ဖုန့်ထန်းမှာ ကိုယ်ပိုင်ကံကြမ္မာရှိတယ်
Vol. 20 Ch. 291
သမုဒ္ဒရာ၏အထက်တွင် မည်မျှရှည်လျားသည် မသိသော ဝေလငါးကြီးတစ်ကောင်သည် တိမ်ပင်လယ်အောက်တွင် ကူးခတ်နေသည်။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်တွင် သစ်ပင်အခေါက်နှင့်ဆင်တူသော နက်ပြာရောင်အကြေးခွံများရှိသည်။ ၎င်း၏ ဆူးတောင်များသည် အနည်းငယ် ယိမ်းယိုင်သွားကာ လေပြင်းများ တိုက်ခတ်လာသည်။
ဝေလငါးကြီး၏ နောက်ဘက်တွင် မြို့တစ်မြို့ရှိသည်။ နေရောင်အောက်တွင် မြို့ရိုးများသည် ငွေရောင်အလင်းတန်းများဖြင့် လင်းလက်နေသည်။
မြို့လယ်၌ တောင်ငယ်တစ်ခုရှိ၍ နန်းတော်တစ်ခု တည်နေ၏။ ထိုအချိန်တွင် နန်းတော်တံခါးရှေ့တွင် ပုံရိပ်များ ရပ်နေ၏။ အရှေ့ဘက်တွင် နဂါးပုံစံ ခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ဦးရှိသည်။ သူ့ကြည့်ရတာ အသက်လေးဆယ်ကျော်လောက်ရှိပြီ။ သူသည် ချောမောပြီး ကျက်သရေကြီးမားသည့် ရုပ်သွင်ရှိသည်။ သူ့နေရာကနေ မြို့တစ်ခုလုံးကို လှမ်းမြင်ရပြီး အဝေးက ခမ်းနားသော ပင်လယ်ကြီးကို မြင်နိုင်သည်။
သူသည် အထွတ်အမြတ်နိုင်ငံ၏ စစ်ဘုရင်ဟောင်း လင်းဟုံချန် (ကွမ်းထျန်) ကို တည်ထောင်သူဖြစ်သည်။
လင်းဟုံချန်က “ဒီသမုဒ္ဒရာက ဘယ်လောက်ကြီးမားလဲ။ အဆုံးမဲ့ပင်လယ်ပြင်က မင်းဆက်အားလုံးကို အုပ်စိုးလိုက်ရင် ကွမ်းထျန်ဟာ အထွတ်အမြတ်နိုင်ငံ ဖြစ်လာမယ်လို့ မင်းတို့ထင်လား။"
သူ့နောက်မှာ ရပ်နေသော လူများအားလုံးက ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားပြီး အင်အားကြီးသည့်ပုံပေါက်သည်။
မျက်နှာမှာ အမာရွတ်ရှိသော ဗိုလ်ချုပ်တစ်ယောက်က ပြုံးပြီး “ထင်ပါတယ် နယ်စားကြီး။ အရှင်က အရင်အထွတ်အမြတ်နိုင်ငံကို ကျော်တက်ဖို့ ကွမ်းထျန်ကို သေချာပေါက် ဦးဆောင်နိုင်မှာပါ”
အခြားဗိုလ်ချုပ်ကြီးများက လိုက်၍ ထောက်ခံကြသည်။ လင်းဟုံချန်သည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။
လင်းဟုံချန်က အဝေးကို စိုက်ကြည့်ကာ "ဧကရာဇ် ဒီတလော ကောင်းကောင်းနေရဲ့လား”
နောက်ထပ် ဗိုလ်ချုပ်က “ဧကရာဇ်ဘုရင်က တော်ဝင်မိသားစုကို ထောက်ပံ့ချင်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်သင့်တယ် ထင်လဲ"
