← Chapters

ရှေးအတီအသျှင်၊ နတ်ဆိုးသန္ဓေသား ဒုက္ခ၊

Vol. 19 Ch. 278

ရှေးအတီအသျှင်၊ နတ်ဆိုးသန္ဓေသား ဒုက္ခ၊

Vol. 19 Ch. 278

ကိုယ်လုပ်တော်ယွီ၏ အမြင်အရ ကျန်းချဲသည် ကျိုးနေသော ဆေးဖက်ဝင်အိုးရှေ့တွင် တုန်တုန်ယင်ယင်ရပ်နေ၏။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည် အဝတ်ဗလာဖြစ်ပြီး ထူးဆန်းသော သွေးစီးကြောင်း ပုံစံများ သူ့ခန္ဓာကိုယ်၏မျက်နှာပြင်ပေါ်တွင် ထင်ရှားစွာ ထွက်ပေါ်လာသည်။ သူတို့ပေါ်လာတိုင်း၊ အပြောင်းအလဲအသစ်များ ဖြစ်လာသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ...''

ကျန်းချဲ၏အမူအရာမှာ မှိုင်းနေပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

ထိုအချိန်တွင်ကျန်းချန်ရှန်းသည် သူ့ရှေ့တွင် ပေါ်လာသည်။

ကျန်းချန်ရှန်း ကိုမြင်သောအခါ၊ ကျန်းချဲသည် သူ့အလိုလို ထိုးလိုက်သည်။

ဘန်း

ကျန်းချန်ရှန်းသည် ကျန်းချဲ၏ လက်သီးကို ဆုပ်ကိုင်လိုက်ပြီး အနည်းငယ် အားသုံးလိုက်သည်။ ကျန်းချဲသည် နာကျင်မှုကို သည်းခံရင်း သူ့ရှေ့တွင် ဒူးထောက်လိုက်သည်။

"ရှင်ဘယ်သူလဲ..

ကိုယ်လုပ်တော်ယွီသည် ကျန်းချန်ရှန်းကို၏ ကျောကိုကြည့်ရင်း ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

ကျန်းချန်ရှန်းသည် သူမအား လျစ်လျူရှုပြီး ကျန်းချဲ၏ ခန္ဓာကိုယ်ကို စတင်စစ်ဆေးခဲ့သည်။

ကိုယ်လုပ်တော်ယွီက ကျန်းချန်ရှန်း၏ ခေါင်းနောက်က နေလေးကို သတိထားမိလိုက်သည်။ သူမ အဖြေကို ချက်ချင်းစဉ်းစားပြီး ကျန်းချန်ရှန်းကို မနှောင့်ယှက်ဝံ့ဘဲ ငြိမ်သက်သွားသည်။

ကျန်းချန်ရှန်းက ကျန်းချဲ၏ သွေးနှင့်ချီကို ထိန်းညှိဖို့ သူ့၏ မှော်အစွမ်းများကို အသုံးပြုနေချိန်တွင် သူက "မင်း တကယ်ပဲ ဘာကို လေ့ကျင့်နေတာလဲ”

ကျန်းချဲသည် သူ့ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်း ပြန်လည်ကောင်းမွန်လာသည်ဟု ခံစားမိသည်။ သူက အတင်းပြုံးပြပြီး “ကောင်းကင်နတ်ဝှက်ကျမ်းက အင်ပါယာမိသားစုရဲ့ နတ်ဝိဇ္ဇာ ကျမ်း ဆယ်ခုထဲက တစ်ခုလို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သွေးနဲ့ချီက ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီးတော့ ချီက ထိန်းမနိုင်သိမ်းမရဖြစ်နေပါတယ်။ ကျွန်တော့် စိတ်ထဲမှာ နောက်ဆက်တွဲ ပုံရိပ်တွေ အများကြီး ကျန်နေသေးပြီး သူတို့ အသက်ရှင်နေချိန်က အဲဒီ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေရဲ့ မှတ်ဉာဏ်တွေ ဖြစ်ပုံရတယ်။”

ကျန်းချန်ရှန်းသည် ကျန်းချဲ၏ကိုယ်ခန္ဓာရှိ ကံ၏စွမ်းအားကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။ ဤကံ၏အစွမ်းသည် သူ၏ခန္ဓာကိုယ်ရှိ သွေးအနှစ်သာရနှင့် ဆက်စပ်နေသည်။

“ကောင်းကင်နတ်ဝှက် ကျမ်း… မဆိုးပါဘူး”

