← Chapters

အခန်း (၆၃၁)

Vol. 45 Ch. 631

အခန်း (၆၃၁)

Vol. 45 Ch. 631

Translator - Hsue Htet

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှ၏ အဆက်မပြတ်လှုပ်ယိမ်းနေသောလက်တစ်စုံနှင့်အတူ သန့်စင်သောမှော်စွမ်းအင်မျှင်လေးများသည် လေဟာပြင်ထက်တွင် ဖြေးညှင်းစွာ ရောယှက်သွားပြီး ဧရာမမှော်စွမ်းအင်စည်းတံဆိပ်ကြီးအဖြစ် ဖွဲ့စည်းဖြစ်တည်လာသည်။။

မှော်စွမ်းအင်စည်းတံဆိပ်သည် လေးထောင့်သဏ္ဍာန်ဖြစ်ပြီး လေးထောင့်စွန်းများ၌ ရှေးဟောင်းသားရဲကြီးများ ဟိန်းဟောက်မြည်တမ်းနေကြသည်။

မှော်စွမ်းအင်စည်းတံဆိပ်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဆုံးမဲ့မှော်စွမ်းအင်များ ဖြာထွက်လာပြီး လောကတစ်ခွင်မှာ အဆက်မပြတ် တုန်ခါလာခဲ့သည်။ စန်းမြို့တော်ကျင့်ကြံသူများသည် ကြောက်ခမန်းလိလိ‌ေသာ မှော်စွမ်းအင်စည်းတံဆိပ်ကို စိတ်နှလုံးတုန်လှုပ်အံ့ဩစွာဖြင့် မော့ကြည့်နေကြသည်။

ဝေးကွာလှသည့် အကွာအဝေးမှ ကြည့်ရှုနေကြသည့်တိုင် သူတို့၏ဝိဉာဉ်မှာ ၎င်းမှော်စွမ်းအင်စည်းတံဆိပ်၏ ဝါးမြိုခြင်းကိုခံရတော့မည့်အလား ခံစားနေရသည်။

အေးစက်လွန်းလှ၏။ မှော်စွမ်းအင်စည်းတံဆိပ်၏အင်အားကို ခံစားမိပြီးနောက်၌ လူသူအပေါင်းမှာ အံ့အားထိတ်လန့်ကုန်ကြသည်။

“မဖြစ်နိုင်တာ!”

“ဘယ်လိုတောင် ဒီလောက်ထိအင်အားကြီးမားနိုင်ရတာလဲ”

လန်လဲ့ထံမှ အံ့အားသင့်စွာပြောဆိုသံထွက်ပေါ်လာသည်။ မဟာနတ်ဆိုးရွှမ်ရှမှ ဤမျှအင်အားကြီးမားသည့်စွမ်းအင်များ ရုတ်တရက်ဖြာထွက်‌‌ေပါက်ကွဲလာခဲ့မည်ဟု မျှော်လင့်မထားခဲ့ပေ။

လန်လဲ့သည်လည်း အနည်းငယ် ကြောက်လန့်သွားခဲ့သည်။

လန်လဲ့သည် တော်ဝင်ဧကရာဇ်အဆင့်ကျင့်ကြံသူဖြစ်သည်။

ချန်ခွမ်းအထွတ်အမြတ်ဘုံလောကမှာ သူ့လောက်အင်အားကြီးမားသူ ဘယ်နှယောက်များရှိနိုင်မလဲ? ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲချုပ်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်အင်အားကြီးမားနေရတာလဲ?

