← Chapters

ခရမ်းရောင်တိမ်တိုက်နန်းတော်၊ ကွာဟမှု

Vol. 20 Ch. 300

ခရမ်းရောင်တိမ်တိုက်နန်းတော်၊ ကွာဟမှု

Vol. 20 Ch. 300

အသက် ၃ဝ ရှူချိန်လောက်မှာပင် ပြီးပြည့်စုံခြင်းအဆင့် ချွမ်းလျန့် စစ်သည် ရှစ်ယောက်စလုံး သေဆုံးသွားခဲ့ပြီး ပါးပါးလှီးထားသော အသားများသာ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။

ချွမ်းလျန့် ၏ဘုရင်သည် ရွှေသစ်ပင်၏ သက်ရောက်မှုကို ခံရဆဲဖြစ်သည်။ ပြင်းထန်စွာ ဒဏ်ရာရပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် အရိုးများ ဖြူဖွေးနေခဲ့သည်။

“သူဟာ တကယ်ပဲ ဘယ်သူလဲ…”

ချွမ်းလျန့်ဘုရင်သည် ကျန်းချန်ရှန်းကို ထိတ်လန့်ပြီး ဒေါသဖြင့် မော့ကြည့်လိုက်သည်။ အစမှအဆုံးအထိ ကျန်းချန်ရှန်း၏ရုပ်သွင်အမှန်ကို သူမမြင်ခဲ့ပေ။

တောက်ပနေသော ရွှေရောင်အလင်းတန်းသည် လူများနှင့် နတ်ဘုရားများကြား အတားအဆီးနှင့်တူပြီး သူ၏မျက်လုံးများကို ဖောက်ထွင်းမရအောင် တားဆီးထားသည်။

ထိုအချိန်တွင် သူသည် ဧကရာဇ်မျိုးနွယ်မှ ကျန်ရစ်ခဲ့သော သတိပေးချက်ကို တွေးတောနေခဲ့သည်။ ဒါအမှန်ပဲ။ ချွမ်းလျန့်မျိုးနွယ်သည် လူသားမျိုးနွယ်ကို နှင်ထုတ်ခဲ့သော်လည်း လူသားမျိုးနွယ်သည် ပြန်လာဆဲဖြစ်သည်။ ထို့အပြင် ၎င်းတို့ကို ကြီးကြပ်ကွပ်ကဲသည့် ပညာရှင်တစ်ဦးလည်း ရှိသေးသည်။

ချွမ်းလျန့်မျိုးနွယ်ဘုရင်သည် ခုခံနိုင်စွမ်းမရှိခဲ့၍ မျက်နှာအုံ့မှိုင်းနေသည်။

ဤတိုက်ပွဲတွင် သူသည် လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရသည်။ တစ်ဖက်သား၏အင်အားသည် သူ့ထက်အဆပေါင်းများစွာ ကျော်လွန်သွားပြီး သူ့ကို အပြင်းအထန် ခုခံကာကွယ်ရသည့် အတိုင်းအတာအထိ ဖိနှိပ်ထားသည်။ ဒီလိုတိုက်ပွဲမျိုး တစ်ခါမှ မတိုက်ဖူးပေ။ မဟာတော၌၊ တန်ခိုးကြီးသော တည်ရှိမှုများနှင့် ရင်ဆိုင်ရသော်လည်း အနိုင်မယူနိုင်သည့်တိုင် အချိန်အတော်ကြာအောင် အညီအမျှ တိုက်နေနိုင်သေးသည်။

ထိုအချိန်မှာပင်။

ကောင်းကင်မှာ ကျန်းချန်ရှန်းက ခရမ်းကျောက် ဘူးသီးခြောက်ကို သူ့လက်စွပ်ထဲက ဖယ်ထုတ်လိုက်သည်။ ခရမ်းရောင်သလင်းကျောက်မှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ဘူးသီးခြောက်၏ အစွမ်းထက်သော စုပ်ယူမှု အင်အားသည် ချွမ်းလျန့် ဘုရင်ကို စုပ်ယူသွားသည်။

သူသည် မြှားတစ်စင်းဖြစ်နေပြီဖြစ်ပြီး ခုခံနိုင်စွမ်းမရှိပေ။ မျက်လုံးမှိတ်ပြီး သေခြင်း၏ရလဒ်ကို လက်ခံလိုက်ရသည်။

