အခွင့်အရေးတစ်ခု
Vol. 98 Ch. 1461
ရုတ်တရက်... ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပြုံးလိုက်၏။
“ဆရာ... နောက်ဆုံး ဒီနေ့ဒီချိန်ထိတော့ အဲ့ဒါတွေအားလုံးက ခင်ဗျားရဲ့ထင်မြင်ယူဆချက်တွေပဲ... ခန့်မှန်းချက်တချို့အတွက်ကြောင့်နဲ့ ဆရာက ကျုပ်ကိုအပြစ်ပေးမှာတော့ မဟုတ်လောက်ပါဘူးနော်”
“သိပ်ကောင်းတယ်... ငါတပည့်ဆိုတဲ့အတိုင်းပဲ”
ပုံပြောအဖိုးအိုက သရော်တော်တော်အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
ဆူဇီမိုကလည်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်ပြောသည်မှာ မမှားပေ။ ပုံပြောအဖိုးအို ပြောခဲ့သောအရာသည် အမှန်တရားဖြစ်နေသည်ဆိုလျှင်တောင် အဲ့ဒါက သူ၏ထင်မြင်ယူဆချက်အဖြစ်သာ ရှိနေဆဲ ဖြစ်၏။
သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ခန့်မှန်းချက်တချို့ကြောင့် လူတိုင်း၏ ရှေ့မှောက်မှာ အပြစ်ပေးချင်တယ်ဆိုလျှင် အဲ့ဒါက တကယ်ပင် လက်ခံကျေနပ်နိုင်စရာမရှိပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ညင်သာစွာ ပြုံးလိုက်၏။
“ကျုပ်က... ကောင်းကင်နဲ့မြေကြီး တောင်ကြားတိုက်ပွဲမှာ ဘယ်သူ့ကိုမှ မသတ်ဖြတ်ခဲ့ဘူး... ကျုပ်ရဲ့လက်တွေက သန့်ရှင်းပါတယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က အရေးနိမ့်နေသော်လည်း သူက ပကတိရှုံးနိမ့်သည့်အခြေအနေထိ မရောက်ရှိသေးပေ။
သူပြောသလိုပင်... သူက ကြီးမားသော အကြံအစည်တစ်ခုကို အကောင်အထည်ဖော်ပြီး လူတိုင်းအပေါ် အကောက်ကြံခဲ့သည်ဆိုလျှင်တောင် သူ၏လက်နှစ်ဖက်က မည်သည့်သွေးစက်နှင့်မှ စွန်းထင်းခဲ့ခြင်းမရှိပေ။
“ဆရာ... ခင်ဗျားက ကျုပ်ကို အပြစ်ပေးချင်တယ်ဆိုရင်လဲ ကျုပ်တတ်နိုင်တာ ဘာမှမရှိဘူး... ဒါပေမဲ့ အဲ့ဒါက ခင်ဗျားရဲ့ထင်မြင်ယူဆချက်တွေအပေါ်ပဲ အခြေခံထားတာဆိုရင် ကျုပ်က လက်ခံကျေနပ်မိမှာ မဟုတ်ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပုံပြောအဖိုးအိုကို လေးနက်စွာ ဦးညွှတ်ပြီး နောက်တစ်ဖန် ထပ်ပြောလိုက်၏။
“ကျုပ်က တခြားဘယ်သူကိုမှ မထိခိုက်စေခဲ့ဘူး... ကျုပ်က အပြစ်ပေးခံရမယ်ဆိုရင်... ဂိုဏ်းမှာရှိတဲ့ကျင့်ကြံသူတွေက ဒီရလဒ်နဲ့ပတ်သက်ပြီး ယုံကြည်မှုပျက်ပြားသွားမှာ ကျုပ်သေချာပြောနိုင်တယ်”
“အဲ့ဒါအမှန်ပဲ... ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ပူးပေါင်းခဲ့တဲ့အတွက် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကိုပဲ အပြစ်တင်လို့မရဘူး.. အဲ့ဒါက ကျုပ်တို့အကြီးအကဲတွေကြား ဆွေးနွေးပြီးမှ ရလာတဲ့ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်တယ်”
အကြီးအကဲချန်ထျန်းနှင့် အကြီးအကဲ ဂမ္ဘီရလိပ်ချိုးက ရှေ့သို့ထွက်ရပ်လာပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်အတွက် အသနားခံပြောဆိုလိုက်၏။
