← Chapters

ဝိညာဉ်သိုက်အဆင့်၏ ဦးတည်ရာ

Vol. 82 Ch. 1255

ဝိညာဉ်သိုက်အဆင့်၏ ဦးတည်ရာ

Vol. 82 Ch. 1255

မင်းသားကြီး၏ အသံထဲမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။ သူက ခေါင်းဆောင်၏ လက်ထဲမှ ဝါးပေလွှာကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ယင်းကို နောက်တစ်ကြိမ် အတည်ပြုကြည့်ပြီးနောက် သူက အမှတ်မှားနေခြင်းမဟုတ်ကြောင်း သေချာသွားသည်။

သူက ယင်းကို သူ့မယ်တော်၏ မိသားစုတွင် အကြိမ်ရေအနည်းငယ်သာ မြင်ဖူးသည်။ မိသားစု၏ ဘိုးဘေးနတ်စင်ပေါ်မှာ ဌာပနာထားသော ထိုပစ္စည်းအပေါ် သူက လေးနက်သော အမြင်ရှိသည်။

အထူးသဖြင့် မိသားစုခေါင်းဆောင်နှင့် အကြီးအကဲအားလုံးသည် ထိုပစ္စည်းကို အလွန်ရိုသေလေးစားကြသည်။ သူတို့က ယင်းကို ‘ နတ်ဘုရားရဲ့ ဥပဒေတုံကင် ’ဟု ခေါ်ဆိုသည်။ ပထမဆုံး မိသားစုခေါင်းဆောင်က အဆင့်မြင့်နတ်ဘုရားမီးလျှံလအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့သောကြောင့် နတ်ဘုရားက ယင်းကို ဆုလာဘ်အဖြစ် ချီးမြှောက်ပေးခဲ့ခြင်း ဖြစ်သည်။

အတိုင်းအတာတစ်ခုထိဆိုရသော် ယင်းက နတ်ဘုရားတစ်ပါး၏ ပစ္စည်းဖြစ်ပြီး နတ်ဘုရားကို ကိုယ်စားပြုသည်။ ယင်းက မိသားစု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အပြင်လူများကို အလွယ်တကူ ထုတ်ပြလေ့ရှိသည့်အရာမျိုး မဟုတ်ပေ။

ထို့ကြောင့် ခေါင်းဆောင်၏ လက်ထဲမှ ပစ္စည်းက ‘ နတ်ဘုရားရဲ့ ဥပဒေသတုံကင် ’ဖြစ်ကြောင်း သူသေချာသော်လည်း မယုံကြည်ဝံ့ချေ။

ယင်းက အလွန်ထိလွယ်ရှလွယ်သည်။

ထိုသို့အထွတ်အမြတ်ပစ္စည်းသည် ချန်းအားညို၏ လက်ထဲမှာ အမှန်တကယ် ရှိနေသည်။ ထို့ပြင် သူက တုံကင်များကို တစ်ခုပြီးတစ်ခု ရေးထွင်းနေခြင်းဖြစ်သည်။

သို့သော်လည်း တုံကင်၏ အရှိန်အဝါဖြစ်စေ၊ အသွင်အပြင်ဖြစ်စေ သို့မဟုတ် ယင်းထံမှ ထုတ်လွှတ်နေသော ပြိုင်ဘက်ကင်း အားလှိုင်းအတတ်အကျဖြစ်စေ အားလုံးက သူ့အား ထိုပစ္စည်းက ‘ နတ်ဘုရားရဲ့ ဥပဒေတုံကင် ’ဖြစ်ကြောင်း ပြောနေသည်။

မင်းသားကြီး၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက ရွှီချင်းအား တတိယကျောက်စိမ်းပြားကို မိတ်ဆက်ပေးရဦးမည်ကို မေ့လျော့သွားသည်။ တန်ဖိုးကြီးရတနာတစ်ခုက အလဟဿဖြစ်နေသည်ကို မျက်မြင်တွေ့နေရသည့်အလား သူခံစားမိသွားသည်။ သူက မြန်ဆန်စွာ ပြောလိုက်သည်။

“ ရပ်လိုက် ”

“ တာအိုရောင်းရင်းအားညို… ဒီပစ္စည်း… ဒီပစ္စည်းကို မင်းရေးထွင်းလို့မဖြစ်ဘူး ”

