နတ်ဘုရားတောင်တန်းပေါ်မှ အနီရောင်အလံတိုင်
Vol. 81 Ch. 1252
‘ ဒီလူဘာဖြစ်တာလဲ… သူ့အကြောင်းလည်း ငါဘာမှမပြောပါဘူး ’
ကျူးချွယ်ဇီသည် ရုတ်တရက် အော်ငေါက်ခံလိုက်ရသဖြင့် အနည်းငယ် ခံပြင်းသွားသည်။
သူက နတ်ဘုရားတောင်တန်း၏ စည်းမျဉ်းတချို့ကို မိတ်ဆက်ပေးနေခြင်းသာ ဖြစ်သည်။ အဘယ့်ကြောင့် ရွှီချင်း၏ စီနီယာအကိုကြီးက စိတ်ဆိုးသွားရသလဲ သူမသိပေ။
သူက ယင်းကို မစဉ်းစားကြည့်ဘဲ မနေနိုင်ပေ။
သို့သော်လည်း သူက မည်သို့တွေးပါစေ သူ၏ စိတ်ကူးထဲမှာပင် ချန်းအားညို၏ အတွေးများကို နားလည်နိုင်လိမ့်မည်မဟုတ်ချေ။
ခေါင်းဆောင်၏ အမူအရာက တဖြည်းဖြည်း တင်းမာလာကြောင်း မြင်သွားသောအခါ ကျူးချွယ်ဇီသည် ထိုအတွေးများကို ချက်ချင်း ပယ်ဖျောက်လိုက်သည်။ သူက လမ်းကို ဦးဆောင်လိုက်ပြီး ရုပ်တုလေးခု၏ အနောက်မှ လှေကားထစ်ဆီသို့ ဦးတည်လျှောက်သွားသည်။
ရွှီချင်းသည် နတ်ဘုရားပြစ်မှားသူ၏ ရုပ်တုကို ဖြတ်ကျော်သွားသည့်အခါ ထိုရုပ်တုကို အကြိမ်ရေအနည်းငယ် ထပ်ကြည့်လိုက်သည်။
ခေါင်းဆောင်သည် နှာခေါင်းပွတ်သပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ချောင်းဟန့်လိုက်ပြီး နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။
“ အဲ့ဒါကို မကြည့်နဲ့ ချင်းလေး… ဒီလောက်နှစ်တွေကြာပြီးတာတောင် အဲ့ဒီဒွိလိင်မ မီးလျှံနေက ဒီလိုစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အရာကို လုပ်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ”
“ ဒါတော့ အရမ်းလွန်သွားပြီ ”
ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်သည်။
ရွှီချင်းသည် တိတ်ဆိတ်နေပြီး အကြည့်ပြန်ရုပ်လိုက်သည်။ သူက တောင်လှေကားနားသို့ ရောက်တော့မည့်အချိန် သူ၏ သံသယကို မဖိနှိပ်ထားနိုင်ဘဲ ခေါင်းဆောင်ဆီသို့ အသံပို့လွှတ်လိုက်သည်။
“ စီနီယာအကိုကြီး… လနတ်ဘုရားနဲ့ နေနတ်ဘုရားက မင်း ဒီရောက်နေတာကို သတိထားမိနိုင်လား… မဟုတ်ရင် မင်းသေတဲ့အထိ အရိုက်ခံရနိုင်တယ်… ”
ခေါင်းဆောင်သည် မျက်ခုံးပင့်တတ်လိုက်သည်။
“ အဲ့ဒါကြောင့် ငါက စကားလုံးမဲ့ ကျောက်တုံးကျမ်းစာကို ရပြီးမှ ဒီကို လာရဲတာပေါ့ ”
“ ဘာမှစိတ်မပူနဲ့… ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်… မီးလျှံနေက နက်နက်ရှိုင်းရှိုင်း အိပ်မောကျနေတယ်… မီးလျှံလက နီလာနတ်သမီးရဲ့ အသွေးအသားတွေကို ဝါးမျိုပြီးတော့ အစာချေဖျက်နေတယ်… ပျံတံတံမြေခွေးမကတော့ သူ့ရဲ့ ကိုယ်ပွားက နိုးထလာတယ်… ဒါပေမဲ့ သူ့ရဲ့ မူလခန္ဓာကိုယ်က အခုထိ အိပ်မောကျနေတုန်းပဲ… ပြီးတော့ သူက ပြပွဲတွေကို သဘောကျတယ်… ဒါကြောင့် ငါတို့တွေကို သူမဖော်ထုတ်လောက်ပါဘူး… ငါတို့တွေ ဘေးကင်းလုံခြုံပါတယ် ”
