← Chapters

နဂါးနှင့်ဖီးနစ်ပေါ်လာခြင်း၊ ထိုက်ဝါ ၏ စူးစမ်းလိုစိတ်

Vol. 19 Ch. 280

နဂါးနှင့်ဖီးနစ်ပေါ်လာခြင်း၊ ထိုက်ဝါ ၏ စူးစမ်းလိုစိတ်

Vol. 19 Ch. 280

“ကျွန်တော့်ကလေးက မဟာကျင်းရဲ့ ဆူးဖြစ်လာတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်လည်း ကလေးကို ကြောက်တယ် ဒါပေမယ့် ကိုယ်လုပ်တော်ယွီကိုမြင်ရတဲ့အခါ… ကျွတ်... ကိုယ်လုပ်တော်ယွီ သေသွားရင် ကျွန်တော် တစ်ယောက်တည်းမနေချင်ဘူး။ ကျွန်တော့် ကလေးကို အရှင့်ဆီကိုပဲ အပ်ထားနိုင်တယ်။ ကလေးကို ကောင်းကောင်း သင်ပေးပါ။ ကလေးက အားနည်းသူတွေကို အနိုင်ကျင့်ခွင့်မပြုပါနဲ့။ မဟာကျင်းကို မဆန့်ကျင်စေပါနဲ့”

ကျန်းချဲ သက်ပြင်းချလိုက်ပြီး ရှိုက်ကြီးတငင်ပြောလိုက်သည်။

လူတိုင်းက သူ့ကို အမြင်တစ်မျိုးနဲ့ ကြည့်နေကြသည်။

အသက်ရှည်ခြင်းကို လိုက်စားသူသည် ကိုယ်လုပ်တော်ယွီအတွက် အမှန်တကယ်ပင် သေပေလိမ့်မည်။ ထိုကဲ့သိုသော ခံစားချက်များက ထိရှလှသည်။

ကျန်းချန်ရှန်းက မျက်မှောင်ကြုတ်ပြီး “မင်းအသက်ရှည်တာကို ဂရုမစိုက်တော့ဘူးလား”

ကျန်းချဲက “ဟင့်အင်း။ ကျွန်တော်သာ အသက်ရှည်ခြင်းကို မရှာခဲ့ရင် ကိုယ်လုပ်တော်ယွီက ဘာလို့ရွေးချယ်မှုနဲ့ ရင်ဆိုင်ရမှာလဲ။ ကျွန်တော့်ကလေးက ကျွန်တော့်ကိုယ်စား အသက်ရှည်ခြင်းပန်းတိုင်နောက် လိုက်ပါစေတော့”"

သူက ဂရုမစိုက်သော အပြုံးပြုံးလိုက်ပြီး လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။

ကျန်းချန်ရှန်းက နှုတ်ဆိတ်နေသည်။

တကယ်တော့ ကျန်းချဲက အသက်ရှည်ခြင်းနောက် လိုက်ဖို့ ရွေးချယ်တဲ့အခါ နည်းနည်းခက်ပေမဲ့ ကျန်းချန်ရှန်း ကတော့ သူ့စိတ်ထဲမှာ အနည်းငယ်ပျော်နေခဲ့သည်။ အနည်းဆုံးတော့ သူ့လို သဘောထားတူသူတွေ ရှိသည်။ သို့သော်၊ ကျန်းချဲသည် သူ့ကလေးအတွက် ထိုကဲ့သို့သော အိပ်မက်ကို စွန့်လွှတ်လိမ့်မည်ဟု မထင်ခဲ့ပေ။

သူသာဆိုရင် သူလက်လျှော့မှာမဟုတ်ဘူး။

အတိအကျပြောရလျှင် သူ့စိတ်ခံစားချက်က အနည်းငယ်ရှုပ်ထွေးနေသည်။

သို့သော် မကြာမီ သူသဘောပေါက်လာသည်။ သူသည် လူဝင်စားခြင်းသံသရာကို မြင်နိုင်ပြီး သူငယ်ချင်းဟောင်းများကို ရှာဖွေနိုင်သော်လည်း ကျန်းချဲက မမြင်နိုင်ပေ။ သူတွင် အသက်ရှည်သော ဘဝရခဲ့လျှင်တောင်မှ တစ်ယောက်ယောက် သေဆုံးသွားပါက တကယ်ပဲ ဆုံးသွားခြင်း ဖြစ်ပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ပေ။

