← Chapters

ဝိညာဥ်ဖြူကောင်းကင်မျောက်၊ ချွမ်းလျန့်မျိုးနွယ်

Vol. 20 Ch. 294

ဝိညာဥ်ဖြူကောင်းကင်မျောက်၊ ချွမ်းလျန့်မျိုးနွယ်

Vol. 20 Ch. 294

နှစ်ကုန်သည့်အချိန် နှင်းက မြို့ကို ဖုံးလွှမ်းသွားသည်။ ကျင်းချန်သည် J ကြီးမားသော အဖြူရောင်ကြားတွင် မတူညီသော အလှတစ်ခု ဖြစ်နေသည်။

ဤမြို့သည် သမိုင်းတွင် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည်။ ၎င်းကို မဟာကျင်း တည်ထောင်တုန်းက ဆောက်ခဲ့တာ မဟုတ်ပေ။ ယခင် စီရင်စု ၁၃ ခုတွင်၊ ၎င်းသည် တစ်ချိန်က မင်းဆက်နှစ်ဆက်၏ တော်ဝင်မြို့တော် ဖြစ်ခဲ့သည်။ ယခင် ချူး မင်းဆက်၏ နိုင်ငံရေးဗဟိုချက်မှာလည်း ကျင်းချန် ဖြစ်သည်။

ကျန်းချန်ရှန်းသည် ကမ္ဘာမြေဝိညာဉ်သစ်ပင်ပေါ်တွင် ထိုင်ကာ မြို့တစ်ခုလုံးကို ငုံ့ကြည့်နေသည်။ လမ်းမများနှင့် လမ်းကြားများတွင် သွားလာနေကြသော လူများကို ကြည့်လိုက်သောအခါ သူ၏ စိတ်ခံစားမှုများ တဟုန်ထိုး တိုးလာသည်။

သူ့အရင်ဘဝတုန်းကလည်း အသက်မွေးဝမ်းကြောင်းပြုဖို့ လှည့်ပတ်ပြေးရတဲ့ သေမျိုး ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် ဤသာမန်လူများ၏ နေရာတွင် မိမိကိုယ်ကို ထားကာ လောကီစည်းမျဉ်းများကို နားလည်နိုင်သည်။ မရှိဟု ထင်ရသည့် မမြင်နိုင်သော စွမ်းအားတစ်ခုသည် လောကီလောကကို အမြဲတမ်း ဦးတည်ချက် တူညီစွာ တိုးတက်စေနိုင်သည်။

တာအို၏ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံရေး နည်းလမ်းကို ကျင့်ကြံခြင်းဖြင့် ကျန်းချန်ရှန်းသည် လူ့လောကနှင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို စောင့်ကြည့်လေ့လာရန် ပို၍ နှစ်သက်လာကြောင်း သဘောပေါက်လာသည်။ မြက်ပင်တစ်ပင်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းသည်ပင်လျှင် နားလည်မှုအချို့ကို ရရှိစေနိုင်သည်။ ဤသည်မှာ မသေမျိုးဖြစ်လာရန်နှင့် ဘဝကို နားလည်နိုင်ရန် လိုအပ်သောလမ်းဖြစ်နိုင်သည်။

ကျန်းချန်ရှန်းသည် ကျင်းချန်၏ အခြေအနေကို ကြည့်ပြီး သူအရင်က ကူညီခဲ့ဖူးသော ယုံကြည်သူများအကြောင်း တွေးလိုက်မိသည်။

သူ၏အကူအညီကို လက်ခံရရှိသော ယုံကြည်သူအားလုံးသည် သူတို့၏ဘဝများ ပြောင်းလဲသွားကြသည်။ သို့သော် လူတိုင်းက ပိုကောင်းအောင် မပြောင်းလဲနိုင်ခဲ့ကြပေ။ အချို့က ပိုဆိုးသွားကြပြီး တချို့က သူ့ကို မယုံကြည်ကြတော့ပေ။ အခြေအနေအမျိုးမျိုးရှိသည်။

