← Chapters

မိစ္ဆာဧကရာဇ်က တောင်ပေါ်မှ ထွက်ခွာခြင်း ပါရမီရှင်နှင့် အမှိုက်

Vol. 19 Ch. 283

မိစ္ဆာဧကရာဇ်က တောင်ပေါ်မှ ထွက်ခွာခြင်း ပါရမီရှင်နှင့် အမှိုက်

Vol. 19 Ch. 283

အမွှေးတိုင် ၃.၇ ဘီလီယံ၊ အဲဒီကောင်ပဲ။

ကျန်းချန်ရှန်း၏ စိတ်နှလုံးသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသဖြင့် တောက်ပလာသည်။

တဘက်လူက လှုပ်ရှားဖို့ လုပ်နေတာလား။

သူသည် စိတ်စွမ်းအားကို ဖြန့်ကျက်ကာ ကောင်းကင်ချီမြေကို ဖြတ်သန်းသွားလိုက်သော်လည်း ထိုတည်ရှိမှုကို သူရှာမတွေ့ခဲ့ပေ။ အကယ်၍ သူသည် မြိုင်ဟေဝန်အထိ ရှာဖွေမှုကို ချဲ့ထွင်ခဲ့မည်ဆိုလျှင် အကွာအဝေးသည် ပို၍ပင် ကြီးမားလိမ့်မည်။

သူသည် ဝတ်ပြုကိုးကွယ်သူများ၏ အတွေးအမြင်များကို စတင်ခံစားပြီး မူမမှန်သည့်အရာများကို ရှာဖွေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်၊ သူသည် ထိုတည်ရှိမှုကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ လက်လျှော့လိုက်ရသည်။

ဘယ်သူမှသတိမထားမိဘဲ မဟာကျင်းကို ပြားချပ်သွားစေရန် မဖြစ်နိုင်ပေ။ တဘက်လူက တိုက်ခိုက်နေသမျှ ကျန်းချန်ရှန်းက သူ၏အရှိန်အဝါကို ခံစားမိနိုင်သည်။

ကျန်းချန်ရှန်းသည် ဆူညံနေသော ခြံဝင်းကို ကြည့်ကာ ပြုံး၍ လေ့ကျင့်မှုကို ဆက်လုပ်လိုက်သည်။

ကျန်းထန်းမင်၏ ပုံရိပ်သည် လုံချီတောင်ကို ပြန်လည်အသက်ဝင်စေခဲ့သည်။ ပိုင်ချီ၊ နဂါးဖြူ၊ ရွှေကျီးကန်း၊ ဟွမ်ထျန် နှင့် ဟေးထျန်တို့က သူ့ကို တနေကုန်ဝိုင်းထားသည်။ ထိုက်ဝါက က သူ့ကို ရံဖန်ရံခါ ပြုစုပေးသည်။ သူတွင် မိဘများ မရှိသော်လည်း အချစ်မကင်းမဲ့နေ။

နေရောင်ခြည်သည် လုံချီတေင်ကို ဖုံးလွှမ်းကာ ကွင်းပြင်ပေါ်တွင် ဖြန်းနေသော မြူခိုးများကြားမှ ဖြာထွက်နေသည်။

ကျန်းချန်ရှန်းသည် မျက်လုံးများကိုမှိတ်ထားပြီး လုံချီတောင်ပေါ်ရှိ အင်မော်တယ် မြူခိုး အစီအရင်ကို ပိတ်ပစ်ရန် သူ၏ စိတ်စွမ်းအားကို အသုံးပြုလိုက်ကာ ကျန်းထန်းမင်၏ ကလေးဘဝကို တောက်ပပြီး လှပနေအောင် ပြုလုပ်လိုက်သည်။ ဤအချိန်တွင်၊ ဤအစီအရင်သည် ရိုးရိုးရှင်းရှင်း အသုံးမ၀င်ဘဲ အကျိုးသက်ရောက်မှု မရှိပေ။

လုံချီတောင်၏ အပြောင်းအလဲကို မြင်လိုက်သောအခါ ကျန်းထန်းမင်အပေါ် ကျန်းချန်ရှန်း၏ ခံစားချက်များကို လူတိုင်းနားလည်နိုင်သည်။