ထို့အပြင် ၎င်းတို့ ကြုံတွေ့နေရသော အသက်ရှည်မှု အကျပ်အတည်းမှာလည်း ကွဲပြားသည်။ ကျန်းချန်ရှန်းသည် အကန့်အသတ်မရှိ သက်တမ်းရှိသည်။ သူကြောက်သောအရာက အင်အားကြီးသော ရန်သူများနှင့် အခက်အခဲတွေပင်။ သူသည် သတ္တဝါအပေါင်း လိုက်ရှာခြင်း၏အဆုံး၌ ရပ်တည်နေ၏။

ကျန်းချန်ရှန်းက "မင်း ကိုယ်လုပ်တော်ယွီနဲ့ ထာဝရနေချင်လား"

ကျန်းချဲက အလျင်စလို မပြောခင် ခဏလောက် ထိတ်လန့်သွားပြီး “ နေချင်ပါတယ်။ အရှင့်မှာ ဘယ်လိုနည်းလမ်းရှိလဲ။ ကျွန်တော်တို့ကို ထာဝရအသက်ရှင်အောင် လုပ်နိုင်ပါ့မလား"

တခြားသူများက ကျန်းချန်ရှန်းကို ကြည့်နေကြသည်။

ကျန်းချန်ရှန်းက မျက်လုံးပြူးပြီး “ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါက ဒီအတိုင်းမေးရုံမေးတာ။ မင်း သေရဦးမှာပဲ။ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့က ကောင်းကင်ဘုံရဲ့ သံသရာပဲ။ အဲဒါကိုငါ အပြည့်အဝ နားမလည်သေးဘူး။” ကျန်းချဲသည် စိတ်ပျက်သွားပြီး အခြားသူများလည်း ပါသည်။

ခဏကြာ စကားစမြည်ပြောပြီးနောက် ကျန်းချဲသည် နောက်ဆုံးတွင် ထွက်ခွာသွားခဲ့သည်။

ထင်ရှားသည်မှာ သူ၏ဘဝသည် မကြာမီ ကုန်ဆုံးတော့မည်ဖြစ်သည်။ ပိုင်ချီ၊ ကျီဝူကျွင်း ဟေးထျန်၊ ဟွမ်ထျန် တို့သည် သူ့ကျောပြင်အိုကို ကြည့်ရင်း ဝမ်းနည်းနေကြသည်။

ထိုက်ဝါသည် အတွေးနက်နေသည်။

ရွှေကျီးကန်းသည် ခေါင်းကို ငုံ့ကာ မှိန်းနေပုံရသည်။

ရန်ယွမ်ခေတ် ၁၀ နှစ်တွင် ကိုယ်လုပ်တော်ယွီသည် ကိုယ်ဝန်ရှစ်နှစ်ရှိခဲ့သည်။

ဒီကိစ္စဟာ လူသိများသော သတင်းဖြစ်ခဲ့သည်။ မရေမတွက်နိုင်သောလူများသည် ဤကလေးအား မည်သည့်အချိန်တွင် မွေးဖွားမည်ကို သိချင်ပြီး စိုးရိမ်နေခဲ့ကြသည်။ လူအများက ကလေးကို နတ်ဆိုးသန္ဓေသား ဟုလည်း ခေါ်ကြသည်။

ရွှင်ထျန်းတော်ဝင်မြို့တော်၊ တော်ဝင်စာကြည့်တိုက်

ကျန်းလျှို့သည် သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး အဖြူရောင်ဝတ်လုံစောင့်၏ အစီရင်ခံစာကို နားထောင်သည်။ နားထောင်ရင်းနှင့် စာဖတ်ရန် စိတ်မဝင်စားတော့ပေ။ သူက မျက်မှောင်ကြုတ်ပြီး ရေရွတ်ရင်း “ရှစ်နှစ်ရှိပြီ။ ဒါက ဘယ်လို အရာမျိုးလဲ”

ကိုယ်လုပ်တော်ယွီ ၏ကလေးသည် သူ၏ တော်ဝင် ဦးရီးတော် ဖြစ်သော်လည်း ကိုယ်လုပ်တော်ယွီ၏ကလေးကို ကျန်းမိသားစု ၏အဖွဲ့ဝင်တစ်ဦးအဖြစ် တစ်ခါမျှမမှတ်ယူခဲ့ပေ။ သူတင်မကဘဲ ကျန်း မိသားစုတစ်ခုလုံးလည်း အလားတူ အတွေးမျိုးရှိသည်။ ကိုယ်ဝန် ရှစ်နှစ်ရှိသော်လည်း ကလေးမမွေးသေးပေ။ တကယ့်ကို ကြောက်စရာကောင်းသည်။