ဥပမာ၊ သူ့ယုံကြည်သူတွေထဲက တစ်ယောက်က သူတို့မြို့မှာရှိတဲ့ အုပ်စိုးရှင်မိသားစုတွေရဲ့ ဖိနှိပ်ခံရပြီး အကြံဉာဏ်လည်း ကုန်သွားပြီဖြစ်ရာ သူ့အကူအညီလိုသည်။ သို့သော်လည်း ထိုလူသည် သိုင်းပညာ လေ့ကျင့်ရာမှ ပြန်လာပြီး တဘက်လူ၏ မိသားစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး တာဝန်ရှိသူများက သူတို့အား လိုက်လံဖမ်းဆီးတော့သည်။ သူတို့ထွက်ပြေးလာတာနဲ့အမျှ လူတွေလည်း ပိုများလာသည်။ သူတို့မှာ ရွေးချယ်စရာမရှိသော်လည်း ဆိုးသွမ်းမှုက ပိုများလာသည်။

တစ်ချို့က သူ့ကို ယုံကြည်ပြီး ကမ္ဘာကြီးကို အကျိုးပြုချင်ပေမယ့် နောက်ကျောကို ဓားနဲ့ထိုးခံရပြီး အကောင်းကနေ အဆိုးဘက်ကို လှည့်သွားသည်။

ပိုမိုကောင်းမွန်တဲ့ဘက်ကို လှည့်လာတဲ့သူတွေလည်း အများကြီးရှိသည်။ အချို့က သေခြင်းတရားနှင့် တွေ့ကြုံဖူးသည်။ စိတ်ပျက်အားငယ်မှု ကြုံတွေ့ပြီးနောက် တရားမျှတမှုကို ထောက်ခံရန် သူ၏ အမည်ကို အသုံးပြုခဲ့ကြသည်။

ဤအရာအားလုံးသည် ကျန်းချန်ရှန်းက သူ၏ဝတ်ပြုသူများကို ဆက်ဆံပုံသည် အလွန်ရှုပ်ထွေးသော ပြဿနာဖြစ်ကြောင်း ခံစားစေခဲ့သည်။ သို့သော်၊ ထိုပြဿနာကိုရင်ဆိုင်ရသော်လည်း သူသည် တုံ့ဆိုင်းမနေဘဲ သူ၏ဝတ်ပြုသူတစ်ဦးကို လစဉ်ကူညီပေးသည့်အကြိမ်ရေကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ သို့သော်၊ သူ့အကူအညီကို မစောင့်နိုင်သူ ဤကမ္ဘာတွင် အမြဲရှိနေပေလိမ့်မည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော အဖြစ်မှန်ဖြစ်သည်။

အကယ်၍ သူသည် အင်မော်တယ်တာအိုကို တည်ထောင်ခဲ့ပြီး ကမ္ဘာကြီးကို ကူညီရန် မသေမျိုး နတ်ဘုရားများကို ဖန်ဆင်းခဲ့မည်ဆိုလျှင်၊ လူများစွာသည် သူတို့၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်ပေလိမ့်မည်။ ၎င်းက ပိုဆိုသော ကံကိုလည်း ဖန်တီးနိုင်သည်။

ကျန်းချန်ရှန်း ထိုအကြောင်းကို တွေးနေစဉ်တွင် သူ့ခန္ဓာကိုယ်ရှိ တာအို သစ်သီးသည် ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် သူ့ဝိညာဉ်ထဲသို့ တိုးဝင်လာကာ မီးငြိမ်းသွားသည်။

သူရုတ်တရက်သဘောပေါက်လာပြီး ကိုယ့်ကိုယ်ကို သရော်လှောင်ပြောင်တဲ့အတွေးနဲ့ “အရင်က ငါဟာ ကိုယ့်အတွက်ပဲ အသက်ရှင်ချင်တယ်၊ တစ်ကိုယ်ကောင်းဆန်တဲ့ဘဝနဲ့ အသက်ပိုရှည်ချင်တယ်။ အခုက တခြားသူတွေကိုလည်း စိတ်ပူတယ်။ ငါ့မှာ လုံလောက်တဲ့ စွမ်းအားရှိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ငါလိုချင်တဲ့ အဆင့်ကို မရောက်သေးဘူး။”

သူသည် သူ၏လက်ရှိစိတ်သဘောထားကို ငြင်းပယ်ခြင်းမရှိသော်လည်း အပြင်းထန်ဆုံးနှင့် ထာဝရအသက်ရရှိရန် သူ၏ပန်းတိုင်ကို အခိုင်အမာ လိုက်လျှောက်ရမည်ဖြစ်သည်။

