ကြယ်တာရာကပ်ဘေး
Vol. 98 Ch. 1470
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက သားရဲတစ်ထောင်တောင်ကြားရှိ နှစ်တစ်ထောင်သွေးပင်လယ်မှ သွေးမျက်နှာနှင့် ပတ်သက်၍ ဆူဇီမိုက ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေကို ပြောပြခဲ့လေသည်။
အဲ့ဒီနောက် မွေးနီတစ္ဆေသည် သားရဲတစ်ထောင်ကပ်ဘေးအကြောင်းကို ပြန်ပြောပြခဲ့၏။
သူပြောသည်မှာ လွန်ခဲ့သည့် နှစ်သုံးသောင်းက ထိုတိုက်ပွဲသည် အလွန်တရာ သွေးပျက်ချောက်ချားစရာကောင်းခဲ့ပြီး သားရဲတစ်ထောင်တောင်ကြားမှ သားရဲများသာလျှင် ပါဝင်ပတ်သက်ခဲ့ခြင်း မဟုတ်ပေ။ အခြားသော သားရဲနယ်မြေ ၇ ခုမှ သားရဲများပင်လျှင် ရောပါငြိစွန်းခဲ့ကြ၏။
ထိုတိုက်ပွဲတွင် မရေမတွက်နိုင်သော မိစ္ဆာသားရဲများနှင့် သားရဲဧကရာဇ်များပင်လျှင် သေဆုံးခဲ့ရ၏။
ထိုတိုက်ပွဲအပြီး၌ သားရဲနယ်မြေရှစ်ခွင်က ကြီးမားစွာ ပျက်စီးဆုံးရှုံးခဲ့ရ၏။
ထိုကြောင့်ပင်လျှင် ဤတိုက်ပွဲက သားရဲတစ်ထောင်ကပ်ဘေးဟုပင် ကျော်ကြားခဲ့ခြင်းဖြစ်၏။
မဟာချွမ်အပျက်အစီးမှ သွေးရောင်မျက်နှာ ပေါ်ထွက်လာမှုနှင့် သားရဲတစ်ထောင်ကပ်ဘေးက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးဆိုလျှင်....။
ထိုသို့ဆိုလျှင် ထျန်ဟွမ်ကုန်မြေတိုက်ကြီးမှာ လွန်ခဲ့သည့် နှစ်နှစ်သောင်းက ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာဖြစ်ပျက်ခဲ့ရပေမည်။
ဆူဇီမိုသည် နတ်ဆိုးမကျိကမ်းပေးသော ရှေးဟောင်းစာအုပ်ကိုယူပြီး ဖတ်ကြည့်လိုက်၏။
“မိစ္ဆာဂိုဏ်း ၆ ဂိုဏ်းလား”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
နတ်ဆိုးမကျိက ခေါင်းညိတ်ပြလိုက်၏။
“တကယ်တော့... လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အခြေအနေကို အင်မော်တယ်ဂိုဏ်း ၉ ဂိုဏ်း ၊ ဗုဒ္ဓကျောင်းတော် ၈ ကျောင်းနဲ့ မိစ္ဆာဂိုဏ်း ၆ ဂိုဏ်းဆိုပြီး ခွဲခြားထားတယ်”
ဆူဇီမိုသည် ဗုဒ္ဓကျောင်းတော် ၈ ကျောင်းနှင့်ပတ်သက်၍ သိရှိထားလေသည်။ ဗုဒ္ဓကျောင်းတော်များ၏ ထိပ်သီးဂိုဏ်းကြီး နှစ်ဂိုဏ်းဖြစ်သော တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်သည် လွန်ခဲ့သည့်နှစ်တစ်သောင်းက မဟာချွမ်အင်ပါယာတိုက်ပွဲမှာ ဖျက်ဆီးခံခဲ့ရပြီး လက်ရှိမှာ ဗုဒ္ဓကျောင်းတော် ၆ ကျောင်းအဖြစ် ပြောင်းလဲသွားရ၏။
ဆူဇီမိုသည် မိစ္ဆာဂိုဏ်း ၆ ဂိုဏ်းနှင့် ပတ်သက်၍ အမှန်တကယ်ပင် မသိရှိပေ။
နတ်ဆိုးမကျိက ရှင်းပြလိုက်၏။
“လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းက အင်မော်တယ်ဂိုဏ်း ၉ ဂိုဏ်းကြားမှာ ကောင်းကင်စင်ရော်ဂိုဏ်းဆိုတာ မရှိခဲ့ဘူး... အဲ့ဒီအစား အဲ့ဒီမှာ နောက်ထပ်ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်တဲ့ ကြယ်တာရာဂိုဏ်းရှိခဲ့တယ်... နောက်ပြီး မိစ္ဆာဂိုဏ်းတွေကြားမှာ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းဆိုတာလည်း မရှိခဲ့ဘူး”
