← Chapters

ရှေးဟောင်းမျိုးနွယ်စု။

Vol. 45 Ch. 627

ရှေးဟောင်းမျိုးနွယ်စု။

Vol. 45 Ch. 627

ဘာသာပြန်- The Fate

မဟာနတ်ဆိုးရွှမ်ရှ၏ရူးအမှုကိုသာ အဘိုးအိုက သိရှိခဲ့ပါလျှင် ဤမျှလောက်အထိ ထိတ်လန့်ရမှာမဟုတ်ချေ!

သူသည် တိုက်ပွဲဝင်စိတ်များပြည့်နှက်နေသည့် မဟာနတ်ဆိုးရွှမ်ရှကို စူးစိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများက ထိတ်လန့်မှုတို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူဟာ လျှို့ဝှက်ဆန်းကြယ်သော ရှန်ရှန်ကျုံ့ဂိုဏ်းကို အင်မတန်မှ စိတ်ဝင်စားလာမိ၏။

ဘယ်လိုဂိုဏ်းမျိုးကများ သည်လောက်အထိ ထိတ်လန့်ဖို့ကောင်းတဲ့လူတစ်ယောက်ကို ပျိုးထောင်နိုင်ခဲ့ရတာလဲ။ ဒီလိုစိတ်ဆန္ဒမျိုးက မြင့်မြတ်တဲ့စန်းရိအင်ပါယာကြီးမှာတောင် ရှားမှရှားတယ်။ မဟာနတ်ဆိုးရွှမ်ရှလိုပုဂ္ဂိုလ်မျိုးကို ဘယ်လိုပတ်ဝန်းကျင်မျိုးကများ မွေးထုတ်ပေးလိုက်တာလဲ။

"ကျား!"

အဘိုးအိုက ထိတ်လန့်နေစဥ်တွင် မဟာနတ်ဆိုးရွှမ်ရှ၏ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ မင်းသားလန်လဲ့ထံ တစ်ဟုန်ထိုးပြေးဝင်သွားခဲ့သည်။

ဒီမြင်ကွင်းကိုမြင်တော့ စွမ်းအားရှင်များစွာ၏မျက်ဝန်းသူငယ်အိမ်များသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဒီလောက်အပြင်းအထန်ဒဏ်ရာရနေတာတောင် မဟာနတ်ဆိုးရွှမ်ရှက သက်တန့်တစ်စင်းလို အစွမ်းထက်တုန်းပါလား။ သူတို့သာဆိုရင် မဟာနတ်ဆိုးရွှမ်ရှလိုအဆင့်မျိုးကို ကျိန်းသေပေါက်ရောက်နိုင်မှာမဟုတ်ဘူး။

စောင့်ကြည့်နေသောတော်ဝင်ဦးရီးတော်များ၏မျက်နှာများထက်တွင် အရှက်ရမှုများရှိနေခဲ့သည်။ အပြင်လူတစ်ယောက်ဖြစ်သော မဟာနတ်ဆိုးရွှမ်ရှကတောင် အင်ပါယာအတွက် ဤသို့လုပ်ဆောင်ခဲ့၏။ သူတို့ဟာ တော်ဝင်မိသားစု၏ အဖွဲ့ဝင်များမဟုတ်ပါလော။ သူတို့ ဒီလိုပဲ ထိုင်ကြည့်နေရမှာလား။

သူတို့ ဒီလိုသာရပ်ကြည့်နေရင် ရလဒ်က ဘယ်လိုပဲဖြစ်ပါစေ။ သူတို့ရဲ့မျက်နှာတွေ လုံးဝပျက်ယွင်းရလိမ့်မယ်!

"ဘုန်း!"

တစ်ခဏအကြာ တွေးတောလိုက်ပြီးနောက် တော်ဝင်ဦးရီးတော်များအားလုံးသည် အံကိုတင်းတင်းကြိတ်လျက် ခွန်အားများကို ဖော်ထုတ်လိုက်ကာ မင်းသားလန်လဲ့ထံ ပြေးဝင်သွားခဲ့လေသည်။

သူတို့အတွက်တော့ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာသည် အရာအားလုံးဖြစ်လေသည်။ သူတို့ဟာ စောင့်ကြည့်နေခြင်း၏ အကျိုးဆက်များကို လက်မခံနိုင်ပါ။ ကြင်ယာတော်ယဲ့တို့နှင့်ပူးပေါင်းလိုက်ရင် မင်းသားလန်လဲ့လောက်ကို အနိုင်မယူနိုင်ဘူးဆိုတာ ငါတို့မယုံဘူး!

"ကောင်းတယ်!"