ဆူဇီမိုက စိတ်ထဲကနေသက်ပြင်းချလိုက်၏။
ပုံပြောအဖိုးအိုအနေဖြင့် အမှန်တကယ်ပင် အခက်တွေ့လာရလေပြီ။
နောက်ဆုံးမှာတော့... သူတို့နှစ်ယောက်ကြားမှာ ဆရာတပည့်ဆက်ဆံရေးတစ်ခုရှိနေ၏။ ပုံပြောအဖိုးအိုသည် ခန့်မှန်းတချို့မျှနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို အပြစ်ပေးရက်နိုင်လိမ့်မည် မဟုတ်ပေ။
ပုံပြောအဖိုးအိုက အဝေးတစ်နေရာသို့ ငေးကြည့်၍ အတန်ကြာအောင်တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါပေါ့... ငါကမင်းရဲ့ ပြစ်မှုတွေအတွက် မင်းကိုအပြစ်ပေးမှာ မဟုတ်ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဤရလဒ်ကို ကြိုတင်မျှော်လင့်ထားသည့်အလား ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ သူက သူ့ဆရာအကြောင်း ကောင်းကောင်းသိထားလေသည်။ သူသည် ဤကဲ့သို့သော ကိစ္စကိုပြုလုပ်ရဲသည်ဆိုမှတော့ သူက အရာရာတိုင်းကို ကြိုတင်တွက်ချက်ထားလေသည်။
ပုံပြောအဖိုးအိုပင်လျှင် သူ့အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေ၏။
ခဏမျှရပ်တန့်ပြီးနောက် ပုံပြောအဖိုးအိုက စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒါပေမဲ့လို့... မင်းတို့တွေက ပဟေဠိနန်းတော်ရဲ့တပည့်ဂိုဏ်းသားတွေအနေနဲ့ ကျင့်ကြံရေးလောကရဲ့ အရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိရဘူးလို့ ငါမှာထားခဲ့တယ်... မင်းက အပြင်လောကမှာ ပြဿနာရှာလာခဲ့မယ်ဆိုရင် အဲ့ဒါကိုမင်းကိုယ်တိုင်ပဲ ဖြေရှင်းရမယ်... ငါကမင်းကို ကူညီပေးမှာမဟုတ်ဘူး”
“ဆရာရဲ့... သွန်သင်ပြသမှုတွေကို ကျုပ်မမေ့လျော့ရဲပါဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က လေးနက်သောအသံဖြင့် ရိုသေလေးစားစွာ ပြန်ဖြေလိုက်၏။
“မင်းရဲ့ပြဿနာက ဒီနေ့တံခါးခေါက်လာခဲ့ပြီဆိုမှတော့ မင်းကိုယ်တိုင်ပဲ သွားဖြေရှင်းတော့.... ပဟေဠိနန်းတော်က ဘယ်သူမှ ဝင်မပါရဘူး”
ပုံပြောအဖိုးအိုက မှင်သေသေဖြင့် ပြောလိုက်၏။
ဆူဇီမိုက ကြောင်အ,မှင်တက်သွား၏။
ပုံပြောအဖိုးအိုသည် သူတို့၏ ဆရာတပည့်ဆက်ဆံရေးကို ထောက်ထားသော်လည်း သူသည် လုံးဝမျက်နှာသာပေးခြင်း မရှိပေ။ ထိုအစားသူက ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို အခွင့်အရေးတစ်ခု ပေးလိုက်၏။
တကယ်တော့... အဲ့ဒါသည် ယန်ပေးချန်အတွက် အခွင့်အရေးတစ်ခုလည်းဖြစ်၏။
“အဆူရာ... မင်းဘယ်လိုထင်လဲ”
ပုံပြောအဖိုးအိုက မေးလိုက်၏။
“အခုလိုစီစဥ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
ယန်ပေးချန်၏အသံက အေးစက်နေပြီး သူ၏မျက်လုံးများက ကြမ်းကြုတ်ခက်ထန်မှုဖြင့် ပြည့်နှက်နေ၏။
