← Chapters

လောကကို လှည့်စားခြင်း

Vol. 99 Ch. 1475

လောကကို လှည့်စားခြင်း

Vol. 99 Ch. 1475

တစ်နည်းအားဖြင့်ဆိုလျှင် ဆူဇီမိုသည် အဆင့်မြင့်​ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ချင်သည်ဆိုလျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့် ၈ ထိ ကြီးထွားလာရမည်ဟု ပုံပြောအဖိုးအိုက သွယ်ဝိုက်ပြောဆိုလိုက်ခြင်းဖြစ်၏။

အဆင့် ၈ ဖန်တီးခြင်းကြာပဒုမ္မာကို ပြုစုပျိုးထောင်ဖို့က အလွန်တရာခဲယဥ်းပြီး ရှေးဟောင်းခတ်ကပင်လျှင် ဗုဒ္ဓဧကရာဇ်သာ အဲ့ဒါကို ပြုလုပ်နိုင်ခဲ့၏။

ဆူဇီမိုသည် ကြီးမားသော အသောကသစ်သားပိုင်းကို ကုန်စင်အောင်စုပ်ယူနိုင်မည်ဆိုလျှင်တောင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအနေဖြင့် အဆင့်-၈ ကို အသွင်ပြောင်းလဲဖို့က ခဲယဥ်းပေလိမ့်မည်။

သို့သော်လည်း အဲ့ဒါက ဖြစ်နိုင်ခြေတစ်ခုအဖြစ်တော့ ရှိနေသေး၏။

ဖန်တီးခြင်းကြာပဒုမ္မာသည် သူ၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးနှင့် ပေါင်းစည်းသွားခဲ့လေ​ပြီ။

သူ၏ ကျင့်ကြံမှုအဆင့်က တိုးလာသည်နှင့်အမျှ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကလည်း ကြီးထွားလာပေလိမ့်မည်။ ခွန်လွင်အပျက်အစီးနယ်မြေသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော်လည်း အဲ့ဒီမှာ ရတနာများက မရေမတွက်နိုင်အောင်ရှိနေ၏။ ဒါ့အပြင် ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် ထိုအပျက်အစီးနယ်မြေသို့ မဝင်ရောက်ရဲကြပေ။ သူက ခွန်လွင်အပျက်အစီးနယ်မြေမှာ အန္တရာယ်များကို ရှောင်လွဲနိုင်သည်နှင့်အမျှ အဲ့ဒီနေရာမှာ အမြဲတမ်းကျင့်ကြံနိုင်ပေလိမ့်မည်။

အဲ့ဒါက ဆူဇီမိုအတွက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုနှင့် ကျင့်ကြံရေးကုန်းမြေတစ်ခုဖြစ်၏။

“မင်းတို့တွေက... နောက်ထပ်ရက်နည်းနည်းလောက် အနားယူလို့ ရသေးတယ်”

ပုံပြောအဖိုးအိုက ညင်သာစွာပြုံးလိုက်၏။

“ငါ့ရဲ့... အဲ့ဒီနတ်ဘုရားစွမ်းအားက နောက်ထပ်ရက်အနည်းငယ်ကြာအောင် အရာရာတိုင်းကို ဖုံးကွယ်ပေးထားနိုင်သေးတယ်.. အနည်းဆုံးတော့ ဒီအချိန်အတောအတွင်း ပဟေဠိနန်းတော်မှာ မင်းက ဘေးကင်းလုံခြုံလိမ့်မယ်”

“စီနီယာ... ခင်ဗျားရဲ့ နတ်ဘုရားစွမ်းအားရဲ့ နာမည်က ဘာလဲ”

ဆူဇီမိုက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“လောကကို လှည့်စားခြင်း”

ပုံပြောအဖိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲ့ဒါက အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုပဲ”

“အာ...”

