← Chapters

ယက္ခယု

Vol. 99 Ch. 1482

ယက္ခယု

Vol. 99 Ch. 1482

တောင်တန်းများမှာ သက်တမ်းမရှိပဲ ကျင့်ကြံမှုမှာ အဆုံးမရှိပေ။ ဆူဇီမိုသည် ခွန်လွင်အပျက်အစီးနယ်မြေသို့ ဝင်ရောက်လာခဲ့သည်မှာ နှစ် ၂၀ ရှိသွားခဲ့လေပြီ။

ထိုနှစ်၂၀ အတွင်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာလည်း အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့၏။

နဂါးမျိုးနွယ် ၊ ခွန်မျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်တို့ကလွဲလျှင် ကမ္ဘာဦးမျိုးနွယ် ၆စု၏ လှုပ်ရှားမှုများသည် အတော်လေး စိပ်လာခဲ့ပြီး သူတို့၏ ပိုင်နက်နယ်မြေများကို ချဲ့ထွင်ဖို့အတွက် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သူတို့ကို ပိုမို၍ မြင်တွေ့လာရ၏။

ပြီးခဲ့သည့်နှစ် ၂၀ အတွင်း မရေမတွက်နိုင်သော ဂိုဏ်းငယ်များနှင့် အဖွဲ့အစည်းငယ်များသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ တိုက်ခိုက်သိမ်းယူခြင်းကို ခံခဲ့ရ၏။

အဲ့ဒီမှာ သေဆုံးခဲ့ရသော ကျင့်ကြံသူအရေအတွက်က ပို၍ပင်များလာခဲ့၏။

ယခုအချိန်တွင် ကမ္ဘာဦးမျိုးနွယ် ၆စုသည် သူတို့ကိုယ်သူတို့ ချုပ်တည်းထားဆဲ ဖြစ်ပြီး ထိပ်သီးဂိုဏ်းကြီးများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိသေးပေ။ အဲ့ဒီမှာ ရံဖန်ရံခါဆိုသလို ပဋိပက္ခများဖြစ်ပွားတတ်သော်လည်း ကိစ္စများက မပြီးပြတ်ပဲ ကျန်ရှိနေ၏။

ပြီးခဲ့သည့် နှစ်၂၀ အတွင်း ကမ္ဘာဦးမျိုးနွယ် ၆စုသည် ဆူဇီမိုကို လိုက်လံရှာဖွေခြင်းမှာ လျှော့ချခဲ့ခြင်း မရှိပေ။

သို့သော်လည်း သူတို့က မည်သို့ပင် ရှာဖွေသည်ဖြစ်စေ ဆူဇီမိုကို ရှာမတွေ့နိုင်ကြပေ။

ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ပျောက်ကွယ်သွားသည့်အလားပင်။

ကစဉ့်ကလျားအ​မြုတေဂိုဏ်းတွင်...

သီဖန်းသည် သူ၏ လိုဏ်ဂူခန်းဝထဲမှာ ထိုင်နေပြီး သူ၏ အောက်ဘက်တွင် သူ့လက်အောက်ရှိ တပည့်ဂိုဏ်းသားများ ရှိနေကြ၏။ သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နယ်မြေဒေသ ၄ ခု ၊ သမုဒ္ဒရာ ၃ စင်းနှင့် တိုက်ကြီးတစ်တိုက်မှ ယခုတင်ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်ပြီး ခရီးပန်းနေကြ၏။

“အထီးကျန်သိုင်းသခင်နဲ့ ပတ်သက်တဲ့သတင်း မရသေးဘူးလား”

သီဖန်းက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“မရပါဘူး”

တပည့်ဂိုဏ်းသားတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က ပဟေဠိနန်းတော်အပြင်ဘက်မှာ ပေါ်ထွက်လာပြီးကတည်းက သူက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့တယ်”

“တကယ်ဆို... အထီးကျန်သိုင်းသခင်က သေသွားပြီလို့တောင် ကျုပ်က သံသယဝင်မိတယ်”

“ဟမ့်”

သီဖန်းက အေးစက်စွာနှာတစ်ချက်မှု၍ ထိုဂိုဏ်းသားကို စိုက်ကြည့်လိုက်၏။ ထိုသူက ဇက်ပုသွားပြီး ထိတ်လန့်နေလေသည်။

“အထီးကျန်သိုင်းသခင် ဘယ်သူလဲ မင်းမသိဘူးလား”