မဟာကျင်းသည် နှစ်ပေါင်းတစ်ရာကျော် ငြိမ်းချမ်းနေခဲ့သည်။ မကြာမီ ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည်။ ဤဘေးဒုက္ခသည် နတ်ဆိုး သန္ဓေသား ဖြစ်နိုင်မလားယေ

ဝတ်ရုံဖြူ အစောင့်သည် ပြန်မဖြေရဲ။ တော်ဝင်မိသားစုအကြောင်း မည်ကဲ့သို့ပြောဝံ့သနည်း။

ကျန်းလျှိုက ခေါင်းယမ်းပြီး "ဘယ်သူက ဂရုစိုက်လို့လဲ။ ဘာပဲဖြစ်ဖြစ် ဒီမှာ တာအိုဘိုးဘေး ရှိတယ်။ သွားတော့။ အနာဂတ်မှာ နတ်ဆိုး သန္ဓေသား အကြောင်း ငါ့ကို မပြောနဲ့။ ငါ ဘာရန် ပြည်နယ်ကို အမြန်ဆုံး တည်ထောင်ချင်တယ်!”

“ဟုတ်ကဲ့ပါ”

ဝတ်ရုံဖြူအစောင့်က တုံ့ပြန်ပြီး ချက်ချင်းထွက်သွားသည်။

ကျန်းလျှို့သည် လျှို့ဝှက်ဆန်းကြယ်မှတ်တမ်းကို ထပ်မံကောက်ယူခဲ့သည်။ လျှို့ဝှက်ဆန်းကြယ် မှတ်တမ်းသည် တာအိုဘိုးဘေးနှင့် ပတ်သက်သော ဒဏ္ဍာရီမျိုးစုံကို မှတ်တမ်းတင်ထားသည်။ ၎င်းကို သိုင်းပညာလောကရှိ စီနီယာ တစ်ဦးမှ ဖန်တီးခဲ့ခြင်းဖြစ်သည်။ အလွန်စိတ်ဝင်စားဖို့ကောင်းကြောင်း သူဝန်ခံလိုသည်။

ကျန်းလျှိုသည် တာအိုဘိုးဘေးကို ကြောက်သော်လည်း အလေးစားရဆုံးသူကလည်း သူဖြစ်သည်။ နောက်ဆုံးတွင်၊ သူသည် တာအိုဘိုးဘေး၏ အစစ်အမှန်လက္ခဏာကို သိသည်။ ဤနားလည်မှုအဆင့်တွင် တာအိုဘိုးဘေးကို ကြည့်လိုက်လျှင် ပို၍ပင် ထိတ်လန့်သွားသည်။

တာအိုဘိုးဘေးသည် မဟာကျင်း နှင့် အသက်တူသည်။ သူ့အရွယ်တွင်၊ ကောင်းကင်ဂူအဆင့်သို့ ရောက်ရှိနိုင်သည့် သိုင်းပညာရှင်တစ်ဦးသည် ပါရမီရှင်တစ်ဦးဖြစ်နေပြီဖြစ်သော်လည်း တာအိုဘိုးဘေးသည် မယုံကြည်နိုင်သောနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

တာအိုဘိုးဘေးသည် အရွယ်ရောက်ပြီးသည့်အချိန်၌ပင် အနိုင်ယူနိုင်သူ မရှိတော့ဟု ကောလဟာလများ ထွက်သည်။ အဘယ့်ကြောင့်ဆိုသော် တာအိုဘိုးဘေး ကျော်ကြားလာချိန်မှစ၍ သူမည်မျှသန်မာသည်ကို မည်သူမျှ မသိနိုင်သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရန်သူသည် မည်မျှပင် အားကောင်းနေပါစေ တာအိုဘိုးဘေးက ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်သည်။

စောက်ရမ်းအားပြင်းလွန်းတယ်

ကျန်းလျှိုက ကိုယ်ခံပညာ လေ့ကျင့်ခြင်းသည် အသုံးမဝင်ကြောင်း ဤစာအုပ်က ပြောပြသောကြောင့် ဤစာအုပ်ကို ဖတ်ရတာ ကြိုက်ခြင်း ဖြစ်သည်။