တစ်ဘက်မှာတော့... ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အလွန်တရာတည်ငြိမ်နေပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဆရာ... ကျုပ်က မျှတတဲ့အခွင့်အလမ်းတစ်ခုကို သဘောကျတယ်... ဒါက တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်တာပဲဖြစ်ရမယ်... သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဘယ်သူကမှ ဝင်ပါလို့မရဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ စကားလုံးများသည် ဆူဇီမိုနှင့် အခြားသူများအနေဖြင့် ဝင်ရောက်မကူညီပေးဖို့ သတိပေးလိုက်ခြင်းလည်းဖြစ်၏။
“မပူနဲ့... မင်းက အဆူရာရဲ့ ဆေဘာကနေ ရှင်သန်နိုင်ခဲ့မယ်ဆိုရင် ငါမင်းကို ထပ်ပြီးအပြစ်ပေးမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက အန္တရာယ်နဲ့ကြုံတွေ့ရမယ်ဆိုရင်လည်း ငါမင်းကို ကယ်တင်ပေးမှာ မဟုတ်ဘူး”
ပုံပြောအဖိုးအိုက ပြောလိုက်၏။
“ဒီတိုက်ပွဲက အငြိုးအတေးတွေအားလုံးကို အဆုံးသတ်ရမယ်....အနိုင်ရရှိသူက ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး... မင်းတို့က တစ်ယောက်ယောက်သေတဲ့အထိ တိုက်ခိုက်ကြရမယ်”
“ကောင်းပါပြီ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ညင်သာစွာပြုံး၍ မည်သည့်စိုးရိမ်ထိတ်လန့်မှုမရှိပဲ အလွယ်တကူသဘောတူလိုက်၏။
ဆူဇီမိုသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား မျက်မှောင်အနည်းငယ်ကြုတ်၍ စကားပြောဖို့ တုံ့ဆိုင်းနေ၏။
သို့သော် နောက်တစ်ဖန်ပြန်တွေးကြည့်ပြီးနောက် သူက အဲ့ဒါကိုပြောဆိုမည်ဆိုလျှင်တောင် ယန်ပေးချန်၏ စိတ်နေစရိုက်အရ သူကအဲ့ဒါကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
နောက်ဆုံးမှာတော့ သူသည် ဤအခိုက်အတန့်ကို ရရှိဖို့အတွက် စောင့်စားနေခဲ့ရသည်မှာ အတော်ကြာခဲ့လေပြီ။
ဆူဇီမိုသည် စိုးရိမ်ပူပန်နေသော်လည်း သူက မင်းကျန် ၊ နတ်ဆိုးမကျိနှင့်အတူ နောက်သို့ဆုတ်ပေးလိုက်ဆဲ ဖြစ်၏။
ပဟေဠိနန်းတော်မှ လူတိုင်းကလည်း နောက်သို့ဆုတ်လိုက်ကြ၏။
တစ်ခဏအတွင်းမှာပင် ယန်ပေးချန်နှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေသည့် လေထဲတွင် နေရာလွတ်တစ်ခုဖြစ်ပေါ်လာ၏။
“အဆူရာ... ချင်ဖန်ရန်ရဲ့ သေဆုံးမှုက မင်းကို နာကျင်ခံစားရစေတယ်ဆိုတာ ငါသိပါတယ်... မင်းက အဲ့ဒါကို လွှတ်မချနိုင်ဘူးမလား”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပြောလိုက်၏။
“အခုဆိုရင် မင်းရှင်သန်နေရတဲ့ နေ့ရက်တိုင်းက မင်းအတွက် ညှင်းပမ်းနှိပ်စက်မှုတစ်ခုပဲ... မင်းက ချင်ဖျန်ရန်နဲ့ ပြန်လည်ဆုံစည်းဖို့အတွက် ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ မစောင့်စားနိုင်တော့ဘူးမလား”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးနှစ်ဖက်က ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပလာ၏။