သီဖန်းက အေးစက်စွာပြောလိုက်၏။

“သူက အဲ့လောက်ထိ သေဖို့လွယ်တဲ့ လူတစ်ယောက်ဆိုရင် သူက ငါလက်ကနေ နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်သွားခဲ့မှာ မဟုတ်ဘူး”

အခြားသော တပည့်ဂိုဏ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် တင်ပြလိုက်ကြသော်လည်း မည်သူကမှ အထီးကျန်သိုင်းသခင်၏ ​ခြေရာလက်ရာကို ထောက်လှမ်းနိုင်ခြင်း မရှိကြပေ။

“ဆရာ...”

ကျင့်ကြံသူတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အခုလိုပြောရတဲ့အတွက် ကျုပ်ကိုခွင့်လွှတ်ပေးပါ... ပဟေဠိနန်းတော်တိုက်ပွဲကနေ ရလာတဲ့သတင်းအရဆို အထီးကျန်သိုင်းသခင်ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက လုံးဝအသွင်​ပြောင်းလဲသွားခဲ့ပြီ... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်နဲ့တောင် ယှဥ်နိုင်နေပြီ”

“အဲ့ဒီသတင်းတွေအရဆိုရင် ခင်ဗျားက အရမ်းကာရော ပြုမူလှုပ်ရှားလို့ မရလောက်တော့ဘူး”

“ဟင်းဟင်း”

သီဖန်းက လှောင်ရယ်လိုက်၏။

“မင်းဘာသိလို့လဲ... အစကတော့ ငါက အဲ့ဒါကို ငါကိုယ်တိုင် လှုပ်ရှားမလို့ပဲ... ဒါပေမဲ့ အခု ကမ္ဘာဦးမျိုးနွယ် ၆စုက သူ့ပေါ်မှာ သတ်ဖြတ်ခြင်းတံဆိပ်ပြား ထုတ်ပြန်ထားကြတယ်... အဲ့ဒါကို ငါကိုယ်တိုင်လုပ်စရာ မလိုတော့ဘူး”

“ငါလုပ်စရာရှိတာက... အထီးကျန်သိုင်းသခင်ရဲ့သတင်းကို တတ်နိုင်သမျှမြန်မြန်ရရှိဖို့ပဲ... ငါက အဲ့ဒီသတင်းကို ဖြန့်ပေးလိုက်တာနဲ့ ကမ္ဘာဦးမျိုးနွယ် ၆စုက ပညာရှင်တွေက သူ့ကို ဝိုင်းပြီးအမဲဖျက်ကြလိမ့်မယ်”

“ကမ္ဘာဦးမျိုးနွယ် ၆စုလို... ထက်ရှတဲ့ ဓားသွားတစ်ခုရှိနေမှတော့... အဲ့ဒါကို အသုံးမချဘူးဆိုရင် နှမြောစရာကောင်းနေမှာပေါ့”

တပည့်ဂိုဏ်းသားတစ်ယောက်က ခဏမျှစဥ်းစားတွေးတောပြီး သူ၏မျက်လုံးက ဂနာမငြိမ်ဖြစ်လာ၏။ ရုတ်တရက် သူကပြောလိုက်လေသည်။

“ဆရာ... အဲ့ဒါက ယောင်္ကျားမဆန်ဘူးဆိုပေမဲ့ ကျုပ်မှာ အကြံအစည်တစ်ခုရှိတယ်... ဒါပေမဲ့ အဲ့ဒီအကြံအစည်က အလုပ်ဖြစ်မယ်ဆိုရင် အထီးကျန်သိုင်းသခင်က သေချာပေါက်ပေါ်ထွက်လာလိမ့်မယ်”

“အို...”

သီဖန်းက မျက်ခုံးအနည်းငယ်ပင့်ပြီး မေးလိုက်၏။

“အဲ့ဒါကို ပြောစမ်းပါဦး”