ခေါင်းဆောင်သည် ရင်ဘက်ကို ပုတ်လိုက်ပြီး ပြောသည်။
ရွှီချင်းသည် သက်ပြင်းချလိုက်ပြီး မသေချာသည့် မတော်တဆမှုအတွက် ကြိုတင်ပြင်ဆင်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တောင်လှေကားဆီသို့ လျှောက်သွားသည်။
သူက လှေကားပေါ်သို့ ခြေချလိုက်သည့်အခိုက် ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ၏ ဦးခေါင်းပေါ်ရှိ တားမြစ်တောင်(၁၈၀၀)ထဲမှ တစ်လုံးသည် ပျောက်ကွယ်သွားသည်။
တားမြစ်တောင်သည် သက်တံ့အသွင်သို့ ပြောင်းလဲသွားပြီး နတ်ဘုရားတောင်တန်းပေါ်သို့ ကျဆင်းသွားကာ တောင်တန်းနှင့် ပေါင်းစပ်သွားသည်။
တစ်ချိန်တည်းမှာ တားမြစ်တောင်က နတ်ဘုရားတောင်တန်းနှင့် ပေါင်းစပ်သွားပြီးနောက် သိသာသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
အလံတိုင်များက နတ်ဘုရားတောင်တန်းပေါ်မှာ ထွက်ပေါ်လာကြသည်။
ယင်းက တိုက်ရိုက် အဆင့်သတ်မှတ်ခြင်းဖြစ်သည်။ တောင်ခြေမှစ၍ တောင်ထိပ်အထိ အလံတိုင်များသည် လှေကားထစ်၏ အမြင့်နှင့် တစ်တန်းတည်း တည်ရှိနေလိမ့်မည်။ အလံတိုင်များ၏ အရောင်သည် ကွဲပြားခြားနားပြီး ယင်းပေါ်မှ အမှတ်သင်္ကေတများသည် အမျိုးအစားစုံလင်သည်။
အလံတိုင်၏ အရွယ်အစားသည်လည်း ကွဲပြားခြားနားသည်။ ပိုပြီးမြင့်မားလေ အလံတိုင်၏ အရွယ်အစားက ပိုပြီးကြီးမားလေဖြစ်ပြီး ပိုပြီးအာရုံစိုက်ခံရလိမ့်မည်။
မြင့်မြတ်မြို့တော်ထဲမှပင် ယင်းတို့ကို ရှင်းလင်းစွာ လှမ်းမြင်နိုင်ပေသည်။
အလံတိုင်အများစုသည် နတ်ဘုရားတောင်တန်း၏ အောက်ခြေမှာသာ ရှိကြသည်။ ယင်းတို့က အလွန်ပေါများလေရာ အရေအတွက်အားဖြင့် ထောင်သောင်းချီသည်။ လှေကားထစ်(၁၀၀)တွင် အပိုင်းအခြားတစ်ခု ရှိသည်။ ထိုနေရာတွင် အလံတိုင်(၂၀၀၀)ခန့်သာ ရှိသည်။
ထိုထက်ပိုမြင့်သော လှေကားထစ်(၅၀၀)တွင် ဒုတိယအပိုင်းအခြားရှိသည်။ ထိုနေရာတွင် အလံတိုင်(၃၀၀)ခန့်သာ ရှိသည်။
ထိပ်ဆုံးမှ အလံတိုင်သည် လှေကားထစ်(၈၀၀)မှာ ရှိသည်။ ယင်းက အလွန်အမင်း အရွယ်အစားကြီးမားပြီး မျက်စိဖမ်းစားနိုင်သည်။
ထို့ပြင် အနီးကပ်သေချာကြည့်မည်ဆိုလျှင် လှေကားထစ်(၃၀၀)အထက်မှ အလံတိုင်များ၏ (၈၀)ရာခိုင်နှုန်းသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အလံတိုင်များ ဖြစ်ကြသည်။
တောင်အောက်ခြေမှ အလံတိုင်ထောင်သောင်းချီထဲတွင် ရွှီချင်း၏ တားမြစ်တောင်မှ ဖြစ်ပေါ်လာသော နောက်ထပ် အလံတိုင်အသစ်တစ်ခု ထွက်ပေါ်လာသည်။