ကြင်ယာတော်ယဲ့နှင့်အခြားသူများပင်လျှင် မဟာနတ်ဆိုးရွှမ်ရှကို အံ့အားသင့်စွာကြည့်လာကြသည်။

မကြာမီကပင် မဟာနတ်ဆိုးရွှမ်ရှသည် အပြင်းအထန်ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေခဲ့သည်။ သို့သော် ‌ေမျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ဤမျှကြီးမားသည့်ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပေသည်။

“ရေတွင်းအောက်ခြေက ဖားတစ်ကောင်က လောကကြီးဘယ်လောက်တောင် ကြီးမားကျယ်ပြောလဲဆိုတာ ဘယ်လိုသိနိုင်ပါ့မလဲ”

မဟာနတ်ဆိုးရွှမ်ရှမှ လှောင်ရယ်၏။ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းသော အရှိန်အဝါလွှမ်းခြုံနေသည့် မဟာနတ်ဆိုးရွှမ်ရှသည် ပြိုင်ဘက်ကင်းမိစ္ဆာကြီးတစ်ကောင်ကဲ့သို့ လေဟာပြင်ထက်တွင် ရပ်နေခဲ့သည်။ စန်းရိမြို့တော်ကျင့်ကြံသူများမှာ မဟာနတ်ဆိုးရွှမ်ရှကို တည့်တည့်မကြည့်ဝံ့ကြတော့ပေ။

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှပြောခဲ့၏။

လန်လဲ့ တန်ကြေးပြန်ပေးဆပ်ရမည်။

သူခံစားခဲ့ရသမျှကို လန်လဲ့ ပြန်ခံစားရမည်။ မဟာနတ်ဆိုးရွှမ်ရှသည် မည်သူ့ထံမှ အနိုင်ကျင့်မခံသည်ကို နားလည်‌သွားစေရမည်။

မဟာနတ်ဆိုးရွှမ်ရှ တုံ့ဆိုင်းတွေဝေမှုမရှိ အင်အားအလုံးစုံကို ထုတ်လွှတ်လိုက်၏။ ကောင်းကင်ဘုံ၏မှော်စွမ်းအင်သည် လောကတစ်ခွင်ကို လှုပ်ကိုင်သွားပြီး ၎င်းမှော်စွမ်းအင်များသည် မှော်စွမ်းအင်စည်းတံဆိပ်ထက်တွင် စုဝေးသွားသည်။ ကြောက်မက်ဖွယ်အရှိန်နှုန်းဖြင့် ချက်ချင်းပင် လန်လဲ့သို့ ဦးတည်တိုက်ခိုက်၏။ မှော်စွမ်းအင်ဖြတ်သန်းသွားရာတစ်လျှောက်ရှိ အရာအားလုံးမှာ ပျက်စီးသွားခဲ့သည်။

ကြောက်မက်ဖွယ်မှော်စွမ်းအင်စည်းတံဆိပ်ရှေ့မှောက်၌ လန်လဲ့ ပေါ့ပေါ့တန်တန်သဘောမထားဝံ့ပေ။ ကြီးကျယ်ခမ်းနားစွာသော တော်ဝင်ဧကရာဇ်အဆင့်စွမ်းအင်များ ဖြာထွက်သွားပြီး ကျယ်ပြောသောစွမ်းအင်များသည် သူ၏ရှေ့ရှိလက်ဖဝါးသဏ္ဍာန်ပုံရိပ်သို့ စီးဝင်တောက်ပသွား၏။ လက်ဖဝါးရိုက်ချက်ကို တွန်းထုတ်ရိုက်လိုက်သည်တွင် ၎င်းလက်ဖဝါးသဏ္ဍာန်ပုံရိပ်သည်လည်း ရှေ့သို့ဦးတည်သွားခဲ့သည်။

ဘုန်း!

