မဟာကျင်းမှာ စွမ်းအားအကြီးဆုံးလူ ဖြစ်လာခြင်း
Vol. 19 Ch. 284
“ဆရာ၊ ကျွန်တော်ပြီးပြီ။ တာအိိုဘိုးဘေးက တကယ်မသေနိုင်ဘူးလား"
လူငယ်က ဂုဏ်ယူစွာပြောသည်။ တာအိိုဘိုးဘေးသည် မဟာကျင်းမှ မှဖြစ်ပြီး ကျန်းမိသားစုနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်။ ထုံးစံအတိုင်း သူ ဂုဏ်ယူမိသည်။
သူပြောပြီးသည်နှင့် အသားကင်တစ်ပိုင်းကို ကိုက်ဖြတ်ရန် လက်လှမ်းလိုက်သည်။ ပူနေသော်လည်း သူဗိုက်ဆာနေသဖြင့် ဂရုမစိုက်နိုင်တော့ဘူး။
မြေအောက်ကိုးလောက နတ်ဆိုးဘုရင်သည် နှုတ်ဆိတ်နေပြီး အဖြေပြန်မပေး။
သူ့နှလုံးသားသည် မထင်မှတ်ဘဲ တုန်လှုပ်သွားသည်။
လူသားမျိုးနွယ်မှ မွေးဖွားလာသော ဧကရာဇ် မိသားစုဝင်အသစ်ကို တာအိုဘိုးဘေးက ဖန်တီးခဲ့တာ ဖြစ်နိုင်လား။
အဲဒီလိုဆိုရင် တော်ဝင်မိသားစုဝင် တစ်ယောက်ကို ဖန်ဆင်းခဲ့တဲ့ Dao ဘိုးဘွားက ဘယ်လောက် စွမ်းအားကြီးလိုက်မလဲ။
သူ၏ ဆုံးဖြတ်ချက်သည် ရုတ်တရက် ယိမ်းယိုင်သွားသည်။
လူသားတွေကို ထိလို့မရဘူး။
သို့သော် သူ လက်လျှော့လိုက်ရန် ရည်ရွယ်လျက်မရှိ။ သူ့ဗျူဟာကို ပြောင်းရုံသာ ဖြစ်သည်။
လူငယ်ကို မော့ကြည့်လိုက်သောအခါ သူ့အမူအရာ ပြောင်းသွားသည်။ သူက ဖြည်းညှင်းစွာပြောသည် "ကျန်းယဲ့၊ သိုင်းပညာမှာ မင်းပန်းတိုင်ကဘာလဲ။ မင်းရဲ့ အကြီးမားဆုံးပန်းတိုင်ကရော။ သေသေချာချာ သတ္တိရှိရှိ စဉ်းစား”
ဒါကိုကြားတော့ ကျန်းယဲ့ဟု အမည်ရ လူငယ်လေးဟာ ထိတ်လန့်သွားပြီး လေးလေးနက်နက် တွေးတောမိသွားသည်။
မြေအောက်ကိုးလောက နတ်ဆိုးဘုရင်သည် သူ၏အကြံအစည်များကို တမင်တကာ ချမပြခဲ့ပေ။ အဲဒီအစား စိတ်ရှည်ရှည်နှင့် စောင့်နေလိုက်သည်။
အချိန်အတော်ကြာပြီးနောက်။
ကျန်းယဲ့ မော့ကြည့်လိုက်ပြီး “ဆရာကြီး၊ ကျွန်တော် မဟာကျင်းမှာ စွမ်းအားအကြီးဆုံးသူ ဖြစ်ချင်ပါတယ်”
သူ ငယ်ငယ်ကတည်းက သိုင်းပညာကို လေ့ကျင့်ချင်ခဲ့သည်။ ကျန်းလျှိုက သူ့ကို ဖိနှိပ်လေလေ၊ သူထိုအကြောင်း တွေးမိလေလေ ။ ယခုအခါ စွဲလမ်းမှုတစ်ခုကဲ့သို့ပင် ဖြစ်လာသည်။
မြေအောက်ကိုးလောက နတ်ဆိုးဘုရင်က သူ့ကို မလှောင်ပြောင်ခဲ့ပေ။ အဲဒီအစား သူက အေးအေးဆေးဆေး ပြောလိုက်သည်။ “ဒါဆို မင်းအသက်နဲ့ ပေးဆပ်ဖို့ ပြင်ဆင်ထားတော့”
