ကောင်းကင်ဘုံလျှို့ဝှက်ချက် သေပြီလား
Vol. 98 Ch. 1462
ထိုခုတ်ချက်သည် အရမ်းကို ကြောက်စရာကောင်းပြီး ဆူဇီမိုပင်လျှင် အဲ့ဒါကို ခံနိုင်ရည်ရှိချင်မှ ရှိပေလိမ့်မည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သုန်မှုန်လာသောအမူအရာနှင့်အတူ သူ၏အပြုံးကို ရုပ်သိမ်းလိုက်၏။
သူ၏ ညှို့ငင်ခြင်းက အလွန်တရာကြောက်စရာကောင်းသော အဆူရာကို ပေါ်ထွက်လာစေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူ၏ ဘယ်ဘက်လက်ဖြင့် သိုလှောင်အိတ်ကို ပုတ်ပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်က ကာကွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူကာ ချက်ချင်းပင်ချိုးချေ၍ ခုခံရေး အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။ တစ်ချိန်တည်းမှာပင် သူက လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲပြောင်းလဲလိုက်၏။
“ဂမ္ဘီရမိုးကောင်းကင်ဓမ္မဝတ်ရုံ “
“ဂမ္ဘီရမိုးကောင်းကင်ကြေးမုံ...”
ရုတ်တရက် ဓမ္မစွမ်းအားများစီးဆင်းနေသည့် ဝတ်စုံတစ်စုံက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အာရောင်အဝါတစ်ခုဖြင့် တောက်ပနေ၏။
ရှေးဟောင်းကြေးမုံတစ်ချပ်က သူ၏ ညာဘက်လက်ထဲမှာ ပေါ်လာပြီး လေထဲကနေ ဆင်းသက်လာသော အနက်ရောင်အလင်းတန်းကို ပိတ်ဆို့တားဆီးလိုက်၏။
တစ်ခဏချင်းမှာပင် ကောင်းကင်ဘုံလျှို့ဝှက်ချက်က ခုခံရေးနည်းလမ်းသုံးခုကို ထုတ်ဖော်လိုက်၏။
ခွမ်း....
ဂမ္ဘီရမိုးကောင်းကင်ကြေးမုံက အရင်ဆုံးကြေမွပျက်စီးသွား၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ဤဂမ္ဘီရမိုးကောင်းကင်ကြေးမုံသည် တိုက်ခိုက်မှုများကို ပြန်ကန်ထွက်စေနိုင်၏။
သို့သော်လည်း ယန်ပေးချန်ခုတ်ချက်၏ စွမ်းအားသည် အရမ်းကိုကြောက်စရာကောင်းနေ၏။ အမုန်းသုတ္တန်နှင့် အဆူရာသုတ္တန်၏ မိစ္ဆာနည်းစနစ်နှစ်ခုနှင့် ပေါင်းစည်းထားသည့် ဆေဘာစိတ်ဆန္ဒသည် ဂမ္ဘီရမိုးကောင်းကင်ကြေးမုံ ခုခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပဲ ၎င်းက ချက်ချင်းပင် ကြေမွပျက်စီးသွား၏။
အဲ့ဒီအချိန်မှပင် ကာကွယ်ရေးအဆောင်ကနေ ခုခံရေးအကာအရံအလွှာက ဖြစ်ပေါ်လာခဲ့၏။
အမုန်းမိစ္တာဆေဘာ၏ အစစ်အမှန်ပုံစံသည်ပင် ထိုအကာအရံအလွှာကို ခုတ်ပိုင်းနိုင်ချင်မှ ခုတ်ပိုင်းနိုင်ပေလိမ့်မည်။ သို့သော်လည်း ပေါက်ကွဲထွက်ပေါ်လာသည့် အနက်ရောင်အလင်းတန်းသည် အကာအရံအလွှာကို နှစ်ပိုင်းကွဲထွက်သွားစေဖို့ လုံလောက်လေသည်။
ဘုန်း...
အဲ့ဒီနောက်... အနက်ရောင်အလင်းတန်းက ဂမ္ဘီရမိုးကောင်းကင်ဓမ္မဝတ်ရုံပေါ်ကို ပြင်းထန်စွာ ကျဆင်းလာပြီး ကျယ်လောင်သောအသံတစ်သံကို ထွက်ပေါ်လာစေ၏။
ဂမ္ဘီရမိုးကောင်းကင်ဓမ္မစွမ်းအားများက ကြေမွသွားပြီး အမုန်းမိစ္တာဆေဘာ၏ အစစ်အမှန်ပုံစံကထွက်ပေါ်လာ၏။ သို့သော်လည်း ထိုခုတ်ချက်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို လှီးဖြတ်နိုင်ခြင်း မရှိပေ။ ထိုအစား၎င်းသည် သိပ်သည်းပြင်းထန်သော ခုခံအားတစ်ခုနှင့် တွေ့ဆုံလိုက်ရ၏။
ဘန်း...
