အကြွင်းမဲ့သိနိုင်သော၊ ကောင်းကင် ရတနာ ဖားပြုတ်
Vol. 20 Ch. 293
ဖုန့်ထျန်းနိုင်ငံကို ကူညီခြင်းက ကျန်းချန်ရှန်းကို ရှင်သန်ခြင်းဆုလာဘ်ကို မပေးခဲ့သော်ငြား သူ၏ အမွှေးတိုင်များ လျင်မြန်စွာတိုးလာသည်။ ဤသို့ လုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှုက ကျေနပ်စရာပင်။
ကျန်းထန်းမင် နှင့် အခြားသုံးယောက်မရှိလျှင် ခြံဝင်းသည် ပို၍ ဆိတ်ငြိမ်သွားသည်။ ရွှေကျီးကန်း၊ ထိုက်ရှီနှင့် ထိုက်ဝါ တို့သည် တောင်ပေါ်မှ ဆင်းချင်သော်လည်း ကျန်းချန်ရှန်းက သူတို့ကို တားဆီးထားသည်။ အကြောင်းကတော့ သူတို့၏ ပုံရိပ်က အပြင်ထွက်လျှင် အလွယ်တကူ ဒုက္ခဖြစ်စေနိုင်တာကြောင့် သိုင်းပညာကို အာရုံစိုက်လေ့ကျင့်တာက ပိုကောင်းသည်ဟူ၍ပင်။
တစ်လမပြည့်မီတွင်၊ ဖုန့်ထန်းနိုင်ငံ ရောက်ရှိလာသည့်သတင်းသည် ကောင်းကင်ချီမြေ တစ်ခွင်သို့ပျံ့နှံ့သွားပြီး တာအို ဘိုးဘေး၏အမည်သည် တစ်ပြည်လုံးသို့ပျံ့နှံ့သွားပြန်သည်။
နိုင်ငံနှစ်ခု ပေါင်းစည်းမှုက နိုင်ငံထဲတွင် လှိုင်းထစေပြန်သည်။
ဖုန့်ထန်းသည် မဟာကျင်းတွင် ပေါင်းစည်းပြီး လက်အောက်ခံနိုင်ငံဖြစ်လာမည်ဟု ဧကရာဇ်ဖုန့်ထန်းက ကြေငြာသောအခါ၊ ဖုန့်ထန်း ပြည်သူများ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိမျညး အပါအဝင် အများစုက ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြသည်။ သို့သော်လည်း မဟာကျင်း၏ ကျွမ်းကျင်သူများ ရောက်ရှိလာသောအခါတွင် သူတို့လက်ခံသွားကြသည်။
မြိုင်ဟေဝန် နှင့် မဟာကျင်း အကြောင်း သတင်းမျိုးစုံ ဖုန့်ထန်းတွင် ဖုံးလွှမ်းသွားရာ ဖုန့်ထန်းရှိ သာမန်လူများနှင့် သိုင်းပညာရှင်တို့၏ လောကအမြင် ကျိုးပျက်သွားသည်။ လအနည်းငယ်အကြာတွင် ဖုန့်ထန်းသည် မဟာကျင်းကဲ့သို့ မြိုင်ဟေဝန်ကို စတင်စူးစမ်းခဲ့သည်။
ယခုနှစ်သည် သမိုင်းမှတ်တမ်းဝင်ရမည့် နှစ်ဖြစ်သည်။
ကမ္ဘာကြီးက ဖရိုဖရဲဖြစ်ခဲ့သည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၊ ကုန်သည်များ၊ သိုင်းပညာရှင်၊ လယ်သမားများနှင့် သာမန်ပြည်သူလူထုအားလုံးသည် တာအိုဘိုးဘေး၏ ထူးခြားသော စွမ်းရည်များကို တမ်းတပြောဆိုကြသည်။
စိတ်ဆန်းကြယ်ဘုံတွင်လည်း ကိုးကွယ်သူ ပိုများလာသည်။
