ပုံပြောအဘိုးအို
Vol. 98 Ch. 1458
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ စကားလုံးများတွင် ပြန်လှန်မေးခွန်းမထုတ်ဝံ့သော စွမ်းပကားတစ်ခု ပါဝင်နေ၏။
ဆူဇီမိုနှင့် အခြားသူများကို သူတို့ကိုယ်သူတို့ သတ်သေခိုင်းခြင်းသည် သူတို့ကို ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့်ပေးလိုက်သည့်အလားပင်။
ပြောရင်မည်ဆိုလျှင်.. မျိုးနွယ်စုခေါင်းဆောင် ချင်ချန်သည် တိုက်ခိုက်ဖို့ကို အရေးလုပ်မနေပေ။
ဤလူများသည် သမိုင်းတစ်လျှောက် ပြန်ဝင်စား မွန်းစတားများ ဖြစ်ကြသော်လည်း သူ၏ မျက်လုံးထဲတွင် သူတို့က ပုရွက်ဆိတ်များထက် မပိုပေ။
“ကျုပ်ကိုယ်ကျုပ် သတ်သေရမတဲ့လား”
ဆူဇီမိုက ပြုံးလိုက်၏။
“ပဟေဠိနန်းတော်ရဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကတောင် လွန်လွန်ကဲကဲ ဘက်လိုက်ပြီးတော့ အမှန်တရားကို လျစ်လျူရှုနိုင်တယ်ဆိုတော့…”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် ဆူဇီမိုက လုံးဝ နောက်ဆုတ်ခြင်း မရှိဘဲ သူ၏ ထက်ရှမှုကို ထုတ်ဖော်ပြသလိုက်၏။
ဆူဇီမို၏ အကြည့်က ညိုမည်းလာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကျုပ်က ဒီနေ့ ဒီနေရာမှာ သေရမယ်ဆိုရင်တောင် ကျုပ်က နောင်တစ်ချိန်မှာ သေချာပေါက် ပြန်လာခဲ့မယ်.. အဲဒီအချိန်ကျရင် ပဟေဠိနန်းတော်မှာ ဘယ်သူကများ ကျုပ်ကို တားနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
အဲဒါက ခြိမ်းခြောက်မှုသက်သက် မဟုတ်ပေ။
သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဤနေရာမှာ သေဆုံးသွားမည်ဆိုလျှင်တောင် သူ့မှာ နောက်ထပ် အစစ်အမှန်ခန္ဓာနှစ်ခု ကျန်ရှိနေသေး၏။
နဂါးဖီးနစ်ခန္ဓာသည် နဂါးမျိုးနွယ်နှင့် နတ်ဖီးနစ်ကျွန်း၏ နောက်ခံ ရှိထားလေသည်။
ဆူဇီမို တစ်ကျော့ပြန်လာသည့်အချိန်မှာ ပဟေဠိနန်းတော်က သူ့ကို တားဆီးနိုင်တော့မည် မဟုတ်ပေ။
“မျိုးနွယ်စုခေါင်းဆောင်.. အထီးကျန်သိုင်းသခင်က နဂါးမျိုးနွယ်မှာ နောက်ထပ် ကိုယ်ပွားတစ်ခု ရှိသေးတယ်… သူ့ရဲ့ အဆင့်အတန်းက အတော်လေး မြင့်မားတယ်… သူက နဂါးမျိုးနွယ်ရဲ့ သခင်လေးဖြစ်မယ် ထင်တယ်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီက အလောတကြီး ပြောလိုက်၏။
“အို…”
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က မျက်မှောင်ကြုတ်လိုက်၏။
အဲဒါက ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာခဲ့လေပြီ။
ဆူဇီမိုသည် အခြားသော ထိပ်သီးဂိုဏ်းကြီးများ၏ နောက်ခံရှိထားမည် ဆိုလျှင်တောင်… မျိုးနွယ်စုခေါင်းဆောင် ချင်ချန်သည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ့ကို သတ်ဖြတ်နိုင်လေသည်။
သို့သော်လည်း.. အဲဒါက နဂါးမျိုးနွယ်ဖြစ်မည်ဆိုလျှင် သူက အဲဒါကို ပြန်လည်စဉ်းစားရပေတော့မည်။
