လူထုအတွက်
Vol. 45 Ch. 668
[လခွမ်း … ဒါကြီးက မိုက်လိုက်တာ၊ ဒါက တကယ်ပဲ ဟက်ကာဝိုင် တစ်ယောက်တည်း လုပ်ခဲ့တဲ့ အရာလား]
[တပ်တစ်ခုလုံးကို သူ တစ်ယောက်တည်း ထိန်းထားခဲ့တာ၊ ယောက်ျားဆိုတာ ဒီလိုပဲ ဖြစ်ရမယ်လေ]
[ငါတို့နိုင်ငံသားတွေက တကယ် အံ့ဩဖို့ကောင်းတာပဲ၊ ဟားဟားဟား … ငါ သိပ်ဂုဏ်ယူတာပဲ]
[ကိုရီးယားကလူတွေ ဒီတစ်ခေါက် သူတို့ သင်ခန်းစာရသင့်ပြီ၊ တရုတ်က ရန်စလို့မရဘူးဆိုတာ သူတို့ သိသင့်ပြီ]
[ဒီလိုဆုံးရှုံးမှုမျိုးက ကိုရီးယားနိုင်ငံအတွက် တော်တော်လေး ခံစားစေရလောက်ပြီ၊ ဒါပေမဲ့ ငါကတော့ လုံလောက်တယ်လို့ ငါ မထင်ဘူး၊ ဟက်ကာဝိုင်သာ ထပ်လုပ်မယ်ဆိုရင် သူတို့ တကယ် ကံဆိုးမှာ]
[ဟက်ကာဝိုင်က သူတို့ကို သက်ညှာမှုပြလိုက်တယ်လို့ ပြောရမှာပဲ၊ မြင့်မြတ်လိုက်တာ]
[ကျန်းပေက ဂုဏ်ပြုပါတယ်]
[ဟောင်ကောင်ကလည်း ဂုဏ်ပြုပါတယ်]
…
တရုတ်ကွန်ရက်သည် အလွန် အလုပ်များလျက် ရှိသည်။ ခရိုင်ကြီးများမှ လူများအားလုံးသည် ဂုဏ်ပြုစကားများ ပြောကြားနေပြီး မှတ်ချက်ကဏ္ဍ၌ ဂုဏ်ပြုစကားများ ပလူပျံနေသည်။
တစ်ဖက်တွင်မူ ကိုရီးယားလူမျိုးများ မှင်တက်နေကြပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
*ဘာ*
*ဒါ ငါတို့ ကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှုလား*
*ဘယ်လိုလုပ် ဆုံးရှုံးမှုက ဒီလောက် ဆိုးရွားရတာလဲ*
ကွန်ပျူတာဗိုင်းရပ်စ်လေးတစ်ခု၊ အရွယ်အစား ကီလိုဘိုက်စ် တစ်ရာသာသာမျှသာ ရှိသော ပရိုဂရမ်းတစ်ခုက ထိုသို့ ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိပေ။ ထို့အပြင် ယင်းက ဟက်ကာဝိုင်မှ လိုလိုလားလား ရပ်တန့်လိုက်၍ ဖြစ်သည်။ သို့မဟုတ်ပါက …
လူပေါင်းများစွာသည် ကျောမချမ်းဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။
ကိုရီးယားနိုင်ငံသည် ပြီးခဲ့သော နှစ်များ၌ မတော်တဆမှုအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ မနှစ်ကတင် သူတို့သည် ဆူနာမီနှင့် ရင်ဆိုင်ခဲ့ရပြီး နိုင်ငံတါင်း ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။ သို့သော် ဤမတော်တဆမှုနှင့် ယှဉ်လိုက်လျင် ထိုဆုံးရှုံးမှုက မပြောပလောက်ချေ။
ဗိုင်းရပ်စ်တစ်ခုက ထိုသို့သော ဆုံးရှုံးမှုဖြစ်စေသည်ဟူသော အချက်က သူတို့၏ စိတ်ကို ကပြောင်းကပြန် ဖြစ်စေခဲ့သည်။
လက်ရှိတွင် တစ်ကမ္ဘာလုံးက ဝိုင်ဗိုင်းရပ်စ်ကို သမိုင်းတွင် မှတ်သားလိုက်ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဟက်ကာဝိုင်က အန္တရာယ်ရှိသော လူတစ်ယောက် ဆိုသည်ကိုလည်း မှတ်မိသွားကြသည်။