သူ၏လေသံက ညင်သာနေလျှင်တောင် တစ်ဘက်လူသည် သူ၏နှလုံးသားထဲကနေ သူ့အပေါ် ယုံကြည်မှုရှိလာပြီး သူတို့၏သတိက လျော့ကျလာပေလိမ့်မည်။
ယန်ပေးချန်သည် အတိတ်ကာလက မြင်ကွင်းများကို ပြန်လည်မြင်ယောင်နေသည့်အလား မျက်မှောင်ကြုတ်၍ သူ၏ခေါင်းကို အနည်းငယ်ငုံ့ထားပြီး နာကျင်မှုနှင့် သူ့ကိုယ်သူအပြစ်တင်ခြင်းမှာ နစ်မျောနေသည့်ပုံပင်။
“တော်တော်ပြောင်မြောက်တဲ့ ညှို့ငင်ဖမ်းစားခြင်းနည်းစနစ်ပဲ”
နတ်ဆိုးမကျိက မျက်မှောင်အနည်းငယ်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။ သူမသည် ထိုကဲ့သို့သော ဓမ္မပညာရပ်များကို ကောင်းကောင်းသိကျွမ်းလေသည်။
သို့သော်လည်း ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ညှို့ငင်ဖမ်းစားမှုသည် သူမထက်ပင် အားမနည်းပေ။ ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းထဲမှာ ပညာရပ်ပေါင်းစုံ ခြုံငုံ၍ ပါဝင်လေသည်။
ပုံပြောအဖိုးအို၏ တပည့်အနေဖြင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တုန်လှုပ်စရာကောင်းသော ပါရမီအရည်အချင်းနှင့် အလွန်တရာကျယ်ပြန့်သော အသိပညာဗဟုသုတရှိလေသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က တိုက်ခိုက်လေ့မရှိသောကြောင့် သူဘယ်လောက်သန်မာသလဲ မည်သူကမှ မသိရှိကြပေ။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တစ်စုံတစ်ရာပြုလုပ်ချင်သည်ဆိုလျှင် သူက အဲ့ဒါကို ကိုယ်တိုင်ပင်ပြုလုပ်စရာ မလိုပေ။ သူလုပ်စရာရှိသည်မှာ ထောင်ချောက်တစ်ခုကို အလွယ်တကူခင်းကျင်းပြီး သူလိုချင်သည့်ရလဒ်ကို ပုံဖော်လိုက်ဖို့သာဖြစ်၏။
နှစ်ဖက်စလုံးသည် မလှုပ်မယှက်ဖြင့် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြ၏။ သို့သော်လည်း ကောင်းကင်ဘုံလျှို့ဝှက်ချက်က စတင်တိုက်ခိုက်နေလေပြီ။
“မင်းက ဒီလောက်နာကျင်မှုတွေ ခံစားနေရမှတော့... ငါက မင်းကိုကူညီပြီး အဆုံးသတ်ပေးမယ်လေ ဘယ်လိုလဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ယန်ပေးချန်ကို ဆက်လက်၍ ညှို့နေပြီး ညင်သာစွာဖြင့် ပြောလိုက်၏။
“လက်လျှော့လိုက်တော့... ငါကမင်းကိုကူညီပေးနေတာ... မင်းသေဆုံးသွားတာနဲ့ မင်းက ချင်ဖျန်ရန်နဲ့ ပြန်လည်ဆုံစည်းနိုင်လိမ့်မယ်”
“ချင်ဖျန်ရန်က အဲ့ဒီကနေ မင်းကိုစောင့်နေတာ... မင်း သူမရဲ့ တမ်းတမှုကို မခံစားမိဘူးလား”
ယန်ပေးချန်၏ ခန္ဓာကိုယ်က ပို၍ပင် တုန်ခါလာပြီး သူ၏မျက်နှာက ရှုံ့မဲ့လာ၏။
“ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ... အဆူရာက ဆက်ပြီးတော့ မတောင့်ခံနိုင်တော့ဘူးထင်တယ်”
နတ်ဆိုးမကျိက စိုးရိမ်ပူပန်နေ၏။
“သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်ရဲ့ ညှို့ငင်ဖမ်းစားမှုကနေ ရုန်းမထွက်နိုင်ဘူးဆိုရင် အဆူရာက ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားလိမ့်မယ်”
