← Chapters

စာအုပ် လုယက်ခံရမှု

Vol. 98 Ch. 1468

စာအုပ် လုယက်ခံရမှု

Vol. 98 Ch. 1468

ပုံပြောအဘိုးအိုက ဆူဇီမိုအပေါ် မြင့်မားစွာ မျှော်လင့်ထားလေသည်။

တကယ်တော့ ပုံပြောအဘိုးအို ပြောသည့်အတိုင်းပင် သူက ပြောင်းလဲနိုင်ချေတစ်ခု ဖြစ်၏။

ဆူဇီမိုအနေဖြင့် လောကရှိ ဧကရာဇ်များ အားလုံးကို သူ့ထံမှာ အညံ့ခံလာစေဖို့အထိ ရှည်လျားသော လမ်းကြောင်းတစ်ခုကို ဖြတ်သန်းရပေဦးမည်။

သို့သော် ယခုအခါ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အခြေအနေက အလျင်အမြန် ပြောင်းလဲလာနေ၏။

ဆူဇီမိုမှာ အချိန်များစွာ မကျန်ရှိတော့ပေ။

ပုံပြောအဘိုးအိုသည် စကားပြောရင်း လူတိုင်းကို ဦးဆောင်ကာ ပဟေဠိနန်းတော်ထဲသို့ ဝင်ရောက်လာ၏။

အပြင်ဘက်ကနေ ကြည့်လျှင် သူတို့သည် ပဟေဠိနန်းတော်၏ မြင်ကွင်းပေါင်းစုံကို မတွေ့မြင်နိုင်​ပေ။

သူတို့သည် ပဟေဠိနန်းတော်၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်လာပြီးမှသာ ရှေးကျသော အငွေ့အသက်နှင့် လောကဓံတရားကို အမှန်တကယ်ပင် တွေ့ကြုံခံစားမိလာ၏။ ထိုကဲ့သို့သော စိတ်ခံစားချက်မျိုးကို အခြားသော ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများက ပေးနိုင်လိမ့်မည် မဟုတ်ပေ။

“ဟမ်”

ရုတ်တရက် ပုံပြောအဘိုးအိုက မျက်မှောင်ကြုတ်၍ အံ့အားတသင့် ရေရွတ်လိုက်၏။ သူ၏ အကြည့်က ပဟေဠိနန်းတော်၏ နေရာတစ်ခုဆီသို့ ရွေ့လျားဆင်းသက်သွား၏။

ဆူဇီမိုက လိုက်ပါကြည့်ရှုလိုက်၏။

ထိုနေရာမှာ ဧရာမ နန်းတော်တစ်ခု မားမားမတ်မတ် ရှိနေ၏။ ၎င်းသည် ပေတစ်ထောင် မြင့်မားပြီး အထပ်ကိုးထပ်နှင့်အတူ ကောင်းကင်ထက်သို့ ငွားငွားစွင့်စွင့် မြင့်မားနေ၏။ အထပ်တစ်ခုချင်းစီသည် လူအယောက်တစ်သိန်း ဝင်ဆံ့နိုင်လေသည်။

နန်းတော်၏ မော်ကွန်းကျောက်ပြားပေါ်တွင် ဧရာမ စာလုံးတစ်လုံးကို ရေးထိုးထား၏။ အဲ့ဒါက...

‘စာကြည့်တိုက်…’

“အဘိုးကြီး ဘာဖြစ်လို့လဲ”

လင်းရွှမ်ကျီက ပုံပြောအဘိုးအို၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာကို တွေ့မြင်သောအခါ သာမန်ကာလျှံကာ မေးလိုက်၏။

“အဲဒီကို အပြင်လူတစ်ယောက် ရောက်လာခဲ့တယ်”

ပုံပြောအဘိုးအို၏ အမူအရာက အနည်းငယ် ညိုမည်းသွားပြီး သူပြောလိုက်သော စကားက တုန်လှုပ်စရာကောင်းလေသည်။

“အား…”

လင်းရွှမ်ကျီက တုန်လှုပ်သွား​ပြီး မေးလိုက်၏။

“ခင်ဗျား ဘာကို ဆိုလိုတာလဲ.. အပြင်လူတစ်ယောက်က စာကြည့်တိုက်ထဲကို ရောက်လာတာလား”

စာကြည့်တိုက်ထဲတွင် လျှို့ဝှက်ကျမ်းများနှင့် ရှေးဟောင်းကျမ်းစာအုပ်များစွာ ရှိလေသည်။

ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်ကျမ်းများက အရေးအကြီးဆုံး မဟုတ်ပေ။ အဲဒီမှာ သမိုင်းမှတ်တမ်းစာအုပ်များစွာ ရှိနေ၏။

ထိုစာကြည့်တိုက်သည် ပဟေဠိနန်းတော်အတွက် အရေးကြီးသော နေရာတစ်ခုဖြစ်ပြီး ပဟေဠိနန်းတော်၏ နန်းတော်အရှင်ပင်လျှင် ထိုနေရာသို့ အလွယ်တကူ မဝင်ရောက်နိုင်ပေ။

စာကြည့်တိုက်ထဲသို့ အပြင်လူများ ဝင်ရောက်လာခဲ့မည်ဆိုလျှင် ဘာတွေဖြစ်ကုန်မလဲ…။

“ကျုပ် တစ်ချက်သွားကြည့်လိုက်မယ်”

လင်းရွှမ်ကျီက ထိုသို့ပြောရင်း လှည့်ထွက်လိုက်၏။

“သူထွက်သွားတာ ကြာခဲ့ပြီ”

ပုံပြောအဘိုးအိုက ထိုသို့ပြောရင်း အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။

“နန်းတော်ထဲက လူတွေက တကယ့်ကို သုံးစားမရတဲ့ အရူးတွေပဲ.. သူတို့က အရူးတွေလို လှည့်စားခံရပြီး စာကြည့်တိုက်ထဲကို အပြင်လူတစ်ယောက် ရောက်လာတာတောင် မသိကြဘူး”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး တီးတိုးရေရွတ်လိုက်၏။

“အဲဒါ သူပဲ ဖြစ်နေမလား”

ပုံပြောအဘိုးအိုက မသိမသာ ခေါင်းညိတ်ပြလိုက်၏။

“ငါထင်တာ မမှားဘူးဆိုရင်.. ပဟေဠိနန်းတော် အပြင်ဘက်က မျိုးဆက်သွေးတွေကို စုပ်ယူသန့်စင်ခဲ့တာကလည်း အဲဒီလူပဲ ဖြစ်ရမယ်”

ကိုယ်တော်တာမင်း…

ဆူဇီမို၏ ရင်ထဲရှိ သံသယက နောက်ဆုံးမှာ ပြေလျော့သွားခဲ့လေပြီ။

အစကတော့.. ကိုယ်တော်တာမင်းသည် မျိုးဆက်သွေး အနည်းငယ်မျှကို စုပ်ယူသန့်စင်ဖို့အတွက်နှင့် ဤကဲ့သို့သော ထောင်ချောက်ကို ဘာကြောင့် ခင်းကျင်းခဲ့ရသလဲ သူ့မှာ သံသယ ရှိနေခဲ့၏။

ပထမတစ်ချက်… ဤတိုက်ပွဲတွင် ကျန်ရစ်ခဲ့သော မျိုးဆက်သွေးများစွာ မရှိပေ။

ဒုတိယတစ်ချက်… ကိုယ်တော်တာမင်းအနေဖြင့် ဤနေရာကို လာရောက်ပြီး ပဟေဠိနန်းတော်၏ ခြိမ်းခြောက်နိုင်စွမ်း အန္တရာယ်ကို ခံယူကာ မျိုးဆက်သွေး အနည်းငယ်မျှကို စုပ်ယူသန့်စင်ဖို့က တကယ်ပင် ထိုက်တန်မှု မရှိပေ။

ယခုအခါမှသာလျှင်.. ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

ကိုယ်တော်တာမင်းသည် ပဟေဠိနန်းတော်မှ ကျင့်ကြံသူများ နန်းတော်ရှေ့သို့ ထွက်ပြီး တိုက်ခိုက်ဖို့အတွက် ဤထောင်ချောက်ကို ခင်းကျင်းခဲ့လေသည်။ သူ၏ အစစ်အမှန် ရည်ရွယ်ချက်မှာ မျိုးဆက်သွေးများကို သန့်စင်ဖို့ မဟုတ်ဘဲ ပဟေဠိနန်းတော်၏ စာကြည့်တိုက်ထဲသို့ ဝင်ရောက်ဖို့ ဖြစ်၏။

ယခု ထိုအကြောင်းကို ပြန်တွေးကြည့်သောအခါ.. ကိုယ်တော်တာမင်းသည် စာကြည့်တိုက်ထဲကနေ ထွက်လာပြီးမှ.. ပဟေဠိနန်းတော်ရှေ့တွင် ထိုမျိုးဆက်သွေးများကို ကြုံကြိုက်လို့ စုပ်ယူသန့်စင်သွားခဲ့သည့်ပုံပင်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးမပြုခဲ့ဘူးဆိုလျှင် သူက အနိုင်ရရှိဖို့အတွက် အခွင့်အရေးတစ်ခု ရှိနိုင်သေးလေသည်။