ကျန်းချန်ရှန်းသည် ကျန်းချဲ၏ ကောင်းကင်နတ်ဝှက်ကျမ်း အကြောင်း ပြန်လည်ပြောပြသည်ကို နားထောင်ရင်း သူ့ကိုယ်သူ တွေးနေမိသည်။

ကောင်းကင်နတ်ဝှက်ကျမ်းသည် အခြားမျိုးနွယ်များ၏ သွေးသားစွမ်းအားကို ခိုးယူနိုင်ပြီး ကောင်းကင်သိုင်းဥပဒေထက် ထက်သာလွန်သည်။

ကောင်းကင်သိုင်းဥပဒေသည် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ မွေးရာပါ စွမ်းရည်ကို ဆုပ်ကိုင်ထားရန်သာ ခွင့်ပြုထားပြီး ကောင်းကင်နတ်ဝှက်ကျမ်းသည် လူ၏သွေးကို ဆင့်ကဲ ပြောင်းလဲစေသည်။ ကျွမ်းကျင်ပြီးသည်နှင့် အချိန်တိုအတွင်း အခြားသက်ရှိသတ္တဝါများ၏ အသွေးအသားကို ခိုးယူနိုင်သည်၊ ၎င်းသည် ကောင်းကင်သိုင်းဥပဒေထက် ပိုမိုမြန်ဆန်သည်။

ကျန်းချဲသည် တာရှည်ခံနိုင်သော ရက်စက်ကြမ်းကြုတ်သော သားရဲ၏သွေးကို ခိုးယူရန် ဤနည်းစနစ်ကို အားကိုးပြီး သူ့အသက်ကို တိုးစေသည်။

သို့သော် သူသည် သွေးသားအမြောက်အမြားကို လုယူခဲ့ပြီး ကံဆိုးသူ မရှားပေ။ ကုသိုလ်ကံ လွန်ကဲစွာ ပါ၀င်မှုကြောင့် ကမ္မ တန်ခိုး သည် မိမိခန္ဓာကိုယ်ကို ပျက်စီးစေသည် ။

အဲဒါက ကောင်းကင်နတ်ဝှက် ကျမ်း၏ အားနည်းချက်ပင်။

မြိုင်ဟေဝန်၏ ဧကရာဇ်မိသားစုလက်ထဲတွင် သူတို့သည် အစွမ်းထက်သောသွေးသားများကိုသာ ခိုးယူနိုင်ပြီး ကျန်းချဲ လောက် မဆင်မခြင်ဖြစ်နိုင်မည်မဟုတ်လောက်ပေ။ နှစ်များအတွင်း ကျန်းချဲသည် သွေးပေါင်းတစ်ရာနီးပါးကို စုပ်ယူနိုင်ခဲ့သည်။ ဒါဟာ တကယ့်ကို ဒေါသထွက်စရာပင်။

အရေးအကြီးဆုံးကတော့ သူ့၏ အသွင်အပြင်က လူသားတစ်ယောက်နဲ့ အတူတူပဲဆိုသော်လည်း သူ့ခန္ဓာကိုယ်၏ အဆီအနှစ်က ပြောင်းလဲသွားခြင်းပင်။

ကောင်းကင်နတ်ဝှက် နည်းစနစ်သည် ကောင်းကင်ကို လှည့်၍ နေကို ပြောင်းလဲစေပြီး ကောင်းကင်မှာ ၎င်းကို ဖောက်ထွက်ရန် မဖြစ်နိုင်ပေ။

ကျန်းချန်ရှန်းသည် သူ့ မှော်အစွမ်းကို အသုံးပြုပြီး ကံ၏စွမ်းအားကို ချိုးနှိမ်ခဲ့သည်။ ကံအားလျော်စွာ၊ သူသည် ငရဲကို ကျွမ်းကျင်ပြီး ကံတရားကို အချိန်အတော်ကြာ နားလည်လာခဲ့သည်။ မဟုတ်ပါက ကံရဲ့ အစွမ်းကို သူ ခံစားမိမှာ မဟုတ်ဘူး။

“အနာဂတ်မှာ ဆက်မလုပ်နဲ့၊ ဒါမှမဟုတ် မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားလိမ့်မယ်။ ကောင်းကင်နတ်ဝှက် နည်းစနစ်က အမှန်တကယ်ကို အစွမ်းထက်ပေမဲ့လည်း ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကျိုးကျေးဇူးတွေက ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အားနည်းချက်တွေကို သယ်လာနိုင်တယ်။ မင်းနားလည်လား” ကျန်းချန်ရှန်းက ညွှန်ကြားသည်။

