သဲဟွမ်ခေတ်၊ နတ်ဆိုးဧကရာဇ် လမ်းစဥ်
Vol. 20 Ch. 295
ရန်ယွမ်ခေတ်၏ ၃၂ နှစ်မြောက် ဧပြီလအစတွင်၊ ဧကရာဇ်မင်းသည် ကာလကြာရှည်စွာ ပျောက်ဆုံးသွားခဲ့သော သတ္တမမြောက်မင်းသား ကျန်းရယ် (ဘုရင်ကျင်း) အပါအဝင် စုစုပေါင်း မင်းသား ၁၂ ဦးကို သရဖူဆောင်းခဲ့သည်။
နောက်ထပ် ဘုရင်ဆယ့်နှစ်ပါး ကမ္ဘာပေါ်တွင် မွေးဖွားခဲ့ပြီး ၎င်းတို့အားလုံးသည် ဖုန့်ထန်းတွင် နေထိုင်ကြသည်။ ဖုန့်ထန်းက ထူးခြားသည်။ ကြီးကျယ်ခမ်းနားသော နိုင်ငံဖြစ်သော်ငြားလည်း ကြီးမားလွန်းရာ အပိုင်းပိုင်း ခွဲရန် လိုအပ်သည်။ ဒါကို လီယာ လက်ခံနိုင်သည်။ သူသာ မဟာကျင်းကဲ့သို့ ကြီးမားသော လက်အောက်ခံနိုင်ငံကို ချုပ်ကိုင်ရလျှင် ဧကရာဇ်မင်း၏ ဓားသွားသည် တစ်နေ့ သူ့အပေါ် ကျလာမည် စိုးရိမ်သောကြောင့် သက်သာရာရမည်မဟုတ်ပေ။
ယနေ့
ကျန်းလျှိုသည် မနက်ခင်းတရားခွင်အစည်းအဝေးကျင်းပသည်ကို တက်ရောက်သည်မှာ ရှားရှားပါးပါးဖြစ်ပြီး အရာရှိများအားလုံး စုဝေးကြသည်။ ခမ်းနားထည်ဝါသော ခန်းမကြီးသည် အလွန်အသက်ဝင်နေပြီး အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံး အလွန်ပျော်ရွှင်ကြသည်။
ကျန်းလျှိုသည် ကောင်းကင်ရတနာ ဖားပြုပ်နှင့်အတူ လာသောအခါ ခန်းမသည် နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်။
ကောင်းကင်ရတနာ ဖားပြုပ်သည် ဒယ်အိုးငယ်ထဲတွင် ရှိနေသေးသည်။ ကျန်းလျှိုသည် မိန်းမစိုးတစ်ယောက်၏အကူအညီဖြင့် နဂါးပလ္လင်ဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ နှစ်များကြာလာသည်နှင့်အမျှ သူသည် အလွန်လျင်မြန်စွာ အသက်ကြီးလာကာ အရာရှိများစွာမှာ သူ့အား မတွေ့ရသည်မှာ တစ်သက်လုံး ကြာသွားသကဲ့သို့ ခံစားလာရသည်။
ကျန်းလျှိုက ဖြည်းညှင်းစွာပြောသည် "ဒီနေ့၊ အရေးကြီးတဲ့ ကိစ္စနှစ်ခုအတွက် ငါ့ရဲ့ အမတ်မင်းတွေကို ငါခေါ်လိုက်တာ”
သူ့အကြည့်က ခန်းမတစ်ခုလုံးကို လွှမ်းသွားသည်။ အိမ်ရှေ့မင်းသား ကျန်းဟန်လည်း တက်ရောက်ခဲ့သည်။
"ပထမဆုံးအနေနဲ့၊ နောက်နှစ်မှာ ဧကရာဇ်ရာထူးကို စွန့်လွှတ်ပြီး အိမ်ရှေ့မင်းသား ကျန်းဟန်ကို ထီးနန်းတက်ခိုင်းဖို့ ပြင်ဆင်ထားတယ်။"
သူပြောပြီးသည်နှင့် တရားရုံးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသော်လည်း သူ့ဆုံးဖြတ်ချက်ကို သူတို့ မပယ်ချခဲ့ပေ။ ဒါကိုမြင်တော့ ကျန်းဟန်ဟာ ပျော်ရွှင်သွားပြီး ကျန်းလျှိုဟာ အလွန် စိတ်မကောင်း ဖြစ်သွားသည်။
