← Chapters

ရန်ယွမ်ခေတ်၊ သမုဒ္ဒရာ ဒဏ္ဍာရီ

Vol. 19 Ch. 277

ရန်ယွမ်ခေတ်၊ သမုဒ္ဒရာ ဒဏ္ဍာရီ

Vol. 19 Ch. 277

ကျန်းချန်ရှန်း၏ အကြည့်အောက်တွင် ကျန်းချင်၏ ဝိညာဉ်သည် ကောင်းကင်သို့ အဆက်မပြတ် တက်သွားပြီး မြေပြင်မှ အဝေးသို့ ရွေ့လျားသွားသည်။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ကို ဆွဲခေါ်သွားသည်မှာ ထင်ရှားသည်။

ကျန်းချင်သည် တိမ်ပင်လယ်များပင် မရောက်နိုင်သော အမြင့်ကို ပျံသန်းသွားသည့်အခါ ရုတ်တရက် ပျောက်သွားသည်။

ကျန်းချန်ရှန်း၏ စိတ်စွမ်းအားပင် သူ့ကို အာရုံမခံနိုင်ပေ။

ဆိုးတာပဲ။

ကျန်းချန်ရှန်းက သူ့အကြည့်များကို ပြန်ရုတ်လိုက်ပြီး အရှုံးပေးလိုက်ရုံသာ တတ်နိုင်သည်။

သူသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကို နားလည်နိုင်လောက်အောင် မသန်မာသေးပေ။

တာအိုနည်းစနစ် အဆင့် ၁၀သို့ ရောက်သည်နှင့် စည်းမျဉ်းများကို စတင်နားလည်နိုင်သင့်သည်။

နောက်တစ်နေ့တွင် ဧကရာဇ်မင်းသည် ဧကရာဇ်ချန်လဲ့ ကွယ်လွန်သွားပြီဟု လောကသို့ အမိန့်ထုတ်ပြန်ခဲ့သည်။ ကွယ်လွန်သူ၏အမည်မှာ ဧကရာဇ် ကျောက်လဲ့ ဖြစ်ပြီး၊ သူ့ကို ဧကရာဇ် ကျင်းကျောက် ဟုခေါ်သည်။

နိုင်ငံတော်ဈာပနကို သုံးလကြာကျင်းပခဲ့ပြီး ကောင်းကင်ချီမြေ၏ တစ်စိတ်တစ်ပိုင်းအားလုံးက သူ့အတွက် ဝမ်းနည်းပူဆွေးခဲ့ကြသည်။

နိုင်ငံတော် ဈာပန အခမ်းအနား ဖြစ်သော်လည်း ဧကရာဇ်ကျန်းလျှို့သည် အနားယူခြင်း မရှိပေ။ အရပ်ဘက်အရာရှိငယ်များစွာကို ရာထူးတိုးပေးခဲ့သည်။ အရင်ဧကရာဇ်များနှင့် ယှဉ်ပါက သူက ပိုရည်မှန်းချက်ကြီးသည်။ သို့သော် သူ၏လုပ်ရပ်များသည် ပျော့ပြောင်းလွန်းပြီး မင်းမျိုးမင်းနွယ်များ အများအပြားကို စော်ကားခဲ့သည်။

လက်ရှိ မဟာကျင်းတွင် အုပ်ချုပ်သူနှင့် အရာရှိများ စိတ်တူကိုယ်တူရှိရန် အလွန်ခက်ခဲသည်။

တစ်နှစ်ခွဲအတွင်း ကျန်းလျှို့ ငြိမ်သက်သွားသည်။

သွေးစွန်းသောမြေတွင်၊ ကျန်းကျန့်၊ လင်းဟောက်ထျန်း၊ ကျန်းကျန်၊ဖင်အန်းနှင့် လင်းဖုန့်တို့ ရှေ့သို့ တိုးသွားကြသည်။

လင်းဖုန့်သည် အနီးနားရှိ အရိုးစုများကို ကြည့်ပြီး အလွန်စိတ်လှုပ်ရှားနေ၏။ မတူညီသော လူမျိုးစုများ၏ အရိုးစုများ အများကြီးရှိသော်လည်း အခုချိန်ထိတော့ လူသားအရိုးစုများကို မတွေ့ခဲ့ရသေးပေ။

