← Chapters

သတ်ဖြတ်ရာမှာ ပြတ်သားခြင်း

Vol. 98 Ch. 1465

သတ်ဖြတ်ရာမှာ ပြတ်သားခြင်း

Vol. 98 Ch. 1465

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုး၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၊ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်နှင့် အခြားသူများ၏ အမူအရာများကလည်း အနည်းငယ်ပြောင်းလဲသွားကြ၏။ သူတို့အားလုံးသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကို မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ဖြစ်သော ချန်ထျန်းနှင့် ဂမ္ဘီရလိပ်ချိုး၏ အမူအရာများက ပျက်ယွင်းလာပြီး ခန့်မှန်း၍ မရနိုင်တော့ပေ။ ပုံပြောအဘိုးအို၏ ရှေ့တွင် သူတို့သည် လိမ်ညာဖို့ပင် သတ္တိမရှိကြတော့ပေ။

“ကျုပ်တို့က အဲဒီမိစ္ဆာနည်းစနစ်ကို ကျင့်ကြံခဲ့တယ်.. ဒါပေမဲ့ အဲဒါက ပြောလောက်စရာ မဟုတ်ပါဘူး.. ဟုတ်တယ်မလား”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းက ကြိုးစား၍ ပြုံးပြီး ရှင်းပြလိုက်၏။

“ပဟေဠိနန်းတော်က ကျင့်ကြံသူတွေက ပညာရပ်ပေါင်းစုံကို တတ်မြောက်ထားရမယ်… ကျုပ်တို့က အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေမှာ မပါဝင်ဘူး.. ကျုပ်တို့ရဲ့ ဂိုဏ်းမှာ မိစ္ဆာဂိုဏ်းက ကျင့်ကြံရေးနည်းစနစ်တွေကလည်း ပြတ်လပ်နေတယ်”

“တခြား မိစ္ဆာနည်းစနစ်တွေ ဆိုရင်တော့.. ဘာမှပြောစရာ သိပ်မရှိဘူး.. ဒါပေမဲ့ မိစ္ဆာသွေးသန့်စင်ထုတ် သုတ္တန်က ဘယ်လိုကျင့်ကြံရေး နည်းစနစ်တစ်ခုလဲဆိုတာ မင်းတို့ မသိဘူးလား”

ပုံပြောအဘိုးအို၏ အကြည့်က စူးရှလာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်လေးသောင်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဘယ်လောက်ဆိုးဝါးတဲ့ ကပ်ဘေးတစ်ခု ဖြစ်ပေါ်ခဲ့သလဲ မင်းတို့တွေ မသိကြဘူးလား”

“မင်းတို့တွေက အဲဒီ မိစ္ဆာနည်းစနစ်နဲ့ ထိတွေ့မိတာနဲ့.. မင်းတို့တွေက အဲဒီထဲမှာ နစ်မြုပ်သွားလိမ့်မယ်.. မင်းတို့ရဲ့ စိတ်နေစရိုက်နဲ့ဆို မင်းတို့က အဲဒါကို ထိန်းချုပ်နိုင်မှာတဲ့လား”

ပုံပြောအဘိုးအို၏ ဖိအားအောက်တွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက ချွေးစေးများဖြင့် စိုရွှဲလာခဲ့ပြီး မည်သည့်စကားမှ ပြောဆိုရဲခြင်း မရှိတော့ပေ။

“ပြောစမ်းပါဦး … မင်းတို့ကို အဲဒီ မိစ္ဆာနည်းစနစ် ဘယ်သူသင်ပေးထားတာလဲ”

ပုံပြောအဘိုးအိုက ဖြည်းဖြည်းချင်း မေးလိုက်၏။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်… အဲဒါက ကောင်းကင်ဘုံလျှို့ဝှက်ချက်ပဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် ဖိအားဒဏ်ကို ဆက်လက်၍ ခံနိုင်ရည် မရှိတော့ဘဲ အရင်ဆုံးစ၍ ပြောလိုက်၏။

“ကျုပ်တို့တွေက နှစ်ပေါင်းတစ်သောင်းခွဲကျော်ကြာအောင် ရှင်သန်နေထိုင်လာခဲ့ပြီး ကျုပ်တို့ ဘဝရဲ့ နှောင်းပိုင်းအရွယ်ကို စတင်ဝင်ရောက်လာခဲ့ပြီ… ဒါပေမဲ့ ကျုပ်တို့က မဟာယာနအဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် မရှိသေးဘူး”

