တိုက်ကြီးအား သိမ်းပိုက်ခြင်း၊ သိမြင်နားလည်မှုကို ပြောင်းပြန်လှန်ခြင်း
Vol. 20 Ch. 292
“တာအိိုဘိုးဘေး”
လီယာသည် ခေါင်းကို ငုံ့ကာ တုန်တုန်ယင်ယင် အသံဖြင့် ပြောလိုက်သည်။ သူ့မျက်နှာတွင် အံ့သြမှု အပြည့်။
အဝေးက နန်းတော်ရှေ့တွင် ရပ်နေသော လင်းဟုံချန်က မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး အပေါ်သို့ ကြည့်လိုက်သည်။ သူ့အကြည့်များက ကျန်းချန်ရှန်းဆီရောက်သွားသည်။ သူသည် အတုံးမဲ့ယန်နတ်အလင်းကို ထိုးဖောက်၍ မမြင်ရပေ။ ဤကဲ့သို့ ခန့်ညားထည်ဝါသော ပုံရိပ်ကို သူပထမဆုံးမြင်ဖူးတာ ဖြစ်သည်။
ဗိုလ်ချုပ်များက တာအိုဘိုးဘေး၏ ဒဏ္ဍာရီကို လှောင်ရယ်နေတာအခါ မျက်မှောင်ကြုတ်ထားသော အရာရှိက တုန်လှုပ်ခြောက်ခြားကာ စိတ်လှုပ်ရှားသွားသည်။
သူသည် တာအိုဘိုးဘေးကို ကိုးကွယ်သူလည်းဖြစ်သည်။ အတိအကျပြောရလျှင် သူသည် တိုင်တန်နတ်ဘုရား ဖန်ကူကို ယုံကြည်သူဖြစ်သည်။ တိုင်တန်နတ်ဘုရား ဖန်ကူသည် တာအိုဘိုးဘေးလက်အောက်ရှိ မသေမျိုး နတ်ဘုရားဖြစ်ကြောင်း သိရှိပြီးနောက်တွင် သူသည်လည်း သူ့ကို စတင်ကိုးကွယ်ခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ့ရဲ့ချီ ပျောက်ကွယ်သွားပြီ…”
အရပ်ရှည်သော ဗိုလ်ချုပ်ကြီးသည် သူ့ရင်ဘတ်ကို ဖုံးအုပ်ကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သူ့စကားကြောင့် အခြားဗိုလ်ချုပ်များကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ သူ့အစွမ်းအစကို လူတိုင်းသိသည်။ သူသည် ကောင်းကင်ဂူအဆင့်ကိုးကို ကျော်လွန်ပြီး သိုင်းဘုရင်အဆင့် ရောက်နေသူ ဖြစ်သည်။ သူသည် ၎င်းတို့ကြားတွင် လင်းဟုံချန် ပြီးလျှင် ဒုတိယမြောက်ဖြစ်တည်မှုဖြစ်သည်။ ဤမျှ ပြင်းထန်သော ခွန်အားဖြင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို ချက်ခြင်း မည်သို့ ဆုံးရှုံးနိုင်မည်နည်း။
တဖက်က ဗိုလ်ချုပ်ကြီးအပေါ် လုပ်ခဲ့တာကိုတောင် သူတို့ မမြင်ကြဘူး။ အဲဒါ ကြောက်စရာအကောင်းဆုံးပဲ။
ကျန်းချန်ရှန်းသည် လင်းဟုံချန်ကို အဝေးမှ လှမ်းကြည့်သည်။ ဤလူသည် အသန်မာဆုံးဖြစ်သည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ သူက အထွတ်အမြတ်နိုင်ငံရဲ့ စစ်နတ်ဘုရားဟောင်း ကွမ်းထျန် ကောင်းကင်နယ်စားကြီးပဲနေမှာ။
လင်ဟုံချန်
