သူတို့ဘာတွေ ရင်ဆိုင်နေရတာလဲ
Vol. 20 Ch. 296
တော်ဝင်စာကြည့်ခန်းတွင် ဧကရာဇ် ကျန်းဟန်သည် စာပေလွှာကို ချလိုက်ပြီး သက်မပြင်းချလိုက်သည်။ သူက “ဘယ်လောက် ခက်ခဲတဲ့ အလုပ်ပါလဲ။ ဘုရင်ဟန် ပြောတာ မှန်တယ်။ ဧကရာဇ်ဖြစ်ရတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။”
သူက စားပွဲဘေးက အိုးအသေးလေးကို လှည့်ကြည့်လိုက်ပြီး "ချွမ်းလျန့်မျိုးနွယ်က ဘာရန် ပြည်နယ်ကို ဘယ်အချိန်လောက်မှာ ရောက်မှာလဲ”
"သုံးလအတွင်းမှာပါ”
ကောင်းကင် ရတနာ ဖားပြုပ်က ပြန်ဖြေလိုက်ရာ ကျန်းဟန် မျက်မှောင်ကြုတ်သွားသည်။
ကောင်းကင်ရတနာ ဖားပြုပ်သည် အရာအားလုံးကို ခန့်မှန်းနိုင်သော်လည်း ၎င်းသည် လုံးဝတိကျခြင်းမရှိပေ။ သွေဖည်မှု အမြဲရှိသည်။ သို့သော်၊ ၎င်းမှာ ချွမ်းလျန့်မျိုးနွယ်စုသည် မဝေးလှတော့ကြောင်း ဆိုလိုသည်။
ကျန်းဟန်က အသက်ပြင်းပြင်းရှူရင်း သူ့မျက်လုံးများ တင်းမာကာ “ဒီတိုက်ပွဲမှာ ငါတို့ဘိုးဘေးတွေကို ဂုဏ်ယူအောင် လုပ်မယ်။ လူသားတွေက အစွန်အဖျားမှာ ငြိမ်ကုပ်ကုပ် နေရမှာ မဟုတ်ဘူး။ မြိုင်ဟေဝန်ထဲမှာ ပြေးလွှား သောင်းကျန်းနေရမှာ”
သူ မတ်တပ်ထရပ်ပြီး ကောင်းကင်ရတနာ ဖားပြုတ်နှင့်အတူ ထွက်ခွာသွားသည်။
မသေဆုံးမီ ကျန်းလျှို့က သူ့အား အရာနှစ်ခုပေးခဲ့သည်။ တစ်ခုမှာ ကောင်းကင်ရတနာ ဖားပြုပ် ဖြစ်ပြီး နောက်တစ်မျိုးမှာ မဟာကျင်းကို ကယ်တင်နိုင်သည့် လျှို့ဝှက်ချက်ဖြစ်သည်။
ဤအရာနှစ်ခုကြောင့် ကျန်းဟန်က ကြောက်ရွံ့နေသော်လည်း ယုံကြည်မှုအပြည့်ရှိနေသည်မှာ အတိအကျပင်။
ချွမ်းလျန့်မျိုးနွယ်စု…မြိုင်ဟေဝန်မှာရှိတဲ့ တခြားမျိုးနွယ်တွေရဲ့ ခွန်အားကို ငါ့ကိုပြပါဦး
ဇူလိုင်လတွင် ဧကရာဇ်ဘုရင်က မျိုးနွယ်စု စစ်ပွဲ စတင်တော့မည်ဟု ကြေညာခဲ့သည်။ နယ်စပ်ပြည်နယ်များမှလွဲ၍ အခြားပြည်နယ်များ၏တပ်များသည် ချွမ်းလျန့်မျိုးနွယ်အား တိုက်ထုတ်နိုင်ဖို့ ပြင်ဆင်ရန် ဘာရန် ပြည်နယ်သို့ ချက်ချင်းသတင်းပို့ရမည်ဖြစ်သည်။
လူတိုင်း စိတ်လှုပ်ရှားနေကြသည်။
မဟာကျင်းသည် ၎င်း၏ အင်အားကို နှစ်ရာနှင့်ချီ၍ ဖုံးကွယ်ထားခဲ့သည်။ မဟာကျင်း.နိုင်ငံသားများသည် ထိုသို့သောတိုက်ပွဲကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ကြသည်။
မြိုင်ဟေဝန်သို့ သူတို့ရောက်ကတည်းက မဟာကျင်းသည် လျင်မြန်စွာကြီးထွားလာခဲ့သည်။