“နောက်ပိုင်းမှာ ကြယ်တာရာဂိုဏ်းရဲ့ ကြယ်တာရာဧကရာဇ်က သူ့ရဲ့ကပ်ဘေးဖြတ်ကျော်ခြင်းမှာ ကျရှုံးပြီး ကောင်းကင်ဘုံကပ်ဘေးကြောင့် လောင်ကျွမ်းပြာကျသွားခဲ့တယ်... အဲ့ဒါက ကြယ်တာရာဂိုဏ်းကို ဘေးကျပ်နံကျပ်ကာလတစ်ခု ဖြစ်လာစေခဲ့တယ်”
နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။
“အဲ့ဒီဘေးကျပ်နံကျပ်ကာလမှာ မျိုးနွယ်စုခေါင်းဆောင်ကြယ်တာရာကို မိစ္ဆာဂိုဏ်းတွေရဲ့ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး သူ့ကို သေလုမတတ်ဖြစ်စေခဲ့တယ်... မျိုးနွယ်စုခေါင်းဆောင်ကြယ်တာရာက သေလုမတတ်ဖြစ်သွားပြီး မိစ္ဆာဂိုဏ်းတွေနဲ့ ကြီးမားတဲ့တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့တယ်”
“အဲ့ဒီတိုက်ပွဲမှာ အင်မော်တယ်ဂိုဏ်း ၉ ဂိုဏ်းထဲက ၅ ဂိုဏ်းက ပါဝင်ပတ်သက်ခဲ့တယ်... မိစ္ဆာဂိုဏ်း ၆ ဂိုဏ်းကလည်း ပါဝင်ခဲ့ပြီး အဆုံးထိ တိုက်ခိုက်ခဲ့ကြတယ်... နောက်ဆုံးမှာ အဲ့ဒါက ဧကရာဇ်တွေကြားက တိုက်ပွဲတစ်ခုအဖြစ် အရှိန်အဟုန်မြင့်တက်သွားခဲ့တယ်”
နတ်ဆိုးမကျိ ပြောပြနေသည်ကို နားထောင်ရင်း ဆူဇီမိုသည် ရှေးဟောင်းကျမ်းစာအုပ်ကို ဖတ်ရှုကာ သူတို့ကို ယှဥ်တွဲကြည့်နေ၏။
ဤတိုက်ပွဲမှာ အင်မော်တယ်နှင့် မိစ္ဆာဂိုဏ်းများမှ မဟာယာနမျိုးနွယ်စုခေါင်းဆောင် အယောက် ၃၀ ကျော်နှင့် မျိုးနွယ်စုခေါင်းဆောင်ကြယ်တာရာပင်လျှင် သေဆုံးခဲ့ရသည်ဟု ရှေးဟောင်းကျမ်းစာအုပ်က မှတ်တမ်းတင်ထား၏။
ဧကရာဇ်သုံးပါးပင်လျှင် သေဆုံးခဲ့ရ၏။
ထိုနေရာအရောက်တွင် ဆူဇီမိုက တိတ်တဆိတ်ပြောစရာစကားမဲ့သွားရ၏။
ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်က တကယ့်ကို ကြောက်စရာကောင်း၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် ထိုအဆင့်သို့ မကျင့်ကြံနိုင်သေးသည့်အတွက် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များနှင့် တွေ့ဆုံရခဲလေသည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် နှစ်တစ်သိန်းဘဝသက်တမ်း ရှိကြ၏။
ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းသည် နှစ်တစ်သောင်းမှာ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် မွေးထုတ်ပေးနိုင်မည်ဆိုလျှင်တောင် နှစ်တစ်သိန်းကြာပြီးနောက် သူတို့မှာ ကိုးယောက်ရှိလာပေလိမ့်မည်။
နတ်ဆိုးမကျိက သက်ပြင်းချလိုက်၏။
“နောက်ဆုံးမှာတော့... ဗုဒ္ဓကျောင်းတော်တွေရဲ့ ဓမ္မဧကရာဇ်နဲ့ တခြားသူတွေက ကြားဝင် ဖျန်ဖြေပေးပြီး အဲ့ဒီတိုက်ပွဲကို အဆုံးသတ်စေခဲ့တယ်”