ကျန်းယဲ့ စိတ်မပူပန်ပေ။ သူသည် အဆုံးမရှိသော မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့သည်။
သူသည် သေခြင်းရှင်ခြင်းကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သောကြောင့် ကြောက်ရွံ့ထိုက်သည့်အရာမရှိဟု သူခံစားရသည်။
သုံးနှစ်အကြာ ရန်ယွမ်ခေတ်၏ ၁၈ နှစ်မြောက်ဖြစ်သည်။
ကျန်းထန်းမင်သည် နောက်ဆုံးတွင် ကြီးပြင်းလာသော်လည်း သေးသေးလေးသာ ရှိသေးသည်။ ခြောက်နှစ်သားအရွယ်တွင် သူသည် တစ်နှစ်အရွယ်ကလေးတစ်ဦးနှင့်တူသည်။
ယခုနှစ် နွေဦးရာသီအစကတည်းက သူသည် သိုင်းပညာကို တရားဝင်စတင်လေ့ကျင့်ခဲ့ပြီး ကျီဝူကျွင်းကို သင်ကြားပေးခဲ့သည်။ သူမသည် ဤအလုပ်ကို အလွန်စိတ်ဝင်စားပြီး ဉာဏ်ရည်ထက်မြက်သော သိုင်းဧကရာဇ်ကို ပြုစုပျိုးထောင်ရန် စောင့်မျှော်နေသည်။
နွေဦးနှောင်းပိုင်းတွင် ရာသီဥတုက အေးလာသည်။
ရဲရွှင်း နှင့် ဓားဘုရား ပြန်ရောက်လာသည်။ သူတို့နှစ်ဦး ပြန်မလာသည်မှာ နှစ်အတော်ကြာပြီး နှစ်ဦးစလုံး တိုးတက်မှုအချို့ ရှိလာသည်။ သို့သော် ဖြတ်ကျော်ရန် အလှမ်းဝေးနေသေးသည်။
ကျန်းထန်းမင်ကိုတွေ့လိုက်သောအခါ စပ်စုသောအမူအရာများ ပေါ်လာသည်။
ကျင်းမင်ကျူံးသည် နတ်ဘုရား၏သားတော်ကို ဖွားမြင်သည့်သတင်းသည် ကောင်းကင်ချီမြေတွင် ပျံ့နှံ့သွားခဲ့သည်။ မဟာကျင်း မှာရှိတဲ့ လူတိုင်းက ဒါကို သိသည်။ လူအများက ၎င်းကို မေ့လျော့သွားကြသော်လည်း နတ်ဘုရား သားတော် ဒဏ္ဍာရီသည် သိုင်းပညာလောကတွင် အမြဲပျံ့နှံ့နေသည်။ ထုံးစံအတိုင်း၊ ရဲရွှင်း နှင့် ဓားနတ်ဘုရားတို့သည် အပြန်လမ်းတွင် ထိုအကြောင်းကို ကြားလိုက်ရသည်။
"ဒါ သူလား၊ သူ ဘယ်လောက်တော်တယ်ဆိုတာ ငါကြည့်ချင်တယ်”
ရဲရွှင်း ပြုံးပြီး ကျန်းချန်ရှန်းဆီသို့ စူးစူးစိုက်စိုက် လျှောက်သွားသည်။
ကျန်းချန်ရှန်းသည် အပြင်လူကို ပထမဆုံးအကြိမ်တွေ့ဖူးသောကြောင့် အနည်းငယ် ကြောက်ရွံနေသည်။ ရဲရွှင်းသည် သူ့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ ချက်ခြင်း ရှောင်ထွက်သွားပြီး ပို့ဆောင်ရေး အစီအရင်သုံးလိုက်သကဲ့သို့ ကျန်းချန်ရှန်း နောက်ကွယ်တွင် ပေါ်လာသည်။
“ဒီအရှိန်…”
