← Chapters

ရှေ့တန်းစစ်မြေပြင်၏အန္တရာယ်။

Vol. 45 Ch. 621

ရှေ့တန်းစစ်မြေပြင်၏အန္တရာယ်။

Vol. 45 Ch. 621

ဘာသာပြန်- The Fate

မွန်မြတ်သောမြို့တော်ကြီးအတွင်း၌ ကမ္ဘာတုန်လောက်သည့်တိုက်ပွဲကြီး ဖြစ်ပွားနေခဲ့သလို ဟန်သွမ့်တောင်တန်းများအကြား၌လည်း ပြင်းထန်သောစစ်ပွဲကြီးတစ်ခု ဖြစ်ပွားလျက် ရှိသည်။ မွန်မြတ်သောမီးလျှံစစ်တပ်၏ဗိုလ်ချုပ်ဖြစ်သော စစ်ပွဲဘုရင်သည် မရဏမျိုးနွယ်စု၏ အစွမ်းထက်သောမဟာအစောင့်အရှောက်သုံးယောက်နဲ့ တိုက်ခိုက်နေခဲ့သည်။

နားကွဲလုမတတ်ကျယ်လောင်သောအသံကြီးများသည် စစ်ပွဲမြေပြင်အတွင်း၌ ပဲ့တင်ထပ်နေခဲ့ကာ နှစ်ဖက်စလုံးရှိစစ်သားများကို တုန်ယင်သွားစေခဲ့သည်။

သွေးများကလည်း နေရာအနှံ့ပျံ့ကြဲလျက်ရှိကာ မွန်မြတ်သောမီးလျှံစစ်တပ်နဲ့ မရဏမျိုးနွယ်စုတို့၏ စစ်သားအလောင်းများကလည်း တောင်ပုံ၊ ယာပုံ ရှိနေခဲ့သည်။ဤသည်မှာ မြင့်မြတ်သောစန်းရိအင်ပါယာအတွက် နှစ်ပေါင်းတစ်သောင်းအတောအတွင်း၌ လူအသေအပျောက် အများဆုံးတိုက်ပွဲကြီး ဖြစ်ချေသည်။

ကောင်းကင်တာအိုမျိုးနွယ်စုခွဲသုံးစု၏ ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင် မီးလျှံစစ်တပ်သည် မြင့်မြတ်သောစန်းရိအင်ပါယာ၏ အသန်မာဆုံးစစ်တပ်ဖြစ်သော်လည်း ခုခံရန် ခက်ခဲနေခဲ့သည်။

စစ်ပွဲဘုရင်ဝူရှောင်းသည် ကောင်းကင်တာအိုမျိုးနွယ်စုမှ မဟာအကြီးအကဲသုံးယောက်နဲ့ တိုက်ခိုက်နေခဲ့ပြီး သူဟာလည်း အနည်းငယ်ထိတ်ထိတ်ပျာပျာ ဖြစ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအကြီး၊အသေးပေါင်းစုံရှိနေခဲ့သည်။သူဟာ မြင့်မြတ်သောစန်းရိအင်ပါယာ၏ အစွမ်းထက်ပုဂ္ဂိုလ်ကြီးဖြစ်သော်လည်း မဟာအစောင့်အရှောက်သုံးယောက်ကလည်း အားနည်းခြင်းမရှိခဲ့ပါ။ သူတို့တစ်ယောက်ချင်းစီတိုင်းက သူ့ကို ရင်ဆိုင်နိုင်သည့်စွမ်းအားများ ရှိနေကြသည်။ သူတို့သုံးယောက်စလုံး ခွန်အားစုပေါင်းလိုက်သည့်အခါ ဧကရာဇ်အဆင့်အောက်၌ ပြိုင်ဖက်ကင်းသောစွမ်းအားကို ဖော်ထုတ်နေခဲ့လေသည်။