“ကောင်းကင်ဘုံလျှို့ဝှက်ချက်က ကျုပ်တို့ကို လာရှာခဲ့တယ်… အဲဒီမှာ ကျုပ်တို့ကို မဟာယာနအဆင့်ကို တက်လှမ်းစေနိုင်မယ့် ကျင့်ကြံရေးနည်းစနစ်တစ်ခု ရှိတယ်လို့ သူက ပြောခဲ့တယ်… ကျုပ်တို့က မဟာယာနအဆင့်ကို တက်လှမ်းပြီး ကျုပ်တို့ဂိုဏ်းရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်ဖို့အတွက် အဲဒါကို ကျင့်ကြံခဲ့ကြတာ..”

“မထူးဆန်းတော့ဘူး”

လင်းရွှမ်ကျီ၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာ၏။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း.. ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်နှင့်အမျှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ဖြစ်သော ချန်ထျန်းနှင့် ဂမ္ဘီရလိပ်ချိုးသည် သူ့ဘက်ကနေ မဆိုင်းမတွ ရပ်တည်ထောက်ခံပေးခဲ့ကြ၏။

သူတို့သည် လင်းရွှမ်ကျီကို အကျဉ်းချပြီး ကမ္ဘာဦးမျိုးနွယ်များနှင့် ပူးပေါင်းခဲ့စဉ်မှာတောင် ဤတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ဘက်ကနေ အရင်ဆုံးစ၍ ရပ်တည်ပေးခဲ့၏။

သို့သော်လည်း သူတို့သည် ထိုမိစ္ဆာကျင့်ကြံရေးနည်းစနစ်ကို သူတို့နှစ်ယောက် ဘယ်လိုတတ်မြောက်ခဲ့သလဲ သိရှိသွားလျှင်တောင် ကောင်းကင်ဘုံလျှို့ဝှက်ချက်က အဲဒါကို ဘယ်ကနေ သင်ယူလာသလဲ မသိရှိနိုင်ကြပေ။

ပုံပြောအဘိုးအိုက အတန်ကြာအောင် သူ၏ မျက်လုံးနှစ်ဖက်ကို ပိတ်ထားပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်၏။

သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ဖြစ်သော ချန်ထျန်းနှင့် ဂမ္ဘီရလိပ်ချိုးကို ကြည့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က အဲဒီ မိစ္ဆာနည်းစနစ်ကို ကျင့်ကြံရင်း ကြီးလေးတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့ပြီးပြီ”

“မင်းတို့က ပဟေဠိနန်းတော်မှာ နှစ်ပေါင်းများစွာ နေလာခဲ့တာကို ထောက်ထားပြီး ငါက မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးနိုင်တယ်… ဒါပေမဲ့ မင်းတို့ ဘဝတစ်လျှောက် သင်ယူထားတဲ့ အရာရာတိုင်းကို ဒီနေ့ ပဟေဠိနန်းတော်ဆီ ပြန်ပြီးပေးအပ်ရမယ်… အခုကစပြီး မင်းတို့တွေက ကျင့်ကြံခြင်း မရှိဘဲ မော်တယ်တွေအဖြစ်နဲ့ နေရမယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက တုန်လှုပ်သွားကြ၏။

မော်တယ်များအဖြစ်နှင့်…

သူတို့၏ ကျင့်ကြံမှုများကို သူက ဖျက်ဆီးပစ်တော့မည်ဟု ပုံပြောအဘိုးအိုက ဆိုလိုလိုက်ခြင်းဖြစ်၏။

သူတို့နှစ်ယောက်စလုံးသည် သူတို့၏ ဦးခေါင်းများကို အနည်းငယ် ငုံ့ထားပြီး သူတို့၏ မျက်လုံးအနက်ပိုင်းထဲတွင် ထူးဆန်းသော သွေးရောင်အလင်းက ဖျတ်ခနဲ ပေါ်ထွက်လာ၏။

ရုတ်တရက်ဆိုသလို…

သူတို့နှစ်ယောက်ထံမှ ဧရာမ သွေးမြူတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး သူတို့သည် မတူညီသော အရပ်ဘက်နှစ်ခုသို့ သွေးရောင်အလင်းနှစ်ခုအသွင်ဖြင့် ပြေးထွက်လိုက်ကြ၏။