“အဲ့လိုဆိုရင်တောင် အဲ့ဒီတိုက်ပွဲက မိစ္ဆာဂိုဏ်းတွေအတွက် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု ဖြစ်စေခဲ့တယ်... အင်မော်တယ်ဂိုဏ်း ကိုးဂိုဏ်းမှာတော့ ကြယ်တာရာဂိုဏ်းက ပြိုကွဲသွားပြီး ဂိုဏ်းနှစ်ဂိုဏ်းအဖြစ် ကွဲထွက်သွားခဲ့တယ်”
“သူတို့ထဲက တစ်ဂိုဏ်းက အင်မော်တယ်ဂိုဏ်း ၉ ဂိုဏ်းကြားက လက်ရှိ... ကောင်းကင်စင်ရော်ဂိုဏ်းပဲ... နောက်ထပ်တစ်ဂိုဏ်းကတော့... မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းထဲက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းပဲ”
ထိုနေရာအရောက်တွင် ဆူဇီမိုက နားလည်သဘောပေါက်သွားခဲ့၏။
သူသည် နတ်ဆိုးမကျိနှင့် ပထမဆုံးအကြိမ်တွေ့ဆုံစဥ်က သူမသည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းအပေါ် အထင်အမြင်သေးနေခဲ့ပြီး ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက အစစ်အမှန် မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းမဟုတ်ဘူးဟူ၍ပင် သူမက ပြောဆိုခဲ့၏။ သို့သော် ယခုအခါ... နောက်ဆုံးမှာ သူကနားလည်သဘောပေါက်သွားခဲ့၏။ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသည် အင်မော်တယ်ဂိုဏ်းများ၏ ယခင် ကြယ်တာရာဂိုဏ်းမှ ဆင်းသက်လာခဲ့ခြင်းဖြစ်၏။
ထိုတိုက်ပွဲကို အင်မော်တယ်နှင့် မိစ္ဆာဂိုဏ်းများ၏ ကပ်ဘေးတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။ ကြယ်တာရာဂိုဏ်းပင်လျှင် နှစ်ပိုင်းကွဲသွားခဲ့ပြီး ထိုအဖြစ်အပျက်ကို နောက်ပိုင်းမျိုးဆက်များက ကြယ်တာရာကပ်ဘေးဟူ၍ ခေါ်ဆိုခဲ့ကြ၏။
ခဏကြာပြီးနောက် ဆူဇီမိုသည် ရှေးဟောင်းစာအုပ်ထဲမှာ နစ်မျောနေဆဲ ဖြစ်ပြီး တစ်စုံတစ်ရာကိုရှာဖွေနေသည့်အလား အဲ့ဒါကို ထပ်တလဲလဲဖတ်ရှုနေသည်ကို နတ်ဆိုးမကျိက တွေမြင်လိုက်ရ၏။
“ဇီမို.... နင်ဘာကို ရှာနေတာလဲ”
နတ်ဆိုးမကျိက မေးလိုက်၏။
ဆူဇီမိုက ပြန်ဖြေလေသည်
“ငါက.. ဒီတိုက်ပွဲရဲ့ နောက်ကွယ်က ပြဿနာအရင်းအမြစ်ကို ရှာနေတာ”
“အဲ့ဒါက ဘာအဓိပ္ပါယ်လဲ”
နတ်ဆိုးမကျိက တွေဝေသွား၏။
ဆူဇီမိုက ပြန်မဖြေပေ။ ရှေးဟောင်းစာအုပ်ကို အကြိမ်ရေအနည်းငယ် လှန်လောဖတ်ကြည့်ပြီးနောက် သူက မေးလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်ကြယ်တာရာကို တိုက်ခိုက်ခဲ့တဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ မျိုးနွယ်စုခေါင်းဆောင်က ဘယ်သူလဲ”
“အဲ့ဒါတော့ ငါလည်းမသိဘူး”
နတ်ဆိုးမကျိက ခေါင်းခါပြလိုက်၏။
ဆူဇီမိုသည် သူ့လက်ထဲရှိ ရှေးဟောင်းစာအုပ်ကို လက်ညိုးထိုးပြလိုက်၏။
“အဲ့ဒါက ပြဿနာပဲ... ပဟေဠိနန်းတော်ရဲ့ ရှေးဟောင်းကျမ်းစာအုပ်ထဲမှာတောင် မိစ္ဆာဂိုဏ်းတွေရဲ့ အဲ့ဒီမျိုးနွယ်စုခေါင်းဆောင်နဲ့ ပတ်သက်တဲ့ မှတ်တမ်းမရှိဘူး”