ဆူဇီမိုနှင့် နတ်ဆိုးမကျိက အံ့အားတသင့် ရေရွတ်လိုက်၏။ သူတို့နှစ်ယောက်သည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ကိုယ်တိုင်မြင်တွေ့ခွင့်ရသည်မှာ အတော်လေးကံကောင်းလှသည်ဖြစ်ပြီး သူတို့နှစ်ယောက်စလုံးက တုန်လှုပ်၍ ကျေနပ်နှစ်ခြိုက်သွား၏။

ပုံပြောအဖိုးအိုက ပြောလိုက်၏။

“အန္တိမ နတ်ဘုရားစွမ်းအားတွေ အမျိုးမျိုးရှိတယ်... သူတို့က မတူညီတဲ့ အချိုးအစားတွေမှာ အာရုံစိုက်ထားကြတာပဲ... သူတို့ထဲက အချို့က လှုပ်ရှားခြင်းနည်းစနစ်တွေအပေါ်မှာ အာရုံစိုက်ပြီး တချို့ကတော့ သတ်ဖြတ်ခြင်းတွေပေါ်မှာ အာရုံစိုက်တယ်... လောကကို လှည့်စားခြင်းကတော့ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးနိုင်တဲ့ နံပါတ်တစ် နည်းလမ်းတစ်ခုပဲ”

“ဥပမာအားဖြင့်... ထာဝရအသက်ဓာတ်က ကုသခြင်းပေါ်မှာ အာရုံစိုက်တယ်... အင်္ကျီလက်အိုးစကြဝဠာက အာကာသကိုလွှမ်းခြုံခြင်းနဲ့ လေဟာနယ်ခုန်ကူးခြင်းမှာ အာရုံစိုက်တယ်... မိုးကောင်းကင်မီးရှို့ ပင်လယ်ဆူပွက် ၊ ပြန်ဝင်စားခြင်းလမ်းကြောင်းခြောက်သွယ် ၊ မိုးကောင်းကင်ခုတ်ပိုင်းခြင်းနဲ့ နတ်ဘုရားအပြစ်ဒဏ်တို့လို အန္တိမ နတ်ဘုရားစွမ်းအားတွေကတော့ သတ်ဖြတ်ခြင်းပေါ်မှာ အာရုံစိုက်တယ်”

မိုးကောင်းမီးရှို့ပင်လယ်ဆူပွက်...

အင်္ကျီလက်အိုးစကြဝဠာ...

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်...

ဆူဇီမိုသည် ဖိုစကားများကို ကြားသောအခါ သူ၏ အကြည့်က တောက်လောင်ပြင်းပြလာ၏။

သူသည် ဤဒဏ္ဍာရီစွမ်းအားများနှင့် ပို၍နီးကပ်လာသည်ဟု ခံစားရ၏။

“မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ဧကရာဇ်တွေကြားက ကွာခြားချက်က ဘာလဲဆိုတာ မင်းသိလား”

ပုံပြောအဖိုးအိုက ထပ်မေးလိုက်၏။

“ဘယ်လိုမျိုး မျိုးနွယ်စုခေါင်းဆောင်တွေက ဧကရာဇ်ဖြစ်လာနိုင်မလဲ”

ဆူဇီမိုသည် နတ်ဆိုးမကျိနှင့် အကြည့်ချင်းဖလှယ်ပြီး သူတို့နှစ်ယောက်စလုံးက ခေါင်းခါပြလိုက်၏။

“အဲ့ဒါက အန္တိမ နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်နိုင်ခြင်းပဲ”

ပုံပြောအဖိုးအိုက ပြောလိုက်၏။

“လူတစ်ယောက်က ဘွဲ့တစ်ခုကိုခံယူပြီး အစစ်အမှန်ဧကရာဇ်တစ်ပါးဖြစ်လာဖို့ဆိုရင် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ရမယ်”

