← Chapters

ဧကရာဇ်တို့၏တိုက်ပွဲ

Vol. 45 Ch. 623

ဧကရာဇ်တို့၏တိုက်ပွဲ

Vol. 45 Ch. 623

ဘာသာပြန်- The Fate

" ဘုန်း....! "

အလွန်အမင်း တောက်ပသော ဓားအလင်းတန်းသည် ကောင်းကင်ကိုဖြိုခွင်း၍ ဧရာမလက်ဖဝါးကြီးကို မယှဥ်သာသောအဟုန်ဖြင့် ဖြတ်တောက်လိုက်သည်။ ကမ္ဘာမြေ ပြိုကွဲလုမတတ် ပေါက်ကွဲသံကြီးသည် ထွက်ပေါ်လာခဲ့၏။ ဝူရှောင်းနဲ့တခြားသူများကို စက္ကူစတစ်ရွက်ကဲ့သို့ ဖြူရော်စေခဲ့သော ဧရာမလက်ဖဝါးကြီးသည် ရုတ်တရက် အက်ကွဲသွားခဲ့ရသည်။ ၎င်းသည် ကြယ်မှုန်လေးများအဖြစ် ပြောင်းလဲသွားခဲ့ကာ ကမ္ဘာမြေပြင်ကို နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

ဧရာမလက်ဖဝါးကြီးကို တစစီဖျက်စီးလိုက်ပြီးနောက် တလက်လက်တောက်ပနေသောဓားအလင်းတန်းသည် အရှိန်သေခြင်းမရှိဘဲ တိုက်ပွဲမြေပြင်ကိုလည်း ထက်ခြမ်းပိုင်းလိုက်၏။

" ဘုန်း....! "

ကမ္ဘာမြေသည် ပေါက်ကွဲသွားခဲ့ရပြီး လေထုဟာ တစစီ ကွဲအက်သွားရသည်။ ပြင်းထန်သောဓားအလင်းတန်းသည် မြေပြင်ပေါ်၌ ကြီးမားသောအက်ကွဲကြောင်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။ ထက်မြတ်သောဓားက မရဏမျိုးနွယ်စု၏ များစွာသောစစ်သည်တော်များကို ထက်ခြမ်းပိုင်းပစ်ခဲ့၏။ မရဏမျိုးနွယ်စု၏စစ်သည်တော်များအားလုံးသည် အကုန်လုံးအပြတ်ရှင်းခံလိုက်ရသည်။

ဤဓားချက်ကြောင့် တိုက်ပွဲမြေပြင်ကြီးတစ်ခုလုံးသည် ထက်ခြမ်းပိုင်းခံခဲ့ရလေသည်။ ဧရာမဓားရာကြီး၏ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော မရဏမျိုးနွယ်စစ်သည်တော်များရဲ့ အလောင်းများက တောင်တန်းများကဲ့သို့ ပျံ့ကြဲနေခဲ့သည်။ ရှိနေကြသောလူများသည် ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ စိတ်ဝိညာဥ်များ တုန်ယင်သွားကြရသည်။

" ဒါ....ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

မင်ယုနဲ့ အခြားသူများ၏မျက်ဝန်းများမှာ လှုပ်ရှားသွားကြပြီး အမူအရာက မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ထိုဓားက သူတို့ကို ပစ်မှတ်ထားခဲ့ခြင်းမဟုတ်သော်လည်း အဆုံးအစမဲ့သော ထက်မြက်မှုအရှိန်အဝါများက သူတို့အားလုံးကို မျှော်လင့်ချက်မဲ့စေခဲ့သည်။

သက်ဆင်းလာခဲ့သော မရဏမျိုးနွယ်စု၏ စွမ်းအားရှင်များအားလုံးသည် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်သို့ ရှောက်ရှိနေကြသည်။ သာမန်တိုက်ကွက်တစ်ခုကတောင် ချန်ခွန်းဘုံအဆင့်စွမ်းအားရှင်များ ရင်ဆိုင်နိုင်မည့်အရာ မဟုတ်ပါ။ ဒါပေမဲ့ အဲ့ဒီတိုက်ကွက်က ဘယ်လိုကြီးလဲ။