လင်ဟုံချန်က “ဆွေမျိုးအားလုံးကိုသတ်လိုက်၊ ငါ့သမီးရဲ့မိသားစုကိုပဲ ချန်ထားခဲ”
“မှန်လှပါ”
အရာရှိငယ်က ချက်ချင်းလှည့်ပြီး အကြောင်းကြားလိုက်သည်။
တခြားဗိုလ်ချုပ်များက ကျိန်ဆဲလာကြသည်။
“ဧကရာဇ်က တော်တော်ရဲတင်းပါတယ် နယ်စားကြီး။ ဒီသင်ခန်းစာလေးနဲ့ မလုံလောက်သေးပါဘူး”
"ဟုတ်ပါတယ်။ သူက ရုပ်သေးတစ်ရုပ်သာသာပဲ။ သူတကယ်ပဲ သူ့ကိုယ်သူ ဧကရာဇ်မင်းလို့ ထင်နေတာလား။ ကောင်းကင်နယ်စားကြီးက ခန့်အပ်ထားတဲ့ ဘယ်သူမဆို ဧကရာဇ်ဖြစ်နိုင်တယ်”
"ကွမ်းထျန် ဒီနေ့အခြေအနေအထိ ဖြစ်လာတာ ကောင်းကင်နယ်စားကြီးရဲ့ အောင်မြင်မှုဂုဏ်တွေကြောင့်ပဲ”
"ငါတို့က ကွမ်းထျန်နဲ့ ဝေးကွာနေတာ နှစ်ပေါင်းများစွာ ရှိပြီ။ ဒါကြောင့် ဧကရာဇ် ရဲတင်းလာတာ ပုံမှန်ပါပဲ။ ငါတို့ဆွေမျိုးတွေက လွဲရင် သူတို့ကို လျှို့ဝှက်ပံ့ပိုးပေးနေတဲ့ မင်းမျိုးမင်းနွယ်မိသားစုတွေကီုလည်း စုံစမ်းဖော်ထုတ်ဖို့ လိုအပ်တယ်”
သူ့လက်အောက်ငယ်သားများ၏ အကြံပြုချက်ကိုကြားတော့ လင်းဟုံချန်က မျက်လုံးများကို မှိတ်ထားပြီး "တော်ပြီ။ ဘယ်လိုပဲဆိုဆို သူကဧကရာဇ်ပဲ။ သူ့ကို မျက်နှာသာပေးလိုက်ဦး။ နောက်ထပ် နိုင်ငံနည်းနည်းကို ရပြီးရင် ငါတို့ပြန်ရမယ့်အချိန်ရောက်ပြီ။”
စစ်ဗိုလ်ချုပ်များကြားသောအခါ ရိုင်းစိုင်းသောစကား မပြောဝံ့ကြပေ။
ရန်ယွမ်ခေတ် ၂၈ နှစ်တွင် ဧကရာဇ်ကျန်းလျှိုသည် အပျော်လွန်ကဲမှုကြောင့် မကြာခဏ ဆေးဝါးများကို စတင်စားသုံးလာသည်။ ဒီကိစ္စက ပြည်သူများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။ ဧကရာဇ်သည် နောက်ငါးနှစ်အတွင်း အသက်ရှင်တော့မည်မဟုတ်ကြောင်း ကောလဟာလများပင်ရှိသည်။ ဧကရာဇ်နှင့်ပတ်သက်သော ရယ်စရာကောင်းသော ကောလာဟလမျိုးစုံသည် လူအများကြားတွင် ပျံ့နှံ့ခဲ့ပြီး သူ၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်။
ကျန်းလျှိုသည် ထိုကောလာဟလများကို သိသောအခါ ဒေါသတကြီး ထွက်သွားသည်။ သူသည် ၎င်းတို့အား စုံစမ်းဖမ်းဆီးရန် အဖြူရောင်ဝတ်အစောင့်တပ်များကို စေလွှတ်ခဲ့သော်လည်း ကောလဟာလများကိုသာ ပိုမိုပြင်းထန်လာစေခဲ့သည်။