သူသေရုံသာမက သူနဲ့အတူပါလာတဲ့ လူတွေလည်း သေမှာပဲ။

သိပ်မကြာခင်မှာပဲ တောင်ကြီးထက်ကြီးသော သူ့ခန္ဓာကိုယ်က ရုတ်တရက် ကျုံ့သွားပြီး ခရမ်းရောင် ဘူးသီးထဲကို ဝင်သွားသည်။

ကျန်းချန်ရှန်းသည် ခရမ်းရောင် ဘူးသီးခြောက်ကို ဖယ်ထုတ်ပြီး မဟာကျင်း စစ်တပ်ဆီသို့ လှည့်ကြည့်လိုက်သည်။ သူသည် ကောင်းကင်နှင့်ကမ္ဘာမြေ အပြောင်းအလဲဖြင့် နတ်ဘုရားစွမ်းအားကို အသုံးပြုကာ ရေပေါ်ကျွန်းကိုဖြိုချပြီးနောက် မဟာကျင်း၏စစ်တပ်နှင့် ဘာရန် ပြည်နယ် မြို့တော်ကို တစ်ဖန်ပြန်လည် ဆင်းသက်နိုင်စေလိုက်သည်။

ဒါတွေအားလုံးလုပ်ပြီးသည့်အခါ သူ ပြေးသွားပြီး မိုးကုတ်စက်ဝိုင်းထဲဝင်ကာ မြန်မြန်ပျောက်ကွယ်သွားသည်။

သက်ရှိထင်ရှားရှိနေဆဲဖြစ်သော ချွမ်းလျန့် မျိုးနွယ်စစ်သည်များသည် မျက်လုံးများက မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြသည်။

"ဘုရင်ကြီးသေပြီလား"

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ… ဒီလူသားမျိုးနွယ်ထဲမှာ ဒီလောက် အစွမ်းထက်တဲ့ တည်ရှိမှုမျိုး ဘယ်လိုရှိနိုင်မှာလဲ။

“ပြေးကြ”

"ပြေး၊ ချွမ်းလျန့်မျိုးနွယ်က ဒီတိုက်ပွဲကို ရှုံးသွားပြီ"

ချွမ်းလျန့် စစ်သည်များ ပိုများလာကာ တွေဝေငေးမောခြငိးမှ နိုးလာပြီး အရပ်ရပ်သို့ ထွက်ပြေးကြသည်။

နေရောင်ခြည်သည် ကောင်းကင်ယံ၌ တိမ်ပင်လယ်ကို ဖြတ်၍ ဖျန်းခနဲ ပက်ဖြန်းကာ မည်းမှောင်သော စစ်မြေပြင်ကို တောက်ပနေသည်။ အသက်ရှင်ကျန်ရစ်သော မဟာကျင်း စစ်သားများသည် အိပ်မက်ထဲတွင် ရှိနေသကဲ့သို့ ခံစားရသည်။

ကွမ်းထုံယိုသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး နေရာတွင် ထိုင်လိုက်သည်။ သိုလှောင်လက်စွပ်မှ ဆေးလုံးများကို ထုတ်ယူကာ ဒဏ်ရာများကို စတင်ကုသလိုက်သည်။

တာအိုဘိုးဘေး အရေးယူပြီး သိပ်မကြာခင်မှာပဲ ဒီစိတ်ပျက်စရာကောင်းတဲ့စစ်ပွဲ ပြီးဆုံးသွားသည်။ လူအများစုသည် ယခင်တုန်လှုပ်ချောက်ချားမှုတွင် နှစ်မြုပ်နေကြဆဲဖြစ်ပြီး သူကိုယ်သူတို့ မရုန်းထွက်နိုင်ကြပေ။

သိုင်းပညာရှင် တော်တော်များများတွင် တူညီသော အတွေးတစ်ခု ရှိသည်။

သိုင်းပညာ လေ့ကျင့်ခြင်းသည် အမှန်တကယ် အသုံးဝင်ပါသလား။

အမတနတ်ဘုရား၏ ကမ္ဘာဖျက်စွမ်းအားများနှင့် နှိုင်းယှဉ်နိုင်ပါသလား။

ကျန်းချန်ရှန်းသည် လုံချီတောင်ဝင်းထဲသို့ ပြန်ရောက်သောအခါ ပိုင်ချီ နှင့် ကျန်းထန်းမင်သည် ချက်ချင်းရောက်လာပြီး အခြေအနေအကြောင်းမေးသည်။