ဘယ်နေရာကမှန်းမသိ ထွက်လာသောဓားတစ်လက်သည် အရှင်သခင်၏ပြင်းထန်သောတိုက်ကွက်ကို တစစီဖျက်စီးခဲ့သည့်အပြင် မရဏမျိုးနွယ်စုပေါင်းထောင်ကျော်၏ အသက်ကိုလည်း နှုတ်ယူသွားခဲ့သည်။ အဲ့ဒီဓားက ဘယ်လောက်တောင် ကြောက်လန့်ဖို့ကောင်းနေရတာလဲ။

သန်မာသောဧကရာဇ်စွမ်းအားရှင်၏ နောက်ကျော်ဖက်တွင် မတ်တပ်ရပ်နေသော အကြီးအကဲများအားလုံးသည် တုန်တက်သွားကြသည်။ သူတို့ဟာ ပျက်သုန်းခြင်းဧကရာဇ်နနယ်ပယ်၌ ရှိနေကြသော်လည်း ၎င်းဓားချက်ကိုတော့ ကြောက်လန့်မိကြရသည်။

ဤသည်မှာ သေမင်းက ထုတ်လွှတ်လိုက်သော ဓားတစ်လက်အလား ဖြစ်နေခဲ့ကာ အဆိုပါဓားသက်ဆင်းလာသည့်အခါ အရာရာတိုင်း ဖြတ်တောက်ခံရပေလိမ့်မည် !

မရဏမျိုးနွယ်စု၏သန်မာသော ဧကရာဇ်စွမ်းအားရှင်သည် ဓားအလင်းတန်းရောက်ရှိလာသော အရပ်မျက်နှာဖက်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏သွေးနီရောင်မျက်ဝန်းများက ရဲရဲနီနေခဲ့ကာ နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

" ဘယ်သူက ကျုပ်တို့မရဏမျိုးနွယ်စုနဲ့ ပြဿနာတက်ချင်နေတာလဲ။ "

သူ၏တိုက်ကွက်ကို ဓားတစ်လက်ဖြင့် ဖြိုခွင်းနိုင်သောသူသည် အနည်းဆုံးတော့ သူနှင့်အဆင့်တူသာ ဖြစ်ရမည်။ သို့တည်းမဟုတ် သူ့ထက်သန်မာသော စွမ်းအားရှင်သာ ဖြစ်ရပေမည်။ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကမှ ဆင်းသက်လာသော စွမ်းအားရှင်များကလွဲ၍ မွန်မြတ်ဘုံလောကအတွင်းရှိ ဘယ်သူကမှ ထိုသို့ပြုလုပ်နိုင်မှာ မဟုတ်ပါ။

" ဘုန်း....! "

ထိုသူ၏အော်ဟစ်သံကြီး ဆုံးသွားသည့်အခါ လေဟာပြင်သည် ရုတ်တရက်ခါယမ်းလာခဲ့ပြီး လှိုင်းများဖြစ်ပေါ်လာခဲ့ကာ မနီးမဝေးရှိလေထုသည် ဆုတ်ဖြဲခံခဲ့ရသည်။ လူပေါင်းများစွာသည် လေထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ရှိနေကြသောလူများသည် ထိုနေရာသို့ အကြည့်များပို့လိုက်မိကြသည်။ ဝူရှောင်းနှင့် မီးလျှံစစ်တပ်၏စစ်သည်တော်များအားလုံးသည် မျှော်လင့်ချက်များ တဖန်ပြန်လည်၍ ရရှိလာကြသည်။ အစက သူတို့သည် တိုင်းပြည်နဲ့အတူ သေဆုံးရန်ဆုံးဖြတ်ထားခဲ့သော်လည်း ဤအချိန်၌တော့ ရှင်သန်ရန်အခွင့်အလမ်းကို မမျှော်လင့်ဘဲ တွေ့ခဲ့ရပါပြီ။