ဆူဇီမိုက တ​​ဖြည်းဖြည်းနားလည်သဘောပေါက်လာ၏။

ဧကရာဇ်များသည်ပင် မဟာယာနအဆင့်မှာပဲရှိနေသေးကြောင်း ဟာမစ်က ပြောခဲ့ဖူးလေသည်။

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် ဧကရာဇ်တစ်ပါးအဖြစ် ခံယူနိုင်သည့် အကြောင်းရင်းမှာ သူတို့သည် အန္တိမနတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်လာနိုင်သောကြောင့်ဖြစ်၏။

ပုံပြောအဖိုးအိုက ဆက်ပြောလိုက်၏။

“ဧကရာဇ်တွေကြားမှာ ခွန်အားကွာဟချက်ရှိတယ်ဆိုတာကလည်း သူတို့နားလည်ဆင်ခြင်ထားတဲ့ အန္တိမနတ်ဘုရားစွမ်းအားတွေက အချိုးအစားကွဲပြားခြားနားကြလို့ပဲ”

“ဥပမာပြောရရင်... အရင်တုန်းက ဓမ္မဧကရာဇ် နားလည်ဆင်ခြင်ထားတဲ့ အန္တိမနတ်ဘုရားစွမ်းအားက ထာဝရအသက်ဓာတ်ပဲ... အဲ့ဒါက ကုသခြင်းမှာ အာရုံစိုက်တယ်... နောက်ဆုံးမှာတော့ သူက ဘိုးဘေးအဆင့် မီးပဒေသာနဂါးကို အနိုင်မယူနိုင်ခဲ့ဘူး”

ထိုနေရာအရောက်တွင် ဆူဇီမိုက စိတ်ထဲကနေသက်ပြင်းချလိုက်၏။

အရင်တုန်းက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ဖြစ်ပျက်ခဲ့သည့် အရာနှင့်ပတ်သက်သည့် အမှန်တရားကို ပုံပြောအဖိုးအိုပင်လျှင် မသိရှိသည့်ပုံပင်။

ဓမ္မဧကရာဇ်သည် မွေးနီတစ္ဆေကို ကယ်တင်ဖို့အတွက် သူ၏ လက်ကျန်ဘဝသက်တမ်းကို စွန့်လွှတ်စတေးခဲ့သည့် အကြောင်းအရင်းမှာ သူသည် နဂါးမျိုးနွယ်နှင့် လူသားမျိုးနွယ်ကြား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ထပ်မံမဖြစ်ပွားစေချင်တော့သောကြောင့်ဖြစ်၏။

“တကယ်တော့... နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်တဲ့ အာရုံစူးစိူက်မှုအပေါ်မှာပဲ ကွဲပြားခြားနားတာဆိုရင် သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အဲ့လောက်ထိကြီးမားနေမှာ မဟုတ်ဘူး”

ပုံပြောအဖိုးအိုက ပြောလိုက်၏။

“တစ်ယောက်ယောက်က ဒုတိယမြောက် ၊ တတိယမြောက် ဒါမှမဟုတ် အဲ့ဒီထက်ပိုများတဲ့ အန္တိမနတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်လာနိုင်မယ်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အဆများစွာ တိုးလာလိမ့်မယ်”

“အဲ့ဒါကတော့ အရမ်းကိုခက်ခဲမှာပဲ”

နဆ်ဆိုးမကျိက ခေါင်းခါလိုက်၏။

တစ်စုံတစ်ယောက်အနေဖြင့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ပြီး ဧကရာဇ်တစ်ပါးဖြစ်လာဖို့ကပင် အရမ်းကိုရှားရှားပါးပါးဖြစ်နေခဲ့လေပြီ။ လူတစ်ယောက် ခြေကုန်လက်ပမ်းကျသွားမည့် အချိန်တစ်ခုဆိုတာ အမြဲတမ်းရှိပေလိမ့်မည်။ ဧကရာဇ်များပင်လျှင် ခြွင်းချက်ရလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်၏။

“အရက်တုန်းက ထာဝရလူသားဧကရာဇ် နားလည်ဆင်ခြင်နိုင်ခဲ့တဲ့ အန္တိမနတ်ဘုရားစွမ်းအားက ဘယ်လောက်များလဲ”

နတ်ဆိုးမကျိကလည်း သိချင်စိတ်ပြင်းပြသွား၏။

“၆ခု...”

ပုံပြောအဖိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

ဆူဇီမိုနှင့် နတ်ဆိုးမကျိက တုန်လှုပ်သွား၏။

ပုံပြောအဖိုးအိုက ပြောလိုက်လေသည်။

“ရှေးဟောင်းခေတ်စစ်ပွဲကတည်းက အဲ့ဒီမှာ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေ အများကြီးရှိလာခဲ့တယ်... သူတို့ရဲ့ အောင်မြင်ထွန်းပေါက်မှုက တချို့နေရာတွေမှာ လူသားဧကရာဇ်ထက် သာလွန်နိုင်ကောင်းသာလွန်နိုင်လိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။ သူနှင့် ကျဆုံးသွားသော သီယင်းကဲ့သို့ လူများသည် ရွှေအမြုတေအဆင့်မှာ သူတို့၏ အောင်မြင်ထွန်းပေါက်မှုက လူသားဧကရာဇ်ထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်၏။

“ဒါပေမဲ့... အဲ့ဒီပြန်ဝင်စားမွန်းစတားတွေကြားမှာ ဧကရာဇ်ဖြစ်လာနိုင်တဲ့သူက မရှိသလောက်ပဲ... သူတို့ထဲ ဘယ်သူကမှ အဆုံးသတ်မှာ လူသားဧကရာဇ်ထက် သာလွန်ဖို့နေနေသာ သူ့ကိုတောင် ယှဉ်တောင် မယှဥ်နိုင်ခဲ့ကြဘူး”

ရုတ်တရက် နတ်ဆိုးမကျိက မေးလိုက်၏။

“အရင်တုန်းက မိစ္ဆာဧကရာဇ်အမုန်းကရော အန္တိမနတ်ဘုရားစွမ်းအား ဘယ်လောက်များများကို နားလည်ဆင်ခြင်နိုင်ခဲ့လဲ”

“၅ခု...”

ပုံပြောအဖိုးအိုက ပြောလိုက်၏။

“ဒါပေမဲ့... မိစ္ဆာဧကရာဇ်အမုန်းရဲ့ ပါရမီအရည်အချင်းအရဆို သူက သူ့ကိုယ်သူ အဆုံးစီရင်မသွားခဲ့ဘူးဆိုရင် သူက ဆဋ္ဌမမြောက် အန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ပြီး လူသားဧကရာဇ်နဲ့ ပခုံးချင်းယှဥ်ရပ်နိုင်ခဲ့လိမ့်မယ်”

“ကျန်ရှိနေတဲ့ တခြား ဗုဒ္ဓဧကရာဇ် ၊ ဓားဧကရာဇ် ၊ ဆေဘာဧကရာဇ်နဲ့ မိုးကြိုးဧကရာဇ်တို့ကတော့ အန္တိမနတ်ဘုရားစွမ်းအား သုံးမျိုးကိုပဲ နားလည်ဆင်ခြင်နိုင်ခဲ့တယ်... အခြားရှေးဟောင်းဧကရာဇ်အများစုကတော့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုပဲ နားလည်ဆင်ခြင်နိုင်ခဲ့ကြတယ်”

ကွာဟချက်က တော်တော်ကြီးမားတာပဲ”

ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ်သွား၏။ ဗုဒ္ဓဧကရာဇ်နှင့် ဓားဧကရာဇ်တို့ကဲ့သို့ ဒိတ်ဒိတ်ကျဲ ဧကရာဇ်များပင်လျှင် မိစ္ဆာဧကရာဇ်အမုန်းနှင့် အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုကွာဟနေ၏။ သူတို့နှင့် လူသားဧကရာဇ်ကြား ကွာဟချက်က ပို၍ပင် ကြီးမားလေသည်။