သို့သော်လည်း ယန်ပေးချန်နှင့် အပြင်းအထန် တိုက်ခိုက်နေစဉ်အတွင်း သူက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသက်သွင်းလိုက်သည့် ခဏမှာပင် မတော်တဆ ဖြစ်ရပ်တစ်ခုက သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ကိုယ်တော်တာမင်းကို သူ၏ အကြီးမားဆုံး ပြိုင်ဘက်တစ်ယောက်အဖြစ် ရှုမြင်ထားခဲ့၏။

သို့သော်လည်း အစကနေ ယခုအချိန်ထိ ကိုယ်တော်တာမင်းသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို အတည်အတံ့ လုံးဝမှတ်ယူခဲ့ခြင်း မရှိပေ။ သူ၏ ခရီးသွားဟန်လွှဲ ပြုမူမှုတစ်ခုကပင် ပဟေဠိနန်းတော်၏ အထူးချွန်ဆုံး အရိုက်အရာဆက်ခံသူတစ်ယောက်၏ အသက်ကို နုတ်ယူသွားခဲ့လေသည်။

“စီနီယာ… သူ ဘယ်သူလဲ ခင်ဗျားသိလား”

ဆူဇီမိုက အကဲစမ်းသည့် ပုံစံဖြင့် မေးလိုက်၏။

“ငါ အဲဒါကို ဗေဒင်တွက်ခဲ့တယ်”

ပုံပြောအဘိုးအိုက ခဏမျှ ရပ်တန့်ပြီးနောက်… သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“ဒါပေမဲ့လို့.. ငါ သူ့ကို ဗေဒင်မတွက်နိုင်ဘူး.. သူက အရမ်းကို စွမ်းအားကြီးတယ်”

ပုံပြောအဘိုးအိုသည် ပေါ်ထွက်လာစဉ်ကတည်းက သူသည် အနန္တတန်ခိုးရှင်တစ်ယောက်ဖြစ်ပြီး လောကရှိ အရာရာတိုင်းကို သိမြင်နားလည်နေသည်ဆိုသော ခံစားချက်တစ်ခု ဆူဇီမိုကို ပေးနေ၏။

သို့သော်လည်း ပုံပြောအဘိုးအိုပင်လျှင် ကိုယ်တော်တာမင်း၏ သရုပ်သကန်ကို တွက်ချက်နိုင်ခြင်း မရှိပေ။

ယခုအချိန်တွင် ကိုယ်တော်တာမင်းအကြောင်းကို အမှန်တကယ် သိရှိသည့်သူက ဆူဇီမိုတစ်ယောက်သာလျှင် ရှိပေလိမ့်မည်။

သူသည် ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက်… ကိုယ်တော်တာမင်း၏ သရုပ်မှန်ကို ထုတ်ဖော်မပြောဖို့ ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေ… ကိုယ်တော်တာမင်းက သူ၏ အသက်ကို ကယ်တင်ပေးခဲ့ဖူးလေသည်။

ဒါ့အပြင်… ယခုအချိန်ထိကို ကိုယ်တော်တာမင်းက အစစ်အမှန် နတ်ဆိုးတစ်ကောင်လားဆိုတာ သူက သေချာမပြောနိုင်သေးပေ။

“ဘာတွေ ပါသွားလဲ.. စာကြည့်တိုက်ထဲကို တစ်ချက်သွားစစ်ကြည့်ကြရအောင်”

ပုံပြောအဘိုးအိုက ခပ်ပေါ့ပေါ့ပင် ပြောပြီး ဆူဇီမိုနှင့် အခြားသူများကို ဦးဆောင်ကာ စာကြည့်တိုက်ရှိရာသို့ လျှောက်လှမ်းသွားလေသည်။

သူသည် အင်္ကျီလက်စကို ညင်သာစွာ ဝှေ့ယမ်းပြီး ခန်းမရှေ့ရှိ တံခါးကို ဖွင့်လိုက်လေသည်။

ဝင်ပေါက်ဝ၏ မြေပြင်ပေါ်တွင် လူနှစ်ယောက်က လဲကျနေပြီး တင်းကျပ်စွာ တုပ်နှောင်ခံထားရကာ လုံးဝ မလှုပ်ရှားနိုင်ကြပေ။

