← Chapters

အသေခံမှာလား

Vol. 99 Ch. 1485

အသေခံမှာလား

Vol. 99 Ch. 1485

ယက္ခဟေးထိုက အရမ်းကို လျင်မြန်စွာ သေဆုံးသွားခဲ့၏။

ယက္ခယုသည် ပေတစ်ရာပြိုင်ဘက်ကင်း ဓမ္မဝိသေသမှာ ကြောင်အ,မှင်တက်နေ၏။ သူမက မတုံ့ပြန်နိုင်ခင်မှာပင် ယက္ခဟေးထိုက သေဆုံးသွားခဲ့လေပြီ။

သိုင်းတာအိုပင်မခန္ဓာသည် အေးစက်စက်အမူအရာတစ်ခုရှိနေပြီး သူ၏အကြည့်က ယက္ခယုထံသို့ ရွေ့လျားလာ၏။

သူ့နောက်ဘက်ရှိ ပြိုင်ဘက်ကင်းဓမ္မဝိသေသကလည်း တူညီစွာ ပြုမူလှုပ်ရှားလိုက်၏။ နတ်ဘုရားဆန်ဆန် အလင်းတန်းနှစ်ခုက ထိုးဆင်းလာပြီး ယက္ခယုသည် မည်သည့်လျှို့ဝှက်ချက်ကိုမှ မဖုံးကွယ်ထားနိုင်သည့်အလား သိပ်သည်းပြင်းထန်သော ဖိအားတစ်ခုကို ခံစားလာရ၏။

“အညံ့ခံမှာလား... အသေခံမှာလား”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။

ပြိုင်ဘက်ကင်းဓမ္မဝိသေသကလည်း တစ်ပြိုင်နက်တည်း ပြောဆိုလိုက်၏။

သူတို့၏ အသံက ကျယ်လောင်ပြီး လောကတစ်ခွင် ဟိန်းထွက်သွား၏။

ယက္ခယုနှင့် ယက္ခဟေးထို ဆင်းသက်လာသောအချိန်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် ဤနေရာတစ်ဝိုက်မှာ အစီအရင်တစ်ခုကို အသက်သွင်းထားခဲ့ပြီဖြစ်ပြီး ဤနေရာကို လောကနှင့် ပိုင်းခြားထားလေသည်။

မဟုတ်ပါက သူတို့၏ တိုက်ခိုက်ဖလှယ်မှုကနေ ထွက်ပေါ်လာမည့် တုန်ခါလှိုင်းတချို့ကပင်လျှင် ပင်ယန်းမြို့ကို ပျက်စီးပြိုကျသွားစေဖို့ လုံလောက်လေသည်။

“ဦးညွှတ်ရမတဲ့လား”

ယက္ခယုသည် အရယ်ရဆုံးဟာသကိုကြားလိုက်ရသည့်အလား ဒေါသဖြင့်ရယ်မောလိုက်၏။

“နင့်မှာ ပေတစ်ရာမြင့်မားတဲ့ ဓမ္မဝိသေသရှိတယ်ဆိုတော့ရော... ဘာဖြစ်လဲ... ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်က ငါ့ကိုအညံ့ခံစေဖို့ ထိုက်တန်မှာလား”

ယက္ခယု၏ ပုံရိပ်က လှစ်ခနဲလှုပ်ရှားသွားပြီး သူမသည် သူမ၏ ဆေဘာကွေးကို ကိုင်ဆွဲကာ သိုင်းတာအိုပင်မခန္ဓာဆီကို ပြေးဝင်သွား၏။

ယက္ခမျိုးနွယ်မှ အမျိုးသားများသည် အစိမ်းရောင်မျက်နှာများနှင့် ပြူထွက်နေသော အစွယ်များ ရှိလေသည်။ သူတို့၏ ကျောပေါ်တွင် ကြောက်စရာကောင်းသော တောင်ပံများပင်ရှိလေသည်။ သို့သော်လည်း ယက္ခမျိုးနွယ်၏ အမျိုးသမီးများက တစ်မူထူးခြားအောင် ချောမောလှပလေသည်။ သူမထံမှာ အသားပြားတောင်ပံများ သို့မဟုတ် ထက်ရှသော လက်သည်းချွန်များ မရှိဘဲ သာမန်လူသားများထက် အရပ်ပိုရှည်ရုံမျှသာဖြစ်၏။