“ချွမ်းလျန့်မျိုးနွယ်စုက တကယ့်ကို အစွမ်းထက်တယ်၊ ဒါက သူတို့ရဲ့ ခွန်အားအားလုံး မဟုတ်သေးဘူး။ အနာဂတ်မှာ လူသားတွေဟာ ချွမ်းလျန့် မျိုနွယ်စုရဲ့ အတိုက်အခိုက်ကို ခံရဦးမှာပဲ။ ပြီးတော့ သူတို့က အစွမ်းထက်ရုံတင်မကဘူး။ သူတို့အောက်မှာ မျိုးနွယ်တွေအများကြီး ရှိသေးတယ်”

"ထန်းမင်၊ သိုင်းပညာကို လေ့ကျင့်ပါ။ မဟာကျင်းက မင်းကို လိုအပ်နေပြီး လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်က မင်းအပေါ်မှာ ရှိတယ်။"

ကျန်းချန်ရှန်းက စိုးရိမ်သောကဖြင့် ပြောလိုက်သည်။ ထိုစကားကိုကြားသောအခါ ကျန်းထန်းမင်၏သွေးများ တက်ကြွလာသည်။ သူ ဖိအားတစ်စုံတစ်ရာမခံစားရေပ။ အဲဒီအစား သူက တိုက်ပွဲဝင်လိုသော စိတ်ဓာတ်များ ပြည့်နေသည်။

ပိုင်ချီက “မာစတာ၊ ချွမ်းလျန့်မျိုးနွယ်စုက စေလွှတ်လိုက်တဲ့ အင်အားအကြီးဆုံးက ဘယ်လောက် အစွမ်းထက်သလဲ”

ကျန်းချန်ရှန်းက "သူဟာ သိုင်းဧကရာဇ်တစ်ပါးနဲ့ ယှဉ်နိုင်တယ်။"

ပိုင်ချီသည် ထိုစကားကိုကြားသောအခါ မျက်လုံးပြူးသွားသည်။ ထိုက်ဝါနှင့် ထိုက်ချီလည်း သူ့ကို လှည့်ကြည့်သည်။

ကျီဝူကျွင်းနှင့် ဆရာတော်ပိုင်တို့၏ လွှမ်းမိုးမှုအောက်တွင် သူတို့သည် သိုင်းဧကရာဇ်များသည် သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ယုံကြည်ကြသည်။ ချွမ်းလျန်ံမျိုးနွယ်စုသည် သိုင်းပညာ အထွတ်အထိပ် ရောက်နေသော တစ်စုံတစ်ဦးကို စေလွှတ်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

ပိုင်ချီက တုန်လှုပ်ခြောက်ခြားစွာဖြင့် "တစ်ဘက်က သိုင်းဧကရာဇ်ကို လွှတ်လိုက်ပေမယ့် မာစတာက မြန်မြန်ဖြေရှင်းလိုက်တာလား။"

အဲဒါက သိုင်းဧကရာဇ်လေ။

ကျန်းချန်ရှန်းသည် သိုင်းဧကရာဇ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား အနိုင်ယူခဲ့သည် ။

“လုပ်ငန်းစဉ်က ခက်ခဲပေမယ့် အောင်နိုင်ခဲ့တယ်။ တိုက်ပွဲဆိုတာ အချိန်နဲ့ တိုင်းတာလို့ မရဘူး။ တိုက်ပွဲကြာလေ၊ နှစ်ဘက်ကြား ကွာဟချက် ကျဉ်းလာလေလေပဲ။ ဆန့်ကျင်ဘက်ပြောရမယ်ဆိုရင် တိုက်ပွဲတိုလေ၊ နှစ်ဖက်စလုံးက ပိုအားစိုက်ထုတ်ရလေပဲ”

ကျန်းချန်ရှန်းက ခေါင်းယမ်းလိုက်ပြီး သူ့အခန်းဆီသို့ လျှောက်သွားလိုက်သည်။

ကျန်းထန်းမင်က သူ့လက်သီးများကို ဆုပ်ထားပြီး “သိုင်းဧကရာဇ်တွေက ဘာမှမဟုတ်ဘူး။ ငါသေချာပေါက် သိုင်းပညာထက် ပိုမြင့်တဲ့အဆင့်တစ်ခုကို ရောက်နိုင်မှာ သေချာတယ်။ သိုင်းပညာမှာ အဆုံးမရှိဘူး”