ကျန်းချဲက ခါးသီးသော အပြုံးဖြင့် ခေါင်းညိတ်သည်။

ထို့နောက် ကျန်းချန်ရှန်းက ကောင်းကင်နတ်ဝှက် ကျမ်းကို ထုတ်လိုက်ရန် တောင်းဆိုခဲ့သည်။ ကျန်းချဲ ကိုယ်လုပ်တော်ယွီကို ဖမ်းဆုတ်ဖို့ ချက်ချင်း တောင်းဆိုလိုက်သည်။

ကောင်းကင်နတ်ဝှက်ကျမ်းကို အရိုးအပိုင်းအစတစ်ခုပေါ်တွင် မှတ်တမ်းတင်ထားသည်။ ကျန်းချန်ရှန်းက ထိုအရာကို ယူလိုက်ပြီး သေသေချာချာ စစ်ဆေးသည်ါ

မကြာခင်တွင် တစ်ခုခုလွဲနေပြီဆိုတာ သူသိလိုက်ရသည်။ ဤကောင်းကင်နတ်ဝှက်ကမ်းသည် မပြည့်စုံသော မိတ္တူတစ်ခုသာဖြစ်သည်။

သူက ကျန်းချဲကို ဒီတွေ့ရှိမှုအကြောင်း ပြောပြသည်။ ကျန်းချဲသည် ၎င်းကိုကြားပြီးနောက်တွင် ကြောက်ရွံ့မှုတစ်ခုခံစားရပြီး ကိုယ်လုပ်တော်ယွီသည် ပို၍ပင်ရှက်လာသည်။

ကျန်းချန်ရှန်းသည် ထိုစကားကိုပြောပြီးနောက် ထွက်သွားလေသည်။ " အကယ်၍ ဒီနည်းစနစ်ကို ဝိညာဥ်မျိုးနွယ်စုက မင်းကို ပေးခဲ့တာဆိုရင် မင်းက သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ထည့်စဥ်းစားပြီးတော့ ဝိညာဥ်မျိုးနွယ်စုက ဒီနည်းစနစ်ကို ပျိုးထောင်ခြင်း ရှိမရှိကိုလည်း ကြည့်ရမယ်လေ”

ကျန်းချဲသည် မျက်မှောင်ကြုတ်ပြီး ကိုယ်လုပ်တော်ယွီသည် နေရာတွင်ပင် အမြစ်တွယ်နေ၏။

ကျန်းချဲ၏ မျက်နှာကို ကြည့်ပြီး ကိုယ်လုပ်တော်ယွီက အံကြိတ်ပြီး " ဝိညယဥ်မျိုးနွယ်စုထဲက တစ်ယောက်ယောက်က ဒီနည်းစနစ်ကို ကျင့်ကြံနေသလားတော့ ကျွန်မ မသိဘူး။ ကျွန်မ စုံစမ်းဖို့ တစ်ယောက်ယောက်ကို ပြန်လွှတ်လိုက်မယ်…”

သူမ ဝမ်းဗိုက်ကို ထိရုံကလွဲ မတတ်နိုင်တော့ဘဲ တုန်လှုပ်ချောက်ချားနေသော မျက်လုံးများဖြင့် ကြည့်နေသည်။

ကျန်းချဲသည် မူလက သူမအား မေးခွန်းထုတ်ချင်သော်လည်း သူမ၏ အပြုအမူကို မြင်သောအခါ ရုတ်တရက် တိတ်ဆိတ်သွားသည်။

သူ အသက်ရှင်နေစဥ်အချိန်က ကျန်းချင်၏ စကားများကို ပြန်သတိရမိသည်။

ဝိညာဥ်မျိုးနွယ်စုမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေလို့ များလား။

ဝိညာဥ်မျိုးနွယ်စုသည် စိတ်ဓာတ်ပြင်းထန်သောလူမျိုးဖြစ်သော်လည်း၊ ၎င်းတို့သည် မဟာကျင်းထက် အားနည်းပြီး ယုတ်ညံ့သည်။ ကျန်းချန်ရှန်းသည် ဝိညာဉ်မျိုးနွယ်မှာ လှုပ်ရှားရန် ကောင်းကင် သိုင်းဧကရာဇ်တစ်ပါးကိုပင် ဖိတ်ကြား၍မရနိုင်ကြောင်း တွက်ချက်မိသည်။ ထုံးစံအတိုင်း၊ သူ ဤကဲ့သို့ မျိုးနွယ်စုကို ဂရုမစိုက်ပေ။

