← Chapters

မင်းတို့ကိုယ်မင်းတို့ သတ်သေလိုက်ကြ

Vol. 98 Ch. 1457

မင်းတို့ကိုယ်မင်းတို့ သတ်သေလိုက်ကြ

Vol. 98 Ch. 1457

“ဘာတွေဖြစ်နေတာလဲ... အထီးကျန်သိုင်းသခင်က မဟာကံကြမ္မာနဲ့အတူ ကောင်းချီးပေးခံထားရတဲ့လူလား”

“အမှန်ပဲ... သူက ပဟေဠိနန်းတော်အောက်မှာ တိုက်ခိုက်ခဲ့ပြီး ဒီမှာရှိတဲ့ ပညာရှင်တွေအများကြီးကို ထိခိုက်ဒဏ်ရာရစေခဲ့တယ်... ဒါတောင် လျှို့ဝှက်အစောင့်အရှောက်တောကောင်က သူ့ကိုသတ်ဖို့ ငြင်းဆန်လိုက်တာလား”

ပဟေဠိနန်းတော်မှ ကျင့်ကြံသူများသည် ထိုသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် စတင်၍ ဆွေးနွေးပြောဆိုလာကြ၏။

“နန်းတော်အရှင်... မျိုးနွယ်စုခေါင်းဆောင်ကို ဖိတ်ခေါ်လိုက်ရအောင်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က သုန်မှုန်​နေသော အမူအရာတစ်ခုရှိပြီး သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။

“အဲ့ဒီနည်းလမ်းပဲ ရှိတော့တာပေါ့”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီက ခေါင်းညိတ်ပြလိုက်၏။

ချွမ်း.... ချွမ်း....

အခြားတစ်ဘက်မှာတော့ ယန်ပေးချန်သည် လွတ်မြောက်လာသည့်ခဏမှာပင် သူက အမုန်းမိစ္ဆာဆေဘာနှင့်အတူ ကောင်းကင်ဘုံလျှို့ဝှက်ချက်ရှိရာသို့ ပြေးဝင်သွား၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သာလျှင် သူ၏ မျက်လုံးထဲမှာ ရှိလေသည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တည်ငြိမ်သောအမူအရာတစ်ခုရှိပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်း မရှိပေ။ သူက ဂမ္ဘီရမိုးကောင်းကင်ခြေလှမ်းများနှင့်အတူ နောက်သို့ဆုတ်လိုက်၏။

ရွှစ်...

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ဓမ္မဖြိုခွင်းလေးကို နောက်တစ်ဖန်ကိုင်မြှောက်ပြီး ဓမ္မစွမ်းအားမြားတစ်စင်းကို စုဖွဲ့လိုက်၏။ ထိုမြားက လေထုကိုဖြိုခွင်းပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ထွက်လမ်းကိုချက်ချင်းပင်ပိတ်ဆို့လိုက်၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမူအရာက နောက်ဆုံးမှာ ပြောင်းလဲသွား၏။

အထီးကျန်သိုင်းသခင်နှင့် အဆူရာသည် မျက်မှောက်ခေတ်၏ အသန်မာဆုံး ပြန်ဝင်စားမွန်းစတားနှစ်ယောက်ဖြစ်၏။ သူ့မှာ ကောင်းကင်ဘုံကိုဖီဆန်သော နည်းလမ်းများရှိနေမည်ဆိုလျှင်တောင် သူက ထိုသူနှစ်ယောက်ကို မခုခံနိုင်တော့ပေ။

ဖောက်...

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ခြေလှမ်းများက လျှို့ဝှက်ဆန်းကြယ်သော်လည်း သူ၏ ပခုံးသည် ဓမ္မစွမ်းအားမြား၏ ထိုးဖောက်ခြင်းကို ခံလိုက်ရဆဲဖြစ်ပြီး သူ၏ လက်တစ်ဖက်လုံးက သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။

အဆူရာက ထိပ်တိုက်ရင်ဆိုင်ခုတ်ပိုင်းချလိုက်၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏အစွမ်းကုန်ရှိသမျှနှင့် ရှောင်တိမ်းလိုက်သော်လည်း သွေးသံရဲရဲဒဏ်ရာတစ်ခုက အမုန်းမိစ္တာဆေဘာကြောင့် သူ၏ရင်ဘတ်ပေါ်မှာ ဖြစ်ပေါ်လာ၏။ သူ၏အသားများက ဖွာလန်ကျဲသွားပြီး သူ၏အရိုးများကိုပင် မြင်လိုက်ရ၏။

“အား...”