“ဒီလမ်းကြောင်းအတိုင်း ဖြစ်သင့်တယ်။ ငါတို့တကယ်သွားနေတာရော ဟုတ်ရဲ့လား”

ကျန်းကျန့်က ပြောသည်။ သူနောက်ထပ်သွားလေလေ၊ သူ့အကျပ်အတည်း ခံစားချက်က ပိုပြင်းထန်လေလေပါပဲ။

လင်းဟောက်ထျန်း “ဘာမှ မစွန့်စားရင် ဘာမှ မရဘူး။ ဒီမှာနေဖို့က ပိုအန္တရာယ်များတယ်။ ဒီအရာက စွမ်းအားကြီး တည်ရှိမှုတစ်ခုရဲ့ ကျီလို့ ငါထင်တယ်။ ဒီနေရာမှာ အရိုးစုတွေ အများကြီး ပစ်ချထားတာ။ ဒ်ီနေရာပိုင်ရှင်ကို ငါတို့ မတွေ့သေးဘူးဆိုတော့ သူ ပြန်မရောက်သေးဘူးလို့ ဆိုလိုတာပဲ။ ငါတို့ သူပြန်မလာသေးခင် လွတ်မှရမယ်”

ကျန်းကျန့်သည် ထိုစကားကိုကြားပြီးနောက်တွင် သူသည် အဓိပ္ပါယ်ရှိကြောင်း ခံစားရပြီး ထပ်မမေးတော့ပေ။

"ရှေ့မှာ တစ်ခုခုရှိတယ်”

လင်းဖုန့်သည် ရုတ်တရက် ကြောက်မက်ဖွယ်ရာ လေသံဖြင့် ပြောလိုက်သည်။

ကျန်းကျန့်နှင့် လင်းဟောက်ထျန်းတို့သည် မြင်ကွင်းအဆုံးတွင် အာကာသမှ မြင့်မားသောတောင်တန်းကြီးတစ်ခု ထွက်ပေါ်လာသည်ကို သတိပြုမိသည်။ ထိုအရာက တိမ်တိုက်ထဲသို့ တိုးဝင်သွားသည်။ ဝေးလွန်းသဖြင့် ဘာကိုမှ မမြင်နိုင်။

သို့သော် သေချာသည်မှာ လင်းဖုန့် နှုတ်မဖွင့်မီတွင် ထိုအရာသည် ပေါ်လာခြင်းမရှိသေးပေ။

လှုပ်ရှားမှုမရှိဘဲ လေထုထဲကနေ ပေါ်လာသည်…

ကျန်းကျန့်နှင့် လင်းဟောက်ထျန်းတို့သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ဒီအချိန်မှာပဲ….

သူတို့၏ မြင်ကွင်းများ အဆုံးတွင် တောင်ကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ကျန်းကျန့် နှင့် လင်းဟောက်ထျန်းတို့ အရှိန်အဟုန်ဖြင့် လိုက်မမှီနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။

လင်းဟောက်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အော်လိုက်သည်။ “ဖယ်ကြ”

ကျန်းကျန့်နှင့် ဖင်အန်းသည် ချက်ချင်း ခုန်ထွက်သွားသည်။ ဖင်အန်း သည်လည်း လင်းဖုန့်ကို ဖမ်းဆုပ် ခေါ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော တောင်ကြီးတစ်ခု ကောင်းကင်မှ ပြုတ်ကျသကဲ့သို့ မြှားများကဲ့သို့ ပြန့်ကျဲသွားကြသည်။

ဘုန်း

လေနှင့် လှိုင်းလုံးများက လှိမ့်တက်လာပြီး အရိုးစုများ ပြန့်ကျဲသွားသည်။ သို့သော် တောင်၏အောက်ခြေသည် မြေပြင်ကို မထိသောကြောင့် မြေ မလှုပ်သွားပေ။