ကျန်းချန်ရှန်းသည် စိတ်ဆန်းကြယ်ဘုံအတွင်းသို့ မည်သည့်ဒြပ်စင်အသစ်ကိုမျှ ထိုးသွင်းရန် မလိုအပ်ဘဲနှင့်ကို သူ၏ယုံကြည်သူများကို စွဲလမ်းသွားစေရန်အတွက် လုံလောက်သည်။ သတင်းအချက်အလက်ဖလှယ်ခြင်းနှင့် သိုင်းပညာဆိုင်ရာ နည်စနစ်များးဖလှယ်ခြင်းသည် စိတ်ဆန်းကြယ်ဘုံ ၏အဓိကအကြောင်းအရာ ဖြစ်လာခဲ့သည်။ ဒီနေရာမှာ မင်းဘယ်လောက် သန်မာတယ်ဆိုတာ မင်းမပြောသရွေ့တော့ အဆင့်တွေကြားမှာ အတားအဆီးမရှိနိုင်ဘူး
လက်ရှိတွင် ယုံကြည်သူများတွင် အင်အားအကြီးဆုံးမှာ သိုင်းဘုရင်အဆင့် ကွမ်းထံယို ဖြစ်ပြီး ထိုကဲ့သို့သော သိုင်းဘုရင်အဆင့် သုံးဦးရှိသည်။ မြင့်မားသောအဆင့်မှ သိုင်းပညာရှင်များသည် အခြားသူများကို ယုံကြည်ရန် ခက်ခဲကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မိမိကိုယ်ကိုသာ ယုံကြည်သောကြောင့်ဖြစ်သည်။
အချိန်များ ကုန်သွားသည်။
သုံးနှစ်ကြာသွားသည်
ရန်ယွမ်ခေတ်၏ ၃၁ နှစ်တွင် ဖုန့်ထန်းနှင့် မဟာကျင်းတို့သည် လုံးလုံးလျားလျား ပေါင်းစည်းခဲ့သည်။ လီယာကို အရှင်ဖုန့်ထန်းဘွဲ့ အပ်နှင်းခဲ့ပြီး ဖုန့်ထန်း၏ ကံကြမ္မာ ကောင်းချီးအားလုံးသည် မဟာကျင်းတွင် ပါဝင်သွားပြီ ဖြစ်သည်။ ဒါတောင် လီယာ၏ ကျန်းမာရေး အခြေအနေက ပိုဆိုးလာသည်။
သင်စာ ကံကြမ္မာ ကောင်းချီးရဲ့ ဧကရာဇ် ဖြစ်နေသရွေ့ သင့်ကံကြမ္မာက ပြောင်းလဲ၍ မရပေ။ သင်က ဧကရာဇ်မင်းမဟုတ်သကဲ့သို့ သိုင်းပညာလိုက်စားခဲ့လျှင်ပင် သင်၏ သက်တမ်းကို အများကြီးမတိုးနိုင်ပေ။
လီယာတင်မကဘဲ မဟာပျင်း ဧကရာဇ်တောင်မှ တူညီတဲ့အခြေအနေရှိသည်။ အဓိကအားဖြင့် ကျန်းလျှိုသည် သိုင်းပညာကို မလေ့ကျင့်ဘဲ အပျော်အပါး လိုက်လေ့ရှိသောကြောင့် ဖြစ်သည်။ ဖုန့်ထန်းသည် မဟာကျင်းကို ဝင်ရောက်ပြီးနောက် သူ သုံးနှစ်ကြာ ပါတီပေးနေခဲ့သည်။ မနက်ပိုင်း တရားခွင်အစည်းအဝေးကို သုံးနှစ်ကြာမျှ မတက်ရောက်ဘဲ အဓိကပြည်နယ်ကြီး (၃) ခုမှ ဝန်ကြီးချုပ်များအား အစိုးရရေးရာများကို ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်များအကြား ပြည်တွင်းရန်ပွဲများ ဖြစ်ပွားစေခဲ့သည်။
မေလနှောင်းပိုင်းတစ်ရက်တွင် ကျီဝူကျွင်း နှင့် အခြားသူများ ပြန်ရောက်လာသည်။