ရဲရွှင်း၏ မျက်ဆံများ ကျဉ်းမြောင်းသွားသည်။ ဓားဘုရင်လည်း ထိတ်လန့်သွားသည်။ သူသည် ပိုင်ချီနှင့် လက်ဆောင်များ လဲလှယ်ရန် ဂရုမစိုက်ဘဲ ကျန်းထန်းမင်ကို စိုက်ကြည့်နေသည်။ “နေဥိး။ သူက ကောင်းကင်ဂူအဆင့်တစ်လား။ သူအသက်ဘယ်လောက်ရှိပြီလဲ"
ရဲရွှင်းသည် ရုတ်တရက် တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားလိုက်ရပြီး မယုံကြည်နိုင်စွာ အော်ဟစ်ကာ သူ့အမူအရာ ပြောင်းလဲသွားသည်။
ပိုင်ချီက ဂုဏ်ယူစွာပြုံးပြီး "သူဟာ ကောင်းကင်ဂူအဆင့်တစ် အနေနဲ့ မွေးဖွားလာခဲ့တာပါ။ သူက နတ်ဘုရားလို့ မထင်ဘူးလား"
ဒါကိုကြားတော့ ရဲရွှင်းနှင့် ဓားနတ်ဘုရားတို့က ထိတ်လန့်သွားပြီး ကျန်းချန်ရှန်းကို ထိတ်လန့်စွာ ကြည့်နေလိုက်သည်။
ကောင်းကင်ဂူအဆင့် အနေနဲ့ မွေးဖွားလာတယ်ဆိုရင် သူက တကယ်ပဲ လူသားလား။
ကျန်းထန်းမင်သည် သူတို့၏အမူအရာများကိုမြင်သောအခါ သူမျက်တောင်မခတ်နိုင်ဘဲ သူ့လျှာကိုထုတ်ကာ လှောင်ပြောင်သည့်အမူအရာ လုပ်လိုက်သည်။
ကျန်းချန်ရှန်းက "မင်းတို့ပြန်လာပြီ။ တိုက်တိုက်ဆိုင်ဆိုင် မင်းတို့ အနာဂတ်မှာ သူ့ကို အတူတူ သင်ပေးလို့ရတယ်။ ဒီလို တပည့်ရှာဖို့ မလွယ်ဘူး”
ရဲရွှင်း နှင့် ဓားနတ်ဘုရားတို့သည် ထိုစကားကိုကြားသောအခါ ကြည်နူးအံ့သြသွားကြသည်။
“ဒါပေါ့”
"ငါတို့ အရည်အချင်း ပြည့်မီပါ့မလား”
သူတို့အဖြေများက မတူပေ။ ရဲရွှင်းက စိတ်လှုပ်ရှားနေပေမယ့် ဓားနတ်ဘုရားက စိတ်ပူနေသည်။
ကျန်းချန်ရှန်းက "မင်းတို့သင်ပေးရမှာက သိုင်းပညာဘဲ။ အဲဒါကို ကျွမ်းကျင်တဲ့သူက ဆရာပဲ။ အဆင့်က အရာအားလုံးကို ကိုယ်စားမပြုဘူး။”
သူက ကျန်းထန်းမင်ကို ပစ်ချလိုက်ပြီး ရဲရွှင်းက သူ့ကို ချက်ချင်းဖမ်းလိုက်သည်။
အသက်ခြောက်နှစ်အရွယ် ကျန်းထန်းမင်သည် သူ၏ အတွင်းဝတ်ကို ၀တ်ဆင်ထားဆဲဖြစ်ပြီး ဆံပင်များကို ခေါင်းပေါ်တွင် ချည်နှောင်ထားသောကြောင့် အတော်ပင် ထူးခြားနေသည်။ ဤကဲ့သို့ ၀တ်စားဆင်ယင်မှုမျိုးနှင့် သူ့မျက်နှာက ပို၍ပင် ချစ်စရာကောင်းနေသည်။
ရဲရွှင်း သူ့ကို ပွေ့ဖက်လိုက်သောအခါတွင် သူသည် အစွမ်းကုန် ရုန်းကန်နေခဲ့သည်။ သို့သော်၊ ရဲရွှင်းသည် ကောင်းကင်ဂူ အဆင့်၃ ဖြစ်သည်။ သူ၏ ချီနှင့် သူ့ကို မည်ကဲ့သို့ တွန်းထုတ်နိုင်မည်လဲ။
“ခွေးကလေး မလှုပ်နဲ့။ ဟိုတုန်းက မင်းအဘိုးကြီးကတောင် ငါ့အပေါ် ယဉ်ကျေးတယ်"