သူတို့နှစ်ယောက်သည် စိတ်ထဲကနေ ကျိန်ဆဲနေကြပုံရပြီး စကားမပြောနိုင်ကြပေ။ သူတို့သည် ပုံပြောအဘိုးအိုကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့်သာ ငေးကြည့်နေနိုင်ကြ၏။

“စီနီယာအစ်ကို.. ဂျူနီယာညီ.. မင်းတို့တွေ …”

လင်းရွှမ်ကျီက ခဏမျှ မှင်တက်သွား၏။

သူတို့နှစ်ယောက်သည် ပုံပြောအဘိုးအို၏ နောက်ထပ် တပည့်နှစ်ယောက်ဖြစ်သော သီကျီနှင့် ဟွမ်ကျီ ဖြစ်လေသည်။

“အဲဒါက မသင့်လျော်ဘူးဆိုတာ ငါသိပေမဲ့ ဘာလို့လဲ မသိဘူး.. ငါ ရယ်ပဲ ရယ်ချင်နေတော့တယ်.. ဟားဟားဟားဟား”

လင်းရွှမ်ကျီက အော်ဟစ်ရယ်မောလိုက်၏။

ကျင့်ကြံသူနှစ်ယောက်က ရှက်ရွံ့မှုဖြင့် သူတို့၏ မျက်နှာများ နီမြန်းသွားကြ၏။

ပုံပြောအဘိုးအိုက သူ၏ လက်ညိုးကို ဆန့်ထုတ်ပြီး လေထဲကနေတစ်ဆင့် သူတို့၏ ခန္ဓာကိုယ်ပေါ်ကို ဝှေ့ယမ်းလိုက်၏။

သူတို့နှစ်ယောက်ပေါ်ရှိ ကြိုးများက ချက်ချင်းပင် ပြတ်တောက်သွား၏။

သူတို့နှစ်ယောက်စလုံးသည် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိပြီး သူတို့ကို ချည်နှောင်ထားနိုင်သည့် ကြိုးတစ်ချောင်းက တစ်မူထူးခြားသော ပစ္စည်းတစ်ခု သေချာပေါက် ဖြစ်ရပေမည်။ သို့သော် ယခုအခါ ထိုကြိုးသည် ပုံပြောအဘိုးအို၏ လှုပ်ရှားမှုဖြင့် ပျက်စီးသွားခဲ့လေပြီ။

သူတို့နှစ်ယောက်သည် မတ်တတ်ထရပ်ပြီး ပုံပြောအဘိုးအို ရှေ့သို့ ပြေးလာကာ ဒူးထောက်ချလိုက်၏။

“ဆရာ.. ကျုပ်က စာကြည့်တိုက်ကို မကာကွယ်နိုင်ခဲ့တဲ့အတွက် သေသင့်ပါတယ်.. ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်ပေးပါ ဆရာ”

သီကျီက ထပ်တလဲလဲ ဦးချနေ၏။

ဟွမ်ကျီက ရှက်ရွံ့နေသော အမူအရာနှင့်အတူ ခပ်တိုးတိုး ပြောလိုက်၏။

“ဆရာ… ကျုပ်က ခင်ဗျားကို တကယ်ပဲ အရှက်ရစေမိပြီ”

ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်၏။

“ပုံပြောအဘိုးအို ပြောခဲ့တဲ့ စကားက တကယ်မှန်နေတာပဲ.. သီကျီက နည်းနည်းရှေးကျပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို တစ်သဝေမတိမ်း လိုက်နာတတ်တယ်.. ဟွမ်ကျီကတော့ ရိုးသားပြီးတော့ ကြင်နာတတ်တဲ့ပုံပဲ”

“ထကြ.. အဲဒါက မင်းတို့တွေရဲ့ အမှားတော့လည်း မဟုတ်ဘူး”

ပုံပြောအဘိုးအိုက သူတို့ကို အပြစ်တင်ဖို့ စိတ်ကူးမရှိတော့ဘဲ ဆက်လက်၍ မေးမြန်းလိုက်၏။

“သူ စာကြည့်တိုက်ထဲမှာ ဘာလုပ်ခဲ့သလဲ မင်းတို့တွေ သိလား”

“ကျုပ် မသိဘူး”

