ခွန်လွင်အပျက်အစီးနယ်မြေ
Vol. 99 Ch. 1472
ဆူဇီမိုနှင့် နတ်ဆိုးမကျိသည် စာကြည့်တိုက်ထဲမှာ ပုန်းကွယ်နေကြသော်လည်း သူတို့သည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို အသုံးပြုပြီး အပြင်ဘက်ရှိအခြေအနေကို အာရုံခံနိုင်ဆဲ ဖြစ်၏။
သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်၏ မျက်လုံးထဲတွင်တစ်ယောက် တုန်လှုပ်မှုကို တွေ့မြင်လိုက်ရ၏။
မဟာယာနအဆင့်၏ စွမ်းအားသည် အခြားသောအဆင့်များထက် အပြတ်အသတ်ကျော်လွန်နေခဲ့လေပြီ။
ရွှေအမြုတေအဆင့်အောက်ရှိ ကျင့်ကြံသူများအနေဖြင့် သူတို့သည် စိတ်ဝိညာဥ်အတတ်များဖြင့် အနီးကပ်တိုက်ခိုက်ခြင်းမှာသာ အများဆုံးတိုက်ခိုက်ကြလေသည်။
ရွှေအမြုတေအဆင့်၏ အထက်တွင် ဓမ္မအတတ်များ ၊ လျှို့ဝှက်အတတ်များ ၊ ကောင်းကင်နှင့်မြေကြီး၏ ဓမ္မပညာရပ်များနှင့် အမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှုများကဲ့သို့ ပိုမိုများပြားသော နည်းစနစ်များရှိလာခဲ့၏။
မဟာယာနအဆင့်မှာတော့ နတ်ဘုရားစွမ်းအားများက အသန်မာဆုံးဖြစ်၏။
နတ်ဘုရားစွမ်းအားများသည် ဘိုးဘေးအဆင့်ပညာရှင်များနှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအကြား အကြီးမားဆုံး ကွာဟချက်လည်းဖြစ်လေသည်။
ပုံပြောအဖိုးအိုထုတ်ဖော်ခဲ့သော နတ်ဘုရားစွမ်းအားသည် သိပ်ပြီးထူးခြားသည့်ပုံ မရှိသော်လည်း ၎င်း၏ စွမ်းပကားက အလွန်တရာကြောက်စရာကောင်း၏။
သွေးနွယ်ပင်မျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်ပင်လျှင် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားခဲ့၏။
“အခုအဆင်ပြေသွားပြီ... ထွက်လာခဲ့ကြတော့”
ဆူဇီမိုနှင့် နတ်ဆိုးမကျိက အတွေးလွန်နေစဥ်မှာပင် ပုံပြောအဖိုးအို၏ အသံက ထွက်ပေါ်လာပြီး စာကြည့်တိုက်တံခါးက ပွင့်သွား၏။
“ကျုပ်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်စီနီယာ”
ဆူဇီမိုက ပုံပြောအဖိုးအိုရှေ့သို့ ရောက်ရှိလာပြီး အလေးအနက် ဦးညွှတ်လိုက်၏။
“အဲ့ဒါက ဘာမှ မဟုတ်ပါဘူး”
ပုံပြောအဖိုးအိုက သူ၏ ခေါင်းကို ခါပြလိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စ ကျန်ရှိနေဆဲဖြစ်၏။ ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို ဝိုးတဝါးခန့်မှန်းမိသွားကာ အတည်ပြုလိုက်၏။
“စီနီယာ... ပဟေဠိနန်းတော်ကလည်း သတ်ဖြတ်ခြင်းတံဆိပ်ပြားကို ဖြေရှင်းမပေးနိုင်ဘူးမလား”
“ဟုတ်တယ်”
ပုံပြောအဖိုးအိုက မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိပဲ ခေါင်းညိတ်ပြလိုက်၏။
ရုတ်တရက် ပဟေဠိနန်းတော်၏ အပြင်ဘက်သို့ မျိုးနွယ်စုခေါင်းဆောင် သွေးကံကြမ္မာရောက်ရှိလာသည့်မြင်ကွင်းကို ဆူဇီမိုက ပြန်လည်မြင်ယောင်လာ၏။ ထိုသူသည် ပဟေဠိနန်းတော်ထဲတွင် ဆူဇီမိုရှိနေသည်ကို အတိအကျသိရှိထားသည့်ပုံ မရှိပေ။
