ခရမ်းအရှင်သခင်ဆင်းသက်လာခြင်း(က)
Vol. 82 Ch. 1258
နေဝင်သွားပြီ ဖြစ်သည်။
ယနေ့မှာတော့ နေလုံးက မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
နေလုံးပျောက်ကွယ်သွားသည်နှင့်ချက်ချင်း ကောင်းကင်ပေါ်မှ အနီရောင်အလင်းသည် ပျောက်ကွယ်သွားသည်။ သို့သော်လည်း ညအမှောင်အောက်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ သွေးရောင်သည် တမူကွဲပြားသော အနီရောင်ကို လှုံ့ဆော်လိုက်သည်။
သွေးရောင်သည် ကောင်းကင်ပေါ်မှာ ထွန်းလင်းတောက်ပနေသည်။
ယင်းက လှည့်ပတ်နေသော သွေးဝဲကတော့တစ်ခုဖြစ်ပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ဝိညာဉ်ချည်မျှင်များ၏ အလင်းရောင်ဖြစ်သည်။ ယင်းက သူ၏ နှလုံးသားထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ ပြယုဂ်လည်း ဖြစ်သည်။
ထိုနေရာမှာ မတ်တတ်ရပ်နေစဉ် သူက သွေးနှင့် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုသော မိစ္ဆာတစ်ကောင်နှင့် ဆင်တူသည်။ သူက ယဇ်ပူဇော်မှုကို စောင့်ဆိုင်းနေသည့် မိစ္ဆာတစ်ကောင် ဖြစ်သည်။
တစ်ခဏကြာတိတ်ဆိတ်နေပြီးနောက် ယဇ်ပူဇော်မှုသည် မိစ္ဆာတစ်ကောင်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို စိတ်မပျက်သွားစေပေ။ တစ်စုံတစ်ယောက်သည် မျှော်လင့်ထားသကဲ့သို့ ရောက်ရှိလာသည်။
ပထမဆုံး ထွက်ပေါ်လာသူသည် သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထိုလူသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ မဟုတ်ပေ။ ပိုင်ဇီမျိုးနွယ်မှ ဖြစ်သည်။
သူက မြင့်မြတ်မြို့တော်ထံမှ တစ်လှမ်းချင်း လျှောက်လှမ်းလာနေသည်။ သူက ခြေလှမ်း လှမ်းလိုက်သည့်အခါတိုင်း လှိုင်းဂယက်များသည် သူ့ခြေဖဝါးအောက်မှာ ထွက်ပေါ်လာလိမ့်မည်။ ထို့နောက် လှိုင်းဂယက်များသည် အနက်ရောင်ကြာပွင့်တစ်ခုကို ဖွဲ့စည်းသွားသည်။ ယင်းက အနက်ရောင်အလင်း ရွှန်းလဲ့တောက်ပသည်။
ဗလာနတ္ထိစတုတ္ထအဆင့် ကျင့်ကြံခြင်းအားလှိုင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ ထိုစွမ်းအင်လှိုင်းအရ သူက မင်းသားမင်နန်ထက် ပိုပြီးအားကောင်းသည်။
တစ်ချိန်တည်းမှာ အန္တရာယ်အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။
ထိုအန္တရာယ်အရှိန်အဝါကို သူက သတ်ဖြတ်ခြင်းသက်သက်ဖြင့် ရရှိလာခြင်း မဟုတ်ပေ။ ယင်းအစား တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ပြီးနောက် ရရှိလာသော အရာသာဖြစ်သည်။
ယင်းက ဖုန်းဟိုင်ဒေသငယ်မှ တိုက်ပွဲပေါင်းတစ်ရာကို ရင်ဆိုင်ဖူးသော စစ်ပြန်စစ်သည်တော်များနှင့် အနည်းငယ် ဆင်တူသည်။
