← Chapters

မင်းဘယ်သူ့ကို ပုရွက်ဆိတ်လို့ ခေါ်လိုက်တာလဲ

Vol. 99 Ch. 1483

မင်းဘယ်သူ့ကို ပုရွက်ဆိတ်လို့ ခေါ်လိုက်တာလဲ

Vol. 99 Ch. 1483

ဆူအိမ်တော်တွင်...

အခန်းတံခါးက ပွင့်လှစ်သွား၏။

နုနယ်၍ ရိုးသားသော ကောင်လေးတစ်ယောက်က အထဲသို့ လျှောက်လှမ်းဝင်ရောက်လာ၏။ သူသည် သိုင်းတာအိုပင်မခန္ဓာကို တွေ့မြင်သောအခါ သူ၏နှုတ်ခမ်းကို အနည်းငယ်စူလိုက်၏။

“သခင်လေး... အဲ့ဒီမှာ လူနှစ်ယောက်ရောက်လာကြတယ်... သူတို့ရဲ့အော်ရာတွေက တော်တော်လေးစိတ်ရှုပ်ဖို့ကောင်းတာပဲ”

ထောင်ယောင်သည် တျဲယွဲ့ထံမှတစ်ဆင့် အသိစိတ်ကိုရရှိလာပြီး သူ၏ကျင့်ကြံမှုက မြန်ဆန်လေသည်။ ယခုအချိန်တွင် သူကပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုသည် ပကတိဓမ္မဝိသေသအဆင့်မှာ ရှိနေလေသည်။ ထိုကျင့်ကြံမှုအမြန်နှုန်းက အတော်လေးကြောက်စရာကောင်းနေခဲ့ပြီဖြစ်၏။

လွန်ခဲ့သည့်နှစ် ၂၀ က သူသည် တောင်ပိုင်းဒေသသို့ သွားရောက်ခဲ့စဥ်က ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ခါစသာရှိသေးလေသည်။

“သခင်လေး... ဆက်ပြီးကျင့်ကြံနေပါ... ကျုပ်က သူတို့နှစ်ယောက်ကို မောင်းထုတ်လိုက်မယ်”

ထောင်ယောင်က သူ၏လက်သီးကို ​မြှောက်ပြလိုက်၏။

“ပြန်လာခဲ့”

သိုင်းတာအိုပင်မခန္ဓာက သူ၏ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“မင်းက... သူတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူး”

“အာ...”

ထောင်ယောင်က အနည်းငယ် မှင်တက်သွား၏။

တကယ်တော့... ထောင်ယောင်သည် အလွန်တရာသန်မာလေသည်။ သူသည် ဓမ္မဝိသေသအဆင့်မှာရှိခဲ့စဥ်က သူသည် မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် အခြားသူများကိုပင် ဖိနှိမ်နိုင်လေသည်။ သို့သော်လည်း ထောင်ယောင်သည် ကြည်လင်သန့်စင်သော နှလုံးသားရှိလေသည်။ သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် မည်သူ့ကိုမှ သတ်ဖြတ်ခဲ့ဖူးခြင်း မရှိပေ။

သူ့မှာ သတ်ဖြတ်လိုစိတ်လည်း မရှိပေ။

အဲ့ဒါက ထောင်ယောင်၏ ခံယူချက်ဖြစ်၏။

သူသည် ကျင့်ကြံရေးလောက၏ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို သဘောမကျပေ။ သူသည် ပင်ယန်းမြို့မှာ တည်ငြိမ်အေးချမ်းသည့် ဘဝကိုသာ အလိုချင်ဆုံးဖြစ်လေသည်။

သို့သော်လည်း ယနေ့ရောက်လာသော လူနှစ်ယောက်က သေချာပေါက် စာနာသနားတတ်သူများ မဟုတ်ပေ။

ယက္ခမျိုးနွယ်သည် ကြမ်းကြုတ်ခက်ထန်မှုနှင့် သွေးဆာရက်စက်မှုအရှိဆုံး ဖြစ်၏။

အဲ့ဒါက လက်ရည်စမ်းကြသည်ဆိုလျှင် ထောင်ယောင်သည် သူတို့နှစ်ယောက်ကို အနိုင်ယူနိုင်ကောင်း ယူနိုင်ပေလိမ့်မည်။