စစ်ပွဲဘုရင်ဝူရှောင်းက မျိုးနွယ်စုသုံးစု၏မဟာအကြီးအကဲများကို ဤမျှအထိ ရင်ဆိုင်နိုင်ခဲ့တာကတောင် အံ့သြဖို့ကောင်းနေပြီ ဖြစ်သည်။ သာမန်ချန်ခွမ်းသူတော်စင်အဆင့် စွမ်းအားရှင်များဆိုပါက မဟာအကြီးအကဲသုံးယောက်၏ ပေါင်းစုအင်အားအောက်တွင် အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခံရပြီး ဖြစ်ပေလိမ့်မည်။

" ဝူရှောင်း....မင်းက လုံးဝအားနည်းခြင်း မရှိဘူး။ ငါတို့တွေလဲ တစ်ယောက်နဲ့တစ်ယောက် သိလာတာကြာပြီပဲ။ ဒီသူတော်စင်က မင်းကြွေလွင့်သွားမှာကို မတွေ့မြင်ချင်ပါဘူး။ ငါတို့တွေ ညှိနှိုင်းဆောင်ရွက်ကြရအောင်။ "

" မင်းအညံ့ခံမယ်ဆိုရင် နာကြင်မှုတစ်စုံတစ်ရာ မရှိစေရဘူးလို့ ဒီသူတော်စင် ကတိပြုတယ်။ မင်းက ငါ့လောက်အဆင့်အတန်းမမြင့်မားပေမဲ့လည်း ငါနဲ့ရင်ဆိုင်နိုင်တဲ့ လူတစ်ယောက်ပဲလေ။ "

မင်ယုက ဝူရှောင်းကို တိုက်ခိုက်နေရင်းမှ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

မဟာအကြီးအကဲသုံးယောက်စလုံးသည် ဝူရှောင်းထုတ်ဖော်ခဲ့သော တိုက်ပွဲဝင်စွမ်းအားကို အံ့သြနေခဲ့ကြသည်။ သူတို့သုံးယောက်လုံးပေါင်းစုတိုက်ခိုက်ခဲ့တာတောင်မှ ဝူရှောင်းက အချိန်အကြာကြီး ခုခံနိုင်ခဲ့၏။

သူတို့အတွက်လည်း ဝူရှောင်းကို သတ်ဖြတ်ရန် ခဲယဥ်းနေခဲ့၏။

" အိမ်မက် မက်နေလိုက်စမ်း .... "

" ငါက မြင့်မြတ်တဲ့စန်းရိအင်ပါယာရဲ့ စစ်ပွဲဘုရင်ဝူရှောင်းကွ!။ မီးလျှံစစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးလည်း ဟုတ်တယ်။ မင်းတို့လို ဆန်ကုန်မြေလေးတွေနဲ့ ဘာကြောင့် ပူးပေါင်းရမှာလဲ။ "

ဝူရှောင်းက တိုက်ရိုက် ငြင်းပယ်လိုက်မည်ကို မဟာအကြီးအကဲသုံးယောက်စလုံး တွေးထင်မထားခဲ့ပါ။

" ဘုန်း.....! "

ထိုသို့ကြုံးဝါးလိုက်ခြင်းနဲ့အတူ ဝူရှောင်းထံမှ ပိုမိုသန်မာသောစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဝူရှောင်း၏စကားလုံးများကြောင့် မဟာအကြီးအကဲသုံးယောက်၏ အမူအရာများသည် မဲမှောင်သွားသည်။မင်ယုက အင်မတန်ဒေါသထွက်လာခဲ့ကာ ဟိန်းဟောက်ပြောဆိုလိုက်သည်။

" မင်းက အကောင်းအဆိုးကို နားမလည်ဘဲ အပြစ်ပေးခံချင်နေမှတော့ သေဆုံးလိုက်သင့်တယ်။ "

ထိုသို့ပြောဆိုလိုက်ပြီးနောက် မင်ယုနှင့်အခြားသူများသည် သူတို့၏အရှိန်အဝါများကို ပြန်လည်ရုတ်သိမ်းလိုက်ကြပြီး အရပ်မျက်နှာတစ်ခုဖက်သို့ ဂါရဝပြုကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