တာအိုဘိုးဘေးက ဒီလိုမျိုး တစ်စုံတစ်ယောက်အပေါ် တုန်နေအောင် ချစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

ကျင်းမင်ကျုံး၏သင်္ချိုင်းသည် မကြာမီတွင် ပြီးဆုံးသွားသော်လည်း ပွက်လောရိုက်ခြင်း မရှိခဲ့ပေ။ ထို့အပြင် သူသည် ယခင်ဧကရာဇ်ဖြစ်သည်။

သို့သော် လူများသည် ကျင်းမင်းကျုံး၏ ကောင်းကျိုးများကို သတိရလာကြသည်။ အရင်ဧကရာဇ်များထဲတွင် မည်သူ၏ အရည်အချင်း က ပိုကောင်းလဲဆိုသည်ကို ဆွေးနွေးနေကြသူများပင် အများကြီးရှိသည်။ လက်ရှိဧကရာဇ်မင်းသည် ဘဝကိုပျော်မွေ့ရန် နှစ်သက်သော်လည်း သာမန်လူများကို မနှိပ်စက်ပေ။ သူ့မူဝါဒများထဲတွင်တောင် လွတ်လပ်မှု ရှိသည်။ ဒါကလည်း သာမန်လူများက တော်ဝင်မိသားစုအကြောင်း မပြောရဲသော အကြောင်းရင်းလည်း ဖြစ်သည်။

ရန်ယွမ်မင်းဆက် ၁၃ နှစ်မတိုင်မှီ ကျင်းမင်ကျုံး နှင့် သူ့သားတို့ကြားက ကိစ္စသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ လူတိုင်းက တခြားကိစ္စတစ်ခုကို စွဲလန်းနေကြသည်ဖယ

ဧကရာဇ်မင်းသည် ယခုနှစ်တွင် ဘာရန် ပြည်နယ်တည်ထောင်ရန် ခမ်းနားသောအစီအစဥ်ကို စတင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ပြည်သူများအား ဘာရန် ပြည်နယ်၏ အိမ်ထောင်စုစာရင်းတွင် စာရင်းသွင်းရန် တောင်းဆိုခဲ့သည်။ အင်အားကြီး သိုင်းပညာများအပြင် ပြည်နယ်တစ်ခု တည်ဆောက်ချင်ပါက မြို့တည်ရန် အလုပ်သမားများ လိုအပ်သည်။

ခဏလောက်တော့ လောကကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဘာရန် ပြည်နယ်၏ နိုင်ငံသားမှတ်ပုံတင်စနစ်သည် အလွန် ကောင်းမွန်သောကြောင့် မရေမတွက်နိုင်သောလူများက ပါဝင်လိုခဲ့ကြသည်။ သိုင်းပညာဂိုဏ်းမျာသည် အာဏာရှိသူများကို ဧကရာဇ်ဘုရင်နှင့်တွေ့ဆုံရန် ရွှင်ထျန်းမြို့သို့ပင် စေလွှတ်ခဲ့သည်။

ကောင်းကင်ချီမြေသည် မြိုင်ဟေဝန်၏ အစွန်းတွင်တည်ရှိသည်။ ငြိမ်းချမ်းနေသော်လည်း ဤသိုင်းပညာရှင်များအတွက် မလုံလောက်ပေ။ အရင်းအမြစ် များများ ရှာနိုင်ရန် သူတို့သည် တောနက်ထဲကို ပိုနက်ရှိုင်းစွာသွားရန်လိုသောကြောင့် မဟာကျင်း၏ စွမ်းအားကို ချေးငှားနိုင်ရင် ပိုကောင်းမှာဘဲမလား

နှစ်နှစ်ကြာသွားသည်။

ရန်ယွမ်ခေတ် ၁၅ နှစ်တွင်၊ ဘာရန် ပြည်နယ်၏ သယ်ယူပို့ဆောင်ရေး အစီအရင်ကို တရားဝင် အသက်သွင်းခဲ့သည်။ လက်ရှိတွင် ၎င်းကို ရွှင်ထျန်းမြို့တော်တွင်သာ စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