လ.ီး
ငါမသေသေးဘူးကွ
ကျန်းလျှိုက အတွင်းကျကျ ကျိန်ဆဲလိုက်သည်။ သူတို့မျက်နှာတွင် ရွှင်မြူးသော အမူအရာတွေပြသည့် ယောက်ျားလေးများကို ဒီနှစ်ထဲမှာ အားလုံးကို ဖယ်ရှားပစ်ဖို့ သူ မှတ်သားထားလိုက်သည်။
မကြာခင်မှာပဲ သူ ချောင်းဆိုးလာရာ တရားရုံးတစ်ခုလုံး၏ ဆွေးနွေးမှုများကို ရပ်တန့်လိုက်သည်။ “ဒုတိယအချက်က လူသားမျိုးနွယ်ကို ဘေးဆိုးကျရောက်တော့မယ်။ ချွမ်းလျန့်လို့ ခေါ်တဲ့ မျိုးနွယ်တစ်စုက တိုက်ခိုက်တော့မယ်။ ရှေးအချိန်က၊ သူတို့ဟာ လူသားမျိုးနွယ်ကို မြိုင်ဟေဝန်ထဲက ချွမ်းလျန့်မျိုးနွယ်ပဲ။ ချွမ်းလျန့်မျိုးနွယ်နဲ့ ပတ်သက်ပြီး ကိုင်တွယ် ဝတ်လုံဖြူ အစောင့်တပ်ကို ငါအမိန့်ပေးမယ်။ ချွမ်းလျန့် မျိုးနွယ်စုက ဘယ်အချိန်မှာ တိုက်ခိုက်မယ်ဆိုတာ မသေချာပေမယ့် ချွမ်းလျန့်မျိုးနွယ်စု တိုက်ခိုက်ဖို့ နောက်ဧကရာဇ်မင်းကို မင်းတို့ ကူညီရလိမ့်မယ်။”
ဒါကိုကြားတော့ ခန်းမကြီးက တုန်လှုပ်သွားပြန်သည်။ ကျန်းဟန်၏ အပြုံးသည် ချက်ချင်းပင် အေးခဲသွားပြီး အလွန်အုံ့မှိုင်းသွားသည်။
လူသားမျိုးနွယ်ကို မောင်းထုတ်ခဲ့သည့် မျိုးနွယ်တစ်ခုသည် မည်မျှ အစွမ်းထက်မည်နည်း။
ကျန်းဟန် ပေါက်ကွဲလုမတတ်။ ထို့ကြောင့် ဤအဘိုးကြီး ထီးနန်းစွန့်ရခြင်း အကြောင်းရင်းမှာ နိုင်ငံ သူ့လက်ထဲတွင် ဖျက်ဆီးခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော် ဧကရာဇ်ရာထူးကို သူမည်သို့ ငြင်းပယ်နိုင်မည်နည်း။
သူငြင်းလိုက်တဲ့အခါ သူ့နေရာမှာ အစားထိုးမယ့် မင်းသားတွေရှိတယ်။ ဒါက သူရွေးချယ်နိုင်တဲ့ အရာမဟုတ်ဘူး။
ကျန်းလျှိုက မတ်တပ်ထရပ်ပြီး “ကောင်းပြီ! ဒီနေ့ကစပြီး ဝန်ကြီးချုပ်တွေဟာ အိမ်ရှေ့မင်းသားကို အစိုးရတာဝန်ယူရာမှာ ကူညီပေးရမယ်” သူသည် နောက်ပြန်ဆုတ်သွားသဖြင့် တရားရုံးတာဝန်ရှိသူများ အံ့အားသင့်သွားခဲ့သည်။
ဒါဆို ပေါ့ပါးနေတာပဲ
ချန်လီ ခေါင်းခါလိုက်သည်။ သူသည် ဤဧကရာဇ်၏ အဓိပ္ပာယ်မဲ့မှုကို ကျင့်သားရနေပြီ ဖြစ်သည်။
သို့သော် သူအဆင်ပြေသည်ဟု ခံစားမိသည်။ ကျန်းလျှိုသည် ရယ်စရာကောင်းသော်လည်း ကောင်းကင်၏ဒေါသ သို့မဟုတ် လူသားတို့၏ နာကြည်းမှုကို မခံစားရပေ။ အရင်တုန်းကလည်း အလှူအတန်းတွေ လုပ်ဖူးသည်။.ဘာရန်ပြည်နယ် တည်ထောင်ခြင်းသည် လူသားမျိုးနွယ်အား ကြီးမားသော တောနက်ကြီးကို စူးစမ်းလေ့လာရန် အမှန်တကယ် အထောက်အကူ ဖြစ်စေခဲ့သည်။