ခေါင်းဆောင်၏ အမူအရာသည် အလွန်အမင်း တည်ငြိမ်သည်။ သူက ခေါင်းမော့လိုက်ပြီး မင်းသားကြီးကို ကြည့်လိုက်သည်။

“ မင်းက ဒီပစ္စည်းရဲ့ နာမည်ကို သိတယ်ဆိုမှတော့ အတော် ဗဟုသုတရှိတာပဲ ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်၏ ဓားသည် ဝါးပေလွှာပေါ်မှာ နောက်ထပ် ဓားခြစ်ရာတစ်ခုကို ရေးထွင်းလိုက်သည်။ ဓားက ဝါးကို လှီးဖြတ်သွားသော အသံသည် လေထဲမှာ ပဲ့တင်ထပ်သွားသည်။ ထိတ်လန့်တုန်လှုပ်မှုသည် မင်းသားကြီး၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ပြင်းထန်သော စိတ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော် ထိုဓားခြစ်ရာက နတ်ဘုရား၏ ဥပဒေတုံကင်ကို မပျက်စီးစေခဲ့ရုံသာ ယင်း၏ အရှိန်အဝါကို ပိုပြီးသိပ်သည်းသွားစေခဲ့သည်။

“ ဘာလဲ… ”

မင်းသားကြီးသည် ဆွံ့အသွားသည်။

ခေါင်းဆောင်က တည်ငြိမ်စွာ ပြောသည်။

“ မင်းက ဒီပစ္စည်းကို သိတယ်ဆိုတော့ အဲ့ဒါကို တစ်နေရာရာမှာ မြင်ဖူးတာ ဖြစ်ရမယ်… ဒီလို မြင့်မြတ်တဲ့ ရတနာပစ္စည်းတွေက အခုခေတ်မှာ အရမ်းရှားသွားပြီ ”

မင်းသားကြီး၏ နှလုံးသည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက စိတ်ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ခေါင်းဆောင်ဆီသို့ လက်သီးဆုပ်လိုက်သည်။

“ ငါ့မယ်တော်ရဲ့ မိသားစုထဲမှာ အဲ့ဒါကို ငါမြင်ဖူးတယ်… အတိတ်မှာ ငါ့မယ်တော်ဘက်က ပထမဆုံး မိသားစုခေါင်းဆောင်က လျှို့ဝှက်ဆန်းကြယ်တဲ့ လုပ်ဆောင်မှုတစ်ခုကနေ အဲ့ဒါကို ရလာခဲ့တယ် ”

ခေါင်းဆောင်သည် မျက်ခုံးပင့်တင်လိုက်သည်။

“ မင်းမယ်တော်ရဲ့ မိသားစုနာမည်က ဘာလဲ ”

“ မီးလျှံလဘုရားကျောင်းရဲ့ လက်အောက်က ချင်းဖန်ပါ… ”

မင်းသားကြီးသည် တစ်ခဏ တိတ်ဆိတ်နေပြီးနောက် တိုးညင်းစွာ ပြောသည်။

“ မီးလျှံလရဲ့ လက်အောက်က မိသားစုကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ချင်းဖန်လား… မင်းတို့ရဲ့ ပထမဆုံး မိသားစုခေါင်းဆောင်ရဲ့ နာမည်က ချင်းဖန်လင်းခုန်းမဟုတ်လား ”

ခေါင်းဆောင်သည် ပြန်တွေးတောလိုက်ပြီး မူမမှန်စွာ ပြုံးလိုက်သည်။

မင်းသားကြီးသည် အံ့ဩသွားသည်။ တစ်ဖက်လူက ထိုသို့ပြောနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သို့သော်လည်း ချန်းအားညိုက ရွှီချင်းနှင့် လမ်းတစ်လျှောက်လုံးမှာ ရှိနေပြီး ကျူးချွယ်ဇီက သူတို့အနောက်မှ လိုက်ပါခဲ့သောကြောင့် ယင်းတို့ကို သူသိထားသည်မှာ ယုတ္တိရှိပေသည်။