နှစ်စဉ်နှစ်တိုင်း ထူးချွန်ထက်မြက်သူများ အများအပြား ပေါ်လာသည်။ ဒါတောင်မှ သူတို့ ရွယ်တူချင်းများကို ဖိနှိပ်နိုင်သော ပါရမီရှင်မျိုး တစ်ခါမှ မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မဟာကျင်းသည် အစွမ်းထက်ပြီး ပါရမီရှင်များ အများကြီးရှိလို့ပင်။ ထို့ကြောင့် လူတိုင်းသည် ဤတိုက်ပွဲကို အသုံးပြု၍ မိမိတို့ကိုယ်ကို သက်သေပြလိုကြသည်။
လုံချီတောင် ခြံဝင်း
မူလင်းလော့၊ ကျီဝူကျွင်း၊ ရဲရွှင်း နှင့် ဓားနတ်ဘုရားတို့သည် တောင်ပေါ်မှ အတူဆင်းခဲ့ကြသည်။ မူလင်းလော့သည် မူမိသားစုကို ဦးဆောင်ရန် သွားပြီး ကျီဝူကျွင်းနှင် အခြားနှစ်ယောက်သည် စစ်ပွဲတွင်ပါဝင်ရန် ဘာရန်ပြည်နယ်သို့ အလျင်အမြန်သွားကြသည်။ ပျော်ရွှင်စရာ လာရှာသည့်အပြင် ချွမ်းလျန့်မျိုးနွယ်၏ အလောင်းများကို ရယူလိုကြသည်။
ကျန်းထန်းမင်သည် သူ့လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့သို့ တန်းတာ အော်ဟစ်လိုက်သည်။ “ကျွန်တော် မကစားရတော့ဘူး။ ချီးပဲ။ ချွမ်းလျန့်မျိုးနွယ်စုက ဘာကြောင့် ဒီလောက်စောလာတာလဲ။ ကျွန်တော် သိုင်းဘုရင်အဆင့် မရောက်သေးဘူး။"
ပိုင်ချီက မျက်လုံးပြူးပြီး “နင့်ကိုယ်နင် ကောင်းကင်ဘုံရဲ့ မျက်ရှု့သားတော်ဘလို့ ထင်နေတာလား။ ကမ္ဘာပေါ်က အရာအားလုံးက နင့်ကို လှည့်ပတ်နေတယ်လို့ ထင်နေတာလား”
ကျန်းထန်းမင်က ပြုံးပြီးပြောသည်။ "ကျွန်တော်က ကောင်းကင်ဘုံရဲ့ သားတော် မဟုတ်ဘူး။ ကျွန်တော်က ကောင်းကင်ဘုံပဲ”
ပိုင်ချီက သူနဲ့ ငြင်းခုံဖို့ ပျင်းလွန်းသည်။ ဒီအတွက် အဓိက အကြောင်းရင်းမှာ သူ့ကို အနိုင်မယူနိုင်တာကြောင့် သူ့ကို ရှောင်ဖို့သာ တတ်နိုင်သည်။
ရွှေကျီးကန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး “မာစတာ၊ ကျွန်တော်ထွက်သွားပြီး တိုက်လို့ရမလား”
သူ့၏သွေးဆက် ပြောင်းလဲပြီးကတည်းက ပြင်းထန်သော တိုက်ပွဲဝင်ရန် စိတ်အားထက်သန်နေသည်။
ကျန်းချန်ရှန်းက “ရတယ်။ လင်းလော့ကို မှီအောင်လိုက်ပြီးသူ့နောက်ကို လိုက်သွား”
ရွှေကျီးကန်း ဝမ်းသာသွားသည်။ ကျန်းချန်ရှန်း ငြင်းမည်ကို ကြောက်၍ အပြင်ထွက်ခွင့်တောင်းရမည်ကို အတော်ကြာအောင် တုံ့ဆိုင်းနေမိသည်။ အပြုသဘောဆောင်သော အဖြေကိုရရာ သူသည် ချက်ချင်းပင် တောင်ပေါ်မှ ပြေးဆင်းကာ မူလင်းလော့နောက်သို့ လိုက်သွားသည်။