အခု ဧကရာဇ်မင်း ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်ရမယ့်အချိန်ရောက်ပြီ။
ချန်လီသည် ကျန်းဟန်အား ကြည့်လိုက်သည်။ တိုက်ဆိုင်စွာပဲ ကျန်းဟန်က သူ့ကို လှည့်ကြည့်လိုက်သောအခါ သူတို့ မျက်လုံးချင်းဆုံသွားသည်။
ထိုနှစ်တွင် ဧကရာဇ်မင်းသည် အရာရှိအများအပြားကို ထုတ်ပယ်လိုက်သဖြင့် မဟာကျင်းသည် နှစ်ပေါင်းတစ်ရာအတွင်း မမြင်ဖူးသော ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရသည်။ သို့သော် ဤမငြိမ်မသက်မှုသည် တရားရုံးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူ၏နောက်ဆုံးရူးသွပ်မှုက တာဝန်ရှိသူများကို အိမ်ရှေ့စံမင်းသား၏ နန်းတက်ခြင်းကို ပိုမိုမျှော်လင့်စေခဲ့သည်။
ကျန်းဟန် အုပ်ချုပ်ရေးသည် ချောမွေ့နေပြီး နှစ်ကုန်တွင် နန်းတက်ပွဲအတွက် ပြင်ဆင်နေသည်။
နှစ်သစ်အစမှ စ၍ ခေတ်အမည်ကို သဲဟွမ်ဟု ပြောင်းလဲခဲ့သည်။
သဲဟွမ်ခေတ် ၁ နှစ်တွင် ကျန်းဟန် နန်းတက်ပြီး လူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ လွတ်ငြိမ်းချမ်းသာခွင့်ကို အဓိကလက်ခံရသူများသည် ယခင်ဧကရာဇ်မင်းမြတ်၏ ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသော အရာရှိများဖြစ်သည်။ ဒီကိစ္စက လူအများကြားထဲတွင် ဆွေးနွေးမှုများ အများကြီးဖြစ်လာစေသည်။ တော်ဝင်မိသားစု သားအဖကြား တိုက်ပွဲက တကယ်ကို စိတ်ဝင်စားဖို့ကောင်းသည်။
ဝင်းထဲတွင်
ကျန်းလျှိုသည် ကုလားထိုင်ပေါ်တွင် လှဲ၍ မိန်းမစိုးအိုကြီး၏ အစီရင်ခံစာကို နားထောင်သည်။ သူက ဝမ်းသာအားရနှင့်ပြောသည်။ “ဒီကလေးက နန်းတက်ဖို့ ငါ့ကို ဘယ်လိုတက်နင်းသွားရမလဲ ဆိုတာ တကယ်သိတယ်။ သူ့ကိုထားလိုက်”
မိန်းမစိုးအိုကြီးသည် တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ နောက်ဆုံးတွင် သူသည် ထွက်ခွာသွားသည်။
ခြံဝင်းထဲမှာ ကျန်းလျှိုသာ ကျန်တော့သည်။ သူသည် ကောင်းကင်နှင့်မြေကြီးကို ကြည့်သည်။
ရတနာ ဖားပြုပ်က သူ့လက်ထဲတွင်ရှိသည်။ “ငါသေပြီးရင် သမိုင်းစာအုပ်တွေက ငါ့ကို ဘယ်လိုဖော်ပြမလဲ”
“နယ်မြေချဲ့ထွင်တဲ့ ကုသိုလ်ကောင်းမှုနဲ့ နန်းတော်အတွင်း မငြိမ်မသက်ဖြစ်စေမှု”
ကျန်းလျှိုသည် မျက်လုံးပြူးပြီး ကောင်းကင် ရတနာ ဖားပြုပ်ကို မြေပြင်ပေါ်သို့ ပစ်ချလုနီးပါး ဖြစ်သွားသည်။