သူ၏ နဖူးပေါ်မှ တတိယမျက်လုံးသည် တစ်ဝက်ပွင့်နေပြီး အေးစက်မှုနှင့် ယုံကြည်မှုရှိသော အကြည့်ကို ထုတ်ဖော်နေသည်။
သူက ကောင်းကင်အရွေးချယ်ခံတစ်ယောက် မဟုတ်ပေ။
ယင်းအစား ရွှီချင်းကြောင့် သူ့မျိုးနွယ်၏ ဆင့်ခေါ်ခြင်းခံခဲ့ရပြီး ကောင်းကင်နက်စစ်မြေပြင်မှ ပြန်ရောက်လာသူဖြစ်သည်။
ပိုင်ဇီမျိုးနွယ်၏ တန်ဖိုးကြီးပေးချေမှုကြောင့် သူက မဟာအမဲလိုက်ပွဲတော်တွင် ယာယီပါဝင်ရန် အရည်အချင်းပြည့်မီခဲ့သည်။
ပိုင်ဇီမျိုးနွယ်သည် မြင့်မြတ်မြို့တော်၏ လက်တလော အခြေအနေကို နောက်ကွယ်မှ ကြိုးကိုင်နေသူများအနက် တစ်ယောက်ဖြစ်သည်။
သို့သော်လည်း ပိုင်ဇီမျိုးနွယ်တစ်ခုတည်းက မြင့်မြတ်မြို့တော်ထဲမှာ ထိုမျှဂယက်ထအောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ပိုင်ဇီမျိုးနွယ်က ချဉ်းကပ်လာနေစဉ် နောက်ထပ်ပုံရိပ်တစ်ခုသည် မြင့်မြတ်မြို့တော်ထဲမှ ထွက်ပေါ်လာသည်။
ထိုပုံရိပ်သည် ရှည်လျားပြီး သေးသွယ်သည်။ လူသားမျိုးနွယ်နှင့် မတူညီသည်မှာ သူ့မှာ လက်ခြောက်ဖက်ရှိသည်။ သူ၏ နဖူးပေါ်တွင် များစွာသော အမာရွတ်များဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် အမာရွတ်များသည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ယင်းတို့က နဖူးတစ်နေရာတည်းမှာ ရှိခြင်းမဟုတ်ပေ။ သူ၏ အနီရောင်အရေပြားနှင့် ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချောက်ချားဖွယ်ကောင်းသော အမာရွတ်များ ရှိသည်။
သူက လက်ရှိအချိန်တွင် လူသားမျိုးနွယ်နှင့် စစ်ဖြစ်နေသော စီအဲမျိုးနွယ်မှ မျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အစွမ်းထက်ဆုံး လက်အောက်ခံမျိုးနွယ်စုသုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သော စီအဲမျိုးနွယ်သည် နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် နီးစပ်သော ဆက်ဆံရေးရှိသည်။ စီအဲမျိုးနွယ်ဝင်များသည် သူတော်စင်နတ်ဆရာရွက်ဖျင်တဲသုံးခု၏ လက်အောက်မှာပင် ရာထူးတချို့ကို ရရှိထားကြသည်။
သူတို့သည် ရိုးရာဓလေ့ကို ဦးဆောင်သူများ ဖြစ်ကြသည်။
သူတို့သည် မြင့်မြတ်မြို့တော်ထဲမှ လက်တလော အခြေအနေကို ကြိုးကိုင်နေကြသူများ ဖြစ်သည်။
ရွှီချင်း၏ အကြည့်သည် ထိုကျင့်ကြံသူနှစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။ သူက မအံ့ဩပေ။ အမှန်မှာ ရွှီချင်း၏ အကဲဖြတ်မှုအရ ပိုင်ဇီမျိုးနွယ်နှင့် စီအဲမျိုးနွယ်သည် အပေါ်ယံသာ ဖြစ်သည်။
သူတို့၏ နောက်ကွယ်တွင် ပထမပြိုင်ပွဲ၌ သူသတ်ဖြတ်ခဲ့သော ကျင့်ကြံသူများ၏ မိသားစုများလည်း ပါဝင်နိုင်သည်။ ဘုရင်မင်နန်သည်ပင် သူတို့ထဲမှာ သေချာပေါက် ပါဝင်လိမ့်မည်။