“မာစတာက မိန်းကလေးမူကို အရမ်းကြင်နာတာပဲ။ အနာဂတ်မှာ ကျွန်မကိုသာ ဒီလောက်ကြင်နာပေးနိုင်ရင် မာစတာအတွက် ကျွန်မအသက်ကို သေချာပေါက် စတေးပါမယ်" ပိုင်ချီက သနားစရာကောင်းစွာ ပြောလိုက်သည်။
ကျန်းချန်ရှန်းက တိတ်ဆိတ်နေသည်။
ကျန်းထန်းမင်က "ခင်ဗျား ကျွန်တော့် အဘေးနဲ့ ဘယ်လို ထိုက်တန်မှာလဲ။ အသွင်ပြောင်းလို့တောင် မရဘူး။ နေ့ခင်းဘက်ကြီး အိပ်မက်မက်နေတာကို ရပ်လိုက်တော့”
ပိုင်ချီက ရူးသွပ်သွားပြီး "ဒါ နင့်ရဲ့ကိစ္စမဟုတ်ဘူး"
“ဒါက ကျွန်တော်တို့ ကျန်းမိသားစုရဲ့ ကိစ္စလေ။ ကျွန်တော် ဘယ်လိုလုပ် ဝင်မပါဘဲ နေရမှာလဲ”
"ဟားဟား၊ နင့်အဘေးကိုနင် ထိန်းချုပ်ရဲလား”
“မရဲဘူး…”
ကျန်းထန်းမင် တုန်လှုပ်သွားပြီး ကျန်းချန်ရှန်းကို ဂရုတစိုက်ကြည့်သည်။
တိုက်ဆိုင်စွာပင်၊ သူသည် ကျန်းချန်ရှန်း၏အကြည့်ကို တွေ့လိုက်ရသည်။ သူအရမ်းထိတ်လန့်သွားပြီး ချက်ချင်းလှည့်ပြီး တိတ်တိတ်လေး တရားထိုင်လိုက်သည်။
ကျန်းချန်ရှန်း အေးဆေးတည်ငြိမ်စွာပြောသည် "ပိုင်ချီ။ အသေးအဖွဲကိစ္စတွေကို တစ်နေ့လုံး စဥ်းစားမနေနဲ့။ ပိုသန်မာလာဖို့ ကြိုးစား မင်း အားနည်းလွန်းတယ်။"
ပိုင်ချီက အနားရောက်လာပြီး "ကျွန်မလည်း ရွှေကျီးကန်းလို ဖြစ်ချင်တယ်" သူမ ဝမ်းနည်းစိတ်နဲ့ ပြောလိုက်သည်။ ကျန်းချန်ရှန်းက "မင်းဟာ မရိုသေတတ်ဘူး”
ထိုစကားပြောပြီးနောက် မျက်လုံးမှိတ်ပြီး လေ့ကျင့်တော့သည်။
ပိုင်ချီက အံ့သြသွားသည်။ မရိုသေတတ်ဘူး။
အဲဒါ ဘာကို ဆိုလိုတာလဲ။
နေဝင်ရီတရောအချိန်၌ ကြီးကျယ်ခမ်းနားသော မြို့တစ်မြို့သည် အဆုံးမဲ့လွင်ပြင်ပေါ်တွင် တည်ရှိနေသည်။ လက်နကိမျိုးစုံကို ကိုင်ဆောင်ကာ ကောင်းကင်ယံ၌ သိုင်းပညာရှင်များစွာ ပျံသန်းလာကြသည်။ မြေပြင်ပေါ်တွင် မျက်စိတဆုံး ခင်းကျင်းထားသော စစ်တပ်တဲများရှိသည်။
ဘာရန် ပြည်နယ်မြို့တော်
ဤမြို့သည် မဟာကျင်းတစ်ခုလုံးတွင် အကြီးဆုံးမြို့ဖြစ်သည်။ မြို့တိုင်းသည် စီရင်စုတစ်ခုဖြစ်ပြီး မြို့၏လမ်းများအားလုံးတွင် သယ်ယူပို့ဆောင်ရင်း အစီအရင်များ ရှိသည်။ အစီအရင်များသည် ကြယ်များကဲ့သို့ တောက်ပနေသည်။
