ဝိညာဉ်ကို ပုံတူပွားရန် ဖြစ်သည်။
ယင်းက အဝါရောင်စက္ကူဖြင့် ပေါင်းစပ်သွားသည့်အခါ ချောက်ချားဖွယ်ကောင်းသော အသံများ၏ တုံ့ပြန်မှုအောက်မှာ ပုံတူပွားခံရသော ဝိညာဉ်သည် အဝါရောင်စက္ကူပေါ်မှာ ရုပ်လုံးထွက်ပေါ်လာလိမ့်မည်။
ထိုနည်းဖြင့် နတ်ဘုရားနယ်မြေသည် ရွှီချင်း၏ အသွင်အပြင်ကို မှတ်မိသွားလိမ့်မည်။
ထို့နောက် ချိပ်ပိတ်ခံထားရသော ဝိညာဉ်သည် လောင်ကျွမ်းခံရလိမ့်မည်။
မင်းသားကြီးသည် ရုန်းကန်ချင်ပြီး ရွှီချင်းကို သတိပေးချင်သည်။ သို့သော်လည်း သူက ထိုသို့မလုပ်ဆောင်နိုင်ပေ။ အဝါရောင်စက္ကူသည် မြန်ဆန်စွာ ကျဆင်းလာပြီး စတင်လောင်ကျွမ်းနေပြီ ဖြစ်သည်။
အသက်ရှင်သူများက သေလွန်သွားသူများအတွက် ရည်စူးပြီး ငွေစက္ကူများကို လောင်ကျွမ်းပေးရသကဲ့သို့ ဤအဝါရောင်စက္ကူသည်လည်း သေလွန်သွားသူများကို ရည်စူးပေသည်။
အဝါရောင်စက္ကူက လောင်ကျွမ်းနေစဉ် ပြင်းထန်သော ဆွဲငင်အားတစ်မျိုးသည် ကြယ်ကိုးလုံးတွင်းနက်ထဲမှ ပေါ်လျှိုးထွက်လာသည်။ ထိုဆွဲငင်အားသည် ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပေါ်သို့ ကျရောက်လာသည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းသည် သူ့ခန္ဓာကိုယ်၏ အာရုံခံစားမှုကို ဆုံးရှုံးသွားသည်။ ထပ်ဆင့်ပုံရိပ်လွှာများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်သည် တုန်လှုပ်သွားသည်။ ဤသည်မှာ သူ၏ ဝိညာဉ်က လေထဲသို့ မြှောက်တတ်သွားတော့မည့်အလားပင်။
ထို့နောက် ပုံရိပ်ယောင်သံချိန်းကြိုးများသည် ကောင်းကင်ပေါ်ရှိ တွင်းနက်ထဲမှ ရုတ်တရက် ဆင်းသက်လာကြပြီး ရွှီချင်း၏ ဝိညာဉ်ပေါ်သို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ ထိုသံချိန်းကြိုးများသည် သူ၏ ဝိညာဉ်ကို တင်းကျပ်စွာ ချည်နှောင်လိုက်ပြီး အပေါ်သို့ ဆွဲယူလိုက်သည်။
ရွှီချင်း၏ ဝိညာဉ်သည် အားကုန်သုံး၍ ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော်လည်း သံချိန်းကြိုးများသည် ပိုပြီးများသထက် များပြားလာသည်။ သံချိန်းကြိုးများသည် ရာပေါင်းများစွာ ရှိသည်။ ယင်းက သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်အပြင်ဘက်သို့ ဖြည်းဖြည်းချင်း ဆွဲထုတ်သွားနေသည်။
“ မင်းက ဒီလောက်ပါပဲ ”
လေထဲမှာ ရပ်နေသော မင်းသားမင်နန်က တည်ငြိမ်စွာ ပြောသည်။
“ ဒါပေမဲ့ မင်းနဲ့ တိုက်ခိုက်ပြီးတဲ့နောက် တစ်စုံတစ်ခုကို ငါသင်ယူခဲ့ရတယ်… အဲ့ဒါက ရန်သူကို ဘယ်တော့မှ အခွင့်အရေးတစ်ခု မပေးဖို့ပဲ ”
“ ဒါကြောင့် မင်းရဲ့ ဝိညာဉ်က ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာတောင် ငါမင်းကို ဘာအခွင့်အရေးမှ ပေးမှာမဟုတ်ဘူး ”
“ ပြီးတော့ တားမြစ်လက်နက်တွေ… ငါ့ဆီမှာလည်း အဲ့ဒါတွေ ရှိတယ် ”