အချို့သောသူတို့သည် မသေမျိုး သတ္တဝါများအဖြစ် မွေးဖွားလာခဲ့ကြသော်လည်း အချို့မှာ နှစ်ရာနှင့်ချီ၍ အပြင်းအထန် လေ့ကျင့်ထားလျှင်ပင် ၎င်းတို့၏ သက်တမ်းကို ဖြုန်းတီးပစ်ကြခြင်းဖြစ်သည်။

သိုင်းပညာ လေ့ကျင့်ခြင်းနှင့် နှိုင်းယှဉ်ပါက မသေမျိုးတစ်ယောက်ကို မွေးဖွားမည်ဟု သူမျှော်လင့်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ဘိုးဘေးများသည် တာအိုဘိုးဘေးကဲ့သို့ တည်ရှိမှုကို မွေးဖွားပေးခဲ့သည်။ သူဘာလို့ ဒုတိယ တာအိုဘိုးဘေးကို မမွေးနိုင်ရမှာလဲ။

တစ်ဖက်တွင်။

ကျန်းချန်ရှန်းသည် လက်ရှိတွင် ကျန်းကျန့် နှင့် အခြားသူများကို အာရုံစိုက်နေသည်။

နှစ်ပေါင်းများစွာ ပုန်းအောင်းပြီးနောက် သူတို့လေးဦးသည် နောက်ဆုံးတွင် ထပ်သည်းမခံနိုင်တော့ဘဲ ထိုလမ်းကြောင်းကို ထပ်မံရှာဖွေရန် ပြင်ဆင်ခဲ့သည်။ ရှေးအတီအသျှင်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြသည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ

ရှေးအတီအသျှင်က လက်ညှိုးဖြင့် ပိတ်ဆို့ထားဆဲဖြစ်သည်။ စူးစမ်းမှုအချို့ပြုလုပ်ပြီးနောက် သူတို့လက်လျှော့လိုက်ကြသည်။

အဲဒီရှေးအတီအရှင်က သူတို့ကို မသတ်သေး။

ကျန်းချန်ရှန်းက အလျင်စလို မတိုက်ခိုက်ခဲ့ေပ။ မည်သို့ပင်ဆိုစေ၊ ကျန်းကျန် နှင့် အခြားသူများသည် ပိုမိုအားကောင်းလာနိုင်သည်။ သူတို့ အားကောင်းလေ၊ ကျန်းချန်ရှန်း ပေးမည့် စွမ်းအားက ပိုအားကောင်းလေပင်။

ရှေးအတီအသျှင် ဘာကို စောင့်မျှော်နေမှန်း မသိသော်လည်း သူသည် အခွင့်အလမ်းကို စောင့်မျှော်နေသည်။

ကျန်းချန်ရှန်းက မျက်လုံးဖွင့်ပြီး "နဂါးဖြူ ရွှေကျီးကန်း၊ ကျင်းချန် အပေါ်မှာ ပျံသန်းပြီး ဘိုးဘေးနန်းတော် အထက် ပျံဝဲနေပြီးတော့ မင်းတို့ရဲ့ ကျက်သရေကို လူတိုင်းမြင်ပါစေ"

မကြာသေးမီက ကျင်းချန် မှလူများသည် ဘိုးဘေး နန်းတော်အပေါ် ပို၍ အတိုက်အခံလုပ်လာကြသည်။ ဘိုးဘေးနန်းတောိ အပြင်ဘက်တွင် လမ်းလျှောက်လာသူ အများအပြားပင် ကြက်ဥပုပ်နှင့် ဟင်းသီး ဟင်းရွက်များကို အတွင်းသို့ ပစ်ပေါက်ခဲ့ကြသည်။ ပြည်သူတွေရဲ့ ဒေါသကို ချုပ်ငြိမ်းစေရမယ်။

သူဘယ်လိုတားနိုင်မလဲ။

ဒီတော့ နတ်ဆိုးသန္ဓေသားကို နတ်ဘုရားသန္ဓေသား ဖြစ်လာစေရမယ်။

နဂါးဖြူနှင့် ရွှေကျီးကန်းတို့သည် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းသာကြသည်။ ချက်ခြင်းထရပ်ပြီး ပြေးထွက်သွားကြသည်။ သူတို့မြို့ကို ပျံသန်းချင်နေတာ ကြာပြီ။