အင်တာနက်တွင် ဟက်ကာဝိုင်နှင့် ပတ်သက်သော ဆွေးနွေးမှုများက ပိုများလာသည်။
[ဟက်ကာဝိုင်က ဘယ်သူလဲ]
[ဟက်ကာဝိုင်ရဲ့ လုပ်ရပ်တွေက သင့်တော်ရဲ့လား]
[ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးက တော်တော်လေး ရိုက်ခတ်သွားပြီ၊ ကမ္ဘာကို ဘယ်လို သက်ရောက်မှုမျိုး ဖြစ်လာစေမှာလဲ]
[တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူမဆို ဘယ်လောက်ဝေးဝေး ဖိနှိပ်ခံရမယ်]
[အင်တာနက်ရဲ့ ခွန်အား … ဟက်ကာဝိုင်က ဘယ်လောက်တောင်များ အားကောင်းနေလိုက်မလဲ]
[ကင်ဟျွန်းမင်ရဲ့ ကြောက်စရာကောင်းတဲ့ မကောင်းတဲ့ လျှို့ဝှက်ချက်တွေ၊ ဟက်ကာဝိုင်ရဲ့ တည်ရှိမှုက လူတိုင်းရဲ့ ကိုယ်ရဲ့ လုံခြုံမှုကို စိုးရွံ့စေတာပဲ]
စိတ်ဝင်စားစရာကောင်းသော ခေါင်းစဉ်မျိုးစုံက နေရာတိုင်း၌ ရှိနေပြီး အင်တာနက်ပေါ်မှ ဆွေးနွေးမှုများကို ပို၍ တက်ကြွလာစေခဲ့သည်။
လူတိုင်း မေးခွန်းထုတ်နေကြသော ရဲ့လင်းချန်သည် တစ်လောကလုံး၏ စောင့်ကြည့်ခြင်း ခံရသည်ကို အသားကျနေပြီး ဖြစ်သည်။ သူသည် တည်ငြိမ်နေပြီး မသိလျင် တစ်လောကလုံးက သူနှင့် ဘာမှမဆိုင်သကဲ့သို့ ထင်မှတ်မှားရသည်။ ကမ္ဘာပေါ်သို့ သူ သက်ရောက်စေခဲ့သော သက်ရောက်မှုကိုမူ အရေးစိုက်ရန် စိတ်မဝင်စားချေ။
သို့သော် သူ လုံးလုံးလျားလျား အရေးမစိုက်သည်တော့ မဟုတ်ပေ။ သူသည် စနစ်ထဲမှ ရေပန်းစားမှု အမှတ်များ ကိုတော့ ဂရုစိုက်လေသည်။
သူ၏ ရေပန်းစားမှုအမှတ်များသည် တစ်ဖန်ပြန်၍ အပြင်းအထန် ထိုးတက်လာပြီး ငါးသန်းကျော် တိုးလာကာ စုစုပေါင်း ၁၇,၁၃၈,၆၅၆ သို့ ရောက်ရှိသွားသည်။
ယခုတစ်ခေါက် သူ၏ ရရှိမှုက ကောင်းမွန်လှသည်။ သူသည် ကိုရီးယားနိုင်ငံကို သင်ခန်းစာပေးပြီး ကင်ဟျွန်းမင်နှင့် သူ၏ အပေါင်းအပါများကို အပြစ်ပေးလိုက်နိုင်ရုံသာမက ရေပန်းစားမှုအမှတ်များ ရရှိအောင်ပါ လုပ်ဆောင် နိုင်ခဲ့သည်။ ၎င်းက ကောင်းမွန်လှသည်ဟု ခံစားရ၏။
အထူးသဖြင့် … သူသည် ငရဲတံခါး၏ လျှို့ဝှက်ချက်နှင့် ပတ်သက်၍ သိရှိခဲ့ရလေသည်။
ငရဲတံခါးကို တွေးမိသည်နှင့် ရဲ့လင်းချန်၏ အမူအရာက လေးနက်လာပြီး အနည်းငယ် ခေါင်းကိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“ဥက္ကဋ္ဌရဲ့၊ နည်းပြချုပ်ချင်နဲ့ နည်းပြချုပ် လင်းတို့ ရောက်လာတယ်”
ထိုသို့သောအချိန်၌ တုန်းမြောင်မြောင်က သူ့ထံ အပြေးလာ၍ အသိပေးလာသည်။
*ချင်ပိုင်ချွမ်းနဲ့ လင်းထျန်းရှုံးလား*
*အချိန်ကောင်းပဲ၊ သူတို့ ငရဲတံခါးနဲ့ ပတ်သက်ပြီး ဘယ်လောက် သိထားသလဲ ငါ မေးလို့ရပြီ*
ရဲ့လင်းချန် ထရပ်၍ အပြင်သို့ ထွက်သွားလိုက်သည်။
