← Chapters

နတ်ဘုရားလီထျန်း

Vol. 45 Ch. 628

နတ်ဘုရားလီထျန်း

Vol. 45 Ch. 628

" ကျုပ်ကဝမ်ဖုန်းပါ...နှောက်ယှက်မိတဲ့အတွက် အားနာပါတယ် ! "

ရောက်လာသည့်ပုဂ္ဂိုလ်၏ဖော်ရွေမှုကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းသည် ခပ်ဖွဖွပြုံးလျက် လက်သီးဆုပ်ဂါရဝပြုလိုက်သည်။

သူဟာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေသော်လည်း ရှေးဟောင်းမျိုးနွယ်စုအပေါ် မမောက်မာခဲ့ပါ။ သူသည် သူ့အပေါ် လေးလေးစားစားဆက်ဆံသောလူများကို ထပ်တူညီမျှသော လေးစားမှုကို ပြန်လည်ပေးအပ်လေ့ရှိသည် !

" ကျုပ်ရဲ့နာမည်က ကျားမုပါ။ လီထျန်းမျိုးနွယ်စုက ကြိုဆိုပါတယ်။ "

သက်လတ်ပိုင်းအမျိုးသားသည် ပြုံးလျက်ပြောဆိုလိုက်သည်။

" လီထျန်းမျိုးနွယ်စုလား...နာမည်ကောင်းတစ်ခုပဲ "

ဝမ်ဖုန်းက ထောက်ခံခေါင်းညိတ်လိုက်သည်။

" ကျုပ်တို့ရဲ့မျိုးနွယ်စုက ဒီတောင်တန်းတွေကြားမှာ ကျင်လည်နေတာ ကြာခဲ့ပါပြီ။ အရှင်က ကျုပ်တို့ရဲ့မျိုးနွယ်စုကို ကံစပ်လို့ ရောက်လာခဲ့တာပဲ။ ဒါက ကျွန်တော်တို့ရဲ့ ကံကောင်းမှုကြီးထင်ပါတယ်လေ။ "

ကျားမုက ဝမ်ဖုန်းကို စိုက်ကြည့်လိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။

ထိုစကားများကိုကြားလိုက်ရသောအခါ ဝမ်ဖုန်းသည် မျက်မှောင်ဖွဖွကြုတ်လိုက်သည်။သူသည် အံ့သြနေသောအမူအရာဖြင့် မေးမြန်းလိုက်၏။

" အို.....ခင်များဘာလို့ အဲ့လိုပြောရတာလဲ "

" ကျုပ်တို့ရဲ့လီထျန်းမျိုးနွယ်စုက သာ့ယွမ်တောင်တန်းတွေထဲမှာရှိနေပေမဲ့ တည်နေရာ ဒေသက အစဥ်အမြဲ ပြောင်းလဲနေခဲ့တာ။ သာမန်လူတွေက ကျုပ်တို့လီထျန်းမျိုးနွယ်စုကို ရှာတွေ့ဖို့ မလွယ်ကူပါဘူး။ "

ကျားမူကပြုံးလိုက်ပြီး ဂုဏ်ယူစွာဖြင့် ပြောဆိုခဲ့၏။

ဝမ်ဖုန်းဟာ ထိတ်လန့်သွားခဲ့သည်။ လီထျန်းမျိုးနွယ်စုသည် သာ့ယွမ်တောင်တန်းများထဲ၌ ကာလရှည်ကြာစွာ နေထိုင်ခဲ့သော်လည်း ကျင့်ကြံသူများက ရှာမတွေ့ခဲ့ပေ။ သူတို့ရဲ့တည်နေရာက အမြဲတစေ ပြောင်းလဲနေခဲ့တာကို။

သူသည် လီထျန်းမျိုးနွယ်စုကို စောနက သေချာစွာစူးစမ်းခဲ့သော်လည်း ထူးဆန်းမှုဟူ၍ တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ရပါ။ သူ၏လက်ရှိကျင့်ကြံမှုသည် ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ သူကတောင် လီထျန်းမျိုးနွယ်စုရဲ့ ထူးခြားမှုကို မသိရှိခဲ့ဘူးလား။

လီထျန်းမျိုးနွယ်စုက ဘယ်လိုတောင် လျို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းရတာလဲ။