ရွှေကျီးကန်းသည် သူ့ပခုံးပေါ် လှဲချလိုက်ပြီး ခေါင်းကို သူ့မျက်နှာနှင့် ပွတ်လိုက်သည်။ မီးတောက်က သူ့ကို မထိခိုက်စေပေ။ အဲဒီအစား သူ့ကို နွေးထွေးစေသည်။

တစ်ချိန်တည်းမှာပင် စစ် ခရိုင်အပြင်ဘက်။

တောင်ပေါ်လမ်းတစ်ခုတွင် ကျန်းရယ်သည် လက်တစ်ဖက်ပေါ်ရှိ အိတ်တစ်လုံးကိုသယ်ကာ အလျင်အမြန်လျှောက်နေသည်။ စစ်ပြည်နယ်၏ ရှုခင်းကို ကြည့်ရင်း သူမျှော်လင့်ထားသည့် အမူအရာ ပေါ်လာသည်။

သူ့ပခုံးပေါ်မှာ ဆံပင်ဖြူမျောက်တစ်ကောင် ရှိနေသည်။ သူက ခေါင်းကို ကုတ်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်သည်။ အသံတိုးတိုးလေးဖြင့် မေးသည် "ကျန်းရယ် တာအိုဘိုးဘေးက စစ်ပြည်နယ်မှာ ရှိနေတာ သေချာလား။ ဒီပြည်နယ်မှာ အရမ်းအစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အရှိန်အဝါကို ငါ ဘာကြောင့် မရတာလဲ”

ကျန်းရယ်က ဂုဏ်ယူစွာပြောသည် "ဒါက တာအိုဘိုးဘေးက မင်းရဲ့အသိဥာဏ်ထက် အများကြီးသာလွန်နေလို့ပဲ။ မင်းသူ့ကို သေချာပေါက် အာရုံမခံနိုင်ဘူး”

ဆံပင်ဖြူမျောက်ကလေးက ဟစ်အော်ပြီး “မင်း ဘယ်လို ကြွားရမယ်ဆိုတာ သိသားပဲ။ ဒါကိုကြည့်ရင် လူသားတွေက ချွမ်းလျန့် မျိုးနွယ်စု ကျူးကျော်တာကို မခုခံနိုင်လောက်ဘူး။ မြိုင်ဟေဝန် တောင်ပိုင်းမှာ ချွမ်းလျန့် မျိုးနွယ်စုက ကြီးစိုးနေတာ။ အားလုံးက သူတို့ကို အနေအထားတစ်ခုထိ ရှိန်ကြတယ်။ သူတ်ု့ ပစ်မှတ်ထားခံရတာ မကောင်းဘူး”

ကျန်းရယ်က စိတ်မရှည်စွာနဲ့ “မင်းလမ်းမှာ အကြိမ်အများကြီး ကြွားလုံးထုတ်တာကို ငါကြားပါတယ်။ ချွမ့်လျန် မျ်ုးနွယ်စုက ဘယ်လောက်ပဲ အားကောင်းပါစေ ငါတို့ လူသားတွေက မကြောက်ဘူး။ တိုက်ပွဲပြီးရင် အမှန်တရားကို ငါတို့မြင်နိုင်မှာပါ”

ဆံပင်ဖြူမျောက်ကြီးက လက်ကိုဖြန့်ပြီး “အင်း၊ ငါ မင်းကို စိတ်ပူနေတာ။ ဆရာကြီးက မင်းကိုကာကွယ်ဖို့ လွှတ်လိုက်တာ။ ငါ့မှာ အစွမ်းထက်တဲ့ ခွန်အားတွေ မရှိပေမယ့် အသိပညာ ဗဟုသုတတော့ ရှိနေဆဲပဲလေ”

ကျန်းရယ်က နှုတ်ခမ်းကို ကော့ပြီး ငြိမ်နေလိုက်တယ်။

သူ့ဆရာ ပေးထားသော တာဝန်ကို သူ မှတ်မိနေသေးသည်။ ယခု သူပြန်ရောက်လာသောအခါ ဘုရင်ကြီးဖြစ်လာတော့မည်။