သယ်ယူပို့ဆောင်ရေး အစီအရင်များထဲမှ တစ်ခုကို အသက်သွင်းပြီးသည်နှင့် သံချပ်ကာဝတ် ကျန်းလော့သည် ကိုယ်ပိုင် အစောင့်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ထားသည်။ သူသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ကျော်အရွယ်ရှိပုံရပြီး ဂုဏ်သိက္ခာရှိပြီး လွှမ်းမိုးတတ်ပုံရကာ ဖြတ်သွားသော သိုင်းပညာရှင်တို့၏ စူးစမ်းလိုသောအကြည့်များကို ဆွဲဆောင်ထားသည်။
"ဒါက ဟန်ဘုရင် မဟုတ်လား"
ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းလော့ လှည့်ကြည့်ကာ ပြုံးလိုက်သည်။
ရွှီထိန်ကျီသည် သူ့ဗိုလ်ချုပ်များနှင့်အတူ လိုက်ပါလာသည်။ သူသည် လုံချီတောင်မှဖြစ်ပြီး တာအိုဘိုးဘေးလက်ထက်တွင် တစ်ကြိမ်လေ့ကျင့်ခဲ့ဖူးသည်။ သူသည် ဧကရာဇ် ထိုက်ကျုံး လက်ထက်ကတည်းက မဟာကျင်းကို အမှုထမ်းခဲ့သည်။ ယနေ့တွင်၊ သူသည် မဟာကျင်းတွင် သြဇာအရှိဆုံး ဗိုလ်ချုပ်ဖြစ်နေဆဲဖြစ်သည်။ သူ့ကို ဘယ်သူကမှ မယှဥ်နိုင်သကဲ့သို့ ဧကရာဇ်မင်းတောင်မှ သူ့ကို မျက်နှာပေးရသည်။ ကျန်းလော့ လှမ်းတက်လာပြီး ပြုံးလိုက်သည်။ "ဗိုလ်ချုပ် ရွှီ၊ ဖြတ်သွားတာလား"
ရွှီထန်ကျီက ခေါင်းခါလိုက်ပြီး " ငါ မင်းကို ကြိုဆိုဖို့ ဒီကို ရောက်လာတာပေါ့။ သေချာတာကတော့ မင်းက မင်းသားတစ်ပါးဖြစ်ပြီး မင်းရဲ့ရောက်ရှိမှုက သေချာပေါက် သေးငယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့။ ငါတို့ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ သွားတွေ့ကြရအောင်။ သွမ့်ဟိုင် စစ်ပွဲအပြီး နောက်ဆုံးတွေ့ဆုံခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီလေ”
သူက ကျန်းလော့၏ လက်ကောက်ဝတ်ကို အားရပါးရ ဆုပ်ကိုင်လိုက်ပြီး သူ့ကို ဆွဲထုတ်လိုက်သည်။
ကျန်းလော့ကလည်း သူ့ရဲဘော်ဟောင်းကို တွေ့ရသောအခါ ထပ်တူဝမ်းသာသည်။ သူတို့နှစ်ယောက် စကားစမြည်ပြောရင်း ရယ်မောနေရာ ဖြတ်သန်းသွားသော သိုင်းပညာသည်များ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးသည်။ သူတို့၏ အထောက်အထားများကို သိသူများက သူတို့၏အသုံးအနှုန်းများကို ပြောင်းလဲကြသော်လည်း ရူးသွပ်စွာ မချဉ်းကပ်ဝံ့ကြပေ။
ကျန်းလော့င တစ်ယောက်တည်း မဟုတ်ပေ။ အရေးပါသော ပုဂ္ဂိုလ်များ ပိုများလာကာ လက်အောက်ခံ ဘုရင်မင်းမြတ်များလည်း အများအပြား ရောက်လာကြသည်။ ကျန်းမိသားစုမှ လူတိုင်းသည် သိုင်းပညာကို လေ့ကျင့်ကြသည်။ ရည်မှန်းချက်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ အားလုံးက ကူညီချင်ကြသည်။ ဘယ်လိုပဲဆိုဆို ဒါတွေအားလုံးက ကျန်းမိသားစု၏မြေပင်။