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားသော်လည်း သိပ်မကြာခင် လူးလဲ၍ ကျုံးထလာနိုင်၏။ သူသည် ဖုန်များသဲများဖြင့် ပေကျံနေပြီး သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်ကာ သူ၏နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ဝတ်ရုံသည် အမုန်းမိစ္တာဆေဘာကြောင့် စုတ်ပြဲသွားခဲ့ပြီဖြစ်ပြီး သူ၏ကိုယ်ကျပ်ချပ်ဝတ်က ထွက်ပေါ်လာ၏။
အဲ့ဒါသည် ခုခံရေး မူလအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်တစ်ခုဖြစ်ပြီး အလွန်တရာတန်ဖိုးရှိလေသည်။
ယခင်က ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာ ဆုံးရှုံးနစ်နာမှုတစ်ခုကို တွေ့ကြုံခံစားခဲ့ရ၏။ အဲ့ဒီကနေ ပြန်ရောက်လာပြီးနောက် သူသည် ဤကိုယ်ကျပ်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့၏။ ယနေ့မှာ အဲ့ဒါက သူ၏အသက်ကို ကယ်တင်ခဲ့လေသည်။
အဆူရာ၏ ခုတ်ချက်ကို ခုခံဖို့အတွက် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ခုခံရေးနည်းလမ်းလေးခုကို ဆက်တိုက်ထုတ်ဖော်အသုံးပြုခဲ့ရ၏။
ဖျောက်... ဖျောက်... ဖျောက်...
ထိုစဥ်မှာပင် ကိုယ်ကျပ်ချပ်ဝတ်ထံမှ တဖျောက်ဖျောက်မြည်သံများထွက်ပေါ်လာ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ငုံ့ကြည့်လိုက်၏။
သူ၏ကိုယ်ကျပ်ချပ်ဝတ်ပေါ်တွင် အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာပြီး ၎င်းကနှစ်ခြမ်းကွဲထွက်သွား၏။
ကိုယ်ကျပ်ချပ်ဝတ်ပေါ်ရှိ အလင်းရောင်ကလည်း လျင်မြန်စွာ မှေးမိန်ကျသွား၏။
ရွှစ်...
ကိုယ်ကျပ်ချပ်ဝတ်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ခန္ဓာကိုယ်ပေါ်ကနေ လျှောကျသွားပြီး လုံးဝပျက်စီးသွားခဲ့လေပြီ။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ထိုခုတ်ချက်သည် မူလအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်တစ်ခုကိုပင် ဖျက်ဆီးပစ်ခဲ့လေသည်။
“ကောင်းတယ်ကွာ... ကောင်းတယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။
“မိစ္ဆာဧကရာဇ်အမုန်းရဲ့ လက်နက်ဆိုတဲ့အတိုင်းပဲ... ဒီလောက်နှစ်တွေအကြာကြီး ချိပ်ပိတ်ခံခဲ့ရတာတောင် အဲ့ဒါက အခုလိုမျိုး ထက်ရှမှုကို ပိုင်ဆိုင်ထားသေးတယ်ဆိုတော့”
“ဒါပေမဲ့ အဆူရာ... မင်းက အဲ့လိုမျိုးဆေဘာစိတ်ဆန္ဒတစ်ခုကို ထပ်ပြီးတော့ ထုတ်ဖော်နိုင်သေးလို့လား”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က လှောင်ရယ်လိုက်၏။
ဆေဘာစိတ်ဆန္ဒနှစ်ခုပေါင်းစည်းခြင်းသည် စောစောက ဆူဇီမိုထုတ်ဖော်ခဲ့သည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ထောင်ကျော်ထက် မနိမ့်ကျပေ။ အဲ့ဒါက သူ၏အမြုတေစိတ်ဝိညာဥ်မှာ ကြီးမားသော အားအင်ကုန်ခန်းမှုကိုဖြစ်စေ၏။
သူ့အနေဖြင့် အချိန်တိုအတွင်းမှာ ထိုကဲ့သို့သော ဒုတိယမြောက်ခုတ်ချက်ကို ထုတ်ဖော်ဖို့က မဖြစ်နိုင်ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ယန်ပေးချန်၏ အပြင်ပန်းသွင်ပြင်မှတစ်ဆင့် အဲ့ဒါကို ထွင်းဖောက်မြင်နိုင်ပြီး ပြုံးလိုက်လေသည်။