သူတို့နှစ်ယောက်ဟာ တစ်မြို့လုံးကို ထိတ်လန့်စေမယ့် ရှည်လျားသော အော်ဟစ်သံများ ထုတ်ပြီးချိန်အထိ သူတို့နှစ်ယောက် တောင်ပေါ်ကနေ ပျံမထွက်သေးပေ။ သူတို့သည် မမိုက်မဲကြဘဲ အစွမ်းထက်သော သိုင်းပညာရှင်တို့၏ တိုက်ခိုက်ခြင်းကို ရှောင်ရှားရန် သူတို့ လုံချီတောင်မှ လာသည်ကို လူများ သိရှိနိုင်စေရန် အသံကို အရင်ထုတ်ရမည်ဟု နားလည်ကြသည်။

လက်ရှိမဟာကျင်းသည် လျှို့ဝှက်နဂါးများနှင့် ဝပ်နေသည့် ကျားများဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။ တိမ်တွေရှိသလောက် ကျွမ်းကျင်သူများလည်း အများကြီးရှိပြီး အားကောင်းနေရင်တောင် သတိထားရမည်။

“နဂါးပဲ”

"အဲဒါဖီးနစ်လား နဂါးနဲ့ ဖီးနစ်တို့ ပေါ်လာတာက နမိတ်ကောင်းပဲ”

"အဲဒါ ဖီးနစ် မဟုတ်ဘူး ဟုတ်တာလား။ ဖီးနစ်မှာ ခြေသည်းသုံးချောင်းရှိလား။

“သူတို့က လုံချီတောင်ကနေ လာတာ။ တာအိုဘိုးဘေးက မွေးထားတဲ့ပုံပဲ”

“ကြည့်စမ်း၊ သူတို့က ဘိုးဘေးနန်းတော်ထက်မှာ ပျံဝဲနေတယ်။ ဒါက အကာအကွယ်တစ်ခုလား ဒါမှမဟုတ် နတ်ဆိုးသန္ဓေသားကို မောင်းထုတ်ဖို့ ကြိုးစားနေတာလား။"

သိုင်းပညာရှင်များသည် ဘိုးဘွားနန်းတော်အထက်ရှိ နဂါးအစစ်နှင့် ရွှေကျီးကန်းကို ကြည့်ရန် အနီးအနားရှိ မဏ္ဍပ်များနှင့် ဝင်းနံရံများဆီသို့ ခုန်ဆင်းကြသည်။

ကျင်ချန်းတွင် နဂါးအော်သံနှင့် ကျီးကန်းအော်သံများ ပဲ့တင်ထပ်နေသဖြင့် လူများ ပို၍ လန့်သွားသည်။

နဂါးဖြူနှင့် ရွှေကျီးကန်းတို့သည် ဘိုးဘွားနန်းတော်အထက်တွင် အချိန်အတော်ကြာ ထွက်မသွားကြသောအခါ၊ ကိုယ်လုပ်တော်ယွီ၏ ကလေးသည် နတ်ဆိုးသန္ဓေသားမဟုတ်ကြောင်း နောက်ဆုံးတွင် နိုင်ငံသားတို့ သိရှိသွားကြသည်။

မဟာကျင်း၏ နှလုံးသားထဲတွင် တာအိုဘိုးဘေးသည် မဟာကျင်းကို ကာကွယ်သော နတ်ဘုရားဖြစ်သည်။ သူက အဲဒီလိုအရိပ်အယောင် ပြလာမှတော့ သူတို့က ဘယ်လိုမှ ယုတ္တိမရှိဘဲ မနေဝံ့ကြချေ။

ခဏလောက်ကြာတော့ ကျင်းချန်မှာ ရှိသော ပြည်သူများက နဂါးဖြူနဲ့ ရွှေကျီးကန်းကို အရိုအသေပေးလာကြသည်။

ဘိုးဘွားနန်းတော်အတွင်း

ကျန်းချဲ တံခါးအပြင်ကို လှမ်းကြည့်လိုက်သောအခါ တုန်လှုပ်သွားသည်။ ကောင်းကင်ရှိ နဂါးဖြူနဲ့ ရွှေကျီးကန်းကို ကြည့်ရင်း သူရင်ထဲ ထိသွားသည်။

“ခင်ဗျားက သနားကြင်နာတတ်တုံးပဲ။ ဟုတ်တယ်။ ခင်ဗျားက အမြဲအဲဒီလိုပဲ။ အပေါ်ယံက ဘာကိုမှ ဂရုမစိုက်ပေမယ့် ခင်ဗျားမနေနိုင်ဘူး”.