သွေးရောင်အလင်း၏ အရှိန်အဟုန်က အရမ်းကို​ မြန်ဆန်လေသည်။

ချက်ချင်းနီးပါးပင်… သူတို့က ကီလိုမီတာ ငါးရာအကွာအဝေးသို့ ရောက်ရှိသွားကြ၏။ အဲဒါက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှ သွေးစတေးထွက်ပြေးခြင်း ဖြစ်၏။

“ဟမ့်”

မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က မျက်မှောင်ကြုတ်​ပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းရှိရာသို့ ဖမ်းဆွဲလိုက်၏။

ရွှစ်…

သူ၏လက်ဖဝါးသည် သွေးရောင်အလင်းကို ပွတ်သပ်မိသွား၏။

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် တိုက်ခိုက်လိုက်ချိန်မှာတောင် သူက အနည်းငယ် နောက်ကျသွားဆဲဖြစ်၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် သူတို့၏ မျိုးဆက်သွေးများကို လောင်ကျွမ်းစေပြီးနောက်… ထွက်ပေါ်လာသော သွေးစတေးထွက်ပြေးခြင်း၏ အရှိန်အဟုန်သည် တကယ့်ကို ကြောက်စရာကောင်း၏။ မျိုးနွယ်စုခေါင်းဆောင် ချင်ချန်က တုံ့ပြန်လိုက်သည့်အချိန်မှာ သူတို့နှစ်ယောက်သည် အဝေးသို့ ပြေးထွက်သွားခဲ့လေပြီ။

“ဟားဟားဟားဟား”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်း၏ ရယ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

“ပုံပြောသူ ခွေးအိုကြီး.. ကျုပ်တို့က ပဟေဠိနန်းတော်အတွက် နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်ပေးခဲ့တယ်… ကျုပ်တို့က ကြီးကြီးမားမား အကျိုးမဆောင်ခဲ့ဘူးဆိုရင်တောင် ကျုပ်တို့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့တာပဲ.. ဒါတောင် စကားလေး တစ်ခွန်းနှစ်ခွန်းနဲ့ ခင်ဗျားက ကျုပ်တို့ရဲ့ ကျင့်ကြံမှုကို​ ဖျက်ဆီးပစ်ချင်တာလား”

“လောကက ကျယ်ပြန့်ပါတယ်.. ကျုပ်တို့နှစ်ယောက် ဒီကနေ့ ထွက်ပြေးလွတ်မြောက်သွားတာနဲ့.. ခွေးအိုကြီး ခင်ဗျားက အနှေးနဲ့အမြန်ဆိုသလို နောင်တရလာလိမ့်မယ်… ကျုပ်တို့ မဟာယာနအဆင့်ကို တက်လှမ်းမယ့်နေ့က ကျုပ်တို့ ပြန်လာမယ့်နေ့ပဲ”

“ဟားဟားဟားဟား”

သူတို့နှစ်ယောက်စလုံးက အခြောက်တိုက် ရယ်မောလိုက်ကြ၏။

ပုံပြောအဘိုးအိုက အမူအရာ ကင်းမဲ့နေပြီး လှုပ်ရှားခြင်း မရှိသေးပေ။

ရုတ်တရက်ဆိုသလို…

သူက သူ၏ လက်ဖဝါးနှစ်ဖက်ကို ဆန့်ထုတ်ပြီး သူတို့နှစ်ယောက် ထွက်ပြေးသွားရာ အရပ်ဘက်များသို့ ဖမ်းဆွဲလိုက်လေသည်။

သူသည် ကီလိုမီတာ ငါးရာအကွာအဝေးမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကို ပြန်လည်ဆွဲယူဖို့ ကြိုးစားနေသည့်ပုံပေါ်နေ၏။

ထူးဆန်းသော စွမ်းအားတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။

အဲဒီမှာ မည်သည့် အုန်းအုန်းကျက်ကျက် အသံမှ ထွက်ပေါ်မလာသော်လည်း အဝေးသို့ ထွက်ပြေးပျောက်ကွယ်သွားပြီဖြစ်သော ပုံရိပ်နှစ်ခုသည် လူတိုင်း၏ မြင်ကွင်းမှာ တဖြည်းဖြည်း ပြန်လည်ထွက်ပေါ်လာ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် သူတို့၏ အရှိန်ကို လုံးဝ လျှော့ချခြင်း မရှိဘဲ သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်နေဆဲဖြစ်၏။