သူ့အခန်းထဲပြန်ရောက်ပြီးနောက် ကျန်းချန်ရှန်းက ကုတင်ပေါ်ထိုင်ပြီး အသက်ပြင်းပြင်းရှူရင်း သူ့မျက်လုံးများက မျှော်လင့်ချက်များနှင့် ပြည့်နေသည်။

သူသာ သူ့မှာရှိသမျှ ပေးလိုက်ရင် ချွမ်းလျန့်မျိုးနွယ် ဘုရင်ကို မြန်မြန်သတ်ပစ်နိုင်သည်။

သို့သော်၊ သူသည် တဘက်လူအား ပိုမိုခိုင်မာသော ခွန်အားကိုပြသရန် တွန်းအားပေးလိုပြီး သူ၏ရှင်သန်မှုဆု တန်ဖိုးကို တိုးမြင့်စေလိုသည်။

ချွမ်းလျန့်မျိုးနွယ်စုက နောက်တစ်ကြိမ် တိုက်ခိုက်တော့မှာလား ဆိုသည်ကိုတော့ လောလောဆယ် သူတို့ နောက်တစ်ကြိမ် ထပ်လာဖို့ မဖြစ်နိုင်ဘူးဆိုတာ သူသိသည်။

ချွမ်းလျန့်မျိုးနွယ်စုတွင် အင်အားအကြီးဆုံးသည် ကောင်းကင်နဧကရာဇ် ပဉ္စမအဆင့်တွင်သာ ရှိကြောင်း၊ နံ့သာ အမွှေးတိုင်ပေါင်း ၅-၅ ဘီလီယံမျှသာ တန်ဖိုးရှိကြောင်း ယခင်က တွက်ချက်ခဲ့ဖူးသည်။ ချွမ်းလျန့်မျိုးနွယ်စုသည် လူသားမျိုးနွယ်ထက် အဆပေါင်းများစွာ အားကောင်းသော်လည်း၊ သိုင်းဧကရာဇ်အဆင့်ကို ကျော်လွန်၍ တည်ရှိနေမည်ဟု မဆိုလိုပေ။ အဆင့်တစ်ခုစီရှိ သူတို့၏ ကျွမ်းကျင်ပညာရှင်အရေအတွက်သည် လူသားအရေအတွက်နဲ့ ယှဉ်လိုက်ပါက ကျော်လွန်သွားရုံပင်။

သူသည် ချွမ်းလျန့်မျိုးနွယ်စု၏ စုစုပေါင်းအင်အားနှင့် အသားတင်တန်ဖိုးကို ယခင်က တွက်ချက်ခဲ့ဖူးသည်။ သုညတန်းအရှည်ကြီးက သူ့အား ထိတ်လန့်တုန်လှုပ်စေသည်။ မဟာကျင်းမှာ လိုက်မီနိုင်ရန် နှစ်ရာနှင့်ချီ လိုအပ်နေသေးသည်။

သူ့ကို တိုက်ရိုက်သတ်လိုက်ရတာ နှမျောစရာပဲ။ သူသည် အစက သူ့အား တောင်များနှင့် ပင်လယ်များ ကျမ်းနှင့် ကောင်းကင် ရတနာကြေးမုံ ထဲသို့ ထည့်သွင်းရန် စီစဉ်ခဲ့သည်။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်ကို အနီးနားရှိလူများထံ ဖြန့်ဝေပေးကာ ဆေးဖက်ဝင်ဆေးများကို သန့်စင်ရန်အတွက် အသုံးပြုမည်။ ထိုအရာက အကျိုးကျေးဇူး အမြင့်ဆုံးရရန် အကောင်းဆုံးနည်းလမ်းပင်။

ထိုစစ်သည်တော်များကို လွှတ်ပေးဘိုက်ရခြင်း အကြောင်းရင်းမှာ စစ်မြေပြင်အခြေအနေကို ပြန်သတင်းယူသွားပြီး ချွန့်လျန့်ကို ခြိမ်းခြောက်နိုင်မည်ဟု သူမျှော်လင့်သောကြောင့်ဖြစ်သည်။

ချွမ်းလျန့်မျိုးနွယ်စုသည် အလျင်စလို မဟုတ်သရွေ့ ၎င်းတို့ ထပ်မံတိုက်ခိုက်ဝံ့မည်မဟုတ်ပေ။ ဒါက ကျန်းချန်ရှန်းကို ကျင့်ကြံရန် အချိန်ပိုပေးလိမ့်မည်။