ထို့ကြောင့် ရွှီချင်းသည် ယခင်က စိန်ခေါ်မှုအားလုံးကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
စီနီယာအကိုကြီး၏ ပြောကြားမှုအရ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ရာထူးမြင့်ပုဂ္ဂိုလ်များအတွက်တော့ ဤမဟာအမဲလိုက်ပွဲတော်သည် ဂူကောင်ပျိုးထောင်ခြင်းနှင့် ဆင်တူသည်။ သူတို့က အသန်မာဆုံး မျိုးဆက်သစ်များကို မွေးထုတ်နိုင်ရန် အရက်စက်ဆုံး နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။
“ ငါ့ရဲ့ တည်ရှိမှုက ကောင်းကင်အရွေးချယ်ခံတွေရဲ့ စိတ်ကို လှုံ့ဆော်ပေးတယ် ”
“ ဒါကြောင့် သူတို့က ငါ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို ခွင့်ပြုပေးထားတာ… ဒါပေမဲ့ တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီလိုအပ်ချက်ကို ဖျက်ဆီးပစ်မယ်ဆိုရင် အဲ့ဒါက မီးလျှံလရဲ့ ရာထူးမြင့်ပုဂ္ဂိုလ်တွေရဲ့ အစီအစဉ်ကို ပျက်စီးသွားစေလိမ့်မယ် ”
‘ ဒီတော့… ငါသာ မီးလျှံလရဲ့ ရာထူးမြင့်ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် ဒီလှုံ့ဆော်မှုရဲ့ ဇစ်မြစ်ကို ပထမပြိုင်ပွဲမှာ ပျောက်ကွယ်သွားခွင့်ပြုမှာ မဟုတ်ဘူး… အဲ့ဒါက နောက်ဆုံးပြိုင်ပွဲမတိုင်ခင် ဆက်လက် တောက်လောင်နေမှပဲ အကောင်းဆုံး ရလဒ်ကို ဖော်ဆောင်နိုင်လိမ့်မယ် ”
ရွှီချင်း၏ အကြည့်သည် တည်ငြိမ်ပြီး သူ၏ နှလုံးသားသည်လည်း တည်ငြိမ်သည်။ သူက မြင့်မြတ်မြို့တော်ထဲမှ လျှောက်လှမ်းလာနေသော ကျင့်ကြံသူနှစ်ယောက်ကို ကြည့်လိုက်သည်။
စီအဲမျိုးနွယ်ဝင်သည် မြင့်မြတ်မြို့တော်နှင့် ဆယ်ပေအဝေးမှာ ရပ်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို တရစပ် ဖွဲ့စည်းလိုက်သည်။
ပိုင်ဇီမျိုးနွယ်မှ သက်လတ်ပိုင်းကျင့်ကြံသူသည်တော့ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို လှုံ့ဆော်လိုက်သည်။ သူက ခြေတစ်လှမ်းပြီးတစ်လှမ်း အရှိန်မြှင့်တင်လိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သူက အရှေ့သို့ ပြေးလာသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်မှ တတိယနတ်ဘုရားအသွင်သဏ္ဍာန်သည် လွင့်ပြယ်သွားသည်။ သန်းပေါင်းများစွာသော ဝိညာဉ်ချည်မျှင်များက သူ၏ ဘေးပတ်ဝန်းကျင်မှာ ဝန်းရံသွားပြီး သွေးဝဲကတော့နှင့် ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာ ဝိညာဉ်ချည်မျှင်များက မြန်ဆန်စွာ ပြန်ရောက်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ဖွဲ့စည်းသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ခရမ်းရောင်ငှက်မွှေးများက တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာကြသည်။ ယင်းတို့က ခန္ဓာကိုယ်ကို မြန်ဆန်စွာ ဖုံးလွှမ်းသွားလေရာ တတိယနတ်ဘုရားအသွင်သဏ္ဍာန်နှင့် ခြားနားသော ခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းသွားသည်။