ဦးဆောင်လာသောအမျိုးသားသည် ရိုးရှင်းသောအဖြုရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး သူ၏ခါးတွင် ဝိုင်ပုလင်းကို ချိတ်ဆွဲထားခဲ့ကာ နောက်ကျောဖက်တွင်တော့ ဓားကို လွယ်ထားခဲ့သည်။ အခြားလူတစ်ယောက်က ဧရာမတူကြီးတစ်လက်ကို သူ၏နောက်ကျောဖက်တွင် သယ်ဆောင်ထားလေသည်။

ထိုလူတစ်စုထွက်ပေါ်လာသည့်အခါ အလွန်အမင်းလေးလံသော အရှိန်အဝါများသည် လေထုအတွင်း ရုတ်တရက် ပြည့်နှက်သွားခဲ့သည်။ ကောင်းကင်နှင့်ကမ္ဘာမြေပြင်သည် ထိုလူပုဂ္ဂိုလ်တစ်စု၏အရှိန်အဝါများကို မသည်းခံနိုင်တော့သည့်အလား တုန်ယင်လာခဲ့ရသည်။

" အဲ....အဲ့ဒါက ရှန်ရှန်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်တွေ !"

ဧကရာဇ်စွမ်းအားရှင်၏နောက်ကျောဖက်တွင် မတ်တပ်ရပ်နေသော မရဏမျိုးနွယ်စုအကြီးအကဲများ၏ မျက်ဝန်းများမှာ လှုပ်ခါသွားကြပြီး တုန်ယင်နေသောအသံများဖြင့် ပြောဆိုလိုက်ကြသည်။ သူတို့၏မျက်နှာထက်တွင် စိုးရိမ်ကြောင့်ကြမှုများ ထင်ဟပ်နေခဲ့သည်။

လီပိုင်က မရဏမျိုးနွယ်စုခေါင်းဆောင်များကို သတ်ဖြတ်ခဲ့သည့်မြင်ကွင်းအား သူတို့ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါ။ အဲ့ဒီလီပိုင်က ဓားတစ်လက်နဲ့ ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ဟုတ်ပါပေသည် ထိုသူများမှာ ဝမ်ဖုန်းကနယ်စပ်ကိုစေလွှတ်လိုက်သော လီပိုင်တို့အုပ်စုပင် ဖြစ်တော့သည်။

မရဏမျိုးနွယ်စုအကြီးအကဲများ၏ အော်ဟစ်ပြောဆိုသံနဲ့အတူ ဝူရှောင်းအပါအဝင် မီးလျှံစစ်တပ်၏စစ်သည်တော်များကလည်း တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။ သူတို့၏မျက်နှာထက်တွင် စည်းလုံးညီညွှတ်သောအကြည့်များ ရှိနေခဲ့ကြ၏။

သူတို့ဟာ လီပိုင်တို့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဖူးခြင်းမရှိသော်လည်း လီပိုင်အကြောင်းကိုတော့ သိရှိထားလေသည်။ လီပိုင်ဟာ မရဏမျိုးနွယ်စု၏ခေါင်းဆောင်များကို ခေါင်းဖြတ်သတ်ဖြတ်လိုက်ပြီးနောက် သူနှင့်ရှန်ရှန်ကျုံဂိုဏ်း၏အမည်နာမသည် မွန်မြတ်ဘုံလောကတစ်ခွင် ရှန်းရှန်းတောက် ကျော်ကြားခဲ့လေသည်။

လီပိုင်တို့ကိုတွေ့ရှိပါက ရိုရိုသေသေဆက်ဆံရမည့်ဟုတောင် ဧကရာဇ်မင်းမြတ်က သူတို့ကို အထူးတလည် မှာကြားခဲ့သေးသည်။ လီပိုင်တို့၏ ပန်းချီရုပ်ပုံများကလည်း မြင့်မြတ်သောစန်းရိအင်ပါယာအတွင်း၌ ပျံ့နှံ့နေခဲ့ကြပြီ ဖြစ်၏။