သူက သက်ပြင်းချလိုက်ပြီး “အနည်းဆုံးတော့ တရားမျှတတာပဲ”
သူသည် ကောင်းကင်ကို မျှော်ကြည့်ကာ သူသာ နားလည်နိုင်သော လေသံဖြင့် ပြောသည် " ဒီကမ္ဘာပေါ်မှာ ထာဝရ နိုင်ငံဆိုတာ ရှိလား။ ဘိုးဘေး၊ မဟာကျင်း ပြိုလဲသွားရင် ဘိုးဘေး ရပ်နေပြီးတော့ ဘာမှမလုပ်တော့ဘူးလား။ တကယ်ပဲ ဘာကိုရှာနေတာလဲ”
ဧကရာဇ်သစ် နန်းတက်သောအခါတွင် ဧကရာဇ် ရန်ယွမ်နှင့် သူ၏ရန်ပွဲသည် လူအများ၏ ပြောစရာ ဖြစ်လာခဲ့သည်။ လုံချီ တောင်တောင်မှ ထိုအကြောင်းကို ပြောနေသည်။ ပိုင်ချီက ရယ်ပြီး "ဟားဟား၊ ကျန်းလျှို ဒေါသကြောင့် မသေသေးဘူးလား”
ရဲရွှင်းက ပြုံးပြီးပြောသည် "ငါသာဆိုရင် ဒေါသနဲ့သေမှာ သေချာတယ်"
သူသည် ကျန်းလျှိုကို လုံးဝ အထင်ကြီးခြင်း မရှိခဲ့။ တကယ်တော့ သူတို့က သူ့ကို မထီမဲ့မြင်ပင် ပြုကြသည်။
တာအိုဘိုးဘေးက မြောက်ပိုင်းဘုရင်ကို တားခဲ့လို့ မဟုတ်ရင် ဧကရာဇ်က ပြောင်းလဲသွားမှာ။ ထို့အပြင် ဧကရာဇ်သည် ကျန်းချန်ရှန်းထံသို့ မရောက်ရှိသေးပေ။
အရှင်ပိုင်က မုတ်ဆိတ်မွေးကို ပွတ်ကာ “ဒါက နှောင်းဧကရာဇ်ရဲ့ ဉာဏ်ပညာလို့ ငါထင်တယ်။ တကယ် ရက်စက်ရင် အဲဒီအရာရှိတွေကို ခေါင်းဖြတ်လိုက်မှာပေါ့။ ဘာလို့ ဖမ်းမှာလဲ”
သူ့စကားက လူတိုင်းကို လေးလေးနက်နက် တွေးတောစေခဲ့သည်။
ရယ်စရာကောင်းသော ဧကရာဇ်မှာ ဒီလိုဉာဏ်ပညာမျိုး တကယ်ရှိသလား။
“ဒီမင်းဆက်ရဲ့ ဧကရာဇ်က ချွမ်းလျန့်မျိုးနွယ်ရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နိုင်မလားဆိုတာ ငါ သိချင်နေတယ်။ သူက သဲဟွမ်ကို သူ့ရဲ့ ရည်မှန်းချက်ကို ပြသတဲ့ အနေနဲ့ သူ့ ခေတ်နာမည်အနေနဲ့ သုံးထားတာလေ” ကျီဝူကျွင်းက မျှော်လင့်သည့် လေသံနှင့်ပြောသည်။
ကျန်းထန်းမင်က ဟစ်အော်ပြီး “ကိစ္စမရှိပါဘူး၊ ကျွန်တော် လှုပ်ရှားမှာပေါ့။ ကျွန်တော် ကြီးပြင်းလာတဲ့အခါ လူမျိုးတိုင်းကို ဖိနှိပ်မယ်”
ဒီကလေးက ငယ်ရွယ်သေးသော်လည်း လွှမ်းမိုးသည့် ပုံရိပ် ရှိပြီးသားပင်။
သူ့အသွင်အပြင်က လူတိုင်းကို ရယ်မောသွားစေသည်။
မူလင်းလော့က ကျန်းချန်ရှန်းကို လှည့်ကြည့်လိုက်ပြီး "အချိန်ကျလာရငိ ရှင် လှုပ်ရှားမှာလား”
ကျန်းချန်ရှန်းက သူ့မျက်လုံးများကို မဖွင့်ဘဲ “မဟာကျင်းကို လေ့ကျင့်ပေးသင့်တယ်”