ကျန်းထန်းမင်သည် အလွန်လှပသော အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး အလွန်ချစ်စရာကောင်းသည်။ သူ့အသက်က သုံးနှစ်ပဲရှိသေးသော်လည်း စိတ်ပိုင်းဆိုင်ရာအသက်က ဆယ့်ကိုးနှစ် ရှိနေပြီဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်လလောက်က သူ အရက်ခိုးသောက်ပြီး မူးသွားသေးတယ်။ ရလဒ်ကတော့ ချက်ခြင်းပဲ ဖြတ်ကျော်ဝင်ရောက်သွားတာပဲ”
ကျီဝူကျွင်းသည် ထိုအကြောင်းကို ပြောသောအခါ ပြောစရာမဲ့နေသည်။
ကျန်းထန်းမင်သည် ကောင်းကင်ဂူအဆင့်နှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရဲရွှင်းနှင့် ဓားနတ်ဘုရားလည်း တိတ်ဆိတ်နေခဲ့သည်။ နှစ်လကြာသွားသော်လည်း ထိုအရာကိုတွေးတိုင်း သူတို့စိတ်အခြေအနေမှာ မှုန်မှိုင်းသွားသည်။။
ကျန်းထန်းမင်သည် စားသောက်ရုံဖြင့် ဖြတ်ကျော်လာစဉ် သူတို့သည် ကောင်းကင်ဂူအဆင့် ၂ ရောက်ရန် မည်မျှကြိုးစားခဲ့ကြရသနည်း။
မူလင်းလော့၊ ပိုင်ချီ၊ ရွှေကျီးကန်၊ ထိုက်ရှီ တို့အားလုံး ကျန်းထန်းမင်ကို ကြည့်ကာ တုန်လှုပ်သွားသည်။ နဂါးဖြူသည် အိပ်ပျော်နေသောကြောင့် တုန်လှုပ်ခြင်း မရှိ။
ကျန်းထန်းမင်က ဂုဏ်ယူစွာ ပြုံးပြီး "ကျွန်တော် မူးနေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ တာအိုကို ဘာအနှောက်အယှက်မှ မရှိဘဲ နားလည်အောင် လုပ်နေတာ။ အဲ့ဒါကြောင့် နှိုးလို့မရတာ”
ကျန်းချန်ရှန်းက သူ့လက်ကို မြှောက်လိုက်ပြီး သူ့ကို ဂရုတစိုက် ကြည့်ရန် သူ့ရှေ့သို့ ဆွဲတင်လိုက်သည်။
ကျန်းထန်းမင်က “အဘေးက အရမ်း အံ့သြစရာကောင်းတာပဲ။ ကျွန်တော်က အရမ်းအစွမ်းထက်နေပြီ၊ ဒါပေမဲ့ အဘေးက ကျွန်တော့်ကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်တုန်းပဲ"
သူ့အသံက ကလေးဆန်နေသေးသော်လည်း သုံးနှစ်ကြာ ဆော့ကစားပြီး စိတ်ဆန်းကြယ်ဘုံ တည်ရှိမှုနဲ့အတူ သူတော်တော်နားလည်လာပြီ ဖြစ်သည်။ သူက ဥာဏ်မဲ့တဲ့ ကလေးမဟုတ်တော့ဘူး။
ကျန်းချန်ရှန်းက သူ့ခန္ဓာကိုယ်တွင် ဘာအမှားအယွင်းမှ မရှိဘူးဆိုတာကို သေချာစစ်ဆေးပြီးနောက် စိတ်သက်သာရာ ရသွားသည်။