သို့သော်လည်း သူတို့ကို လာရောက်ကယ်တင်ခဲ့သည့်သူမှာ ရှန်ရှန်ကျုံဂိုဏ်းမှ ဖြစ်လိမ့်မည်ဟုတော့ ဝူရှောင်းတစ်ယောက် ထင်မထားခဲ့ပါ။

" ရှန်ရှန်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်လား "

မရဏမျိုးနွယ်စု၏သန်မာသောဧကရာဇ်သည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး လီပိုင်နှင့်အခြားသူများကို စူးစိုက်ကြည့်လိုက်သည်။ ပြင်းထန်သောသတ်ဖြတ်ငွေ့များသည် သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းလျက် ရှိချေသည်။ သူ့ကိုစေလွှတ်ခဲ့သည့်ရည်ရွယ်ချက်ကို သူမမေ့သေးပါ။ အဲ့တာက ရှန်ရှန်ကျုံဂိုဏ်းကို ဖျက်စီးဖို့ မဟုတ်လား။

မမျှော်လင့်ထားဘဲ ရှန်ရှန်ကျုံဂိုဏ်းက တံခါးဝရှေ့ကို ကိုယ်တိုက်ကိုယ်ကျ ရောက်လာတာပဲကိုး။

" မင်းတို့ကိုယ်တိုင်ရောက်လာမှတော့ ထွက်သွားဖို့ မစဥ်းစားနဲ့တော့။ "

အပြုံးတစ်ခုသည် ထိုလူ၏မျက်နှာပေါ်၌ ဖြစ်ပေါ်လာခဲ့ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။

ထိုသို့ပြောဆိုသံနဲ့အတူ ထက်ရှသောသတ်ဖြတ်ခြင်းအရှိန်အဝါများသည် သူ့ထံမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။၎င်းသည် ကမ္ဘာလောကအတွင်းရှိ အပူချိန်ကို လုံးဝကျဆင်းသွားစေခဲ့သည်။ သူဟာ လေထုအတွင်း ဖမ်းဆုပ်လိုက်သည့်အခါ ပိန်းပိန်းအောင်နက်မှောင်သောဓားကြီးတစ်လက်သည် သူ၏လက်ဖဝါးအတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။ ရှည်လျှားသောဓားရှည်ကြီးထံမှ သွေးနီရောင်ကဲ့သို့ အလင်းတန်းများ ဖြာဆင်းထွက်နေခဲ့ကာ ပတ်ပတ်လည်ရှိလေထုကို အနီရောင်မှုန်းခြယ်လိုက်လေသည်။

" ဘုန်း....! "

ဓားကို လွဲရမ်းလိုက်ခြင်းနဲ့အတူ ထိတ်လန့်ဖွယ်ကောင်းသောဧကရာဇ်တစ်ပါး၏စွမ်းအားများသည် ဓားရှည်ထံသို့ အရူးအမူးစီးဆင်းဝင်ရောက်သွားခဲ့သည်။ ဗိုလ်ကျချယ်လှယ်နိုင်သော ဓားဟိန်းသံကြီးသည် ထွက်ပေါ်လာခဲ့ချေသည်။ ယင်းနောက် ဓားမြစ်ကြီးတစ်စင်းသည် ကောင်းကင်ပြင်ထက်၌ ထွက်ပေါ်လာခဲ့ကာ လီပိုင်တို့အုပ်စုထံ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့သည်။

ဓားပေါင်းသောင်းကျော်၏လှုပ်ရှားသံများသည် ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်နေခဲ့ကာ ရှိရှိသမျှလူတိုင်းကို ထိန်းကွပ်မရ တုန်ယင်သွားစေခဲ့သည်။