မင်းသားမင်နန်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လျှာကိုက်လိုက်သည်။ ထို့နောက် သူက ပါးစပ်အပြည့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို အမြန်ဖွဲ့စည်းလိုက်သည်။
သွေးမြူခိုးသည် ကောင်းကင်ချိပ်တံဆိပ်များနှင့်အတူ ထွက်ပေါ်လာသည်။ ထို့နောက် ဝေဝါးသော ပုံရိပ်ယောင်မြင်ကွင်းတစ်ခုသည် သွေးမြူခိုးအတွင်းမှာ ထွက်ပေါ်လာသည်။ ယင်းက သွေးပင်လယ်နှင့် အလားသဏ္ဍာန်တူပြီး ဧရာမဝဲကတော့(၃၆)ခုက ထိုသွေးပင်လယ်ထဲမှာ တစ်ပြိုင်နက် လှည့်ပတ်နေကြသည်။
အနီးကပ်ကြည့်မည်ဆိုလျှင် လက်နက်(၃၆)မျိုးက ထိုဝဲကတော့(၃၆)ခုထဲမှာ တည်ရှိနေကြောင်း မြင်နိုင်လိမ့်မည်။
လက်နက်တစ်ခုစီတိုင်းသည် အနက်ရောင်လှံကဲ့သို့ တားမြစ်အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
၎င်းတို့က အင်ပါယာအဆင့်အတတ်ပညာဖြစ်သော အင်မော်တယ်စွမ်းအင်(၃၆)မျိုးထဲမှာ ချိပ်ပိတ်ထားသည့် တားမြစ်လက်နက်များဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ မင်းသားမင်နန်၏ ကောင်းကင်ချိပ်တံဆိပ်များကြောင့် တားမြစ်လက်နက်(၃၆)ခုထဲမှ လက်နက်သုံးခုသည် တုန်ယင်သွားကြပြီး ဝဲကတော့များထဲမှ ဖောက်ထွင်းထွက်လာကြသည်။
တစ်ခုသည် သုံးခွခက်ရင်းဖြစ်သည်။
သုံးခွခက်ရင်းသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းနှင့် မွန်းစတားအရှိန်အဝါကို ထုတ်လွှတ်နေသည်။
နောက်တစ်ခုသည် အနက်ရောင်ဆေဘာဓားရှည်ဖြစ်သည်။
ဆေဘာဓားရှည်သည် အေးစက်နေပြီး ၎င်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အရာအားလုံးကို ခြိမ်းခြောက်ပစ်နိုင်စွမ်း ရှိသည်။
နောက်ဆုံးတစ်ခုသည် သွေးနီရောင်တိုက်ပွဲပုဆိန်ဖြစ်သည်။
တိုက်ပွဲပုဆိန်၏ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ဝိညာဉ်များက လွင့်မျောနေလေရာ ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
ရွှီချင်းကို သတ်ရန်အတွက် မင်းသားမင်နန်သည် သူ၏ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်သာမက တားမြစ်လက်နက်များကိုပင် ထုတ်သုံးလိုက်လေသည်။
သူက ညာလက်ကို ဆုပ်လိုက်လေရာ တားမြစ်လက်နက်သုံးခုသည် ပုံရိပ်ယောင်မြင်ကွင်းထဲမှ ပျံသန်းထွက်လာကြသည်။ ထိုသို့ပျံသန်းလာနေစဉ် ၎င်းတို့က ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ၎င်းတို့က မင်းသားမင်နန်၏ အရှေ့သို့ ရောက်ရှိသွားကြသည့်အခါ ၎င်းတို့၏ တားမြစ်စွမ်းအားက အထိန်းအချုပ်ကင်းမဲ့စွာ ပေါက်ကွဲထွက်လာသည်။