ထိုစဥ်မှာပင် ပုံပြောအဖိုးအိုက ရှင်းပြလိုက်၏။
“ငါက... မင်းရဲ့ကိုယ်ပေါ်မှာ သတ်ဖြတ်ခြင်းတံဆိပ်ပြားကို တွေ့မြင်လိုက်တဲ့အချိန်မှာ ငါက နတ်ဘုရားစွမ်းအားတစ်ခုကိုသုံးပြီး မင်းရဲ့အော်ရာကို ယာယီအားဖြင့် ချိပ်ပိတ်ပေးထားတယ်”
ရုတ်တရက် ဆူဇီမိုက နားလည်သဘောပေါက်သွား၏။
တစ်စုံတစ်ရာလွဲမှားနေသည်ကို နားလည်သွားပြီးနောက် ပုံပြောအဖိုးအိုသည် သူ့ရှေ့တွင် သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်းကာ အကန့်အသတ်မဲ့သော စွမ်းအင်တစ်ခုကို ထုတ်ဖော်၍ ပဟေဠိနန်းတော်ကို လွှမ်းခြုံစေခဲ့၏။
အမှန်တော့... ပုံပြောအဖိုးအိုသည် ထိုအချိန်ကတည်းက နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ခဲ့ပြီးလေပြီ။
ပုံပြောအဖိုးအိုက ပြောလိုက်၏။
“အဲ့ဒီနတ်ဘုရားစွမ်းအားနဲ့ဆိုရင် ကမ္ဘာဦးမျိုးနွယ်ရဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေတောင်မှ မင်းကိုရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့...”
သူက ခဏမျှရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။
“သွေးနွယ်ပင် ဒါမှမဟုတ် ... ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ဧကရာဇ်တွေရောက်လာမယ်ဆိုရင်တော့ ငါ့ရဲ့နတ်ဘုရားစွမ်းအားက မင်းကိုဖုံးကွယ်ပေးထားနိုင်မှာ မဟုတ်တော့ဘူး”
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်တစ်ပါးအနေဖြင့် ပုံပြောအဖိုးအိုသည် သူတွေ့ကြုံဖူးသမျှ အသန်မာဆုံး ကျင့်ကြံသူများထဲမှ သေချာပေါက် တစ်ယောက်ဖြစ်၏။
သို့သော်လည်း ပုံပြောအဖိုးအိုနှင့် ပဟေဠိနန်းတော်ပင်လျှင် သတ်ဖြတ်ခြင်းတံဆိပ်ပြားကို ဖြေရှင်းပေးနိုင်ခြင်းမရှိပေ။
ဆန်းကြယ်တောင်ထွတ်နှင့် အသွန်းတစ်ရာဂိုဏ်းကဲ့သို့ အခြားသောဂိုဏ်းများဆိုလျှင် ပို၍ပင်ကူကယ်ရာမဲ့နေပေလိမ့်မည်။
ထျန်ဟွမ်ကုန်းမြေတိုက်က ကြီးမားသော်လည်း သူက သတ်ဖြတ်ခြင်းတံဆိပ်ပြားနှင့်အတူ ပုန်းကွယ်စရာနေရာ မရှိတော့ပေ။
“အဲ့ဒါဆို ကျွန်မတို့... ဘာလုပ်ရမလဲ”
နတ်ဆိုးမကျိက အနည်းငယ် စိုးရိမ်ပူပန်နေ၏။
“စီနီယာ... ရှင်က အရမ်းကိုစွမ်းအားကြီးမားတာပဲ... ရှင့်မှာသေချာပေါက် အဖြေတစ်ခုရှိမှာပေါ့”
“စီနီယာ ပဟေဠိနန်းတော်က အဲ့ဒါအတွက် နည်းလမ်းမရှိဘူးဆိုရင်... ကျုပ် မနက်ဖြန်ထွက်ခွာတော့မယ်”
ဆူဇီမိုက ခဏမျှစဥ်းစားပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်၏။
ပြေရမည်ဆိုလျှင် နောက်ပိုင်း ဘာဆက်လုပ်ရမလဲ သူ့မှာအစီအစဥ် မရှိသေးပေ။
သို့သော်လည်း... ပဟေဠိနန်းတော်မှာ ဆက်၍နေခြင်းက သူ့အတွက်အကျိုးမရှိသလို... သူ့ကြောင့် ပဟေဠိနန်းတော်ကလည်း ဒုက္ခရောက်နိုင်လေသည်။
“ငါက... ကြယ်ခြောက်စင်းတောင်တိုက်ပွဲအပြီးမှာ ဒီလိုအခြေအနေကို ရောက်ရှိသွားပြီဆိုတော့...”