ခေါင်းဆောင်သည် မည်သည့်စကားမှ မပြောပေ။ သူက ဝါးပေလွှာကို ဆက်ပြီး ရေးထွင်းနေသည်။

ရွှီချင်း၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာရှိသည်။ မင်းသားကြီးရောက်မလာခင်က ခေါင်းဆောင်သည် ယခင်ဘဝမှာ သူက ထိုတုံကင်များကို ရာပေါင်းများစွာ ဖန်တီးခဲ့ပြီး တိတ်တခိုး ရောင်ချခဲ့ဖူးသည်ဟု ပြောခဲ့သည်။

သို့ဖြစ်၍ ရွှီချင်းသည် မင်းသားကြီးကို ကြည့်လိုက်သည်။ မင်းသားကြီး၏ မိသားစုမှ ပထမဆုံး မိသားစုခေါင်းဆောင်က ထိုတုံကင်ကို မည်သို့ရရှိခဲ့ကြောင်း သူခန့်မှန်းကြည့်နိုင်သည်။

ခေါင်းဆောင်နှင့် စကားပြောပြီးနောက် မင်းသားကြီးသည် အချိန်တိုအတွင်းမှာ စိတ်တည်ငြိမ်အောင်ထားရန် အလွန်ခက်ခဲသွားသည်။ အထူးသဖြင့် ခေါင်းဆောင်က တမင်ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်နေခြင်းလော သူမသိရသော်လည်း ဝါးပေလွှာပေါ်မှာ ဓားဖြင့် ရေးထွင်းနေသော အသံသည် ပိုပြီးကျယ်လောင်လာသည်။

ထိုအသံက ပဲ့တင်ထပ်နေစဉ် မင်းသားကြီးသည် တတိယကျောက်စိမ်းပြားထဲမှ အချက်အလက်များကို မြန်ဆန်စွာ မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူက စိတ်မသက်သာစွာ မတ်တတ်ထရပ်လိုက်ပြီး ရွှီချင်းကို နှုတ်ဆက်လိုက်သည်။

သူက မထွက်သွားခင် တုံကင်တစ်ခုကို ပေးခဲ့သည်။ ထိုတုံကင်သည် မြင့်မြတ်မြို့တော်ထဲ၌ သူ့မယ်တော်မိသားစု၏ ဈေးဆိုင်များမှာ အလွယ်တကူ ဝယ်ယူနိုင်သော တုံကင်ဖြစ်သည်။ အကယ်၍ သူက ထိုဈေးဆိုင်များမှာ ဤတုံကင်ကို ပြသမည်ဆိုလျှင် ဒုတိယပြိုင်ပွဲနှင့်ပတ်သက်သော အထောက်အပံ့များကို အခမဲ့ ရရှိနိုင်လိမ့်မည်။

သူက မီးလျှံလမျိုးနွယ်သို့ ပြန်ရန် ငြင်းဆန်ခဲ့သောကြောင့် သူ့မယ်တော်မိသားစု၏ စွန့်ပစ်ခံခဲ့ရသော်လည်း သူတို့ကြားမှာ ဆက်သွယ်မှုတစ်ခု ရှိနေဆဲဖြစ်ကြောင်း ရှင်းလင်းသည်။

သို့မဟုတ်လျှင် သူ့မယ်တော်မိသားစုက သူ့အတွက် တားမြစ်တောင်တစ်လုံးကို စီစဉ်ပေးခဲ့လိမ့်မည် မဟုတ်ချေ။

မင်းသားကြီးက သဘောထားကြီးမြတ်ကြောင်း မြင်သောအခါ ခေါင်းဆောင်သည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ယခုလေးတင် ရေးထွင်းပြီးထားသော ဝါးပေလွှာကို မင်းသားကြီးဆီသို့ သာမန်ကာလျှံကာ ပစ်ပေးလိုက်သည်။

မင်းသားကြီးသည် မသိစိတ်မှ လက်မြှောက်လိုက်ပြီး ဝါးပေလွှာကို ဖမ်းယူလိုက်သည်။ သူ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ နတ်ဘုရား၏ ဥပဒေတုံကင်သည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း သူနားလည်သည်။ ထို့ကြောင့် ချန်းအားညို၏ ဆိုလိုရင်းကို သူနားမလည်ပေ။

“ အဲ့ဒါက မင်းအတွက်ပဲ… တခြားလူတွေကို မသိစေဖို့ မှတ်ထားပါ… ဒီတုံကင်နဲ့ဆိုရင် ဒုတိယပြိုင်ပွဲကို ကျော်ဖြတ်ဖို့ မင်းအတွက် အခက်အခဲရှိမှာ မဟုတ်ဘူး ”

ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

မင်းသားကြီး၏ ဦးခေါင်းသည် တဝီဝီမြည်သွားသည်။ သူ၏ နှလုံးသားထဲမှ ခေါင်းဆောင်၏ ပုံရိပ်သည် ပြောင်းလဲသွားပြီး လျှို့ဝှက်ဆန်းကြယ်မှုဖြင့် ပြည့်နှက်လာသည်။

“ ဒီပစ္စည်းက အရမ်းတန်ဖိုးကြီးမားတယ်… မင်း အဲ့ဒါကို အရှင်သခင်ရွှီကို ပေးသင့်တယ်… အဲ့ဒါမှ… ”

မင်းသားကြီးသည် တုံ့ဆိုင်းနေသည်။

“ မင်းပြောတာ မှန်တယ်… ဒါပေမဲ့ မင်းက ဒီပစ္စည်းနဲ့ ထိုက်တန်တယ် ”

ခေါင်းဆောင်သည် မင်းသားကြီး၏ စကားကို ကြားဖြတ်ပြောလိုက်ပြီး မတ်တတ်ရပ်ကာ သူ့ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက မင်းသားကြီး၏ ပခုံးကို ပုတ်ပေးလိုက်ပြီး စိတ်အားထက်သန်စွာ ပြောသည်။

“ မင်းက လူသားတစ်ယောက်ဆိုတာ အမြဲမှတ်ထားပါ… ဒီပစ္စည်းက အရမ်းတန်ဖိုးကြီးမားတာ မှန်ပေမဲ့ မင်းက လူသားဖြစ်နေသရွေ့ ဒီဟာကို ရရှိဖို့ ထိုက်တန်တယ် ”

“ ရွှီချင်းကတော့ အဲ့ဒါကို မလိုအပ်ဘူး… သူ့ရဲ့ဘဝက တိုက်ပွဲတွေ၊ စွန့်စားမှုတွေနဲ့ ပြည့်နှက်နေဖို့ ကံပါလာတယ်… အဲ့ဒါက သူလျှောက်လှမ်းတဲ့ လမ်းစဉ်ပဲ ”

“ အဲ့ဒါကြောင့် ငါမင်းကို မြင့်မြင့်တွေးထားတယ် ”

ခေါင်းဆောင်သည် အားပေးလိုက်သည်။

အကယ်၍ တခြားအချိန်မှာသာဆိုလျှင် ခေါင်းဆောင်၏ စကားများက မင်းသားကြီးကို စိတ်လှုပ်ရှားအောင် လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ချေ။

သို့သော်လည်း ယခုတော့ ခြားနားသွားသည်။

မင်းသားကြီးသည် တုန်ယင်သွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးဖင့်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အနောက်သို့ ခြေသုံးလှမ်းဆုတ်သွားပြီး ခေါင်းဆောင်ကို လေးနက်စွာ အရိုအသေပေးလိုက်သည်။

ခေါင်းဆောင်သည် လက်နှစ်ဖက်ကို အနောက်ပို့ထားလျက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ မင်းသားကြီး၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ မင်းသားကြီး၏ ပုံရိပ်က နေအိမ်ထဲမှ လုံးဝပျောက်ကွယ်သွားသည့်အခါ ခေါင်းဆောင်က ရွှီချင်းကို ဂုဏ်ယူဝင့်ကြွားစွာ မျက်စိမှိတ်ပြလိုက်သည်။

“ အတိတ်မှာ လင်းခုန်းလည်း အဲ့လိုအလိမ်ခံခဲ့ရတယ် ”

ရွှီချင်းသည် စကားမပြောပေ။ သူ၏ အကြည့်က သူ့အရှေ့မှ ကျောက်စိမ်းပြားသုံးခုပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူက ဒုတိယကျောက်စိမ်းပြားကို ကောက်ယူလိုက်ပြီး စစ်ဆေးကြည့်လိုက်သည့်အခါ မီးလျှံလမျိုးနွယ်၏ ကောင်းကင်အရွေးချယ်ခံငါးယောက်၏ သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံသည် တခြားကျောက်စိမ်းပြားနှစ်ခုထဲသို့လည်း ဝင်ရောက်သွားသည်။ ထိုကျောက်စိမ်းပြားထဲမှ သတင်းအချက်အလက်များသည် ကျူးချွယ်ဇီ ပေးပို့လာသော သတင်းအချက်အလက်များထက် ပိုပြီးအသေးစိတ်ကျသည်။ ထို့ပြင် မှတ်တမ်းတချို့လည်း ပါဝင်သေးသည်။