ရဲရွှင်းက ညည်းညူရင်း ရယ်မောလိုက်သည်။
ချီး
ကျန်းချဲ ဘယ်လိုနတ်ဆိုးမျိုး မွေးထားတာလဲ။ သူဘာလို့ဒီလောက်သန်မာရတာလဲ။
သူ၏ ချီကို မထုတ်ဘူးဆိုပါက ကျန်းထန်းနင်ကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ သူ ဆုပ်ကိုင်ထားရုံနှင့် နာကျင်ခံစားရသည်။ သို့သော် သူ့မျက်နှာအတွက်ကြောင့် အရေးမကြီးဟု ဟန်ဆောင်နေရသည်။
ကျန်းထန်းမင်က ရပ်လိုက်ပြီး “ခင်ဗျား ကျွန်တော့်အဖေကို သိလား"
ရဲရွှင်းက တိတ်တိတ်လေး သက်ပြင်းချကာ “သိတယ်။ မင်းအဖေကြီးပြင်းလာတာကို ငါမြင်ခဲ့ရတယ်”
သူက အဆက်မပြတ် ဝင့်ကြွားစပြုလာပြီး ကျန်းထန်းမင်က ဂရုတစိုက် နားထောင်သည်။
ကျန်းချန်ရှန်း ပြုံးလိုက်သည်။ ရဲရွှင်း၏ အရှက်မဲ့မှုကို သူမြင်ခဲ့သော်လည်း သူ့ကို ထုတ်ဖော်မပြောတော့ပေ၏
ရဲရွှင်း နှင့် ဓားနတ်ဘုရားတို့သည် ပြန်လာပြီးနောက် တောင်ပေါ်မှ မဆင်းခဲ့ကြပေ။ သူတို့သည် ကျန်းထန်းမင်ကို စတင်သင်ကြားပေးပြီး သူကြီးပြင်းလာသည်အထိ သူကို အဖော်ပြုပေးကြသည်။ ကျန်းချန်ရှန်းက သူတို့ကို မမျှမတ မဆက်ဆံပေ။ သူတော်စင် ခုနစ်ယောက်၏ အသွေးအသားတို့ကို သူတို့၏ ခန္ဓာကိုယ် နှိုးတွရန် ထုတ်ယူပေးသည်။
နေ့ရက်များက ပို၍ တက်ကြွလာသည်။
တစ်ဖက်တွင်မူ ဘာရန် ပြည်နယ်ကို လုံးလုံးလျားလျား တည်ထောင်နိုင်ခဲ့ပြီ ဖြစ်သည်။ သိုင်းပညာ.အဖွဲ့များစွာကို ထပ်ပေါင်းထည့်လိုက်ရာ ဘာရန် ပြည်နယ်သည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အင်အားကြီးမှုတွင် အိမ်ထောင်စုစာရင်းတွင် မှတ်တမ်းတင်ထားသော သိုင်းပညာရှင်များသည် စစ်ပြည်နယ်နှင့် သွမ့်ဟိုင်ပြည်နယ်တို့ပြီးလျှင် ဒုတိယဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့သည် နံပါတ်တစ်ပြည်နယ်ဖြစ်လာရန် နီးကပ်လာနေပြီဖြစ်သည်။
ဘာရန်ပြည်နယ်သည် မြိုင်ဟေဝန် တွင်တည်ရှိပြီး သိုင်းပညာရှင်များ အပြင်ထွက်၍ အမဲလိုက်ရန် အလွန်အဆင်ပြေသည်။ ထို့ကြောင့် ၎င်းသည် သိုင်းပညာဂိုဏ်းခွဲများနှင့် ကုန်သည်များကို ဆွဲဆောင်နိုင်သည်။
ရွှင်ထျန်းမြို့တော် ညီလာခံခန်းမ
"ပုန်ကန်မှု”
"ပုန်ကန်မှု”