မနီးမဝေး၌ အဘိုးအိုနှစ်ယောက်က ပျော်ရွှင်စွာ စကားပြော၍ လမ်းလျှောက်လာနေကြသည်။ သူတို့သည် မကြာခဏ ဆန်းကြယ်ကျွန်း၏ ဟိုနားဒီနားကို လက်ညှိုးထိုး၍ လေ့လာနေသည်။ လင်းထျန်းရှုံးက အားကျသော အမူအရာနှင့် ပြောလာသည်။
“မြတ်စွာဘုရား၊ ဒီကောင်လေးရဲ့ ကျွန်းမှာ ရှားပါးပြီး တန်ဖိုးရှိတဲ့ အပင်တွေ တော်တော်လေး ရှိတာပဲ၊ လမ်းတစ်လျှောက်လုံးမှာ တစ်ကမ္ဘာလုံးက အဖိုးတန်သစ်တွေနဲ့ ပြည့်နေတာ”
“ဒီကောင်လေးက ဒီမှာ တကယ်ကို တော်တော်လေး ရင်းနှီးထားတာပဲ၊ ဒီကျွန်းပေါ်က ပတ်ဝန်းကျင်က တော်တော်လေး ကောင်းတာကို ငါ ခံစားမိတယ်၊ သူ့ကို ဒါ ရောင်းမိတာ အလကားပဲ”
ချင်ပိုင်ချွမ်းက ရင်ဘတ်ကိုဖိ၍ နောင်တရနေသည်။
ဤကျွန်းက ထိုမျှ ကံကောင်းစေသောကျွန်း ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။ ရဲ့လင်းချန်သည် မကြာသေးခင်ကမှ ဤကျွန်းကို ရရှိခဲ့သော်လည်း ဤမျှအထိ တိုးတက်အောင် လုပ်နိုင်ခဲ့ပြီး ယင်းအား နိဗ္ဗာန် တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။
“လူအိုကြီးချင်၊ မင်း ခံစားမိလား၊ ဒီကျွန်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်က သိပ်သိပ်ညည်းတယ်”
လင်းထျန်းရှုံးက ဘေးဘီကို စစ်ဆေးပြီး လေးနက်သော အသံဖြင့် ပြောလာသည်။
“တကယ်ကို အဟုတ်ပဲ၊ ဒီကျွန်းပေါ် ခြေချလိုက်ကတည်းက ငါ ခံစားမိတယ်၊ မသိရင် ငါတို့ တခြားကမ္ဘာတစ်ခုပေါ် လမ်းလျှောက်နေရသလိုပဲ”
ချင်ပိုင်ချွမ်းကလည်း အလေးအနက် ပြောလေသည်။
သူတို့ နှစ်ယောက်လုံးသည် အတွင်းအားသုံး သိုင်းပညာရှင်များ ဖြစ်သည်။ သူတို့သည် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးမချနိုင်သော်လည်း အာရုံခံနိုင်စွမ်း ရှိသည်။
သာမန်လူတစ်ယောက်သည် ကျွန်းပေါ် ခြေချမိပါက ပတ်ဝန်းကျင်က ကောင်းမွန်ပြီး လန်းဆန်းစေသည်ဟုသာ ခံစားမိမည် ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင် တည်ရှိမှုကို ခံစားမိမည် မဟုတ်ပေ။
“ဒါ ဟင်းလင်းပြင်နယ်မြေနဲ့ ပတ်သက်နေလိမ့်မယ်လို့ မင်း ထင်လား”
လင်းထျန်းရှုံးက တီးတိုးပြောလာသည်။
“မပြောနဲ့တော့”
ချင်ပိုင်ချွမ်းက ပြုံးနေပြီးမှ ထပ်ပြောလိုက်သည်။
“ဒီလို ပတ်ဝန်းကျင်မျိုးမှာ နေရတာက တော်တော်လေး သက်တောင့်သက်သာ ရှိမှာပဲ၊ ဒီကောင်လေးက သူ့ကိုယ်သူ ဘယ်လို ဇိမ်ခံရမလဲဆိုတာကိုတော့ တကယ် သိတာပဲ”
“နည်းပြချုပ်ချင် လာချင်တယ်ဆိုရင် ဆန်းကြယ်ကျွန်းက အမြဲတမ်း ကြိုဆိုနေမှာပါ၊ ဒါပေမဲ့ … ပိုက်ဆံလေး ပေးဖို့တော့ မှတ်ထားပေးပါဗျာ”