လာရောက်တိုက်ခိုက်နေသော လူအုပ်ကြီးကို တွေ့မြင်လိုက်ရသော်လည်း လန်လဲ့၏မျက်နှာထက်တွင်တော့ အကြောက်တရားရှိမနေခဲ့ပါ။ သူသည် ကောင်းကင်ကိုမော့ကြည့်လျက် ဟစ်ကြွေးလိုက်လေသည်။ လွှမ်းမိုးချုပ်ကိုင်နိုင်သောအသံကြီးနှင့်အတူ ခမ်းနားသောစွမ်းအားများကလည်း သူ၏လက်နှစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။

"ဘုန်း!"

တိုက်ပွဲစတင်လိုက်ခြင်းနှင့်အတူ နန်းတော်တစ်ခွင်၌ ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သောစွမ်းအားများကလည်း အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ နန်းတော်အထက်ရှိ လေဟာပြင်ကို ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်လာစေခဲ့သည်။

ဤကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲက မွန်မြတ်သောစန်းရိအင်ပါယာအတွင်းရှိ ကျင့်ကြံသူများအားလုံးကို တုန်ယင်သွားစေခဲ့သည်။ ဤတိုက်ပွဲသည် နန်းတော်ဂိတ်ဝရှိ စစ်တပ်နှစ်တပ်၏တိုက်ခိုက်မှုကိုတောင် သက်ရောက်ခဲ့လေသည်။ နှစ်ဖက်စလုံး၏စစ်သားများသည် တစ်ညီတစ်ညွတ်တည်း ရပ်တန့်လိုက်ကြပြီး အထက်ကောင်းကင်ယံရှိ တိုက်ပွဲကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်မိလိုက်ကြသည်။

ကမ္ဘာတုန်လောက်သောအပြောင်းအလဲကြီးကို အမှန်တကယ်အဆုံးအဖြတ်ပေးမည့်အရာသည် မိုးကောင်းကင်ယံထက်ရှိ တိုက်ပွဲသာဖြစ်လေသည်။ သူတို့စစ်တပ်နှစ်တပ်၏ရလဒ်က အရေးပါခြင်းမရှိပါ။

လန်လဲ့သာ ကြင်ယာတော်ယဲ့တို့ကို အနိုင်ယူနိုင်သေးသ၍ သူတို့ ရှုံးနိမ့်သွားရင်တောင် အရာအားလုံး အဆင်ပြေပေလိမ့်မည်။ လန်လဲ့တစ်ယောက်တည်းက မြင့်မြတ်သောစန်းရိအင်ပါယာရှိ စစ်သားများအားလုံးကို ဖိနှိပ်နိုင်လေသည်!

"ဘုန်း!"

ပြင်းထန်သောခွန်အားလှိုင်းသည် လေဟာပြင်ကိုခွင်း၍ ထွက်ပေါ်လာခဲ့သည်။ အဆိုပါအားလှိုင်း၏အောက်တွင် နန်းတော်ကြီးတစ်ခုလုံးသည် အဆက်မပြတ်ပြိုကျလာခဲ့သည်။ မြင့်မြတ်သောကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် မြေကြီးသည်လည်း တစ်စစီ ကွဲအက်သွားခဲ့ရသည်။

.......

သာ့ယွမ်တောင်တန်းများအတွင်း၌ရှိနေသော ဝမ်ဖုန်းသည် မြင့်မြတ်သောစန်းရိအင်ပါယာအတွင်းရှိ ကမ္ဘာတုန်လောက်သော အပြောင်းအလဲများကို မသိရှိခဲ့ပါ။ ဤအချိန်၌ သူသည် ကောင်းကင်အထက်၌ မတ်တပ်ရပ်နေခဲ့ကာ မနီးမဝေးတွင်ရှိနေသော ရှေးဟောင်းမျိုးနွယ်စုကြီးကို သံသယဝင်စွာ စူးစိုက်ကြည့်နေခဲ့သည်။

သစ်လုံးများဖြင့်ပြုလုပ်ထားသော သစ်သားအိမ်ကလေးများသည် မိုးထိအောင်မြင့်မားသော သစ်ပင်ကြီးများအထက်၌ တွဲလောင်းကျလျက်ရှိသည်။ ဤရှေးဟောင်းမျိုးနွယ်စုအတွင်း၌ သားရဲအရေခြုံထားသော လူများသည် လှည့်လည်သွားလာလျက်ရှိကြသည်။ နေရာတစ်ခွင်လုံး၌ ရယ်မောသံများဖြင့် ပြည့်နှက်နေခဲ့ကာ ငြိမ်းချမ်းလွန်းလှတာကြောင့် ဝမ်ဖုန်းကတောင် မတ်တပ်ရပ်လျက် စိုက်ကြည့်နေမိ၏။