သူက သူ့လက်ကို လွှတ်လိုက်ပြီး “မဆိုးပါဘူး၊ ဒါပေမယ့် မင်း ကြိုးစားဖို့ လိုသေးတယ်။ မင်းက အရမ်းထက်မြက်တယ်၊ ဒါကြောင့် မင်းကို ငါ ပိုမျှော်လင့်ထားတယ်။ တောင်ပေါ်ကဆင်းပြီး တစ်ယောက်တည်း လေ့ကျင့်လို့မရခင် သိုင်းဘုရင်အဆင့်ကို ရောက်အောင်သွားရမယ်။" ကျန်းထန်းမင်က မေးစေ့ကို မြှောက်လိုက်ပြီး "ကိစ္စမရှိပါဘူး၊ လုံးဝမခက်ပါဘူး”
မူလင်းလော့က ပြုံးပြီးပြောသည် "ကျွန်မ သူ့ကို မူမိသားစုဆီကို ခေါ်သွားပြီးတော့ အဲဒီကမိသားစုနဲ့ အဲဒီပါရမီရှင်တွေကို လှုံ့ဆော်ပေးချင်တယ်”
ပိုင်ချီက အော်ဟစ်ပြီး " လုံချီ ဘုရားကျောင်းရဲ့ တပည့်တွေကိုလည်း နှိုးဆော်သင့်တယ်။ ပါရမီရှင်တွေအများကြီး ဒီနှစ်ပိုင်းတွေကျမှ မွေးလာပြီးတော့ အခု ကျွန်မကို မြင်တဲ့အခါတောင် အလေးမပြုကြဘူး။ ဘယ်လောက်တောင်မှ ရိုင်းစိုင်းလိုက်သလဲ”
အားလုံးက ကျန်းထန်းမင် အကြောင်း စပြောကြသည်။
ကျန်းချန်ရှန်းက ပြုံးလိုက်သော်လည်း အခြားအရာတစ်ခုကို တွေးနေမိသည်။
မကြာသေးမီက၊ ကောင်းကင်ချီမြေ အနီးတစ်ဝိုက်တွင် ပိုမိုအားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာသည်။ သူတို့သည် လူသားများမဟုတ်သောကြောင့် မဟာကျင်းကို လွယ်လွယ်ကူကူ ဝင်မဝံ့ရဲကြသော်လည်း အပြင်တွင် ပုန်းနေပြီး လူ့သိုင်းပညာရှင်နှင့် ရံဖန်ရံခါ မိတ်ဆွေဖွဲ့ကြသည်။
၎င်းတို့အားလုံးသည် ဉာဏ်ရည်ထက်မြက်သော မျိုးနွယ်စုများဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှာ ကြီးမားခြင်းမရှိပေ။ လူ့သိုင်းပညာရှင်တို့သည် သူတို့နှင့်ဆင်တူသော မျိုးနွယ်များကို အလောတကြီး အမဲမလိုက်ဝံ့ဘဲ အများစုမှာ သူတို့နှင့် မိတ်ဖွဲ့ရန် ရွေးချယ်ခဲ့ကြသည်။ ယင်းကြောင့် မဟာကျင်းသည် မြိုင်ဟေဝန်သို့ တဖြည်းဖြည်း ပေါင်းစည်းသွားစေသည်။
တောကြီးသည် အလွန်ကျယ်ဝန်းသည်။ ထိုဉာဏ်ရည်ဉာဏ်သွေးရှိသော မျိုးစိတ်သည် မည်မျှကြီးမားသည်ကိုပင် မသိရပေ။ လူသားတစ်ဦးချင်းကြား ဆက်ဆံရေးနှင့် ဆင်တူသည့် လူမျိုးများကြားတွင် ချစ်ကြည်ရင်းနှီးမှုနှင့် မုန်းတီးမှုများ အမြဲရှိသည်။ ဥပမာအားဖြင့်၊ ဝိညာဥ်မျိုးစိတ်သည် မဟာကျင်း နှင့် ကုန်သွယ်မှုဆက်ဆံရေးကို စတင်နေပြီဖြစ်သည်။
ကျန်းချန်ရှန်းက ထိုအရာကို သိပ်ပြီး မစဉ်းစားမိပေ။ မဟာကျင်းကိြ တိုက်ခိုက်ရန် သတ္တိရှိလျှင် သူတို့ကို ဖျက်ဆီးပစ်မည်ဖြစ်သည်။ ရန်သူက သူ့အား ရှင်သန်ခြင်းဆုလာဘ်ကို ပေးသည်က အချိန်အတော်ကြာခဲ့ပြီကို သူပို၍ စိုးရိမ်နေမိသည်။