“ဒီကိစ္စက ကြယ်တာရာကပ်ဘေးရဲ့ အကြောင်းရင်းပဲ... ဒါပေမဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ အဲ့ဒီမျိုးနွယ်စုခေါင်းဆောင်ကို ဘယ်သူကမှ မသိကြဘူး”
နတ်ဆိုးမကျိက မျက်မှောင်ကြုတ်လိုက်၏။
“အဲ့ဒါက ဘာကိုသက်သေပြပေးနိုင်မှာလဲ... မျိုးနွယ်စုခေါင်းဆောင်ကြယ်တာရာက ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ အမှန်ပဲ... မဟုတ်ရင် မျိုးနွယ်စုခေါင်းဆောင်ကြယ်တာရာက အဲ့လောက်ထိ ဒေါသူပုန်ထပြီး မိစ္ဆာဂိုဏ်းတွေအပေါ် ကြီးမားတဲ့တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့မှာ မဟုတ်ဘူး”
ဆူဇီမိုက ငြင်းဆန်ခြင်းမရှိပေ။
တကယ်တော့... မဟာချွမ်ကပ်ဘေးမှာလည်း တူညီသော ဖြစ်ရပ်များရှိခဲ့၏။
သားရဲတစ်ထောင်ကပ်ဘေးဖြစ်စေ... ကြယ်တာရာကပ်ဘေးဖြစ်စေ... ထိုကပ်ဘေးနှစ်ခုစလုံးတွင် တူညီသော ထူးဆန်းမှုများရှိနေ၏။
မဟာချွမ်ကပ်ဘေးမှာ အဲ့ဒါကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသော ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေသည် တစ်ယောက်ပေါ်တစ်ယောက် သံသယရှိနေခဲ့ကြပြီး တျဲယွဲ့က ကြားဝင်ဖျန်ဖြေပေးခဲ့၏။
နောက်ပိုင်းတွင် မဟာချွမ်ကပ်ဘေး၏ နောက်ကွယ်မှ ထူးဆန်းမှုကို သူတို့က ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြ၏။
သားရဲတစ်ထောင်ကပ်ဘေးနှင့် ကြယ်တာရာကပ်ဘေးမှာတော့ သူတို့သည် လွန်ခဲ့သည့်နှစ်နှစ်သောင်းနှင့် နှစ်သုံးသောင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ထိုကပ်ဘေးများကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် မည်သူမဆို သေဆုံးကုန်ကြလေပြီ။
ဆူဇီမိုသည် ဤကပ်ဘေးနှစ်ခုနှင့် ပတ်သက်၍ တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိသည်ဆိုလျှင်တောင် သူက အစစ်အမှန် ပြဿနာကို မရှာဖွေနိုင်ပေ။
အတိတ်ကာလက အမှန်တရားသည် အချိန်ကာလနှင့်အတူ မြှုပ်နှံခံခဲ့ရပုံရ၏။
သို့သော်လည်း ဤဖြစ်ရပ်က သူ၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။
သားရဲတစ်ထောင်ကပ်ဘေး ၊ ကြယ်တာရာကပ်ဘေးနှင့် မဟာချွမ်ကပ်ဘေးတို့သည် တိုက်ဆိုင်မှုများ မဟုတ်ကြပေ။
“အခုအဲ့ဒါကို... ပြန်စဥ်းစားကြည့်လိုက်တော့ မဟာချွမ်ကပ်ဘေးဖြစ်ပွားပြီးတဲ့နောက် နောက်ထပ်နှစ်တစ်သောင်းကြာသွားခဲ့ပြီပဲ”
ဆူဇီမိုက သုန်မှုန်နေသော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အန္တရာယ်များသည့် ကမ္ဘာဦးမျိုးနွယ်များမှသာ လာခြင်းမဟုတ်ပေ။ အဲ့ဒီမှာ သက်ရှိအားလုံးကို အမှောင်ထဲကနေ ကိုင်တွယ်ထိန်းချုပ်နေသည့် မမြင်ရသောသွေးလက်တစ်စုံလည်း ရှိနေ၏။
“ဒီနေရာကနေ ထွက်ကြရအောင်”
အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းပြီးနောက် ဆူဇီမိုသည် သူ့ရင်ထဲရှိ အတွေးများကို ခဏဘေးဖယ်ကာ နတ်ဆိုးမကျိနှင့်အတူ စာကြည့်တိုက်ထဲကနေ ထွက်လာခဲ့၏။