ကျန်းချဲသည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ အရင်ကထက် ပိုသက်သောင့်သက်သာ ရှိလာသည်။

သူသည် ကျန်းထိုက်ကျုံး၏ ဖခင်မေတ္တာကို မေ့ပျောက်လုနီးပါးဖြစ်သော်လည်း ဘိုးဘေး၏ ချစ်ခြင်းမေတ္တာကို သတိရဆဲဖြစ်သည်။

နဂါးဖြူနှင့် ရွှေကျီးကန်းတို့သည် လုံချီ တောင်သို့ မပြန်မီ ဘိုးဘွားနန်းတော်အထက်သို့ ပျံသန်းခဲ့ကြသည်။ တစ်မြို့လုံးသည် သူတို့၏ နတ်ဘုရား ပုံရိပ်ကို သက်သေခံရန် တစ်နာရီက လုံလောက်သည်။

ထိုသတင်းသည် တပြည်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

နဂါးများနှင့် ဖီးနစ်များသည် မင်္ဂလာရှိသည်။ တာအိုဘိုးဘေး နှစ်သက်သော နတ်ဘုရား၏သားတော် ဖွားမြင်တော့မည်။

ဂိုဏ်းဂဏများကြားသောအခါ ချက်ခြင်းပင် ထိုကိစ္စကို ကြေငြာလိုက်သည်။ သူတို့အားလုံးဟာ ထက်မြက်ပြီး တာအိုဘိုးဘေး၏ ရည်ရွယ်ချက်တွေကို နားလည်ကြသည်။ ကိုယ်လုပ်တော်ယွီ၏ မမွေးသေးသော ကလေးကို မြှောက်ပင့်ပြောဆိုလာကြသည်။

တစ်နှစ်ခွဲကြာတော့ ဘိုးဘွားနန်းတော်အပြင်ဘက်တွင် လူများ စုဝေးနေကြတုန်းပင်။ သို့ရာတွင်၊ သူတို့အားလုံးသည် ဤနေရာတွင် နောက်ထက် အင်မော်တယ် မသေမျိုး ဝင်စားတော့မည်ဟု ထင်မြင်ကာ အရိုအသေပေးကြသည်။

နတ်ဆိုးသန္ဓေသား ၏ကိစ္စသည် နောက်ဆုံးတွင် ပြီးသွားသည်။

ဝင်းထဲတွင်…

ပိုင်ချီက “ဆရာ၊ ရှင်က အံ့သြစရာကောင်းတာပဲ။ လမ်းလျှောက်ထွက်ခွင့် ပေးလိုက်ရုံနဲ့ လူတွေဟာ သူတို့ရဲ့ မလိုမုန်းထားမှုတွေကို ပြောင်းလဲပစ်လိုက်တယ်။ အထင်ကြီးစရာပဲ”

ရွှေကျီးကန်း ဂုဏ်ယူစွာနဲ့ "ငါ့ကို ဘယ်သူကမေးတာလဲ။ ရွှေကျီးကန်းကို အရမ်းလှပြီး ချောတာလို့ ဘယ်သူက မေးတာလဲ"

ပိုင်ချီက "ရွှေကျီးကန်းဆိုတာဘာလဲ။ တခြားသူတွေက မင်းကို ဖီးနစ်လို့ ထင်နေကြတာ။ ကောလဟာလတွေက နဂါးတစ်ကောင်နဲ့ ကျီးကန်းမဟုတ်ဘဲ နဂါးတစ်ကောင်နဲ့ ဖီးနစ်အကြောင်းပဲ"

"ဘာလဲ ဟာသပဲ။ ဖီးနစ်ကို မမြင်ဖူးကြဘူးလား။ ဖီးနစ်မှာ ခြေသည်းသုံးချောင်းရှိလား။

"ဖီးနစ်ကို မြင်ဖူးလား"

ရွှေကျီးကန်းသည် တစ်ဆို့နေပြီး ပိုင်ချီကို ဒေါသတကြီး စိုက်ကြည့်နေရုံသာ ရှိတော့သည်။