နန်းတော်အတွင်း၊ ရွှင်ထျန်းမြို့
ကျန်းလျှို့သည် သူ့လက်ထဲတွင် ပါးလွှာသော ဝါးဖြင့် နဂါးအိပ်ရာပေါ်တွင် လှဲနေသည်။ သူသည် ဝါးလုံးထဲသို့ အသက်ပြင်းပြင်းရှူလိုက်ကာ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ ရုတ်တရတ် လန်းဆန်းသွားသကဲ့သို့ သူ့မျက်နှာက အရောင်ပြောင်းသွားသည် ။
“ဒီအရာက အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ အများကြီး စိုက်လို့ ရမလား” ကျန်းလျှိုက မျှော်လင့်တကြီး မေးလိုက်သည်။
မိန်းမစိုးများနှင့် နန်းတော်အစေအပါးများအပြင် လူလတ်ပိုင်း ကုန်သည်တစ်ဦးသည် ရိုကျိုးသော ဟန်ပန်ဖြင့် သူ့ရှေ့တွင် ရပ်နေ၏။
“အရှင်မင်းကြီး၊ ဒီပစ္စည်းကို ထန်းလဲ့ဝါးလို့ ခေါ်ပါတယ်။ အရမ်းရှားပါးပါတယ်။ သူ့မီာ သိုင်းပညာစိတ် စွမ်းအင်တွေ အများကြီး ပါပြီးတော့ ကောင်းကင်ရတနာလို့ မှတ်ယူလို့ရပါတယ်။ ကျွန်တော် မတော်တဆပဲ ရခဲ့ပေမယ့် တစ်စုံတစ်ယောက်ကို ဆက်ပြီး ရှာဖွေခိုင်းဖို့ စီစဉ်လိုက်ပါမယ်” လူလတ်ပိုင်း ကုန်သည်က ပြန်ပြောသည်။
ကျန်းလျှို့သည် နောင်တရနေသည့်အကြည့်ဖြင့် သူ့မျက်နှာမှာ ဖျော့တော့သွားသည်။ သူက နောက်တစ်ခေါက် ရှိုက်လိုက်ကာ “မင်းမှာ တခြားပစ္စည်းတွေ ရှိသေးလား”
သက်လတ်ပိုင်း ကုန်သည်က ပြုံးပြီး သူ့လက်ဖဝါးနဲ့ အံဝင်ခွင်ကျဖြစ်လောက်အောင် သေးငယ်သော ဆေးအိုးကို ထုတ်ယူလိုက်သည်။ သူက ရှက်ရွံ့စွာ ပြုံးပြီး “အရှင်မင်းကြီး၊ ဒီအရာက မရိုးရှင်းပါဘူး။ ဒါကို ကောင်းကင်ရတနာ ဖားပြုတ်လို့ ခေါ်ပါတယ်။ လူ့ဘာသာစကားကို ပြောနိုင်ပြီး လောကီရေးရာတွေကို သိနိုင်ပါတယ်။ သေခြင်းရှင်ခြင်းကိုတောင် ဆုံးဖြတ်နိုင်ပါတယ်။ ဒါက ဤသည်မှာ ယွမ်မျိုးနွယ်က ကျွန်တော်ရလာတဲ့ ပကတိဝိညာဉ်သတ္တဝါပါ။ ကမ္ဘာပေါ်မှာ အဖိုအမ စုံတွဲတစ်တွဲသာရှိပါတယ်။ သူတို့ဟာ လောကကြီးမှာ သဘာဝတရားအတိုင်း ကြီးပြင်းလာတာပါ။ သူတို့သေပြီးမှသာ စုံတွဲသစ် မွေးဖွားလာမှာပါ။”
စိတ်ဝင်တစားနဲ့ ကျန်းလျှိုက ထရပ်ပြီး အိုးလေးကို ယူလိုက်သည်။ အိုး၏ မျက်နှာပြင်ပေါ်ရှိ အပေါက်များမှတစ်ဆင့် ငွေပြာအရေခွံပါသော လက်မအရွယ် ဖားပြုတ်တစ်ကောင်ကို သူတွေ့လိုက်ရသည်။ ရိုးရှင်းသော ဖားပြုတ်မဟုတ်မှန်း အသိသာကြီးပင်။