ထိုဂိုဏ်းသားက ညင်သာစွာ ပြုံးပြလိုက်၏။

“အထီးကျန်သိုင်းသခင်က အရမ်းကို သစ္စာရှိပြီး သံယောဇဥ်တွယ်တာတတ်တယ်လို့ ကျုပ်ကြားမိတယ်... သူက မြောက်ပိုင်းဒေသရဲ့ ဆန်းကြယ်တောင်ထွတ်ကနေ လာခဲ့တာပဲ...ကျုပ်တို့က ဆန်းကြယ်တောင်ထွတ်ကိုသွားပြီး အဲ့ဒီမှာရှိတဲ့ ကျင့်ကြံသူတွေကို ဖိနှိမ်မယ်... ပြီးရင် အဲ့ဒီသတင်းကို လွှင့်လိုက်မယ်​ဆိုရင် အထီးကျန်သိုင်းသခင်က အဲ့ဒီအကြောင်းကို ကြားကြားချင်း သေချာပေါက်ရောက်လာလိမ့်မယ်”

သီဖန်း၏ မျက်လုံးက ဝင်းလက်သွားပြီး တွေးတွေးဆဆဖြင့် ရေရွတ်လိုက်၏။

“အဲ့ဒီနည်းလမ်းကို ငါတို့ကြိုးစားကြည်လို့ ရတာပဲ”

“မြောက်ပိုင်းဒေသ...မြောက်ပိုင်းဒေသ... ငါက ဖန်သားနန်းတော်ရဲ့ တာအိုရောင်းရင်း ရှောင်ယွီနဲ့ ဓားဂိုဏ်းက တာအိုရောင်းရင်း သီကြွယ်ကိုဖိတ်ခေါ်ပြီး ဆန်းကြယ်တောင်ထွတ်ကို တစ်ချက်သွားကြည့်လို့ရတာပဲ”

ထိုသို့အတွေးဖြင့် သီဖန်းသည် သူ၏သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဥ်ကြိုးကြာတချို့ကို ထုတ်ယူပြီး သတင်းအချက်အလက်များကို ရေးသားကာ ဖန်သားနန်းတော်နှင့် ဓားဂိုဏ်းဆီသို့ သတင်းပို့ကြိုးကြာများကို စေလွှတ်လိုက်၏။

. . . . .

မြောက်ပိုင်းဒေသတွင်...

ဤနေ့တွင် လူနှစ်ယောက်က ကန်းလန်ရိုးမ၏ အနီးနားဝန်းကျင်သို့ ရောက်ရှိလာကြ၏။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်ကြပြီး နှစ်ယောက်စလုံးက ပေါင်းစည်းခန္ဓာအဆင့်မှာရှိကြ၏။ အမျိုးသားသည် အရပ်မြင့်မား၍ ကြီးမားသော ခေါင်းခြုံဝတ်ရုံတစ်ထည်ကိုခြုံကာ သူ၏မျက်နှာကို အပြည့်အဝဖုံးကွယ်ထား၏။

အမျိုးသမီးက လူသားကျင့်ကြံသူတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိပေ။ သူမသည် သေးသွယ်၍ ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်လှပပြီး သူမ၏ သေးသွယ်၍ ရှည်လျားသော ခြေတံများကို ထုတ်ဖော်ပြသထား၏။

သူမ၏အသားအရည်က နှင်းကဲ့သို့ဖြူစွတ်နေပြီး သူမ၏မျက်နှာက အလွန်တရာချောမောလှပလေသည်။

ထိုမျက်နှာနှင့် ခန္ဓာကိုယ်ကို တွေ့မြင်မိသူ မည်သူမဆို ငေးမောမှင်တက်သွားပေလိမ့်မည်။

“ဟေးထို... နင်က ငါ့ကို ဘာလို့အထူးတဆန်းနဲ့ ဒီနေရာကို ခေါ်လာရတာလဲ”

အမျိုးသမီးက မျက်မှောင်ကြုတ်၍မေးလိုက်၏။

သူမ၏ အသံက အလွန်တရာ သာယာနာပျော်ဖွယ်ကောင်းလေသည်။

ဟေးထိုဟုအမည်ရသော အမျိုးသားက ရယ်မော၍ ပြောလိုက်၏။

“သခင်မလေး... ခင်ဗျား အဲ့ဒါကို မသိသေးဘူး... ခင်ဗျားကို ဒီနေ့ ကျုပ်ခေါ်သွားမဲ့နေရာက အထီးကျန်သိုင်းသခင်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေတယ်”

ဟေးထို၏အသံက ခြောက်သွေ့အက်ကွဲ၍ နားထောင်ရဆိုးလေသည်။

“အို...”