ကျန်းလျှိုသည် နဂါးပလ္လင်ရှေ့တွင် ရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ခန်းမတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက သူ့ကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။
ကျန်းလျှို ကျိန်ဆဲလိုက်သည်။ “ဘာရန်ပြည်နယ်ကို ဆောက်ဖို့ ငါပိုက်ဆံဘယ်လောက်ကုန်ခဲ့လဲ။ အဆုံးသတ်မှာ တစ်နှစ်ပတ်လုံး အမြတ်ငွေက အရှုံးဖြစ်သွားတယ်။ ငါက ငတုံးလို့ မင်းတို့ထင်လား။ ကုန်ကျစရိတ်က များတယ်ဆိုရင်တောင် နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သယ်ယူပို့ဆောင်ရေး အစီအရင်က ပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲ။ မြေခွန်တွေကရော။ ဘာကြောင့်အရမ်း နည်းရတာလဲ။ ဘယ်သူမှမဝယ်ကြဘူးလား”
“ငါ့ရဲ့ပိုက်ဆံတွေကို ဘယ်သူအလွဲသုံးစားလုပ်လဲဆိုတာ စုံစမ်းကြ။ ဘယ်သူပဲဖြစ်ဖြစ် သိတာနဲ့ တစ်မိသားစုလုံး ဒုက္ခရောက်သွားရမယ်”
အရာရှိများသည် ဆောင်းရာသီတွင် ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြသည်။ သို့သော်၊ အများစုက ဂရုမစိုက်သော အမူအရာဖြင့် ခေါင်းငုံ့ထားကြသည်။
အချိန်အတော်ကြာပြီးနောက်
မနက်ပိုင်း တရားရုံးအစည်းအဝေးကို သိမ်းလိုက်ပြီး ကျန်းလျှို့သည် ဒေါသတကြီးဖြင့် တော်ဝင်စာကြည့်ဆောင်သို့ ပြန်သွားခဲ့သည်။ ချန်လီသည် သူ့နောက်မှ လိုက်လာကာ အင်္ကျီလက်နှစ်ဖက်ကို ကိုင်ကာ သက်တောင့်သက်သာ ကြည့်နေလေသည်။
ကျန်းမင်းဆက်ရဲ့ ခေတ်ငါးခေတ်က ဧကရာဇ်များကို ကူညီပေးခဲ့သော သြဇာကြီးသည့် အရာရှိတစ်ယောက်အနေနှင့် သူ့တွင် ဤကဲ့သို့ သဘောထားမျိုး ပြသဖို့ အရည်အချင်းနှင့် ယုံကြည်မှုများ ရှိနေသည်။ အရမ်းကြီး ချုပ်ထိန်းထားစရာ မလိုအပ်ပေ။
ကျန်းလျှိုက ဒေါသတကြီး ထိုင်ချလိုက်ပြီး “ဆရာ၊ သူတိူ့ကို ဘယ်သူက ပံ့ပိုးနေတာလဲ။ တစ်ယောက်ယောက်ကတော့ ဦးဆောင်မှာပဲ”
ချန်လီ "ဘုရင်မင်းမြတ် ကျင်းချန်က ထွက်ခွာသွားပေမယ့် တာအို ဘိုးဘေးရဲ့ စွမ်းအားက ရှိနေဆဲပါ။ ဘယ်သူမှ မစဥ်းစားဘဲ မလုပ်ရဲလောက်ပါဘူး။ ထုံးစံအတိုင်း၊ ဦးဆောင်ဝံ့သူတွေက အရှင့်ကိုရော တာအိုဘိုးဘေးကိုပါ မကြောက်တဲ့သူတွေပါ”
ကျန်းလျှိုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မဟာကျင်းမှာ သိပ်အတင့်ရဲတဲ့သူ ရှိနေပြီပေါ့။ ငါဘာလို့မသိခဲ့တာလဲ။ လုံချီဘုရားကျောင်းက တစ်ယောက်ယောက်များလား။.မဖြစ်နိုင်ဘူး။ လုံချီဘုရားကျောင်းက ဘယ်သူမှ ဘာရန်ပြည်နယ်ကို မလာဘူး”