အလံတိုင်သည် အနီရောင်ဖြစ်ပြီး ပုံမှန်အရွယ်အစားသာ ရှိသည်။ အလံတိုင်ပေါ်တွင် တောင်တန်းများနှင့်မြစ်များကို ရေးဆွဲထားသည်။ သို့သော်လည်း ယင်းက ပျက်စီးနေသော အလံတိုင်နှင့် ဆင်တူသည်။ ယင်းက သွေးကဲ့သို့ နီရဲပြီး လွှမ်းမိုးဖိနှိပ်သော ခံစားမှုကို ပေးသည်။
ယင်းက လက်ရှိ လူသားမျိုးနွယ်၏ အလံတိုင်ဖြစ်ပြီး နတ်ဘုရားတောင်တန်းပေါ်မှာ သူ့ဘာသာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လူသားမျိုးနွယ်၏ အလံတိုင်ထွက်ပေါ်လာသည့်အခိုက် ရွှီချင်း၏ အကြည့်သည် ထိုအလံတိုင်ပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ အနောက်မှ ကျူးချွယ်ဇီ၏ စကားသံက ထွက်ပေါ်လာသည်။
“ မဟာအမဲလိုက်ပွဲတော်ရဲ့ ပထမပြိုင်ပွဲရဲ့ အဆုံးသတ်က တားမြစ်တောင်တွေနဲ့ နတ်ဘုရားတောင်တန်းကို ပေါင်းစပ်ဖို့ပဲ… လှေကားတစ်ထစ်တတ်သွားတိုင်း တားမြစ်တောင်တစ်လုံးက ပျောက်ကွယ်သွားပြီး မျိုးနွယ်စုရဲ့ အလံတိုင်က ထွက်ပေါ်လာလိမ့်မယ် ”
“ မျိုးနွယ်စုရဲ့ အလံတိုင်က နောက်ဆုံးတားမြစ်တောင် မပျောက်ကွယ်သွားခင်အထိ ကျင့်ကြံသူနဲ့အတူ ရွေ့လျားနေလိမ့်မယ်… တားမြစ်တောင်ရဲ့ အရေအတွက်ပေါ်မူတည်ပြီး မျိုးနွယ်စုရဲ့ အလံတိုင်က ရပ်တန့်နေလိမ့်မယ် ”
“ တားမြစ်တောင်တစ်လုံးက နတ်ဘုရားတောင်တန်းနဲ့ ပေါင်းစပ်သွားမှပဲ အဲ့ဒီအလံတိုင်တွေက ထွက်ပေါ်လာလိမ့်မယ်… မဟုတ်ရင် အဲ့ဒီအလံတိုင်တွေက တစ်ချိန်လုံး ဖုံးကွယ်ခံထားရလိမ့်မယ် ”
ကျူးချွယ်ဇီသည်လည်း ပထမလှေကားထစ်ပေါ်သို့ ခြေချလိုက်သည်။ သူ၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်က ပျောက်ကွယ်သွားသည့်အခါ နတ်ဘုရားတောင်တန်းပေါ်တွင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အလံတိုင်တစ်ခု ထွက်ပေါ်လာသည်။
“ ပုံမှန်အခြေအနေမှာဆိုရင် တားမြစ်တောင်တစ်လုံးက ပထမပြိုင်ပွဲကို ကျော်ဖြတ်ပြီး မဟာအမဲလိုက်ပွဲတော်ရဲ့ ဒုတိယပြိုင်ပွဲကို ဝင်ရောက်ဖို့ လုံလောက်တယ် ”
“ ပထမနေရာကို လိုချင်ကြတဲ့ လူတွေပဲ တားမြစ်တောင်အများကြီးကို စုဆောင်းကြလိမ့်မယ် ”
“ မျိုးနွယ်စုရဲ့ အလံတိုင်က နတ်ဘုရားတောင်တန်းကြောင့် ဖြစ်ပေါ်လာတာ… နတ်ဘုရားတောင်တန်းက မတူညီတဲ့ မျိုးနွယ်စုတွေရဲ့ တမူထူးခြားတဲ့ အလံတိုင်တွေကို အလိုအလျောက် ဖွဲ့စည်းနိုင်တယ် ”
ကျူးချွယ်ဇီက လေသံတိုးတိုးဖြင့် ရှင်းပြသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက လူသားမျိုးနွယ်၏ အလံတိုင်ထံမှ အကြည့်ပြန်ရုပ်လိုက်သည်။ ထို့နောက် သူက ဒုတိယလှေကားထစ်ပေါ်သို့ ခြေချလိုက်သည်။ ထိုအခါ သူ၏ ဦးခေါင်းပေါ်တွင် နောက်ထပ် တားမြစ်တောင်တစ်လုံး ပျောက်ကွယ်သွားသည်။