“အဆူရာ... မင်းသိပ်ကြာကြာတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး... အဲ့ဒီခုတ်ချက်က မင်းမှာရှိတဲ့အရာ အကုန်ပဲ”
ယန်ပေးချန်က ပဟေဠိနန်းတော်ရှေ့သို့ ရောက်ရှိလာပြီးနောက် သူသည် လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှ ပိတ်မိသွားခဲ့ပြီး သေလုမတတ်ဖြစ်ခဲ့ရ၏။
သူပြန်ထွက်လာသည့်အချိန်မှာ သူက ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့လေပြီ။ သို့သော်လည်း သူသည် ကုသဖို့အတွက် လုံးဝအချိန်မရခဲ့ပဲ သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ဖြင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် တိုက်ခိုက်ခဲ့ရ၏။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် သူ၏ ဒဏ်ရာများက ပို၍ပင်ဆိုးဝါးလာခဲ့လေသည်။ သူ့ကိုထောက်ပံ့ပေးထားသည့် တစ်ခုတည်းသောအရာမှာ သန်မာသော စိတ်ဓာတ်ပြတ်သားမှုနှင့် မုန်းတီးမှုတို့ ဖြစ်လေသည်။
တကယ်တော့... ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အခြေအနေကလည်း အတော်လေးဆိုးဝါးနေခဲ့လေပြီ။
ယန်ပေးချန်သည် မည်သည့်စကားမှမပြောပဲ သူ၏နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ရှေ့သို့တက်လှမ်းလိုက်၏။
သူ၏ခြေလှမ်းများက ဒယီးဒယိုင်ဖြစ်နေသော်လည်း သူ၏အကြည့်က ကောင်းကင်ဘုံလျှို့ဝှက်ချက်အပေါ်မှာ လုံးဝသွေဖယ်ခြင်း မရှိပဲ မမှိတ်မသုန်ကျရောက်နေ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏ ခေါက်ယပ်တောင်ကို ဆုပ်ကိုင်ထား၏။
သူတို့နှစ်ယောက်က နောက်တစ်ဖန် တိုက်ခိုက်လိုက်ကြ၏။
ပုံရိပ်နှစ်ခုက ယှက်လိမ်သွားပြီး သွေးစက်များက အဘက်ဘက်သို့ပြန့်ကျဲလာ၏။
ယန်ပေးချန်သည် သူ၏အသက်နှင့်ရင်း၍ တိုက်ခိုက်နေပြီး ဒဏ်ရာအပြင်းအထန် ရရှိနိုင်ခြေကိုပင် စွန့်စားကာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို သတ်ဖြတ်ချင်နေ၏။
ဤကဲ့သို့သော တိုက်ခိုက်ခြင်းနည်းလမ်းက ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို အမှန်တကယ်ပင် အခက်တွေ့လာစေ၏။
သူ၏ ခေါက်ယပ်တောင်က ယန်ပေးချန်၏ ဦးခေါင်းဆီသို့ ပစ်ဝင်လာခဲ့၏။
သို့သော်လည်း ယန်ပေးချန်သည် အဲ့ဒါကိုကြည့်ခြင်း သို့မဟုတ် ခုခံခြင်း လုံးဝမရှိပေ။ ထိုအစား သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ နှာရောင်ဆီသို့ လက်ပြန်လွှဲ၍ ခုတ်ပိုင်းချလိုက်၏။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ယန်ပေးချန်က နောက်တစ်ဖန် အသာစီးရရှိလာခဲ့လေပြီ။
သို့သော်လည်း သူတို့နှစ်ယောက်သည် တိုက်ပွဲ၏ ဤနေရာအရောက်၌ သူတို့၏ သက်လုံအား ၊ ဓမ္မစွမ်းအားများနှင့် သွေးချီများကို အလွန်အကျူးသုံးစွဲထားခဲ့ပြီးလေပြီ။ သူတို့မှာ ဘာမှမကျန်တော့သလောက်နီးပါးပင်။
ဤတိုက်ပွဲမှာ နည်းစနစ်နှင့် ခွန်အားတို့က ဆက်လက်၍ မပါဝင်တော့ပေ။
ထိုအစား အဲ့ဒါသည် စိတ်ဓာတ်ရေးရာနှင့် စိတ်စွမ်းအားချင်းယှဥ်ပြိုင်မှုဖြစ်လာခဲ့၏။
နောက်ဆုံးအခိုက်အတန့်ထိ အဆုံးသတ်မှာ ဘယ်သူအနိုင်ရရှိမလဲ မည်သူကမှ မခန့်မှန်းနိုင်ကြတော့ပေ။