ချွမ်းလျန့် မျိုးနွယ်အတွက်မူ သူသည် သိုင်းဧကရာဇ်အဆင့် ရန်သူများကို စတင်တိုက်ခိုက်နေပြီဖြစ်သည်။ အကယ်၍ သူသာ ချွမ်းလျန့် မျိုးနွယ်စုကို ပြားကပ်သွားအောင် လုပ်လိုက်မည်ဆိုပါက နောင်တွင် ပိုမိုမြင့်မားသော ပြိုင်ဘက်တစ်ဦး ပါဝင်လာမည်မှာ သေချာပါသည်။ ထို့အပြင် ချွမ်းလျန့်မျိုးနွယ်စုသည် မြိုင်ဟေဝန် တောင်ဘက်ပိုင်းဒေသ၏ အုပ်စိုးရှင်သာဖြစ်သည်။ ကြီးကျယ်သော တောကန္တာရကြီး မည်မျှ ကြီးမားပြီး အင်အားကြီးမားသော မျိုးနွယ်စုများ မည်မျှ ဝှက်ထားသည်ကို ဘုရားသခင်သာ သိတော်မူမည်။

ကျန်းချန်ရှန်းက စွန့်စားရသည်ကို မကြိုက်ပေ။ အရာရာကို ယုံကြည်မှုအပြည့်နှင့်သာ လုပ်ချင်သည်။

ခဏအကြာ…

[သဲဟွမ်ခေတ် ၃ နှစ်မြောက်မှာ ချွမ်းလျန့်လူမျိုးစုမှ မြေကြောမျိုးနွယ်စုကို မဟာကျင်းကို ကျူးကျော်ဖို့ စေလွှတ်ခဲ့တယ်။ သင်ဟာ မြေကြောဘုရင်နဲ့ သူ့လူတွေရဲ့ သိမ်းပိုက်မှုကို အောင်မြင်စွာ လွတ်မြော်နိုင်ခဲ့တယ်။ သင်ဟာ ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆု— မှော်ကံရတနာ၊ ခရမ်းရောင်တိမ်တိုက်နန်းတော်ကို ရရှိပါတယ်]

ဒီစကားလုံးကိုမြင်တော့ ကျန်းချန်ရှန်း မျက်ခုံးပင့်သွားသည်။

ခရမ်းရောင်တိမ်တိုက်နန်းတော်က မှော်ဆန်တဲ့ရတနာတစ်ခုလား။

ခရမ်းရောင်တိမ်တိုက်နန်းတော်သည် တရုတ်ယဉ်ကျေးမှုတွင် လူသိများသည်။

လက်တွေ့ဘဝတွင် ခရမ်းရောင်တိမ်တိုက်နန်းတော် တစ်ခု ရှိခဲ့သည်။ နတ်ဘုရားများ၏ အဆင့်အတန်း အပ်နှင်းသော ဒဏ္ဍာရီများတွင် ခရမ်းရောင်တိမ်တိုက်နန်းတော်အကြောင်း ဇာတ်လမ်းများလည်း ရှိခဲ့သည်။ ခေါင်းဆောင်ဟုန်ကျွင်း ရဲ့ လေ့ကျင့်ရေးကွင်းလို့လည်း ပြောလို့ရသည်။

ယင်းကို ပြောရလျှင် ဘိုးဘေးဟုန်ကျွင်းကို ဒဏ္ဍာရီဆန်သော ဝတ္ထုနှင့် ဇာတ်လမ်းအချို့တွင် တာအိုဘိုးဘေးဟု ခေါ်သည်။

ခရမ်းရောင်တိမ်တိုက်နန်းတော်သည် တာအိုဘိုးဘေးနှင့် အတော်လေးလိုက်ဖက်သည်။

ကျန်းချန်ရှန်းသည် ခရမ်းရောင်တိမ်တိုက်နန်းတော်၏ မှတ်ဉာဏ်များကို အမွေဆက်ခံလိုက်သည်။