မဟာကျင်း၏ တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံးထက်ကျော်လွန်သော ရန်သူတစ်ဦး ပေါ်လာပါက၊ သူသည် ၎င်းတို့ကို သေချာပေါက် ရပ်တန့်လိုက်မည် ဖြစ်သည်။ ထိုအဆင့်အောက်မှ ရန်သူများအတွက်၊ မဟာကျင်းသည် သူတို့ကိုယ်တိုင် ရင်ဆိုင်ရမည်ဖြစ်သည်။
မဝေးတော့တဲ့ အနာဂတ်မှာ အသေအပျောက် အရေအတွက် အများအပြား ရှိကောင်းရှိနိုင်ပေမယ့် ရေရှည်မှာတော့ ဒါဟာ ကောင်းမွန်တဲ့ ကိစ္စပဲ။ မဟာကျင်းဟာ စစ်ပွဲကို မကြုံဖူးတာ နှစ်အတော်ကြာပြီဆိုတော့ နောက်ထပ်မျိုးနွယ်စုတွေကို ဘယ်လိုရင်ဆိုင်မှာလဲ။
ကျီဝူကျွင်းက ပြုံးပြီး "ငါတို့ လှုပ်ရှားလို့ရတာပဲ။ တာအိုဘိုးဘေးကို ဘယ်လိုလုပ် ဒုက္ခပေးရမှာလဲ”
အခြားသူများကလည်း ပြောလာကြပြီး အများစုက စောင့်မျှော်နေကြသည်။
ဝိညာဉ်ဖြူ ကောင်းကင်မျောက်က ချွမ်းလျန့်မျိုးနွယ်စုက အစွမ်းထက်တယ်ဟု ပြောခဲ့သော်လည်း သူတို့၏ တိကျသော ခွန်အားကို မပြောပြခဲ့ပေ။ ထို့ကြောင့်၊ ချွမ်းလျန့်မျိုးနွယ်စု၏ ခွန်အားနှင့် ပတ်သက်၍ တိကျသော ခံစားချက်များ မရှိကြပေ။
သို့ရာတွင်၊ နံ့သာပေါင်းအမွှေးတိုင်များ အားလုံးပေါင်းတွင်၊ လူမျိုးနှစ်ခုကြား ကွာဟမှုသည် အလွန်ကြီးမားကြောင်း ကျန်းချန်ရှန်း သိထားသည်။ ကွာဟမှုက အလွန်ကြီးမားသောကြောင့် အနိုင်ရရန် အခွင့်အလမ်းမရှိပေ။ သို့သော်၊ ချွမ်းလျန့်မျိုးနွယ်စုသည် ခွန်အားအပြည့်ဖြင့် တိုက်ခိုက်မည် မဟုတ်ပေ။ သူတို့တွင်လည်း ကိုယ့်နယ်မြေကို ကာကွယ်ရန် ရှိသေးသည်။
ချွမ်းလျန့်မျိုးနွယ်စုအကြောင်း ဆွေးနွေးနေကြစဉ် ဧကရာဇ်ကျန်းဟန်သည် ဝန်ကြီးချုပ်များန၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေးနေသည်။
ဒုတိယနှစ်ဝက်တွင် ဧကရာဇ်မင်းသည် စစ်သည်များကို စစ်မှုမထမ်းမနေရ စနစ်ထုတ်ပြန်သည်။ အံ့ချီးဖွယ်အဆင့်နှင့် အထက် ရောက်သောသူများသည် စစ်သည်များ ဖြစ်လာရပြီး စစ်သူရဲများ အံ့ချီးဖွယ်အဆင့်အောက်တွင် ရှိသောသူများသည် ထောက်ပို့သမားများ အဖြစ် အမှုထမ်းရမည်။ ချွမ်းလျန့် မျိုးနွယ်နှင့်ပတ်သက်သော အချက်အလက်များသည် နိုင်ငံတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သတိပေးချက်ထုတ်ပြန်ထားသည်။ မြိုင်ဟေဝန်ထဲတွင် မဟာကျင်းသာရှိသည်။ လက်အောက်ခံနိုင်ငံများအားလုံးသည် မဟာကျင်း ၏လက်အောက်ခံနိုင်ငံဖြစ်ပြီး ပြည်နယ်များနှင့် ညီမျှသည်။ အင်အားကြီးမားသော မျိုးနွယ်စုများနှင့် ရင်ဆိုင်ရသောအခါတွင် ခိုလှုံရန် အခြားနိုင်ငံများကို ရှာမတွေ့နိုင်ရာ အံကြိတ်ကာ ရင်ဆိုင်ရသည်။ ထို့ကြောင့် ဧကရာဇ်မင်းသည် ပြည်သူတို့၏ ဆူပူမှုကို မကြောက်ပေ။ သူလိုချင်သည်က လူတိုင်းကို တင်းမာနေဖို့ပင်။