ခဏမျှ ငြိမ်သက်နေပြီးနောက်.. မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က မှင်သေသေဖြင့် ပြောလိုက်၏။
“ငါက မင်းကို ထွက်ခွာခွင့်ပေးနိုင်တယ်… ဒါပေမဲ့ သူတို့သုံးယောက်ကတော့ သေရလိမ့်မယ်”
“မင်းတို့တွေက ဘယ်ထိပ်သီးဂိုဏ်းကနေ ရောက်လာလဲ ငါ ဂရုမစိုက်ဘူး… မင်းတို့တွေက ပဟေဠိနန်းတော် အရှေ့မှာ တိုက်ခိုက်ရဲတယ်ဆိုမှတော့ မင်းတို့ရဲ့ အပြစ်ဒဏ်ကို ခံယူရမယ်”
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်သည် ယန်ပေးချန်၊ မင်းကျန်နှင့် နတ်ဆိုးမ ကျိတို့၏ ကျင့်ကြံမှုနည်းစနစ်များမှတစ်ဆင့် သူတို့ ဘယ်ကနေ လာသည်ကို သိရှိထားခဲ့ပြီဖြစ်၏။
သို့သော်.. ယနေ့မှတော့ သူသည် သူ၏ ဩဇာတိက္ကမကို တည်ဆောက်ဖို့အတွက် သတ်ဖြတ်ရပေလိမ့်မည်။
မဟုတ်ပါက… ပဟေဠိနန်းတော်၏ ဂုဏ်သိက္ခာက ပျောက်ဆုံးသွားပေတော့မည်။
“ခင်ဗျားက သူတို့သုံးယောက်ကိုလည်း သတ်လို့ မရဘူး”
ဆူဇီမိုက လုံးဝ ယိမ်းယိုင်ခြင်း မရှိဘဲ မျိုးနွယ်စုခေါင်းဆောင် ချင်ချန်ကို စိုက်ကြည့်၍ လေးနက်သော အသံဖြင့် ပြောလိုက်ဆဲ ဖြစ်၏။
အချိန်တိုအတွင်းမှာပင်.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် အထီးကျန်သိုင်းသခင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာကို မျိုးနွယ်စုခေါင်းဆောင် ချင်ချန်ထံ တိတ်တဆိတ် ပေးပို့ထားခဲ့ပြီ ဖြစ်၏။
“အထီးကျန်သိုင်းသခင်.. သိပ်ပြီး အတင့်ရဲမလာနဲ့”
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က လှောင်ရယ်လိုက်၏။
“ငါက မင်းကို မသတ်ဘူးဆိုရင်တောင်.. မင်းက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မှာလဲ.. မင်းက ကမ္ဘာဦးမျိုးနွယ်က သတ်ဖြတ်ခြင်း တံဆိပ်ပြားတွေကနေ ထိခိုက်ခံစားရလိမ့်မယ်”
“မင်းတို့သုံးယောက်… မင်းတို့ကိုယ်မင်းတို့ သတ်မသေသေးဘူးလား… မင်းတို့က ငါ့ကို ကိုယ်တိုင်လှုပ်ရှားရအောင် စောင့်နေကြတာလား”
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က ဆူဇီမိုကို လျစ်လျူရှုပြီး ယန်ပေးချန်နှင့် အခြားနှစ်ယောက်ကို ကြည့်ကာ အလေးအနက်မထားဟန်ဖြင့် မေးလိုက်၏။
ယန်ပေးချန်၏ အမူအရာက အေးစက်လာပြီး သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားများ အားလုံးကို လှည့်ပတ်ပြီး အမုန်းမိစ္ဆာဆေဘာကို သူ၏ ရင်ဘတ်ရှေ့မှာ ကန့်လန့်ဖြတ် ကိုင်မြှောက်လိုက်၏။ သူသည် မျိုးနွယ်စုခေါင်းဆောင် ချင်ချန်ကို ကြည့်ပြီး နဖူးကနေ ခြေဖျားအထိ သိပ်သည်းပြင်းထန်သော မိစ္ဆာချီကို ထုတ်ဖော်လိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို သတ်ဖြတ်ခြင်းကနေ သူ့ကို တားဆီးသော မည်သူမဆို သူ၏ ရန်သူ ဖြစ်လာပေလိမ့်မည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင် ယန်ပေးချန်သည် သူ၏ ဆေဘာကို ကိုင်မြှောက်ရဲလေသည်။