ခရမ်းရောင်တိမ်တိုက်နန်းတော်အား မူလဝိညာဉ်ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး မဟာတာအို၏ ကျက်သရေကို ပေးစွမ်းသည်။ ခရမ်းရောင်တိမ်တိုက်နန်းတော်တွင် ကျင့်ကြံခြင်းသည် လူတစ်ဦး၏နားလည်နိုင်စွမ်းကို တိုးမြင့်စေနိုင်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းသည် မှော်မျက်လုံးများထံမှ အာရုံမျိုးစုံနှင့် စွမ်းအားများကို ခွဲထုတ်နိုင်သည့် ခုခံကာကွယ် မှော်လက်နက်တစ်ခုလည်းဖြစ်သည်။ ၎င်းသည် သတ်မှတ်ထားသော အကွာအဝေးအတွင်း တိုက်ခိုက်မှုများကို တန်ပြန်နိုင်သည်။ ထို့အပြင် ခရမ်းရောင်တိမ်တိုက်နန်းတော်သည် ကြီးထွားမှုအမျိုးအစား မှော်လက်နက်တစ်ခုလည်းဖြစ်သည်။ ကံတရားမှော်လက်နက်သည် ကံနှင့်သဘာဝအရ ဆက်စပ်နေသည်။ ၎င်းသည် သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ချက်များကို စုပ်ယူနိုင်ပြီး ယုံကြည်ခြင်း၏ ကံစွမ်းအားကို လှုံ့ဆော်ပေးကာ တစ်ဦးတစ်ယောက်၏ နားလည်နိုင်စွမ်းကို တိုးမြင့်လာစေရန် လေ့ကျင့်ရေးခန်းမ၏ အကျ်ုးသက်ရောက်မှုကို မြင့်တင်ပေးသည်။

အထင်ကြီးစရာပဲ

သူနဲ့ အရမ်းကိုက်တယ်

ကျန်းချန်ရှန်းသည် ခရမ်းရောင်တိမ်တိုက်နန်းတော်ကို ထုတ်ယူလိုက်ပြီး ခရမ်းရောင်စွမ်းအင် ဘောလုံးတစ်လုံး သူ့လက်ဖဝါးတွင် ပေါ်လာသည်။

ခရမ်းရောင်တိမ်တိုက်နန်းတော်သည် နန်းတော်ပုံစံမဟုတ်ပေ။ ဘာမဆို ပြောင်းလဲသွားနိုင်သည်။ အရာအားလုံးက သခင်ရဲ့ဆန္ဒပေါ်မှာ မူတည်သည်။

ကျန်းချန်ရှန်းသဘ် ကန့်သတ်ချက်များကို စတင်ပြင်ဆင်ခဲ့ပြီး အတွင်းတွင် ကန့်သတ်ချက်များသည် ယခင်ရရှိထားသော မှော်ရတနာများထက် များစွာပိုမိုရှုပ်ထွေးကြောင်း တွေ့ရှိလိုက်သည်။ ကံ၏စွမ်းအားလည်း ပါဝင်သည်။ တုန်လှုပ်ချောက်ချားနေမည့်အစား သူ အံ့သြသွားမိသည်။

ရှေးယခင်ကမူ ငရဲဘုံကို သခင်အဖြစ် အသိအမှတ်ပြုရန် သန့်စင်သောအခါ၊ ကံ၏ အစွမ်းကို သူနားလည်ခဲ့သည်။ ကံ၏အစွမ်းကို လုံးလုံးမထိန်းချုပ်နိုင်သော်လည်း အနည်းဆုံးတော့ သူသည် ယင်းကို စတင်နားလည်နေပြီဖြစ်သည်။

သည်လိုနှင့် နေ့ရက်များ ကုန်ဆုံးသွားခဲ့သည်။

ကျီဝူကျွင်း၊ ရဲရွှင်း နှင့် အခြားသူများ ပြန်လာသောအခါ ကျန်းချန်ရှန်းသည် သူ့အခန်းထဲတွင် ရှိနေသေးသည်။

ခရမ်းရောင်တိမ်တိုက်နန်းတော်က သူ့ကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုဖို့ တစ်လခွဲလောက် အချိန်ယူခဲ့ရသည်။

အခန်းထဲက ထွက်လာသောအခါ အားလုံးက ချက်ချင်းထရပ်ပြီး သူ့ကိုကြည့်သည်။ သူက ဦးဆောင်ပြီး “ငါ့ကို မမြှောက်ပင့်နဲ့။ ချီးမွမ်းစကား နားထောင်ရတာ ပင်ပန်းနေပြီ။ အေးအေးချမ်းချမ်း လေ့ကျင့်ကြ”