တောင်တန်းမြစ်အလံတိုင်သည် အရွယ်အစား အနည်းငယ် ကြီးမားလာသည်။
ထိုသို့ဖြင့် ရွှီချင်းသည် လှေကားထစ်(၁၀၀)ကို ရောက်သည်အထိ တစ်ထစ်ပြီးတစ်ထစ် တတ်သွားသည်။
ထိုနေရာသို့ ရောက်သွားသည့်အခါ အနီရောင်တောင်တန်းမြစ်အလံတိုင်သည် အတော်လေး ကြီးမားလာသည်။ ယင်းက အလံတိုင်အများအပြားကြားမှာ သိသာထင်ပေါ်နေသည်။
သို့သော်လည်း မျိုးနွယ်အလံတိုင်က အရွယ်အစား ကြီးမားလာသည်နှင့်အမျှ တောင်တန်းမြစ်အလံတိုင်မှ ထုတ်လွှတ်နေသော ခံစားမှုသည် လေးနက်လာပြီး ရှင်းလင်းလာသည်။ အမှန်မှာ မရေမတွက်နိုင်သော အလောင်းများပင် ထွက်ပေါ်လာကြပြီး ပြင်းထန်သော ဝမ်းနည်းပူဆွေးမှုကို ထုတ်လွှတ်နေသည်။
ရွှီချင်းသည် မျိုးနွယ်အလံတိုင်ကို နောက်တစ်ကြိမ် ထပ်မကြည့်ဘဲ မနေနိုင်ပေ။ အချိန်အတော်ကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး သူ့အပေါ်မှ တခြားမျိုးနွယ်စုများ၏ အလံတိုင်များကို ကြည့်လိုက်သည်။ ထို့နောက် သူက တိတ်တဆိတ် ဆက်လျှောက်သွားသည်။
၂၀၀… ၃၀၀… ၄၀၀…
သူက လှေကားထစ်(၅၀၀)သို့ ရောက်ရှိသွားသည့်အခါ အလံတိုင်ထောင်သောင်းချီသည် သူ့အောက်သို့ ရောက်ရှိသွားကြသည်။ သူ၏ အပေါ်တွင်တော့ အလံတိုင်သည် အများကြီး မရှိတော့ပေ။
ထိုသို့မြန်ဆန်သော ခြေလှမ်းကြောင့် နတ်ဘုရားတောင်တန်းပေါ်မှ အလံတိုင်များသည် အချိန်အတော်ကြာ ဖော်ထုတ်ခံထားရသည်။ ထို့ပြင် လူသားမျိုးနွယ်၏ အနီရောင်အလံတိုင်က ဆက်တိုက် မြင့်တတ်နေပြီး အရွယ်အစား ကြီးမားလာနေရာ အာရုံစိုက်မခံရရန် မည်သို့မှ မဖြစ်နိုင်ပေ။
မြင့်မြတ်မြို့တော်ထဲမှ ကျင့်ကြံသူများသည်ပင် ထိုမြင်ကွင်းကို အာရုံစိုက်လာကြသည်။
မီးလျှံလမျိုးနွယ်မှ ကျင့်ကြံသူများသည် စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားထဲတွင် လှိုင်းလုံးတချို့ ထွက်ပေါ်လာသည်။
“ အဲ့ဒါ ရွှီချင်းပဲ ”
“ စောစောတုန်းက နတ်ဘုရားတောင်တန်းဘက်ကို သူသွားနေတာ ငါမြင်လိုက်တယ်… ”
“ မောက်မာလိုက်တာ… လူသားတစ်ယောက်ကများ သူတို့ရဲ့ အလံတိုင်ကို ငါတို့ရဲ့ မဟာအမဲလိုက်ပွဲတော်မှာ ဒီအမြင့်ထိ လာလွှင့်ရဲတယ် ”
“ ငါတို့ရဲ့ ကောင်းကင်အရွေးချယ်ခံတွေက သူ့ကို မတိုက်ခိုက်တာ မုန်းစရာပဲ… ထုန်ရှီရှန်းတောင် ချိပ်ပိတ်ခြင်းအတတ်ပညာပဲ ယှဉ်ပြိုင်ရဲတယ်… မဟုတ်ရင် ဒီလူသားက အခုလို မောက်မာထောင်လွှားရဲမှာ မဟုတ်ဘူး ”
မြင့်မြတ်မြို့တော်ထဲမှ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများက ခံပြင်းဒေါသထွက်သွားကြပြီး ရွှီချင်းအပေါ် ပိုပြီးရန်လိုလာကြသည်။ ထိုစဉ် ရွှီချင်းက နတ်ဘုရားတောင်တန်းပေါ်မှာ လှေကားထစ်(၅၀၀)အထိ လျှောက်ပြီးပြီ ဖြစ်သည်။