ကျီဝူကျွင်းက ပြုံးပြီးပြောသည် "တကယ်တော့ လူတွေက တာအိုဘိုးဘေးရဲ့ ရည်ရွယ်ချက်တွေကို တန်ဖိုးထားကြတာ။ တာအို ဘိုးဘေးမရှိရင် ဘာနဂါးအစစ်လဲ။ ဘာဖီးနစ်လဲ။ သိုင်းပညာရှင်တွေက သူတို့ကို သားကောင်အဖြစ် သဘောထားကြတာ။ ဒဏ္ဍာရီလာ မင်္ဂလာ တိရစ္ဆာန် ဘယ်နှစ်ကောင်လောက်များ လူတွေဆီမှာ သတ်ဖြတ် စားသောက်ခံခဲ့ကြရသလဲ”

ရွှေကျီးကန်းက ခေါင်းညိတ်လိုက်သည်။ သူသည် တစ်ချိန်က နတ်ဆိုးတစ်ကောင်ဖြစ်ပြီး ထိုအရာများကို မြင်ဖူးသည်။ ထိုက်ဝါက “လူသားတွေက အဲဒီလောက်တောင် ယုတ်ညံ့သလား”

ကျီဝူကျွင်းက သူမကိုကြည့်ကာ "လူကောင်းရှိရင် သေချာပေါက် လူဆိုးတွေလည်း ရှိမှာပဲ။ နတ်ဆိုးတွေ၊ ရက်စက်တဲ့ သားရဲတွေအတွက်လည်း အတူတူပါပဲ၊ ဒါပေမယ့် ခြုံငုံကြည့်ရင်တော့ လူသားတွေက ကောင်းပါတယ်။ လူသားတွေက နတ်ဆိုးတွေကို အမဲလိုက်ကြပေမဲ့လည်း လုံးလုံးလျားလျားတော့ ချေမှုန်းပစ်မှာမဟုတ်ဘူး။ မျိုးသုဉ်းတော့မဲ့ မျိုးနွယ်စုအချို့ကိုဆို ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်။ ဒါပေမဲ့ တနည်းအားဖြင့်ဆို နတ်ဆိုးတေfu လူသားအားလုံးကို စားချင်ကြတယ်။ နတ်ဆိုးတွေကြားမှာ နတ်ဆိုးကောင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ အရမ်းရှားတယ်။”

ထိုက်ဝါသည် အတွေးနက်သွားသည်။

ကျန်းချန်ရှန်းသည် သူမအား လျှို့ဝှက်စွာ စူးစူးစိုက်စိုက်ကြည့်နေသည်။

သူမသည် တာကိုကမ္ဘာ မှ ထွက်ခွာလာကတည်းက ထိုက်ဝါသည် လူသားများကို ကြည့်ရှုရန် ကမ်းပါးစွန်းသို့ မကြာခဏ သွားလေ့ရှိသည်။ သူမသည် အမြဲတမ်း တစ်ယောက်တည်း တွေးနေတတ်သည်။ သူမသည် သူ့အား အသေခံ ကိုးကွယ်သူဖြစ်သောကြောင့် ကျန်းချန်ရှန်းသည် သူမ၏ အတွေးများကို ကြားနိုင်သည်။

သူမသည် လူသားများကို စောင့်ကြည့်နေပြီး သူတို့၏ အပြုအမူကို သိချင်နေခဲ့သည်။

သူမသည် နတ်ဆိုးများကို စူးစမ်းချင်သော်လည်း သူတို့ဘဝအကြောင်းကို သိချင်ရုံမှတပါး မည်သည့်အရာကိုမျှ စိတ်မဝင်စားပေ။

ငါ သူ့ကို ထိုက်ဝါလို့ နာမည်ပေးလိုက်ပြီ ဆိုတော့ သူ့ကို တကယ့် နျူဝါး ဖြစ်လာအောင် လမ်းပြပေးရမှာလား။ ကျန်းချန်ရှန်း သူ့ကိုယ်သူ တွေးနေမိသည်။