ထိုနှစ်တွင်၊ ကျန်းထန်းမင်သည် သုံးနှစ်ရှိနေပြီဖြစ်သည်။

သုံးနှစ်သားအရွယ်ရှိသော်လည်း သူသည် ယောက်ျားလေးမွေးကင်းစအရွယ်နှင့် အတူတူပင်။ သို့သော် သူသည် ပို၍ ပျော့ပျောင်းပြီး စကားများကို ပြောနိုင်နေပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်က ကြီးထွားမလာသေးသော်လည်း သူ့သွေးနှင့်ချီက အားကောင်းလာသည်။ ခွန်အားတစ်ခုတည်းအရဆိုလျှင်၊ ခြံတွင်းရှိ မည်သူမျှ သူ့အား ကျန်းချန်ရှန်းမှလွဲ၍ မနှိုင်းယှဉ်နိုင်ပေ။

မွန်းတည့်ချိန်…

အနီရောင် အတွင်းဝတ်၀တ်ထားသော ကျန်းထန်းမင် သူ့ထံသို့ လာသောအခါ ကျန်းချန်ရှနိးသည် ဆေးသန့်စင်နေသည်။ သူ့လက်စွပ်ကို ဆွဲကိုင်လိုက်ပြီး “အဘေး၊ ကျွန်တော်လည်း စားချင်တယ်" ကလေးဆန်သော အသံဖြင့် မေးသည်။

ပိုင်ချီက မျက်လုံးပြူးပြီး “နင် ငါတို့ ဆေးလုံးတွေကို ဘယ်လိုလုပ် လုယူရဲတာလဲ။ နင်မလွယ်ဘူးပဲ”

ကျန်းထန်းမင်က သူမကို လှည့်ကြည့်လိုက်ပြီး လှောင်ပြောင်သော အမူအရာ လုပ်လိုက်သည်။ ပိုင်ချီက ဒေါသအရမ်းထွက်ပြီး သူ့ကို ရိုက်နှက်သည်။ သို့သော် သူ အမြန် ခုန်ထွက်သွားသည်။ သူမ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ လိုက်နေပါစေ ဒီကောင်လေးကို သူမ ဖမ်းမမိနိုင်။

ကျန်းချန်ရှန်းက လိုက်ဖမ်းနေကြသည်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ကျန်းကျီယွီနှင့် ကျန်းရှို့ကို သူ သင်ပေးခဲ့သည့်အချိန်များကို ရုတ်တရက် တွေးလိုက်မိသည်။

အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ထိုအချိန်တွင် ဟွမ်ထျန် ရောက်လာပြီး “မာစတာ၊ ဟေးးထျန် နဲ့ ကျွန်တော် ဘယ်အချိန် တောင်ပေါ်ဆင်းလို့ရမလဲ"

ကြောင်နတ်ဆိုးနှစ်ကောင်သည် သေးငယ်သော်လည်း ၎င်းတို့သည် စကြဝဠာအဆင့်သို့ အမှန်တကယ်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူတို့ဟာ ကောင်းကင်ဂူ အဆင့်နှင့် မဝေးတော့ဘဲ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ပြီ ဖြစ်သည်။

ကျန်းထန်းမင် ပေါ်လာပြီးကတည်းက သူတို့သည် လေးလေးနက်နက် လှုံ့ဆော်မှု ခံခဲ့ရသည်။ အရင်တုန်းက ခြံဝင်းထဲတွင် သူတို့၏ ကျင့်ကြံမှုနှုန်းက အလျင်မြန်ဆုံးဟု ယူဆခဲ့ကြသော်လည်း ကျန်းထန်းမင်နှင့် ယှဉ်ပါက ကွာခြားချက်က တကယ်ကို ကြီးမားသည်။ ထို့ကြောင့် သူတို့သည် တောင်ပေါ်မှဆင်းကာ မြိုင်ဟေဝန်ကို စူးစမ်းရန် စိတ်ကူးရှိကြသည်။

“အချိန်မရွေးပဲ”

ကျန်းချန်ရှန်းက ဆေးအိုးကို စိုက်ကြည့်ပြီး တိုးတိုးလေး ပြန်ဖြေသည်။

ဟွမ်ထျန်က နားကြားလွဲသည်ဟု ထင်မိသည်။ ခဏတာ အံ့အားသင့်သွားပြီးနောက် အလွန်ပျော်သွားသည်။