" ဒီနေ့က နတ်ဘုရားကို ယစ်ပူဇော်တဲ့နေ့ဖြစ်တာကြောင့် မျိုးနွယ်စုအကြီးအကဲတွေက ဒီမှာ ရှိမနေကြဘူး။ ဒါကြောင့်မလို့ ကျုပ်တစ်ယောက်တည်းကပဲ ညီအစ်ကိုကို ဧည့်ခံရတော့မှာပေါ့။ ညီအစ်ကို စိတ်မရှိဖို့ မျှော်လင့်ပါတယ်ဗျာ။

ကျားမု၏စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းများသည် တောက်ပသွားခဲ့ပြီး ပြန်လည်ပြောဆိုလိုက်သည်။ " နတ်ဘုရားယစ်ပူဇော်ပွဲက ဘယ်တော့လဲ။ "

" အဲ့တာက ကျုပ်တို့လီထျန်းမျိုးနွယ်စုရဲ့ အရေးအကြီးဆုံးပွဲတော်တစ်ခုပါ။ ဒီပွဲတော်အတွင်းမှာ ကျုပ်တို့က နတ်ဘုရားတွေကိုပူဇော်ကြပြီး မျိုးနွယ်စုကိုကာကွယ်စောင့်ရှောက်ဖို့ ဆုတောင်းကြတယ်လေ။ "

ကျားမုက ထိန်ချန်ထားခြင်းမရှိဘဲ ချက်ချင်းရှင်းပြခဲ့သည်။

နတ်ဘုရားတွေကို ပူဇော်ပသပြီး အကာအကွယ်အတွက် ဆုတောင်းကြတာလား။

ဝမ်ဖုန်း၏နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။ သူဟာ လီထျန်းမျိုးနွယ်စုအပေါ် ပို၍ စိတ်ဝင်စားလာမိသည်။ အချို့သောရှေးဟောင်းမျိုးနွယ်စုကြီးများသည် နတ်ဘုရားများကို ပူဇော်ပသသည့်ဓလေ့များကို ပြုလုပ်လေ့ရှိ၏။ သို့သော်လည်း လက်ရှိကျင့်ကြံရေးလောကအတွင်း၌တော့ ထိုကဲ့သို့မျိုးနွယ်စုများသည် ရှားပါးပါသည်။

ပြောရပါလျှင် ကျင့်ကြံခြင်းသည် မိုးကောင်းကင်ကို ဆန့်ကျင်ခြင်းဖြစ်လေသည်။ ကျင့်ကြံသူများဟာလည်း မိမိတို့ကိုယ်တိုင်ကိုယ်သာ ယုံကြည်ကြသည်။ဘယ်သူကများ ဘာမှန်းမသိတဲ့နတ်ဘုရားကို ကိုးကွယ်ကြမှာလဲ။

ထိုသို့တွေးခေါ်နေရင်း ဝမ်ဖုန်းသည် ကျားမု၏လမ်းပြမှုနောက်လိုက်ပါရင်း လီထျန်းမျိုးနွဟ်စုအတွင်း ဝင်ရောက်သွားခဲ့သည်။ မျိုးနွယ်စုအတွင်း သူဝင်ရောက်သွားသည်နဲ့တပြိုင်နက် ဝမ်ဖုန်းသည် ရှေးဆန်သောအရှိန်အဝါတစ်ခုကို ခံစားခဲ့ရသည်။

မျိုးနွယ်စုတည်ရှိရာနေရာ၏အလယ်ဗဟိုတွင် ရှေးဟောင်းကျောက်စာတိုင်ကြီး ရှိနေခဲ့သည်။ အကြည့်တစ်ချက်ဖြင့်ပင် ၎င်းကျောက်စာတိုင်ကြီးတွင် ရှည်လျားသောသမိုင်းကြောင်းရှိကြောင်း တွေ့မြင်နိုင်၏။ ဧကရာဇ်တစ်ပါးဖြစ်သောဝမ်ဖုန်းကတောင် ထိုအရာကို မစူးစမ်းနိုင်ခဲ့ပါ။ ထိုကျောက်စာတိုင်၏သက်တမ်းကိုလည်း မခန့်မှန်းနိုင်ခဲ့ချေ။

ဒီလီထျန်းမျိုးနွယ်စုက ကျိန်းသေပေါက်မရိုးရှင်းဘူး။

ဝမ်ဖုန်း၏မျက်ဝန်းများသည် မှေးကျဥ်းသွားခဲ့ကာ ကျားမုနောက်သို့လိုက်ပါ၍ မျိုးနွယ်စု၏အနက်ပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။ ကလေးငယ်တစ်ချို့သည် ဝမ်ဖုန်းကို သစ်ပင်အိမ်များအတွင်းမှ စူးစိုက်ကြည့်နေခဲ့သည်။ သူတို့၏ဘေးနားတွင်လည်း အမျိုးသမီးများ ရှိနေခဲ့သည်။