သို့သော်၊ သူသည် ရွှင်ထျန်းမြို့တော်သို့ နှစ်ပေါင်းများစွာ မပြန်ခဲ့သဖြင့် တိုက်ရိုက်ပြန်ရန် မသင့်တော်ပေ။ ထို့ကြောင့် သူသည် တာအိုဘိုးဘေးကို ရှာဖွေပြီး သူ့အား စကားပြောရန် တောင်းဆိုမည်။

လူနှင့် မျောက်သည် နှင်းဖြူဖြူများထဲသို့ တလှမ်းချင်း လျှောက်သွားကာ ခြေရာများကို ချန်ထားခဲ့သည်။ သို့သော်လည်း မကြာမီ သူ့ခြေရာများကို နှင်းများဖုံးလွှမ်းသွားကာ သဲလွန်စများ မကျန်တော့ပေ။

နောက်တစ်နေ့မွန်းတည့်ချိန်တွင် ကျန်းရယ်သည် အလည်အပတ်ခရီး ရောက်ရှိလာသည်။ သူသည် မင်းသားတစ်ပါးဟု ဆိုကာ မေတ္တာရပ်ခံရန် ဤနေရာ၌ ရှိနေသည်။

ကျန်းချန်ရှန်းက သူ့ကို လုံချီတောင်သို့ ဝင်ခွင့်ပြုဖို့ သဘောတူလိုက်သည်။ ခြံဝင်းသို့ ဝင်လိုက်သည်နှင့် ခြံဝင်းထဲက မြင်ကွင်းက သူ့ကို ဆွဲဆောင်သွားသည်။

မူလင်းလော့နှင့် ကျီဝူကျွင်းတို့သည် ကောင်းကင်မှ နတ်သမီးများကဲ့သို့ပင် လှပသည်။ ရဲရွှင်း နှင့် ဓားဘုရားသည် ရက်စက်သော ကျွမ်းကျင်သူများကဲ့သို့ တံစက်မြိတ်ပေါ်တွင် ထိုင်ကာ တရားထိုင်နေကြသည်။ ကျန်းထန်းမင်အား သင်ကြားပို့ချပေးသော ဆရာတော်ပိုင်သည် အခြားလောကမှ ပညာရှင်တစ်ဦးနှင့် တူနေသည်။ ပိုင်ချီ၊ နဂါးဖြူ၊ ထိုက်ဝါ၊ထိုက်ရှီ နှင့် ရွှေကျီးကန်းတို့က သူ့ကို ပို၍ပင် ကြောက်ရွံ့စေသည်။

“တော်ဝင် မျိုးနွယ်”

ဆံပင်ဖြူ မျောက်ကလေးက အံ့သြတကြီး အော်ဟစ်လိုက်ပြီး သူ့လေသံမှာ မယုံကြည်နိုင်မှု အပြည့် ဖြစ်နေသည်။

တုန်တုန်ယင်ယင်ဖြင့် ၎င်း၏အကြည့်များသည် ထိုက်ဝါ နှင့် ထိုက်ရှီတို့ဆီ ရောက်သွားသည်။

ကျန်းရယ် ကြားသောအခါ ထ်ုက်ဝါနှင့် ထိုက်ရှီကို မကြည့်ဘဲ မနေနိုင်တော့ပေ။

ခြံတွင်းရှိ လူတိုင်းသည် သူ၏ အော်ဟစ်မှုကြောင့် ထိုက်ဝါ နှင့် ထိုက်ရှီ ကို ကြည့်လိုက်ကြသည်။

ကျန်းချန်ရှန်းက သူ့မျက်လုံးကိုဖွင့်ပြီး "လာပါ"

ကျန်းမိသားစု ရှေးရိုးအသွေးအသား၏ သင်္ကေတဖြစ်လာသည့် ဒေါင်လိုက် မွေးကာပါ အမှတ်အသားက ကျန်းရယ်၏ မျက်ခုံးတွင် ရှိသည်။

ကျန်းရယ်သည် ကျန်းချန်ရှန်းကို ကြည့်ကာ ပို၍ပင် ကြောက်ရွံ့လာသည်။ ကျန်းချန်ရှန်းသည် ငယ်ရွယ်ပြီး ချောမောပုံရသော်လည်း၊ သူသည် တာအိုဘိုးဘေးဖြစ်သည်ကို တစ်ချက်မျှဖြင့် ခန့်မှန်းနိုင်သည်။