ပုံရိပ်နှစ်ခုက နောက်တစ်ဖန်ပူးကပ်သွားကြ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ခေါက်ယပ်တောင်က ယန်ပေးချန်၏ လက်ပေါ်သို့ ကျဆင်းလာ၏။
ယန်ပေးချန်၏ အမုန်းမိစ္တာဆေဘာက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ရင်ဘတ်ပေါ်မှာ ကြီးမားသည့်ဒဏ်ရာတစ်ခုဖြစ်အောင် လှီးဖြတ်လိုက်ပြီး လတ်ဆတ်သောသွေးများက ပန်းထွက်လာ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမူအရာက အလွန်တရာပျက်ယွင်းလာခဲ့လေပြီ။
အမုန်းမိစ္တာဆေဘာကြောင့် ဖြစ်ပေါ်လာသောဒဏ်ရာသည် ကုသဖို့အလွန်တရာခဲယဥ်းလေသည်။ ဒါ့အပြင် ၎င်းသည် အမုန်းမိစ္ဆာချီကို ပိုင်ဆိုင်ထားပြီး သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ်ဖျက်ဆီးပစ်နေ၏။
ဤတိုင်းသာဆက်သွားလျှင် အရင်ဆုံး လဲကျမည့်သူက သူဖြစ်ဖို့များလေသည်။
ယန်ပေးချန်က သူ့ညာဘက်လက်ထဲတွင် အမုန်းမိစ္တာဆေဘာကို ဆုပ်ကိုင်ထားပြီး ၎င်းကို လမ်းလျှောက်တုတ်တစ်ချောင်းအဖြစ်အသုံးပြုကာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ရှိရာသို့ ဒယီးဒယိုင်လျှောက်လှမ်းလာ၏။
သူ၏အခြားလက်တစ်ဖက်က ဘေးဘက်မှာတွဲလျောင်းကျနေပြီး သူ၏အရိုးများက ကျိုးနေလေပြီ။
သူ၏ခန္ဓာကိုယ်ထဲမှာ မည်သည့်ဓမ္မစွမ်းအားမှ မကျန်ရှိတော့ပေ။
ကျိုးနေသောသူ့လက်ကို ပြန်လည်ကုသဖို့ပင် မဖြစ်နိုင်တော့ပေ။
ထိုသို့ဆိုလျှင်တောင် ယန်ပေးချန်၏ မျက်လုံးထဲရှိ မုန်းတီးမှုတို့နှင့် သတ်ဖြတ်လိုစိတ်က အစကနေ ယခုချိန်ထိ လုံးဝပြောင်းလဲသွားခြင်း မရှိပေ။
ထိုအကြည့်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ထိတ်လန့်တကြားဖြစ်စေ၏။
နောက်ဆုံးမှာတော့ သူကဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
အဲ့ဒါသည် သူ၏နောက်ဆုံးဝှက်ဖဲလည်းဖြစ်၏။
မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်...
တိုက်ပွဲမစခင်က သူသည် မည်သူမှဝင်မပါစေပဲ မျှတသည့်တိုက်ပွဲတစ်ပွဲဖြစ်ရမည်ဟု ပုံပြောအဖိုးအိုကို အထူးတလည်တောင်းဆိုခဲ့လေသည်။
သူသည် ထိုတောင်းဆိုမှုကိုပြုလုပ်ခဲ့သည့်အချိန်မှာပင် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးပြုဖို့ ပြင်ဆင်ထားခဲ့ပြီးလေပြီ။
သူသည် ထိုမိစ္ဆာနည်းစနစ်ကို ထုတ်ဖော်အသုံးပြုမည်ဆိုလျှင်တောင် မည်သူကမှ ဝင်ပါနိုင်လိမ့်မည် မဟုတ်ပေ။
ပဟေဠိနန်းတော်ရှေ့တွင် သေဆုံးသွားသောလူ များစွာမရှိသော်လည်း ထိုမျိုးဆက်သွေးများကို သန့်စင်နိုင်ပါက သူ့အနေဖြင့် အချိန်တိုအတွင်းမှာ သူ၏ အင်အားအားလုံးနီးပါးကို ပြန်လည်ဖြည့်တင်းနိုင်ပေလိမ့်မည်။
“အဆူရာ... ပြီးသွားပြီ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က လျှောက်လှမ်းလာနေသော အဆူရာကို လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် ကြည့်လိုက်၏။ သူက မနောကျင့်ကြံရေးနည်းစနစ်တစ်ခုကို လှည့်ပတ်ပြီး သူ၏မျက်လုံးနှစ်ဖက်က ထူးဆန်းသောသွေးရောင်အလင်းဖြင့် တောက်ပလာကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်...”