ပိုင်ချီက စိုးရိမ်တကြီးနဲ့ “မာစတာ၊ သူတို့ကို တောင်ပေါ်က ဆင်းခိုင်းမှာလား။ ဒီအရူးနှစ်ကောင် သေသွားမှာကို ကျွန်မစိုးရိမ်တယ်”

ကျန်းချန်ရှန်းက “ဘာပဲဖြစ်ဖြစ် သူတို့ အတွေ့အကြုံကောင်းတွေ ရဖို့လိုတယ်။ လွှတ်လိုက်ပါ”

ဟွမ်ထျန်က အိပ်ပျော်နေသော ဟေးထျန်ကို နှိုးလိုက်ပြီး အသိပေးလိုက်သည်။ ဟေးထျန်သည် ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး နတ်ဆိုးနှစ်ကောင်သည် ချက်ချင်းပင် ကပျာကယာဖြင့် တောင်ပေါ်က ဆင်းသွားသည်။

ကျန်းထန်းမင်လည်း လိုက်ချင်သော်လည်း ကျီဝူကျွင်းက သူ့ကို တားလိုက်သည်။ ကျီဝူကျွင်းက သူ့ကို လေထဲတွင် မြှောက်ထားပြီး ဘယ်လောက်ပဲ ခက်ခဲစွာ ရုန်းကန်နေပါစေ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ပေ။ အဆုံးတွင် သူ ငိုစပြုလာသော်လည်း ကံမကောင်းစွာဖြင့် သူ့ကို မည်သူကမှ နှစ်သိမ့်ပေးခြင်းမရှိပေ။

ကျန်းချန်ရှန်းက သူ့ကို နေရာတိုင်းမှာ အလိုမလိုက်ပေ။ ဒီကလေးရဲ့ အရည်အချင်းက ကြောက်စရာကောင်းနေပြီ။ သူ့ကို ဆက်ပြီး သည်းညည်းခံနေမယ်ဆိုရင် အနာဂတ်မှာ ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်မှာ သေချာတယ်။

ရွှေကျီးကန်းသည် နံရံကိုမှီ၍ ဝင်းထောင့်စွန်းတွင် အိပ်ပျော်နေသော နဂါးဖြူကို ကြည့်လိုက်သည်။ "ဒီကောင်လေးနှစ်ယောက်က တကယ်ပဲ နတ်ဆိုးဧကရာဇ် ဖြစ်လာနိုင်မယ်လို့ မင်းထင်လား" သူ စပ်စုစွာမေးလိုက်သည်။

နဂါးဖြူက သမ်းဝေပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “သူတို့ရဲ့ မိုက်မဲတဲ့စကားတွေကို နားမထောင်ပါနဲ့။ နှစ်အနည်းငယ်အတွင်း သူတို့ပြန်လာမှာ သေချာတယ်။”

မည်သို့ပင်ဆိုစေကာမူ၊ သူသည် တောင်ပေါ်မှဆင်းမသွားချင်ခဲ့။ သို့မဟုတ် နတ်ဆိုးမျိုးနွယ်ကို မပေါင်းစည်းလိုပေ။ သူက တိုက်ခိုက်ရသည်ကိုပင် မကြိုက်ပေ။

ဒီလိုအသေးအဖွဲအရာတွေကို တစ်နေ့တာလုံး စဉ်းစားနေတာထက် နေရောင်အောက်မှာ အိပ်နေတာက ပိုကောင်းတယ်။ အိပ်စက်ခြင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာပဲ။

ပူပြင်းသော နေရောင်သည် အထက်တွင် တည်ရှိနေပြီး တောင်များ အနိမ့်အမြင့် အတက်အကျဖြစ်နေသည်ဓ ကွေ့ကောက်သောမြစ်သည် တောင်များကိုဖြတ်၍ အဆုံးမရှိ ဖြတ်သွား၏။