အမှန်ဆိုလျှင် ကောင်းကင်ဘုံတာအိုသည် ၎င်းတို့ကို ရပ်တန့်သင့်ပေသည်။ သို့သော်လည်း ဤနေရာသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပိုင်နက်အတွင်းမှာ ဖြစ်သည်။ မီးလျှံလမျိုးနွယ်ကိုယ်တိုင်က ကောင်းကင်ဘုံတာအိုကို သူတို့၏ ထိန်းချုပ်မှုအောက်မှာ ချုပ်နှောင်ထားလေရာ ကောင်းကင်ဘုံတာအိုက မည်သို့တားဆီးနိုင်မည်နည်း။
သို့ဖြစ်၍ မိုးခြိမ်းသံက ခပ်အုပ်အုပ် မြည်ဟိန်းသွားသော်လည်း မည်သည့်လျှပ်စီးမှ ထွက်ပေါ်မလာခဲ့ပေ။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မင်းသားမင်နန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော တားမြစ်လက်နက်သုံးခုသည် ဝိညာဉ်ဆုံးရှုံးထားသော ရွှီချင်း၏ ခန္ဓာကိုယ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
မည်သည့်အဟန့်အတားမှမရှိသလို မည်သည့်ခုခံမှုမှမရှိပေ။ အားနည်းသော သက်တံ့အလင်းသည်သာ ခပ်မှိန်မှိန် လင်းလက်သွားသည်။
ထို့နောက် သုံးခွခက်ရင်းသည် ရွှီချင်း၏ ဝိညာဉ်ကို ထိုးဖောက်သွားသည်။ ဆေဘာဓားရှည်သည် ရွှီချင်း၏ လည်ပင်းကို လှီးဖြတ်သွားပြီး သွေးနီရောင်တိုက်ပွဲပုဆိန်သည် သူ၏ ရင်ဘက်ကို ဒေါင်လိုက်ခုတ်ပိုင်းလိုက်သည်။
သူ၏ ဝိညာဉ်သည် ပြိုကွဲပျက်စီးသွားပြီး အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။
သူ၏ ဦးခေါင်းသည် လေထဲသို့ မြှောက်တတ်သွားသည်။ ဦးခေါင်းက လေထဲမှာ အကြိမ်ရေအနည်းငယ် လှည့်ပတ်သွားပြီး ချော်ရည်ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။
သူ၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းခုတ်ဖြတ်ခံလိုက်ရသည်။ ထို့နောက် အသွေးအသားများသည် အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး နေရာအနှံ့သို့ လွင့်စင်သွားကြသည်။
မင်းသားကြီး၏ အမူအရာသည် မည်းမှောင်သွားပြီး သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းလာသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည့်အခါ အဆုံးမဲ့သော ဝမ်းနည်းကြေကွဲမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
ခေါင်းဆောင်သည် အံ့ဩသွားပုံပေါ်သည်။ သို့သော်လည်း သူက မလှုပ်ရှားခဲ့ပေ။
မင်းသားမင်နန်သည် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူက စိတ်မကျေနပ်သေးပုံပေါ်သည်။
“ အဲ့ဒီလူအနည်းစုကလွဲရင် ဒီမျိုးဆက်ထဲမှာ ငါ့ရဲ့ ဒီတိုက်ကွက်ကို ခုခံနိုင်တဲ့လူ တကယ်ပဲ မရှိသေးပါလား… ပျင်းစရာကောင်းလိုက်တာ ”
မင်းသားမင်နန်က လက်ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ပေါ်မှ ကြယ်ကိုးလုံးသည် လွင့်ပြယ်သွားသည်။ ဘေးပတ်ဝန်းကျင်သည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်း၏ အသွေးအသားများ ပြန့်ကျဲသွားသော နေရာကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ အံ့ဖွယ်ကောင်းသော အချိန်စွမ်းအားသည် ရွှီချင်း၏ အသွေးအသားများနှင့် အက်ကွဲနေသော ဝိညာဉ်ထံမှ ထွက်ပေါ်လာနေကြောင်း သူအာရုံခံမိသွားသည်။