ပုံပြောအဖိုးအိုက ထွက်ခွာသွားခြင်းမရှိပဲ ခန်းမ၏ ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ကာ အတွေးနက်စွာဖြင့် အဝေးတစ်နေရာသို့ ငေးကြည့်နေ၏။
မင်းကျန် ၊ ဖက်တီးလေး ၊ ရှစ်ကျန့်နှင့် ယန်ပေးချန်တို့က မရှိကြတော့ပေ။ ပဟေဠိနန်းတော်မှ ကျင့်ကြံသူများသည် သူတို့အနားယူဖို့အတွက် စီစဥ်ပေးခဲ့ပြီးပြီဖြစ်ပုံရလေသည်။
“မင်းလိုချင်တဲ့အဖြေကို ရှာတွေ့ခဲ့လား”
ပုံပြောအဖိုးအိုက တစ်ချက်စောင်းငဲ့ကြည့်ပြီး အပြုံးတစ်ခုနှင့်အတူ မေးလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
အစကတော့ သူသည် စာကြည့်တိုက်ထဲသို့ ဝင်ခဲ့ရသည့်အကြောင်းမှာ ကိုယ်တော်တာမင်း၏ နောက်ကွယ်က လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ချင်သောကြောင့်ဖြစ်၏။ ယခုသူသည် လွန်ခဲ့သည့်နှစ်နှစ်သောင်းက ဖြစ်ပွားခဲ့သည့် ကပ်ဘေးအကြောင်းကို အမှတ်တမဲ့ရှာဖွေတွေ့ရှိခဲ့ရ၏။
“ကြယ်ခြောက်စင်းတောင်ပေါ်မှာ သွေးနွယ်ပင်မျိုးနွယ်တွေကိုသတ်ဖြတ်ခဲ့တဲ့သူက မင်းပဲမလား”
ပုံပြောအဖိုးအိုကမေးလိုက်၏။
“ဟုတ်ပါတယ်”
ဆူဇီမိုက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
အဲ့ဒါ၏ တစ်ဝက်ကို ကိုယ်တော်တာမင်းက ပြုလုပ်ခဲ့ခြင်းဖြစ်၏။ သို့သော်လည်း ကိုယ်တော်တာမင်းသည် အဲ့ဒါကို ထုတ်ဖော်ပြောလိုခြင်းမရှိမှတော့ ဆူဇီမိုကလည်း သူ့အကြောင်းကို ထုတ်ပြောမနေတော့ပေ။
“ကြယ်ခြောက်စင်းတောင်က တိုက်ပွဲပြီးတဲ့နောက် မင်းက ပဟေဠိနန်တော်ကို ဘာ့ကြောင့်တန်းလာခဲ့တာလဲ”
ပုံပြောအဖိုးအိုက ထပ်၍မေးလိုက်၏။
ဆူဇီမိုသည် ထိုအကြောင်းနှင့်ပတ်သက်၍ ပြောချင်နေသည့်အချိန်မှာပင် ပုံပြောအဖိုးအိုက မေးလိုက်ခြင်းဖြစ်၏။
“သွေးနွယ်ပင်မျိုးနွယ်က ကျုပ်ကို သတ်ဖြတ်ခြင်းတံဆိပ်ပြားနဲ့ ပစ်ပေါက်ခဲ့တယ်... ကျုပ်က အဲ့ဒါကိုဖြေရှင်းချင်ရင် ပဟေဠိနန်းတော်က အကူအညီပေးနိုင်ကောင်းပေးနိုင်လိမ့်မယ်လို့ တစ်စုံတစ်ယောက်က ကျုပ်ကိုပြောခဲ့တယ်”
“ဟမ်.. “
ပုံပြောအဖိုးအို၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်၏။
ပုံပြောအဖိုးအို၏ မျက်လုံးထဲတွင် မီးခိုးရောင်မြူခိုးတစ်လွှာက ဖြစ်ပေါ်လာပြီး သူက ဆူဇီမိုအပေါ်ရှိ လျှို့ဝှက်ချက်များအားလုံးကို ဖောက်ထွင်းမြင်နိုင်သည့်အလားပင်။
“တကယ်ပဲကိုး...”
ပုံပြောအဖိုးအို၏မျက်လုံးထဲရှိ မြူခိုးများက တဖြည်းဖြည်းပျက််ပြယ်လာပြီး သူကမျက်မှောင်ကြုတ်လိုက်၏။ သူ၏လက်ဖဝါးကိုဆန့်ထုတ်ပြီး သူ၏လက်ချောင်းများနှင့်အတူ ဗေဒင်တွက်ချက်လိုက်၏။ သူ၏မျက်လုံးထဲတွင် နတ်ဘုရားဆန်ဆန်အလင်းများက တဖျတ်ဖျတ်လက်လာပြီး အော်ဟစ်ပြောဆိုလိုက်၏။
“မကောင်းတော့ဘူး”