ကိုယ်လုပ်တော်ယွီ၊ လင်းဟောက်ထျန်းနှင့် အခြားနှစ်ယောက် ထိတွေ့လိုက်သော ဝိညာဉ်မျိုးနွယ်သည် ရိုးရှင်းမည်ဟု ယူဆရသည်။ သို့သော် ဉာဏ်ရည်ဉာဏ်သွေးရှိသော မျိုးနွယ်ဖြစ်သောကြောင့် ရည်မှန်းချက်ကြီးသူများ ရှိရမည်။ လူမျိုးတစ်မျိုးတွင် အကောင်းနှင့်အဆိုး အမြဲရှိကြပြီး ကျန်းချန်ရှန်းသည် ပုဂ္ဂိုလ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ပျင်းလွန်းလှသည်။

ခြံထဲသို့ ပြန်ရောက်သောအခါ တရားထိုင်သည်။

တစ်နှစ်ခွဲကြာသောအခါ ကျန်းချဲ ရောက်လာသည်။

“ကိုယ်လုပ်တော်ယွီရဲ့လူတွေအရ၊ ဝိညာဉ်ရေး မျိုးနွယ်မှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတစ်ခု ရှိခဲ့ပါတယ်။ လူသားမျိုးနွယ်ကို ပစ်မှတ်ထားချင်သူတွေ ရှိပါတယ်။ ကောင်းကင်နတ်ဝှက်ကျမ်းကို ဝိညာဥ်မျိုးနွယ် တော်ဝင်မိသားစုရဲ့ ဆွေမျိုးတစ်ဦးဆီကနေ ရရှိခဲ့တာပါ...”

ကျန်းချဲက အတင်းပြုံးပြသည်။ သူတကယ် သတိလက်လွတ်ဖြစ်ခဲ့သည်။ သူသည် လူမျိုးတစ်မျိုးကို မည်သို့ အလွယ်တကူ ယုံကြည်နိုင်မည်နည်း။

တော်ဝင်ဆွေမျိုးလား

စိတ်ဝင်စားစရာပဲ။ ဝိညာဉ်မျိုးနွယ်သည် အားနည်းသော်လည်း သူတို့၏စနစ်သည် ခိုင်မာနေဆဲ ဖြစ်သည်။

စာငှက်လေးတစ်ကောင်က သေးသေးလေးဆိုပေမယ့် သူ့မှာ မရှိမဖြစ်လိုအပ်တဲ့အရာတွေ အပြည့်ရှိလား။

ကျန်းချန်ရှန်းက “မိန်းကလေးကျီ၊ သွားကြည့်။ လေ့ကျင့်ဖို့ အခွင့်ကောင်းပဲ။”

ဝိညာဥ်မျိုးနွယ်စု၏ အင်အားအကြီးဆုံးသည် ကျီဝူကျ်င်းထက် များစွာ မသာလွန်ပေ။

ကျီဝူကျွင်းသည် ထိုစကားကိုကြားသောအခါ ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ရန် သူမ၏အခန်းထဲသို့ ချက်ချင်းပြန်သွားခဲ့သည်။

ကျန်းချဲသည် ကိုယ်လုပ်တော်ယွီ ကိုယ်ဝန်ရှိနေကြောင်း ထုတ်ဖော်မပြမီ တခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ကြင်ယာတော်ယွီက ကျွန်တော့်အတွက် တကယ်ပဲ စေတနာရှိတာပါ။ ကျွန်တော် သူ့ကို မမောင်းထုတ်ချင်ဘူး။ သူက ကျွန်တော့်ကလေးကို ကိုယ်ဝန်ရှိနေပြီ၊ သူ့ကို ကလေး မွေးစေချင်တယ်။ ဒါပေမဲ့ ဒီကလေးက ကျွန်တော့်ရဲ့ လက်ရှိသွေးရင်းကို အမွေဆက်ခံထားတာမလို့ ကျွန်တော်က လူသားမဟုတ်တော့မှာကို စိုးရိမ်ပါတယ်။ ဘယ်လိုထင်ပါလဲ…"

တစ်နှစ်ခွဲကြာသွားသောအခါ ကိုယ်လုပ်တော်ယွီ၏ ဗိုက်ထဲက ကလေး ရှင်သန်မှုက တစ်နေ့ထက်တစ်နေ့ ပိုသန်မာလာခဲ့သည်။ သူတောင် အံ့သြသွားသည်။