မြစ်ကမ်းဘေးတွင် အင်္ကျီဗလာနှင့် လူငယ်တစ်ယောက်က ခြေကားကာ တစ်ဝက်ထိုင်နေသည်။ ဦးခေါင်း၊ ပခုံး၊ လက်မောင်းနှင့် ပေါင်နှစ်ချောင်းပေါ်တွင် ခရမ်းရောင်ကျောက်တုံးတစ်တုံးရှိသည်။ သူသည် နွားတစ်ကောင်ကဲ့သို့ တုန်တုန်ယင်ယင်နှင့် ငိုနေသည်။ သူ့နဖူးမှ ချွေးပေါက်များသည် မိုးရေစက်များကဲ့သို့ စီးကျလာသည်။ သူ့မျက်ခုံးကြားတွင် ဒေါင်လိုက်အမှတ်အသားတစ်ခုရှိတယ်။ သူသည် နေရောင်အောက်တွင် ခွန်အားပြည့်ဝနေသည်။

လူငယ်သည် ရုပ်ရည်ချောမောပြီး အနည်းငယ်ပိန်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ အံကြိတ်ကာ “ဆရာ၊ ကျွန်တော် ဘယ်လောက်ကြာကြာ ထိန်းထားရမလဲ။ ကျွန်တော် ဆက်မထိန်းနိုင်တော့ဘူး။"

မလှမ်းမကမ်းတွင် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦးသည် ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ကာ ငြိမ်သက်စွာ လေ့ကျင့်နေသည်။

သူသည် ဧကရာဇ် မိသားစုဝင်အသစ်အတွက် လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှု ဖြစ်သည်။

သူသည် မြေအောက်ကိုးလောက ဘုရင် ဖြစ်ပြီး၊ သူသည် ကောင်းကင်ဧကရာဇ် တတိယအဆင့်တွင်ရှိနေသည်။

မြေအောက်ကိုးလောက နတ်ဆိုးဘုရင်သည် မျက်လုံးများကိုပင် မဖွင့်ဘဲ “နောက်တစ်နာရီလောက် နေဦး ဒါမှမဟုတ် မေ့လဲသွားတဲ့အထိ နေဦး”

ထိုလူငယ်သည် ထိုစကားကိုကြားသောအခါ သူ၏အမူအရာသည် ခါးသီးသွားကာ အံကြိတ်ကာ ဆက်ထိန်းထားလိုက်ရသည်။

သူ့အာရုံကို လွှဲထားဖို့အတွက် သူစကားပြောဖို့ကလွဲ၍ ရွေးစရာမရှိတော့ပေ။

"ဆရာကြီး၊ ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားဘယ်အဆင့်မှာလဲ။ ခင်ဗျားက ဒဏ္ဍာရီလာ ကောင်းကင်ဂူအဆင့်မှာ ရှိတာမလား” လူငယ်က ခက်ခက်ခဲခဲ မေးသည်။

မြေအောက်ကိုးလောက နတ်ဆိုးဘုရင်က ဂရုမစိုက်ဘဲ "ထင်တာပဲ"

လူငယ်လေး၏ မျက်လုံးများက သဘောကျမှုကို ပေါ်လွင်စေကာ “ ကျွန်တော့်အဖေက ကောင်းကင်ဂူအဆင့်တွေကို အရမ်း လေးစားတယ်။ ငယ်ငယ်ကတည်းက ကောင်းကင်ဂူအဆင့် ပညာရှင်ကို ကျွန်တော့် ဆရာအဖြစ် အသိအမှတ်ပြုချင်ပေမယ့် အဖေက ခွင့်မပြုခဲ့ဘူး။ ကျွန်တော်တို့အစ်ကိုထက် သာလွန်မှာကိုကြောက်လို့ သိုင်းပညာလေ့ကျင့်ခွင့်မပေးဘူး။ အမှန်တော့ ကျွန်တော်က အိမ်ရှေ့မင်းသားရာထူးအတွက် တိုက်ပွဲဝင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဧကရာဇ်ရာထူးနဲ့ ယှဉ်ရင် လွတ်လပ်ပြီး အထိန်းအကွပ်မဲ့တဲ့ သိုင်းသမား ဖြစ်ချင်တာ”