ကျန်းလျှိုသည် ဒေါသကြောင့် သေဆုံးသွားလုနီးပါးပင်။ နောက်ပိုင်းတွင် သူသည် စုံစမ်းစစ်ဆေးမှုကို စွန့်လွှတ်လိုက်ပြီး ဖုန့်ထန်း ရောက်ရှိလာခြင်းကို စောင့်မျှော်နေတော့သည်။
ဖုန့်ထန်းသည် မဟာကျင်းအား လက်နက်ချခဲ့ကြောင်း သူသိခဲ့သည်မှာ ဆယ်လခန့်ရှိပြီဖြစ်သော်လည်း သတင်းမရရှိသေးချေ။ ယခုအချိန်တွင်၊ သူသည် ဖုန့်ထန်းဧကရာဇ် လီယာထက်ပင် ပိုစိုးရိမ်နေသည်။ သူ့အမြင်အရ ဖုန့်ထန်းကို သိမ်းပိုက်နိုင်သရွေ့ သူ့၏အောင်မြင်မှုများက ကြီးကျယ်ခမ်းနားပြီး ကောလဟာလများအားလုံး ပျောက်ကွယ်သွားလိမ့်မည်။
အခြားတစ်ဘက် လုံချီ တောင်ပေါ်တွင်။
ကျန်းချန်ရှန်းသည် အလျင်စလိုမဟုတ်ပေ။ ထိုအချိန်က မဟာကျင်းသည် နေရာပြောင်းရန် ပြင်ဆင်ချိန်များစွာ ကုန်ဆုံးခဲ့သည်။ သူကြာကြာစောင့်လေ ပိုကောင်းလေပဲ။ လီယာသည် သူ့လူမျိုးကိုချစ်သော ဧကရာဇ်တစ်ပါးဖြစ်သောကြောင့် နောက်ထပ်နိုင်ငံသားများနှင့် ကိုယ်ခံပညာရှိများ ပြန်လာချိန်ကို စောင့်မျှော်နေခဲ့သည်။
ယနေ့တိုင်အောင်။
လီရီ၏အသံကို သူကြားလိုက်ရသည်။
“အို့ မကောင်းတော့ဘူး။ တာအိုဘိုးဘေး ကွမ်းထျန်က လင်းဟုံချန်က ဘုရင်မင်းမြတ်ကို ကိုယ်တိုင်ကိုယ်ကျ လာပြီးဖိအားပေးနေတာ။ ကျွန်တော်တို့ကို အခုပဲ ခေါ်သွားလို့ရမလား”
လီရီ၏လေသံမှာ စိုးရိမ်ထိတ်လန့်မှုနှင့် ပြည့်နှက်နေသည်။
ကျန်းချန်ရှန်းသည် သူ့မျက်လုံးများကိုဖွင့်ပြီး လင်းဟုံချန်၏ အင်အားကို တိတ်တဆိတ် တွက်ချက်သည်။ သူ၏ တန်ဖိုးမှာ သန်း ၁၃၀ အထိ မြင့်တက်လာခဲ့သည်။ သူနှင့်အတူ ယူဆောင်လာသူများ ပါ၀င်ပါက ၎င်းတို့အဖွဲ့၏ စုစုပေါင်းတန်ဖိုးမှာ အမွှေးတိုင်ပေါင်း သန်း ၅၀၀ ရှိသည်။ ဤအင်အားသည် ဖုန့်ထန်းကို ချေမှုန်းရန် လုံလောက်သည်။
သူ တခြားဘာမှပြန်မပြောဘဲ မတ်တတ်ထရပ်ပြီး ကိုယ်ပွားတစ်ယောက်ကို ချန်ထားခဲ့လိုက်သည်။
ခြံတွင်းရှိလူတိုင်း သူထွက်သွားသည်ကိုမြင်သောအခါ သူတို့၏နှလုံးသားများ ခုန်ပေါက်သွားကြသည်။ ကျန်းထန်းမင်၏ ရှေ့ဖြစ်ဟောကိန်းကို မှတ်မိကြသည်။ ကျန်းချန်ရှန်းသည် ကိုယ်ပွားတစ်ယောက်ကို ချန်ထားခဲ့သည်ကို သူတို့သိထားသော်လည်း၊ သူတို့၏ထင်မြင်ယူဆချက်တွင်၊ ကိုယ်ပွားတစ်ဉီးသည် အစစ်အမှန်နှင့် မနှိုင်းယှဉ်နိုင်ပေ။