ပုံပြောအဖိုးအိုက ပြောလိုက်၏။

“အဲ့ဒါကြောင့် ထာဝရလူသားဧကရာဇ်မရှိခဲ့ရင် လူသားမျိုးနွယ်က ရှေးဟောင်းခေတ်စစ်ပွဲမှာ သေချာပေါက်ရှုံးနိမ့်ခဲ့ရလိမ့်မယ်။”

ဒဏ္ဍာရီအရ... ရှေးဟောင်းခေတ်စစ်ပွဲမှာ လူသားဧကရာဇ်သည် အခြေအနေတစ်ရပ်လုံးကို သူတစ်ယောက်တည်းနှင့် အလှည့်အပြောင်းဖြစ်စေခဲ့သည်ဟု ဆိုလေသည်။

သို့သော် ယခုအခါ... ထိုဒဏ္ဍာရီက ချဲ့ကားပြောဆိုနေခြင်း လုံးဝမဟုတ်ကြောင်း ဆူဇီမိုက သိရှိနားလည်သွား၏။

သူသည် ခဏမျှတွေးတောပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။

“ဒီဘက်မျိုးဆက်မှာ လူသားမျိုးနွယ်ရဲ့ ဧကရာဇ်တွေ နားလည်ဆင်ခြင်နိုင်တဲ့ အန္တိမနတ်ဘုရားစွမ်းအား အများဆုံးအရေအတွက်က ဘယ်လောက်လဲ”

“သုံးခုလောက်ပဲ... ရှိမယ်ထင်တယ်”

ပုံပြောအဖိုးအိုက ညင်သာစွာ သက်ပြင်းချလိုက်၏။

နောက်ဆုံးမှာ ပုံပြောအဖိုးအို၏ စိတ်ဓာတ်ကျနေမှုကို ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

ဒီဘက်မျိုးဆက်တွင် လူသားမျိုးနွယ်၏ ခွန်အားက ရှေး​ဟောင်းခေတ်ကနှင့် နှိုင်းစာလျှင် အရမ်းကို နိမ့်ကျနေခဲ့ပြီဖြစ်၏။

ရှေးဟောင်းခေတ်စစ်ပွဲမှာ လူသားဧကရာဇ်၏ တည်ရှိမှုနှင့်ပင်လျှင် လူသားမျိုးနွယ်သည် ​ပျက်စီးထိခိုက်မှုများစွာကို စွန့်လွှတ်စတေးပြီးမှ ခပ်ယဲ့ယဲ့ အနိုင်ရခဲ့လေသည်။

“လောလောဆယ်... အဲ့ဒီကိစ္စတွေကို စဥ်းစားမနေနဲ့ဦး”

ပုံပြောအဖိုးအိုက ဆူဇီမိုကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အခုချိန်မှာ မင်းလုပ်ရမဲ့အရေးကြီးဆုံးအရာက မင်းရဲ့ကျင့်ကြံမှုကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ဖို့ပဲ”

“ကျုပ်နားလည်ပါပြီ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ပုံပြောအဖိုးအို နောက်ထပ်သတိပေးချက်အနည်းငယ်ပြောဆိုပြီးနောက် ထွက်ခွာသွားကာ ဆူဇီမိုက နတ်ဆိုးမကျိနှင့်အတူ ပဟေဠိနန်းတော်မှာ ယာယီအားဖြင့်နေထိုင်လေသည်။

ယန်ပေးချန်၏ ဒဏ်ရာများက တဖြည်းဖြည်း သက်သာပျောက်ကင်းလာ၏။

ရက်အနည်းငယ်မှာပင်လျှင် သူ၏ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားခဲ့လေပြီ။ သို့သော်လည်း သူနှလုံးသားထဲရှိ ဒဏ်ရာကိုတော့ ဆက်လက်၍ မကုသနိုင်တော့ပေ။