မြေအောက်ကိုးလောက နတ်ဆိုးဘုရင်က ပြန်မဖြေ။

“ချီးပဲ။ အမဲလိုက်ဖို့ တိတ်တိတ်လေး ထွက်လာတာကို မထင်မှတ်ပဲ တိုက်ခိုက်ခံခဲ့ရတယ်။ အစ်ကို့အောက်ဆွဲတွေရဲ့ လုပ်ရပ်ပဲနေမှာ။ ခင်ဗျားသာ ကျွန်တော့်ကို မကယ်ရင် ကျွန်တော် ချက်ချင်းသေသွားလောက်တယ်။ ကျွန်တော် သေသွားရင်တောင် အဖေက ဂရုမစိုက်ဘူး။ အမေက ငယ်ငယ်ကတည်းက ဆုံးသွားတယ်။ ငယ်ငယ်ကတည်းက အဖေက ကျွန်တော့်ဆီကို တစ်ခါမှ လာမလည်ဖူးဘူး။ ကျွန်တော့်လို သားတစ်ယောက်ရှိနေတာကို သူ မေ့သွားလို့ဖြစ်ကောင်းဖြစ်မယ်။"

“ပြောပါရစေ၊ ကျွန်တော့်အဖေက တကယ့်ကို ငရှုပ်ပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်က၊ သူ့မှာ ရွှင်ထျန်းမြို့မှာ တရားမ၀င်သားတစ်ယောက် ရှိခဲ့တယ်။ ကျွန်တော် တကယ်နားမလည်ဘူး။ နန်းတော်မှာ ကိုယ်လုပ်တော်တွေ အများကြီးရှိတယ်။ သူ့ကိုယ်သူ ပျော်ဖို့ မလုံလောက်ဘူးလား။ သာမန် ပြည်သူတွေကြားက ပန်းတွေကို ဘာလို့ ရွေးရမှာလဲ”

ကျန်းလျှို့ကို ပြက်ရယ်ပြုရင်း လူငယ်လေးသည် အဆက်မပြတ်ပြောနေခဲ့သည်။

မြေအောက်ကိုးလောက နတ်ဆိုးအရှင်သည် မျက်မှောင်ကြုတ်ကာ တုန်လှုပ်သွားသည်။

လူ့ကလေးတွေ ဘာကြောင့် ဒီလောက် ဆူညံနေတာလဲ။

သူ၏ ကြီးကျယ်ခမ်းနားသော အစီအစဥ်ကို တွေးပြီး ကြံ့ကြံ့ခံလိုက်ရသည်k

အချိန်မည်မျှ ကြာသွားသည်ကို မသိဘဲ လူငယ်လေးသည် မြေပြင်ပေါ်သို့ လဲကျကာ မေ့လဲသွားခဲ့သည်။

မြေအောက်ကိုးလောက နတ်ဆိုးဘုရင်သည် မတ်တပ်ရပ်လိုက်ပြီး ရှားစောင်းပင်နှင့်တူသော အပင်တစ်ပင်ကို သူ့လက်စွပ်မှ ထုတ်ယူလိုက်သည်။ လုလင်၏ပါးစပ်ထဲသို့ လောင်းထည့်လေ၏။

“သူ့ရဲ့ အရည်အချင်းက အရမ်းညံ့တယ်။ သူက သိသိသာသာကြီးကို အမှိုက်ပဲ။ ဒီကံကြမ္မာကောင်းချီးကြောင့်သာ မဟုတ်ရင် ငါဘာလို့ဒီလောက်ဒုက္ခခံနေရမှာလဲ…”

မြေအောက်ကိုးလောက နတ်ဆိုးဘုရင်က သူ့ကိုယ်သူ ရေရွတ်သည်။ မတ်တပ်ထရပ်ပြီး လေထဲသို့ လွင့်ကာ အနက်ရောင်အငွေ့အဖြစ် ပြောင်းလဲသွားသည်။

လူငယ်လေး နိုးလာချိန်တွင် မိုးချုပ်နေပြီ။ အသား၏ရနံ့သည် သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူလှည့်ကြည့်လိုက်သောအခါ မြေအောင်ကိုးလောက နတ်ဆိုးဘုရင် အသားကင်နေသည်ကို တွေ့လိုက်သည်။ သူသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး ထလာသည်။ သို့ရာတွင် သူထလာချိန်၌ သူ့၏ကြွက်သားများနှင့် အရိုးများက အလွန်ပြင်းထန်စွာ မဆန့်နိုင်ဖြစ်ပြီး အံကြိတ်နာကျင်ဝွားရသည်။