ကျန်းချန်ရှန်းက သူ့မျက်လုံးတွေကိုမှိတ်ပြီး "ဟုတ်ပြီ၊ မင်း ကလေးကို အနာဂတ်မှာ ဒီကို ခေါ်လာနိုင်တယ်"

သူသည် ထိုကလေး၏ အရိပ်အယောင်ကို ခံစားမိနေပြီဖြစ်သည်။

ဒါဟာ တကယ့်ကို ထူးခြားသည်။ သန္ဓေတည်ချိန်က ခုနစ်လသာရှိသေးသော်လည်း ၎င်း၏ အသက်ဓာတ်သည် သာမန်အရွယ်ရောက်ပြီး သိုင်းပညာရှင်ထက်ပင် ပိုမိုအားကောင်းနေသည်။

အရင်တုန်းကတော့ မဟာကျင်းရဲ့ အရည်အချင်းအရှိဆုံးလူက ဘယ်မှာလဲဆိုတာ တွက်ချက်ခဲ့ဖူးသည်။ ၎င်းက ကိုယ်လုပ်တော်ယွီ၏ ဗိုက်ထဲတွင် အမှန်ပင်။

ကျမ်းချဲသည် ရက်စက်ကြမ်းကြုတ်သော သားရဲသွေး အမျိုးပေါင်း ရာကျော်နီးပါးကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ထားသည်။ ကံ၏တန်ခိုးကြောင့် တုန့်ပြန်ခြင်းခံရသော်လည်း၊ သူ့ကလေးသည် တူညီသောကံကြမ္မာကို သေချာပေါက် မခံစားနိုင်ပေ။ အကယ်၍ သူ့ကလေးသည် ဤအသွေးအသားကို စုံလင်စွာ အမွေဆက်ခံနိုင်ခဲ့ပါက၊ ၎င်းသည် စောင့်မျှော်ရကျိုးနပ်မည်ဖြစ်သည်။

ကျန်းချဲသည် ထိုစကားကိုကြားသောအခါတွင် သူသည် အံ့အားသင့်သွားပြီး ကျန်းချန်ရှန်းအား အလျင်အမြန် ကျေးဇူးတင် လိုက်သည်။

ကျီဝူကျွင်းသည် သူမ၏ရွှေရောင်ချပ်ဝတ်တန်ဆာကို ပြောင်းလဲကာ နဂါးဝိညာဥ် ငွေလှံကိုယူက ကျန်းချဲနှင့်အတူ တောင်ပေါ်မှ လိုက်ဆင်းသွားခဲ့သည်။ သူမက ကျန်းချဲ၏ သီးခြားအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် လိုအပ်သည်။

ပိုင်ချီက စိတ်ဝင်တစားမေးလိုက်သည်။ “မာစတာ ဘာလို့ သူ့ကလေးကို စောင့်ရှောက်ဖို့ သဘောတူတာလဲ။ မာစတာရဲ့မြေးကို လွမ်းနေတာလား”

ကျန်းချန်ရှန်းက ကြည့်ပြီး “အို့ ငါကမအားဘူးဆိုတော့ အနာဂတ်မှာ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ကူညီပေးပါ။”

ရန်ယွမ်ခေတ် တတိယနှစ်၊ ဇူလိုင်လလယ်။

ကျီဝူကျွင်း ပြန်ရောက်လာသည်။ သူမသည် ဝိညာဉ်မျိုးနွယ်၏မင်းသားကို သတ်ခဲ့ပြီး ကိုယ်လုပ်တော်ယွီ ၏အစ်ကိုအား အာဏာသိမ်းရန် ကူညီပေးခဲ့သည်။

ဝိညယဥ်မျိုးနွယ်တွင် ကောင်းကင်ဂူအဆင့် ကိုးဦးရှိသော်လည်း ဝိညာဥ်မျိုးနွယ်၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အားနည်းလွန်းသည်။ ကျီဝူကျွင်းထံတွင် လွယ်လွယ် အသတ်ခံခဲ့ရသည်။

ဒါပေါ့။ ဖြစ်စဉ်တစ်ခုလုံးက သိပ်မလွယ်ပေမယ့် ကျီဝူကျွင်းက စိတ်မပျက်စေရဘဲ တရားခံကို သတ်ပစ်နိုင်ခဲ့သည်။

သူမပြန်လာပြီးနောက် ပိုင်ချီက သူမကို နှောင့်ယှက်ပြီး အခြေအနေအကြောင်းမေးသည်။ ကျန်းချန်ရှန်းလည်း နားထောင်နေသည်။