ရဲ့လင်းချန်က သူတို့အနားသို့ လျှောက်သွားရင်း ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဟင်းလင်းပြင် နယ်မြေအကြောင်း ပြောသွားသည်ကို တိတ်တဆိတ် မှတ်သားထားလိုက်လေသည်။
“ဟားဟားဟား … ကောင်စုတ်လေး၊ ငါ မင်းဆီကိုတောင် မလာရသေးဘူး၊ မင်းက ငါ့ကို အကွက်ချနေပြီ”
ရဲ့လင်းချန်က သူတို့ကို ပိုက်ဆံတောင်းရန် ကြိုးစားနေသဖြင့် ချင်ပိုင်ချွမ်းက ရယ်လိုက်သည်။
“ကောင်လေး၊ မင်း စာချုပ်ထဲမှာ ဘာရေးထားသလဲ ဆိုတာကို မှတ်မိသေးလား၊ ငါ့ကို ထိပ်တန်းအဆင့် အရည်အသွေး သိုင်းအခြေခံ စစ်တပ်ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ မင်း ကတိပေးထားတယ်လေ၊ အခုအထိ ငါ ဘာမှကို မမြင်ရသေးဘူး၊ မင်း အခု ငါ့ကိုတောင် အကျောကြီးနဲ့ ဆက်ဆံဖို့ တွေးနေတာလား”
ရဲ့လင်းချန်သည် ထိုအကြောင်းကို မေ့လုနီးပါး ဖြစ်နေသဖြင့် အနေရခက်သွားလေသည်။
ယခုတလော သူ့တွင် လုပ်စရာ များပြားနေခဲ့သည်။ Gala နွေဦးပွဲတော်၊ ကိုရီးယား နိုင်ငံနှင့် ပြဿနာ၊ နောက်ဆုံး၌ နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းသို့ သွားရာ၌ ကြုံတွေ့ခဲ့သော အဖြစ်အပျက်များစွာတို့ ရှိခဲ့သည်။ ၎င်းတို့နှင့် ယှဉ်လိုက်လျင် ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးရေးကိစ္စက အနည်းငယ်မျှသာ အရေးပါလေသည်။
သို့သော်ငြားလည်း သူ ပြန်ပြောလိုက်သည်။
“ခင်ဗျားရဲ့ တောင်းဆိုမှုကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး၊ ဒါပေမဲ့ လူသားမျိုးနွယ် ရှင်သန်နိုင်ဖို့အတွက်၊ ကျွန်တော်တို့လူတွေရဲ့ လုံခြုံဘေးကင်းမှုကို ပိုအာမခံနိုင်ဖို့အတွက်၊ ကျွန်တော် ခွေးရူးပြန်ရောဂါပိုးအတွက် ကုသဆေးကို နေ့ရောညပါ ဖန်တီးနေရလို့ နှောင့်နှေးနေတာပါ”
ချင်ပိုင်ချွမ်းသည် ထိုကိစ္စများကို သိထားသဖြင့် ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ ကုသဆေးက တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်၊ မင်းရဲ့ ဒုက္ခခံမှုအတွက် ငါတို့ မင်းကို ကျေးဇူးတင်ပါတယ်”
“အရာအားလုံးက လူတွေရဲ့ အကျိုးကျေးဇူးအတွက်ပါ၊ ကျွန်တော့်ရဲ့ မဖြစ်စလောက် အားထုတ်မှုလေးက ဘာမှမဟုတ်ပါဘူး၊ အဲ့ဒါက လဝက်လောက် အိပ်ရေးပျက်ခဲ့ရုံလေးပါပဲ၊ ဒါက ကျွန်တော် ကိုင်တွယ်နိုင်တဲ့ အနေအထားပါ”
ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။
သူ့ဘေးမှ တုန်းမြောင်မြောင်သည် မျက်နှာ နီရဲသွားပြီး တစ်ဖက်လှည့်သွားသည်။ သူမ၏ သူဌေးက အရှက်မဲ့ လွန်းလှပေသည်။
“မင်း တကယ်ပဲ လဝက်လောက် အိပ်ရေးပျက်ခဲ့တာလား”
ချင်ပိုင်ချွမ်း အံ့ဩသွားသည်။
“ကျွန်တော် ခဏခဏ မိနစ်သုံးဆယ်လောက် မှိန်းပါတယ်၊ ဒါပေမဲ့ အဲ့လောက်က လုံလောက်ပါတယ်”