"ဟုတ်လား ပြီးရင်ငါ စမ်းကြည့်ချင်တယ်။ ကောင်းကင်ရတနာ ဖားပြုတ် မင်း ငါ့နာမည်ကို သိလား"
"ကျန်းလျှို”
ကောင်းကင်ရတနာ ဖားပြုတ်သည် ကောင်လေး၏အသံဖြင့် ပြန်ဖြေလိုက်ရာ ကျန်းလျှိုကို မျက်ခုံးပင့်သွားစေသည်။
ကျန်းလျှိုက "ငါဆေးဖော်ဖို့ ပေးလိုက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကနေ သူဘယ်လောက်ဝင်ငွေရလဲ"
သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားကို ဖားပြုတ်အား ညွှန်ပြလိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းပင် အဆင်မပြေသလို တစ်ခုခု ပြောချင်သော်လည်း တုံ့ဆိုင်းသွားသည်။
“၃၀ ရာခိုင်နှုန်း။”
'ဘာ ၃၀ ရာခိုင်နှုန်း”
ကျန်းလျှို ဒေါသတကြီး ခုန်တက်လာသည်။
နဖူးပေါ်မှ ချွေးအေးများ ထွက်ကျလာသည်နှင့်အမျှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလျင်အမြန် ဒူးထောက်လိုက်သည်။ “အရှင်မင်းကြီး၊ အမြတ်အစွန်း တချို့ကို ယူပေမဲ့လည်း ဈေးကို နှစ်ဆတင်ထားပါတယ်။ လုပ်ငန်းကို စီမံခန့်ခွဲဖို့ ငွေက အမြဲလိုပါတယ်...'
ကျန်းလျှိုသည် သူ ငွေအမြောက်အမြားရရှိရန် သူ့ကို အားကိုးအားထားနေရကြောင်း သူသိလိုက်သောအခါ ဒေါသများ ပြေပျောက်သွားသည်။
သူသည် ဧကရာဇ်ဖြစ်ခဲ့သော်လည်း နိုင်ငံတော်ဘဏ္ဍာတိုက်ရှိ ငွေများသည် သူ့အတွက် လုံးလုံးလျားလျားမဟုတ်ပေ။ ငွေအမြောက်အမြားသုံးချင်ရင်တော့ ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးရဦးမယ်။
ကျန်းလျှိုသည် ကောင်းကင်ရတနာ ဖားပြုတ်ကို ကြည့်ကာ "ငါဘယ်နှစ်နှစ်နေနိုင်မလဲ"
ကောင်းကင်ရတနာ ဖားပြုတ်က “ငါးနှစ်”
ကျန်းလျှို့သည် ထိုစကားကိုကြားသောအခါ သူ့မျက်ခွံများ လှုပ်ရမ်းသွားသည် ။ အကြမ်းဖျင်းမှန်းဆထားသော်လည်း အဆင်မပြေနိုင်သေးပေ။ သူ့ခန္ဓာကိုယ်ကို သူအကောင်းဆုံးသိသော်လည်း နောင်တမရချေ။ သူဟာ ဒီဘဝမှာ အများကြီး ပျော်ပါးခဲ့ပြီး ကောင်းမွန်သော ပံ့ပိုးမှုများ လုပ်ခဲ့သည်။ သူ့မှာ နောင်တရစရာမရှိပါဘူး။
သူ့နေ့ရက်များက ပျင်းစရာကောင်းသည်ဟု ခံစားမိတဲ့အတွက် ရတနာတွေရှာဖို့ လူလတ်ပိုင်းကို အကူအညီတောင်းခဲ့သည်။