ပိုင်ချီသည် ထန်းမင်ကို ကြည့်ကာ တုန်လှုပ်ချောက်ချားစွာဖြင့် “ထန်းမင် လတ်တလော ဘာကို အိပ်မက်မက်သေးလဲ"
အရှင်ပိုင်သည် အနီးနားတွင် မရှိသော်လည်း ကျန်းထန်းမင်သည် သူ၏ ကခန္ဓာကို နှိုးတွရန် ဆေးများကို အသုံးပြုနသည်။ သူသည် ကောင်းကင်ဂူ အဆင့်နှစ်နှင့် အလွန်နီးကပ်နေပြီဖြစ်ပြီး သူ၏အောင်မြင်မှုအမြန်နှုန်းမှာ မှန်းဆ၍တောင် မရပေ။ သို့ရာတွင် ယခုအချိန်၌ လူတိုင်းက လက်ခံပြီးသားပင်။
ကျန်းထန်းမင်သည် ရေပူစမ်းတွင် ရေစိမ်နေသကဲ့သို့ ဆေးအိုးထဲတွင် လွင့်မျောနေလေသည်။ သူက ပြုံးပြီးပြောသသည်။
“အထွတ်အမြတ်နိုင်ငံရဲ့ တော်ဝင်ဝိုင်ကို သောက်ခဲ့တာ အိပ်မက်မက်တယ်။ အရမ်းအရသာရှိတယ်…”
ပိုင်ချီ၏ နှုတ်ခမ်းများ လှုပ်ခါသွားကာ အခြားလူများက မရယ်မောဘဲ မနေနိုင်။
ရဲရွှင်း " တာအိုဘိုးဘေး ဘာသွားလုပ်တယ်လို့ မင်းထင်လဲ "
မူလင်းလော့က "သေချာပေါက် ဖုန့်ထန်းကို ယူဖို့ပေါ့ ဘာကိစ္စ အပြင်ထွက်ရဦးမှာလဲ”
" ဖုန့်ထန်းကို သယ်ဖို့ဆိုရင် သူ ဒီလောက် အလျင်လိုနေမှာလား။ တစ်ခုခုဖြစ်ရမယ်။ ကွမ်းထျန်လာနေတာဖြစ်နိုင်မလား"
တစ်ယောက်ယောက်က တာအိုဘိုးဘေးကို စိန်ခေါ်ရဲခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ။ ထိုအခြေအနေတွင်၊ သူသည် တာအိိုဘိုးဘေးကို ပြဿနာအချို့ကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးနိုင်သည်။
ကျီဝူကျွင်းက အော်ဟစ်လိုက်ပြီး "ကွမ်းထျန်.. လင်းဟုံချန် ကိုယ်တိုင် အဲဒီကို သွားလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်၊ ဒါမှ တာအိုဘိုးဘေးက သူ့ကို ကိုယ်တိုင် ရှင်းလို့ရမှာ”
အားလုံးက ဘာဖြစ်သွားသည်ကို မှန်းဆရန် ကြိုးစားရင်း ခြံဝင်းအတွင်းရှိ လေထုသည် သက်ဝင်လှုပ်ရှားလာသည်။
ဖုန့်ထန်းနိုင်ငံ မြို့တော်တွင် မရေမတွက်နိုင်သော သိုင်းပညာရှင်တို့သည် လေထဲတွင် ပျံဝဲကာ မိုးကုပ်စက်ဝိုင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ဝေလငါးကြီးတစ်ကောင်သည် မိုးကုပ်စက်ဝိုင်းပေါ်ရှိ နေကို ဖုံးလွှမ်းသွားကာ လူတိုင်း အံ့ဩသွားကြသည်။ မြို့သူမြို့သားအားလုံး ကြောက်လန့်တကြား ဖြစ်သွားကြပြီး မြို့ရိုးပေါ်တွင် ရပ်နေသော အစောင့်များမှာလည်း တုန်လှုပ်နေကြသည်။