" လူကြီးမင်း စတင်လှုပ်ရှားပါတော့! "

မင်ယုတို့သုံးယောက်၏ သာမန်မဟုတ်သောအပြုအမူက ဝူရှောင်း၏မျက်ဝန်းသူငယ်အိမ်များကို တုန်လှုပ်သွားစေခဲ့ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားခဲ့သည်။ သူ၏မျက်ဝန်းများက မင်ယုတို့သုံးယောက်ဂါရဝပြုခဲ့သည့် အရပ်မျက်နှာဖက်ကို စူးစိုက်ကြည့်နေခဲ့သည်။ နှစ်ဖက်စလုံးမှ တိုက်ခိုက်နေသောစစ်သားများကတောင် ရပ်တန့်သွားခဲ့ကြကာ ထိုအရပ်မျက်နှာကို လှမ်းကြည့်မိလိုက်ကြ၏။

မီးလျှံစစ်တပ်မှ စစ်သားများ၏နှလုံးသားများသည် တူန်လှုပ်နေခဲ့ကြသည်။ သို့သော်လည်း ကောင်းကင်တာအိုမျိုးနွယ်စုများမှ စစ်သားများကတော့ မျှော်လင့်စောင့်စားနေသောအမူအရာများဖြင့် ထိုအရပ်မျက်နှာကို စူးစိုက်ကြည့်နေခဲ့ကြ၏။

" ဘုန်း....! "

လူအများ၏အကြည့်များအောက်တွင် ထိတ်လန့်ဖွဟ်ကောင်းသောစွမ်းအားကြီးသည် ကမ္ဘာလောကကို တုန်လှုပ်သွားစေခဲ့ကာ စန်းရိအင်ပါယာ၏နယ်စပ်တစ်ခုလုံးကို တသိမ့်သိမ့် တုန်ယင်သွားစေခဲ့သည်။ တိုင်တောင်ကြီးကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီးကလည်း ထွက်ပေါ်လာခဲ့ကာ လူအများ၏ခန္ဓာကိုယ်များကို မြေပြင်ပေါ် ဖိနှိပ်ချခဲ့သည်။

အဆိုပါထိတ်လန့်ဖို့ကောင်းသောအရှိန်အဝါကြီးသည် လူအများကို အသက်ရှူရန် ခဲယဥ်းလာစေခဲ့ကာ ခန္ဓာကိုယ်များကိုလည်း တဆတ်ဆတ်တုန်ယင်သွားစေခဲ့သည်။ သံမဏိကဲ့သို့မာကျောသော မီးလျှံစစ်တပ်၏ စစ်သားများကတောင် ဤအချိန်၌ ကြောက်လန့်နေမိခဲ့ကြ၏။

" ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် ! "

ဝူရှောင်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားကို ခုခံနေလိုက်ရင်း အံကိုတင်းတင်းကြိတ်လျက် ပြောဆိုလိုက်၏။

အဆိုပါထိတ်လန့်ဖို့ကောင်းသော ဖိအားကြီး၏အောက်တွင် ဧကရာဇ်နယ်ပယ်ထက် တစ်ဆင့်သာနိမ့်ကျသော သူကိုယ်၌ကတောင် ခုခံနိုင်ရုံမျှ အခြေအနေသာ ရှိခဲ့သည်။ သူ၏ခန္ဓာကိုယ်ကလည်း အဆက်မပြတ်ခါရမ်းနေခဲ့ကာ သူ၏ကြွက်သားများကလည်း ဧရာမတူကြီးဖြင့် ထုနှက်ခံထားရသလိုမျိုး နာကျင်နေခဲ့သည်။

သေချာပါပြီ...သူခန့်မှန်းထားသလို ဒီမျိုးနွဟ်စုကြီးသုံးစုက သူ့ကို အပြတ်ရှင်းချင်နေတာ! ဒါက ဝူရှောင်းကို စိုးရိမ်ပူပင်သွားစေခဲ့သည်။