သူ၏ မျက်လုံးများက မည်သည့်အရောင်အဝါမှ မရှိပဲ အသက်မဲ့နေ၏။

ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

သူထင်မှတ်ထားသည့်အတိုင်းပင် ယန်ပေးချန်သည် ကောင်းကင်ဘုံလျို့ဝှက်ချက်ကို သတ်ဖြတ်ပြီးနောက် သူ့နှလုံးသားထဲရှိ အစွဲအလမ်းက ပြေပျောက်သွားက သူက အသက်ရှင်ဖို့အတွက် မည်သည့်မျှော်လင့်ချက်မှ မရှိတော့ပေ။

သူထွက်သွားသည်နှင့် ယန်ပေးချန်က သူ့ကိုယ်သူ အဆုံးစီရင်သွားဖို့များလေသည်။

ဆူဇီမိုသည် သူ့ကိုနှစ်သိမ့်ပေးချင်သော်လည်း ဘယ်ကနေစ၍ နှစ်သိမ့်ပေးရမလဲ သူမသိပေ။

ထိုအခိုက်အတန့်တွင် မည်သည့်နှစ်သိမ့်မှုကမဆို အကျိုးသက်ရောက်မှု ကင်းမဲ့နေပုံရ၏။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက ပြောလိုက်၏။

“အစ်ကိုယန်.... အဲ့လိုအရာမျိုးက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မရှိဘူးဆိုပေမဲ့ အထက်ဘုံလောကမှာ တာအိုရောင်းရင်းချင်ကို ပြန်လည်အသက်သွင်းနိုင်မဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားတစ်ခု ရှိနေနိုင်လောက်တယ်လို့... ခင်ဗျားစဥ်းစားမိဖူးလား”

“ကျုပ်က... လက်ရှိဒီအဆင့်ကို ရောက်လာခဲ့တယ်ဆိုတာ...အထက်ဘုံက အမျိုးသမီးတစ်ယောက်က ကျုပ်အတွက် ကျုပ်ရဲ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့လို့ပဲ... အစ်ကိုယန် အထက်ဘုံမှာ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားတစ်မျိုးရှိလိမ့်မယ်လို့ ကျုပ်ယုံတယ်”

“လူတိုင်းက အသက်ရှင်ဖို့အတွက် ရည်မှန်းချက်ပန်းတိုင်တစ်ခုရှိရမယ်... ကျုပ်ရဲ့ ပန်းတိုင်က အထက်ဘုံကိုတက်လှမ်းပြီး အဲ့ဒီအမျိုးသမီးနဲ့ ပခုံးချင်းယှဥ်ရပ်နိုင်ဖို့အတွက် သူမရဲ့ ခြေလှမ်းတွေနောက်ကို အမီလိုက်နိုင်ဖို့ပဲ”

ထိုစကားကိုပြောချိန်တွင် ဆူဇီမို၏အကြည့်က ပြတ်သားနေပြီး သူက တောက်ပလာသည်ဟု ထင်ရ၏။

နတ်ဆိုးမကျိသည် ဘေးကနေ ထိုမြင်ကွင်းကိုကြည့်ပြီး သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမ၏ မျက်လုံးများက အနည်းငယ် မှိန်ဖျော့သွား၏။

“လူတိုင်းက အသက်ရှင်ဖို့အတွက် ရည်မှန်းချက်ပန်းတိုင်တစ်ခုရှိရမယ်”

ရုတ်တရက် ယန်ပေးချန်က တီးတိုးရေရွတ်၍ သူ၏မျက်လုံးက တဖျတ်ဖျတ်လက်လာ၏။

ထိုစဥ်မှာပင် လင်းရွှမ်ကျီက တံခါးကိုတွန်းဖွင့်၍ ဝင်ရောက်လာ၏။

“ညီကိုဆူ... ခင်ဗျားရဲ့ ဧည့်သည်တွေ ရောက်နေတယ်”

All Chapters