ဟွမ်ကျီက ရိုးသားစွာဖြင့် ပြန်ဖြေလိုက်၏။

“ဒါပေမဲ့ အဲဒီလူက စာကြည့်တိုက်ထဲမှာ သိပ်ကြာကြာမနေဘဲ ပြန်ထွက်လာခဲ့တယ်.. သူက ဒီတစ်ခေါက် လာခဲ့တာ ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို တစ်ချက်ကြည့်ဖို့အတွင် ငှားရမ်းချင်တာကြောင့်လို့ ပြောခဲ့တယ်.. သူက အဲဒါကို ဖတ်ပြီးရင် အပြင်ဘက်ကို မပျံ့နှံ့စေဘဲ သေချာပေါက် ပြန်လာထားပေးမယ်လို့ ပြောခဲ့တယ်”

ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်း…

ဆူဇီမိုသည် တိတ်တဆိတ် ပြောစရာစကားမဲ့သွားရ၏။

အဲဒါသည် ပဟေဠိနန်းတော်၏ အခြေခံအုတ်မြစ်တည်ဆောက်မှု ဖြစ်လေသည်။

အဲဒါကို နတ်မိမယ် လင်းလုံက ဖန်တီးခဲ့ပြီး ပညာရပ်ပေါင်းစုံ ခြုံငုံပါဝင်လေသည်။ ထာဝရလူသားဧကရာဇ်က အဲဒါကို ထပ်မံဖြည့်စွက်ပြီး ပြီးပြည့်စုံစေခဲ့လေသည်။ ယခု ကိုယ်တော်တာမင်းက အဲဒါကို ခိုးယူသွားခဲ့လေပြီ။

အဲဒါက အလွန်ကြီးမားသည့် ကံကြမ္မာ အခွင့်အလမ်းတစ်ခု ဖြစ်၏။

ပုံပြောအဘိုးအိုက ခန်းမထဲသို့ မဝင်ရောက်ဘဲ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာသာ အာရုံခံကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်.. သူက ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို တကယ်ယူသွားခဲ့တာပဲ”

“ကျုပ်က သေသင့်ပါတယ်.. ကျုပ်က သေသင့်ပါတယ်”

သီကျီက နောက်တစ်ဖန် ဒူးထောက်ချပြီး ရူးသွပ်စွာဖြင့်​ ဦးချနေ၏။ သူ၏ နဖူးက သွေးများဖြင့် နီစွေးလာသော်လည်း သူက ရပ်တန့်မည့် လက္ခဏာမရှိပေ။

“စီနီယာအစ်ကို.. မြန်မြန်ထစမ်းပါ… ခင်ဗျားရဲ့ ဦးနှောက်တွေ အဆံချောင်ကုန်မယ်”

လင်းရွှမ်ကျီက အလောတကြီး ရှေ့တက်ပြီး သီကျီကို အတင်းအကျပ် ဆွဲထူမလိုက်၏။

“ဟဲဟဲ”

ပုံပြောအဘိုးအိုက ရုတ်တရက် ရယ်မောလိုက်၏။

သီကျီနှင့် ဟွမ်ကျီ နှစ်ယောက်စလုံးသည် တွေဝေရှုပ်ထွေးသွားပြီး သေချင်စိတ်ပင် ပေါက်လာကြ၏။ ပုံပြောအဘိုးအိုက ဘာကြောင့် ရယ်နိုင်နေသေးသလဲ သူတို့ မသိရှိကြပေ။

“အဲဒါက တကယ့်အံ့မခန်းပဲ”

ပုံပြောအဘိုးအိုက ချီးကျူးလိုက်၏။

“သူက ပဟေဠိနန်းတော်ကို ရောက်လာပြီး ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကိုတောင် ခိုးယူသွားခဲ့တယ်ဆိုတော့… အထင်ကြီးစရာပဲ.. တကယ့်ကို အထင်ကြီးစရာပဲ”

“ဆရာ.. ခင်ဗျား ဘာလို့ သူ့ကို ချီးကျူးနေသေးတာလဲ.. ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို ဆုံးရှုံးရတာက တကယ့်ကို ကြီးမားတဲ့ ပြဿနာတစ်ရပ်ပဲ”

ဟွမ်ကျီက မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလိုက်၏။

“ထားလိုက်.. အဲ့တိုင်းပဲ ရှိစေတော့”

ပုံပြောအဘိုးအိုက ကျေနပ်စွာ ပြုံးလိုက်၏။

“အဲဒီလူက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်… သူက စာအုပ်ကို ဖတ်ဖို့အတွက် ငှားရမ်းတာလို့ ပြောခဲ့တယ်.. ဒါ့အပြင် သူက အဲဒါကို မပျံ့နှံ့စေဘဲ ပြန်လာထားဦးမယ်လို့တောင် ကတိပေးခဲ့သေးတယ်”

All Chapters