အမျိုးသမီးက စိတ်ဝင်စားသွားသောအမူအရာဖြင့် မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

ကမ္ဘာဦးမျိုးနွယ် ၆စု မှ မည်သူမဆို ဤနေရာမှာရှိနေမည်ဆိုလျှင် သူတို့သည် ထိုသူနှစ်ယောက်ကို မှတ်မိပေလိမ့်မည်။

သူတို့နှစ်ယောက်က ယက္ခမျိုးနွယ်မှလာကြခြင်းဖြစ်၏။

အမျိုးသား၏ အမည်က ယက္ခဟေးထိုဖြစ်၏

ထိုအမျိုးသမီးသည် ဒီဘက်မျိုးဆက်မှာ ယက္ခမျိုးနွယ်၏ အကျော်ကြားဆုံး ပြန်ဝင်စားမွန်းစတား ယက္ခယု ဖြစ်၏။

ယက္ခမျိုးနွယ်က အလွန်တရာ ထူးခြားဆန်းကြယ်လေသည်။

အမျိုးသားများသည် အစိမ်းရောင်မျက်နှာများနှင့် ပြူးပြဲနေသော သွားစွယ်များနှင့်အတူ အလွန်တရာ ရုပ်ဆိုးပြီး ဆိုးယုတ်တစ္ဆေများနှင့် ဆင်တူလေသည်။

သို့သော်လည်း အမျိုးသမီးများကတော့ အလွန်တရာချောမောလှပလေသည်။ သူတို့သည် ကောင်းကင်ဘုံ ၉ခု၏ နတ်မိမယ်များထက် မနိမ့်ကျပေ။

ယက္ခယုသည် ယက္ခမျိုးနွယ်မှာ အဆင့်တူများကြား၌ ပြိုင်ဘက်ကင်းရုံသာမဟုတ်ပဲ သူမ၏ ရုပ်ရည်သွင်ပြင်ကလည်း ပြိုင်ဘက်ကင်း​လေသည်။

“သခင်မလေး... အဲ့ဒီကို တစ်ချက်ကြည့်လိုက်”

ယက္ခဟေးထိုက မက်မွန်ပင်များဖြင့် စိမ်းလန်းစိုပြည်နေသည့် မလှမ်းမကမ်းရှိ နေရာတစ်ခုကို လက်ညိုးထိုးပြလိုက်၏။

“အဲ့ဒီမြို့ကို ပင်ယန်းမြို့လို့ခေါ်တယ်”

“အင်း...”

ယက္ခယုက ခေါင်းညိတ်၍ သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အာရုံခံကြည့်လိုက်၏။

“အဲ့ဒီမြို့မှာ ထူးခြားတာဘာမှလည်း မရှိပါလား... အဲ့ဒီမှာရှိတဲ့ လူသားတွေက ဘဝသက်တမ်းနည်းနည်းပိုရှည်ရုံပဲ”

“အို... အဲ့ဒီမှာ အသိစိတ်ရရှိပြီး သားရဲတစ်ကောင်အဖြစ် ကျင့်ကြံထားတဲ့ မက်မွန်ပင်တစ်ပင်ရှိနေတာပဲ... ဒါပေမဲ့ အဲ့ဒါကလည်း သိပ်တော့ထူးခြားမနေပါဘူး”

တစ်ခဏချင်းမှာပင် ယက္ခယုက ပင်ယန်းမြို့ကို တစ်ထောင့်တစ်နေရာမကျန် စစ်ဆေးကြည့်ရှုပြီးသွားပြီဖြစ်၏။

“သခင်မလေး... ခင်ဗျားအဲ့ဒါကို နားလည်ဦးမှာ မဟုတ်သေးဘူး...”

ယက္ခဟေးထိုက အူမြူးအားရစွာဖြင့် ပြောလိုက်၏။

“ကျုပ်က စုံစမ်းစစ်ဆေးကြည့်ပြီးသွားပြီ... ပင်ယန်းမြို့က အထီးကျန်သိုင်းသခင် ပေါ်ထွက်လာခဲ့တဲ့ နေရာပဲ”

“သူက အဲ့ဒီနေရာမှာ တာအိုကို အောင်မြင်ရရှိပြီး ရုတ်တရက် အောင်မြင်ထွန်းပေါက်လာတာလို့ ကျုပ်ကြားရတယ်”

“အဲ့လိုလား”

ယက္ခယုက မှင်သေသေအမူအရာဖြင့် ရှိနေ၏။

“အထီးကျန်သိုင်းသခင်ရဲ့ အရင်တုန်းက မိတ်ဆွေဟောင်းတွေက ကွယ်လွန်သွားခဲ့ကြလောက်ပြီ... ပင်ယန်းမြို့က သူနဲ့ ဘာများပတ်သက်ဦးမှာလဲ”