ထူးဆန်းသည်က အဆိုပါအမျိုးသမီးများအားလုံးတွင် ကြေးညိုရောင်အသားအရေရှိနေပြီး သန်မာသောကြွက်သားများလည်း ရှိနေခဲ့သည်။ သူတို့သည် သစ်ရွက်များဖြင့်ပြုလုပ်ထားသော စကပ်များကို ဝတ်ဆင်ထားခဲ့ကာ သူတို့၏ဦးခေါင်းထက်တွင်လည်း ထူးဆန်းသောခေါင်းပတ်များရှိနေခဲ့သည်။

" အကိုကျားမု ဒီမျိုးနွယ်စုက အမဲရောလိုက်တတ်သလား။ "

ဝမ်ဖုန်းသည် ဘေးဘီဝဲယာကို စူးစိုက်ကြည့်နေလိုက်ရင်း ကျားမုကို ကောက်ကာငင်ကာ မေးမြန်းလိုက်သည်။

" လိုက်တာပေါ့....ကျုပ်တို့ရဲ့လူငယ်မျိုးဆက်တွေက အမဲလိုက်လေ့ရှိတယ်လေ။ "

ကျားမုက ပျော်ရွင်စွာ ပြုံးလိုက်သည်။

" ကျားမုက အရမ်းကိုအစွမ်းထက်တာ။ သူက ဟောသလောက်ကြီးတဲ့အကောင်ကြီးကိုတောင် တိုက်ခိုက်နိုင်ခဲ့တာလေ ! "

" လျှောက်မပြောစမ်းနဲ့ ! "

" အကြီးအကဲကို ချီးမွှမ်းတာပါရှင့် "

ကျားမု၏အသံကိုကြားလိုက်ရသည့်အခါ သစ်ပင်အိမ်များထက်တွင်ရှိနေကြသော အမျိုးသမီးများသည် စနောက်ပြောဆိုလိုက်ကြသည်။ ဒါက ကျားမုကို ချက်ချင်း ရှက်ရွံ့သွားစေခဲ့သည်။ သူက လက်ကိုအပြင်းအထန်ဝှေ့ယမ်းလိုက်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။ " ကလေးတွေကိုသာ သေချာစောင့်ကြည့်စမ်းပါ ......ငါနဲ့အစ်ကိုဝမ်ကို မနှောက်ယှက်စမ်းနဲ့ "

ဝမ်ဖုန်းက ပြုံးရယ်လိုက်ပြီး ဘာကိုမှ မပြောခဲ့ပါ။ သူဟာလည်း စိတ်လန်းကြည်သာနေခဲ့သည်။ ဤမျိုးနွယ်စုအတွင်း၌ ရှိနေသောလူများသည် အင်မတန်ရိုးရှင်းကြလေသည်။ သူတို့ဟာ ပြင်ပကျင့်ကြံသူများကဲ့သို့ ဟန်ဆောင်ဖုံးကွယ်မှုများမရှိကြဘဲ အတော်လေးဖော်ရွေကြ၏။

ဝမ်ဖုန်းသည် ထိုကဲ့သို့လေထုမျိုးကို မတွေ့ဆုံးခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ဤရှေးဟောင်းမျိုးနွယ်စုသည် ဝိညာဥ်ကျေးရွာနဲ့ အင်မတန်မှ အလားသာဏ္ဍန်တူညီလှ၏။

" အကိုကျားမု ဒီမျိုးနွယ်စုရဲ့ဇစ်မြစ်ကိုရော သိထားသလား။ အကိုပြောဖို့အဆင်မပြေဘူးဆိုရင်လည်း ပြောပြစရာမလိုပါဘူး။ " တခဏတာတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းသည် စူးစမ်းလိုစိတ်ကို မချိုးနှိမ်နိုင်တော့တာကြောင့် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

ကျားမုဟာ ရုတ်တရက်မေးခွန်းကြောင့် ကြောင်အသွားခဲ့၏။ သူက တခဏကြာတွေးတောလိုက်ပြီး ပြောဆိုလိုက်သည်။ " ကျုပ်တို့မျိုးနွယ်စုမှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိတယ်။ ကျုပ်တို့ရဲ့ မူလဇစ်မြစ်က အရမ်းကိုဝေးကွာလွန်းတာကြောင့် မှန်းဆလို့တောင် မရနိုင်ဘူး။ မျိုးနွယ်စုရဲ့အကြီးအကဲတွေကတောင်မှ ကျုပ်တို့မျိုးနွယ်စုရဲ့ဇစ်မြစ်ကို မသိကြဘူး။ "