ဧကရာဇ်သည် ထိုက်ကျုံးနှင့် ထန်းကျုံးတို့၏ ရဲစွမ်းသတ္တိကို ပြန်လည်ရယူလိုပြီး မြိုင်ဟေဝန်မှ နှင်ထုတ်ခံရခြင်းအတွက် လူသားမျိုးနွယ်၏ အရှက်ကို ဆေးကြောပစ်လိုကြောင်း တိုက်ရိုက်ကြွေးကြော်ခဲ့သည်။ သူ့စကားကြောင့် သိုင်းပညာရှင်အားလုံး၏ သွေးများ ကြွလာသည်။
ဧကရာဇ်သည် ကြီးကျယ်ခမ်းနားသော စွမ်းဆောင်ချက်တစ်စုံတစ်ရာကို မပြီးမြောက်သေးသော်လည်း လူတိုင်းက သူ၏အောင်မြင်မှုများကို စောင့်မျှော်နေကြသည်။
ချွမ်းလျန့်မျိုးနွယ်နှင့် ရင်ဆိုင်ရမည်ကို သိုင်းပညာရှင်တို့ မကြောက်ကြပေ။ အဲဒီအစား သူတို့ရောက်လာမည်ကို စောင့်မျှော်နေကြသည်။
ငြိမ်းချမ်းရေးကာလကြာရှည်ပြီးနောက်၊ အထူးသဖြင့် သိုင်းပညာရှင်အများစုသည် စစ်ကိုစောင့်မျှော်နေကြသည်။ သူတို့ဟာ စွမ်းဆောင်နိုင်ဖို့နဲ့ နာမည်ရဖို့အတွက် စိတ်ကူးယဉ်နေကြသည်။
အပြာရောင်ကောင်းကင်ကြီးအောက်တွင် တောင်တန်းကြီးများက မြေပြင်ပေါ်တွင် ရပ်တည်နေသည်။ ပန်းများနှင့် အပင်များသည် တိုလွန်းရာ ဘာမှမရှိသကဲ့သို့ပင်။ တောင်ပေါ်တွင် အပင်များ အလွန်နည်းသည်။ အရွယ်အစားအမျိုးမျိုးရှိသော ကျောက်တုံးများစွာရှိကာ ထိပ်တွင် အရည်မပျော်သေးသော နှင်းများဖြင့် ဖုံးလွှမ်းထားသည်။
တောင်ထိပ်တွင် ကြောင်နတ်ဆိုးနှစ်ကောင် အတူတူ အိပ်နေကြသည်။
ဟေးထျန်က သမ်းဝေပြီး "အကိုကြီး၊ ငါတို့ ဘယ်တော့ တပ်သားစုဆောင်းမှာလဲ"
ဟွမ်ထျန်သည် သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိသော ခြင်္သေ့ကဲ့သို့ မြေပြင်ပေါ်တွင် လှဲနေသည်။ မျက်လုံးမှိတ်ပြီး “ခဏနေပါဦး။ အဲဒီလူရဲ့ စွမ်းရည်ကို ငါကျွမ်းကျင်လာတဲ့အခါ ငါတို့က နတ်ဆိုးစစ်သားတွေကို စပြီးစုဆောင်းကြမယ်”
နှစ်အတော်ကြာအောင် ထွက်သွားပြီးနောက် သူတို့လည်း အသွင်ပြောင်းလာကြသည်။ ကောင်းကင်သိုင်းဥပဒေကို အားကိုးကာ သူတို့အားလုံးသည် ကောင်းကင်ဂူအဆင့်တစ်သို့ ရောက်ရှိခဲ့ကြပြီး ကောင်းကင်ဂူအဆင့်နှစ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းလာကြသည်။ သူတို့၏ ခွန်အားဖြင့် ယခုအခါ သူတို့သည် မြိုင်ဟေဝန်ကို လှည့်ပတ်ရန် အရည်အချင်းများ ရှိလာပြီဖြစ်သည်။
ဟေးထျန်က “ငါ ဘယ်အချိန်မှာ နတ်ဆိုးဘုရင် ဖြစ်လာနိုင်မလဲ”