ကျန်းရယ်လည်းရောက်လာသည်။
သူ့နောက်တွင် ကိုယ်ပိုင် အစောင့်အကြပ် အနည်းငယ်မျှသာ ရှိသေးသည်။ ဝိညာဉ်ဖြူ ကောင်းကင်မျောက်သည် သူ့ပခုံးပေါ်ရပ်ကာ ပတ်ပတ်လည်ကို လှမ်းကြည့်သည်။
"ရယ်ဇီလေး၊ လူသားမျိုးနွယ်မှာ ပညာရှင်တွေ အများကြီးရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" ဝိညာဥ်ဖြူ ကောင်းကင်မျောက်က အော်သည်။
ဘာရန်ပြည်နယ်ရှိ ကောင်းကင်ဂူအဆင့် အရေအတွက်သည် တစ်ထောင်ကျော်သွားခဲ့ပြီး ၎င်းသည် တိုးလာနေဆဲဖြစ်သည်။ သူတို့ထဲက တော်တော်များများက ကောင်းကင်ဂူအဆင့်ငါးကိုပငိ ကျော်သွားကြပြီ ဖြစ်သည်။
ကျန်းရယ်က ပြုံးပြီး “ဟုတ်တယ်လေ။ မဟာကျင်းမှာ ရှိတဲ့ မြင့်မြတ်တဲ့မြေရဲ့ သိုင်းအစွမ်းက အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေကို ဖုံးကွယ်ပေးထားတယ်”
ဝိညာဉ်ဖြူ ကောင်းကင်မျောက်က “ကံမကောင်းစွာနဲ့ပဲ၊ တိုက်ပွဲရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ငါတို့မှာ မရှိဘူး”
ကျန်းရယ်သည် မကြားချင်ယောင်ဆောင်ကာ လမ်းတလျှောက် ရှုခင်းများကို သဘောကျကာ ရှေ့သို့ လျှောက်သွားသည်။
တပ်ဖွဲ့ဝင်များ၊ ဂိုဏ်းဂဏများနှင့် မင်းမျိုးမင်းနွယ်များ အများအပြား ရောက်ရှိလာခြင်းကြောင့် ဘာရန်ပြည်နယ်တွင် လမ်းဘေးဆိုင် အများအပြား ပေါ်လာခဲ့သည်။ ဒါကိုလည်း အစိုးရက ခွင့်ပြုသည်။ အထူးသဖြင့် အထူးအချိန်များတွင် တိုက်ပွဲတွင်ပါဝင်သူများ ကျေနပ်လောက်သောလက်နက်များနှင့် သိုင်းပညာနည်းစနစ်များရရှိရန် ကောင်းသောအချက်ဖြစ်သည်။
လူအုပ်ကို ကြည့်လိုက်သောအခါ ကျန်းရယ်သည် မဟာကျင်း၏ အခြေခံအုတ်မြစ်ကြောင့် ထိတ်လန့်သွားသည်။ မဟာကျင်းသည် အလွန်အားကောင်းသည်ကို သူသိသော်လည်း ပြည်နယ်အသီးသီးမှ အင်အားများစုရုံးလာသောအခါ သူ တုန်လှုပ်သွားသည်။
"အဲဒီလူက တာအိုဘိုးဘေးတောင်ပေါ်က လူမလား”
ဝိညာဉ်ဖြူ ကောင်းကင်မျောက်သည် ရုတ်တရက် အော်ဟစ်ညွှန်ပြသည်။