ကြောက်မက်ဖွယ်စွမ်းအင်ကြီးနှစ်ခု အပြင်းအထန်ထိခတ်သွား၏။ အချိန်တစ်ခုအထိ လောကကြီးမှာ တိတ်ဆိတ်မှုကြီးစိုးသွားခဲ့သည်။ ထို့နောက်တွင် စန်းရိမြို့တော်ကျင့်ကြံသူများအားလုံးကို နားစည်ကွဲသွားစေနိုင်လောက်သော ကြောက်မက်ဖွယ်ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

အင်အားကြီးမားလှ‌စွာသောအဟုန်သည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ကြင်ယာတော်ယဲ့နှင့် အခြားသူများသည် ၎င်းစွမ်းအင်၏သက်ရောက်မှုကြောင့် လွင့်ထွက်သွားရသည်။ အနီးဝန်းကျင်ရှိ အဆောက်အဦးများသည်လည်း ပြိုလဲကျကုန်ကာ အဆုံးမဲ့‌မြူခိုးထုများဖြင့် လွှမ်းခြုံ၍ ကျောက်စိုင်ခဲစများ လွင့်စင်ထွက်ကုန်ကြသည်။

စန်းရိမြို့တော်တစ်ခုလုံး တုန်ခါသွား၏။ နန်းတော်ကိုဗဟိုပြု၍ အရပ်မျက်နှာအသီးသီးသို့ဦးတည်ပျံ့နှံ့သည့် အက်ကွဲကြောင်းကြီးများ တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာသည်။ ၎င်းလမ်းကြောင်းမှ မရှောင်တိမ်းနိုင်သည့် စန်းရိမြို့တော်ကျင့်ကြံသူများသည် အစိတ်စိတ်အမွှာမွှာကြေမွသေဆုံးသွားရလေသည်။

ဘုန်း!

မြူခိုးထုထဲတွင် မဟာနတ်ဆိုးရွှမ်ရှနှင့် လန်လဲ့တို့နှစ်ဦးသည်လည်း အထက်အောက်လွင့်ထွက်သွားကြသည်။ သူတို့၏နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျနေကြလျက် ကောင်းကင်ကိုဖောက်ထွက်လုမတတ်သော သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် တစ်ဦးနှင့်တစ်ဦးကြည့်နေကြသည်။

လန်လဲ့သည် အံ့ဩထိတ်လန့်နေ၏။

သူအင်အားကုန်သုံးခဲ့သော တိုက်ကွက်ကို မဟာနတ်ဆိုးရွှမ်ရှမှ ခုခံနိုင်ခဲ့လေသည်။

ဒါဘယ်လိုဖြစ်နိုင်မှာလဲ?

ငါက တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်လေ!

အနည်းငယ် မယုံကြည်နိုင်ဖွယ်ဖြစ်သော်ငြား မဟာနတ်ဆိုးရွှမ်ရှသည် နိယာမဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်၏။

ဘယ်လိုလုပ်ပြီး ငါလန်လဲ့ရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာတဲ့လဲ?

လန်လဲ့သည် မယုံကြည်နိုင်ဖြစ်‌ေနသော်ငြား မဟာနတ်ဆိုးရွှမ်ရှသည်တော့ ရွှင်ပျစွာဖြင့် တိုက်ခိုက်လိုသည့်စွမ်းအင်များဖြင့် လွှမ်းခြုံနေပေသည်။ လန်လဲ့သည် သူ့ထက် ကျင့်ကြံဆင့်မြင့်မားသည့်တိုင် မဟာနတ်ဆိုးရွှမ်ရှသည် သာမန်နိယာမဧကရာဇ်အဆင့်ကျင့်ကြံသူ မဟုတ်ပါချေ။

လန်လဲ့သည် ကောင်းကင်ကိုဆန့်ကျင်သည့် အခွင့်အရေးကိုရရှိခဲ့ပြီး ကျင့်ကြံဆင်သည် တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်သို့ ရုတ်တရက် တစ်ဟုန်ထိုးတက်လှမ်းသွားခဲ့သည်။ အဆင့်တက်လှမ်းခြင်းမှာ ဘေးထွက်ဆိုးကျိုးမရှိသည့်တိုင် ထိုမျှအင်အားကို မပိုင်ဆိုင်ခဲ့ဖူးသည့် လန်လဲ့အတွက်မူ တော်ဝင်ဧကရာဇ်အထွတ်အထိပ်အင်အားကို အပြည့်အဝ မထိန်းချုပ်နိုင်ဖြစ်နေရပေသည်။