သူမမှာ အသားပြားတောင်ပံများ မရှိသော်လည်း ယက္ခယု၏ လှုပ်ရှားမှုနည်းစနစ်သည် ယက္ခဟေးထိုထက်ပင် ပို၍မြန်ဆန်လေသည်။

ယက္ခမျိုးနွယ်၏ လှုပ်ရှားမှုသည် ကမ္ဘာဦးမျိုးနွယ် ၉ စုကြားမှာ အမြန်ဆုံးဖြစ်လေသည်။

ရွှေကျီးကန်းမျိုးနွယ်ပင်လျှင် သူတို့ထက် အနည်းငယ်နိမ့်ကျလေသည်။

သို့သော်လည်း ပြိုင်ဘက်ကင်းဓမ္မဝိသေသသည် ၎င်း၏ အကြည့်ရောက်ရှိရာနေရာတိုင်းရှိ လေဟာနယ်ကို တွန့်လိမ်သွားစေ၏။ သူထုတ်ဖော်လိုက်သော ခြေလှမ်းတိုင်းက မြေပြင်ကို တသိမ့်သိမ့်တုန်ခါသွားစေ၏။

ဤပြိုင်ဘက်ကင်းဓမ္မဝိသေသထံမှ ထွက်သက်ရှုထုတ်မှုတစ်ခုကပင်လျှင် ဓမ္မစွမ်းအား ဆိုင်ကလုန်းတစ်ခုကို ဖြစ်ပေါ်လာစေပြီး ကြောက်စရာကောင်းသော ဓမ္မပညာရပ်တစ်ခုကို စုဖွဲ့စေနိုင်၏။

လှုပ်ရှားမှုတိုင်းက ဓမ္မပညာရပ်ဖြစ်၏။

ချက်ချင်းပင် လောက၏ ထိုအစိတ်အပိုင်းမှာ ဓမ္မစွမ်းအားများက တရုန်းရုန်းထကြွလာ၏။

ယက္ခယုက ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်ပါစေ သူမသည် ရှောင်တိမ်းဖို့အတွက် လုံလောက်သည့်နေရာလွတ်ကို မရရှိစေတော့ပေ။

သို့သော်လည်း ဤလောကသည် အတောမသတ်သော ဓမ္မပညာရပ်များဖြင့် ပြည့်နှက်လာပြီး သူတို့ထဲမှ တစ်ခုချင်းစီတိုင်းသည် တုန်လှုပ်စရာကောင်းအောင် စွမ်းအားကြီးမားလေသည်။ သူမသည် လုံးဝ မရှောင်တိမ်းနိုင်တော့ပေ။

“မဖြစ်နိုင်တာ”

ယက္ခယုက အိုးတိုးအမ်းတမ်းအမူအရာတစ်ခု ရှိလာပြီး သူမ၏ မျက်လုံးများက စိုးရွံထိတ်လန့်မှုဖြင့် တောက်ပလာ၏။

“လူတစ်ယောက်ရဲ့ အချိန်နဲ့ စွမ်းရည်က အကန့်အသတ်ရှိတယ်... သူက ဒီလောက်များတဲ့ ဓမ္မပညာရပ်တွေကို ဘယ်လိုကျင့်ကြံထားနိုင်တာလဲ”

ဘုန်း...

ပြိုင်ဘက်ကင်းဓမ္မဝိသေသက ရှေ့သို့ပစ်ထိုးလိုက်ပြီး ဧရာမလေစီးကြောင်းတစ်ခုကို တလိပ်လိပ်တက်လာစေ၏။ ထိုထိုးချက်သည် မိုးကောင်းကင်မှာ အပေါက်တစ်ပေါက် ဖြစ်ပေါ်သွားစေသည်ဟု ထင်ရ၏။

ယက္ခယုက ပြေးဖို့အတွက် နေရာမရှိတော့ပေ။

“အထီးကျန်သိုင်းသခင်... နင်အရမ်းများသွားပြီ”

ရုတ်တရက် ယက္ခယုက စူးစူးဝါးဝါး အော်ဟစ်ပြီး သူမ၏ မျိုးဆက်သွေးကို လှည့်ပတ်လိုက်၏။ သူမသည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး ဧရာမလက်သီးကို ပစ်ရိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် သူမ၏ မျက်လုံးက ဝင်းလ​က်သွားပြီး သူမလက်ထဲရှိဆေဘာကွေးကို ဝေ့ယမ်းကာ ညင်သာစွာ အော်ငေါက်လိုက်၏။

“ကမ္ဘာဖျက် ယက္ခခုတ်ပိုင်းချက်”

ဆေဘာအရိပ်တစ်ခုက ဖြာလက်သွားပြီး ပြိုင်ဘက်ကင်း ဓမ္မဝိသေသ၏ လက်သီးထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။

“ဟမ်...”