တာအိုဘိုးဘေးသည် ပြစ်ချက်ကင်း ချောကာ ၎င်း၏အသွင်အပြင်၊ ကိုယ်လုံးကိုယ်ပေါက်နှင့် စိတ်နေစိတ်ထားတို့ကို ထင်ဟပ်စေကြောင်း ကောလဟာလများ ထွက်နေသည်။

ကျန်းရယ်သည် ကျန်းချန်ရှန်းထံရောက်လာပြီး ဒူးထောက်လိုက်သည်။ "ကျန်းရယ်က တာအိုဘိုးဘေးကို ဂါရဝ ပြုပါတယ်”

ဆံပင်ဖြူမျောက်သည် ကျန်းချန်ရှန်းအား ကြည့်လိုက်ရာ သူ့အား ဖောက်ထွင်း မမြင်နိုင်သည်ကို သိလိုက်ရသောအခါ ထိတ်လန့်သွားသည်။ သို့သော် ကျန်းချန်ရှန်း၏ ပြုံးနေသော မျက်လုံးများနှင့် ဆုံသောအခါ ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားခဲ့သည်။

ကျန်းချန်ရှန်းက ဖြည်းညှင်းစွာ "မင်းဘာဖြစ်လို့လဲ”

ကျန်းရယ်က မော့ကြည့်လိုက်ပြီး သူ့အရင်က ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြသည်။ သူ စကားပြောလေလေ ဝမ်းနည်းလေလေဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် ကျန်းချန်ရှန်းကို တွေ့လိုက်ရသောအခါတွင် သူ နားမလည်နိုင်စွာ ရင်းနှီးသွားသည်။ ဤအရာများကို သူ့ဆရာအား ပြောပြသောအခါ၌ပင် သူသည် အလွန်စိတ်မကောင်းဖြစ်မိချေသည်။

ကျန်းချန်ရှန်းက ကြားသောအခါ သူက "ဒါဆို မင်းဘာလိုချင်လို့လဲ။ လက်စားချေတာလား”

ကျန်းရယ်က ခေါင်းခါပြီး "ကျွန်တော် ပြန်သွားချင်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ပျောက်နေခဲ့တာဆိုတော့

ကျန်းချန်ရှန်းက “ဟုတ်ပြီ ငါ နားလည်ပြီ ဧကရာဇ်မင်းကို မင်းကို ဘုရင်ဘွဲ့ပေးခိုင်းလိုက်မယ်”

ကျန်းရယ်က သူ့ယုံကြည်သူမို့ သူ့အတွေးများကို ကြားနေရသည်။

ထိုအရာကိုကြားတော့ ကျန်းရယ်သည် အံ့သြဝမ်းသာဖြစ်ပြီး ကျန်းချန်ရှန်းအား အလျင်စလို ကျေးဇူးတင်လိုက်သည်။

ကျန်းချန်ရှန်းက ဆံပင်ဖြူ မျောက်ကို စိုက်ကြည့်ရင်း “မြိုင်ဟေဝန်ရဲ့ တော်ဝင် မျိုးနွယ်ကို သိလား”

တကယ်တော့ သူ မှန်းဆပြီးသားပင်။ မြိုင်ဟေဝန်၏ တော်ဝင်မျိုးနွယ် ကျောက်စာချပ်ကို ကြည့်သောအခါ နာဂတကောင်ကို တွေ့လိုက်ရသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ထိုက်ဝါနှင့် ထိုက်ရှီတို့သည် ဧကရာဇ်မျိုးနွယ်မှဖြစ်သည်။ သူတို့သည် ကမ္ဘာ့ဖျက်ဆီးရေးသစ်ပင်၏ ကာကွယ်မှုဖြင့် မွေးဖွားလာခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။ သတ္တဝါများက သူတို့ကို ကာကွယ်ရန် တွန်းအားပေးသည့် ဧကရာဇ်မျိုးနွယ်နှင့် ပတ်သက်၍ ထူးထူးခြားခြား တစ်စုံတစ်ရာ ရှိရမည်။ ဒါက တော်ဝင်မျိုးနွယ်ရဲ့ အရည်အချင်းပဲ။