ထိုနေရာမှာ ရပ်နေစဉ် တိမ်တိုက်များသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ လွင့်မျောနေကြသည်။ အလံတိုင်သည်တော့ သူ၏ ဦးခေါင်းပေါ်တွင် အနည်းငယ်သာ ကျန်ရှိတော့သည်။
“ နောက်ထပ် လှေကားထစ်(၁၃၀၀) တတ်လို့ရသေးတယ် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး အပေါ်သို့ မြန်ဆန်စွာ တတ်သွားသည်။ မကြာမီ သူက လှေကားထစ်(၆၀၀)၊ (၇၀၀)ကို ရောက်ရှိသွားသည်။ နောက်ဆုံးမှာတော့ သူက အစောနက အမြင့်ဆုံးဖြစ်သော အလံတိုင်ဆီသို့ ရောက်ရှိသွားသည်။ သို့သော်လည်း သူက မရပ်တန့်ဘဲ ဆက်လက် တတ်သွားသည်။
အနီရောင်အလံတိုင်သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အလံတိုင်ထက် ကျော်လွန်သွားပြီး အမြင့်ဆုံး အလံတိုင် ဖြစ်လာသည်။ ထို့ပြင် ရွှီချင်းက အပေါ်သို့ ဆက်တတ်သွားသည်နှင့်အမျှ အလံတိုင်သည် ဆက်ပြီး မြင့်တတ်သွားနေသည်။
(၉၀၀)…(၁၀၀၀)…
သူက လမ်းတစ်လျှောက်တွင် အရှိန်မြှင့်တင်လိုက်သည်။
ထိုမြင်ကွင်းကို မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ အများအပြားက ပိုပြီးသတိထားမိလာကြသည်။ အနီရောင်တောင်တန်းမြစ်အလံတိုင်က မရပ်မနား မြင့်တတ်လာပြီး အရွယ်အစား ကြီးမားလာကြောင်း သူတို့မြင်နေရသည်။ ထိုအခါ သူတို့၏ နှလုံးသားသည် လှိုင်းထသွားပြီး ပိုပြီးခံပြင်းဒေါသထွက်လာကြသည်။
မြင့်မြတ်သော မျိုးနွယ်စုတစ်ခုအနေဖြင့် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများသည် မောက်မာထောင်လွှားကြသည်။ သို့ဖြစ်၍ ယခု လူသားတစ်ယောက်က သူတို့ထက် သာလွန်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မောက်မာထောင်လွှားမှုကြောင့် ကြီးမားသော ခံပြင်းမှုကို ခံစားမိသွားကြသည်။
အထူးသဖြင့် လူသားမျိုးနွယ်၏ အလံတိုင်က နတ်ဘုရားတောင်တန်း၏ အမြင့်ဆုံးနေရာမှာ တဖျပ်ဖျပ်လွင့်မျောနေခြင်းကို မျက်မြင်တွေ့နေရသောအခါ ဖြစ်သည်။ ယင်းကို သာမန်ကျင့်ကြံသူများသာမက မြင့်မြတ်မြို့တော်သုံးမြို့ထဲရှိ မီးလျှံလမျိုးနွယ်၏ ရာထူးမြင့်မားသော ပုဂ္ဂိုလ်များသည်ပင် ခေါင်းမော့လိုက်ကြပြီး နတ်ဘုရားတောင်တန်းပေါ်မှ တောင်တန်းမြစ်အလံတိုင်ကို ကြည့်လိုက်ကြသည်။
သူတို့၏ အမူအရာသည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။