ဆူဇီမိုက စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်၏။
သူသည် အသောကသစ်သားကို ရရှိထားသော်လည်း သူ၏ကိုယ်ပေါ်မှာ သတ်ဖြတ်ခြင်းတံဆိပ်ပြား၏ အော်ရာက စိမ့်ဝင်နေခဲ့ပြီဖြစ်ပြီး နောက်ဆုံးသူက သွေးနွယ်ပင်မျိုးနွယ်၏ အမဲလိုက်ခြင်း ခံနေရလေပြီ။ သူက အဲ့ဒါကို သန့်စင်ဖို့နှင့် ကျင့်ကြံဖို့ အချိန် သို့မဟုတ် နေရာမရှိတော့ပေ။
ဤအစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ကံကြမ္မာကို ဆုံးဖြတ်ပြီးသား ဖြစ်သွားလောက်လေပြီ။
အဲ့ဒါက မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတစ်ခုဖြစ်၏။
ပုံပြောအဖိုးအိုက ဆူဇီမိုက လေးနက်စွာကြည့်ပြီး ရုတ်တရက်မေးလိုက်၏။
“မင်းအဲ့ဒါအတွက် နောင်တရမိလား”
“အမ်...”
ဆူဇီမိုသည် ခဏမျှမှင်တက်သွားပြီး ပုံပြောအဖိုးအိုသည် သူက ကြယ်ခြောက်စင်းတောင်မှ တိုက်ပွဲနှင့်ပတ်သက်၍ နောင်တရမိသလားမေးနေခြင်းဖြစ်ကြောင်း နားလည်သွား၏။
သူက ရယ်မော၍ ခေါင်းခါပြလိုက်၏။
“ကျုပ်နောင်တမရဘူး... ကျုပ်က အဲ့ဒါကို ပြန်ပြီးရွေးချယ်ခွင့်ရှိမယ်ဆိုရင်တောင် ကြယ်ခြောက်စင်းတောင်ပေါ်မှာ ကျုပ်ကသတ်ဖြတ်ရဦးမှာပဲ”
“အထီးကျန်သိုင်းသခင်ဆိုတဲ့အတိုင်းပဲ”
ပုံပြောအဖိုးအိုက ကျေနပ်စွာခေါင်းညိတ်၍ ချီးကျူးလိုက်၏။
“တကယ်တော့... မင်းအနေနဲ့ မင်းရဲ့ကိုယ်ပေါ်က သတ်ဖြတ်ခြင်းတံဆိပ်ပြားကို ချေဖျက်ပြီး အဲ့ဒီဆိုးဝါးတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့အတွက် နည်းလမ်းတစ်ခုတော့ရှိနေသေးတယ်”
ရုတ်တရက် သူက ပြောလိုက်၏။
ဆူဇီမိုက ဝမ်းသာသွားပြီး အလောတကြီးမေးလိုက်၏။
“စီနီယာ... ကျေးဇူးပြုပြီး ရှင်းပြပါဦး”
ပုံပြောအဖိုးအိုက သူ၏မျက်လုံးကို မှေးကျဥ်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ထျန်ဟွမ်ကုန်းမြေတိုက်မှာ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ဧကရာဇ်တောင်မှ ခြေမချရဲတဲ့ နေရာတစ်ခုရှိတယ်”
“အာ...”