သို့သော်လည်း မဟာယာနမျိုးနွယ်စုခေါင်းဆောင်၏ စွမ်းအားအောက်တွင် အမုန်းမိစ္ဆာဆေဘာချီကို ကိုင်မြှောက်ခြင်းဖြစ်သည့် ရိုးရှင်းသော လှုပ်ရှားမှုသည် သူ၏ ခွန်အားများ အားလုံးကို ကုန်ခန်းသွားစေသည်ဟု ထင်ရ၏။
သူသည် မျိုးနွယ်စုခေါင်းဆောင် ချင်ချန်ကို ဘယ်လိုမှ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
“ဟဲဟဲ”
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က ဂရုမထားဟန်ဖြင့် ပြုံးလိုက်၏။
“ဒီဘက်မျိုးဆက်ရဲ့ ပြန်ဝင်စား မွန်းစတားက တော်တော်သတ္တိကောင်းသားပဲ… သူက ငါ့ရှေ့မှာတောင် သူ့ရဲ့ ဆေဘာကို ကိုင်မြှောက်ရဲတယ်ဆိုတော့…”
“အဲဒါဆိုလည်း ကောင်းတာပဲ… အဲဒီ မိစ္ဆာဧကရာဇ်အမုန်းနဲ့ ဆုံတွေ့ရအောင် မင်းကို ငါက ငရဲဆီ ပို့ပေးမယ်”
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ရုတ်တရက် သူ၏လက်ကို ဆန့်ထုတ်ကာ ယန်ပေးချန်ရှိရာသို့ ဖမ်းဆွဲလိုက်၏။
“အား…”
ထိုသည်ကို မြင်သောအခါ.. ဆူဇီမိုသည် သူ၏ ခေါင်းကို မော့၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ပြီး မဟာယာနမျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်၏ စွမ်းပကားအောက်ကနေ ရုန်းထွက်ကာ ဓမ္မဖြိုခွင်းလေးကို နောက်တစ်ဖန် ဆွဲတင်လိုက်၏။
ဓမ္မစွမ်းအားမြားက စုဖွဲ့လာပြီး ထိုမြားက မျိုးနွယ်စုခေါင်းဆောင် ချင်ချန်ကို ချိန်ရွယ်လိုက်လေသည်။
ယန်ပေးချန်သည် ဆူဇီမိုအတွက် အရမ်းကို အရေးပါလေသည်။
သူသည် ဆူဟုန် ထွက်ခွာသွားသည်ကို တစ်ခါတုန်းက ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ရ၏။
သူသည် သူ့ရှေ့မှာ တူညီသော မြင်ကွင်းမျိုးကို တစ်ဖန်ထပ်၍ မတွေ့မြင်လိုတော့ပေ။
ရွှစ်…
ဓမ္မစွမ်းအားမြားသည် လေထုကို ဆုတ်ဖြဲ၍ မျိုးနွယ်စုခေါင်းဆောင် ချင်ချန် ရှိရာသို့ ချက်ချင်းပင် ရောက်ရှိလာ၏။
ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
အထီးကျန်သိုင်းသခင်က အရမ်းကို ရဲတင်းလွန်းမနေဘူးလား…။
ယန်ပေးချန်သည် အမုန်းသုတ္တန်ကို ကျင့်ကြံထားပြီး မုန်းတီးမှုများကနေ သူ့ကိုယ်သူ ရုန်းမထွက်စေနိုင်တော့ပေ။ သူက သူ၏ ဆင်ခြင်တုံတရားကို လုံးဝ ဆုံးရှုံးနေသည် ဆိုလျှင်တောင် သူက မျိုးနွယ်စုခေါင်းဆောင် ချင်ချန်၏ ရှေ့မှာ သူ၏ ဆေဘာကိုသာ ကိုင်မြှောက်နိုင်လေသည်။
သို့သော်လည်း အထီးကျန်သိုင်းသခင်ကတော့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို အမှန်တကယ်ပင် တိုက်ခိုက်ရဲလေသည်။
ဓမ္မစွမ်းအားမြားက အလွန်တရာ မြန်ဆန်လေသည်။
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်သည်ပင် အချိန်မီ မတုံ့ပြန်နိုင်ဘဲ မရှောင်တိမ်းနိုင်တော့သည့်ပုံပင်။
သူသည် ဖြည်းဖြည်းချင်း လှည့်၍ ဓမ္မစွမ်းအားမြားကို စိုက်ကြည့်လိုက်လေသည်။
ဝုန်း..