ဤအချိန်တွင် တိုက်ပွဲမြေပြင်ကြီးတစ်ခုလုံးသည် ဓားမြစ်ကြီးကြောင့် ရပ်တန့်သွားခဲ့ရသည်။ မီးလျှံစစ်တပ်ပင်ဖြစ်ပါစေ၊ မရဏမျိုးနွယ်စုပင်ဖြစ်ပါစေ အားလုံးသည် ထိတ်လန့်ဖွယ်ကောင်းသောတိုက်ပွဲကို ကြောက်လန့်တကြား စိုက်ကြည့်မိကြ၏။

ဝူရှောင်း၊ မင်ယောင်နှင့် အခြားသူများကတောင် တိုက်ပွဲအစွန်သို့ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြကာ အဝေးတစ်နေရာရှိ ဧရာမဓားမြစ်ကြီးကို စောင့်ကြည့်နေခဲ့ကြသည်။

ပြင်းထန်သောဓားစွမ်းအင်မြစ်ကြီးနဲ့ ရင်ဆိုင်လိုက်ရသော်လည်း လီပိုင်ကတော့ ဘယ်အမူအရာကိုမှ ထုတ်ဖော်မပြခဲ့ပါ။ သူဟာ ဓားကိုတောင် ဆွဲထုတ်ခဲ့ခြင်း မရှိပါချေ။ သူသည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လက်ချောင်းများကို ဓားပုံသဏ္ဍာန်အဖြစ် ပြောင်းလဲလိုက်ကာ ခပ်ဖွဖွ ခုတ်ပိုင်းလိုက်သည်။

၎င်းပိုင်းဖြတ်မှုသည် အင်အားမရှိပုံပေါ်သော်လည်း လီပိုင်ရှေ့မှောက်ရှိလေဟာပြင်သည် စွမ်းအားကြီးအင်အား၏ ဆုတ်ဖြဲခြင်းကို ခံခဲ့ရသည်။ မယှဥ်သာနိုင်သောဓားအလင်းတန်းသည် ကောင်းကင်ကို ထွင်းဖောက်သွားခဲ့ပြီး ဧကရာဇ်စွမ်းအားရှင်ထံ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့သည်။

လီပိုင်၏အထင်အမြင်သေးသောအမူအရာက မရဏမျိုးနွယ်စုဧကရာဇ်စွမ်းအားရှင်၏အမူအရာကို ပို၍ မဲမှောင်သွားစေခဲ့သည်။ ဤသည်မှာ သူ့ကို အလေးအနက် မမှတ်ယူခြင်း ဖြစ်သည်။ ဓားကိုတောင် ဆွဲမထုတ်ခဲ့ဘူးတဲ့လား။

ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကမှ ဆင်းသက်လာတဲ့သူ့က မွန်မြတ်ဘုံလောကကြီးမှာ ဒီလိုမျိုးဆက်ဆံခံလိုက်ရတာလား။ သူဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။

ပြင်းထန်သောဓားဆန္ဒသည် သူ့ထံမှ ထပ်မံ၍ထွက်ပေါ်လာခဲ့ကာ သူ့လက်ထဲရှိ ဧရာမဓားကြီးသည်လည်း ထပ်ခါထပ်ခါ ဝှေ့ရမ်းသွားခဲ့သည်။ သွေးနီရောင်ဓားအလင်းတန်းများကလည်း လေထုအတွင်းရစ်သိုင်းလျက် ရှိချေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လေထုသည် အနီရောင်ဓားအလင်းတန်းများ၏ မှုန်းခြယ်ခြင်းကို ခံလိုက်ရကာ လေထုအတွင်း၌ အနီရောင်ပိုက်ကွန်ကြီးကဲ့သို့ ဓားချက်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုဓားပိုက်ကွန်ကြီး၏အောက်တွင် ထွက်ပြေးရန် နေရာမရှိတော့ပါပြီ!

All Chapters