သူမသည် ပုန်ကန်ရန် ရည်မှန်းချက်ရှိသည့် တော်ဝင်ဆွေမျိုးတစ်ဦးဖြစ်သည့် ကိုယ်လုပ်တော်ယွီ၏ ဖခင်အကူအညီကို ရယူထားသောကြောင့် အောင်မြင်ခဲ့သည်။

ဤကိစ္စကို ဖြေရှင်းပြီးနောက်၊ ကိုယ်လုပ်တော်ယွ ဖခင်လည်းဖြစ်သော ဝိညာဉ်မျိုးနွယ်၏ ဧကရာဇ်သည် လူသားမျိုးနွယ်အပေါ် ကောင်းမွန်စွာဆက်ဆံလိုစိတ်ရှိခဲ့သည်။ သဘာဝ ရတနာ အများအပြား လမ်းကြောင်းတွင် ရောက်လာနေပြီဖြစ်သည်ါ

“ဝိညာဉ်မျိုးနွယ်က နိဗ္ဗာန်ဘုံလို တောင်တန်းအနက်ပိုင်းထဲမှာ နေကြတာ။ သူတို့က လူသားမျိုးနွယ်နဲ့ အရမ်းဆင်တူတယ်။ နိုင်ငံတွေ၊ အရာရှိတွေနဲ့ ေအာက်ခြေမှာ သာမန်လူတန်းစားတွေရှိတယ်။ ကိုယ်လုပ်တော်ယွီက ငါတို့ဆီကနေ သင်ယူဖို့ လူသားမျိုးနွယ်ကို လာခဲ့တာ…” ကျန်းချန်ရှန်း နားထောင်နေသော်လည်း သူသည် ဘိုးဘေးနန်းတော်ကို ကြည့်နေသည်။

ကိုယ်လုပ်တော်ယွီ မမွေးသေး။ ပုံမှန်ကိုယ်ဝန်ဆယ်လမှာ လွန်သွားခဲ့ပြီ။

ကျန်းချဲက သတင်းကို မည်သူမျှ ဖြန့်ဝေခွင့်မပြုရန် အမိန့်ပေးခဲ့သည်။

သူသည် နတ်ဆိုးသန္ဓေသားကို မွေးဖွားလာမည်ကို စိုးရိမ်နေခဲ့သည်။

ကျန်းချန်ရှန်းသည် ဤကလေးမွေးဖွားရန် အချိန်မည်မျှကြာမည်ကို တွေးမိလာသည်။

အမိဝမ်းထဲမှာ သုံးနှစ်နေခဲ့တဲ့ နီကျား နဲ့တူမလား။

သန္ဓေသား၏ အသက်ဓာတ်သည် ပိုမိုအားကောင်းလာပြီး ကိုယ်လုပ်တော်ယွီအား အားနည်းလာစေသည်။ ကျန်းချန်ရှန်းသည် သူမအား ဆေးဖက်ဝင်ဆေးလုံးများစွာကို ပေးပို့ခဲ့ပြီး သူမကို ထိန်းထားနိုင်ခဲ့သည်။

ကျန်းချဲသည် ဤကလေးကို စွန့်လွှတ်ရန် စိတ်ကူးရှိခဲ့သော်လည်း ကိုယ်လုပ်တော်ယွီထံမှ ငြင်းပယ် ခံခဲ့ရသည်။

ကိုယ်လုပ်တော်ယွီ၏ အဆိုအရ သူမသည် ဤကလေးကို အချိန်အကြာကြီး တောင့်တခဲ့ပြီး လက်မလျှော့ချင်ခဲ့ပေ။

ထို့အပြင်၊ ဤကလေးသည် ဝိညာဉ်မျိုးနွယ်နှင့် လူသားမျိုးနွယ်ကြား ဆက်စပ်မှုဖြစ်လာနိုင်သည်ဟု သူမခံစားခဲ့ရသည်။

ကျန်းချဲသည် ထိုစကားကိုကြားပြီးနောက် သူမအား ဆက်လက်ဒုက္ခပေးရုံသာ တတ်နိုင်တော့သည်။

အချိန်များ.ကုန်သွားသည်။

နှစ်နှစ်ကြာသွားသည်။

ရန်ယွမ်ခေတ် ၅ နှစ်၊ မေလ

ကိုယ်လုပ်တော်ယွီ မမွေးသေး။ ယခုအချိန်တွင် သူမသည် အိပ်ရာပေါ်တွင်သာ လှဲလျောင်းနေနိုင်သဖြင့် လှုပ်ရှားရခက်နေသည်။ သူမ၏ဗိုက်သည် သာမန်ကိုယ်ဝန်ဆောင်အမျိုးသမီးထက် အဆများစွာ ပိုကြီးသည်။ သူမကို အမှုထမ်းသော နန်းတော်က အစေအပါးတွေတောင် အရမ်းကြောက်ကြသည်။