ထိုကဲ့သို့သော ကြီးမားသော သားရဲကြီး၏ ရှေ့မှောက်တွင် လူအများစုသည် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုကို ခံစားရသည်။
မိန်းမစိုးများဖြင့် ဝန်းရံထားသော လီယာသည် နန်းတော်၏ သိုင်းပညာကွင်းသို့ လျှောက်သွားလိုက်သည်။ မိုးကုပ်စက်ဝိုင်းကို အဝေးက ကြည့်လိုက်သောအခါ သူလည်း ထိတ်လန့်သွားသည်။
"အဲဒါက ဘယ်လိုအကောင်လဲ"
လီယာသည် ပညာတတ်သည်ဟု ယူဆသော်လည်း ဤမျှကြီးမားသော သားရဲတစ်ကောင်ကို တစ်ခါမျှ မတွေ့ဖူးပေ။ တစ်ကိုက်တည်းနဲ့ မြို့ကို မျိုချလိုက်နိုင်သကဲ့သို့ပင်။ ယခု သူသည် သူ့မျက်စိဖြင့် ကိုယ်တိုင် မြင်ခဲ့ပြီး တုန်လှုပ်မှုနှင့် ဖိအားများကို ဖော်ပြနိုင်သည့် စကားလုံးမရှိချေ။
"ဧကရာဇ် ဖုန့်ထန်၊ ကောင်းကင်နယ်စားကြီးကို လာတွေ့ပါ။”
ကျက်သရေ ကြိးမားကာ အသံသည် ကောင်းကင်ယံ၌ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တော်ဝင်မြို့၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
"ဘာဖြစ်နေတာလဲ၊ ဒီလောက်ဆန်းကြယ်တဲ့ သားရဲကြီးက ဘယ်သူမှ သတိမထားမိဘဲ ဧကရာဇ်မြို့ကို တကယ် တိုက်ခိုက်ခဲ့တာလား”
တစ်ဖက်မှ ပြည်တွင်းရေးရာ အကြီးအကဲက အဆင်မပြေသည့်ပုံစံဖြင့် “တကယ်ကို ဘာသတင်းမှမရဘူး။ တစ်ဘက်လူက အရမ်းမြန်တာ ဖြစ်နိုင်တယ်။”
လီရီသည် တော်ဝင်မြို့အထက်တွင် ပျံဝဲကာ စစ်သူကြီးအုပ်စုနှင့် ဘေးချင်းကပ်ရပ်နေ၏။ ရဟန္တာနှင့်တူသော ထွားကျိုင်းသော ရုပ်သဏ္ဍာန်သည် “ဘာ ကောင်းကင်နယ်စားကြီးလဲ။ မင်း ဘယ်မျိုးနွယ်စုက လာတာလဲ”
သူ့အသံက မိုးခြိမ်းသံကဲ့သို့ ဖြစ်နေသော်လည်း သူ့အငွေ့အသက်က တခြားသူထက် အားနည်းနေသည်။ ပြည်သူများပင် ကွဲကွဲပြားပြား ကြားနိုင်သည်။
ဂုဏ်သိက္ခာရှိသော အသံသည် ထပ်၍ ထွက်ပေါ်လာပြန်သည်။ “ သေချာပေါက် ကောင်းကင်နယ်စားကြီးက ကွမ်းထျန်ရဲ့ ကောင်းကင်နယ်စားကြီးပေါ့”
ဒါကိုကြားတော့ သိုင်းပညာရှင်အားလုံး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ လီရီလည်း အတူတူပင် ။ သူသည် ချက်ချင်းပင် သူ့နှလုံးသားထဲတွင် တာအိုဘိုးဘေးကို အကူအညီတောင်းလိုက်သည်။