ဆံပင်ဖြူမျောက်က ခေါင်းမယမ်းခင် ခေါင်းညိတ်သည်။ “သူတို့ကို ငါကိုယ်တိုင် မသိပေမယ့် ငါ့လူမျိုးက ငါတို့ရဲ့ မှတ်ဉာဏ်တွေကို မျိုးဆက်တစ်ခုပြီးတစ်ခု ကူးပေးတယ်။ ငါတို့ဘိုးဘေးတွေရဲ့ မှတ်ဉာဏ်ထဲမှာ အင်ပါယာရုပ်ပုံတွေပါတယ်။ သူတို့ကြည့်ရတာ အတူတူပါပဲ။”

အားလုံးက သူတို့ကို ဝိုင်းသွားသည်။ ထိုက်ရှီသည် စိတ်အလှုပ်ရှားဆုံးဖြစ်သည်။ သူသည် ဆံပင်ဖြူမျောက်ကို ဖမ်းကိုင်ကာ တော်ဝင်မျိုးနွယ်ကို မေးခွန်းထုတ်သည်။ သို့သော်လည်း ထိုက်ဝါမှာ အေးဆေးတည်ငြိမ်နေပြီး သူမ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။

ဆံပင်ဖြူ မျောက်ကလေးသည် အလွန်စိတ်လှုပ်ရှားသွားပြီး “တော်ဝင်မျိုးနွယ် အကြောင်းကို သူတို့ပတ်ဝန်းကျင်က ဒဏ္ဍာရီတွေလောက်ပဲ သိတယ်။ ရှိသမျှ တော်ဝင်မျိုးနွယ်တွေ သုတ်သင်ရှင်းလင်းခံခဲ့ရပြီးတော့ ကမ္ဘာအနှံ့ပြန့်နေတာ နည်းနည်းလောက်ပဲ ကျန်တော့တယ်။ မင်းငါ့ကိုမေးရင်တောင် ငါမသိဘူး”

ကျန်းရယ်၏ နှလုံးသားက နာကျင်လာပြီး " တာအိုဘိုးဘေး၊ ဧကရာဇ်မျိုးနွယ်နဲ့ ယှဉ်ရင် သတိထားရမယ့် နောက်ထပ်မျိုးနွယ်တစ်ခု ရှိပါသေးတယ်။ အဲဒါ ချွမ်လျန့် မျိုးနွယ်စုပါ။ ချွမ်လျန့်မျိုးနွယ်စုက လူသားတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။”

သူပြောပြီးသည်နှင့် လူတိုင်း၏ အကြည့်များက သူ့ဆီ ရောက်သွားကြသည်။

ဆံပင်ဖြူမျောက်က အားတက်သရော ခေါင်းညိတ်ပြီး “မှန်ပါတယ်။ လူသားတွေရဲ့ လှုပ်ရှားမှု အပိုင်းအခြားက ပိုမိုကြီးမားလာပြီးတော့ ကောင်းကင်သိုင်းဥပဒေက မျိုးနွယ်အများအပြားဆီမှာ ပြန့်နှံ့နေပါပြီး။ ဒီနည်းစနစ်က မြိုင်ဟေဝန်ရဲ့ တောင်ဘက်ခြမ်းက ချိန်ခွင်လျှာကို ဖျက်ဆီးပစ်လိမ့်မယ်။ ထုံးစံအတိုင်း၊ သူတို့ကိုယ်သူတို့ အုပ်စိုးသူလို့ ယုံကြည်တဲ့ ချွမ်းလျန့်မျိုးနွယ်စုက ဘာမှမလုပ်ဘဲ ထိုင်နေမှာမဟုတ်ဘူး...

ကျန်းချန်ရှန်းက စိတ်ထဲကနေ မေးလိုက်သည်။

"ချွမ်းလျန့် ရဲ့ အင်အားအကြီးဆုံးက ဘယ်လောက် အစွမ်းထက်လဲ"

[အမွှေးတိုင် 5,550,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]

မလုပ်ဘူး

"ချွမ်းလျန့်မျိုးနွယ်စု ဖိတ်ခေါ်နိုင်တဲ့ အင်အားအကြီးဆုံးသူက ဘယ်လောက် အစွမ်းထက်လဲ"

[အမွှေးတိုင် 5,900,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]