ဟမ်
ကျန်းချန်ရှန်း အံ့သြသွားသည်။ လင်းဟုံချန်ထံမှ လင်းဟောက်ထျန်း၏ အရိပ်အငွေ့ကို သူ ခံစားလိုက်ရသည်။ သူ့အာရုံက ဘယ်လောက်တောင် စူးရှနေပြီလဲ။ ထို့အပြင်၊ သူသည် သူစိတ်စွမ်းအားကို ဆုပ်ကိုင်ထားပြီး သိုင်းပညာရှင်မတတ်နိုင်သော အရာများကို အသုံးချနိုင်ခဲ့သည်။
ဥပမာ၊ သွေးဆက်၏ ရောင်ဝါ
တူညီသောမူလအစရှိသည့် အမျိုးအနွယ်အားလုံးသည် တူညီသော အရိပ်အယောင်များ အမြဲရှိနေမည်ဖြစ်သည်။
လင်းေဟာက်ထျန်းနှင့် လင်းဟုံချန်တို့သည် သွေးသား တော်စပ်ကြသည်ဓ
ကျန်းချန်ရှန်းသည် ကျီဝူကျွင်း၏ ယခင်စကားများကို တွေးနေမိသည်။ လင်းဟုံချန်သည် နတ်ဆိုးများနှင့် အလွန်ရင်းနှီးသည်။ ဤသည်မှာ လင်း မိသားစု၏ မူလအစ ဖြစ်နိုင်မည်လား။
ကျန်းချန်ရှန်းသည် စူးစမ်းလိုစိတ်သာရှိသော်လည်း ၎င်းကို များစွာမတွေးခဲ့ပေ။ လင်းဟုံချန်သည် သူ့နေရာကိုသူ သိသရွေ့ သူ့ကို သတ်ပစ်ရန် ပျင်းလွန်းလှသည်။ ထို့အပြင် နှစ်ဘက်ကြား အငြိုးအတေးများလည်း မရှိပေ။ ဖုန့်ထန်းကို ကယ်တင်ရန်သာ သူ ဒီနေရာကို ရောက်နေခြင်း ဖြစ်သည်။
ဖုန့်ထန်းမှာ သူ့ကိုးကွယ်သူရှိလို့ သူ.ဖုန့်ထန်းကို ကယ်တင်တာ။ ထိုအကြောင်းနှင့်စပ်လျဉ်း၍ ကွမ်းထျန်တွင်လည်း သူကိုးကွယ်သူများ ရှိသည်။ သူ့နှလုံးသားထဲတွင် နိုင်ငံနှစ်နိုင်ငံ၏ အနေအထားက သိပ်မကွာခြားပေ။
လင်းဟုံချန်က ဥာဏ်မမှီဘူးဆိုရင် ကျန်းချန်ရှန်းက ပေါ့လျော့နေမှာ မဟုတ်ပေ။
ကျန်းချန်ရှန်းက တည်တည်ငြိမ်ငြိမ်နဲ့ “နန်းတော်ကို ပြန်သွားပါ။ ဖုန့်ထျန်းက လူတွေရဲ့ နှလုံးသားကို တည်ငြိမ်အောင်ထားဖို့ မင်းကို လိုအပ်တယ်။”
လီယာသည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရိုသေစွာ ဦးညွတ်သည်။
တစ်ချိန်တည်းမှာပင် တော်ဝင်မြို့၌ ရုတ်ရုတ်သဲသဲဖြစ်နေသည်။
"သူက ဘယ်သူလဲ”
“ဒါက တာအိုဘိုးဘေးလေ။ ဒါက တာအိုဘိုးဘေးရဲ့ နတ်အလင်းပဲ”
"ဒဏ္ဍာရီအရတော့ တာအိုဘိုးဘေးက သူ့ဦးခေါင်းထက်မှာ နေက ထွန်းလင်းပြီးသော သေမျိုးကမ္ဘာကို ရောက်လာတယ်လို့ ဆိုကြတယ်။ သူ့ရဲ့ မြင့်မြတ်တဲ့ အသွင်အပြင်ကို ဘယ်လူသားကမှ မမြင်နိုင်ဘူး။ ဆိုတော့ အမှန်ပဲပေါ့”
"ဖုန့်ထျန်းက ကယ်တင်ခံရပြီလား”
"ကွမ်းထျန်က စိတ်ကြီးဝင်နေတာ။ သူက ငါတို့ဧကရာဇ်မင်းနဲ့ ငါတို့ကို အရှက်ရစေတယ်။ ချီးပဲ”