ကွမ်းထျန်က ဘယ်လောက် အစွမ်းထက်သလဲ။ အထွတ်အမြတ်နိုင်ငံ စစ်ပွဲနတ်ဘုရားက တည်ထောင်ခဲ့ပြီးတော့ နိုင်ငံသုံးဆက်ထက်မနည်း သိမ်းပိုက်ဝါးမျိုခဲ့ပြီးပြီ ဖြစ်သည်။ ကွမ်းထျန်တွင် ကောင်းကင်ဂူအဆင့်ကို ကျော်ဖြတ်ပြီးသွားသော ကြောက်စရာကောင်းသော ပညာရှင်များ ရှိသည်ဟု ဆိုကြသည်။
လီရသည် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ လီယာသည် ကောင်းကင်သို့ တက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ချက်ခြင်းရပ်ခိုင်းပြီး “အရှင်မင်းကြီး၊ မသွားပါနဲ့။ ကျွန်တော် တာအိုဘိုးဘေးကို တောင်းဆိုပြီးပြီ။ သူသေချာပေါက်ကြားပြီး မကြာခင်လာမှာပါ”
လီယာက အတင်းပြုံးပြီးပြောသည်။ "မဟာကျင်းဟာ မြိုင်ဟေဝန်ထဲမှာဆိုတာ ငါသိပြီးသွားပြီ။ ဒီလိုနေရာမျိုး ဘယ်မှာရှိမှန်းတောင် မသိဘူး။ အရမ်းဝေးမှာပဲ။ တာအိုဘိုးဘေး အခုလာမယ် ဆိုရင်တောင် နောက်ကျသွားမှာကို ငါကြောက်တယ်။' သူ မကျေမနပ်ဖြစ်ပြီး နောင်တရနေမိသည်။
သူက စိတ်ကောင်းလွန်းသည်။ သာမာန်လူများ လာမည်ကို စောင့်ဆိုင်းနေခဲ့ရာ သူသည် အမှန်တကယ်ပင် ကွမ်းထျန် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းမိသွားသည်။
ကွမ်းထျန်၏ ကောင်းကင်နယ်စားကြီး ကြွလာကတည်းက ယနေ့တွင် ရှင်းလင်းချက်တစ်ခုရှိရမည်။
ထိုအတွေးဖြင့် လီယာ၏ မျက်လုံးများက တင်းမာနေကာ “ငါ သူ့ကို သွားတွေ့မယ်။ ဘယ်သူကမှ ကိုယ့်သဘောနဲ့ကိုယ် ဆောင်ရွက်ခွင့်မရှိဘူး။ အင်ပါယာမြို့သူမြို့သားတွေကို ကာကွယ်ပါ။”
လေထဲမှာ ရှိသော အဆင့်မြင့်အရာရှိကြီးများက သူ့ကို ဖျောင်းဖျဖို့ ကြိုးစားသော်လည်း သူကနားမထောင်ဘဲ အဝေးက ဝေလငါးကြီး ဆီကို လှမ်းလိုက်သည် ။
တစ်ဘက်တွင်
ဝေလငါး၏နောက်ဘက်ရှိမြို့၌ လင်းဟုံချန်သည် ဤမြင်ကွင်းကို အဝေးမှ ကြည့်နေသည်။ သူက မျက်မှောင်ကြုတ်ပြီးပြောသည်။ " ဖုန့်ထန်းနိုင်ငံက ဒီအတိုင်းအတာအထိ ကျသွားပြီ။ ဒီဧကရာဇ်က အရမ်းအားနည်းတယ်။”
ဘေးနားက အဆင့်မြင့်အရာရှိက ပြုံးပြီးပြောသည်။ "လွန်ခဲ့တဲ့ နှစ်တစ်ရာက သူတို့ဟာ မဟာကျင်းလို့ခေါ်တဲ့ နိုင်ငံကို ကျူးကျော်ခဲ့တယ်လို့ ပြောပါတယ်။ ရှုံးနိမ့်ပြီးနောက်မှာ သူတို့ ဂုဏ်သိက္ခာကျဆင်းသွားပါတယ်။ မဟာကျင်း အကြောင်းပြောရင် မဟာကျင်းရဲ့ ဒဏ္ဍာရီက ထူးဆန်းတယ်။ မဟာကျင်းမှာ သူ့တို့တိုက်ကြီးကို မြောက်ဘက်ကို ဆွဲယူသွားတဲ့ တာအိိုဘိုးဘေးလို့ ခေါ်တဲ့ အင်မော်တယ်တစ်ပါး ရှိတယ်လို့ ဆိုကြတယ်။ ဟားဟား၊ အဲဒါက သိသိသာသာကြီးကို ပေါက်ကရတွေပါ။ ဒါပေမယ့် ငတုံးတော်တော်များများက ဒါကို ယုံတယ်။”