သူဟာ စစ်ကူများတောင်းရန်အတွက် ချန်ဟုန်ကို မွန်မြတ်သောမြို့တော်သို့ စေလွှတ်ခဲ့သည်။ မွတ်မြတ်သောမြို့တော်၌ ဘာမှမဖြစ်ခဲ့ဘူးဆိုလျှင် စစ်ကူများကလည်း ရောက်ရှိလာပေလိမ့်မည်။ သို့သော်လည်း အချိန်အတော်ကြာသည်အထိ မွန်မြတ်သောမြို့တော်ဖက်မှ သတင်းပြန်ကြားခြင်းကို မကြားရသေးပါ။ ဒါ့အပြင် ချန်ဟုန်ကလည်း ပျောက်ကွယ်သွားခဲ့သည်။ မွန်မြတ်တဲ့မြို့တော်မှာလည်း ထိတ်လန့်ဖို့ကောင်းတဲ့ အပြောင်းအလဲကြီးဖြစ်နေမှာကို ကြောက်လန့်မိတယ်။

" ဘုန်း....! "

တချိန်တည်းမှာပင် ဧကရာဇ်နယ်ပယ်၏ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားကြီး သက်ဆင်းလာခဲ့ပြီးနောက် မီးလျှံစစ်တပ်ရှိနေသော အရပ်ဘက်မှ ထိတ်လန့်ဖွယ်ကောင်းသောအရှိန်အဝါကြီးနှစ်ခုလည်း ပေါ်ပေါက်လာခဲ့ကာ ကောင်းကင်တာအိုမျိုးနွယ်စုများ၏ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်အရှိန်အဝါများနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ထိုပုဂ္ဂိုလ်နှစ်ယောက်သည် ဝူရှောင်း၏ဘေးနားသို့ဆင်းသက်လာခဲ့ကာ အစွမ်းထက်သောအရှိန်အဝါများ ပေါ်ထွက်နေသောအရပ်မျက်နှာကို စူးစိုက်ကြည့်နေခဲ့သည်။

ထိုလူနှစ်ယောက်မှာ နယ်စပ်နေရာ၌ စောင့်ကြပ်နေကြသော တော်ဝင်ဦးရီးတော်များ ဖြစ်ကြသည်။ သူတို့နှစ်ယောက်စလုံးက ဧကရာဇ်နှလုံးသားအထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ကြ၏။သို့ပါသော်လည်း ဤအချိန်၌ သူတို့၏ခန္ဓာကိုယ်များက တောင့်တင်းနေခဲ့ကာ သူတို့၏အရှိန်အဝါများကိုလည်း အဆက်မပြတ် ဖော်ထုတ်နေခဲ့ကြသည်။

ကောင်းကင်တာအိုမျိုးနွယ်စုများ၏ စွမ်းအားရှင်သည် ပေါ်ထွက်လာခဲ့ခြင်းမရှိသေးသော်လည်း ထိတ်လန့်ဖွယ်ကောင်းသောဖိအားမှတဆင့် အဆိုပါလူသည် ရင်ဆိုင်ရလွယ်မည့်လူပုဂ္ဂိုလ်မဟုတ်ကြောင်း တော်ဝင်ဦးရီးတော်နှစ်ယောက် သိရှိနေခဲ့ကြသည်။

" ချန်ခွမ်းသူတော်စင်အထွတ်အထိပ်နဲ့ ဒီလိုတိုက်ပွဲဝင်စွမ်းအားမျိုးရှိတာ မဆိုးပါဘူး။ ဒီမွန်မြတ်ဘုံလောကအတွင်းမှာ မင်းကို ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်လို့တောင် ယူဆလို့ရတယ်။ "

ခမ်းနားကြီးကျယ်သောအသံကြီးသည် ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့ကာ မှုန်ဝါးဝါးပုံရိပ်တစ်ခုကလည်း လေဟာပြင်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ အဆိုပါပုံရိပ်ထွက်ပေါ်လာခြင်းနဲ့အတူ ကမ္ဘာလောကကြီးကလည်း ဖြူဖျော့သွားသည့်ပုံပေါ်သည်။ လူအများ၏မျက်ဝန်းများသည်း ထိုသူ့ကို စူးစိုက်ကြည့်မိလိုက်၏။