ကျန်းရယ်က သူ့အကြည့်နောက်ကို လိုက်ကြည့်သည်။ ကျီဝူကျွင်း၊ ရဲရွှင်း၊ ဓားနတ်ဘုရားတို့သသည် စျေးဝယ်ထွက်နေကာ လုံချီတေင် တပည့်တစ်ခုက နောက်ကလိုက်နေကြသည်။ ကျန်းချန်ရှန်း၏ တပည့်နှစ်ယောက်ဖြစ်သည့် ဟွမ်ချွမ် နှင့် လင်းရှောင်တို့လည်း ထိုနေရာတွင် ရှိနေသည်။ သူတို့သည် အရည်အချင်းကောင်းများရှိပြီး တစ်နှစ်ပတ်လုံး အမဲလိုက်ရန် ကောင်းကင်ဘုံသိုင်းဥပဒေကို အားကိုးအားထားပြုကြသည်။ ထို့ကြောင့် သူတို့သည်လည်း ကောင်းပင်ဂူ အဆင့်တစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်းရယ်က သူတို့ကို နှုတ်မဆက်ခင် ခဏလောက် တုံ့ဆိုင်းသွားသည်။
ပြည်နယ်ဝန်ကြီး၏အိမ်တွင်၊ ဧကရာဇ်ကျန်းဟန်သည် လှေကားထစ်များပေါ်တွင် ရပ်ကာ မြို့ကိုငုံ့ကြည့်သည်။ ဤနေရာတွင် ရပ်တည်နေခြင်းဖြင့် ကမ္ဘာအဆုံးရှိ တောင်များအားလုံးကို ကြည့်ကာ နေဝင်ချိန်ကို မျက်နှာမူခြင်းဖြင့် မြင့်မြတ်သော ခံစားချက်ကို ခံစားရသည်။
ခရိုင်ဝန်ကြီးက ကျန်းဟန်ရဲ့ဘေးမှာ ရပ်ပြီး “အရှင်မင်းကြီး၊ ပြန်သွားတာက ပိုကောင်းပါတယ်။ စစ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေဖို့ မလိုအပ်ပါဘူး။ ပါဝင်မယ်ဆိုရင်တောင် အရှင့်ရဲ့အောင်မြင်မှုတွေကို သက်ရောက်မှာ မဟုတ်ပါဘူး”
ကျန်းဟန်က “ငါ စိတ်ဆုံးဖြတ်ထားပြီးပြီ။ ငါ့ကို နားချမနေနဲ့တော့၊ မဟုတ်ရင် ဧကရာဇ်မင်းဟောင်းရဲ့ ခံစားချက်တွေကို လျစ်လျူရှုမိလို့ ငါ့ကို အပြစ်မတင်ပါနဲ့။”
ပြည်နယ်ဝန်ကြီးက အတင်းပြုံးပြသည်။ သူသည် ကျင်းအန်ကျုံး လက်အောက်ရှိ အရာရှိဟောင်းတစ်ဦးဖြစ်သည်။ သူသည် ဧကရာဇ်မင်းအား နားချရန် သူ၏ စီနီယာကျမှုကို အခြေခံအားဖြင့် အားကိုးနေသော်လည်း ကျန်းဟန်သည် ထိုကဲ့သို့ ဆုံးဖြတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ကျန်းဟန်သည် ကောင်းကင်ရတနာ ဖားပြုပ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများက မျှော်လင့်ခြင်းများဖြင့် ပြည့်နေသည်။
ပြည်နယ်ဝန်ကြီးသည် ကောင်းကင်ရတနာ ဖားပြုပ်ကို စိုက်ကြည့်ကာ တိတ်တဆိတ် သိချင်နေ၏။
ကျန်းအန်ကျုံး၏ လက်ထဲမှာရှိသော ရတနာများကို လက်ရှိဧကရာဇ်မင်းလက်ထဲ အပ်လိုက်သည့်အခါ ဘုရင်ကြီးက ထိုအရာကို အလွန်မြတ်နိုးသည်။ ထိုသတင်းဟာ အချိန်အတော်ကြာ ပြန့်နှံ့ခဲ့ပြီး လူအများကြား ထင်မြင်ချက်များစွာ ထွက်ပေါ်ခဲ့သည်။ အချို့က အိုးငယ်ထဲတွင် ဧကရာဇ်မင်းနှစ်ပါး၏ နှလုံးသားကို ထိန်းချုပ်နိုင်သော နတ်ဆိုးတစ်ကောင်ရှိနေသည်ဟုပင် ပြောကြသည်။
ဒီအကြောင်းကို လူကိုယ်တိုင်မေးရဲသော သူများက အဆုံးသတ်မကောင်းခဲ့ပေ။
ပြည်နယ်ဝန်ကြီးက သူ့သိချင်စိတ်ကို ထိန်းထားနိုင်ခဲ့သည်။