သူ့တိုက်ကြီးကို မြောက်ဘက်ကို ဆွဲယူသွားတယ်
လင်းဟုံချန်သည် ထိုစကားကိုကြားသောအခါတွင် သူသည် ခေါင်းယမ်းကာ မရယ်ဘဲမနေနိုင်တော့။
တခြားစစ်ဗိုလ်ချုပ်များကလည်း ရယ်ကြသည်။ တစ်စုံတစ်ယောက်သာ မျက်မှောင်ကြုတ်ပြီး တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းသွားသည် ။ အဆုံးတွင် သူ တိတ်တိတ်နေရန် ရွေးချယ်လိုက်သည်။
“မျှော်လင့်ထားသလိုပဲ၊ ငါတို့ မြောက်ဘက်ကို သွားလေလေ၊ နိုင်ငံတွေက ပိုခေတ်နောက်ကျလေပဲ။ အမှန်တော့ အထွတ်အမြတ်နိုင်ငံနဲ့ အရမ်းဝေးကွာသွားပြီ။ ဒီတော့ သူတို့ရဲ့ အယူအဆတွေကလည်း ခေတ်နောက်ကျသွားရတာပဲ။ ဖုန့်ထန်းက အားနည်းလွန်းတော့ ငါ့ကို စိတ်ပျက်စေတယ်။ ဧကရာဇ်ကိုတွေ့စရာ မလိုတော့ဘူး။ ဖုန့်ထန်းကို သိမ်းပိုက်ဖို့ အသင့်ပြင်ထားတော့”
လင်းဟုံချန်က ညင်သာစွာ ညွှန်ကြားသည်။ ထိုစကားကို ပြောပြီးနောက် လှည့်ထွက်သွားသည်။
ဒါကိုကြားတော့ အရာရှိကြီးများက ရှက်ရွံ့စွာ ပြုံးပြကြသည်။
ဖုန့်ထန်းကိုတိုက်ရိုက်နှိမ်နင်းရန် နည်းလမ်းများစွာရှိသည်။
"ငါအရင်သွားလိုက်မယ်”
အမြင့်ဆုံးအရာရှိက လည်ပင်းကို ချိုးပြီး ပြောလိုက်သည်။ သူ့အပြုံးက သားကောင်ကို မြင်လိုက်ရသကဲ့သို့ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။
သူက သေချာပေါက် ဖုန့်ထန်းကို တစ်ယောက်တည်းကို ဖိနှိပ်ဖို့ ရည်ရွယ်ထားတာပင်ဖယ
လီယာသည် သူတို့၏ စကားသံကို မကြားလိုက်ပေ။ ထိုအချိန်တွင် မြို့သူမြို့သားများနှင့် သိုင်းပညာရှင်အားလုံး၏ အကြည့်အောက်တွင် လီယာသည် မိုးကုတ်စက်ဝိုင်းရှိ ဝေလငါးကြီးဆီသို့ လျှောက်သွားသည်။ ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖုန့်ထန်းရှိ လူများ၏ နှလုံးသားထဲတွင် မကြုံစဖူး အရှက်ကွဲသေည ခံစားချက်များ ပျံ့လွင့်လာသည်။
ဖုန့်ထန်းကို သိမ်းပိုက်ရန် ကွမ်းထျန်၏ ရည်ရွယ်ချက် သတင်းသည် ပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုနေ့သည် ဤမျှ လျင်မြန်စွာ ရောက်ရှိလာမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။