ကျန်းကျန့် တချက်ကြည့်လိုက်ပြီး အံ့သြသွားမိသည်။

ဒီဟာက ဘယ်လိုလုပ် တောင်ဖြစ်ရမှာလဲ။ လက်ညှိုးပဲဆိုတာ သေချာတယ်။

တောင်ကြီးနှင့် နှိုင်းယှဥ်နိုင်သော လက်ချောင်းဖြစ်သည်။ ၎င်း၏ လုံးပတ်သည် မီတာရာနှင့်ချီ ကျယ်ဝန်းပြီး ၎င်း၏အရေပြားသည် မည်းမှောင်နေသည်။ တောင်ကြီးတစ်ခုကဲ့သို့ ခက်ခက်ခဲခဲ မြင်ရသည်။ ကျန်းကျန့်၊ လင်းဟောက်ထျန်း၊ ဖင်အန်း နှင့် လင်းဖုန့် တို့အားလုံး ထိတ်လန့်သွားပြီး တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။

အကြည့်တစ်ချက်ဖြင့်ပင် သူတို့ သေလုမျောပါး ကြောက်လန့်သွားသည်။

သူတို့သည် ကြီးမားသော လက်ချောင်းကို မျှော်ကြည့်ကာ တိမ်ပင်လယ်တွင်း အပေါက်တစ်ခုကို တွေ့လိုက်ရသည်။ ကောင်းကင်တွင် အပေါက်ကြီးတစ်ခု ပေါ်လာသကဲ့သို့ပင်။ အမှောင်ထဲတွင် အေးစက်သော မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေသည်။ မျက်ဆံများမှာ သွေးရောင် လနှစ်စင်းနှင့် ဆင်တူသည်။

ကျန်းကျန့် နှင့် အခြားသူများ ထိတ်လန့်သွားကြသည်။ တစ်ဘက်က မည်မျှကြီးမားသည်ကို တွေးကြည့်၍မရပေ။

“ရှေးအတီ အသျှင်”

လင်းဟောက်ထျန်းက ညိုးငယ်သောအမူအရာဖြင့် ရေရွတ်လိုက်သည်။

သူက ချက်ချင်းဆိုသလို ကျန်းကျန့်နှင့် ဖင်အန်းကို "မြန်မြန် ပုန်းကြ”

သူတို့ လျင်မြန်စွာ ရှောင်ထွက်သွားကြပြီး ကြီးမားသော လက်ချောင်းကြီး ပျောက်သွားသည်။ တကယ်တော့ ပျောက်မသွားပေ။ အလွန်လျင်မြန်သော အရှိန်ဖြင့် ကောင်းကင်သို့ ပြန်ဆုတ်သွားခဲ့သည်။

သူတို့သည် ချောက်ထဲသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ကြပြီး ကြီးမားသော လက်ချောင်းများ ထပ်မံမပေါ်တော့ပေ။ ကောင်းကင်မှ အေးစက်သော မျက်လုံးများကလည်း ပျောက်ကွယ်သွားသည်။

တစ်နာရီလောက်ကြာသည်။

ချောက်နံရံများအတွင်း၌ ပုန်းအောင်းနေသည့် လေးယောက်မှာ ထိတ်လန့်နေကြဆဲဖြစ်သည်။

“သူ ထပ်မတိုက်ခိုက်တော့ဘူး။ သူက ငါတို့ကို ရှေ့မတိုးဖို့ပဲ တားချင်ပုံရတယ်။”

ကျန်းကျန့်က မှုန်ကုပ်ကုပ်နှင့် ပြောလိုက်သည်။ ထိုလက်ချောင်းသည် သူတို့၏ တိုက်ပွဲဝင်ချင်စိတ်ကို ဆုံးရှုံးသွားစေလောက်အောင်ပင်။

လင်းဟောက်ထျန်းက အသက်ပြင်းပြင်းရှူပြီး “အနည်းဆုံးတော့၊ ငါတို့ ထွက်သွားချင်ရင် အဲဒီလမ်းကြောင်းအတိုင်းပဲ သွားနိုင်တယ် ဆိုတာ ငါတို့သိတယ်။ အဲဲဒီလူက ရှေးအတီအသျှင်ထင််တယ်။ ငါ အမွေဆက်ခံခဲ့တဲ့ မှတ်ဉာဏ်တွေထဲမှာ သိုင်းဧကရာဇ်ဟာ ရှေးအတီအသျှင်တစ်ပါးနဲ့ ကြုံခဲ့ရတယ်။ ရှေးအတီအသျှင်ဟာ စစ်မြေပြင်မှာ ပေါ်လာတိုင်း ေလာကကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေ ရှိကြတယ်။ ငါချဲ့ကားပြောတာ မဟုတ်ဘူး။ တကယ့်ကို အဖျက်စွမ်းအားပဲ။ မြိုင်ဟေဝန်က ကြီးလို့၊ အဆုံးမဲ့သမုဒ္ဒရာထဲက ဘယ်တိုက်မှာမဆို ထားထားလိုက်ရင် သူ့အတွက် အဲ့တိုက်ကြီးပြားသွားဖို့ အလွယ်လေးပဲ”