သို့သော် မဟာနတ်ဆိုးရွှမ်ရှသည် တစ်ဆင့်ချင်း တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ မဟာနတ်ဆိုးရွှမ်ရှသည် ဧကရာဇ်ယွမ်အထွတ်အထိပ်မှ တော်ဝင်‌ဧကရာဇ်အထွတ်အထိပ်သို့ လျင်မြန်စွာရောက်ရှိသွားခြင်းဖြစ်သော်ငြား ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အတွင်း နစ်မြုပ်နေခဲ့သည်မှာ အချိန်ကြာမြင်ခဲ့ပြီဖြစ်သည်။ နှစ်တစ်သောင်းမိစ္ဆာကျင့်ကြံမှုနှင့် ပေါင်းစည်းလိုက်သောအခါ သူ၏အင်အားမှာ လန်လဲ့ မည်သို့မျှ မယှဉ်ပြိုင်နိုင်တော့ပေ။

လန်လဲ့သည်လည်း ဧကရာဇ်ယွမ်အဆင့်မှ တက်လှမ်းခဲ့ခြင်းဖြစ်သည့်တိုင် လန်လဲ့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏အင်အားအစစ်မှန်ကို နားလည်ရန်အတွက်မူ စိတ်အာရုံအပြည့်အဝ မထားရှိခဲ့ချေ။

“တိုက်!”

မဟာနတ်ဆိုးရွှမ်ရှသည် လန်လဲ့ကို အေးစက်စွာကြည့်လျက် အထက်ကောင်းကင်သို့ ဟစ်ကြွေး၏။

ဟစ်ကြွေးသံနှင့်အတူ မိစ္ဆာမှော်စွမ်းအင်များသည် အထက်ကောင်းကင်သို့ဆန်တက်သွားပြီး နက်စွေးသောအလင်းသည် ‌မင်ရောင်ကဲ့သို့တောက်ပသည်။ ခန္ဓာကိုယ်သည် တွင်းနက်ကြီးတစ်ခုကဲ့သို့ လန်လဲ့သို့ ဦးတည်သွား၏။

လန်လဲ့ မျက်မှောင်ကြုတ်သွား၏။ လန်လဲ့ လျစ်လျူမရှုဝံ့ပေ။ သူ၏ခန္ဓာကိုယ်မှာ စီးဆင်းဖြာထွက်နေသောစွမ်းအင်သည် မဟာနတ်‌ဆိုးရွှမ်ရှနှင့် ထိခတ်သွားသည်။

နှစ်ဦးသားသည် ကြယ်နှစ်စင်းကဲ့သို့ လေဟာပြင်ထက်တွင် အပြင်းအထန် ထိခတ်သွား၏။ ကြောက်မက်ဖွယ်သောအသံလုံးကြီး ပေါက်ကွဲထွက်သွားပြီး ၎င်းပေါက်ကွဲသံနှင့်အတူ မုန်တိုင်းထန်သောစွမ်းအင်လှိုင်းများ ရိုက်ခတ်လေသည်။

ရက်စက်ကြမ်းကြုတ်လွန်းသောတိုက်ပွဲကြောင့် စန်းရိမြို့တော်ကျင့်ကြံသူများ မင်သက်ကုန်ကြသည်။ ကြင်ယာတော်ယဲ့နှင့် စန်းရိမင်းဆက်ဧကရာဇ်ကြီးပင်လျှင် မသိလိုက်မသိဘာသာဖြင့် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ကြရသည်။

သူတို့သည် စိတ်အားပျက်ပြယ်နေခဲ့ကြပြီး မဟာနတ်ဆိုးရွှမ်ရှမှ ဤသို့အင်အားကြီးမားသည့်အသွင်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ တုနှိုင်းမဲ့လောက်အောင် အလွန်တရာအေးစက်ခက်ထန်ပြီး အလွန်တရာရက်စက်ကြမ်းကြုတ်ပေသည်။