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က စူးရှလာခဲ့၏။

အခြားသူများအတွက်တော့... အဲ့ဒါသည် ယက္ခယုထံမှ ခုတ်ပိုင်းချက်တစ်ချက်မျှသာဖြစ်၏။

သို့သော်လည်း ယက္ခယုသည် တစ်ခဏချင်းမှာပင် အချက်ရေတစ်ရာကျော်ခုတ်ပိုင်းလိုက်သည်ကို သူက တွေ့မြင်လိုက်ရ၏။

ခုတ်ပိုင်းချက်တစ်ရာကျော်သည် မည်သည့်ကြန့်ကြာမှုမှ မရှိပဲ အလွန်တရာမြန်ဆန်စွာ ထွက်ပေါ်လာ၏။ သူတို့အားလုံးသည် တစ်ခုနဲ့တစ်ခု စုထပ်သွားပြီး ကြီးမားသည့် ဆေဘာအရိပ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

လျှို့ဝှက်အတတ်၏ ရုန်းကန်ပေါက်ကွဲအားက ဆေဘာခုတ်ချက်၏ စွမ်းပကားကို အဆများစွာတိုးလာစေ၏။

ထိုခုတ်ချက်ကို ကမ္ဘာဖျက်ခုတ်ချက်ဟု ခေါ်ဆိုဖို့ တကယ်ပင်ထိုက်တန်လေသည်။

ဘုန်း...

များစွာသော ဓမ္မပညာရပ်များသည် ပြိုင်ဘက်ကင်းဓမ္မဝိသေသ၏ လက်သီးနှင့် ထိတွေရိုက်ခတ်သွားပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ကျောက်တုံးများကဲ့သို့ မည်သည့်ဝဲဂယက်မှ ဖြာထွက်မလာခဲ့ပေ။

ဆေဘာအရိပ်က ဆင်းသက်လာပြီး ပြိုင်ဘက်ကင်းဓမ္မဝိသေသ၏ လက်သီးကို ခုတ်ပိုင်းချလိုက်၏။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။

ပြိုင်ဘက်ကင်းထက်ရှမှုများက အဘက်ဘက်သို့ ပြန့်ကျဲသွားပြီး လေဟာနယ်က တုန်ခါသွား၏။

ကမ္ဘာဖျက်ခုတ်ပိုင်းချက်သည် ပြိုင်ဘက်ကင်းဓမ္မဝိသေသထံမှ ထိုးချက်တစ်ချက်ဖြင့် ပျက်စီးသွား၏။

ပြိုင်ဘက်ကင်းဓမ္မဝိသေသ၏ လက်သီးပေါ်မှာလည်း အက်ကွဲကြောင်းများဖြစ်ပေါ်လာ၏။

ထိုခုတ်ချက်သည် အဆုံးသတ်မှာတော့ ပြိုင်ဘက်ကင်းဓမ္မဝိသေသကို ဒဏ်ရာရရှိသွားစေ၏။

ယက္ခမျိုးနွယ်၏ သခင်မလေးတစ်ဖြစ်လဲ သိုင်းတာအိုပင်မခန္ဓာထက် ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့် မြင့်မားသော တစ်စုံတစ်ယောက်အနေဖြင့် ယက္ခယုသည် ကိုင်တွယ်ရလွယ်ကူသော တစ်စုံတစ်ယောက် သေချာပေါက်မဟုတ်ပေ။

“ပျက်စမ်း”

လျှို့ဝှက်အတတ်တစ်ခုဖြင့် ပြိုင်ဘက်ကင်းဓမ္မဝိသေသကို မဖျက်ဆီးနိုင်သောအခါ ယက္ခယုသည် သူမ၏ မျိုးဆက်သွေးကို နောက်တစ်ဖန် လှည့်ပတ်ပြီး သူမ၏ ခန္ဓာကိုယ်မှ ဆူနာမီအသံကို တလိပ်လိပ်ထွက်ပေါ်လာစေ၏။

အဲ့ဒီနောက် ပုံရိပ်ယောင်ဖြစ်စဥ်တစ်ခုက သူမ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။