ကျန်းကျန့်က မျက်မှောင်ကြုတ်ပြီး “ရှေးအတီအသျှင် ဒါကအဆင့်တစ်ခုလား ဒါမှမဟုတ် မျိုးနွယ်လား။"

လင်းဟောက်ထျနန်းက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး “ငါ မသိဘူး၊ ဒါပေမယ့် အဲဒီသိုင်းဧကရာဇ်ဟာ ရှေးအတီအသျှင်တစ်ပါးထက်မက တွေ့ဖူးတယ်။ သူတောင်မှ တစ်ပါးတည်းကို ဖြုတ်ချဖို့ ခက်လိမ့်မယ်။”

သိုင်းဧကရာဇ်ကတောင်မှ အနိုင်ယူဖို့ ခက်လိမ့်မယ်…

ကျန်းကျန့်၏နှလုံးသည် ချောက်ကမ်းပါးအောက်ခြေသို့ နစ်မြုပ်သွားသည်။ သူတို့ ဘယ်လိုနေရာမျိုးက လာတာလဲ။

သူက သက်ပြင်းချလိုက်ပြီး “စောင့်ကြည့်ရအောင်။ အနည်းဆုံးတော့ တဘက်လူက ငါတို့ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒီလိုမှမဟုတ်ရင် သူ ဒီအတိုင်း ရပ်သွားမှာ မဟုတ်ဘူး။”

လင်းဟောက်ထျန်း ခေါင်းညိတ်လိုက်သည်။

လင်းဖုန့်က မနှောင့်ယှက်ဘဲ ကောင်းကင်ကို ငေးကြည့်နေရုံသာ။

ဖင်အန်းသည် သူ့ရင်ဘတ်ကိုထိကာ သွားများကို ကိုက်ထားသည်။

ရန်ယွမ်ခေတ်၏ ဒုတိယနှစ်တွင် နိုက်ငံသည် တည်ငြိမ်လာပြီး ခေတ်သစ်တစ်ခုအဖြစ် ကမ္ဘာက လက်ခံလာခဲ့သည်။

ကျန်းလျှို နန်းတက်ပြီးနောက် ရွှင်ထျန်းမြို့ကို တိုးချဲ့ခဲ့သည်။ မြို့တော်ကို ပြောင်းရွှေ့ချင်နေသည်ဟု ကောလာဟလများ ထွက်နေသည်။

ဧပြီလအစတွင် လီကျွင်းက သူ့ဆီလာလည်ပြီး ထိုကိစ္စကို အကြောင်းကြားသည်။

လီကျွင်းက အတင်းပြုံးပြပြီး "ကျွန်တော်တို့ရဲ့ ဧကရာဇ်က အမှန်တကယ် ရည်မှန်းချက်ကြီးပါတယ်၊ ဒါပေမဲ့ သူက ယုံကြည်မှုလည်း လွန်ကဲပါတယ်။ သူက မြိုင်ဟေဝန်နဲ့ ပိုနီးကပ်တဲ့ ရွှင်ထျန်းမြို့ကို ပြောင်းရွှေ့ချင်နေပါတယ်။ မြို့တော်နဲ့ မြင့်မြတ်တဲ့ နယ်မြေသုံးခုက မင်းမျိုးမင်းနွယ်တွေရဲ့ ကန့်သတ်ချက်တွေကိုလည်း ဖယ်ရှားချင်နေပါတယ်။ သူက အရှင့်ကိုလည်း ဖြုတ်ပစ်ချင်နေပါသေးတယ်”