မြို့သူမြို့သားများနှင့် သိုင်းပညာရှင်တို့က အံ့အားသင့်စွာ အော်ဟစ်ခဲ့ကြသည်။ အချို့က ကျိန်ဆဲနေကာ တချို့ စိတ်လှုပ်ရှားနေသည်။ လူတိုင်း၏အကြည့်များသည် ကောင်းကင်ယံ၌ ထူးကဲသောရုပ်သွင်ဆီသို့ ရောက်နေကြသည်။
လင်းဟုံချန်သည် လင်းဟောက်ထျန်းကို စိုက်ကြည့်နေသည်။ သူက ငြိမ်သက်နေပုံရသော်လည်း တကယ်တမ်းတွင် သူ အကျပ်ရိုက်နေသည်။
တစ်ဖက်သား၏ တိုက်ခိုက်မှုက သူ့ဆံပင်များကို.ထောင်သွားစေသည်။ သို့သော် ထိုကဲ့သို့ ဆုတ်ခွာသွားပါက သူ၏ဂုဏ်သိက္ခာ ပျက်ပြားသွားမည်ဖြစ်သည်။ ကွမ်းထျန်တွင်၊ လူတိုင်းက သူသည် ပြိုင်ဘက်ကင်းဟု ထင်ကြပြီး သူ၏ မရှုံးနိမ့်သည့် ဂုဏ်သတင်းကို အားကိုးကြသည်။
တစ်ဖက်လူက သူ့ကို စိုက်ကြည့်နေတာကို သူ ကောင်းကောင်းခံစားနိုင်သည် ။ တစ်ဖက်သားကို မတိုက်ခိုက်ရခြင်းအကြောင်းရင်းမှာ သူ့ရွေးချယ်မှုကို စောင့်ဆိုင်းနေသောကြောင့်ဖြစ်သည်။
နောက်ပြန်ဆုတ်ရင်ဆုတ် မဟုတ်ရင် သေတဲ့ထိ တိုက်ရမယ်
လင်းဟုံချန်သည် နှစ်ရာနှင့်ချီ၍ ကမ္ဘာကို လှည့်ပတ်လာခဲ့သော်လည်း ဤကဲ့သို့ ဖိအားများကို ခံစားလိုက်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ တဘက်လူ၏ အရှိန်အဝါသည် နတ်ဆိုးပညာရှင်များနှင့် အထွတ်အမြတ် နိုင်ငံ၏ သိုင်းကရာဇ်များကဲ့သို့ လွှမ်းမိုးချုပ်ကိုင်ထားခြင်းမရှိပေ။ သို့သော် အသံတိတ်ပြီး ဖိနှိပ်ထားသည်။
ကမ္ဘာကြီးသည် သေဆုံးသွားသည့်ပမာ တိတ်ဆိတ်နေခဲ့သည်။ အနည်းဆုံးတော့ လင်းဟုံချန်သည် ဘာမှ မကြားနိုင်တော့ဘဲ တခြားလူကိုလည်း မမြင်နိုင်တော့ပေ။ သူ့မျက်လုံးထဲတွင် ကျန်းချန်ရှန်းသာ ကျန်တော့သည်။
ပတ်ဝန်းကျင်ရှိ ဗိုလ်ချုပ်များသည် တစ်စုံတစ်ခုကို ခံစားရပြီး အခြားဘာမှ မပြောဝံ့ကြပေ။ အားလုံးက ရင်ခုန်စွာနဲ့ စောင့်နေကြသည်။
တာအိုဘိုးဘေးကို ကိုးကွယ်သူတစ်ဦးအနေဖြင့် လင်းဟုံချန်သည် အနိုင်ယူနိုင်စွမ်းမရှိဟု စစ်ဗိုလ်ချုပ်က ခံစားနေရသည်မှာ ကြာပြီဖြစ်သည်။ အကျိုးအမြတ်အတွက် သူသည် လင်းဟုံချန်နောက်သို့ လိုက်ခဲ့၏။ ထိုအချိန်တွင် သူသည် နှလုံးသားထဲတွင်သာ ဆုတောင်းနေလေသည်။
'ကောင်းကင် နယ်စားကြီး၊ မရူးမိုက်ပါနဲ့။ မဟုတ်ရင် ခင်ဗျားရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ နောက်ကျောကို ဓားနဲ့ထိုးဖို့ကလွဲလို့ ငါရွေးချယ်စရာမရှိတော့ဘူး...'