ချန်လီက ခေါင်းခါလိုက်သည်။
ကျန်းလျှို မကျေနပ်သဖြင့် “ဆရာ၊ ကွေ့ဝိုက်မနေပါနဲ့တော့။ ကျွန်တော် ဦးနှောက် မသုံးချင်တော့ဘူး”
ချန်လီက အားကိုးရာမဲ့ ပြုံးပြီး “သူက မင်းရဲ့ ဆွေမျိုးပဲ။ မြောက်ပိုင်းနယ်စပ်ဘုရင်က ဘာရန်ပြည်နယ်ကို သွားတဲ့အကြောင်း ကြားထားပါတယ်။ သူက ပြည်နယ်တစ်ခုရဒဲ့ အုပ်ချုပ်သူ မဟုတ်ပေမဲ့လည်း သူက ပြည်နယ်သခင်နဲ့ ရင်နှိးတဲ့ ဆက်ဆံရေး ရှိပါတယ်”
ကျန်းလျှိုသည် မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်သွားသည်။
ချန်လီက "မြောက်ပိုင်းနယ်စပ်ဘုရင်က ကျန်းထန်ကျုံးရဲ့ သားဖြစ်ပြီးတော့ သူ့ရဲ့ သိုင်းပညာစွမ်းရည်က ပြိုင်ဘက်ကင်းပါတယ်။ သူက ကောင်းကင်ဂူအဆင့်မှာ ရှိပြီးတော့ သူက စစ်တပ်ကို ထိန်းချုပ်ထားပါတယ်။ အင်ပါယာနန်းတွင်းမှာရှိတဲ့ သူရဲ့ဆက်ဆံရေးက ဘုရင်မင်းမြတ်ထက် ပိုမိုကျယ်ပြန့်ပါတယ်။ ဘုရင်မင်းမြတ်က သူ့ကို ထိချင်ရင်တောင် လွယ်မှာမဟုတ်ဘူး။ ထိုက်ကျုံးက တော်ဝင်မိသားစု အချင်းချင်း ဆန့်ကျင်ဘက် မဖြစ်ကြဖို့ အမိန့်ပေးခဲ့ပါတယ်။ ဘုရင်မင်းမြတ်က သူ့ကို ကိုင်တွယ်ဖြေရှင်းချင်တယ်ဆိုရင် လုံလောက်တဲ့ သက်သေအထောက်အထားတွေ ရှိရမယ်၊ လူထုအရှိန်အဟုန်နဲ့ သူ့ကို ဖိနှိပ်ချုပ်ချယ်တဲ့ အခြေအနေမှာ အတင်းအကြပ် တွန်းအားပေးရပါမယ်”
ကျန်းလျှို၏ မျက်မှောင်ကြုတ်မှုက ပိုနက်ရှိုင်းလာသည်။
သိုင်းပညာ ထွန်းကားလာမှုကြောင့် တော်ဝင်မိသားစုတွင် ဆွေမျိုးများစွာရှိသည်။ ကောင်းကင်သားတော်သည် သက်တမ်းအကန့်အသတ်ရှိသော်လည်း၊ ၎င်းတို့၏ သိုင်းပညာအဆင့်သည် မြင့်မားပါက ထိုဆွေမျိုးများကသာ သက်တမ်းပိုရှည်နိုင်သည်။ ယခုအချိန်တွင်၊ ဆွေမျိုးတော်စပ်သူများစွာရှိသဖြင့် ကျန်းလျှိုသည် ဧကရာဇ်မင်းမြတ်၏ တန်ခိုးကို မပြနိုင်လောက်အောင်ပင် ရှိနေပြီဖြစ်သည်။
ထိုအချိန်ကျမှ ကျန်းလျှိုသည် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
အချိန်အကြာကြီးဆက်သွားနေမည်ဆိုပါက ကျန်းမိသားစုဟာ ပရမ်းပတာဖြစ်တော့မှာ သေချာနေပြီ။ နောက်ဧကရာဇ်ကို မပြောနဲ့ဦး ဖိအားတွေကို သူပင်ခံစားမိနေပြီ...