သူက ထိုအရာကို အတည်မပြုနိုင်ခင်မှာ အရွယ်အစားကြီးမားသော နေနာရီသည် လေထဲမှာ ထွက်ပေါ်လာသည်။ ပေါက်ကွဲသံများကြားမှာ လောက၏ အရောင်သည် ပြောင်းလဲသွားပြီး နေနာရီသည် စတင်လှည့်ပတ်လိုက်သည်။
အချိန်နောက်ပြန်ဆုတ်ခြင်း…
ပြန့်ကျဲသွားသော အသွေးအသားများသည် မူလနေရာဆီသို့ ချက်ချင်း ပြန်ရောက်သွားကြသည်။ အသွေးအသားအစိတ်အပိုင်းများသည် မြေပြင်ပေါ်မှလည်းကောင်း၊ ချော်ရည်ထဲမှလည်းကောင်း၊ ဟင်းလင်းပြင်ထဲမှလည်းကောင်း ပြန်ထွက်ပေါ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းတို့က အတူတကွ ပြန်စုဝေးသွားကြသည်။
ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန် ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် အကောင်းတိုင်း ပြန်ဖြစ်သွားသည်။
အနီရောင်ဝိညာဉ်ချည်မျှင်များက လူးလွန့်လှုပ်ရှားသွားသည့်အခါ သူ၏ သလင်းကျောက်အရိုးများက လင်းလက်တောက်ပလာသည်။ သူ၏ ရက်စက်ကြမ်းကြုတ်သော ခန္ဓာကိုယ်ထဲမှာ တမူထူးခြားသော အလှတရားတစ်ခု ရှိသည်။ သူက ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေစဉ် နတ်ဘုရားတစ်ပါး၏ ရုပ်တုသဖွယ် အောက်မေ့ရသည်။
အလင်းရောင်သည် တလက်လက် တောက်ပသွားသည်။
သူက အကောင်းတိုင်း ပြန်လည်ဖွဲ့စည်းသွားသည်။
ထိုမြင်ကွင်းကို အဝေးမှ မင်းသားကြီးက မြင်သွားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ခေါင်းဆောင်၏ အမူအရာသည် တည်ငြိမ်နေဆဲပင်။ အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
မင်သားမင်နန်သည်တော့ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ သူက စကားကို တစ်လုံးချင်း ပြောသည်။
အချိန်ဥပဒေသ…
ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။ သက်တံ့အလင်းသည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူက အံ့ဩနေသော မင်းသားမင်နန်ကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ အဲ့ဒါက နည်းနည်းခက်ပေမဲ့ ငါမင်းကို ကျေးဇူးတင်ရမယ် ”
ရွှီချင်းသည် စကားပြောပြီးနောက် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို အနက်ရောင်ဆေဘာဓားရှည်သည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး သုံးခွခက်ရင်းသည် ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သွေးနီရောင်တိုက်ပွဲပုဆိန်သည်တော့ အဆုံးမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေပြီး အနက်ရောင်လှံသည် အဖျက်အဆီးစွမ်းအားကို ထုတ်လွှတ်နေသည်။
တားမြစ်လက်နက်လေးခုသည် ရွှီချင်းကို တစ်ချိန်တည်းမှာ လှည့်ပတ်လိုက်ကြသည်။