အဆင့်မြင့်အရာရှိက တုန်လှုပ်ချောက်ချားစွာ တွေးတောပြီး သူ့လက်ဖဝါးများတွင် ချွေးစေများ ထွက်ကျလာသည်။
ကျန်းချန်ရှန်းက စိတ်မရှည်တော့ဘဲ "ကံကြမ္မာကို ဆန့်ကျင်ဖို့ စိတ်ပိုင်းဖြတ်ထားသလား"
သူ၏လေသံမှာ ဘာမှမထူးခြားသော်လည်း လောကီလောကကို ငြီးငွေ့နေသော မြင့်မြတ်ပြီး တန်ခိုးကြီးသော ဘုရားကဲ့သို့ လူတိုင်းကြားနိုင်သည်။
လင်းဟုံချန်သည် အသက်ပြင်းပြင်းရှူကာ စကားစလုဆဲဆဲ ကျန်းချန်ရှန်းက ညာလက်ကိုရုတ်တရက် မြှောက်ထားသည်ကို တွေ့လိုက်ရသည်။
ထိုလုပ်ရပ်က သူ့အား အလွန်ထိတ်လန့်သွားစေပြီး သူ့နှလုံးသားများ တုန်လှုပ်ချောက်ချားသွားစေသည်။
"ငါတို့ နောက်ပြန်ဆုတ်ချင်တယ်”
လင်းဟုံချန်ပ အလျင်စလို အော်လိုက်သည်။ ထိုစကားများကို သူပြောပြီးသည်နှင့် သူ့ပခုံးပေါ်ကနေ လေးလံသော ဝန်ထုပ်ဝန်ပိုး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းချန်ရှန်းက အဖြေမပေးဘဲ သူ၏ နတ်ဘုရားစွမ်းအားကို တိုက်ရိုက်အသုံးပြုလိုက်သည်။
တခဏချင်းမှာပဲ လင်းဟုံချန်သည် ကမ္ဘာကြီး၏ ပြောင်းလဲမှုကို အနည်းငယ် ခံစားလိုက်ရသည်။ ဘာတွေပြောင်းလဲသွားလဲကိုတော့ မပြောနိုင်သေးပေ။
ဂျုန်း
တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။ မြို့ကို သယ်ဆောင်လာသော ဝေလငါးကြီးဟာ ထိတ်လန့်ပြီး ချက်ချင်း လှည့်ထွက်သွားသည်။ ကြီးမားသော်လည်း အလွန်လျင်မြန်သည်။
လင်းဟုံချန် နှင့် အခြားသူများသည် လှည့်ကြည့်လိုက်ပြီး ကျန်းချန်ရှန်းကို ထိတ်လန့်တကြားကြည့်နေကြသည်။ သူတို့နောက်တွေ့လိုက်ရသည်က မမေ့နိုင်စရာမြင်ကွင်းပင်။ အထွတ်အမြတ်နိုင်ငံ၏ စစ်နတ်ဘုရား လင်းဟုံချန်ပင်လျှင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
တောင်များနှင့် မြစ်များသည် ကျဉ်းမြောင်းသွားကာ မြေကြီးတစ်ခုလုံးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကျုံ့သွားသည်။ ကောင်းကင် ဧကရာဇ်အဆင့်ရှိသည့် လင်းဟုံချန်ပင်လျှင် အမြင်အာရုံသက်ရောက်မှုကြောင့် တုန်လှုပ်သွားသည်။
အင်ပါယာမြို့မှလူတိုင်းသည် ယင်းကို ပို၍လေးနက်စွာ ခံစားရသည်။ သူတို့၏မျက်လုံးများတွင် တာအိုဘိုးဘေးသည် ရုတ်တရက်ကြီးမားလာပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် ကမ္ဘာကိုဖန်တီးခဲ့သော နတ်ဘုရားကဲ့သို့ပင် ကောင်းကင်ထက်ဝက်ကို ဖုံးလွှမ်းသွားသည်။ ဤအစီအရင်ကို လူပိုမြင်လာရသည်။ တိုက်ကြီးတစ်ခုလုံး ကျုံ့သွားသည်နှင့်အမျှ အခြားမြို့များရှိလူများကလည်း ဤမြင်ကွင်းကို မြင်တွေ့နိုင်သည်။ ဤတိုက်ကြီးရှိ သက်ရှိသတ္တဝါအားလုံးသည် နတ်ဘုရားနှင့်ဆင်တူသော တာအိုဘိုးဘေး၏ တန်ခိုးကြီးသောရုပ်သွင်ကို မြင်ကြသည်။