“ ထိုက်ကျူံးနဲ့ ထန်းကျုံးတို့ရဲ့ စစ်ပွဲကို လိုလားတဲ့ သဘောထားကို ငါရုတ်တရက် နားလည်လိုက်မိတယ်။ ဘယ်လိုလုပ် ဒီလိုသတ္တိမျိုးက ကမ္ဘာကြီးကို မုန်တိုင်းနဲ့ မလွင့်စင်သွားစေရတာလဲ”
ကျန်းဟန် ရုတ်တရက် ပြုံးလိုက်သည်။ သူ၏ အပြုံးသည် မောက်မာမှုနှင့် အထင်ကြီးမှုတို့ဖြင့် ပြည့်နေသည်။ သူ့မျက်ခုံးကြားက မွေးရာပါ အမှတ်အသားက အချိန်မရွေး ပွင့်နိုင်သော တတိယမျက်လုံးနဲ့တူပြီး ပြည်နယ်ဝန်ကြီးကို ထိတ်လန့်သွားစေသည်။
အရင်တုန်းက ဧကရာဇ်မင်းဟာ သိပ်သူရဲကောင်း မဆန်ခဲ့ပါဘူး။
အကယ်၍ ဤစစ်ပွဲအောင်မြင်ခဲ့ပါက မဟာကျင်းသည် သမိုင်းစာအုပ်၏ စာမျက်နှာသစ်သို့ ပြောင်းလဲသွားပေမည်။
နိုင်ငံအတွင်းက ပဋိပက္ခများလည်း ရွေ့သွားမည်။
ဒီလိုတွေးလိုက်တော့ ခရိုင်ဝန်ကြီးက စိတ်ဝေဝါးသွားသည်။ သူ သမိုင်းကို သက်သေခံနေသကဲ့သို့ ခံစားရသည်။
ရက်တွေကြာလာတာနဲ့အမျှ ဘာရန်ပြည်နယ်တွင် လူ ပိုများလာသည်။ ဖိတ်ခေါ်မခံရသော အရပ်သား သိုင်းပညာရှင်တချို့တောင် ရောက်လာသည်။ ထုံးစံအတိုင်း ဧကရာဇ်သည် ထိုအကြောင်းကို ကျေနပ်နေလေသည်။ ခရိုင်ဝန်ကြီးအား စာရင်းသွင်းခိုင်းပြီး တပ်စခန်းများသို့ ပို့ဆောင်ရန် စီစဉ်ပေးသည်။
အခု စက်တင်ဘာလ ဖြစ်သည်။
ရာသီဥတုက တဖြည်းဖြည်း ပူလာပြီး မိုးကုပ်စက်ဝိုင်းအဆုံးကနေ သဲမုန်တိုင်းများ ဖြတ်ကျော်လာရာ စစ်ပွဲကြီးတစ်ခု စတင်တော့မည်ဟု ညွှန်ပြနေသည်။
ရှေ့တန်းမှ သတင်းသည် ဧကရာဇ်၏ နားထဲသို့ ရောက်သောအခါ၊ သူသည် လက်ဖဝါးများကို ပွတ်သပ်လာသည်။
တပ်တစ်ခုလုံး၏ တပ်မှူးမှာ ရွှီထန်ကျီ ဖြစ်သည်။ သူသည် စခန်းတွင် ပေတစ်ထောင်မြင့်သော ဘုရားတစ်ဆူ တည်ခဲ့သည် အဝေးကို ကြည့်လိုက်သောအခါ မိုင်သောင်းချီရှိသော လင်းတငှက်များက အဖြူရောင်ဝတ်လုံအစောင့်များနှင့်အတူ အဝင်အထွက် လုပ်နေကြသည်။
စစ်ပွဲမစသေးသော်လည်း မဟာကျင်း၏တပ်သားအားလုံးက ၎င်းကို စောင့်မျှော်နေကြသည်။ စစ်သည်များ အားလုံးသည် စစ်ပွဲကြီး ရောက်ရှိလာမည်ကို စောင့်မျှော်နေကြသည်။ "ဟမ်၊ လူသားတွေက ငါတို့ကို ဒီမှာစောင့်နေရဲလိမ်လို့ မမျှော်လင့်ထားဘူး”
မထီမဲ့မြင်ပြုသော နှာမှုတ်သံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်ကာ မဟာကျင်းတပ်ကို နှောင့်ယှက်လိုက်သည်။ ဘာရန် ပြည်နယ် မြို့တော်မှ လူတိုင်း ကြားနိုင်သည် ။