သို့သော်လည်း အဲ့ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုဖြစ်မည်ဆိုလျှင် ထောင်ယောင်က သေချာပေါက် သေဆုံးရပေလိမ့်မည်။

“သခင်လေး... အဲ့ဒါဆိုရင် ကျုပ်တို့ဘာလုပ်သင့်လဲ”

ထောင်ယောင်က စိုးရွံ့လာခဲ့၏။

“မပူပါနဲ့”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံးပြလိုက်၏။

“အဲ့ဒါကို ငါကြည့်ရှင်းလိုက်မယ်... မင်း ငါ့ကိုရေနွေးတစ်အိုး ကူတည်ပေးဦး”

“ကောင်းပါပြီ”

ထောင်ယောင်က ခပ်ပြတ်ပြတ်ပင် သဘောတူလိုက်ပြီး လက်ဖက်ရည်ပြင်ဆင်ဖို့အတွက် လှည့်ထွက်သွား၏။

သိုင်းတာအိုပင်မခန္ဓာသည် ခြံဝန်းထဲသို့ ရောက်ရှိလာပြီး ကျောက်ခုံတစ်လုံးပေါ်မှာထိုင်ကာ ကျူးကျော်သူများရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။

ပင်ယန်းမြို့တွင်...

ယက္ခဟေးထိုနှင့် ယက္ခယုသည် အလွန်တရာလျင်မြန်ပြီး သိပ်မကြာခင် ပင်ယန်းမြို့အထက်သို့ ရောက်ရှိလာကြ၏။

သူတို့နှစ်ယောက်သည် လေထဲမှာ မတ်တတ်ရပ်၍ သူတို့ပေါ်ထွက်လာသည့်ခဏမှာပင် မရေမတွက်နိုင်သည့် အကြည့်များကို ဆွဲဆောင်မိသွား၏။

ပင်ယန်းမြို့သည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်ဟုထင်ရ၏။

သို့သော်လည်း တစ်ခဏအတွင်းမှာပင် လမ်းမထက်ရှိ လမ်းသွားလမ်းလာများက ဆက်လက်၍ ပြုမူလှုပ်ရှားလာကြ၏။

လူအုပ်ကြီးက တက်ကြွစွာဖြင့် လှုပ်ရှားသွားလာ၍ စည်ကားသိုက်မြိုက်နေ၏။ သူတို့ကို တွေ့မြင်သောမော်တယ်များသည် အနည်းငယ်အံ့အားသင့်သွားသည့်ပုံပေါ်သော်လည်း သူတို့သည် တုံ့ပြန်မှုများစွာ ရှိမလာခဲ့ပေ။

ပင်ယန်းမြို့က သိပ်မကြာခင် နဂိုအတိုင်း စည်ကား၍ လှုပ်ရှားသွားလာမြဲ သွားလာကြ၏။

“ဟမ်”

ယက္ခဟေးထို၏ အမူအရာက ညိုမည်းသွား၏။

ထိုခံစားချက်က သူ့ကို အလွန်တရာ မကျေမနပ်ဖြစ်စေလေသည်။

ကမ္ဘာဦးမျိုးနွယ်ဝင်များထဲမှ ယက္ခမျိုးနွယ်ဝင်တစ်​ယောက်အနေဖြင့် လူသားကျင့်ကြံသူများပင်လျှင် သူ့အတွက် အစာသာဖြစ်လေသည်။

ဤတစ်ခေါက် သူတို့၏ ခရီးစဥ်တွင် သူတို့သည် ကျင့်ကြံသူများစွာနှင့် တွေ့ကြုံခဲ့ရ၏။ ထိုကျင့်ကြံသူများအားလုံးသည် သူတို့နှစ်ယောက်ကို တွေ့မြင်သောအခါ လိပ်ပြာလွင့်မတက် ကြောက်လန့်ကုန်ကြ၏။ သို့သော်လည်း ယခု... သူတို့ရှေ့ရှိ မော်တယ်များသည် သူ့တို့ကို လျစ်လျူရှုချင်နေကြ၏။

ယက္ခဟေးထိုသည် အလွန်တရာကြီးမားစွာ အရှက်ခွဲခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

“ဟွန့်...”