နတ်ဘုရားစွမ်းအား အာကာသလက်ဖဝါး
ကျန်းချန်ရှန်းသည် ဖုန့်ထျန်းနိုင်ငံကို ကျွန်းတစ်ကျွန်းအဖြစ်သို့ ပြောင်းလဲရန် သူ၏နတ်ဘုရားစွမ်းအား ကောင်းကင်နှင့်မြေပြင် အပြောင်းအလဲကို ပထမဆုံးအသုံးပြုခဲ့သည်။ ထို့နောက် သူ၏ အာကာသလက်ဖဝါးကို အသုံးပြုခဲ့သည်။
ယခင်က သူသည် သမုဒ္ဒရာ လွတ်လပ်ခြင်းအား ကိုအသုံးပြုရခြင်းမှာ သူ၏စိတ်စွမ်းအင် မလုံလောက်သောကြောင့်ဖြစ်သည်။ ယခု ဖြတ်ကျော်ဝင်ရောက်ပြီးသောအခါ သူ၏ စိတ်စွမ်းအင်များသည် မှော်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤပြောင်းလဲမှုကြောင့် တိုက်ကြီးတစ်ခုလုံးကို သူ၏လက်ဖဝါးထဲသို့ တိုက်ရိုက်စုပ်ယူနိုင်သည်။ နည်းနည်းပင်ပန်းသော်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပေပ။
သူ လှုပ်ရှားရဖို့က သူ့အတွက် မလွယ်ကူပေ။ ထို့ကြောင့် သူသည် သူ၏ နတ်ဘုရားစွမ်းအားကို သေချာပေါက် ပြသရမည်။
မကြာခင်မှာပဲ တိုက်ကြီးတစ်ခုလုံးသည် သူ့လက်ဖဝါးထဲသို့ စုပ်ယူခံလိုက်ရပြီး ကျောက်တုံးကြီးတစ်ခုဖြစ်လာသည်။ သို့သော် ကျောက်တုံး၏ မျက်နှာပြင်သည် မညီမညာဖြစ်ပြီး စိမ်းစိုနေသည်။
သူ၏ တစ်ကိုယ်လုံးသည် ဖုန့်ထန်းနိုင်ငံရှိ လူအများ၏မျက်လုံးထဲတွင် မပေါ်ပေ။ ရုပ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုမှာ ဖော်ပြ၍မရပေ။
ခပ်ဝေးဝေးတွင် ဝေလငါးကြီးသည် အရှိန်အဟုန်ဖြင့် ပြေးသွားသည်ါ လင်းဟုံချန်နှင့် ကျန်လူများက မိုးကုတ်စက်ဝိုင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ တိုက်ကြီးသည် ပျောက်ကွယ်သွားသဖြင့် အနီးပတ်ဝန်းကျင်ရှိ ပင်လယ်ရေများ တက်လာပြီး ကြောက်စရာကောင်းသော ရေဝဲများ ဖြစ်ပေါ်လာသည်။ အချင်းက ကြီးလွန်းသဖြင့် ရေတွက်၍ပင် မရချေ။ ပင်လယ်ရေများ တဟုန်ထိုး တက်လာသည်ကို အရပ်ရပ်က မြင်နေရသည်။ ငုံ့ကြည့်လိုက်သောအခါ အောက်ဘက်တွင် ချောက်နက်ကဲ့သို့ အမည်းရောင်ဖြစ်နေသည်။
အဆင့်မြင့်အရာရှိအချို့သည် အလွန်ထိတ်လန့်သွားကာ ၎င်းတို့၏လက်နက်များ မြေပြင်ပေါ်သို့ ကျသွားသည်။ အဆင့်မြင့်အရာရှိများထဲမှ တစ်ယောက်က ဒူးထောက်ကာ "တာအိုဘိုးဘေးရဲ့ စွမ်းအား တာအိုဘိုးဘေးရဲ့စွမ်းအား”..