မလုပ်ဘူး

ကောင်းကင် ဧကရာဇ် ပဉ္စမအဆင့်။

ဘယ်လောက်အစွမ်းထက်လိုက်သလဲ။

၎င်းကိုကြည့်ခြင်းအားဖြင့် ချွမ်းလျန့်မျိုးနွယ်စုသည် လူသားမျိုးနွယ်နှင့် အလွန်ဝေးကွာသည်။ လွန်ခဲ့သောနှစ်နှစ်က၊ စနစ်၏ အကျော်ကြားဆုံးသော ကျွမ်းကျင်သူ၏တန်ဖိုးသည် အမွှေးတိုင် ၆ ဘီလီယံကျော်သာရှိခဲ့သည်။

ကျန်းချန်ရှန်းသည် ဆံပင်ဖြူ မျောက်၏ စကားကို သတိပြုမိသည်။

ဒီစနစ်ဟာ မြိုင်ဟေဝန်ရဲ့ တောင်ဘက်ပိုင်းဒေသကိုပဲ လွှမ်းခြုံထားတာ ဖြစ်နိုင်လား။ တောကန္တာရကြီးက ဘယ်လောက်ကြီးလဲ။

ဆံပင်ဖြူမျောက်ကို တစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်လာသည်။

ဆံပင်ဖြူ မျောက်ကလေးသည် တောတွင်းရှိ ဝိညာဉ်တော် မျောက်ကြီး ခုနစ်ကောင်အနက်မှ တစ်ကောင်ဖြစ်ပြီး ဝိညာဉ်ဖြူ ကောင်းကင်မျောက် ဖြစ်သည်။ ဝိညာဉ်မျောက်ခုနစ်ကောင်တွင် မတူညီသောစွမ်းရည်များရှိပြီး ဝိညာဉ်ဖြူကောင်းကင်မျောက်များသည် ၎င်းတို့၏ဘိုးဘေးများထံမှ မှတ်ဉာဏ်များကို အမွေဆက်ခံနိုင်ကာ မြိုင်ဟေဝန်၏ များစွာသောအကြောင်းအရာများကို သိနိုင်စေမည်ဖြစ်သည်။

၎င်းအဆိုအရ၊ မြိုင်ဟေဝန်သည် အလွန်ကျယ်ပြောပြီး ဝိညာဥ်ဖြူ ကောင်းကင်မျောက် မျိုးနွယ်ပင် နားမလည်နိုင်ပေ။ တောင်ပိုင်းဒေသတစ်ခုတည်းသည် အဆုံးမရှိဟု ယူဆထားပြီးဖြစ်သည်။ ထို့အပြင်၊ အဆုံးမဲ့သမုဒ္ဒရာသည် လူသားများနှင့် နတ်ဆိုးများအတွက်သာ အဆုံးမဲ့ဖြစ်ခဲ့သည်။ အမှန်မှာ၊ ၎င်းသည် ကြီးမားကျယ်ပြန့်သော မြိုင်ဟေဝန်ရှိ ပင်လယ်မျှသာဖြစ်သည်။ ထိုကဲ့သို့ ပင်လယ်ယေများ အများကြီး ရှိပါ သေးသည်။

ချွမ်းလျန့်မျိုးနွယ်စုသည် ရှေးခေတ်ကတည်းက ဤနေရာတွင် နေထိုင်ခဲ့ကြသည်။ ဟိုးရှေးရှေးတုန်းက လူသားများမှာ တောကြီးထဲက နှင်ထုတ်ခံခဲ့ရသည်။ ဧကရာဇ်မျိုးနွယ်၏ အမိန့်ကို နာခံပြီး ၎င်းတို့ကို နှင်ထုတ်ခဲ့သည်မှာ ချွမ်းလျန့်မျိုးနွယ်စု ဖြစ်သည်။ ထို့ကြောင့် လူသားများ ပြန်လာခြင်းသည် ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့ပြီး ချွမ်းလျန့် မျိုးနွယ်အား အလွန်မကျေနပ်မှု ဖြစ်စေခဲ့သည်။ သိပ်မကြာခင်မှာပဲ ချွမ်းလျန့်မျိုးနွယ်စုက တိုက်ခိုက်လာမည် ဖြစ်သည်။ ကောင်းကင်ဘုံ သိုင်းဥပဒေကို ချေမှုန်းလိုကြသည်။ ကောင်းကင်သိုင်းဥပဒေကို စွဲကိုင်သူတိုင်း အထူးသဖြင့် ဖန်တီးသူသည် သေရမည်။ အဲဒါက သူတို့၏ အဓိက ရည်မှန်းချက်ပင်။