“ဆရာ၊ အနံ့က အရမ်းကောင်းတယ်။ ဒါဘာအသားလဲ"

“မူလသမင်ရဲ့အသားပဲ။ အဲဒီကောင်က အရမ်းအားနည်းတဲ့ ရက်စက်ကြမ်းကြုတ် သားရဲတစ်ကောင်ပဲ။ မင်းရဲ့ ခန္ဓာ ကြံ့ခိုင်ဖို့ မင်းလို အားနည်းတဲ့ သူငယ်တွေအတွက် သင့်တော်တယ်။"

“ဆရာ၊ ခင်ဗျားက ကျွန်တော့်အပေါ် အရမ်းကောင်းတာပဲ။ ခင်ဗျားက ငယ်ငယ်ကတည်းက ကျွန်တော့်အပေါ်ကို ကောင်းကောင်းဆက်ဆံတဲ့ ဒုတိယလူပဲ။ ပထမဆုံးလူက မိန်းမစိုးဝမ်ပဲ။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်တုန်းက အစ်ကိုကြီးရဲ့ ခြံထဲကို မတော်တဆ ပြေးဝင်ခဲ့တယ်။ ဧကရီက ဒေါသထွက်ပြီး ကျွန်တော့်ကို အပြစ်ပေးချင်နေတာ။ ဒါပေမယ့် မိန်းမစိုးဝမ်က ကျွန်တော့်အတွက် အပြစ်ခံယူပြီးတော့ ပျောက်သွားတယ်။ ခမည်းတော်က သူ့ကို နန်းတော်ထဲက နှင်ထုတ်ခဲ့တယ်လို့ တစ်စုံတစ်ယောက်က ပြောတယ်။ …”

မြေအောက်က်ုးလောက နတ်ဆိုးဘုရင်၏ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။ ဘာပဲဖြစ်ဖြစ် ဒီကလေးက အဲဒီအသေးအဖွဲကိစ္စတွေကို အမြဲပြောနေတာ။

ထိုလူငယ်သည် ဆက်ပြောတော့မည်ကို မြင်လိုက်ရသဖြင့်၊ မြေအောက်ကိုးလောက နတ်ဆိုးဘုရင်သည် ရွေးချယ်စရာမရှိတော့ဘဲ “မဟာကျင်းရဲ့ တာအိုဘိုးဘေးအကြောင်းကို မင်းဘယ်လောက်သိလဲ"

သူသည် ယခင်က လေ့မျိုးနွယ်ကို မဟာကျင်းထံ စေလွှတ်ခဲ့သော်လည်း အားလုံး သေဆုံးသွားခဲ့သည်။ ထို့ကြောင့် သူသည် မဟာကျင်းသို့ တစ်ဖန်ရောက်သောအခါ ရူးသွပ်စွာ မလုပ်ဆောင်ခဲ့ပေ။ သူသည် မဟာကျင်းကို အချိန်အတော်ကြာ နားလည်အောင် လုပ်ပြီးနောက် မဟာကျင်းတွင် အင်အားအကြီးဆုံးသူကို လေ့လာခဲ့သည်။

မဟာကျင်းရဲ့ တာအိုဘိုးဘေး

မဟာကျင်း အနားရှိ နိုင်ငံများမှ သိုင်းပညာရှင်များပင်လျှင် တာအိုဘိုးဘေးကို ရိုသေမှုအပြည့်ရှိကြသည်။

သူသည် တာအိုဘိုးဘေးနှင့် ပတ်သက်၍ မဟာကျင်း တော်ဝင်မိသားစု၏ သဘောထားများကို ကြားချင်သည်။

ထိုလူငယ်သည် ထိုစကားကိုကြားသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာပြီး “တာအိုဘိုးဘေး၊ ကျွန်တော် သူ့ကို ကောင်းကောင်းသိတယ်။ သူ့ကို ကောင်းကောင်းသိတယ်”