သူတို့ထဲတွင် တားမြစ်ဇုန်ကို ဖွင့်လှစ်ပေးခဲ့သော မီးလျှံလမျိုးနွယ်၏ ဂုဏ်သရေရှိပုဂ္ဂိုလ်လည်း ပါဝင်သည်။ သူက နတ်ဘုရားတောင်တန်းပေါ်မှ ရွှီချင်းကို ကြည့်နေစဉ် သူ့မျိုးနွယ်ဝင်များ၏ အမုန်တရားကိုလည်း ခံစားမိသွားသည်။ အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ တောင်တန်းမြစ်အလံတိုင်၏ အမြင့်သည်လည်း မြန်ဆန်စွာ မြင့်တတ်နေဆဲပင်။
(၁၂၀၀)… (၁၄၀၀)… (၁၆၀၀)…
ယင်းက တိမ်တိုက်များ၏ အထက်သို့ ကျော်လွန်သွားပြီး လှေကားထစ်(၁၈၇၃)သို့ မရောက်ခင်အထိ ကြာမြင့်ခဲ့သည်။ နောက်ဆုံးမှာတော့ ပေတစ်သောင်းအရွယ်အစားရှိသော အလံတိုင်သည် နတ်ဘုရားတောင်တန်း၏ အမြင့်ဆုံးနေရာတွင် ရပ်လျက် တဖျပ်ဖျပ်လွင့်မျောနေသည်။ ယင်းက တခြားအလံတိုင်များကို ဦးဆောင်နေပုံပေါ်သည်။
လူအများကို ဖိနှိပ်ခြင်းဟူသော ခံစားမှုသည် ဤအခိုက်အတန့်မှာ အလွန်ထင်ရှားလာသည်။
ယင်းက သာလွန်ထူးခြားသော ပထမနေရာဖြစ်သည်။
ဤသည်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာအမဲလိုက်ပွဲတော် သမိုင်းတစ်လျှောက်တွင် အလံတိုင်တစ်ခုက ထိုမျှအမြင့်ထိ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သည်။
လူသားမျိုးနွယ်သည် ပထမပြိုင်ပွဲတွင် ပထမနေရာကို ရရှိသွားသည်။
အလံတိုင်က ကောင်းကင်ပေါ်တွင် အပြည့်အဝ ထွက်ပေါ်လာသည့်အခါ မြင့်မြတ်မြို့တော်သုံးခုသည် နှုတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော အကြည့်များသည် နတ်ဘုရားတောင်တန်းပေါ်မှာ စုဝေးသွားကြပြီး အနီရောင်တောင်တန်းမြစ်အလံတိုင်ပေါ်သို့ ကျရောက်သွားကြသည်။
ရွှီချင်းသည်လည်း အလံတိုင်ကို ကြည့်လိုက်သည်။ သူ၏ အမူအရာသည် အနည်းငယ် မိန်းမောတွေဝေနေသည်။ ယခု သူခံစားနေရသော အရာကို မဖော်ပြတတ်ပေ။ အချိန်အတော်ကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး အောက်သို့ တစ်လှမ်းချင်း ပြန်ဆင်းသက်သွားသည်။
တောင်အောက်သို့ ဆင်းသည့် လမ်းတစ်လျှောက်တွင် သူက အပြင်လောကမှ ဆူညံသံများကို ကြားလိုက်ရသည်။
ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ သူက လှေကားထစ်အောက်သို့ ဆင်းပြီးနောက် ခေါင်းဆောင်၏ ဘေးသို့ လျှောက်သွားသည်။ ခေါင်းဆောင်က ရွှီချင်းကို ပြုံးပြလိုက်သည်။
“ အဲ့ဒီအပေါ်မှာ ရပ်ရတာ ဘယ်လိုခံစားရလဲ ”
ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး နတ်ဘုရားတောင်တန်းကို ကြည့်လိုက်သည်။ သူက ခေါင်းခါလိုက်သည်။
“ ထိပ်ဆုံးကို မရောက်ခဲ့တာ စိတ်မကောင်းစရာပဲ ”
ခေါင်းဆောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ လုံလောက်ပြီ… ဒီလောက်နဲ့တင် မီးလျှံလမျိုးနွယ်ဝင်တွေက မင်းကို တော်တော်မုန်းတီးပြီး စက်ဆုပ်ရွံရှာနေပြီ… ဘာပဲဖြစ်ဖြစ် မင်းက သူတို့ရဲ့ နတ်ဘုရားတောင်တန်းပေါ်မှာ လူသားမျိုးနွယ်ရဲ့ အလံတိုင်ကို လွှင့်ထူခဲ့တာ မဟုတ်လား ”