“မလိုဘူး ရတယ်”
ဆူဇီမိုက ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်၏။
“အစ်ကိုယန်က အမုန်းသုတ္တန်ကို ကျင့်ကြံထားပြီး သူ့နှလုံးသားထဲက အမုန်းတရားက အရာရာတိုင်းကို ဖိနှိမ်နိုင်နေပြီ”
“ကောင်းကင်ဘုံလျှို့ဝှက်ချက်က အစ်ကိုယန်ကို အဲ့ဒီညှို့ငင်ဖမ်းစားခြင်းနည်းစနစ်လောက်နဲ့ ညှို့နိုင်မယ်ထင်နေရင် သူက အစ်ကိုယန်နဲ့ အမုန်းသုတ္တန်ကို အထင်သေးနေတာပဲ”
ထိုစဥ်မှာပင် ယန်ပေးချန်၏ ခန္ဓာကိုယ်သည် တုန်ရီနေခြင်းကနေ ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီး တည်ငြိမ်လာခဲ့၏။
“ဘာလို့လဲ... မင်းဆုံးဖြတ်ချက်ချပြီးပြီလား”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ယန်ပေးချန်ရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာပြီး ညင်သာစွာဖြင့် ဂရုတစိုက်မေးလိုက်၏။
ရုတ်တရက် ယန်ပေးချန်က သူ၏ လက်နှစ်ဖက်ကို ကိုင်မြှောက်လိုက်၏။
သူမ၏မျက်လုံးများက မင်ကဲ့သို့ နက်မှောင်နေပြီး အရာရာတိုင်းကို ဝါးမျိုနိုင်သည့် ဧရာမတွင်းပေါက်တစ်ခုနှင့် တူနေ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ထိုမျက်လုံးတစ်စုံကို တွေ့မြင်သောအခါ ထိတ်လန့်သွား၏။
“ငါက တကယ်ပဲ နာကျင်ရတယ်... ငါက တကယ်ပဲ ဖျန်ရန်ကို စိတ်ပျက်စေမိခဲ့တယ်”
ယန်ပေးချန်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါပေမဲ့... ငါက ကိုယ့်ကိုကိုယ်သတ်သေမယ်ဆိုရင်တောင် ငါကမင်းကိုအရင်သတ်သွားရဦးမယ်... မင်းကြောင့်သာမဟုတ်ရင် ဖျန်ရန်က လုံးဝသေဆုံးခဲ့မှာ မဟုတ်ဘူး”
“ကောင်းကင်ဘုံလျှို့ဝှက်ချက်.... မင်း... သေ.. ရမယ်”
ဇီ....
ယန်ပေးချန်သည် သု့လက်နှစ်ဖက်ထဲရှိ အမုန်းမိစ္ဆာဆေဘာကို လွှဲယမ်း၍ ကောင်းကင်ဘုံလျှို့ဝှက်ချက်ရှိရာသို့ ခုတ်ပိုင်းချလိုက်ပြီဖြစ်၏။ ထိုခုတ်ချက်သည် အမုန်းသုတ္တန်၏ အဆုံးမဲ့သော အမုန်းတရားပါဝင်ရုံသာမက အဆူရာသုတ္တန်၏ သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်လည်း ပါဝင်လေသည်။
မိစ္ဆာနည်းစနစ်နှစ်ခု၏ ဆေဘာစိတ်ဆန္ဒသည် ထိုခုတ်ချက်မှာ အတူတကွပေါင်းစည်းမိသွား၏။
အဲ့ဒါသည် ယန်ပေးချန်စတင်ကျင့်ကြံခဲ့ကတည်းက သူထုတ်ဖော်ခဲ့သော အသန်မာဆုံးခုတ်ချက်လည်းဖြစ်၏။
အဝေးကနေ စောင့်ကြည့်နေသော ဆူဇီမိုပင်လျှင် ထိုခုတ်ချက်၏ ရုန်းကန်ပေါက်ကွဲအားကို တွေ့မြင်သောအခါ သူက ခေါင်းနပန်းကြီး၍ တိတ်တဆိတ် ပြောစရာစကားမဲ့သွားရ၏။
အမုန်းမိစ္ဆာဆေဘာက လေထုကို ဖြိုခွင်းလာ၏။
အနက်ရောင်အလင်းတစ်ခုက အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်နှင့်အတူ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ဦးခေါင်းဆီသို့ ကျဆင်းလာ၏။ ၎င်းသည် အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်သည့်အလားပင်။