ထိုအချိန်တွင် လူတစ်ယောက် ဝင်လာသည်။ အိမ်ရှေ့စံ ကျန်းဟန် ဖြစ်သည် ။
ကျန်းဟန် အမြန်လျှောက်သွားလိုက်သည်။ လူလတ်ပိုင်းအရွယ်ကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ “အဖေဒ ဒီသားရဲ့ မြေးက အခုမှ မွေးလာတာပါ။ သူ့မျိုးဆက်နာမည်ကို ဘယ်လိုပေးရမလဲ”
ကျန်းလျှိုက ရယ်ပြီး "ကောင်းကင်ရတနာ ဖားပြုတ်၊ ငါ့မြစ်နာမည် ဘယ်လိုမျိုး ပေးသင့်လဲ”
ဖားပြုတ်က “သူ့ရဲ့ မျိုးဆက်နာမည်က ရွှမ်” ဟု ပြန်ဖြေသည်။
"ကျန်းရွှမ်။ မဆိုးပါဘူး၊ သူ့ကို အက္ခရာသုံးလုံးနဲ့ နာမည်ပေးသင့်တယ်။”
ကျန်းလျှို ပြုံးလိုက်သည်။ ထို့နောက် အိမ်ရှေ့မင်းသား ကျန်းဟန် ကိုကြည့်ကာ "မင်းရဲ့မြေးတော်က ရွှမ်ဆိုတဲ့ မျိုးဆက်နာမည်ကို ယူလိမ့်မယ်။ သူ့နာမည်ကို မင်းက ငါ့ဆီက ယူလို့ရတယ်။ ဒါကို ဂရုစိုက်ဖို့ ငါ့မှာ အချိန်မရှိဘူး။'
ကျန်းဟန်က မျက်မှောင်ကြုတ်ပြီး သူ့အကြည့်များက ကောင်းကင်ရတနာ ဖားပြုတ်ပါသော ဒယ်အိုးငယ်အပေါ် ရောက်သွားခဲ့သည်။ “အဲဒါ ဘာလဲ”
ကျန်းလျှိုက ဂုဏ်ယူစွာပြုံးပြီး “အရာရာကို သိနိုင်တဲ့ ရတနာတစ်ခုပဲ။ စကားမစပ် ရွှီပန်း ဒီအရာက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ။”
ရွှီပန်း ဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားက မဖြေမီ ဖားပြုတ်က “ငါ အသက်ရှင်ဖို့ အနှစ်သုံးရာကျန်သေးတယ်”
“မင်းက တကယ်ကို ဉာဏ်ကောင်းတယ်။ ပြီးရင် မင်းကို မေးခွန်းတွေ ထပ်မေးရဦးမယ်။"
ကျန်းလျှိုက သဘောကျသွားသည်။ ထို့နောက် သူက ကျန်းဟန်ကို ကြည့်ကာ "မြန်မြန်ထပြီး သွားတော့။ ငါမေးတာကို မင်းကို နားထောင်ခွင့်မပေးနိုင်ဘူး”
ကျန်းဟန်၏ မျက်မှောင်ကြုတ်မှုက ပိုနက်ရှိုင်းလာသည်။ သူ နှာခေါင်းရှုတ်ကာ သူ့အင်္ကျီလက်ကို ခါပြီး ထွက်သွားသည်။
ကျန်းလျှိုကို မကျေနပ်ကြောင်း ထင်ရှားသည်။ ကျန်းလျှိုသည် ကျင့်သားရနေပြီ ဖြစ်ပြီး လုံးဝဂရုမစိုက်ပေ။
“နံစော်နေတဲ့ကောင်၊ သူ့ကို တတ်နိုင်သမျှ မြန်မြန်ပြန်လာဖို့ ပြောလိုက်။ မင်းငါ့ကိုဘာလို့စိတ်ဆိုးနေသေးတာလဲ။ မင်းဧကရာဇ်မဖြစ်ချင်တော့ဘူးလား။ သူ့ရဲ့ အိမ်ရှေ့စံရာထူးကို ငါဖယ်ရှားလို့ရတာမလို့ သတိထားနေလို့”