ဟွမ်ထျန်က နှုတ်ဆိတ်နေသည်။
ထိုအချိန်တွင် တောင်ထိပ်သည် တုန်ခါလာပြီး ပို၍ပြင်းထန်လာသည်။
ဟွမ်ထျန် မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်သည်။ ဟေးထျန်က ပို၍ စိတ်ပူသွားသည်။ မြိုင်ဟေဝန်ထဲတွင် တောင်တွေထက် ပိုကြီးသော ကြောက်စရာကောင်းသည့် တိရစ္ဆာန်များနှင့် မကြာခဏ ကြုံဖူးသည်။ ယေဘူယျအားဖြင့် ပြောရလျှင် ခန္ဓာကိုယ် ကြီးလေလေ၊ ကြံ့ခိုင်လေ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော သားရဲအချို့၏ အသွင်အပြင်သည် သူတို့ကို ခြိမ်းခြောက်ရန် လုံလောက်နေပြီဖြစ်သည်။
မကြာမီတွင် ကြောင်နှစ်ကောင်သည် မြောက်ဘက်စွန်းမှ လမ်းညွှန်မှုကို စိတ်ဝင်စားသွားကြသည်။ လမ်းတစ်လျှောက် တောင်တန်းများကို ဝါးမျိုးကာ ကောင်းကင်မှ သဲမုန်တိုင်းတစ်ခု လာနေသည်ကို တွေ့လိုက်ရသည်။ သဲမုန်တိုင်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်များ ပါလာကာ ရှေ့သို့ ရွေ့လျားနေသည်။ သူတို့၏ခန္ဓာကိုယ်များသည် လူသားများကဲ့သို့ပင်ဖြစ်သော်လည်း သူတို့၏ဦးခေါင်းများသည် လူသားမဟုတ်ပေ။ သူတို့၏ ခြေလက်များ အားလုံးသည် အလွန် သေးသွယ်နေပုံရသည်။ မုန်တိုင်း၏ ဖုံးလွှမ်းမှုအောက်တွင် သူတို့အားလုံး ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ကမ္ဘာကြီးကို သန့်ရှင်းစေသော ဘုရားသခင် ကြွလာသကဲ့သို့ သဲမုန်တိုင်းတွငိ အဆုံးမရှိပေ။
"ငါတို့ပြေးရမှာလား"
ဟေးထျန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဟွမ်ထျန်ပ ဝင်လာသော သဲမုန်တိုင်းကို တစ်ချက်ကြည့်လိုက်ပြီး "ငါတို့ ဘယ်လိုပြေးရမှာလဲ။ အဲဒါကို ကြည့်လိုက် ငါတို့က သူတို့ထက် ပိုမြန်တာမဟုတ်ရင် ငါတို့က သူတို့ကို လှည့်စားလို့ မရဘူး။ ငါတို့က ဘာလို့ တောင်ပေါ်မှာ မပုန်းကြတာလဲ။”
သူချက်ခြင်း ခုန်ဆင်းသွားပြီး ဟေးထျန်က နောက်မှ လိုက်လာခဲ့သည်။ ကြောင်နှစ်ကောင်သည် ဂူထဲသို့ တွားသွားပြီး ဝင်ပေါက်ကို မြေကြီးဖြင့် ပိတ်ဆို့ထားသည်။
မကြာမီတွင် အဆုံးမဲ့သဲများနှင့် ဖုန်မှုန့်များ လွင့်စင်သွားကာ ကြီးကျယ်ခမ်းနားသော တောင်များသည် တောင်ပူစာကဲ့သို် မြုပ်သွားကြသည်။
မည်မျှကြာသွားသည်ကို မည်သူမျှ မသိကြ။
ကမ္ဘာကြီး ငြိမ်သက်သွားသောအခါ၊ ဟေးထျနိသည် မြေကြီးကို ဂရုတစိုက် တွန်းထုတ်လိုက်ပြီး ကြည့်ရှုရန် ခေါင်းကို ငုံ့လိုက်သည်။ ထွက်လာသည်နှင့် တပြိုင်နက် တောင့်တင်းသွားသည်။