လင်းဟုံချန်လည်း အံ့သြတုန်လှုပ်သွားသည်။
ဒီကမ္ဘာကြီးမှာ တကယ်ပဲ မသေမျိုးတွေရှိတယ်။
သူဘယ်လောက်အတွေ့အကြုံရှိလဲ။ သူသည် သိုင်းဧကရာဖထ်များ လှုပ်ရှားမှုကို မြင်ဖူးသော်လည်း သိုင်းဧကရာဇ်ပင်လျှင် ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်းမရှိပေ။ သိုင်းပညာသည် ဤကဲ့သို့ စွမ်းဆောင်နိုင်မည်ဟု မထင်ပေ။
လက်တစ်ဖက်ဖြင့် တိုက်ကြီးကို ဆွဲယူလိုက်ခြင်း
လင်ဟုံချန် ဝမ်းသာသွားသည်။ ကံကောင်းထောက်မစွာပဲ သူက အချိန်မီပြောပြီး ခေါင်းငုံ့ဖို့ ရွေးချယ်လိုက်သည်။ မဟုတ်ပါက
သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ဆက်မတွေးဝံ့တော့။
ကျန်းချန်ရှန်းကြောင့် ဒဏ်ရာပြင်းထန်စွာရခဲ့သော အဆင့်မြင့်အရာရှိသည် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့သွေးနှင့်ချီက သူ့နှလုံးကို တိုက်ခိုက်ပြီး မေ့လဲသွားသည်။
ကျန်းချန်ရှန်းသည် လှည့်ကြည့်ကာ တိမ်များကို မောင်းထုတ်ကာ မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
လင်းဟုံချန်သည် အသက်ပြင်းပြင်းရှူပြီး စိတ်အခြေအနေကို ထိန်းညှိရန် အကောင်းဆုံးကြိုးစားလိုက်သည်။ အံကြိတ်ကာ “ဒီနေ့ အဖြစ်အပျက်ကို မင်းတို့ တစ်ခါမှ မမြင်ဖူးသလို ဟန်ဆောင်ထားကြ”
အကြီးတန်း အရာရှိများအားလုံးသည် ဆောင်းရာသီရှိ ပုစဉ်းရင်ကွဲများကဲ့သို့ ငြိမ်သက်စွာ ခေါင်းညိတ်ကြသည်။
လင်းဟုံချန်းသည် ဝတွပြုနေဆဲ အဆင့်မြင့်အရာရှိကို ကြည့်လိုက်သည်။ "သူက Dao ဘိုးဘေးတွေလား"
ဝတ်ပြုသူတစ်ဦးဖြစ်သည့် အဆင့်မြင့်အရာရှိက စိတ်လှုပ်ရှားစွာဖြင့် “မှန်ပါတယ်။ သူက တာအိုဘိုးဘေးပါ. မသေမျိုးအားလုံးရဲ့ ဘိုးဘေးပါ ကောင်းကင်နယ်စားကြီး၊ တာအိုဘိုးဘေးက ကျွန်တော်တို့ကို လွှတ်ပေးလိုက်တာက သူ ဒီကမ္ဘာရဲ့ လောကီရေးရာတွေမှာ မပါချင်ဘူးလို့ ဆိုလိုတာပါ။ ဖုန့်ထန်းကို သူသိမ်းသွားရတဲ့ အကြောင်းရင်းက ဖုန့်ထန်းမှာ ဝတ်ပြုကိုးကွယ်သူ အများအပြားရှိနေလို့ သူ့အကူအညီကို အဆက်မပြတ်တောင်းနေသောကြောင့် ဖြစ်နိုင်ပါတာ်။ ကွမ်းထျန်ကရော တာအိုဘိုးဘေးအတွက် ဘာလို့ ရုပ်တုတစ်ခုကို စိုက်ထူပြီး သူရဲ့ နတ်ဘုရားစွမ်းအားကို မချီးမြောက်ရမှာလဲ။ ကွမ်းထျန် အနာဂါတ်မှာ ပြသနာတွေ ကြုံလာရရင် ကျွန်တော်တို့ လွတ်မြောက်ဖို့ လမ်းစရှိသေးတယ်”