ဆူဇီမိုက မေးလိုက်၏။
“ကမ္ဘာဦးမျိုးနွယ်ရဲ့ ဧကရာဇ်တွေတောင်မှ အဲ့ဒီနေရာကို ခြေမချရဲဘူးလား”
“အဲ့ဒါက ကမ္ဘာဦးမျိုးနွယ်တွေအတွက် တားမြစ်ကုန်းမြေတစ်ခုဆိုလည်း ဟုတ်တယ်”
ပုံပြောအဖိုးအို၏ စကားလုံးများက တုန်လှုပ်စရာကောင်းလေသည်။
ကျင့်ကြံရေးလောကတွင် လူသားမျိုးနွယ်များအတွက် တားမြစ်နယ်မြေ ၉ ခုဆိုသည်မှာ တကယ်တော့ ကမ္ဘာဦးမျိုးနွယ် ၉ စု ရှင်သန်နေထိုင်ရာနေရာများ ဖြစ်ကြ၏။
သို့သော် ယခုအခါ ပထမဆုံးအနေဖြင့် ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ကမ္ဘာဦးမျိုးနွယ်များအတွက် တားမြစ်ကုန်းမြေတစ်ခုရှိသေးကြောင်း ကြားသိရခြင်းဖြစ်လေသည်။ ထိုနေရာကို သူတို့၏ ဧကရာဇ်များပင်လျှင် ခြေမချရဲဟု ဆိုလေသည်။
“စီနီယာ... ရှင်ပြောတာက... ဟိုနေရာ..”
နတ်ဆိုးမကျိသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား အနောက်ဘက်အရပ်သို့ အလိုလိုကြည့်လိုက်၏။
“ဟုတ်တယ်... အဲ့ဒီနေရာပဲ”
ပုံပြောအဖိုးအိုက ခေါင်းညိတ်ပြလိုက်၏။
“အနောက်ဘက်အဆုံးစွန်... ခွန်လွင်အပျက်အစီးနယ်မြေ”
“ခွန်လွင်အပျက်အစီးနယ်မြေလား”
ဆူဇီမိုက တိတ်တဆိတ် ရေရွတ်လိုက်၏။
ထိုနာမည်က သူနှင့်အလွန်တရာစိမ်းသက်လေသည်။
“အဲ့ဒါက... ဘယ်လိုနေရာလဲ”
သူက မနေနိုင်ပဲ မေးလိုက်၏။
“အဲ့ဒီနေရာမှာ ဘာရှိလဲ... ဒါမှမဟုတ် အဲ့ဒီနေရာက ဘယ်လိုနေရာလဲဆိုတာတောင် ဘယ်သူမှ မသိကြဘူး”
ပုံပြောအဖိုးအိုက ခေါင်းခါပြလိုက်၏။
“ဒါပေမဲ့... တစ်ခုတော့သေချာတယ်.... အဲ့ဒါက ကမ္ဘာဦးခေတ်စစ်ပွဲရဲ့ နောက်ဆုံးစစ်မြေပြင်ပဲ”
“ကမ္ဘာဦးခေတ်စစ်ပွဲ...”
ဆူဇီမိုက တုန်လှုပ်သွားရ၏။
ပုံပြောအဖိုးအိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အတိအကျပြောရရင် အဲ့ဒီနေရာကို အစက ခွန်လွင်လို့ ခေါ်ခဲ့ကြတာပဲ... ဒါပေမဲ့ ကမ္ဘာဖျက်တိုက်ပွဲတစ်ခုက အဲ့ဒီနေရာကို ကြီးမားတဲ့ အပျက်အစီးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့တယ်... အဲ့ဒါကို နောက်ပိုင်းမှာ ခွန်လွင်အပျက်အစီးနယ်မြေလို့ ခေါ်ခဲ့ကြတယ်”
“ကမ္ဘာဦးခေတ်စစ်ပွဲမှာတုန်းက တဗူးနဂါးဖီးနစ်နဲ့ ခွန်ဖန်းက ကမ္ဘာဦးမျိုးနွယ် ၈ စုနဲ့ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေကို ဦးဆောင်ပြီး တဗူးဟို့ ဦးဆောင်တဲ့ မျိုးနွယ်စုတစ်သောင်းနဲ့ အဲ့ဒီနေရာမှာ တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုတယ်”