အေးစက်စွာလှောင်ရယ်၍ သူက ရုတ်တရက် သူ၏ ခြုံထည်ဝတ်ရုံကို ခွာချပြီး အလွန်တရာ ရုပ်ဆိုးအကျည်းတန်၍ ကြောက်စရာကောင်းသော မျက်နှာတစ်ခုကို ပေါ်ထွက်လာစေ၏။

အဲ့ဒါက ငရဲမှ တက်လာသော ဆိုးယုတ်တစ္ဆေတစ်ကောင်နှင့် တူနေပြီး ပြူးပြဲနေသော အစွယ်များနှင့် အပေါ်သို့လန်တက်နေသော နှာခေါင်းနှင့်အတူ စိမ်းဖန့်ဖန့်မျက်နှာတစ်ခုဖြစ်လေသည်။ သူ၏ ​ခြေချောင်းများနှင့် လက်ချောင်းများပေါ်တွင် ထက်ရှသော ခြေသည်း လက်သည်းချွန်များကလည်းရှိနေ၏။

အဲ့ဒါတင် မကသေးပေ။

​ဗျိ...

ယက္ခဟေးထိုသည် သူ၏အနက်ရောင်ဝတ်ရုံကို ဆုတ်ဖြဲပြီး သူ၏ သွင်ပြင်အပြည့်အဝကို ထွက်ပေါ်လာစေ၏။ သူ၏နောက်ကျောကနေ အေးစက်တောက်ပနေသော ဆူးချွန်များနှင့်အတူ နက်မှောင်နေသည့် အသားပြားတောင်ပံတစ်စုံက ကြီးထွားပေါ်ထွက်လာ၏။

သူသည် သူ၏ ကြီးမားသော အသားပြားတောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး မကောင်းဆိုးဝါးဆန်၍ သွေးဆာရက်စက်သော သတ်ဖြတ်လိုစိတ်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူသည် ပင်ယန်းမြို့ရှိမော်တယ်များကို လှည့်ပတ်ကြည့်ရှုပြီး သူ၏ မသတီစရာ လျှာနီနီကိုထုတ်ကာ သူ၏နှုတ်ခမ်းကို သပ်လိုက်၏။

“အား..”

ထင်မှတ်ထားသည့်အတိုင်းပင်...

လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာ၏။

များစွာသော အမျိုးသမီးများသည် ဤကဲ့သို့ မွန်းစတားတစ်ကောင်ကို တွေ့မြင်သောအခါ တုန်လှုပ်စွာဖြင့် အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။

လူအုပ်ထဲမှ တချို့သည် အိမ်ထဲသို့ ဝင်ပြေးပြီး သူတို့၏ တံခါးများကို ပိတ်လိုက်ကြ၏။

ကလေးအချို့သည် ကြောက်ရွံ့မှုဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏

ခြံဝန်းတစ်ခုထဲတွင် ငါးနှစ် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်သည် ခုံတန်းရှည်တစ်ခုပေါ်မှာထိုင်၍ နေပူစာလှုံနေသော အဖိုးအိုတစ်ယောက်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး အပေါ်သို့ မော့မကြည့်ရဲတော့ပေ။

ယက္ခဟေးထိုသည် ထိုသည်ကိုမြင်သောအခါ အနည်းငယ် နေသာထိုင်သာရှိသွားပြီး သူ၏ မျက်လုံးနှစ်ဖက်က စိတ်လှုပ်ရှားတက်ကြွမှုဖြင့် ​တောက်ပလာခဲ့၏။

သူ့ရှေ့တွင် ထိုပုရွက်ဆိတ်များ ထိတ်လန့်ကြောက်ရွံ့၍ အော်ဟစ်နေသည်ကို သူက သဘောကျလေသည်။

“ကလေး... ဘာမှမကြောက်နဲ့”

အဖိုးအိုက အလွန်တရာတည်ငြိမ်နေပြီး ကလေးငယ်၏ ကျောကို ပွတ်သပ်ကာ ပြုံး၍ နှစ်သိမ့်ပေးနေ၏။

“သူတို့က မဆင်မခြင်ပြုမူတတ်တဲ့ မွန်းစတားငယ်လေးတချို့ပဲ... ဘာမှမဟုတ်ဘူး”

“ဘာ...”