ကျီဝူကျွင်းနှင့် ရဲရွှင်သည် အဆင်မပြေစွာ ပြုံးကာ ထိုင်နေပြန်သည်။ စစ်ပြီးခေတ် အခြေအနေတွေအကြောင်း စပြီးပြောကြသည်။

ကျန်းချန်ရှန်း လှည့်ကြည့်လိုက်သောအခါ သူ့မျက်လုံးများ ကျဉ်းသွားသည် ။ တခဏချင်းမှာပဲ သူ့အိမ်က ပျောက်ကွယ်သွားပြီး ခရမ်းရောင်တိမ်တိုက်နန်းတော်ကို လွှတ်လိုက်ပြီး သာမာန်တာအို ဘုရားကျောင်းအဖြစ် ပြောင်းလဲလိုက်သည်။ ခြံဝင်းအတွင်း နေရာပိုမယူဘဲ သူ့အိမ်ရှိရာ နေရာတွင် ထားခဲ့သည်။

တာအိုဘုရားကျောင်းသည် အထူးအဆန်း မဟုတ်ပေ။ သူ သန်မာလာသောအခါ ခရမ်းရောင်တိမ်တိုက် နန်းတော်၏ အသွင်အပြင်ကို ထုတ်ဖော်ပြသမည်။ ကောင်းကင်မှာ ထားနိုင်ရင် ပိုကောင်းမယ်

လူတိုင်းသည် သူ၏နည်းလမ်းများကို ကျင့်သားရသောကြောင့် မအံ့သြကြပေ။

ရဲရွှင်းက ဆက်ပြောသည် ။ ချွမ်းလျန့်မျိုးနွယ်စုနဲ့ စစ်ပွဲက တစ်ရက်ကျော်လောက်ပဲ ကြာမြင့်ခဲ့ပေမဲ့လည်ယ အသေအပျောက် အရေအတွက်က အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ အနည်းဆုံး စစ်သား တစ်သန်းခန့် သေဆုံးတယ်။ ဒဏ်ရာရသူ အရေအတွက်ဆိုရင် ရေတောင်မရေနိုင်ဘူး။ ဒါပေမဲ့အကျိုးရလဒ်ကလည်း ကြီးမားတယ်။ အဲဒီချွမ်းလျန့် စစ်သည်တော်တွေရဲ့ အလောင်းတွေက အကျိုးအများဆုံးပဲ။ သူတို့အသားတွေကို ဖြန့်ဝေပြီးတာနဲ့၊ သိုင်းပညာရှင်တွေက သူတို့ခွန်အား တိုးလာဖို့ ကောင်းကင်သိုင်းဥပဒေကို သုံးလို့ရပြီ”

သို့သော် သိုင်းပညာရှင်အားလုံးကို ဖြန့်ဝေရန် မဖြစ်နိုင်ပေ။ ဧကရာဇ်သည် ၎င်းတို့၏ အရည်အချင်းများအပေါ် မူတည်၍ ဆုချရန် ပြင်ဆင်ထားသော်လည်း တစ်ခုတော့ သေချာသည်။ သူတို့ရဲ့ အဆင့်အတန်းမြင့်လေ၊ အသားပိုရရှိလေလေပါပဲ။

"မဟာကျင်းက မကြံခိုင်သေးဘူး”

ကျန်းချန်ရှန်း သက်ပြင်းချလိုက်ပြီး ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲသို့ လျှောက်သွားလိုက်သည်။ အကျိုးသက်ရောက်မှုကို စမ်းသပ်ချင်သည်။

ဘုရားကျောင်းထဲသို့ သူ ဝင်သွားသည်ကို မြင်သောအခါ ခြံဝင်းအတွင်းရှိ လူများ အချင်းချင်း ကြည့်နေကြသည်။

ကျီဝူကျွင်း သက်ပြင်းချလိုက်သည်။ “တကယ်တော့ ဒီစစ်ပွဲက မဟာကျင်း နဲ့ ငါတို့ကို နိုးထစေခဲ့တယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒီချွမ်းလျန့်မျိုးနွယ်ရဲ့ ရှေ့မှာ အထွတ်အမြတ်နိုင်ငံဟာလည်း ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့တာပဲ။ ချွမ်းလျန့်မျိုးနွယ်က အင်အားအပြည့်နဲ့ မထွက်လာတာကိုတော့ ထည့်မပြောတော့ဘူး”