သာ့ယွမ်တောင်တန်းနယ်မြေအတွင်း၌ ရှေးဟောင်းမျိုးနွယ်စုကြီးတစ်စုရှိနေလိမ့်မည်ဟု ဝမ်ဖုန်းတစ်ယောက် ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။

သာ့ယွမ်မင်းဆက်၏ အကြီးမားဆုံးတောင်တန်းနယ်မြေကြီးဖြစ်သည့်အလျောက် ဤနေရာသည် သာ့ယွမ်မင်းဆက်ရှိကျင့်ကြံသူများ လာရောက်စူးစမ်းလေ့ရှိသောနေရာလည်း ဖြစ်လေသည်။

နှစ်ပေါင်းများစွာအတောအတွင်း၌ သာ့ယွမ်အင်ပါယာကြီး၏ ကျင့်ကြံသူများသည် ဤတောင်တန်းနယ်မြေအတွင်းသို့ အကြိမ်ပေါင်းများစွာ လှည့်ပတ်သွားလာကြပြီးဖြစ်၏။ ဤတောင်တန်းအတွင်းရှိ နေရာဒေသအများစုကို ကျင့်ကြံသူများက လာရောက်လည်ပတ်ခဲ့ကြပြီးဖြစ်သည်။

ဤရှေးဟောင်းမျိုးနွယ်စုအတွင်း၌ရှိနေသော စွမ်းအားရှင်များသည် ကျင့်ကြံရေးအရာ၌ သန်မာခြင်းမရှိကြပါ။ သူတို့သည် ချန်ခွမ်းနယ်ပယ်၌သာ ရှိနေကြသည်။ သူတို့၌ ချန်ခွမ်းသူတော်စင်တစ်ပါးတောင် ရှိမနေခဲ့ပါ။ ဒီလိုဆိုရင် ဒီရှေးဟောင်းမျိုးနွယ်စုက ဒီကနေ့အထိ ဘယ်လိုများ ရှင်သန်လာခဲ့တာလဲ။

ဒါကိုတွေးမိလိုက်တော့ ဝမ်ဖုန်း၏မျက်ဝန်းများသည် မှေးကျဥ်းသွားခဲ့ကာ ပတ်ပတ်လည်ရှိ ရှေးဟောင်းမျိုးနွယ်စုကို အသေအချာ စူးစမ်းလိုက်သည်။ သို့သော်လည်း သူ ဘယ်လောက်ပဲ စူးစမ်းပါစေ၊ သူဟာ ရှေးဟောင်းမျိုးနွယ်စု၏ပတ်ပတ်လည်၌ အကာအကွယ်နံရံတစ်ခုကိုမှ မတွေ့မြင်ခဲ့ရပါ!

ထိုမျိုးနွယ်စုကို ကာကွယ်ပေးထားသော အကာအရံများရှိမနေသော်လည်း သေသေချာချာ စူးစမ်းကြည့်လိုက်သည့်အခါ ဝမ်ဖုန်းသည် ထိုမျိုးနွယ်စုမှလူများသည် သာမန်လူများထက် အရပ်အနည်းငယ်ပိုမြင့်ကြောင်း တွေ့ခဲ့ရသည်။ သူတို့၏ခန္ဓာကိုယ်များနှင့် လူကောင်များသည် ထွားကြိုင်းသန်မာလျက်ရှိကာ အင်မတန်မှ ထိတ်လန့်ဖို့ကောင်းလေသည်။

"စနစ်ရေ၊ ဂိုဏ်းအမှတ်သုံးထရီလီယံကိုအသုံးပြုပြီး ကျင့်ကြံရေးစွမ်းအင်တွေအဖြစ် လဲလှယ်လိုက်ပါ။ ပြီးတော့ မဟာနတ်ဆိုးရွှမ်ရှနဲ့ ဂိုဏ်းရဲ့အကြီးအကဲတွေအပေါ် ကောင်းချီးပေးလိုက်ပါ။"

"ကောင်းချီးအများစုကို မဟာနတ်ဆိုးရွှမ်ရှအပေါ် အသုံးချလိုက်ပါ။"

တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်း၏မျက်ဝန်းများသည် အနည်းငယ်တောက်ပသွားခဲ့ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။ ရှေးဟောင်းမျိုးနွယ်စုတစ်စုကို တွေ့ရှိခဲ့ရတာကြောင့် ဝမ်ဖုန်းသည် အဆိုပါမျိုးနွယ်စုနှင့်ပတ်သက်၍ စူးစမ်းချင်လာသည်။ သာ့ယွမ်တောင်တန်းနယ်မြေအတွင်း၌ ကာလရှည်ကြာစွာ နေထိုင်နိုင်ခဲ့သည်ဖြစ်ရာ ဤမျိုးနွယ်စုသည် သာမန်မဟုတ် ထူးကဲပေလိမ့်မည်။