ယက္ခဟေးထိုက ခဏမျှ ကြောင်အ,မှင်တက်သွား၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ယက္ခမျိုးနွယ်ကို မွန်းစတားငယ်လေးဟု တစ်စုံတစ်ယောက်က ထုတ်ဖော်ပြောခြင်းကို သူက ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ ဒါ့အပြင်... သူ၏အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသပြီးတာတောင် အံ့အားသင့်ဖို့ကောင်းစွာပင် ပင်ယန်းမြို့က လုံးဝရှုပ်ထွေးဗြောင်းဆန်မလာခဲ့ပေ။

အနည်းငယ်မျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် အရာရာတိုင်းက တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာ၏။

လူတိုင်းသည် သူ့ကို လုံးဝဂရုမစိုက်ကြတော့ပေ။

တကယ်တော့... ပင်ယန်းမြို့သည် ဤနှစ်များအတွင်း မရေမတွက်နိုင်သော မုန်တိုင်းများကို တွေ့ကြုံခဲ့ဖူးလေပြီ။ သို့သော်လည်း ထောင်ယောင်နှင့် သိုင်းတာအိုပင်မခန္ဓာ၏ ကာကွယ်မှုအောက်၌ သူတို့က အမြဲတမ်းဘေးကင်းလုံခြုံခဲ့၏။

အထူးသဖြင့်... ပင်ယန်းမြို့၏ သက်ကြီးပိုင်း မျိုးဆက်များအတွက်ဖြစ်လေသည်။ သူတို့သည် ဤကဲ့သို့သော ကိစ္စများမှာ ဆက်လက်၍ အံအားသင့်မနေကြတော့ပေ။

ဒုတိယသခင်လေးဆူ ရှိနေသရွေ့ ဤမိစ္ဆာသားရဲများသည် ပင်ယန်းမြို့ကို မည်သည့်ဒုက္ခမှ ပေးနိုင်မည်မဟုတ်ကြောင်း သူတို့၏ နှလုံးသားထဲမှ သိရှိထားကြ၏။

“မင်းလိုမျိုး ပုရွက်ဆိတ်တွေက ကောင်းမှန်းဆိုးမှန်း နားမလည်ကြဘူးပဲ”

ယက္ခဟေးထိုသည် ခြံဝန်းထဲရှိအဖိုးအိုကို ပြူးကျယ်နေသော မျက်ဝန်းများနှင့်အတူ စူးစူးဝါးဝါး ​စိုက်ကြည့်ပြီး သူ၏ ပါးစပ်ကို ဖွင့်ဟကာ သူတို့နှစ်ယောက်ကို ဝါးမျိုပစ်ချင်လေသည်။

ရုတ်တရက်ဆိုသလို... ဘေးကနေ ယက္ခယုက မျက်မှောင်ကြုတ်ပြီးပြောလိုက်၏။

“တစ်ခုခုတော့ လွဲနေပြီ”

“ဘာများဖြစ်လို့လဲ”

ယက္ခဟေးထိုက အလိုလိုပြန်မေးလိုက်၏။

ယက္ခယုက ပင်ယန်းမြို့ထဲရှိ သာမန်ပုံစံခြံဝန်းတစ်ခုကို လက်ညိုးထိုးပြီး တည်တံ့စွာဖြင့် ပြောလိုက်၏။

“အဲ့ဒီမှာလူတစ်ယောက်ရှိနေတယ်... သူက ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ပဲ”

ယက္ခဟေးထိုက တစ်ချက်ဝေ့ကြည့်လိုက်၏။

ထိုခြံဝန်းထဲတွင် ခရမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ထိုင်နေပြီး ဂရုမစိုက်သောအမူအရာနှင့်အတူ လက်ဖက်ရည်ကို စိမ်ပြေနပြေသောက်နေ၏။

ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ နောက်ဘက်တွင် ပန်းရောင်သန်း၍ နုနယ်သော ကောင်လေးတစ်ယောက်က နာခံရိုကျိုးစွာဖြင့် မတ်တတ်ရပ်နေ၏။ အဲ့ဒါသည် စောစောက သူတို့ရှာဖွေတွေ့ရှိခဲ့သော မက်မွန်ပင်သားရဲ ဖြစ်လေသည်။

“အဲ့ဒီလူရဲ့ ပုံစံကို ရင်းနှီးနေသလိုပဲ”