“မကောင်းတော့ဘူး”
ဆူဇီမိုက ထိတ်လန့်သွား၏။ အဲ့ဒါသည် တိုက်ပွဲမတိုင်ခင်က သူစိုးရိမ်ပူပန်နေခဲ့သောအရာဖြစ်၏။
မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်အကြောင်းကို သူကောင်းကောင်းသိထားလေသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ထုတ်ဖော်အသုံးပြုမည်ဆိုလျှင် သူက အချိန်တိုအတွင်းမှာ အားအင်အလျင်အမြန် ဖြည့်တင်းနိုင်ပြီး ဤတိုက်ပွဲ၏ ရလဒ်ကို သံသယဝင်စရာ မရှိတော့ပေ။
ထိုသည်ကိုမြင်သောအခါ ပုံပြောအဖိုးအိုက ရုတ်တရက်သက်ပြင်းချပြီး ခေါင်းခါလိုက်၏။ သူ၏မျက်လုံးများက စိတ်ပျက်မှုဖြင့် ပြည့်နှက်နေ၏။
ယန်ပေးချန်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ပြောလိုက်သည့်စကားကို ကြားရသည့်ပုံမပေါ်ပေ။
အဲ့ဒါထက် သူက အဲ့ဒါကို လုံးဝဂရုမစိုက်ခြင်း ဖြစ်လေသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က မည်သည့်ကျင့်ကြံရေးနည်းစနစ်ကို ထုတ်ဖော်သည်ဖြစ်စေ သူ၏ ရင်ထဲမှာ ထိုသူ့ကိုသတ်ဖြတ်ဖို့ဟူသည့် စွဲလမ်းမှု ဥပါဒါန်တစ်ခုသာလျှင်ရှိလေသည်။
ယန်ပေးချန်သည် ရှေ့သို့ဆက်လက်တက်လှမ်းလာပြီး သိပ်မကြာခင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ရှေ့သို့ ရောက်ရှိလာ၏။
သူက အမုန်းမိစ္တာဆေဘာကို ကိုင်မြှောက်ပြီး ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။
ထိုခုတ်ချက်သည် ဆေဘာစိတ်ဆန္ဒပါဝင်ဖို့နေနေသာ မည်သည့်ဆေဘာနည်းစနစ်မှ မပါဝင်ပဲ အတော်လေး အားနည်းနေ၏။
ယန်ပေးချန်သည် အမုန်းမိစ္ဆာဆေဘာကို ကိုင်မြှောက်ပြီး ရှေ့သို့ခုတ်ပိုင်းချနိုင်သည်ကပင် သူ၏ အကန့်အသတ် ဖြစ်နေခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး နေရာမှာပင် အမြစ်တွယ်ရပ်နေ၏။ သူ၏မျက်လုံးများက တစ္ဆေတစ်ကောင်ကို တွေ့မြင်လိုက်ရသည့်အလား ပြူးကျယ်သွား၏။
ဖောက်...
အားလုံး၏ အကြည့်အောက်မှာပင် အမုန်းမိစ္တာဆေဘာသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ဦးခေါင်းကိုခုတ်ပိုင်းချလိုက်ပြီး ဓားသွားက သူ၏အရိုးများထိ နစ်ဝင်ကာ သူ၏ ဦးခေါင်းကို နှစ်ခြမ်းကွဲထွက်လုနီးပါး ဖြစ်သွားစေ၏။
ထိုခုတ်ချက်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အသိစိတ်ကိုပင် ဆုတ်ဖြဲသွားခဲ့လေသည်။
သူ၏အမြုတေစိတ်ဝိညာဥ်ကလည်း ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။
ဘာတွေဖြစ်ကုန်တာလဲ...
ကောင်းကင်ဘုံလျှို့ဝှက်ချက်က သေပြီလား...
လက်ရှိကျင့်ကြံသူများသာလျှင် မဟုတ်ပဲ ဆူဇီမိုပင်လျှင် ကြက်သေသေနေပြီး အရာရာတိုင်းကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမိ၏။