မူလက သူသည် အဖြူရောင်ဝတ်လုံအစောင့်တပ်၏ တပ်မှူးဖြစ်ခဲ့သော်လည်း ကျန်းလျှို့ထံမှ ထုတ်ပယ်ခံခဲ့ရသည်။ အခု အလုပ်ထုတ်ခံရတော့ သိုင်းပညာလောကထဲကို ပြန်ဝင်ရန် ပြင်ဆင်နေပြီဖြစ်သည်။ သူ တရားရုံးကို ငြီးငွေ့လာသည်။

ပိုင်ချီက ဝံပုလွေမျက်လုံးများကို ပြူးကျယ်ပြီး "သူရူးသွားပြီလား။ မာစတာရဲ့ အကာအကွယ်မပါဘဲ သေရမှာ မကြောက်ဘူးလား”

လီကျွင်းက "အခုအချိန်မှာ အဖြူရောင်ဝတ်လုံအစောင့်တွေက အရမ်းအစွမ်းထက်ပြီး မဟာကျင်းမှာ ပညာရှင်တွေက တိမ်တွေလိုပဲ မှာ အများကြီးရှိပါတယ်။ ဒါ့အပြင် သူက ရွှေကိုယ်ထည် အဆင့်မှာ ရှိနေတာလေ။ မြို့တော်ကို အောင်မြင်စွာ ပြောင်းရွှေ့ပြီးတဲ့နောက်မှာ သူက စကြဝဠာ ဘုံသို့ ရောက်နိုင်မယ်ဘို့ ကျွန်တော်ထင်တယ်။ သူ့ကိုယ်သူ ကာကွယ်နိုင်တယ်လို့ သူထင်ကောင်းထင်နိုင်ပါတယ်။”

ပိုင်ချီက နားမလည်နိုင်စွာ ခေါင်းခါလိုက်သည်။

ကျန်းချန်ရှန်းက ပြုံးပြီးပြောသည်။ "သူနေပါစေ။ သူဘာလုပ်နိုင်လဲ ကြည့်ရအောင်။"

လူအချို့သည် သူ၏ ခွန်အားကို မေ့လျော့သွားလောက်အောင် မဟာကျင်းသည် အစွမ်းထက်လာသည်။

ဒါပေမယ့် မြို့တော်ကို ပြောင်းရွှေ့မယ်ဆိုရင်တောင် လောလောဆယ် ဘာမှဖြစ်လာမည် မဟုတ်ပေ။

ကျန်းလျှို့သည် ကျန်းချန်ရှန်းထံသို့ သွားရောက်လည်ပတ်ခြင်းမရှိသေးကြောင်း ပြောရပေမည်။

ကျန်းချန်ရှန်းသည် ယနေ့ရောက်ရှိလာမည့်အချိန်ကို ခန့်မှန်းထားပြီးဖြစ်သည်။ ဆက်ဆံရေး ပိုပို၍ ဝေးကွာလာသည်နှင့်အမျှ သူ၏သားစဉ်မြေးဆက်များသည် ရန်သူမရှိသောအခါတွင် သူ၏ခွန်အားကို ကြောက်ရွံ့လာကြသည်။

အထူးသဖြင့် ဧကရာဇ်ပင်။ ကျန်းချန်ရှန်းနှင့် အတူမနေဖူးသည့်အတွက် သူ့အကြောင်းကို မသိပေ။ ထုံးစံအတိုင်း သူကြောက်နေလိမ့်မည်။

သူ့အတွက် အထွတ်အထိပ်သို့ တက်ရန် မလွယ်ကူပေ။ သူသည် ကောင်းကင်အောက်တွင် စွမ်းအားအရှိဆုံးလူ မဟုတ်ကြောင်း သူမည်သို့ ဝန်ခံလိုစိတ်ရှိနိုင်မည်နည်း။

သို့သော် ကျန်းလျှိုသည် ကျန်းချန်ရှန်းကို ကိုကြောက်သော်လည်း၊ သူသည် သူ့ဘိုးဘေးဖြစ်မှန်းသိပြီး မကောင်းသောရည်ရွယ်ချက်များ မပြုလုပ်ဝံ့ပေ။ သူသည် ကျန်းချန်ရှန်း နှင့် ခပ်ဝေးဝေးနေချင်သည်။ သူ့ဘေးမှာ ဘိုးဘေးမရှိရင် သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်။