ကျန်းချဲပင်လျှင် ဤကလေးကို ကြောက်သော်လည်း ကိုယ်လုပ်တော်ယွီသည် မွေးဖွားချင်သေးသည်။ နှစ်ယောက်သား ရန်ဖြစ်နေကြတုန်းပင်။ ဤသည်မှာ ကိုယ်လုပ်တော်ယွီ ကျန်းချဲနှင့် ပထမဆုံး ရန်ဖြစ်ခြင်း ဖြစ်ပြီး နောက်ဆုံးတွင် ကျန်းချဲ၏ စိတ်နှလုံး ပျော့ပျောင်းသွားခဲ့သည်။

ယနေ့…

ကျန်းချန်ရှန်းသည် အမွှေးတိုင်များကို စစ်ဆေးသည်။

[လက်ရှိ အမွှေးတိုင် 7,268,098,882]

သူ့၏နောက်ဆုံး ဖြတ်ကျော်မှုသည် (၄၉)နှစ် ရှိပြီဖြစ်သော်လည်း အမွှေးတိုင်ပေါင်း 7.2 ဘီလီယံအထိ စုဆောင်းထားပြီးသားပင်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် သူ၏ အမွှေးတိုင်များ ကြီးထွားလာပြန်သည်။ ခွန်အားစတင် အားထုတ်ခဲ့သော နတ်ဘုရား သံတမန်ခြောက်ပါးကြောင့် ဖြစ်၏။

အမွှေးတိုင်၏ ပထမဆုံးနတ်ဘုရားသံတမန် လီရီ သည် ဖုန့်ထန်းနိုင်ငံ၏ မိုးကြိုးနတ်ဘုရား ဖြစ်လာခဲ့သည်။ သူသည် ရံဖန်ရံခါ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ဖုန့်ထျန်းနိုင်ငံတစ်ခုလုံး၏ အထင်ကြီးလေးစားမှုကို ခံခဲ့ရသည်။

ကျန်းချန်ရှန်းသည် နောက်ထပ် နတ်သံတမန်များကို ဆက်လက်မဖန်တီးတော့ပေ။ အဲဒီအစား အမွှေးတိုင်တန်ဖိုးက ဆယ်ဘီလီယံကျော်တဲ့အထိ စောင့်ချင်သည်။

အကယ်၍ သူသည် ဆယ်ဘီလီယံကန့်သတ်ချက်ကို ကျော်ဖြတ်ပါက၊ လုပ်ဆောင်ချက်အသစ်ကို စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ အနည်းဆုံးတော့၊ ရွေးချယ်ထားတဲ့ မသေမျိုး နတ်ဘုရား၏ ကံကြမ္မာက ပိုအဆင့်မြင့်သွားနိုင်သည်။

“မလုံလောက်သေးဘူး။ ငါ့ရဲ့ အရရင် အောင်မြင်မှုတွေအတွက် အမွှေးတိုင်ပေါင်း 4 ဘီလီယံသုံးစွဲခဲ့ရတယ်။ နောက်ထပ်အောင်မြင်မှုတွေက အနည်းဆုံး ဘီလီယံ 20 လိုအပ်မှာ မဟုတ်ရင် အဲ့ထက်ပိုများလောက်တယ်။”

ကျန်းချန်ရှန်း တိတ်တိတ်လေး တွေးနေမိသည်။

အကြိုပစ်မှတ်- အမွှေးတိုင် ၅၀ ဘီလီယံ။

မဖြတ်ကျော်ခင် အမွှေးတိုင်ပေါင်း 50 ဘီလီယံအထိ ရောက်အောင် အားထုတ်ရဦးမည်

အမှတ်ပေါင်း ဆယ်သန်းပြည့်ပြီးသောအခါ၊ သူသည် အခြားယုံကြည်သူဆယ်ဦးအား သူ၏ နတ်ဘုရားသံတမန်အဖြစ် ရွေးချယ်မည်ဖြစ်သည်။ များများရင်းနှီးလေ အမြတ်များများရလေလေ၊ လောလောဆယ်တော့ နတ်ဘုရားသံတမန်တစ်ယောက် ရှုံးနိမ်သွားသည့် ကိစ္စမျိုး မရှိသေးပေ။