လင်းဟုံချန်က တိတ်ဆိတ်နေသည်။
သူသည် ကွမ်းထျန်တွင် နတ်ဘုရားနှင့်တူသောကြောင့် အခြားနတ်ဘုရားနောက်သို့ လိုက်ဖို့ စိတ်ပိုင်းဖြတ်ရန် ခက်ခဲသည်။
သို့သော် တာအိုဘိုးဘေး၏ စွမ်းအားကို တွေးကြည့်သောအခါတွင် သူ စိတ်ရှုပ်သွားသည်။
သိုင်းပညာသည် ထိုကဲ့သို့သော ခွန်အားကို အမှန်တကယ်ရောက်ရှိနိုင်ပါသလား။
ကျန်းချန်ရှန်းသည် ကောင်းကင်ချီမြေအစွန်းသို့ ပြန်လာခဲ့သည်။ သူသည် အနောက်ဘက်ကမ်းရိုးတန်းသို့ ရောက်ရှိလာပြီး ဖုန့်ထန်းကို ပင်လယ်ကမ်းစပ်တွင် တိုက်ကြီးအသစ်တစ်ခုအဖြစ် ချထားလိုက်သည်။ အနောက်ဘက်ရှိ မြို့စောင့်တပ်တစ်ခုတွင် စစ်သားတစ်ယောက်က သမ်းကာ မျက်လုံးများကို ပွတ်သပ်သည်။ ခဏကြာတော့ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
သူတင်မကဘဲ မြို့ရိုးပေါ်က တခြားစစ်သားများလည်း အံသြသွားသည်။
ပင်လယ်သည် မူလက ၎င်းတို့ရှေ့တွင်ရှိသော်လည်း ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော တိုက်ကြီးတစ်ခု အဘယ်ကြောင့် ရုတ်တရက်ပေါ်လာသနည်း။ သူတို့ရဲ့ ပထမဆုံး တုံ့ပြန်မှုက မှားမြင်သည်ဟု ထင်ကြခြင်းပင်။
“ဘယ်လိုဖြစ်နိုင်မှာလဲ…”
"အို ဘုရားရေ။ ဘာတွေဖြစ်နေတာလဲ။ ခုနက ပင်လယ်ကြီးလေ”
"ခဏနေပါဦး။ တာအိုဘိုးဘေးက နတ်ဘုရားစွမ်းအားကို သုံးလိုက်တာလား”
“ဒါဆို ဒဏ္ဍာရီက မှန်တာပေါ့။ တာအိုဘိုးဘေးက တကယ်ပဲ တိုက်ကြီးတစ်ခုကို ရွေ့သွားနိုင်တယ်။"
“အဘိုးက ငါ့ကို လိမ်နေတာလို့ ထင်ခဲ့တာ…”
စစ်သည်များ အလွန်စိတ်လှုပ်ရှားနေသည်။ ထိုအချိန်တွင် ၀တ်စုံဖြူ အစောင့်တပ်သားများ ပြေးလာပြီး မြို့ထဲသို့ ပြေးသွားကြသည်။ ဤမြို့သာမက အနောက်တိုင်းဒေသရှိ မြို့များအားလုံးသည်လည်း ဖုန့်ထန်းနိုင်ငံ ရောက်ရှိလာခြင်းကို သိရှိသွားကြသည်။
ကြီးမားသော ဖုန့်ထန်းနိုင်ငံကို နေရာယူရန် ပြင်ဆင်နေသည့် မရေမတွက်နိုင်သောလူများ စတင်လုပ်ဆောင်လာကြသည်။