ကျန်းချန်ရှန်းသည် မိန်းမစိုးများနှင့် သူ၏ ကြံစည်မှုအကြောင်း ကြားသောအခါ သူ ရယ်လုနီးပါးပင်။

ဒီလိုပုန်ကန်မှုမျိုးက မိဘတွေရဲ့ ထိန်းချုပ်မှုကို မလိုလားတဲ့ ကလေးတစ်ယောက်လိုပင်။

လီကျွင်းက တခြားအကြောင်းအရာများကိုလည်း ပြောခဲ့သည်။ အများစုမှာ တရားရုံးမှ အပြောင်းအလဲများ ဖြစ်သည်။

ချန်လီ၏ စွမ်းအားသည်လည်း ဆုတ်ယုတ်သွားသော်လည်း သူ့ရာထူးတွင် ရှိနေသေးသည်။ သို့သော် သူ၏ စွမ်းအားသည် ယခင်ကလောက် မကြီးမားတော့ပေ။ ချန်လီက ဒီကိစ္စကို မပြောခဲ့ပေ။ ပြောဖို့ ရှက်လွန်းသည်။ သူ့ကျောင်းသားက သူ့အာဏာကို ဖြုတ်ပစ်လိုက်သည်မှာ တကယ် ရှက်စရာကောင်းသည်။

ခဏကြာ စကားစမြည်ပြောပြီးနောက် လီကျွင်း ထွက်သွားသည် ။ သူသည် အနာဂတ်တွင် မြိုင်ဟေဝန်ကို စူးစမ်းရန် ပြင်ဆင်ထားပြီး ဆယ်နှစ်တစ်ကြိမ် ပြန်လာရပေမည်။ ကျန်းချန်ရှန်းကလည်း သူ့ရွေးချယ်မှုကို လေးစားသည်။

ပိုင်ချီက “ကျွန်မ ကျီယွီ၊ ကျန်းရှို့နဲ့ ရွှင်ထျန်းကို အရမ်းလွမ်းတယ်”

ကျီဝူကျွင်းက “ဒါက ရှောင်လွှဲလို့ မရဘူး။ သွေးနဲ့ ပတ်သက်နေရင်တောင် ဧကရာဇ်က ကြောက်နေမှာပဲ။ ယခင်ဧကရာဇ်တွေက တာအိုဘိုးဘေးနောက်ကို အငယ်ကတည်းက လိုက်နေတာမလို့ သက်သောင့်သက်သာ ဖြစ်နေတာ။ အထွတ်အမြတ်နိုင်ငံမှာ သားအဖ အချင်းချင်း သတ်ဖြတ်တဲ့ ဇာတ်လမ်းတွေတောင် ရှိခဲ့တယ်”

ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာပြောသည် "သဘာဝတရားက သူ့လမ်းစဉ်အတိုင်းသွားပါစေ။ ဒါကလည်း ကောင်းပါတယ်။”

မဟာကျင်းသည် အာဏာရလာခဲ့ပြီး သူ့ကိုယ်သူ အားကိုးနိုင်ခဲ့သည်။ ဧကရာဇ် တစ်ခုခု ဖြစ်ခဲ့ရင်တောင် ကျန်းမိသားစုမှာ လူတွေအများကြီးရှိတယ်။

ကျန်းကျီယွိတွငိ သားစဉ်မြေးဆက် တစ်ထောင်ကျော် ကျန်ရစ်ခဲ့သည်။ ထိုသို့သော အောင်မြင်မှုဖြင့် သူ့ကို အာဂလူအဖြစ် သတ်မှတ်နိုင်သည်။

သို့ရာတွင် သူ ဂရုမစိုက်သော်လည်း တစ်စုံတစ်ယောက်က ဂရုစိုက်သည်။

ဘိုးဘွားနန်းတော်တွင် ရှိနေသော ကျန်းချဲသည် သတင်းကြားသောအခါ နန်းတော်သို့ တိုက်ရိုက်ပြေးသွားပြီး ကျန်းလျှို့ကို ကောင်းကောင်းကြီး ကြိမ်းမောင်းလေသည်။ ဤသတင်းသည် လူအများကြားတွင် ပျံ့နှံ့သွားခဲ့ပြီး သာမန်လူများနှင့် သိုင်းပညာရှင်တို့လည်း ထိုအကြောင်းကို ပြောဆိုခဲ့ကြသည်။

အဆုံးမဲ့ပင်လယ်ပြင်ပေါ်တွင်….