အနီးနားရှိ တောင်တန်းများပေါ်တွင် အရိုးစုများ တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။ အချို့သော အရိုးစုများသည် တောင်ကိုဖြတ်၍ တိမ်များပေါ်သို့ တက်သွားကြသည်။ ဒါဟာ ပုံမှန်မဟုတ်တဲ့ ထိတ်လန့်စရာကိစ္စပဲ။ မော့ကြည့်လိုက်သောအခါ ကမ္ဘာမြေကြီးတစ်ခုလုံးသည် နတ်ဘုရားများ စွန့်ပစ်ထားသော အရိုးစုကွင်းတစ်ခုကဲ့သို့ပင်။
ဟွမ်ထျန်သည် သဲမုန်တိုင်း ထွက်ခွာသွားသည့် ကမ္ဘာ၏အဆုံးကို ကြည့်လိုက်ပြီး “အဲဒီ ဦးတည်ရာက…”
သဲဟွမ်ခေတ် ၃ နှစ်မြောက်တွင် ဧကရာဇ် ယန်ယွမ် ကျန်းလျှို့ကွယ်လွန်ခဲ့သည်။ နန်းသက် ၃၂ နှစ်အကြာတွင် သူ၏နှောင်းအမည်ကို အန်းကျုံးဟု ဆုံးဖြတ်ခဲ့သည်။
ဧကရာဇ်နှင့် ဝန်ကြီးချုပ်များကြား ကာလအတန်ကြာ ဆွေးနွေးပြီးနောက်၊ နောက်ဆုံးတွင် ၎င်းတို့သည် ကျန်းလျှို့ကို ဘိုးဘွားဘုရားကျောင်းတွင် ထားရန် ရွေးချယ်ခဲ့သည်။ ထိုအရာက
ဧကရာဇ်၏ ကျင့်ဝတ်ကျေပွန်မှုကို ပြသကာ လူများကြားတွင် ပူးပေါင်းကြံစည်မှု သီအိုရီများကို ဖျက်သိမ်းသွားစေခဲ့သည်။ ကျန်းလျှို့ အုပ်ချုပ်စဉ်အတွင်း၊ မဟာကျင်း၏နယ်မြေသည် အမှန်တကယ် နှစ်ဆတိုးလာခဲ့သည်။ ဤအောင်မြင်မှုသည် ဘိုးဘေးနန်တော်သို့ ဝင်ရောက်ရန် လုံလောက်သည်။ သို့သော်၊ သူ့ကိုယ်သူ ချုပ်ထိန်းခြင်း မကောင်းသဖြင့် အငြင်းပွားရန် လွယ်ကူသည်။
ထိုနှစ်တွင်ပင် ကျန်းဟန် စုဆောင်းခဲ့သော စစ်သားအရေအတွက်သည် သန်းဆယ်နှင့်ချီရှိခဲ့သည်။ ပြည်နယ်နှင့် တိုင်းအများအပြားသည်လည်း စစ်သည်များ စုဆောင်းနေသော်လည်း ကျန်းဟန်ကဲ့သို့ စစ်သားစုဆောင်းခြင်းကို ကန့်သတ်ထားသည်။ မဟာကျင်း၏ စုစုပေါင်း ခွန်အားသည် အမွှေးတိုင် တစ်ဘီလီယံကျော် ရှိပြီး၊ စစ်သားဦးရေက သန်း ၂၀၀ ရှိသည်။ ထို့အပြင် အရေအတွက်လည်း တိုးလာသေးသည်။
အချင်းဝက် မိုင် ၁၀၀,၀၀၀ ကို လွှမ်းခြုံထားသည့် ဘာရန် ပြည်နယ်အနီးတွင် စစ်စခန်းအများအပြားကို ထူထောင်ထားပြီး ဆက်လက်တိုးချဲ့နေဆဲဖြစ်သည်။ ရည်ရွယ်ချက်မှာ ချွမ်းလျန့်မျိုးနွယ်စု၏ တိုက်ခိုက်မှုကို ကာကွယ်ရန်ဖြစ်သည်။ ကျန်းဟန်သည် သူတို့ ကောင်းကင်ချီမြေသို့ မရောက်ရှိမီ ဘာရန်ပြည်နယ်တွင် ချွမ်းလျန့်မျိုးနွယ်စုအား တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သည်။