လက်ရှိ မဟာကျင်းအအတွက် ဖုန့်ထန်းဟာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ။
ကျန်းချန်ရှန်း ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။
"မြန်လှချည်လား။ နောက်ဆုံးတစ်ခေါက်က တော်တော်အချိန်ယူရတာလေ” ရဲရွှင်းက အံ့အားသင့်စွာပြောသည်။
ပိုင်ချီက ဒေါသတကြီးပြောသည်။ "မာစတာ အရင်က မိုးကြိုးဒုက္ခကနေ လွတ်မြောက်ခဲ့တာကို မေ့သွားပြီလား။ အရင်ကနဲ့မတူတော့ဘူး။”
ကျန်းချန်ရှန်းက "ဖုန့်ထန်းက ဒီကိုရောက်နေပြီ။ အခုက အနောက်ဘက်မှာ။ စိတ်ဝင်စားရင် သွားကြည့်လို့ရတယ်”
ကျန်းထန်းမင်က စိတ်လှုပ်ရှားစွာနဲ့ "အဘေး၊ ကျွန်တော် သွားချင်တယ်၊ ကျွန်တော်သွားချင်တယ်”
ကျန်းချန်ရှန်းက “မိန်းကလေးကျီ၊ ရဲရွှင်း၊ ဓားနတ်ဘုရား၊ သူ့ကို ဖုန့်ထျန်းတစ်ပတ် လျှောက်ပြလိုက်။ လေ့ကျင့်ဖို့ ခြံဝင်းထဲမှာ အမြဲနေလို့မရဘူး။”
သူတို့ သုံးယောက်က ငြင်းစရာမရှိပေ။ ဖုန့်ထျန်း နိုင်ငံကို သူတို့လည်း စိတ်ဝင်စားကြသည်။
အဲဒီည။
အဖြူရောင်ဝတ်လုံအစောင့်တပ်များသည် ဆက်သွယ်ရေးအစီအရင်များမှ တစ်ဆင့် ဖုန့်ထျန်းနိုင်ငံ ရောက်ရှိလာကြောင်း ဧကရာဇ်မင်းအား အသိပေးခဲ့သည်။
"ဟားဟားဟား မိုက်တယ် ကောင်းတယ်”
ကျန်းလျှို့သည် ရွှင်မြူးနေပြီး သူ့မျက်နှာမှာ နီရဲနေသည်။
ဘာရန် ပြည်နယ်နှင့် နှိုင်းယှဉ်ပါက နိုင်ငံတစ်ခုကို သိမ်းပိုက်ခြင်းသည် ကြီးကျယ်သော အောင်မြင်မှုတစ်ခုဖြစ်သည်။
ဖုန့်ထျန်းနိုင်ငံသည် မဟာကျင်းထက် သေးငယ်သည်မဟုတ်။ ပိုတောင် ကြီးနိုင်သည်။ ဖုန့်ထန်းကို မဟာကျင်း နှင့် ချိတ်ဆက်ခြင်းသည် မဟာကျင်း၏ နယ်မြေကို တိုးပွားစေခြင်းနှင့် ညီမျှသည်။
ကျန်းလျှိုက သူ့ကို သမိုင်းစာအုပ်များက မည်ကဲ့သို့ ဖော်ပြမလဲဆိုတာကို စောင့်မျှော်နေသည်။
သူ ပျော်ရွှင်မှုကို မက်မောပေမဲ့လည်း သူရဲ့ သူရဲကောင်းဆန်မှုနဲ့ ဗျူဟာကို မဆုံးရှုံးခဲ့ဘူးလို့လား။
ထိုက်ကျုံး၊ ထန်းကျုံးတို့နဲ့ တူညီသည်ဟုလော
ထိုညတွင် ကျန်းလျှို လုံးဝ အိပ်မပျော်ခဲ့ချေ။