သို့သော်လည်း သူတို့နှစ်ယောက်နှင့် ပုံပြောအဘိုးအိုကြား အကွာအဝေးသည် အဆက်မပြတ် တိုတောင်းလာခဲ့၏။

သူတို့သည် ဆန့်ကျင်ဘက်အရပ်သို့ ပြေးလွှားနေသော်လည်း သူတို့ ပိုပြေးလေလေ… သူတို့က ပုံပြောအဘိုးအိုနှင့် ပို၍ နီးလာလေလေ ဖြစ်၏။

အို…

ကျင့်ကြံသူများက ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ထိုနည်းလမ်းသည် လူတိုင်း၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့လေပြီ။

“အဲဒါက နတ်ဘုရားစွမ်းအားတစ်ခုလား”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

သိပ်မကြာခင်.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် ကီလိုမီတာ ငါးရာအကွာအဝေးကနေ ပုံပြောအဘိုးအို၏ ဒရွတ်တိုက် ပြန်လည်ဆွဲယူခြင်းကို ခံလိုက်ရ၏။

ပုံပြောအဘိုးအို၏ အကြည့်အောက်တွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် ထိတ်လန့်တကြား ဖြစ်နေပြီး ရူးသွပ်စွာဖြင့် ဆက်လက်ထွက်ပြေးနေကြဆဲဖြစ်၏။

သို့သော်လည်း.. သူတို့၏ ခွန်အားကို မည်သို့ပင် စိုက်ထုတ်သည်ဖြစ်စေ.. သူတို့သည် ပုံပြောအဘိုးအိုနှင့် ပို၍နီးကပ်လာပြီး သိပ်မကြာခင် ပဟေဠိနန်းတော်ဆီသို့ ပြန်လည်ရောက်ရှိလာကြ၏။

ဤတစ်ကြိမ်မှာတော့.. သူတို့နှစ်ယောက်စလုံးသည် အမှန်တကယ်ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြလေပြီ။

“ကျေး… ကျေးဇူးပြုပြီး.. ကျုပ်.. ကျုပ်တို့ရဲ့ အသက်ကို… ချမ်းသာပေးပါ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် ဒူးထောက်ချပြီး ဖြူဖပ်ဖြူလျော် မျက်နှာများနှင့်အတူ ဗလုံးဗထွေး ပြောဆိုလိုက်ကြ၏။

“ငါ.. စောစောကတင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးခဲ့ပြီးပြီပဲ”

ပုံပြောအဘိုးအိုက သူ၏ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်၏။

“ဒါပေမဲ့… အခုတော့ မရတော့ဘူး”

ထိုသို့ သူပြောလိုက်သည့် အချိန်မှာပင်.. ပုံပြောအဘိုးအိုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကို ရှင်းပြဖို့ပင် အခွင့်အရေး မပေးတော့ဘဲ သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ ဆေဘာတစ်လက်ကဲ့သို့ သူတို့၏ ရှေ့မှာ ခုတ်ပိုင်းချလိုက်၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ ဦးခေါင်းများသည် နတ်ဘုရားလက်နက်တချို့ဖြင့် ထိုးခွဲခြင်းခံလိုက်ရသည်ဟု ထင်ရပြီး သွေးများက ပန်းထွက်လာကာ သူတို့၏ အမြုတေစိတ်ဝိညာဉ်များက နေရာမှာတင် ဖျက်ဆီးခံလိုက်ရ၏။

ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်က သေဆုံးသွားလေပြီ။

ဤနေရာရှိ ကျင့်ကြံသူများ အားလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်တစ်ယောက်သည် ကျင့်ကြံရေးလောကမှာ အထွတ်အထိပ်နီးပါး တည်ရှိမှုတစ်ခု ဖြစ်၏။ သို့သော်လည်း ပုံပြောအဘိုးအို၏ လက်ထဲတွင် သူတို့နှစ်ယောက်သည် ပုရွက်ဆိတ်များကို ဖိချေလိုက်သကဲ့သို့ လွယ်လင့်တကူ သတ်ဖြတ်ခြင်းခံလိုက်ရ၏။