အသျှင်ပိုင်သည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေ၏။ ဒါဇင်ပေါင်းများစွာသော သင်္ဘောများသည် လမ်းကြောင်းတိုင်းတွင် ရွေ့လျားနေပြီး ၎င်းတို့ပေါ်ရှိ သိုင်းပညာရှင်များသည် မျက်နှာဖုံးများ အမျိုးမျိုးကို ဝတ်ဆင်ထားကြသည်။

အရှင်ပိုင်အတွက် အလုပ်လုပ်နေသော မျက်နှာဖုံးစွပ်လူသည် လေဟာနယ်မှတဆင့် သူ့နောက်တွင် ပေါ်လာသည်။ သူက ဒူးတစ်ဝက်ထောက်ကာ ပြောသည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဒါဇင်နဲ့ချီတဲ့ အနီးနားက ကျွန်းတွေက လူတွေပြောစကားအရ မြောက်ဘက်ကို ပျံသန်းနေတဲ့ တိုက်ကြီးတစ်ခုကို တစ်ယောက်ယောက်က တွေ့ဖူးပါတယ်တဲ့။ လမ်းတစ်လျှောက်က ကျွန်တွေမှာလည်း ဒီဒဏ္ဍာရီရှိခဲ့ပါတယ်။ အမှန်ဖြစ်ပုံရပါတယ်။ တာအိုဘိုးဘေးက နဂါးသွေးကြောတိုက်ကြီးနဲ့ ထန်းဟိုင်ကို အမှန်တကယ် မြောက်ဘက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်”

အသျှင်ဘိုင်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်ကာ သက်ပြင်းချ၏။ “တာအိုဘိုးဘေးရဲ့ စွမ်းရည်က တကယ်ကို စိတ်ကူးကြည့်လို့ မရဘူး။ သူ့ကို တိုင်းတာဖို့ သိုင်းဧကရာဇ်ကို သုံးတာကသူ့အဆင့်အတန်းကို နိမ့်ကျစေတယ်လို့ ငါ ရုတ်တရက် ခံစားလိုက်ရတယ်။

မျက်နှာဖုံးစွပ်ထားသူက သက်ပြင်းချပြီး “ဟုတ်ပါတယ်။ အထွတ်အမြတ်နိုင်ငံသမိုင်းမှာ ဒီလို စွမ်းရည်ရှိတဲ့ ဧကရာဇ်တစ်ပါးကို တစ်ခါမှ မမြင်ဖူးဘူး။”

"ဒါပေမယ့် သူက အရမ်းအစွမ်းထက်နေတာကို လူသားမျိုးနွယ်ကို ဘာကြောင့် မကာကွယ်တာလဲ။" ထိုအရာသည် မျက်နှာဖုံးစွပ်ထားသော အမျိုးသား၏ စိတ်ထဲရှိ အကြီးမားဆုံး ပြဿနာပင်။

အသျှင်ပိုင်သည် ခေါင်းယမ်းကာ “လူသားမျိုးနွယ်ကို ဘာကြောင့် ကာကွယ်ချင်ရမှာလဲ။ မဟာကျင်းကို ကာကွယ်ရုံနဲ့ မလုံလောက်ဘူးလား။ လူသားမျိုးနွယ်တစ်ခုလုံးက သူနဲ့ ဘယ်လိုလုပ် သက်ဆိုင်မှာလဲ”

မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် ရင်ဘတ်အောင့်ကာ မည်သို့ ချေပရမည်ကို မသိပေ။