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ရာထူးမြင့်ပုဂ္ဂိုလ်တွေရဲ့ ဆန္ဒကတော့ ပြည့်မြောက်သွားပြီ… သူတို့က ဘာလို့ မင်းကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးထားလဲဆိုတော့ ဒီမျိုးဆက်ရဲ့ ကောင်းကင်အရွေးချယ်ခံတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးချင်လို့ပဲ ”
“ အဲ့ဒါက ခွေးရိုင်းတစ်အုပ်စုနဲ့ တူတယ်… မင်းက သူတို့ကို ရက်စက်ကြမ်းကြုတ်စေချင်ပြီး သူတို့ရဲ့ တိုက်ရည်ခိုက်ရည်ကို မြှင့်တင်ပေးချင်တယ်ဆိုရင် ဝံပုလွေတစ်ကောင်ကို ခွေးရိုင်းအုပ်စုထဲ စေလွှတ်ပေးရလိမ့်မယ်… ဒါမှ သူတို့ရဲ့ စွမ်းရည်တွေက ပေါက်ကွဲထွက်လာလိမ့်မယ် ”
“ မင်းက သူတို့မြင်ချင်နေတဲ့ ဝံပုလွေပဲ… ဒါပေါ့ ငါ့အမြင်မှာ မင်းက ခွေးရိုင်းအားလုံးကို အပြတ်ရှင်းပစ်မယ့် ဝံပုလွေပဲ ”
“ ဒုတိယပြိုင်ပွဲနဲ့ တတိယပြိုင်ပွဲကျရင် မင်းက ပိုပြီးအာရုံစိုက်ခံရလိမ့်မယ် ”
“ ဒီလိုဆိုမှတော့ သူတို့အားလုံးကို သတ်ပစ်တာ မကောင်းဘူးလား ”
ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး ပြောသည်။
“ စီနီယာအကိုကြီး… မင်းရဲ့ တွေးခေါ်မှုက တကယ်ပဲ အကျိုးအကြောင်းဆီလျော်တယ် ”
ခေါင်းဆောင်၏ စကားကို ကြားသောအခါ ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဘဝင်မြင့်သွားသည်။ သူ၏ တွေးခေါ်မှုက ပြီးပြည့်စုံသည်ဟု သူကိုယ်တိုင်လည်း ခံစားမိသည်။
“ သွားကြစို့… စောစောက ချွယ်ဇီကောင်လေးကို ငါမေးထားတယ်… ဒုတိယပြိုင်ပွဲမစတင်ခင် ငါတို့က တစ်ခဏ အနားယူရလိမ့်မယ်… အဲ့ဒီအတောအတွင်း ငါတို့က နေစရာတစ်နေရာ ရှာရလိမ့်မယ်… ဒါပေမဲ့ ဒီနေရာက တည်းခိုစရိတ်က အရမ်းမြင့်လွန်းတယ်… အဲ့ဒါက မတန်ဘူး ”
“ ကံကောင်းစွာပဲ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ပြိုင်ပွဲဝင်သူအားလုံးကို နေအိမ်အလကား ထောက်ပံ့ပေးထားတယ်… ငါတို့ အဲ့ဒီမှာ တစ်ခဏ သွားနေနိုင်တယ်… အဲ့ဒီအခွင့်အရေးကို အသုံးမချရင် အလဟဿဖြစ်သွားလိမ့်မယ် ”
“ ပြီးတော့ ဒုတိယပြိုင်ပွဲက ငါခန့်မှန်းထားတာနဲ့ အတူတူပဲ ”
“ ဒုတိယပြိုင်ပွဲက တောင်တန်းပင်လယ်ဒေသကြီးထဲမှာ အမဲလိုက်ရလိမ့်မယ် ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။
“ ငါမင်းကို ပြောပြမယ်ချင်းလေး… တောင်တန်းပင်လယ်ဒေသကြီးထဲမှာ အရသာရှိတဲ့ သားရဲတွေအများကြီးပဲ… မင်း သူတို့ကို တစ်ခါစားဖူးတာနဲ့ တစ်သက်မေ့မရတော့ဘူးဆိုတာ ငါအာမခံတယ် ”