" ဒါပေမဲ့ မျိုးနွယ်စုထဲမှာ ပျံ့နှံ့နေတဲ့ ယုံတမ်းစကားတစ်ခုတော့ ရှိတယ်။ "

" အို......ဘယ်လိုယုံတမ်းစကားမျိုးပါလိမ့် "

ဝမ်ဖုန်း၏မျက်ဝန်းများသည် တောက်ပသွားခဲ့သည်။ သူက အလျင်စလို မေးမြန်းလိုက်၏။

" အဲ့တာကို ကျောက်စာတိုင်ကြီးမှာ မှတ်တမ်းတင်ထားတယ်လေ။ လာကြည့်စမ်းပါဦး..ညီအစ်ကို "

ကျားမုသည် ခပ်လှမ်းလှမ်းတွင်ရှိနေသော ကျောက်စာတိုင်ကို လက်ညှိုးထိုးပြလျက် ပြောဆိုလိုက်သည်။

ထိုသို့ပြောလိုက်ပြီးနောက် သူက ဝမ်ဖုန်းကို ကျောက်စာတိုင်ရှိရာသို့ ဆွဲခေါ်သွားခဲ့သည်။

ရှေးဟောင်းကျောက်တိုင်ကြီးသည် သုံးပေခန့် ရှည်လျားလေသည်။ ၎င်း၏ကိုယ်ထည်သည် မဲမှောင်နေခဲ့ကာ ၎င်းအပေါ်တွင် မရေမတွက်နိုင်သောမျဥ်းကြောင်းများကို ရေးထွင်းထားခဲ့သည်။ သို့သော်လည်း နှစ်ကာလ၏တိုက်စားမှုကြောင့် ကျောက်စာတိုင်ကြီးသည် အရောင်မှိန်ဖျော့လျက် ရှိလေသည်။ ၎င်းအပေါ်တွင်ရေးထွင်းထားသော စကားလုံးများကလည်း ယောင်ဝါးဝါး ဖြစ်နေခဲ့သည်။ ဝမ်ဖုန်း၏အမြင်အာရုံသည် အင်မတန်မှကောင်းမွန်သော်လည်း သူဟာ ကျောက်စာတိုင်ပေါ်ရှိစကားလုံးများကို ရှင်းရှင်းလင်းလင်းမတွေ့မြင်နိုင်ခဲ့ပါ။

" တစ်ဖက်လောကရဲ့ (9900)ပြည့်နှစ်မှာ လောကကြီးထဲကလူတွေက ကပ်ဘေးဒုက္ခဘေးကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ကြီးမားတဲ့ အပျက်အစီးဘေးဒုက္ခတွေနဲ့ တွေ့ကြုံခဲ့တယ်။ ကြီးမြတ်တဲ့နတ်ဘုရားလီထျန်းက လမ်းစဥ်ပေါင်းတစ်သောင်းကိုစုစည်းပြီး ပုံရိပ်ယောင်များအဖြစ် အသွင်ပြောင်းလဲခဲ့တယ်။ သူဟာ ခန္ဓာကိုယ်ကိုအသုံးပြုပြီး ယုံကျန်းကို ပိတ်ဆို့ခဲ့တယ်။ "

ဤနေရာတွင် စကားလုံးများသည် မှုန်ဝါးသွားခဲ့သည်။ ဝမ်ဖုန်းဟာ သူ၏မျက်ဝန်းကို စွမ်းအင်များပေါင်းထည့်၍ အကောင်းဆုံးအသုံးချခဲ့သော်လည်း ကြွင်းကျန်ရစ်သောစာသားများကိုတော့ မဖတ်နိုင်တော့ပါ။

ကျောက်စာတိုင်ပေါ်ရှိစာသားများသည် မပြည့်မစုံ ဖြစ်နေခဲ့၏။ ၎င်းက ဘာကိုဆိုလိုကြောင်း သိရှိရန် မဖြစ်နိုင်ခဲ့ပါ။