ယက္ခယုသည် ယက္ခမျိုးနွယ်၏ ဒီဘက်မျိုးဆက် ပြန်ဝင်စားမွန်းစတား ဖြစ်နေသည်မှာ မထူးဆန်းပေ။ သူမသည် မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံထားနိုင်လေသည်။

ယက္ခယု၏ ဘေးပတ်လည်တွင် ယက္ခအမျိုးသမီးငါးယောက်က ပေါ်ထွက်လာ၏။ သူမတို့က ချောမောလှပပြီး ချို့ယွင်းချက်ကင်းမဲ့ကာ ညို့ငင်ဖမ်းစားနိုင်သော ခန္ဓာကိုယ်များနှင့်အတူ မျက်နှာဖုံးများကို တပ်ဆင်ထား၏။

သို့သော်လည်း သူတို့သည် အေးစက်စက်အမူအရာတစ်ခုရှိနေပြီး မည်သည့်စိတ်ခံစားချက်မှ ရှိမနေပဲ အေးစက်စက်အမူအရာများဖြင့် သိုင်းတာအိုပင်မခန္ဓာကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။

“သတ်”

ယက္ခယုက ဟိန်းဟောက်လိုက်၏။

ယက္ခအမျိုးသမီးငါးဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြပြီး သူတို့၏ ကမ္ဘာဖျက်ယက္ခခုတ်ပိုင်းချက်များကို ထုတ်ဖော်လိုက်ကြ၏။

ဆေဘာရိပ်ငါးခုက ဆင်းသက်လာခဲ့၏။

ဤတစ်​ကြမ်မှာတော့ ပြိုင်ဘက်ကင်းဓမ္မဝိသေသပင်လျှင် မရှောင်တိမ်းနိုင်တော့ပဲ ကမ္ဘာဖျက်ယက္ခခုတ်ပိုင်းချက် ငါးချက်ဖြင့် ပြင်းထန်စွာ ထိခတ်ခြင်းခံလိုက်ရ၏။

ဖျောက်.... ဖျောက်.... ဖျောက်...

ပြိုင်ဘက်ကင်းဓမ္မဝိသေသ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း အက်ကွဲလာခဲ့၏။

ပြိုင်ဘက်ကင်းဓမ္မဝိသေသက ဘယ်လောက်ပင်သန်မာသည်ဖြစ်ပါစေ အဲ့ဒီမှာ အကန့်အသတ်ရှိလေသည်။ ယက္ခယု၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်မှာ ပြိုင်ဘက်ကင်းဓမ္မဝိသေသက နောက်ဆုံးမှာ တောင့်မခံနိုင်တော့ပေ။

တစ်ခဏချင်းမှာပင် ၎င်းက ​ပျက်ပြယ်သွားလေသည်။

“ဟီးဟီး”

ယက္ခယုက ယက္ခအမျိုးသမီးငါးဦး၏ ဝန်းရံလှည့်ပတ်မှုအလယ်မှာ မတ်တတ်ရပ်ပြီး လှောင်ရယ်လိုက်၏။

“အထီးကျန်သိုင်းသခင်... နင့်ရဲ့ ပေတစ်ရာဓမ္မဝိသေသက ကြေမွသွားပြီ... ငါ့ကို အညံ့ခံစေဖို့အတွက် နင့်မှာ ဘာရှိသေးလဲ ကြည့်ရသေးတာပေါ့”

“မျိုးဆက်သွေးနယ်မြေလား”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။

“ငါ့မှာလည်း ရှိတာပေါ့”

သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ရုတ်တရက်ပျောက်ကွယ်သွား၏။

ယက္ခယုသည် ရင်တစ်ချက်ထိတ်သွားပြီး သူမ၏ စိတ်ထဲမှာ ချက်ချင်းပင် တင်းကျပ်လာခဲ့၏။ သူမသည် သူမ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး သူမ၏ ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးကြည့်ရှုနေသော်လည်း သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ အရိပ်အယောင်ကို တစ်စွန်းတစ်စမှ တွေ့မြင်ရခြင်း မရှိတော့ပေ။

“အထီးကျန်သိုင်းသခင်... နင်ဘယ်ရောက်သွားတာလဲ”

ယက္ခယုသည် အနည်းငယ်စိုးရိမ်ထိတ်လန့်လာပြီး သူမ၏ မျိုးဆက်သွေးနယ်မြေကို လှည့်ပတ်နေ၏။ ယက္ခအမျိုးသမီးငါးဦးက သူမကို တင်းကျပ်စွာ ကာကွယ်ပေးထား၏။

ရုတ်တရက်ဆိုသလို...