ကျန်းလျှိုက သူ့ကို ရယ်မောကာ ကြိမ်းမောင်းပြီး ရွှီပန်းက မကြားချင်ယောင်ဆောင်လိုက်သည်။
ထို့နောက်တွင်၊ ကျန်းလျှိုသည် မေးခွန်းမျိုးစုံကို မမေးမီ စားပွဲပေါ်တွင် ထိုင်ကာ ဒယ်အိုးကို ချထားလိုက်သည်။
" တာအိိိိုဘိုးဘေး ဘာလိုချင်လဲ သိလား "
"တာအိုဘိုးဘေးက ဘယ်သူလဲ"
“တာအိုဘိုးဘေးက တကယ့်ကို မသေမျိုး နတ်ဘုရားနေမှာ။ မင်းမသိဘူးဆိုတော့ မေးခွန်းအသစ်တစ်ခုမေးပါရစေ၊ ကျန်းဟန်ဟာ ပညာရှိတဲ့ အုပ်ချုပ်သူလား။
"ငါ့မြေးဟာ ပညာရှိ အုပ်ချုပ်သူလား။"
"ခွေးမသား။ ဒီအဖေနဲ့ ဒီသားပဲ။ သူက ငါနဲ့တကယ်တူတယ်။"
ကျန်းလျှို ကျိန်ဆဲလိုက်သည်။ ရွှီပန်းသည် ထိုစကားကိုကြားပြီးချင်း အသတ်ခံရမည်ကို စိုးရိမ်ကာ နန်းတော်မှ ထွက်ခွါသွားချင်နေသည်။
"ဘာလို့ထွက်သွားတာလဲ။ မင်းက ငါ့အတွက် ဒီရတနာကို လှူတဲ့သူပဲ။ ငါ မင်းကို နှုတ်ပိတ်ချင်ရင် မင်းနားမထောင်ရင်တောင် သေလိမ့်မယ်"
ကျန်းလျှိုက ဟစ်အော်လိုက်ပြီး ရွှီပန်းသည် ချွေးစေးများ ထွက်လာသည်။
ကျန်းလျှိုက ဆက်မေးသည်။ မေးခွန်းတစ်ခုပြီးတစ်ခုမေးပြီးနောက်တွင် သူ၏အမူအရာသည် ပို၍လေးနက်လာသည်။
ရွှီပန်း တုန်လှုပ်သွားသည်။ နန်းတော်တွင်းရှိ မိန်းမစိုးများနှင့် နန်းတွင်းအစေခံများသည်လည်း ကြောက်ရွံ့ထိတ်လန့်မှုများနှင့်အတူ အရောင်ဖျော့သွားကြသည်။
တဖြည်းဖြည်းနှင့် ကျန်းလျှို၏အမူအရာသည် အလွန်အမင်း နက်မှောင်သွားသည်၏ ထိုအချိန်တွင် ဧကရာဇ်မင်း၏ စွမ်းအားများ ပြန်လည်ပေါ်လာသည်။
“အားလုံးပဲ ထွက်သွားကြ။ ရွှီပန်းနေပါဦး"
ကျန်းလျှိုက အသံနက်ကြီးဖြင့် ပြောသည်။ မိန်းမစိုးများနှင့် နန်းတော်မှ အစေခံများသည် ကမန်းကတန်း ဒူးထောက်ကာ ဦးညွှတ်ကာ ထွက်ခွာသွားကြသည်။
သူတို့ထွက်သွားပြီးနောက် ကျန်းလျှိုက "ဝတ်ရုံဖြူ အစောင့်တွေ ဘယ်မှာလဲ" ဟု ထပ်မေးသည်။ ပုံရိပ်တစ်ခု လျင်မြန်စွာဝင်လာပြီး သူ့ရှေ့တွင် ဒူးထောက်လိုက်သည်ဓ
“ခုနက ထွက်သွားတဲ့ မိန်းမစိုးတွေနဲ့ နန်းတွင်းအစေခံတွေအားလုံးကို သတ်ပစ်လိုက်ပါ။ ဘယ်သူ့ကိုမှ အသက်မရှင်စေနှင့်။ အနှောင့်အယှက်မဖြစ်စေနဲ့"
“ဟုတ်ကဲ့ပါ”
အဖြူရောင်စစ်သည်က အမြန်ထွက်သွားသည်။ ရွှီပန်းသည် ကြောက်လန့်တကြား တုန်လှုပ်သွားပြီး မော့မကြည့်ဝံ့ဘဲ မြေပြင်နှင့် နဖူးကို ဖိလိုက်သည်။