“သခင်မလေး... အထီးကျန်သိုင်းသခင်က အရမ်းကို သံယောဇဥ်တွယ်တာတတ်ပြီး ပင်ယန်းမြို့ကို ကြိမ်ဖန်များစွာ ပြန်လာခဲ့တယ်လို့ ကျုပ်ကြားမိတယ်”

ယက္ခဟေးထိုက ပြောလိုက်၏။

“အခုလို ကသောင်းကနင်းဖြစ်နေတဲ့ အချိန်ကာလမှာတောင် ဒီမြို့က ကောင်းကောင်းထိန်းသိမ်းစောင့်ရှောက်ခံထားရတယ်.... အဲ့ဒီမှာ အထီးကျန်သိုင်းသခင်ရဲ့ ခြေရာလက်ရာတွေ ပါဝင်နေလိမ့်မယ်”

“ကျုပ်တို့က အထီးကျန်သိုင်းသခင်ကို မရှာနိုင်ဘူးဆိုမှတော့ ဒီမြို့မှာရှိတဲ့လူတိုင်းကို စားပစ်လိုက်ရအောင်... အဲ့ဒါဆိုရင် ကျုပ်တို့ရင်ထဲက မုန်းတီးမှုတွေကို ဖွင့်ထုတ်နိုင်လိမ့်မယ်”

ယက္ခဟေးထို၏ လေသံက လူသားစားရမည့်အကြောင်းကိုပြောရင်း စိတ်လှုပ်ရှားတက်ကြွလာခဲ့၏။

နက်မှောင်နေသော ခေါင်းခြုံအောက်တွင် မသတီစရာနီရဲနေသော လျှာက တစ်စို့လာကာ သူ၏ နှုတ်ခမ်းကို လျက်နေ၏။

ယက္ခယုက အလိုမကျဟန်ဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“သူတို့က မော်တယ်တွေပဲကို... သူတို့ကို စားလို့ ဘာရမှာလဲ”

“သခင်မလေး... ခင်ဗျားက ဘယ်တုန်းကများ အဲ့လောက်ထိ ကြင်နာတတ်သွားတာလဲ”

ယက္ခဟေးထိုက မေးလိုက်၏။

“ဟမ့်... ငါက တကယ်စားချင်စိတ်ရှိတယ်ဆိုရင် လူသားမျိုးနွယ်က ပညာရှင်တချို့ကိုပဲ စားမှာ... အဲ့ဒီမော်တယ်တွေကိုစားလို့ ဘာများသုံးစားလို့ရမှာလဲ”

ယက္ခယုက လှောင်ရယ်လိုက်၏။

“အဲ့တော့ရော ဘာဖြစ်လဲ”

ယက္ခဟေးထိုက နှုတ်ခမ်းစူလိုက်၏။

“ကျုပ်တို့က ဒီနေရာကို ရောက်နေပြီဆိုမှတော့ လက်ဗလာနဲ့တော့ ပြန်မသွားနိုင်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့အစာအိမ်ကို ဖြည့်တင်းရမှာပဲ”

“သခင်မလေး... မပူနဲ့ ကျုပ်က အဲ့ဒီပေါင်းစည်းခန္ဓာ မက်မွန်ပင်သားရဲကို ခင်ဗျားအတွက် သေချာပေါက်ချန်ထားပေးမယ်”

သူတို့နှစ်ယောက်က ကန်းလန်းရိုးမတွင် စကားပြောဆိုနေစဥ်မှာပင် ပင်ယန်းမြို့ရှိ ဆူမိသားစုအိမ်တော်မှ နက်မှောင်နေသော အခန်းတစ်ခန်းထဲကနေ နတ်ဘုရားဆန်ဆန်အလင်းနှစ်ခုက ပေါ်ထွက်လာ၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က တောက်လောင်နေသော အကြည့်နှင့်အတူ ညောင်စောင်းပေါ်ကနေ ထရပ်လာခဲ့၏။ သူက ညင်သာစွာပြုံး၍ တီးတိုးရေရွတ်လိုက်၏။

“မင်းတို့တွေက ပင်ယန်းမြို့ပေါ်မှာ မကောင်းတဲ့စိတ် ထားရဲတယ်ဆိုတော့... ဟမ့်”

All Chapters