ချန်လီက တခြားဘာမှ မပြောဘဲ ဧကရာဇ်မင်း သူ့ကိုယ်သူ စဉ်းစားခွင့်ပေးလိုက်သည်၊
'ဆွေမျိုးတွေတင်မကဘဲ ငါ့လို သြဇာကြီးတဲ့ အရာရှိတွေ၊ ဖြောင့်မှန်တဲ့ အရာရှိတွေ၊ လောဘကြီးတဲ့ အရာရှိတွေလည်း ပါတယ်။ ထာဝရငြိမ်းချမ်းတဲ့ နိုင်ငံ ဘယ်မှာ ရှိနိုင်မှာလဲ။ ထာဝရအချုပ်အခြာအာဏာပိုင်မင်းဆက် ဘယ်လို ရှိနိုင်မှာလဲါ အရှင်မင်းကြီး၊ သက် ဘယ်လိုလုပ်သင့်လဲ”
ချန်လီသည် ကျန်းလျှိုကို စိုက်ကြည့်ကာ သူ့ကိုယ်သူ တွေးနေသည်။
သူသည် ဩဇာ ကြီးမားသော်လည်း ဧကရာဇ်မင်းအား လိပ်ပြာလုံသောစိတ်ဖြင့် ကူညီနိုင်ခဲ့သည်။
သို့သော် ဧကရာဇ်က သူ့ကို လုံးဝယုံကြည်နိုင်ပါ့မလား။
မယုံဘူး။.သူက သူ့ရဲ့ အာဏာကို ဖြုတ်ပစ်လိုက်တယ်။ ယခုဆိုလျှင် သူ့ထက်သာလွန်သော အရာရှိများ အများအပြားရှိနေပြီဖြစ်သည်။
ဤသည်မှာ အင်ပါယာ ရုံးတော်တွင်သာ ဖြစ်သည်။ နိုင်ငံတွငိ ပြည်နယ်နှင့် ဘုရင်ခံနိုင်ငံများ အများကြီးရှိသည်။ ရည်မှန်းချက်ကြီးသူ မည်မျှရှိသည်ကို မသိရပေ။
အရင်တုန်းကတော့ သူတို့ကို နှိပ်ကွပ်ဖို့ တာအိုဘိုးဘေးရှိသည်။ သို့သော် တာအိုဘိုးဘေး ပေါ်လာသည့် အကြိမ်အရေအတွက် လျော့နည်းလာပြီး မဟာကျင်း၏ သိုင်းပညာလောကသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာခဲ့သည်။ တာအိုဘိုးဘေးသည် မဟာကျင်းကို အမြဲကာကွယ်နိုင်သည်ဆိုသည်ကို မပြောနှင့်ဦး။ မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် တစ်စုံတစ်ယောက်ပေါ်လာပြီး တာအိုဘိုးဘေး၏ အခွင့်အာဏာကို စိန်ခေါ်လာမည်ဖြစ်သည်။
မဟာကျင်းသည် အပြောင်းအလဲကို လိုအပ်သည်။
ကျန်းလျှိုသည် ကောင်းကင်အောက်ရှိ မြေကို ပြောင်းလဲပစ်ရန် စိတ်ပိုင်းဖြတ်ထားခြင်း ရှိ၊ မရှိ သိရန် ချန်လီသည် ဤကိစ္စကို အသုံးပြုလိုခဲ့သည်။
ကျန်းလျှိုက အံကြိတ်ကာ "ကောင်းပြီ၊ မြောက်ပိုင်းနယ်စပ်ဘုရက်ကို ငါစုံစမ်းလိုက်မယ်။ ငါတို့နှစ်ယောက်လုံးက ကျန်းမျိုးရိုးပဲ။ဒါပေမယ့် နိုင်ငံကို အုပ်စိုးတဲ့သူက ဘယ်သူလဲ၊ ကောင်းကင်ချီမြေကို ဖုံးအုပ်ထားတဲ့ တောက်ပတဲ့ နေမင်းကြီးက ဘယ်သူလဲဆိုတာ ငါသူ့ကို ပြမယ်”
ချန်လီသည် ကျေနပ်အားရသွားသည်။
ဆောင်းရာသီဖြစ်ပြီး ကျင်းချန်တွင် ဆီးနှင်းများ ထူထပ်စွာကျနေသဖြင့် ကမ္ဘာကြီးသည် အဖြူရောင်ပင်လယ်ထဲသို့ နစ်မြုပ်နေသည်။
ကျန်းချန်ရှန်းသည် ကျန်းကျန့် နှင့် အခြားနှစ်ယောက်ကို စိတ်ထဲတွေးနေချိန်တွငိ ခြံဝင်းထဲတွင် ဆီးနှင်းရုပ်ထု တည်ဆောက်နေသော ကျန်းထန်းမင်ကို ကြည့်လိုက်သည်။