လီထျန်းမျိုးနွယ်စုများထဲတွင် ဝမ်ဖုန်းသည် ကျားမုနောက်သို့လိုက်၍ လီထျန်းမျိုးနွယ်စု၏အတွင်းပိုင်းထဲသို့ ဝင်ရောက်ခဲ့သည်။

ပို၍နက်ရှိုင်းသည့်နေရာသို့ ရောက်ရှိလာသည်နှင့်အမျှ သစ်သားအိမ်လေးများသည်လည်း ပို၍ရှားပါးလာသည်။ အနက်ရှိုင်းဆုံးနေရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိလုနီးပါးပင်။

အနက်ရှိုင်းဆုံးနေရာ၌ နက်စွေးသောမြင့်သွန်းသည့် ရှေးဟောင်းသစ်ပင်ကြီးများဖြင့် ဝန်းရံထားသည့် စင်မြင့်ကြီးတစ်ခုရှိသည်။ ၎င်းစင်မြင့်ကြီးသည် ဤနေရာတစ်ဝိုက်ကို ဝန်းရံထားခြင်းဖြင့် အလွန်တရာလျှို့ဝှက်သည့်နေရာတစ်ခုအဖြစ် ဖန်တီးထားလေသည်။

ဝမ်ဖုန်း သေချာအကဲခတ်ကြည့်၏။ မျက်စိရှေ့ရှိမြင်ကွင်းကြောင့် စိတ်နှလုံးတုန်လှုပ်သွားသည်။

ထိုဝေးကွာသည့်‌စင်မြင့်ထက်တွင် မြင့်သွန်းသည့်ယဇ်ပလ္လင်တစ်ခုရှိနေသည်။ ယဇ်ပလ္လင်ကို အမည်းရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ကျိုးပဲ့နေသည့်မျက်နှာဖုံးတစ်ခုအလားပင်။ ၎င်းကျောက်တုံးများ၏မျက်နှာပြင်တွင် ထူးခြားသည့်မျဉ်းကြောင်းများ ထွင်းထားပြီး အလွန်လျှို့ဝှက်ဆန်းကြယ်၍ရှေးကျသည်။ ယဇ်ပလ္လင်အထက်မှ ထုတ်လွှတ်နေသည့်လေထုသည် ချောက်ချားဖွယ်ဖြစ်၏။

ယဇ်ပလ္လင်အောက်၌ တိရစ္ဆာန်သားရေကို ဝတ်ဆင်ထားသည့် လီထျန်းမျိုးနွယ်စုသားများ နှစ်ရာနီးပါးခန့်ရှိသည်။ လူငယ်များ၊ သက်လတ်ပိုင်းအရွယ်များနှင့် သက်ကြီးရွယ်အိုများထိ အမျိုးသားများဖြစ်ကြပြီး အမျိုးသမီးတစ်ဦးမှ မပါဝင်ပေ။

ထိုလူအားလုံးသည် ယဇ်ပလ္လင်ကို မလွှဲတမ်းကြည့်နေကြပြီး နတ်ဘုရားကိုဖူးမြော်နေသည့်အလား ထိုမျက်လုံးများတွင် ယုံကြည်ကိုင်းရှိုင်းမှုအငွေ့အသက်များ ပြည့်လျှံနေပေသည်။ သူတို့၏နဖူးထက်၌ ထူးခြားသည့်အနက်ရောင်မျဉ်းကြောင်းများကို ပုံဖော်ရေးဆွဲထားသည်။ သူတို့၏ခန္ဓာကိုယ်သည်လည်း ဖော်ပြ၍မရနိုင်သော အငွေ့အသက်များလွှမ်းခြုံနေသည်။

ထိုမြင်ကွင်းသည် အထွတ်အမြတ်ထား ယုံကြည်ကိုးကွယ်သည့် ထူးဆန်းသည့်ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည်။

All Chapters