သူမသည် နေရာတစ်ခုလုံး၏ အပူချိန်က မြင့်တက်လာသည်ဟု ခံစားရပြီး လေဟာနယ်ထဲမှာ ခရမ်းရောင်မီးတောက်များက ဒေါသတကြီး လောင်ကျွမ်းလာ၏။

သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးနယ်မြေက ဧရာမမီးဖိုတစ်လုံးဖြစ်၏။

အဲ့ဒါသည် သုတ္တန်တစ်ရာနှင့် ပေါင်းစည်းထားပြီး ဓမ္မပညာရပ်များအားလုံးကို အရည်ဖျော်ချပစ်နိုင်သည့် သိုင်းတာအိုမီးဖိုဖြစ်လေသည်။

ယက္ခယုသည် သိုင်းတာအိုပင်မခန္ဓာကို မတွေ့မြင်ရတော့သည့်အကြောင်းရင်းမှာ သူမသည် ဤဧရာမီးဖိုထဲမှာ ကျဆင်းနေပြီဖြစ်သောကြောင့်ပင်။ အဲ့ဒါက မျိုးဆက်သွေးနယ်မြေများကြား တိုက်ပွဲတစ်ပွဲဖြစ်လေသည်။

ရွှစ်...

ယက္ခယု၏ ဘေးရှိ ယက္ခအမျိုးသမီးတစ်ဦးသည် မီးတောက်များဖြင့် လောင်ကျွမ်းလာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

တစ်ခဏချင်းမှာပင် မျိုးဆက်သွေးနယ်မြေကနေ စုဖွဲ့ထားသော ထိုယက္ခအမျိုးသမီးသည် လောင်ကျွမ်းပြာကျသွား၏။

ယက္ခယု၏ အမူအရာက ဖြူဖပ်ဖြူရော်ဖြစ်လာခဲ့၏။

သူမသည် တစ်ဖက်လူ၏ မျိုးဆက်သွေးနယ်မြေထဲမှာ ကျဆင်းနေခဲ့ပြီဖြစ်ကြောင်း နားလည်သွားခဲ့ပြီဖြစ်၏။

“အညံ့ခံလိုက်... မဟုတ်ရင်လည်း သေလိုက်တော့”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက အဆုံးမဲ့စွမ်းပကားနှင့် စီးပိုးခြယ်လှယ်မှုနှင့်အတူ ထွက်ပေါ်လာ၏။ အဲ့ဒီမှာ ယက္ခယုအတွက် တတိယမြောက်ရွေးချယ်စရာ မရှိပေ။

သူမသည် အညံ့ခံရပေမည် မဟုတ်ပါက သေဆုံးရပေလိမ့်မည်။

“ယက္ခမျိုးနွယ်ရဲ့ သခင်မလေးအနေနဲ့ ငါကနင့်ကို ဘယ်လိုအညံ့ခံနိုင်မှာလဲ”

ယက္ခယုက လှောင်ရယ်လိုက်၏။

“အထီးကျန်သိုင်းသခင်... အိပ်မက်သာ ဆက်မက်နေလိုက်”

ရွှစ်...

ခရမ်းရောင်မီးတောက်များက တလိပ်လိပ်တက်လာပြီး နောက်ထပ်ယက္ခအမျိုးသမီးတစ်ဦးက ဘာမှမကျန်အောင် လောင်ကျွမ်းပြာကျသွား၏။

ရွှစ်.... ရွှစ်.... ရွှစ်....

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ယက္ခယု၏ ဘေးရှိ ယက္ခအမျိုးသမီးများသည် သိုင်းတာအိုမီးဖို၏ လောင်ကျွမ်းသန့်စင်ခြင်းကို ခံလိုက်ကြရ၏။

ယက္ခယု၏ မျိုးဆက်သွေးနယ်မြေသည် သိုင်းတာအိုမီးဖိုကြောင့် လောင်ကျွမ်းပြာကျသွားပြီဟု ဆိုလိုလေသည်။

“အညံ့ခံလိုက်... မဟုတ်ရင်လည်း သေလိုက်တော့”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။

သို့သော်လည်း ဤတစ်​ကြိမ်မှာတော့... အဆုံးမဲ့သော စွမ်းပကားအပြင် သူ၏လေသံမှာ ပြတ်သားမှု ၊ အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်တို့က ပါဝင်လာခဲ့ပြီဖြစ်၏။

All Chapters