တစ်ဖက်သား၏ ခွန်အားပြမှုကို ရင်ဆိုင်ရချိန်တွင် ဖုန့်ထန်းသည် ခုခံရန်ပင် မဝံ့မရဲဖြစ်ပြီး ၎င်း၏ဧကရာဇ်ကို တစ်ယောက်တည်းသာ လွှတ်ထားနိုင်ခဲ့သည်။ မည်မျှ အရှက်ကွဲရသနည်း။
လီယာက အမြန်မလျှောက်ပေ။ သူ့စိတ်ထဲရှိသည်က အချိန်အတိုင်းအတာတစ်ခုထိ အချိန်ဆွဲကာ အဲဒီအခွင့်အရေးအတွက် တိုက်ပွဲဝင်ချင်နေတုန်းပင်။
ထိုအချိန်မှာပင်။
“ကောင်းကင်နယ်စားကြီးက နိုင်ငံသားအားလုံးကို ချက်ချင်းဒူးထောက်ခိုင်းတယ်။ မနာခံသောသူ သေရလိမ့်မယ်။”
ဩဇာကြီးမားသော အသံသည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။ လီယာက ပုံရိပ်တစ်ခုသည် ဝေလငါးကြီးမှ ခုန်ထွက်ကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ဖြာထွက်ကာ အတားအဆီးမရှိ အရှိန်အဟုန်ဖြင့် သူ့ဆီသို့ လာနေသည်ကို မြင်လိုက်ရသည်ဓ
သူ မသိစိတ်က ရှောင်တိမ်းချင်သော်လည်း တစ်ဘက်က အရမ်းမြန်သည်။
အို မဟုတ်ဘူး
လီယာ၏ တပည့်များသည် စိတ်ပျက်အားငယ်သွားကြသည်။
"ဟမ်”
အေးစက်သော နှာမှုတ်သံ ထွက်ပေါ်လာသည်။ အရပ်မြင့်သော စစ်ဗိုလ်ချုပ်ကြီးသည် မိုကြိုးထိမှန်ကာ သွေးအန်ပြီး နောက်သို့ ပြန်ပြေးသွားသည်။ တိုက်ဆိုင်စွာပင် သူသည် ကွမ်းထျန် စစ်ဗိုလ်ချုပ်များရှေ့သို့ ရောက်သွားသည်။ နန်းတော်ဆီသို့ လျှောက်သွားနေသော လင်းဟုံချန်သည် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
ဖုန့်ထန်း၏ တော်ဝင်မြို့တော်အထက် ကောင်းကင်က ရုတ်တရက် ပြောင်းလဲသွားသည်။ တိမ်ပင်လယ်က လှိုင်းထန်ပြီး လေပြင်းတိုက်ခတ်နေသည်။
“ဖုန့်ထန်းမှာ သူ့ကံကြမ္မာရှိတယ်။ ကျေးဇူးပြုပြီး ပြန်လာပါ”
ကျန်းချန်ရှန်း၏ အသံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေသည်။ တဟုန်းဟုန်းတောက်နေသော တိမ်ပင်လယ်ကြီးသည် ကြီးမားသော ရေဝဲများ ဖြစ်ပေါ်လာပြီး တောက်ပသော နေမင်းကြီးသည် ရေဝဲမှ ဆင်းသက်လာသည်။ တောက်ပသောနေရောင်၌ ရုပ်ပုံတစ်ခုရှိကာ နေရောင်ခြည်သည် သူ၏ အသွင်အပြင်ကို ဖုံးကွယ်ထား၍ သေမျိုး ကမ္ဘာသို့ ဆင်းသက်လာသော နတ်တစ်ပါးကဲ့သို့ ဖြစ်လေ၏။