ထိုသူမှာ မျိုးနွယ်စုကြီးသုံးစုကို ကူညီပေးရန် အရှင်သခင်ကန်းစေလွှတ်ခဲ့သော စွမ်းအားရှင်တစ်ယောက် ဖြစ်လေသည်။

ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်၏ စွမ်းအားများသည် တော်ဝင်ဦးရီးတော်များ၏ခန္ဓာကိုယ်များကို အဆက်မပြတ် ထိန်းချုပ်မရ တုန်ယင်သွားစေခဲ့သည်။ သူတို့ဟာ ထိုပုဂ္ဂိုလ်၏ခြိမ်းခြောက်မှုကို အတိအကျအာရုံခံနိုင်စွမ်းမရှိသော်လည်း ထိုသူ၏ကျင့်ကြံမှုဟာ ကျိန်းသေပေါက် သူတို့ထက် မြင့်မားကြောင်းကို တော်ဝင်ဦးရီးတော်နှစ်ယောက် သိရှိနေခဲ့သည်။ ဒီလိုမှမဟုတ်ရင် ဒီလောက်အထိဖိအားကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ။

" အကြီးအကဲကို တွေ့ဆုံပါတယ် "

ထိုလူထွက်ပေါ်လာပြီးသည်နဲ့တပြိုင်နက် မင်ယုတို့သုံးယောက်ကလည်း လေးစားသောအမူအရာများဖြင့် နှုတ်ဆက်လိုက်ကြသည်။

အဆိုပါပုဂ္ဂိုလ်သည် မင်ယုတို့ကို အလေးထားခြင်းမရှိဘဲ ဝူရှောင်းကိုသာ သွေးနီရောင်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။ သူ၏မျက်ဝန်းများက လေးစားအားကျမှုများဖြင့် ပြည့်နှက်နေခဲ့ကာ မိုးကောင်းကင်ယံထိတိုင် လွင့်တက်နေသော သတ်ဖြတ်မှုစိတ်ဆန္ဒများကလည်း လူအများကို အေးစက်သွားစေခဲ့သည်။

အဆိုပါပုဂ္ဂိုလ်၏အကြည့်အောက်တွင် ဝူရှောင်း၏နဖူးပြင်၌ ချွေးအေးများ ထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်လှုပ်နေခဲ့သည်။ သူဟာ မျိုးနွယ်စုကြီးသုံးစုဘက်မှ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်ကို တည့်တည့်တောင် စူးစိုက်မကြည့်ရဲခဲ့ပါ။ သူ၏စိတ်ဝိညာဥ်ကလည်း ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

" ရွေးချယ်စရာ နှစ်ခုရှိတယ် ! "

" တစ်ခုက အသာအကြည် အဖမ်းခံလိုက်ပါ။ "

" နောက်တစ်ခုကတော့ သေလိုက်! "

မရဏမျိုးနွယ်စု၏ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့ကာ တော်ဝင်ဦးရီးတော်နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်ပြီး ခံစားချက်တစ်စုံတစ်ရာမပါဝင်ဘဲ ပြောဆိုလိုက်သည်။

" ဘုန်း ....! "

ထိုလူ၏မောက်မာသောအမူအရာကို တွေ့မြင်လိုက်ရသောအခါ တော်ဝင်ဦးရီးတော်နှစ်ယောက်ဟာ အပိုစကားများပြောဆိုခြင်းမရှိဘဲ သူတို့၏စွမ်းအားအကုန်လုံးကို ပေါက်ကွဲထုတ်ဖော်လိုက်လေသည်။ ဧကရာဇ်နှလုံးသားအထွတ်အထိပ်၏ ခမ်းနားသောစွမ်းအားများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသောတိုက်ကွက်ကြီးတစ်ခုကို ဖွဲ့တည်ခဲ့လေသည်။ ထို့နောက် အဆိုပါပုဂ္ဂိလ်ထံသို့ ပြေးဝင်သွားခဲ့သည် !

All Chapters