တစ်ဖက်တွင်၊ ကျန်းကျန့် နှင့် အခြားသူများသည် ထိုသေမင်းမြေ ၌ရှိနေဆဲဖြစ်သည်။ သူတို့၏ချီကို အလွန်လျင်မြန်စွာ တိုးပွားလာစေရန်အတွက် ဒေသ ပန်းများနှင့် သစ်သီးများကို မှီခိုအားထားကြသည်။

ကျန်းချန်ရှန်းသည် ရှေးအတီအသျှင်ဟာ သူတို့ကို မွေးမြူပြီး သန်မာလာပြီးနောက်မှသာ စားသောက်မည်ဟု သံသယရှိသည်။

မည်သို့ပင်ဆိုစေကာမူ ကျန်းချန်ရှန်း သည် ရှေးအတီအသျှင်ကို တိုက်ခိုက်ရန် ကျန်းကျန့်ကို အသုံးပြုရန် ပြင်ဆင်ခဲ့သည်။

အချိန်တွေက ဆက်ပြီးကုန်သွားသည်။

ရန်ယွမ်ခေတ် (၆)နှစ်တွင် ဧကရာဇ်မင်းသည် မိမိကိုယ်မိမိ မချုပ်တည်းနိုင်တော့ဘဲ မြို့တော်ကို ထပ်မံပြောင်းရွှေ့ရန် နောက်ထပ်အစီအစဉ်တစ်ခုကို စတင်ခဲ့သည်။

ကျန်းချဲ၏နှလုံးသားသည် ကိုယ်လုပ်တော်ယွီ၏ဗိုက်ထဲရှိ သန္ဓေသားတွင်သာ ရှိနေပြီး ဧကရာဇ်မင်းအား ရပ်တန့်ရန် နှလုံးသားမရှိခဲ့ပေ။ ဘိုးဘေးနန်းတော်၌သာ တနေကုန်နေခဲ့သည်။

ကိုယ်လုပ်တော်ယွီ ကိုယ်ဝန်လေးနှစ်ရှိပြီး ကလေးမမွေးရသေးသော သတင်းက နောက်ဆုံးမှာ ပျံ့နှံ့သွားသည်။ ကျမ်းချဲသည် မည်သည့်အစေခံ သတင်းကို ဖြန့်ထားသည်ကို မသိသော်လည်း အနည်းငယ်မှ ဂရုမစိုက်နိုင်ပေ။

မြို့တော်တွင် မုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး နတ်ဆိုးကလေး ကိုယ်ဝန်ရှိနေသည့် ကိုယ်လုပ်တော်ယွီ၏ သတင်းသည် ပို၍ ပျံ့နှံ့လာသည်။ ဧကရာဇ်ဟောင်း ဧကရာဇ် ကျင်းကျောက်က ကိုယ်လုပ်တော်ယွီသည် မဟာကျင်းကို ဘေးဆိုးဖြစ်စေမည်ဟု တစ်ချိန်က ပြောခဲ့ဖူးကြောင်း တစ်စုံတစ်ယောက်က ပြောလာသည်။ ခဏလောက်တော့ မြို့တော်ကလူများအားလုံး ထိတ်လန့်တကြားဖြစ်သွားသည်။

နောက်ဆုံးတွင် ထိုသတင်းသည် ဧကရာဇ်၏ နားထဲသို့ ရောက်သွားသည်။

ကျန်းလျှိုက ထိတ်လန့်သွားသော်လည်း ဘိုးဘေးနန်းတော်ကို မသွားရဲပေ။ သူက မျက်မှောင်ကြုတ်ပြီး မေးသည်။ “လေးနှစ်ကြာပြီးမှ ကလေးမမွေးတာ သေချာလား” ဝတ်ဖြူဝတ်အစောင့်တပ်သားက လေးနက်သောလေသံဖြင့် “မှန်ပါတယ်၊ အတု မဖြစ်နိုင်ပါဘူး”

ကျန်းလျှိုက “အဖေပြောတာမှန်တယ်။ တကယ် မိစ္ဆာပဲ။ ငါ့ဘိုးတော်က နတ်ဆိုးတွေကို စွဲလမ်းနေတာ။ မဟုတ်ဘူး၊ ငါ မြို့တော်ကနေ အမြန်ဆုံး ထွက်သွားရမယ်"

All Chapters