“ဟမ်... နေပါဦး”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်၏။
“စီနီယာ... ကမ္ဘာဦးမျိုးနွယ်က ၉ စုဖြစ်ရမှာ မဟုတ်ဘူးလား”
ပုံပြောအဖိုးအိုက ခေါင်းခါပြလိုက်၏။
“မူလတည်ထောင်သူသခင်မလင်းလုံရဲ့ မှတ်တမ်းအရဆို... ကမ္ဘာဦးခေတ်ရဲ့အစမှာ ကမ္ဘာဦးမျိုးနွယ် ၈ စုပဲ ရှိခဲ့တယ်”
“နတ်ဘုရားမျိုးနွယ်က ကမ္ဘာဦးခေတ်ရဲ့ နှောင်းပိုင်းအချိန်မှသာ ပေါ်ထွက်လာခဲ့တာ... ကမ္ဘာဦးခေတ်စစ်ပွဲဖြစ်တဲ့အချိန်က သူတို့က လုံလောက်အောင် မသန်မာသေးဘူး”
ဆူဇီမိုက မျက်ခုံးနှစ်ဖက်ကို အနည်းငယ်တွန့်လိုက်၏။
ဘာ့ကြောင့်ရယ်မသိ အဲ့ဒီမှာ ဖုံးကွယ်ထားသော ထူးခြားမှုတစ်စုံတစ်ရာရှိသည်ဟု သူကခံစားမိ၏။ သို့သော်လည်း သူက မည်သည့်အရာဟု ထောက်ပြနိုင်ခြင်း မရှိပေ။
ကမ္ဘာဦးစစ်ပွဲနှင့် ပတ်သက်၍ ပုံပြောအဖိုးအို၏ ဖော်ပြမှုသည် မီးပဒေသာနဂါးမဟာအကြီးအကဲပြောခဲ့သည့်ပုံစံနှင့် တစ်နည်းတစ်ဖုံကွဲပြားခြားနားနေ၏။
ဘာပဲပြောပြော အဲ့ဒါသည် ကမ္ဘာဦးခေတ်က အကြောင်းအရာများဖြစ်၏။
ကမ္ဘာဦးခေတ်က အကြောင်းအရာများကို မပြောနှင့် လွန်ခဲ့သည့်နှစ်နှစ်သောင်းနှင့် နှစ်သုံးသောင်းက ဖြစ်ပွားခဲ့သည့် သားရဲတစ်ထောင်ကပ်ဘေးနှင့် ကြယ်တာရာကပ်ဘေးမှာပင် အစစ်အမှန် အချက်အလက်များကိုသိရဖို့ ခဲယဥ်းလေသည်။
သူတို့သေချာပြောနိုင်သည့် တစ်ခုတည်းသောအရာမှာ ကမ္ဘာဦးခေတ်စစ်ပွဲသည် အလွန်တရာသွေးပျက်ချောက်ချားစရာကောင်းခဲ့၏။ အဲ့ဒါသည် လူသားမျိုးနွယ်နှင့် ကမ္ဘာဦးမျိုးနွယ် ၉ စု ကြား ဖြစ်ပွားခဲ့သည့် ရှေးဟောင်းခေတ်စစ်ပွဲထက်ပင် များစွာပို၍ သွေးပျက်ချောက်ချားစရာကောင်းခဲ့၏။
ကမ္ဘာဦးခေတ်စစ်ပွဲမှာ မရေမတွက်နိုင်သော မျိုးနွယ်စုများက အပြတ်ရှင်းခံလိုက်ကြရ၏။
တကယ်တော့ ကမ္ဘာဦးခေတ် တဗူးသုံးမျိုးပင်လျှင် ထိုတိုက်ပွဲမှာ သေဆုံးခဲ့ကြရလေသည်။
ထိုစစ်ပွဲကြောင့် ကမ္ဘာဦးမျိုးနွယ် ၉ စုက ကြီးမားစွာထိခိုက်နစ်နာဆုံးရှုံးခဲ့ရ၏။
ထို့ကြောင့်ပင်လျှင် ကမ္ဘာဦးခေတ်က အဆုံးသတ်သွားခဲ့ရခြင်းဖြစ်၏။
အဲ့ဒီနောက် ရှေးဟောင်းခေတ်သို့ ဝင်ရောက်လာပြီး လူသားမျိုးနွယ်သည် အခြေအနေအပေါ် အသာစီးရယူကာ တစ်ဖန်ပြန်လည် ဦးမော့လာကြ၏။ အဲ့ဒီနောက် ကျင့်ကြံရေးယဥ်ကျေးမှုက စည်ပင်ထွန်းကားလာကာ ဂုဏ်ကျက်သရေထွန်းတောက်သော ခေတ်တစ်ခုကို ရောက်ရှိလာခဲ့၏။
နောက်ပိုင်းမှာ ကမ္ဘာဦးမျိုးနွယ် ၉ စု နှင့်ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် ရှေးဟောင်းခေတ်စစ်ပွဲက ဖြစ်ပွားခဲ့လေသည်။