သို့သော်လည်း သူ၏စိတ်အာရုံအနက်ပိုင်းမှနေ၍ မဟာနတ်ဆိုးရွှမ်ရှတစ်ယောက် အန္တာရယ်နှင့်တွေ့ကြုံနေရကြောင်း ခပ်ရေးရေးမျှ ခံစားခဲ့ရသည်။ ဒီထူးဆန်းသောမျိုးနွယ်စုကိုသာ မတွေ့မြင်ခဲ့ရပါက သူသည် မွန်မြတ်သောစန်းရိမြို့တော်သို့ အမြန်ပြန်သွားမှာဖြစ်သည်။

ထို့အတွက်ကြောင့် ဝမ်ဖုန်းသည် ကျင့်ကြံရေးအခြေခံများကိုရယူပြီး မဟာနတ်ဆိုးရွှမ်ရှအပေါ် ကောင်းချီးပေးရန် တွေးတောခဲ့သည်။ သူကိုယ်၌ကတော့ မွန်မြတ်သောစန်းရိမြို့တော်ကိုပြန်ရန်အတွက် အလျှင်မလိုခဲ့ပါ။ သူသည် ရှေးဟောင်းမျိုးနွယ်စုကို သေချာပေါက် စူးစမ်းရပေလိမ့်မည်။

"ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ရဲ့ ကျင့်ကြံမှုဆယ်ပုံတစ်ပုံကို ရရှိပါတယ်။"

"ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်.....!"

"ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်သုံးထရီလီယံအသုံးပြုပြီး ထီကံစမ်းခြင်းကို ပြုလုပ်ခဲ့ပါပြီ။ စနစ်ရဲ့ဆင့်ကဲပြောင်းလဲမှုကြောင့် ရရှိလာတဲ့ကျင့်ကြံမှုခွန်အားတွေကို နှစ်ဆမြင့်တင်ပေးမှာပါ။"

"ဒင်၊ ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ မဟာနတ်ဆိုးရွှမ်ရှက နိယာမဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိသွားပါပြီ။ ရှန်ရှန်ကျုံ့ဂိုဏ်းအကြီးအကဲတွေဖြစ်တဲ့ အားချင်း၊ လီယွမ်ပ၊ ကွမ်ယု၊ ယောင်ယွဲ့နဲ့ တုံ့ဖန်းပုပိုင်တို့ကလည်း မူလဧကရာဇ်အဆင့်ကို ရောက်ရှိသွားပါပြီ။"

တစ်ခဏကြာသည့်အခါ စနစ်၏အေးစက်သောအသံများသည် ဝမ်ဖုန်း၏စိတ်အာရုံအတွင်း ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။

စနစ်၏အသံ ထွက်ပေါ်လာခြင်းနှင့်အတူ ဝမ်ဖုန်း စောနကခံစားခဲ့ရသော မဟာနတ်ဆိုးရွှမ်ရှအပေါ် စိုးရိမ်ပူပန်နေသည့်ခံစားချက်ကလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

သူ၏ပုံရိပ်သည် ရုတ်တရက်ဝေဝါးသွားခဲ့ပြီး ရှေးဟောင်းမျိုးနွယ်စုနှင့် မနီးမဝေးထံသို့ ဆင်းသက်လိုက်သည်။ သူသည် ရှေးဟောင်းမျိုးနွယ်စုထံ လမ်းလျှောက်သွားခဲ့လေသည်။

"အဝေးကလာရောက်တဲ့ခရီးသည် ကြိုဆိုပါတယ်။"

ဝမ်ဖုန်း၏ပုံရိပ် ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ဟတ်ဟတ်ပက်ပက်ရယ်မောသံကြီးကလည်း ထွက်ပေါ်လာခဲ့ကာ ပုံရိပ်တစ်ခုသည် ရှေးဟောင်းမျိုးနွယ်စုထံမှလမ်းလျှောက်ထွက်လာခဲ့သည်။ ထိုလူသည် ဝမ်ဖုန်းကို အားပါးတရ ပြုံးရယ်ပြခဲ့လေသည်။

အဆိုပါလူမှာ သားရဲအရေခွံများကိုခြုံထားသော သက်လတ်ပိုင်းအမျိုးသားကြီးတစ်ယောက်ဖြစ်၏။ သူ၏ကျင့်ကြံမှုအရှိန်အဝါသည် ချန်ခွမ်းယွမ်အဆင့်သို့ ရောက်ရှိနေခဲ့သည်။ သို့သော်လည်း သူ၏ရုပ်ခန္ဓာကတော့ သာမန်ချန်ခွမ်းယွမ်အဆင့် စွမ်းအားရှင်များထက် ပို၍သန်မာလေသည်!

All Chapters