သူက အံကိုကြိတ်၍ ခပ်ထိုင်းထိုင်းညည်းတွားအော်ဟစ်ပြီး နာကျင်မှုဖြင့် ချွေးစေးများ ထွက်လာခဲ့၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး တစ်ခဏအတွင်းမှာပင် သူ၏ ပြတ်တောက်သွားသော လက်တစ်ဖက်ကို ​တစ်ဖန်ပြန်ပေါက်စေလိုက်၏။

သို့သော်လည်း သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာက သွေးများအဆက်မပြတ်စီးကျနေဆဲ ဖြစ်၏။

အမုန်းမိစ္တာဆေဘာတွင် အလွန်တရာကြောက်စရာကောင်းသော အမုန်းမိစ္ဆာချီပါဝင်ပြီး သေးငယ်သောဒဏ်ရာတစ်ခုကပင်လျှင် ကုသဖို့အတွက် အလွန်တရာခဲယဥ်းလေသည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ သွေးချီက ပြင်းထန်စွာ ခန်းခြောက်လာခဲ့လေပြီ။

သူသည် အဆက်မပြတ်နောက်ဆုတ်နေရပြီး သူ၏မျက်လုံးထဲတွင် သွေးနီရောင်အလင်းတစ်စက်ဖြစ်ပေါ်လာ၏။

သူက သိပ်ကြာကြာတောင့်မခံနိုင်တော့မည့်ပုံပင်။

“သတ်...”

ထိုစဥ်မှာပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက ရှေ့သို့တစ်ဖန်ပြေးဝင်လိုက်ကြ၏။ သူတို့ထဲမှတစ်ယောက်က အဆူရာကို ပိတ်ဆို့တားဆီး​ပြီး အခြားတစ်ယောက်ကတော့ ဆူဇီမိုထံသို့ ပြေးဝင်သွား၏။

“ဟမ့်”

အဆူရာက လက်ပြန်လှည့်၍ ခုတ်ပိုင်းချလိုက်၏။

အမုန်းမိစ္ဆာချီနှင့် အဆူရာမိစ္ဆာချီသည် ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးကို လွင့်စင်ထွက်သွားစေ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် စိတ်အားညိုးငယ်သောအမူအရာနှင့်အတူ သွေးများကို ထွေးထုတ်လိုက်ရ၏။ သူ့မျက်လုံး၏ အနက်ပိုင်းထဲတွင်လည်း သွေးရောင်အလင်းတစ်စက်က တောက်ပလာ၏။

ချွမ်း...

ဆူဇီမိုသည် သူ၏ဓမ္မဖြိုခွင်းလေးကို ဆွဲတင်ပြီး နောက်ထပ်မြားတစ်စင်းကို ပစ်လွှတ်လိုက်၏။

မြားကို တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်း၏ ဓမ္မလက်နက်က ပိတ်ဆို့တားဆီးလိုက်သော်လည်း ၎င်းသည် မြားထဲမှာ ပါရှိသည့် ကြောက်စရာကောင်းသောစွမ်းအားကို မခုခံနိုင်ပေ။

သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်လား သူ့လက်ထဲရှိဓမ္မလက်နက်က လွင့်ကျသွားပြီး သူ့လက်ပေါ်ရှိအသားများက ပေါက်ကွဲထွက်သွား၏။

သူ၏ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး လေထဲကနေ ပြုတ်ကျလုနီးပါးဖြစ်သွား၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် ဆူဇီမိုနှင့် ယန်ပေးချန်၏ သတ်ဖြတ်ခြင်းစွမ်းအားများကို လုံးဝ ခုခံနိုင်ခြင်း မရှိကြပေ။

တစ်ခဏအတွင်းမှာပင် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဆူဇီမိုနှင့် ယန်ပေးချန်၏ မြင်ကွင်းရှေ့မှာ တစ်ဖန်ပြန်လည်ပေါ်ထွက်လာ၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးထဲရှိ သွေးရောင်အလင်းက တဖြည်းဖြည်း သိသာလာပြီး အဲ့ဒါကိုဆက်လက်၍ မဖုံးကွယ်နိုင်တော့ပေ။

သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးမပြုဘူးဆိုလျှင် သူက ဤနေရာမှာ သေရပေတော့မည်။

ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမို၏ အမူအရာက အေးစက်လာပြီး ဓမ္မဖြိုခွင်းလေးကို နောက်တစ်ဖန်ဆွဲတင်လိုက်၏။

သူသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်အား မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အတင်းအကျပ်အသုံးပြုလာစေရန် ဖိအားပေးရပေမည်။ အဲ့ဒါမှသာ ပဟေဠိနန်းမှ ကျင့်ကြံသူများအားလုံးသည် သူ၏ သရုပ်မှန်ကို တွေ့မြင်ရပေလိမ့်မည်။

ဇီ....

လေးက တုန်ခါသွား၏။

ဓမ္မစွမ်းအားမြားက လေထုကို ဖြိုခွင်း၍ ကောင်းကင်ဘုံလျှို့ဝှက်ချက်ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာ၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးက သွေးရောင်အလင်းဖြင့် တောက်ပလာခဲ့ပြီဖြစ်၏။

ရုတ်တရက်ဆိုသလို...

သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ့မျက်လုံးထဲရှိသွေးရောင်အလင်းက လျင်မြန်စွာ ဆုတ်ယုတ်သွား၏။

“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

ဩဇာတိက္ကမကြီးမားသော ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် ဧရာမအက်ကွဲကြောင်းတစ်ခုက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ဘေးရှိ လေထဲမှာ ဖြစ်ပေါ်လာ၏။ ၎င်းသည် နက်မှောင်၍ အေးစက်နေပြီး အထဲကနေ လက်ဖဝါးတစ်ဖက် ဆန့်တန်းထွက်ပေါ်လာကာ ဓမ္မစွမ်းအားမြားကို ဆုပ်ကိုင်လိုက်၏။

ဘန်း...

မဖျက်ဆီးနိုင်သော ထိုဓမ္မစွမ်းအားမြားသည် လက်ဗလာဖြင့် ချေမွဖျက်ဆီးခြင်းခံလိုက်ရ၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

ထိုစဥ်မှာပင် လူတစ်ယောက်သည် ဧရာမအက်ကွဲကြောင်းထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။ ပိန်လှီနေသောမျက်နှာနှင့် သေးသွယ်သော ပုံပန်းသဏ္ဌာန်နှင့်အတူ သူက တာအိုဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး သူ၏လက်နှစ်ဖက်ကို နောက်ပစ်၍ လျှောက်လှမ်းလာ၏။

ထိုပုဂ္ဂိုလ် အက်ကွဲကြောင်းထဲကနေ လျှောက်လှမ်းထွက်လာပြီးမှသာလျှင် နက်မှောင်နေသော အက်ကွဲကြောင်းက တဖြည်းဖြည်းပြန်လည်ပိတ်ဆို့သွား၏။ ဤနည်းလမ်းသည် ပေါင်းစည်းခန္ဓာ သို့မဟုတ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်ထက်ပင် သေချာပေါက်ကျော်လွန်နေလေပြီ။

မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်...

ဥပမာအားဖြင့် အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း ၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ ကျောင်းတို့ကို ထိပ်သီးဂိုဏ်းကြီးများဟု ခေါ်ဆိုခြင်းမှာ သူတို့သည် ရှေးကျသော အမွေအနှစ်များနှင့် သန်မာသောအခြေခံအုတ်မြစ်တို့ကို ပိုင်ဆိုင်ထားသောကြောင့်သာလျှင် မဟုတ်ပေ။

အဲ့ဒါထက် ထိုဂိုဏ်းများမှာ မဟာယာန မျိုးနွယ်စုခေါင်းဆောင်များ၏ နောက်ခံရှိထားသောကြောင့်ပင်။