ဓမ္မစွမ်းအားမြားသည် ချက်ချင်းပင် ပေါက်ကွဲသွားပြီး ဘာမှမကျန်အောင် ပျက်ပြယ်ပျောက်ကွယ်သွား၏။
အကြည့်တစ်ချက်နှင့်ပင်.. ထို မဖျက်ဆီးနိုင်သော ဓမ္မစွမ်းအားမြားက ပေါက်ကွဲထွက်သွားလေပြီ။
အဲဒါက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ နည်းလမ်းဖြစ်၏။
အဲဒါသည် မဟာယာနအဆင့်၏ စွမ်းအားဖြစ်၏။
အဲဒါက ပကတိ ဖိနှိမ်ခြင်းပင်။
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်၏ အမူအရာက ညိုမည်းလာပြီး အေးစက်နေသော အကြည့်နှင့်အတူ ဆူဇီမိုကို လှည့်ကြည့်လိုက်၏။
“အထီးကျန်သိုင်းသခင်… မင်းကတော့ အသက်ရှင်ရတာ ပင်ပန်းနေပြီပဲ”
“မင်းက ငါ့ကို မလေးမစား ပြုမူလိုက်တာပဲ… ငါက မင်းကို မသတ်ရဲဘူးလို့ တကယ်ပဲ ထင်နေတာလား”
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်၏ ရန်လိုမှုနှင့် စိတ်အာရုံသည် ဆူဇီမိုဘက်သို့ လုံးဝ ရွေ့လျားလာခဲ့လေပြီ။
သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက ဆူဇီမိုအပေါ် လွှမ်းခြုံကျဆင်းလာ၏။
ထိုစွမ်းပကားနှင့် ရင်ဆိုင်ရချိန်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တကျွိကျွိမြည်ကာ သူ၏ အရိုးများက ကွဲထွက်ကုန်တော့မည့်အလား ခံစားရ၏။
“အစ်ကိုယန်… ခင်ဗျားတို့တွေ အားလုံး ပြေးကြတော့”
ဆူဇီမိုသည် အမူအရာကင်းမဲ့နေသော်လည်း သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို အလောတကြီး တိတ်တဆိတ် ပို့လွှတ်လိုက်၏။
“ကျုပ်ကို ပူမနေနဲ့.. ကျုပ်မှာ တခြားအစစ်အမှန်ခန္ဓာတွေ ရှိသေးတယ်.. ကျုပ်က သေသွားမှာ မဟုတ်ဘူး”
“ဟီးဟီး”
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က လှောင်ပြောင်သရော်လိုဟန်ဖြင့် ရယ်မောလိုက်၏။
“မင်းတို့တွေ.. ဘယ်သူကမှ ဒီနေ့ ထွက်မသွားနိုင်စေရဘူး”
သူက ဆူဇီမိုကို ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုနှင့်အတူ စိုက်ကြည့်လိုက်၏။
မျိုးနွယ်စုခေါင်းဆောင် ချင်ချန်သည် ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံပို့လွှတ်လိုက်ခြင်းကိုပင် ကြားရနိုင်လေသည်။
“မင်းက နဂါးမျိုးနွယ်ရဲ့ နောက်ခံရှိထားလို့ ငါက မင်းအသက်ကို ချမ်းသာပေးနိုင်တယ်.. ဒါပေမဲ့ ငါက မင်းကို သင်ခန်းစာတစ်ခုတော့ ပေးရမယ်”
သူက ဆူဇီမိုကို ကြည့်ပြီး ဂရုမထားဟန်ဖြင့် ပြောလိုက်၏။
“ဒီနေ့ မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်ရလိမ့်မယ်”