ဝမ်ဖုန်းသည် မျက်မှောင်ကျုံ့လိုက်လိုက်သည်။ ကျောက်စာတိုင်ပေါ်ရှိအချက်အလက်များအရ ရှေးဟောင်းမျိုးနွယ်စုသည် နတ်ဘုရားလီထျန်းဆိုသူထံမှ သက်ဆင်းလာခြင်း ဖြစ်ပေလိမ့်မည်။ ဒါပေမဲ့ ဘာက လမ်းစဥ်တစ်သောင်းတာအိုကို စုစည်းတာလဲ။ ပြီးတော့ မှော်ဝင်အရိပ်တွေအဖြစ်အသွင်ပြောင်းလဲတယ်ဆိုတာကရော ဘာလဲ။ နောက်ဆုံးယုံကျန်းကို ပြန်လာတယ်။ အဲ့ယုံကျန်းကရော ဘာကြီးလဲ။

အဆိုပါကြီးမြတ်သောနတ်ဘုရားလီထျန်းသည် ဟုန်မာန်နတ်ဘုရားနယ်ပယ်တွင်ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။ သူကတောင် ခန္ဓာကိုယ်ကို စွန့်လွှတ်စတေးပြီး ခုခံခဲ့ရတယ်ဆိုတော့ အဲ့ဒီခေတ်၊ အဲ့ဒီကာလမှာ ဘာတွေဖြစ်ခဲ့တာလဲ။

" ဘယ်လိုလဲညီအစ်ကို တွေ့မြင်နိုင်ရဲ့လား။ "

တစ်ဖက်တွင်ရှိနေသောကျားမုသည် မျှော်လင့်ချက်များဖြင့် မေးမြန်းလိုက်သည်။

သူဟာ ကျောက်စာတိုင်မှတဆင့် ဝမ်ဖုန်းတစ်ယောက် မျိုးနွယ်စုအကြောင်း တွေ့ရှိသွားဖို့ကို မျှော်လင့်နေခဲ့သည်။

ဝမ်ဖုန်းက ကျားမုကိုစိုက်ကြည့်လိုက်ပြီး ခေါင်းကိုခါယမ်းလိုက်သည်။

ကျားမုသည် အနည်းငယ်စိတ်ပျက်သွားခဲ့သည်။ သူဟာလည်း ဒီအကြောင်းကို တွေးဆထားခဲ့ပြီးဖြစ်၏။ တခဏကြာသည့်နောက်တွင် သူ၏မျက်နှာထက်၌ အပြုံးတစ်ပွင့် ပြန်လည်၍ ပေါက်ဖွားလာခဲ့သည်။

" ကျုပ်ကို အပန်းမကြီးရင် ယစ်ပူဇော်တဲ့နန်းတော်ကို ပြသပေးနိုင်မလား။ "

တခဏကြာတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက ကျယ်လောင်စွာ မေးမြန်းခဲ့သည်။

နတ်ဘုရားလီထျန်းကို လီထျန်းမျိုးနွယ်စုက ပူဇော်ပသကြသည်ဖြစ်ရာ အရေးကြီးသည့်အချက်အလက်များကို ယစ်ပူဇော်သည့်နန်းတော်အတွင်း၌ ရှာဖွေတွေ့ရှိနိုင်သည်။ သတင်းအချက်အလက်များကို မတွေ့မြင်နိုင်ဘူးဆိုရင်တောင်မှ ဝမ်ဖုန်းသည် ရှေးဟောင်းမျိုးနွယ်စု၏ ယစ်ပူဇော်ခြင်းနည်းလမ်းအကြောင်းကို တွေ့မြင်ချင်မိ၏။

" သေချာတာပေါ့ "

" ဒါပေမဲ့ ညီအစ်ကိုဝမ်ကို တစ်ခုတော့ သတိပေးရလိမ့်မယ်။ နတ်ဘုရားအပေါ် မလေးမစား မပြုမူပါနဲ့။ ဒီလိုမှမဟုတ်ရင် မျိုးနွယ်စုအကြီးအကဲတွေက ညီအစ်ကိုဝမ်ကို မောင်းထုတ်လိမ့်မယ်။ "

ကျားမုက ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်သည်။

ဝမ်ဖုန်းက လေးနက်သောအမူအရာဖြင့် ပြန်၍ပြောဆိုလိုက်သည်။ " မစိုးရိမ်ပါနဲ့ ....ကျုပ်ဒီအရာရဲ့အရေးပါမှုကို သိရှိပါတယ်။ "

ဒါကိုကြားတော့ ကျားမုကလည်း တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ဝမ်ဖုန်းကို မျိုးနွယ်စု၏အနက်ပိုင်းသို့ ဆွဲခေါ်သွားခဲ့လေသည်။

All Chapters