ဒါ့အပြင် သူတို့မှာ တစ်ယောက်ထက်ပို၍ ရှိနေကြ၏။

တကယ်ဆို... ထိပ်သီးဂိုဏ်းကြီးအချို့မှာ ဧကရာဇ်များပင် ရှိကြလေသည်။

သို့သော်လည်း ဤမဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် သူတို့ကိုယ်သူတို့ ရုပ်လုံးထွက်ပြလေ့မရှိပဲ ကျင့်ကြံရေးလောကမှာ ပေါ်ထွက်လာခဲလေသည်။

ဂိုဏ်းအတွင်းမှာ ကြီးမားသော ကိစ္စတစ်စုံတစ်ရာဖြစ်ပျက်လာခဲ့လျှင်တောင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက ပေါ်ထွက်မလာတတ်ပေ။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ မျက်လုံးထဲတွင် သူတို့အတွက် အရေးကြီးသည်ဟု မှတ်ယူထားသည့် တစ်ခုတည်းသောအရာမှာ ဧကရာဇ်တစ်ပါးဖြစ်လာဖို့ဖြစ်၏။

အခြားအရာများက အရေးမပါပေ။

ဒါ့အပြင် ယခုသူတို့သည် မဟာယာနအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျင့်ကြံရေးလောကရှိ လောကီရေးရာကိစ္စအများစုကို ဆက်လက်၍ အရေးမလုပ်တော့ပေ။

ပြိုင်စံရှားတစ်ယောက် သို့မဟုတ် ပြန်ဝင်စားမွန်းစတားတစ်ယောက် မွေးဖွားပေါ်ထွက်လာခြင်းက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ မျက်လုံးထဲမှာ ဘာမှဟုတ်မနေပေ။

သမိုင်းတစ်လျှောက်တွင် ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်လာခဲ့သော ကျင့်ကြံသူများစွာရှိကြလေသည်။

သို့သော်လည်း သူတို့ထဲကနေ မဟာယာနအဆင့်သို့ အမှန်တကယ်တက်လှမ်းလာနိုင်သည့်သူက မရှိသလောက်ရှားပါးလေသည်။

လူတစ်ယောက်သည် မဟာယာနအဆင့်သို့ တက်လှမ်းပြီးမှသာလျှင် သူတို့နှင့် ဘေးချင်းယှဥ်၍ စကားပြောဖို့အဆင့်မီပေလိမ့်မည်။

အဲ့ဒါကြောင့် မဟာယာနမျိုးနွယ်စုခေါင်းများသည် သူတို့၏ဂိုဏ်းက ကပ်ဘေးတစ်ခု သို့မဟုတ် ချေမှုန်းဖျက်ဆီးခံရမည့် အန္တရာယ်နှင့် တွေ့ကြုံလာရမှသာလျှင် တံခါးပိတ်ကျင့်ကြံနေရာကနေ ပေါ်ထွက်လာတတ်လေသည်။

အစကတော့... တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီသည် သူ၏နည်းလမ်းများနှင့်အတူ ဆူဇီမိုနှင့် အခြားသူများကို လုံးဝဖိနှိမ်နိုင်မည်ဟု တွေးထင်ထားခဲ့၏။

ယခုအခါမှာတော့ အခြေအနေသည် ဤမျှအတိုင်းအတာထိ ကြီးထွားလာခဲ့လေပြီ။

သူ့မှာတခြားရွေးချယ်စရာမရှိ မကျန်ရှိတော့ပဲ သူသည် ဂိုဏ်းကို နောက်ခံပေးထားသည့် မဟာယာနမျိုးနွယ်စုခေါင်းတစ်ယောက်ကို ဖိတ်ခေါ်လိုက်ရလေသည်။

“မျိုးနွယ်စုခေါင်းဆောင် ချင်ချန်ကို နှုတ်ဆက်ပါတယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီ ၊ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးလီဟန်နှင့် အခြားသူများက ပိန်ပိန်ပါးပါးကျင််ကြံသူကို တွေ့မြင်သောအခါ ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင် ချင်ချန်၏ မျိုးဆက်တစ်ယောက်လည်းဖြစ်၏။

သူတို့ကြားကွာဟချက်သည် ကျင့်ကြံမှုအဆင့်တစ်ခုသာလျှင်ဖြစ်သော်လည်း မျိုးနွယ်စုခေါင်းဆောင်ချင်ချန်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီထက် နှစ်ပေါင်းများစွာ အသက်ပိုကြီးလေသည်။