ထိုအရာများကို စစ်ဆေးကြည့်ပြီးနောက် ရွှီချင်း၏ နှလုံးသည် အနည်းငယ် ငြိမ်သက်သွားသည်။

အဆင်ပြေချောမွေ့သော ကျင့်ကြံခြင်းလမ်းစဉ်သည် သူ့အား မပျော်ရွှင်စေပေ။ သူက ရွယ်တူများထက် အများကြီး သာလွန်နေကြောင်း သူ့ကိုယ်သူ သိသည်။

အထူးသဖြင့် ဤနှစ်များတွင် သူ၏ အတွေ့အကြုံများကို ပြန်စဉ်းစားလိုက်သည့်အခါ ဖြစ်သည်။ ခေါင်းဆောင်မှလွဲလျှင် ဤမျိုးဆက်ထဲမှာ သူ့ကို အမီလိုက်နိုင်သည့်သူ မရှိပေ။

သို့သော်လည်း သူက စိတ်မကျေနပ်နိုင်သေးပေ။

အတိတ်တွင် ဆင်းရဲသားရပ်ကွက်ထဲမှာ နေထိုင်ခဲ့စဉ်က သူ၏ အိမ်မက်သည် သူ့မိဘများကို ရှာဖွေပြီး သက်တမ်းစေ့ အသက်ရှင်နေထိုင်ရန် ဖြစ်သည်။ အကယ်၍ သူက အနည်းငယ် ပိုမိုကောင်းမွန်သော ဘဝမှာ နေထိုင်နိုင်မည်ဆိုလျှင် ပိုပြီးတင်းတိမ်ရောင့်ရဲနိုင်လိမ့်မည်။

သို့သော်လည်း ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ ထွက်ပေါ်လာမှုက သူ့အား ကြီးကြီးမားမား လှုံ့ဆော်ပေးခဲ့ပြီး သူ့နှလုံးသား၏ ဦးတည်ရာကို ပြောင်းလဲသွားစေခဲ့သည်။

သူက ပိုပြီးသန်မာလာရန် ဆန္ဒရှိသည်။

‘ လူသားမျိုးနွယ်ထက် သာလွန်တဲ့ ဒီမျိုးနွယ်ဆီ ရောက်လာပြီးတဲ့နောက်မှာ ငါ့ရဲ့ အားနည်းချက်တွေကို မြင်တွေ့လာတယ် ’

‘ မီးလျှံလမျိုးနွယ်က ကောင်းကင်အရွေးချယ်ခံတွေနဲ့ တိုက်ခိုက်ခြင်းက ငါ့ကို ပိုပြီးသန်မာလာစေလိမ့်မယ် ’

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူက တရားထိုင်လိုက်ပြီး သူ၏ လျှို့ဝှက်ရတနာသိုက်များကို ကြည့်လိုက်သည်။

ယခု သူ့မှာ လျှို့ဝှက်ရတနာသိုက်လေးခုနှင့် တစ်ဝက်ရှိသည်။

လျှို့ဝှက်ရတနာသိုက်သုံးခုသည် နတ်ဘုရားအသွင်သဏ္ဍာန်များမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လျှို့ဝှက်ရတနာသိုက်တစ်ခုသည် ဧကရာဇ်ဓားထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကျန်တစ်ဝက်သည် ယခင်က သူမျှော်မှန်းထားသော နေနာရီ၏ အသွင်ပုံသဏ္ဍာန်ဖြစ်သည်။

ရွှီချင်းသည် သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်ကို စဉ်းစားလိုက်သည်။

‘ ပဉ္စမမြောက်လျှို့ဝှက်ရတနာသိုက်ကို ပြီးပြည့်စုံအောင် လုပ်ဖို့ နည်းလမ်းတစ်ခုကို ငါစဉ်းစားရမယ်… အဲ့ဒါက ငါ့ရဲ့ တိုက်ပွဲစွမ်းအားကို ကြီးကြီးမားမား တိုးမြှင့်စေလိမ့်မယ် ’