ရဲ့လင်းချန်၏ အမူအရာက မပြောင်းလဲပေ။ တုန်းမြောင်မြောင်၏ မျက်နှာက ပို၍ အနီရောင်သန်းလာပြီး ထွက်သွားချင်စိတ် အသည်းအသန် ဖြစ်ပေါ်နေ၏။ ရဲ့လင်းချန်က အလွန် အရှက်ကင်းမဲ့လွန်းလှသည်။
“ဒီတစ်ခေါက် ငါတို့ မင်းကို တော်တော်လေး ဒုက္ခများစေခဲ့ပါပြီ”
ချင်ပိုင်ချွမ်းက တစ်ချက်ကလေးမှ သံသယမဝင်ဘဲ တလေးတစား ပြောလာသည်။ ကုသဆေးတစ်ခု ဖန်တီးခြင်းက မယုံနိုင်လောက်အောင် ခက်ခဲလိမ့်မည်ဟု သူ ထင်နေသည်။
“လင်းချန်၊ မင်းက သိုင်းပညာရှင်ဆိုပင်မယ့် မင်းက လူသားတစ်ယောက်ပဲလေ၊ မင်း အလုပ်နဲ့ ဘဝ ချိန်ခွင်ညီအောင် ဂရုစိုက်ဖို့ လိုတယ်၊ မင်းရဲ့ ခန္ဓာကိုယ်က အဓိကပဲလေ”
“သ…သ…သူ ဒါကို ယုံတာလား”
တုန်းမြောင်မြောင် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ ထိုအခိုက်တွင် ရဲ့လင်းချန် ဆက်ပြောလာသည်။
“နည်းပြချုပ်ချင်၊ ကျွန်တော်လဲ နားချင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် မျက်လုံးမှိတ်လိုက်တဲ့ အချိန်တိုင်း ခွေးရူးပြန် ရောဂါပိုးကြောင့် ဒုက္ခကြုံတွေ့ရတဲ့ မိသားစုတွေအကြောင်း မတွေးဘဲ မနေနိုင်ဘူး၊ အဲ့ဒီ ခွေးကိုက်ခံရတဲ့ ကူကယ်ရာမဲ့တဲ့ ကလေးတွေကို မတွေးဘဲ မနေနိုင်ဘူး၊ ကျွန်တော် ဆေးကို စောစော ဖန်တီးလေ လူပိုများများ ကယ်နိုင်လေပါပဲ၊ ကျွန်တော့်မှာ ကုသဆေး ရှိပင်မယ့် ဆေးဝါး ထုတ်လုပ်ရေး စက်ရုံကတော့ အချိန်နည်းနည်း လိုနေသေးတယ်”
တုန်းမြောင်မြောင်၏ မျက်နှာက လုံးလုံးလျားလျား နီရဲနေလေပြိ။ သူမ ခေါင်းကို တတ်နိုင်သမျှ ငုံ့ထားမိသည်။ ရဲ့လင်းချန် နောက်ပိုင်း ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာကိုသာ သူမ မသိထားပါက သူမ သူ့ကို ယုံမိလောက်သည်။
ချင်ပိုင်ချွမ်းသည် တုန်းမြောင်မြောင်ကို လုံးဝ အာရုံမထားချေ။ ထိုအစား သူက စိတ်လှုပ်ရှားစွာ ပြောလာသည်။
“ဒီလိုဆိုရင် မင်းရဲ့ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံက ထုတ်လုပ်ရေး မြန်နိုင်သမျှ မြန်မြန် စနိုင်အောင် ရန်ပုံငွေနဲ့ လူအင်အား ထောက်ပံ့ပေးဖို့ ငါ ဒါကို စစ်သည်တော်ဌာနကို တင်ပြပေးမယ်”
“နည်းပြချုပ်ချင်၊ ခင်ဗျား ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပြီးပါပြီ၊ ကျွန်တော် ခင်ဗျားရဲ့ အကူအညီကို ထပ်လက်ခံဖို့ ရှက်မိပါတယ်”
“မင်းက ခွေးရူးပြန် ရောဂါပိုးရဲ့ ကုသဆေးကို ဖန်တီးခဲ့တာလေ၊ အဲ့ဒါကတင် ကြီးမားတဲ့ ကူညီမှု ဖြစ်နေပြီ၊ ငါ့အကူအညီက မင်း ထိုက်တန်တဲ့ ဆုလာဘ်ပဲ၊ တစ်ချိန်တည်းမှာပဲ လူတွေအတွက် ငါတို့ စစ်သည်တော်ဌာနရဲ့ ပံ့ပိုးမှုပဲလေ”
…