“မျိုးနွယ်စုခေါင်းဆောင် ပေါ်ထွက်လာပြီပဲ”

“အဲ့ဒါက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပဲ... ကျုပ်က ပဟေဠိနန်းတော်ကို ဝင်ရောက်လာကတည်းက သူ့တို့ကိုတစ်ခါမှ မတွေ့ခဲ့ဖူးဘူး”

ပဟေဠိနန်းတော်မှ ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။

“ဘာတွေဖြစ်နေတာလဲ”

မျိုးနွယ်စုခေါင်းဆောင် ချင်ချန်သည် သူ၏ပတ်ဝန်းကျင်ကို အကဲခတ်ပြီး သူ၏အကြည့်က တိုက်ပွဲနယ်မြေဆီသို့ ရွေ့လျားသွားကာ သူ့မျက်လုံးထဲရှိ အေးစက်နေသောအလင်းရောင်နှင့်အတူ ဖြည်းဖြည်းချင်း မေးလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင် “

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးချင်ဇီက အလောတကြီးပြောလိုက်၏။

“အထီးကျန်သိုင်းသခင်နဲ့ အခြားသူတွေက ပဟေဠိနန်းတော်ထဲကို ဝင်ရောက်လာပြီး သူတို့က ကျုပ်တို့ရဲ့သခင်လေးကို သတ်ဖြတ်ချင်တယ်လို့ ထုတ်ဖော်ကြေညာခဲ့တယ်... နောက်ပြီး သူတို့က ဂိတ်တံခါးကျောက်စာတိုင်ကို ဖျက်ဆီးပြီး ပဟေဠိနန်းတော်က စွမ်းအားကြီးပုဂ္ဂိုလ်အချို့ကိုလည်း သတ်ဖြတ်ခဲ့တယ်... နောက်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အတော်များများကိုလည်း ထိခိုက်ဒဏ်ရာရရှိစေခဲ့တယ်”

“ဒီအထီးကျန်သိုင်းသခင်က ဥပဒေမဲ့လွန်းပြီး ကျုပ်ရဲ့ ဓမ္မဖြိုခွင်းလေးကိုပါ လုယူသွားခဲ့တယ်”

မျိုးနွယ်စုခေါင်းဆောင် ချင်ချန်၏အကြည့်က ဖြည်းဖြည်းချင်း ရွေ့လျားသွား​ပြီး နတ်ဆိုးမကျိ ၊ မင်းကျန်နှင့် ယန်ပေးချန်တို့အပေါ် ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုပေါ်ရောက်ရှိသွား၏။

ဆူဇီမိုက ချက်ချင်းပင် ခေါင်းမွေးများထောင်ထလာ၏။

သူသည် နောက်ခဏ၌ ကပ်ဘေးတစ်ခုနှင့် တွေ့ကြုံခံစားရတော့မည့်အလားပင်။

အဲ့ဒါက နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ထားသည့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က သူ့ကိုသတ်ဖြတ်ချင်သည်ဆိုလျှင် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာပင်လျှင် အဲ့ဒါကို ခုခံကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။

“မင်းက ပဟေဠိနန်းတော်က ကျင့်ကြံသူတွေကို သတ်ဖြတ်ရဲတယ်ဆိုတော့ တော်တော်ကို သတ္တိကောင်းနေတာပဲ”

မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က အမူအရာကင်းမဲ့စွာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲ့ဒါကို လုပ်ရတာ အကြောင်းပြချက်ရှိတယ်”

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ စွမ်းပကားကို ခုခံကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ်တို့က ဒီနေရာကိုရောက်လာတာ ပဟေဠိနန်းတော်နဲ့ ရန်သူတွေဖြစ်ချင်လို့မဟုတ်ဘူး... ကျုပ်က...”

“မင်းဆီက ​ဘာဖြေရှင်းချက်ကိုမှ ငါမကြားချင်ဘူး”

မျိုးနွယ်စုခေါင်းဆောင်ချင်ချန်က သူ၏ခေါင်းကိုခါယမ်းပြီး ဂရုမထားဟန်ဖြင့် ပြောလိုက်၏။

“မင်းတို့တွေ... မင်းတို့ကိုယ်မင်းတို့ သတ်သေလိုက်ကြ”

All Chapters