မကြာခင်မှာပဲ သူ ဒီအတွေးကို ပယ်ချလိုက်သည်။

မျိုးနွယ်တစ်ခု ဖန်တီးရမလား

လောကမှာ နျူဝါးက လူတွေကို ပုံသွင်းနိုင်တဲ့ နတ်ဘုရားမြေမျိုး ဘယ်လိုရှိနိုင်မလဲ။

ထိုက်ဝါသည် မသေမျိုး ကျင့်ကြံသူ မဟုတ်ပေ။

ကျန်းချန်ရှန်းက ပြုံးပြီး လေ့ကျင့်မှု ဆက်လုပ်သည်။

ကျန်သောသူများက ဆက်ပြောကြသည်။ ကျန်းချန်ရှန်း ပါဝင်ခြင်းမရှိလျှင်ပင် သူတို့သည် စိတ်ပါလက်ပါစကားပြောနိုင်သေးသည်။

နှစ်နှစ်အကြာတွင် ယန်ယွမ်ခေတ်၏ ၁၂ နှစ်မြောက်နှစ်ဖြစ်သည်။

ဆယ်နှစ်ကြာ သန္ဓေတည်ခဲ့သော ကိုယ်လုပ်တော်ယွီ၏ ဗိုက်ထဲရှိ သန္ဓေသားသည် နောက်ဆုံးတွင် မွေးဖွားတော့မည်ဖြစ်သည်။

ပြင်းထန်သောလေများသည် ကောင်းကင်နှင့်မြေကြီးကြားသို့ တိုးဝင်ကာ မိုးကြိုးတိမ်များစုပုံလာသည်နှင့်အမျှ အကန့်အသတ်မဲ့ သိုင်းစိတ်စွမ်းအင်များသည် ဘိုးဘွားနန်းတော်ဆီသို့ တိုးဝင်လာသည်။

မြို့သူမြို့သားအားလုံး ထိတ်လန့်သွားကြသည်။ သိုင်းပညာရှင်များသည် တံစက်မြိတ်သို့ လာကြည့်စဉ်တွင် သာမန်လူများသည် ၎င်းတို့၏အဝတ်အစားများကို စတင် ရုတ်သိမ်းကြသည်။ မကြာခင်မှာပဲ ဘိုးဘွားနန်းတော်တွင် မူမမှန်ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ အဝေးမှပင် ပကတိမျက်စိဖြင့် မြင်နိုင်သော လေပွေတစ်ခုသည် နန်းတော်အထက်တွင် ဖြစ်ပေါ်လာသည်။

နတ်ဘုရားတစ်ပါး ဖွားမြင်တော့မည်။

အဲဒါကို သူတို့ချက်ချင်းစဉ်းစားမိကြသည်။

ဘိုးဘွားနန်းတော်ကို စောင့်ကြပ်နေသော မူမိသားစု တပည့်များလည်း တုန်လှုပ်သွားကြသည်။ ဒါကိုကြည့်ရင် သူတို့လည်း တာအိုဘိုးဘေးလို မိုးကြိုးဒုက္ခကို ခံကြရမှာတော့ မဟုတ်ဘူးမလားM

ကျန်းချန်ရှန်းသည် မျက်လုံးများကိုဖွင့်ကာ ဘိုးဘွားနန်းတော်ဆီသို့ အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

သန္ဓေသားသည် သူတို့၏ကိုယ်ခန္ဓာကို နှိုးဆွရန် သိုင်းပညာစိတ်စွမ်းအင်ကို အားကိုးသည့် သိုင်းပညာရှင်များနှင့် မတူဘဲ သိုင်းပညာဝိညာဉ်စွမ်းအင်ကို စုပ်ယူနေသည်။

ဘိုးဘွားနန်းတော်အတွင်း။

ကိုယ်လုပ်တော်ယွီသည် ကုတင်ပေါ်တွင် လှဲနေသည်။ သူမ၏ ဗိုက်သည် အံ့သြစရာကောင်းလောက်အောင် ကြီးမားပြီး အလွန်ချဲ့ကားနေ၏။ သူမသည် နာကျင်နေပြီး သူမ၏ဗိုက်သည် အလွန်ပူနေသောကြောင့် သူမပတ်ဝန်းကျင်ရှိ သားဖွားဆရာမများနှင့် အစေအပါးများ ထိခိုက်သွားရသည်။ ဝမ်းဆွဲဆရာမတစ်ဦးသည် ထိရုံဖြင့် လက်မီးလောင်ကာ အရည်ကြည်ဖုများ ပြည့်နှက်ကာ မူးလဲသွားခဲ့သည်။

All Chapters