ထို့ပြင် ဦးတည်ရာနှင့်ပတ်သက်ပြီး ရွှီချင်းမှာ ရွေးချယ်စရာအနည်းငယ် ရှိသည်။ ရွေးချယ်စရာတစ်ခုသည် နီလာနတ်သမီး၏ အသွင်သဏ္ဍာန်ကို တုပ၍ ယင်းကို သူနှင့်ပေါင်းစပ်ပြီး ခရမ်းလဂြိုလ်၏ အရှင်သခင်ဖြစ်လာရန် ဖြစ်သည်။ ယင်းက သူ၏ ပြီးပြည့်စုံသော စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန် ဖြစ်လာလိမ့်မည်။

သို့သော်လည်း ထိုဦးတည်ရာနှင့်ပတ်သက်ပြီး ဆိုးကျိုးတချို့ ရှိသည်။ အကယ်၍ သူက ထိုသို့လုပ်ဆောင်မည်ဆိုလျှင် အနီရောင်လနှင့် သူ့ကြားမှာ ဖြတ်တောက်၍မရနိုင်သော ကမ္မတချို့ ဖြစ်ပေါ်လာလိမ့်မည်။

လီဇီဟွားက ရန်သူလော မိတ်ဆွေလော ပြောရန် ရွှီချင်းအတွက် ခဲယဉ်းပေသည်။ ထို့ကြောင့် အနာဂတ်တွင် ထိုကိစ္စက သေခြင်းရှင်ခြင်းအခြေအနေကို ဖြစ်ပေါ်လာစေနိုင်သည်။

တခြားရွေးချယ်စရာမှာ ပဉ္စမမြောက်လျှို့ဝှက်ရတနာသိုက်ကို ပြန်လည်ဖွဲ့စည်းရန် ဖြစ်သည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ရန် သူ၏ နတ်ဘုရားရတနာသိုက်များနှင့် အဆင့်တူညီသော ရတနာပစ္စည်းတစ်မျိုးကို လိုအပ်သည်။

ရွှီချင်းသည် လေးနက်စွာ တွေးတောလိုက်သည်။

‘ နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်… အဲ့ဒါက ကောင်းကင်ဘုံတာအိုပဲ… ’

‘ အခု ငါ့မှာ မိုဆာဆောတစ်ကောင်ပဲ ရှိသေးတယ်… အဲ့ဒါက ငါ့ရဲ့ နတ်ဘုရားအသွင်သဏ္ဍာန်တွေကို အဟန့်အတားမဖြစ်စေဘူးဆိုပေမဲ့ ကောင်းကင်ဘုံတာအိုက အလုံအလောက်မရှိဘူးဆိုရင် ဗလာနတ္ထိအဆင့်ကို ငါတတ်လှမ်းတဲ့အခါကျရင် အဲ့ဒါက ကြီးမားတဲ့ အတားအဆီးဖြစ်လာလိမ့်မယ် ’

ကောင်းကင်ဘုံတာအိုရှိသော လျှို့ဝှက်ရတနာသိုက်ကိုသာ ပြီးပြည့်စုံသည်ဟု သတ်မှတ်နိုင်ကြောင်း ရွှီချင်း နားလည်သည်။ သို့မှသာ တစ်စုံတစ်ယောက်က ဗလာနတ္ထိအဆင့်ကို ချိုးဖြတ်နိုင်လိမ့်မည်။

လျှို့ဝှက်ရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုက သဘာဝအလျောက် ထွက်ပေါ်လာရန် အလွန်အမင်း ခက်ခဲသည်။ ထို့ကြောင့် ကျင့်ကြံသူအများစုသည် ကမ္ဘာငယ်များဆီသို့ ခရီးထွက်ကြပြီး ထိုနေရာမှ ကောင်းကင်ဘုံတာအိုများကို ဖမ်းဆီးချုပ်နှောင်ကာ ယင်းတို့ကို သူတို့၏ ကိုယ်ပိုင်ကောင်းကင်ဘုံတာအိုအဖြစ် ပျိုးထောင်ကြလိမ့်မည်။