အသျှင်ပိုင်က “လူရဲ့နှလုံးသားက အတွင်းမှာရှိတာ။ မသေမျိုး တစ်ယောက်အနေနဲ့ သူက မဟာကျင်းကို ကာကွယ်မှုပေးရုံနဲ့ လူသားမျိုးနွယ်အပေါ်မှာ ကြင်နာပေးနေပြီ။ ငါ့ရဲ့ ခန့်မှန်းချက် မှန်တယ်ဆိုရင် နတ်ဆိုး သူတော်စင် ခုနစ်ပါး ကျဆုံးခြင်းက သူရဲ့ လုပ်ရပ်ပဲ။ သူရဲ့ လုပ်ဆောင်ချက်တွေက လူသားမျိုးနွယ်ကို အသက်ရှုလို့ရအောင် လုပ်ပေးထားပြီးပြီ။ သူ ရပ်တည်နေတဲ့ အဆင့်ဟာ ငါတို့ စိတ်ကူးယဉ်လို့တောင် မရဘူး။ ငါတို့က နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေတုန်းပဲ။ သူက များပြားလှတဲ့ မျိုးနွယ်စုတွေနဲ့ ကမ္ဘာတစ်ခုလုံးကို ကြည့်ရှုနေတာနေမှာ။ လူသားမျိုးနွယ်က ဘယ်လောက်ပဲ အားကောင်းပါစေ သူတို့က ကောင်းကင်နဲ့ မြေကြီးကြားက သမုဒ္ဒရာရေ တစ်စက်လောက်ပဲ ရှိတာ။ ဘယ်လောက်တောင်မှ အရေးမပါလိုက်သလဲ။ လူသားမျိုးနွယ်ရဲ့ အပြင်ဘက်ကနေ ရပ်တည်ပြီး စဉ်းစားမယ်ဆိုရင် လူသားမျိုးနွယ်ဟာ အရေးမကြီးပါဘူး။”

မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် ထိတ်လန့်တုန်လှုပ်သွားပြီး ၎င်းသည် အဓိပ္ပာယ်ရှိကြောင်း ခံစားလိုက်ရသည်။

သို့သော် သူသည် ပဟေဠိဖြစ်နေဆဲပင်။ အရင်တုန်းက ဆရာတော်ပိုင်သည် အထွတ်အမြတ်နိုင်ငံရဲ့ လူသားများကို အလွန် ဂရုစိုက်ခဲ့သည်။ ဒီလိုပြောင်းလဲမှုမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဆရာတော်ပိုင်က ဆက်လက်၍ “သွားရာ လမ်းတစ်လျှောက်မှာရှိတဲ့ ကျွန်းတွေအကြောင်း ဆက်မေး။ ရည်မှန်းချက်က မဟာကျင်းကို ရှာဖို့ပဲ ရှိပါသေးတယ်။”

မျက်နှာဖုံးစွပ်ထားသည့်လူက ခေါင်းညိတ်ပြီး ထွက်သွားသည် ။

အသျှင်ပိုင်သည် မိုးကုပ်စက်ဝိုင်း၏အဆုံးကို အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြည့်နေ လေသည်။

“အရှင်မင်းကြီး၊ ဒီကမ္ဘာမှာ မသေမျိုး လမ်းကြောင်းက အမှန်တကယ်ရှိသလား”

ရန်ယွမ်ခေတ်၏ ၃ နှစ်၊ နွေဦးနှောင်းပိုင်း။

ကျန်းချန်ရှန်းသည် ကျီဝူကျွင်း၊ ပိုင်ချီ၊ ဟေးထျန် ဟွမ်ထျန်တို့အတွက် ဆေးသန့်စင်နေသည်။

သူ ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရသည်။ သူသည် မြို့ထဲသို့လှည့်ကြည့်ကာ ဘိုးဘွားနန်းတော်ကို ကြည့်လိုက်သည်။

သူသည် ကျန်းချဲကို စစ်ဆေးရန် သွားစဉ်တွင် သူသည် ကိုယ်ပွားတစ်ခုကို ချက်ခြင်းဖန်တီးပြီး ၎င်းကို သူရှိနေသည့်နေရာတွင် ထားခဲ့သည်။

အိပ်ခန်းထဲတွင်….

ကိုယ်လုပ်တော်ယွီသည် မြေပြင်ပေါ်တွင် ထိုင်ကာ ထိတ်လန့်တကြား လှမ်းကြည့်ကာ သူမ၏ မျက်လုံးများတွင် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည် ။

All Chapters