သူသည် တာအိုဘိုးဘေး စတင်ကျော်ကြားလာချိန်မှစ၍ ဒဏ္ဍာရီများနှင့် ပုံပြင်များအကြောင်း အဆက်မပြတ် ပြောတော့သည်။

မဟာကျင်းသည် သတင်းအချက်အလက် မျှဝေခြင်းသည် အဆင်မပြေပေ။ အချိန်ကြာလာသည်နှင့်အမျှ လူအများစုသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်က တာအိိုဘိုးဘေးပုံပြင်ကို မေ့သွားကြသည်။ သို့သော် တော်ဝင်မိသားစု မပါပေ။ ဤလုပ်ဆောင်ချက်များကို အမှုထမ်းများက အထူးမှတ်တမ်းတင်ထားပြီး တော်ဝက်မိသားစု၏ သားသမီးများသည် ငယ်ရွယ်စဉ်ကတည်းက သင်ကြားခဲ့ရသည်။ တာအိုဘိုးဘေး၏ ချုပ်ချယ်မှုများက လွတ်မြောက်လိုသော ကျန်းလျှို့သည်ပင်လျှင် သူ၏ သားသမီးများကို ငယ်ရွယ်စဉ်ကတည်းက သူ့အရည်အချင်းများကို လေ့လာစေခဲ့သည်။

ကျန်းလျှို့သည် မတုံးအ။ သူသည် ဂရုမစိုက်စရာ မရှိဘဲ ဧကရာဇ်မင်းဖြစ်ချင်သော်လည်း တာအိုဘိုးဘေးနှင့် ဆက်ဆံရေးကို မဖြတ်တောက်ချင်ပေ။ အကယ်၍ ဧကရာဇ်မိသားစုသည် တစ်နေ့ကျဆုံးပြီး သူ၏သားစဉ်မြေးဆက်များသည် ကျန်းမိသားစုနှင့် တာအိုဘိုးဘေးတို့ကြား ဆက်ဆံရေးကို မှတ်မိနေသေးပါက ကျန်း မိသားစုကို ကယ်တင်နိုင်မည်ဖြစ်သည်။

မြေအောက်ကိုးလောက နတ်ဆိုးဘုရင်က ဂရုတစိုက် နားထောင်သည်။

ပဲစေ့များကို စစ်သားအဖြစ် ကြဲချခြင်း၊ ပြန်လည်နိုးထခြင်းနှင့် တိုက်ကြီးတစ်ခုကို ရွှေ့ခြင်းကဲ့သို့သော ပုံပြင်များကို သူကြားသောအခါတွင် သူ၏နှလုံးသည် တဖြည်းဖြည်း အောက်ခြေသို့ နစ်မြုပ်သွားသည်။

ကောင်းကင် ဧကရာဇ်အဆင့် တစ်ယောက်အနေဖြင့် သူ၏ အသိပညာသည် ပို၍ပင် ကျယ်ပြောလာသည်။ သို့သော် တာအိုဘိုးဘေး၏ နည်းလမ်းအချို့ကို သူပင် တွေးကြည့်၍မရပေ။

ပြန်လည်ရှင်သန်ခြင်း။ ဒီလူတွေဟာ သူတို့ရဲ့ သေဆုံးမှုကို ဟန်ဆောင်ထားတယ်ဟု သူ တွေးနိုင်သေးသည်။

တိုက်ကြီးတစ်ခုကို မြိုင်ဟေဝန်ဆီ မလာဖို့ကတော့

ဒါက သူနားမလည်နိုင်တဲ့အရာတစ်ခုပဲ။

ယခင်က လူသားများ မည်သို့ပေါ်လာသည်ကို သူ တွေးတောနေခဲ့သည်။ ဒါက ဒီလိုဖြစ်သွားတာကိုး

ဒါက တကယ့်ကို ဒေါသထွက်စရာပဲ။

ထိုလူငယ်က တာအိိုဘိုးဘေး နဂါးအသွင်ပြောင်းသည့်အကြောင်း ပြောသည်ကို ကြားသောအခါ ပထမအကြိမ် အံ့သြသွားသည် ။

All Chapters