ယက္ခယုသည် ခရမ်းရောင်ဝတ်ကျင့်ကြံသူကို ဘေးတိုက်မြင်နေရပြီး ရင်းနှီးကျွမ်းဝင်သလို ခံစားရသော်လည်း သူ့ကိုဘယ်နေရာမှာ မြင်ဖူးသလဲ စဥ်းစားမရဖြစ်နေ၏။

“သူက... ဓမ္မဝိသေသအဆင့်မှာပဲ ရှိတာကို ဘာများဖြစ်နိုင်လို့လဲ “

ယက္ခဟေးထိုက မျက်မှောင်ကြုတ်လိုက်၏။

“သခင်မလေး... ခင်ဗျားက ဘာမဟုတ်တာအတွက် ရေးကြီးခွင်ကျယ်လုပ်နေတာပဲ”

ယက္ခယုက ဆက်လက်၍ မျက်မှောင်ကြုတ်နေ၏။

“ဒါပေမဲ့... စောစောက ငါ့ရဲ့စိတ်ဝိညာဥ်အသိစိတ်နဲ့ ပင်ယန်းမြို့ကို ရှာဖွေခဲ့တုန်းက ငါက အဲ့ဒီလူရဲ့တည်ရှိမှုကို ရှာမတွေ့ခဲ့ဘူး”

“ပြောရမယ်ဆိုရင်... အဲ့ဒီလူက ငါ့ရဲ့ စိတ်ဝိညာဥ်အသိစိတ် ထောက်လှမ်းမှုကနေ ပုန်းကွယ်နိုင်တာပဲ”

“ဟားဟား”

ယက္ခဟေးထိုက ရယ်မောလိုက်၏။

“သခင်မလေး... ခင်ဗျားက အတွေးလွန်နေပြီ... သူက ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ပဲကို အထီးကျန်သိုင်းသခင် ဒီနေရာမှာ ရှိနေတယ်ဆိုရင်တောင် ဘာဖြစ်လဲ... သခင်မလေး အဲ့ဒီပုရွက်ဆိတ်ကို ကျုပ်တိုက်ခိုက်ပြီး ဖိနှိမ်မှာကို စောင့်ကြည့်နေလိုက်”

ယက္ခဟေးထိုက လှစ်ခနဲဆို ထိုစံအိမ်၏ အထက်ကောင်းကင်သို့ ချက်ချင်းပင် ရောက်ရှိလာ၏။

ယက္ခယုက တွေဝေရှုပ်ထွေးနေဆဲ ဖြစ်ပြီး နောက်ကနေ လိုက်ပါလာ၏။ ထိုစဥ်မှာပင် ခြံဝန်းထဲရှိ ခရမ်းရောင်ဝတ်ကျင့်ကြံသူက လေထဲရှိ ယက္ခဟေးထိုကို လှည့်ကြည့်ကာ မှင်သေသေဖြင့် မေးလိုက်၏။

“မင်းက... ဘယ်သူ့ကို ပုရွက်ဆိတ်လို့ ခေါ်နေတာလဲ”

“နင်...”

ယက္ခယုသည် ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာကိုတွေ့မြင်သောအခါ သူမ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

ထိုလူ၏ မျက်နှာသည် ယက္ခမျိုးနွယ်မှာ သူမမြင်တွေ့ခဲ့ဖူးသည့် လူတစ်ယောက်၏ ပန်းချီကားနှင့် တူညီနေလေသည်။

သို့သော်လည်း ပန်းချီကားထဲရှိလူက အစိမ်းရောင်ဝတ်ရုံနှင့် အနက်ရောင်ဆံပင်ရှိလေသည်။

ဤလူကတော့ သူသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖော်မပြတတ်သော စွမ်းပကားနှင့် ဩဇာတိက္ကမတစ်ခုကို ဖြာထုတ်ပေးနေ၏။

သူမပင်လျှင် ချောက်ချားမှုကို ခံစားရ၏။

“အထီးကျန်သိုင်းသခင်လား”

ယက္ခယုသည် သူမ၏ မျက်ဝန်းထဲရှိ မယုံကြည်နိုင်မှုနှင့်အတူ အံ့အားတသင့် ရေရွတ်လိုက်၏။

All Chapters