ဧကရာဇ်သည် ချက်ချင်းပင် လက်ထဲတွင် ကောင်းကင်ရတနာ ဖားပြုပ်နှင့်အတူ နန်းတော်မှ ထွက်လာခဲ့သည်။ သူ့ရှေ့က အရာကိုကြည့်ရင်း သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
သူငေးကြည့်ပြီးနောက် အဝေးမှ ကောင်းကင်ယံမှာ ဖုန်မှုန့်များဖြင့် ဖုံးအုပ်ထားကာ အံ့မခန်းမြင်ကွင်းတစ်ခု ဖြစ်လာသည်။ သဲမုန်တိုင်းများအတွင်း ကြီးကျယ်ခမ်းနားသော ရုပ်ပုံများကို ယောင်ဝါးဝါးမြင်နိုင်သည်။ ဤသည်မှာ ဘာရန် ပြည်နယ်မြို့တော်မှဖြစ်ပြီး မိုင်ထောင်သောင်းချီဝေးသော ရှေ့တန်းစစ်ကြောင်းကို မပြောနှင့် ပြည်နယ်ဝန်ကြီး၏အိမ်ကြီးမှပင် မည်မျှကြီးမားသည်ကို သူနားလည်နေပြီဖြစ်သည်။
သဲမုန်တိုင်းများကြားတွင် အရိပ်ကြီးများ လျှောက်လှမ်းနေရုံသာမက လေထဲတွင် ပျံသန်းနေသော အရိပ်ကြီးများလည်း ရှိသေးသည်။ သူတို့အားလုံးသည် စေတန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့ အရပ်ဘယ်လောက်ရှည်တယ်ဆိုတာ တိုင်းတာဖို့ ခဲယဉ်းသည်။
"ချွမ်း….ချွမ်းလျန့်မျိုးနွယ်စု”
ကျန်းဟန် အံ့သြသွားသည်။ သူသည် ချွမ်းလျန့်မျိုးနွယ်စု ကြောင့် ထိတ်လန့်သွားသည်။
စစ်တဲတစ်ခုရှေ့တွင် ကျန်းရယ်က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် မေးသည်။ “ချွမ်းလျန့် လူမျိုးတွေက ဘာလို့ ဒီလောက်ကြီးနေရတာလဲ"
ဝိညာဉ်ဖြူ ကောင်းကင်မျောက်က တုန်လှုပ်သွားပြီး “မင်းဘယ်လိုထင်လဲ။ ချွမ်းလျန့်မျိုးနွယ်စုက အရမ်းအစွမ်းထက်တယ်လို့ ငါပြောပြီးပြီလေ။ ဒါပေမဲ့ သူတို့ဟာ ဒီလောက်တော့ မကြီးသင့်ဘူး။ သူတို့ သိုင်းနည်းစနစ်နဲ့ တစ်ခုခုတော့ ဆက်စပ်နေတယ် ထင်တယ်။ တကယ်တော့ သူတို့က ဒီလောက်ကြီး မဟုတ်ဘူး။ ဒါက ချွမ်းလျန့်မျိုးနွယ်စုက သူတို့ကို တိုက်ခိုက်ချင်တဲ့သူတွေအတွက် စစ်ပွဲကို စွန့်လွှတ်ဖို့ အသုံးပြုမယ့် အဟန့်အတားနည်းလမ်းဖြစ်နိုင်တယ်။”
ကျန်းရယ် လှည့်ကြည့်လိုက်သောအခါ စစ်စခန်းများ တိတ်ဆိတ်သွားသည်ကို တွေ့လိုက်ရသည်။ အဆင့်မြင့် အရာရှိများအားလုံး အံ့သြတုန်လှုပ်သွားကြသည်။
ရန်သူ၏အရွယ်အစားကြောင့် မဟာကျင်း၏ ယုံကြည်စိတ်ချရသောစစ်သည်များအား ကြောက်ရွံ့ထိတ်လန့်စေသည်။
ထိုအချိန်တွင် မဟာကျင်း၏ စစ်သည်များသည် ထပ်တူထပ်မျှ ပဟေဋ္ဌိဖြစ်သွားကြသည်။
သူတို့ ဘာတွေ ကြုံနေရတာလဲ။