ရဲရွှင်းသည် မူလက တာအိုဘိုးဘေး မည်မျှ အစွမ်းထက်ကြောင်း ပြောဆိုချင်သော်လည်း စစ်မြေပြင်တွင် သူ၏ ဝမ်းနည်းဖွယ် စွမ်းဆောင်မှုကို တွေးလိုက်သောအခါတွင် သူ၏ နှလုံးသားသည် အောက်ဆုံးထိ နစ်မြုပ်သွားသည်။

တာအို ဘုရားကျောင်းထဲသို့ဝင်သောအခါ ကျန်းချန်ရှန်းသည် ဆုတောင်းဖျာတစ်ခုကိုတွေ့သည်။ အဲဒါကလွဲ၍ တခြားဘာမှမရှိပေ။ သူသည် အိမ်၌ စွန့်ပစ်ထားသော ဥစ္စာရှိသမျှကို ယူကာ တစ်ခုပြီးတစ်ခု စီစဉ်၏။ ထို့နောက် ဆုတောင်းဖျာတံင် ထိုင်လိုက်သည်။

"ဟမ် စုပ်ယူမှု အရှိန် တိုးလာပြီ။”

ကျန်းချန်ရှန်းသည် သူ၏စွမ်းအင်ကို ဖြန့်ကျက်လိုက်သည်နှင့် တပြိုင်နက် သူသည် မှော်ဆန်သည့်အကျိုးသက်ရောက်မှုကို ခံစားပြီး အံ့အားသင့်သွားခဲ့သည်။

သူစတင် ကျင့်ကြံပြီး သူ့စိတ်က အရင်ကထက် အများကြီး ထက်မြက်လာသည်ကို တွေ့လိုက်ရသည်။ ရှုပ်ထွေးနေသော အပိုင်းများကို အလွယ်တကူ ဖြေရှင်းနိုင်သည်။

ကောင်းကင်ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးမှ ပေးဆောင်ခဲ့သော ရှင်သန်ခြင်းဆုလာဘ် ဆိုတဲ့အတိုင်းပဲ။ မိုက်လိုက်တာ

တစ်ဖက်တွင်။

ရွှင်ထျန်းမြို့ နန်းတော်၊ တော်ဝင်စာကြည့်တိုက်

ကျန်းဟန် ညှိုးငယ်သောအမူအရာဖြင့် စားပွဲ၌ထိုင်နေ၏။ စစ်ပွဲပြီးသွားသော်လည်း နောက်ဆက်တွဲပြဿနာများ မပြီးသေးချေ။ သန်းနှင့်ချီသော စစ်သားများ၏ သေဆုံးမှုကို စိတ်ကျေနပ်စေရန် လိုအပ်ပြီး ကုသမှုခံယူရန် လိုအပ်သော ဒဏ်ရာရ စစ်သည်များ မရေမတွက်နိုင်အောင် ရှိနေသည်။ အရေးအကြီးဆုံးကတော့ ချွမ်းလျန့် အလောင်းများကို ဖြန့်ချီရေးပင်။ ဘုရင်များ၊ စစ်ဗိုလ်ချုပ်များနှင့် မင်းမျိုးမင်းနွယ်များ အများအပြားသည် စစ်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ကျန်းမိသားစုတောင်မှ သူ့အတွက် အခက်အခဲတွေ ကြုံခဲ့ရသည်။

သို့ရာတွင်၊

အရေးအကြီးဆုံးကတော့…

ဘိုးဘေး၏ ခွန်အား၊

တစ်လခွဲကြာသွားသော်လည်း ကျန်းဟန် မျက်လုံးမှိတ်ထားသည့်အချိန်တိုင်း ဘိုးဘေးများ၏ အဖျက် စွမ်းအားကို တွေးနေရမည်။

ကြောက်စရာကောင်းသော အရာတစ်ခုကို သူသဘောပေါက်လိုက်သည်။ အဲဒါကတော့ မဟာကျင်း တစ်ခုလုံးဟာ သူ့ဘိုးဘေးကို မဆန့်ကျင်နိုင်ခြင်းပင်။

မဟာကျင်း နှင့် သူ၏ဘိုးဘေးတို့ကြား ခွန်အားကွာခြားမှုမှာ ကျယ်ပြန့်လာပြီး သူတို့၏ဆက်ဆံရေးသည် တဖြည်းဖြည်း ကွဲကွာသွားသည်။

All Chapters