‘ ဒါပေမဲ့ ငါ့မှာရှိတာက နတ်ဘုရားရတနာသိုက်တွေဖြစ်နေတယ်… သာမန်ကောင်းကင်ဘုံတာအိုက အဲ့ဒါကို စွမ်းအင်ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး… မိုဆာဆောက ငါ့ကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး နတ်ဘုရားရတနာသိုက်နဲ့ မပေါင်းစပ်ခင်မှာ မွေးရာပါအားသာချက်ကို ပိုင်ဆိုင်ထားတယ် ’

‘ ဒီလိုဆိုရင် ဘယ်လိုကောင်းကင်ဘုံတာအိုက ငါ့ရဲ့ နတ်ဘုရားရတနာသိုက်တွေကို စွမ်းအင်ထောက်ပံ့ပေးနိုင်မှာလဲ… ’

ရွှီချင်းသည် နဖူးပွတ်သပ်လိုက်ပြီး သူ၏ သားဖြစ်သော ရှေးဟောင်းကောင်းကင်ဘုံတာအိုကို စဉ်းစားလိုက်သည်။ သို့သော်လည်း ယင်းက လုံးဝမဖြစ်နိုင်ကြောင်း သူသိသည်။

သို့ဖြစ်၍ သူက ခေါင်းမော့လိုက်ပြီး နောက်ထပ်ဝါးပေလွှာတစ်ခုကို ပျော်ရွှင်စွာ ရေးထွင်းနေသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။

သူက ပြဿနာကို ပြောပြလိုက်သည်။

ရွှီချင်း၏ စကားကိုကြားသောအခါ သူက ခေါင်းမော့လိုက်သည်။ တစ်ခဏကြာ တွေးတောပြီးနောက် သူက ရုတ်တရက် ပြုံးလိုက်သည်။

“ နတ်ဘုရားရတနာသိုက်နဲ့ ပေါင်းစပ်နိုင်တဲ့ ကောင်းကင်ဘုံတာအိုဆိုတာ နတ်ဘုရားတွေနဲ့ ဆက်စပ်နေတဲ့အရာပဲ ”

“ အဲ့ဒါကို တတိယပြိုင်ပွဲမှာ မင်းတွေ့လိမ့်မယ် ”

“ အဲ့ဒီအချိန်ကျရင် ဘယ်နတ်ဘုရားနယ်မြေကို ဖွင့်လှစ်ပါစေ ကိစ္စမရှိဘူး ”

“ နတ်ဘုရားနယ်မြေမှာ နတ်ဘုရားပစ္စည်းတွေနဲ့ ပြည့်နှက်နေတယ်… အဲ့ဒီအချိန်ကျရင် ငါတို့က နတ်ဘုရားသက်ရှိတချို့ကို ဖမ်းပြီး မင်းရဲ့ နတ်ဘုရားရတနာသိုက်ထဲမှာ ဖိနှိပ်ပစ်မယ်… အဲ့ဒီအခါ သူတို့ရဲ့ ဝိညာဉ်က ကောင်းကင်ဘုံတာအို ဖြစ်လာလိမ့်မယ် မဟုတ်ဘူးလား ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ဖြစ်နိုင်ခြေကို စဉ်းစားလိုက်သည်။

ထိုသို့ဖြင့် ခုနစ်ရက် ကုန်ဆုံးသွားသည်။

ဒုတိယပြိုင်ပွဲစတင်ရန် လဝက်ခန့်သာ လိုတော့သည်။

ခေါင်းဆောင်၏ ဝါးပေလွှာတုပခြင်းလုပ်ငန်းစဉ်သည် လမ်းတစ်ဝက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရွှီချင်း၏ အတွေးများသည် ပိုပြီးရှင်းလင်းလာသည်။ သူ့ကိုယ်ပိုင်အတွေးများနှင့် ခေါင်းဆောင်၏ သတိပေးမှုအောက်မှာ သူက ထပ်ခါတလဲလဲ စဉ်းစားပြီးနောက် ဦးတည်ရာတစ်ခုကို ရှာတွေ့သွားသည်။

ထို့ကြောင့် ယနေ့ နေ့လယ်တွင် ရွှီချင်းက နေအိမ်ထဲမှ ထွက်သွားသည်။ သူက ပစ္စည်းတချို့ကို ဝယ်ယူရန် မင်းသားကြီး၏ မယ်တော်ဘက်မှ မိသားစု၏ ဈေးဆိုင်ဆီသို့ လျှောက်သွားသည်။