သူ့စကား မဆုံးသေးခင်မှာပင်.. မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က လေဟာနယ်ကနေတစ်ဆင့် ဆူဇီမိုကို ညင်သာစွာ လှမ်းပုတ်လိုက်၏။
ရွှစ်…
ထိုလှုပ်ရှားမှုက ရိုးရှင်းသော်လည်း ကြောက်စရာကောင်းသော ဧရာမ လက်ဖဝါးတစ်ဖက်က လေထဲကနေ ပေါ်ထွက်လာပြီး ဆူဇီမိုရှိရာသို့ ဖိချေဆင်းသက်လာ၏။
ထို ဧရာမ လက်ဝါး ဆင်းသက်မလာခင်မှာပင်.. ဆူဇီမို၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်၍ သိပ်သည်းပြင်းထန်သော ဖိအားအောက်မှာ သူ၏ ဒွါရ ၇ပေါက်ကနေ သွေးများ စီးကျလာ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုက ပျက်စီးသွားမည်ဆိုလျှင် အဲဒါက သူ့ကို သတ်ဖြတ်လိုက်ခြင်းနှင့် မကွာခြားလှပေ။
ရုတ်တရက်ဆိုသလို…
ဆိုင်းမဆင့် ဗုံမဆင့်.. ပုံရိပ်တစ်ခုက ဆူဇီမို၏ ရှေ့မှာ ပေါ်ထွက်လာ၏။
အဲဒါက သူ၏ ခေါင်းပေါ်မှာ ကွန်ဖြူးရှပ် သရဖူတစ်ခုကို ဆောင်းထားသော အဘိုးအိုတစ်ယောက် ဖြစ်၏။ သူ၏ ရှည်လျားသော ပါးမြိုင်းမွေး သုံးမှင်က သူ၏မျက်နှာပေါ်မှာ ရှိနေပြီး သူ့တွင် မည်သည့် အင်မော်တယ် အော်ရာမှ ရှိမနေပေ။ ထိုအစား.. သူသည် မော်တယ်လောကမှာ ကျင်လည်ကျက်စားနေသော သာမန်လူတစ်ယောက်နှင့် တူလေသည်။
“သူ့ရဲ့ ကျင့်ကြံမှုကို ဘယ်သူက ဖျက်ဆီးချင်တာလဲ”
ကွန်ဖြူးရှပ် သရဖူနှင့် အဘိုးအိုက ညင်သာစွာ နှစ်တစ်ချက်မှုတ်၍ မေးလိုက်၏။
ထိုနှာတစ်ချက်မှုတ်လိုက်ခြင်းက လေထဲရှိ ကြောက်စရာကောင်းသော လက်ဖဝါးကို ပျက်ပြယ်ကာ ချက်ချင်း ပျောက်ကွယ်သွားစေ၏။
“ပုံပြောအဖိုးအို”
ဆူဇီမိုသည် အဘိုးအိုကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။
အဲဒါသည် နောက်ကျောမြင်ကွင်းတစ်ခုသာ ဖြစ်သော်လည်း သူက ထိုသူကို ချက်ချင်းပင် မှတ်မိလိုက်၏။
ဤအဘိုးအိုသည် စျေးလမ်းထဲမှာ လိုက်လံဟောပြောနေသော ပုံပြောသမားတစ်ယောက်ဖြစ်ပြီး မဟာကျိုးမြို့တော် အပြင်ဘက်သို့ နတ်နဂါးတစ်ကောင်ကို တွန်းထုတ်နိုင်ခဲ့လေသည်။
ပုံပြောအဘိုးအို ပေါ်ထွက်လာသည့် အချိန်မှာပင်.. ဘေးဘက်တွင် ငြိမ်သက်စွာ ဝပ်တွားနေသော နတ်နဂါးပေါ်ကနေ ပုံရိပ်သုံးခုက ခုန်ဆင်းလာပြီး အော်ပြောလိုက်၏။
“အဘိုးကြီး.. နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပေါ့.. ကျုပ်က ခင်ဗျားကို အများကြီး လွမ်းနေတာ”
ခဏနေပြီးနောက်.. လင်းရွှမ်ကျီသည် နီရဲနေသော မျက်လုံးများနှင့်အတူ ပြေးချလာပြီး သူ၏မျက်နှာပေါ်မှာ မျက်ရည်များက တသွင်သွင်စီးကျနေ၏။
ဖက်တီးလေးနှင့် ရှစ်ကျန့်သည် နောက်ကနေ လိုက်ပါလာပြီး ဒယီးဒယိုင် လျှောက်လှမ်းလာကြ၏။