ပဟေဠိနန်းတော်၏ ကျင့်ကြံသူတိုင်းသည် ပုံပြောအဘိုးအိုကို အထင်ကြီးလေးစားစွာဖြင့် ကြည့်လိုက်ကြ၏။

ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ကိစ္စမှာ ပုံပြောအဘိုးအိုသည် အနည်းငယ် တွေဝေတုံ့ဆိုင်းနေပြီး ထိုသူကို အခွင့်အရေးတစ်ခုပင် ပေးခဲ့သေးလေသည်။

ထိုအပြုအမူသည် ပုံပြောအဘိုးအိုက ကြင်နာသနားတတ်သည်ဟု လူတိုင်းကို ထင်ယောင်ထင်မှား ဖြစ်သွားစေခဲ့၏။

သို့သော်လည်း တကယ်တမ်းမှာတော့ ပုံပြောအဘိုးအိုသည် ထိုကဲ့သို့ တွေဝေတုံ့ဆိုင်းနေခဲ့သည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏တပည့် ဖြစ်နေသောကြောင့်ပင်။ နှစ်ပေါင်းများစွာ ရှိလာခဲ့သော ဆရာတပည့်ကြား ဆက်ဆံရေးတစ်ခုကို အချိန်တိုအတွင်းမှာ သူက ဘယ်လိုလုပ် ဖြတ်တောက်နိုင်ပါ့မလဲ။

သို့သော်လည်း နောက်ပိုင်းတွင် ပုံပြောအဘိုးအိုသည် သတ်ဖြတ်ရာမှာ သူ၏ ပြတ်သားမှုကို ထုတ်ဖော်ပြသလာခဲ့၏။

စကားလုံး အနည်းငယ်မျှနှင့် သူသည် ပဟေဠိနန်းတော်၏ နန်းတော်အရှင်ကို ရာထူးကနေ ဖြုတ်ချပစ်လိုက်၏။

သူသည် စွမ်းပကား ကြီးမားစွာဖြင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကို သတ်ဖြတ်လိုက်၏။

သူက လုံးဝ တွေဝေတုံ့ဆိုင်းခြင်း မရှိခဲ့ပေ။

သူ၏ တိုက်ခိုက်မှုသည် ပဟေဠိနန်းတော်မှ လူတိုင်းကို ကြောင်အ,မှင်တက်သွားစေ၏။

“သူတို့နှစ်ယောက်ကို မြုပ်နှံပေးလိုက်”

ပုံပြောအဘိုးအိုက လက်ကာပြပြီး ဆူဇီမိုနှင့် အခြားသူများဘက်သို့ လှည့်လိုက်၏။

“ဒီနေ့ ပဟေဠိနန်းတော်ရဲ့ အမှိုက်တွေကို ရှင်းထုတ်ပစ်နိုင်ခဲ့တာ မင်းတို့တွေကို ကျေးဇူးတင်ရမှာပဲ”

“မဟုတ်တာပဲ စီနီယာ… ကျုပ်တို့က မခံယူဝံ့ပါဘူး”

ဆူဇီမိုက အလောတကြီး ပြောလိုက်၏။

“မင်းတို့ အချိန်ရတယ်ဆိုရင်.. ပဟေဠိနန်းတော်မှာ ရက်အနည်းငယ်လောက် အနားယူကြပါလား”

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“ရွှမ်ကျီကလည်း မင်းတို့နဲ့ သိကျွမ်းနေပြီးသားပဲ”

“ကောင်းပါပြီ စီနီယာ.. ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက သူ၏ လက်သီးနှစ်ဖက်ကို ယှက်ကာ ဦးညွှတ်လိုက်၏။

ယန်ပေးချန်က သတိလစ်နေပြီး ပဟေဠိနန်းတော်မှာ ရက်အနည်းငယ်ကြာအောင် ကုသရပေမည်။

တစ်ချိန်တည်းမှာပင်.. သူသည် သွေးနွယ်ပင်မျိုးနွယ်၏ သတ်ဖြတ်ခြင်းတံဆိပ်ပြားနှင့် ပတ်သက်၍ အကူအညီတောင်းဆိုဖို့ အခွင့်အရေးတစ်ခုကို ရှာဖွေနိုင်လေသည်။

All Chapters