သူက ဆေးပစ္စည်းများအပြင် အဆိပ်ဆေးပင်များကိုလည်း လိုအပ်သည်။

မင်းသားကြီး၏ တုံကင်သည် ဤနေရာမှာ အမှန်တကယ် အသုံးဝင်ခဲ့သည်။ ရွှီချင်းသည် ဤတစ်ကြိမ်တွင် ချောချောမွေ့မွေ့ ဈေးဝယ်နိုင်ခဲ့သည်။ သူက ဆေးလုံးအများကြီးကို ရရှိခဲ့ရုံသာမက လူသားနယ်မြေထဲမှာပင် မြင်တွေ့ရခက်ခဲသော အဆိပ်ဆေးပင်အများကြီးကိုလည်း ရရှိခဲ့သည်။

ဈေးဆိုင်ဆီသို့သွားရာ လမ်းတစ်လျှောက်တွင် ရွှီချင်းသည် နာမည်ကျော်ကြားရန်သက်သက်ဖြင့် လာရောက်စိန်ခေါ်သော မီးလျှံလကျင့်ကြံသူတချို့ဖြင့် တွေ့ဆုံခဲ့သည်။ သို့သော်လည်း သူက ထိုလူများကို တိုက်ရိုက် လျစ်လျူရှုထားသည်။

သို့သော်လည်း တစ်ခါတစ်ရံ တစ်စုံတစ်ယောက်က ထပ်ခါထပ်ခါ လျစ်လျူရှုမည်ဆိုလျှင် အားနည်းသည်ဟု ထင်မြင်ခံရလိမ့်မည်။ ယင်းက တဖက်လူကို ပိုပြီးမောက်မာထောင်လွှားစေလိမ့်မည်။

ဥပမာ သူ၏ နေအိမ်ဆီသို့ အပြန်လမ်းခရီးတွင် ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် လှိုင်းထသွားသည်။

သူ၏ အကြည့်က ညာဘက်မှ ဈေးဆိုင်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ ယင်းက မီးလျှံလမျိုးနွယ်အတွင်းမှာ ကျေးကျွန်များကို တရားဝင်ရောင်းချသော ဈေးဆိုင်ဖြစ်သည်။ ကျေးကျွန်အားလုံးသည် ကျင့်ကြံသူများဖြစ်ကြပြီး မျိုးနွယ်စုအသီးသီးမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။

သူတို့က အားနည်းနေကြပြီး ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များဖြင့် ပြည့်နှက်နေကြသည်။ သံချိန်းကြိုးများသည် သူတို့၏ ခန္ဓာကိုယ်ကို ထိုးစိုက်နေကြသည်။ သူတို့က အသက်ရှင်လျက် သံကြိုးခတ်ခံထားရသည်။

ထိုကျေးကျွန်များထဲတွင် လက်ရှိစစ်ပွဲကြောင့် ရောက်ရှိလာကြသော လူသားမျိုးနွယ်မှ စစ်သုံးပန်းများလည်း အများကြီး ပါရှိသည်။ သူတို့က လူသားစစ်သုံးပန်းများကို ဤနေရာသို့ ပို့ဆောင်ပြီး ကျေးကျွန်းများအဖြစ် ရောင်းချရန် မည်သို့လုပ်ဆောင်ခဲ့ကြောင်းကိုတော့ ရွှီချင်း မသိပေ။

သူတို့အားလုံးသည် လူသားစစ်သည်တော်များ ဖြစ်ကြသည်။ သို့သော်လည်း ယခုတော့ သူတို့က အသိစိတ်ကင်းမဲ့စွာ မတ်တတ်ရပ်နေကြသည်။

မင်းသားကြီးသည်လည်း ထိုနေရာမှာ ရှိသည်။ သူက ဈေးဆိုင်ပိုင်ရှင်နှင့် တည်ကြည်လေးနက်စွာ ဆွေးနွေးနေသည်။ သူက ထိုလူသားစစ်သုံးပန်းများကို ဝယ်ယူချင်နေဟန် ရ၏။

သို့သော်လည်း ထိုဆွေးနွေးမှုက အဆင်ပြေမချောမွေ့ကြောင်း ထင်ရှားသည်။

All Chapters