ချွမ်းလျန့် မျိုးနွယ်တွင် မျိုးနွယ်စုပေါင်း တစ်ထောင်ကျော်ရှိပြီး မျိုးနွယ်စုတစ်ခုစီတွင် လူဦးရေ သန်းတစ်ရာကျော်ရှိသည်။ သာယာဝပြောသော နိုင်ငံနှင့် ဆင်တူသည်။ မြိုင်ဟေဝန်တွင် သူတို့ကိုယ်သူတို့ ထူထောင်နိုင်သော အသိဉာဏ်ရှိတဲ့ ဘယ်မျိုးနွယ်မဆို ချွမ်းလျန့်မျိုးနွယ်စုကို အရိုအသေပေးရသည်။

ချွမ်းလျန့်မျိုးနွယ်စု အကြောင်းကို ဝိညာဥ်ဖြူ ကောင်းကင်မျောက် ၏ဖော်ပြချက်ကိုကြားသောအခါ လူတိုင်းက ပို၍ အံ့သြသွားကြသည်။ ဤကဲ့သို့သော တန်ခိုးကြီးသောမျိုးနွယ်စုကြီးသည် မြိုင်ဟေဝန်ထဲတွင် ကွယ်ဝှက်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ကျန်းချန်ရှန်းသည် လေးလေးနက်နက် တွေးနေမိသည်။

သူသည် ယခင်ဘဝက ချွမ်းလျန့် အကြောင်း ကြားဖူးသည်။ ၎င်းတို့ကို တောင်တန်းများနှင့် ပင်လယ်များ ကျမ်းတွင် မှတ်တမ်းတင်ထားသည်။ အခြားတိုက်ကြီးများ၏ဒဏ္ဍာရီများတွင် ချွမ်းလျန့် အရိပ်လည်းရှိသည်ဟုဆိုသည်။

ဒီသိုင်းပညာလောကနဲ့ ကမ္ဘာမြေကြားက ဆက်ဆံရေးက ဘယ်လိုလဲ။

ကျန်းချန်ရှန်းက "မင်း ရွှင်ထျန်းမြို့ကို ပြန်ရောက်တဲ့အခါ ပြင်ဆင်မှုတွေလုပ်ဖို့ ဧကရာဇ်မင်းကို ပြောပါ"

ကျန်းရယ်က ခေါင်းညိတ်ပြပြီးနောက် ကျန်းချန်ရှန်း မျက်လုံးများကိုမှိတ်ထားလိုက်သည်။

တခြားသူများပ အဖြူရောင် ကောင်းကင်မျောက်ကို ဆွဲထုတ်ပြီး မေးခွန်းထုတ်ကြသည်။ ဝိညာဉ်ဖြူ ကောင်းကင်မျောက်က သူတို့ကို ကြောက်နေတာကြောင့် သူတို့၏မေးခွန်းများကို တစ်ယောက်ပြီးတစ်ယောက် ဖြေလိုက်သည်။ လူအုပ်ကြီးက သူတို့ကို တွန့်ဆုတ်စွာ လွှတ်လိုက်သည်က ညမိုးချုပ်မှ ဖြစ်သည်။

တောင်ပေါ်မှဆင်းသွားပြီးနောက် ကျန်းရယ် နှင့် ဝိညာဉ်ဖြူကောင်းကင်မျောက်တို့သည် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ငါအခု ယုံသွားပြီ။ တာအိိုဘိုးဘေးက သေမျိုးမဟုတ်ဘူး။ သူက တော်ဝင်မျိုးနွယ်နဲ့ မျိုးသုဉ်းသွားတဲ့ နဂါးအစစ်ကိုတောင် မွေးရဲတယ်။ အဲဒီသစ်ပင်ပေါ်က မီးကျီးကန်းကလည်း ထူးခြားတယ်။ ငါ့ဘိုးဘေးတွေရဲ့ မှတ်ဉာဏ်တွေထဲမှာ ဒီလိုသတ္တဝါမျိုး မရှိဘူး…”

ဝိညာဉ်ဖြူ ကောင်းကင်မျောက်က ငိုကြွေးမြည်တမ်းသည်။ ကျန်းရယ်က ဂုဏ်ယူစွာနဲ့ ခေါင်းကိုမော့လိုက်သည်။

All Chapters