ကျန်းကျန့်နှင့် လင်းဟောက်ထျန်းတို့သည် ကောင်းကင်ဂူအဆင့် ၃ ကို ဖြတ်ကျော်ပြီး ပိတ်ဆို့ခြင်းကို ထပ်မံဖြတ်ကျော်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဒီတစ်ကြိမ်မှာတော့ ကျန်းချန်ရှန်းက သူတို့ထွက်လမ်းကို ရရန် ကူညီဖို့ ဆုံးဖြတ်ထားသည်။
သူတို့က သူ့ခွန်အားအပြည့်ကို ခံနိုင်ရည်မရှိသော်လည်း ဒါက လုံလောက်ပါတယ်။
ဒါကလည်း သူတို့၏ ရည်ရွယ်ချက်ပင်။ မကြာသေးမီက လင်းဟောက်ထျန်းသည် ပို၍ စိတ်မသက်မသာဖြစ်လာသည်။ ကျန်းကျန်၏ တာအိုမျက်လုံးသည်ပင် မကြာခဏ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ ဒီအတိုင်းဆက်သွားပါက နောက်ဆက်တွဲဆိုးကျိုးများက မှန်းဆ၍ မရနိုင်ပေ။
လွင်ပြင်ပေါ်တွင် ကျန်းကျန့်၊ လင်းဟောက်ထျန်း၊ ဖင်အန်းနှင် လင်းဖုန့်တို့သည် ပျံသန်းနေကြသည်။ သူတို့လေးယောက်သည် အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသည်။ သူတို့ရှေ့ အရင်က ရပ်တန့်ခဲ့သော နေရာကို ရောက်တဲ့အခါ ကြောက်စရာကောင်းတဲ့ လက်ညှိုးက တစ်ဖန်ပေါ်လာပြီး ကမ္ဘာကြီး၏ အဆုံးတွင် သူတို့ကို ရပ်တန့်လိုက်သည်။
သူတို့လေးယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်ပြီး ရှေ့ကို ဆက်လျှောက် သွားကြသည်။
သူတို့ဒီမှာ ပိတ်မိနေသည်မှာ ကြာခဲ့ပြီဖြစ်ပြီး ခဏတာကြာအောင် မနေနိုင်ကြတော့ပေ။
"မင်းတို့ တကယ်သေချင်နေတာပဲ”
ဩဇာကြီးမားသော အသံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသည်။ ကျန်းကျန့် နှင့် အခြားလူများက မျှော်ကြည့်နေကြသည်။ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ဝဲဂယက်မည်းထဲတွငိ မျက်လုံးတစ်စုံက အမှောင်ထဲတွင် ရပ်နေပြီး သူတို့အား မြေပြင်ပေါ်က ပုရွက်ဆိတ်များကဲ့သို့ ငုံ့ကြည့်နေသည်။
လင်းဟောက်ထျန်းက ဒေါသတကြီးနဲ့ “ဒါဆို မင်းပြောလေ။ မင်းအစီအစဥ်ကဘာလဲ။"
လျှို့ဝှက်ဆန်းကြယ်သော ရှေးအတီအသျှင်၏ မျက်လုံးများသည် အေးစက်နေကာ ပြောလိုင်သည်။ “မင်းတို့ ရှေ့ဆက်မတိုးရင် နောက်ဆယ်နှစ် အသက်ရှင်နိုင်တယ်။ အခု ရှေ့ဆက်တိုးရင် ငါသနားမှာ မဟုတ်ဘူး
ဒါကိုကြားတော့ ကျန်းကျန့်နှင့် လင်းဟောက်ထျန်းပ မျက်မှောင်ကြုတ်လိုက်သည် ။ ဖင်အန်းက သူ့ရင်ဘတ်ကို ကုတ်နေကာ လင်းဖုန့်က ထိတ်လန့်တုန်လှုပ်နေသည်။