၎င်းက ပေတစ်ထောင်ရှည်လျားသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ခရမ်းရောင်ငှက်မွှေးများဖြင့် ဖုံးလွှမ်းထားသည်။ ၎င်း၏ ကျောနောက်တွင် အလွန်ကြီးမားသော အတောင်ပံနှစ်ခု ရှိသည်။ တီးတိုးရေရွတ်သံများသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်နေပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။
ဤသည်မှာ နတ်ဘုရား၏ အသံဖြစ်သည်။
၎င်းအား တိုက်ရိုက် မကြည့်နိုင်သော ခံစားမှုကို ပေးသည်။ မြင့်မြတ်မြို့တော်ထဲမှ ကျင့်ကြံသူများ၏ အမြင်တွင် သူတို့၏ စိတ်အာရုံက တောင့်ခံနိုင်သည့် အတိုင်းအတာပေါ်မူတည်ပြီး ၎င်း၏ အသွင်သဏ္ဍာန်သည် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာ ခရမ်းလဂြိုလ်သည် ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်အသစ်၏ အနောက်မှာ ထွက်ပေါ်လာသည်။ ခရမ်းလဂြိုလ်ပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်များက ထွက်ပေါ်လာကြပြီး ကိုးကွယ်ပူဇော်နေကြသည်။ သူတို့၏ ကျမ်းစာရွတ်ဖတ်သံများက ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်။
“ လအသစ်ရဲ့ အရှင်သခင်က ဝမ်ကူးကုန်းမြေမှာ မွေးဖွားလာခဲ့တယ်… သက်ရှိအားလုံးက သူ့ကို ခရမ်းအရှင်သခင်လို့ တလေးတစား ခေါ်ကြတယ် ”
“ အရှင်သခင်အတွက် ကျုပ်တို့ရဲ့ ဝိညာဉ်ကို စတေးပါတယ်… အခြားတစ်ဖက်မှာ မွန်မြတ်ခြင်း၊ ထာဝရပျော်ရွှင်မှုရဲ့ သံစဉ်နဲ့ နောင်ဘဝက စောင့်ဆိုင်းနေတယ် ”
ကျမ်းစာရွတ်ဖတ်သံက ပဲ့တင်ထပ်လာသည့်အခါ ခရမ်းလသည် ထိန်ထိန်လင်းစွာ ထွက်ပေါ်လာသည်။ တားမြစ်အဆိပ်သည် လရောင်ခြည်ထဲမှာ ပျံ့နှံ့နေသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ လရောင်ခြည်သည် မှေးမှိန်သွားပြီး ရွှီချင်း၏ လရောင်ခြည်ဖြင့် အစားထိုးခံလိုက်ရသည်။ ဤလောကသည် ခရမ်းရောင်ဖြင့် ပြည့်နှက်သွားသည်။
၎င်း၏ အရှေ့တွင် ဧရာမနေနာရီတစ်ခု ရှိသည်။ နေနာရီလက်တံက လှည့်ပတ်နေပြီး အချိန်စွမ်းအားကို ထုတ်လွှတ်နေလေရာ ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်နေပြီး အရာအားလုံး ဝေဝါးသွားသည်။
၎င်း၏ ခြေဖဝါးအောက်တွင် ကြာပန်းပလ္လင်တစ်ခု ထွက်ပေါ်လာသည်။ ကြာပန်း၏ အရွက်တစ်ခုစီသည် ရွှီချင်း၏ စွမ်းရည်တစ်မျိုးကို ကိုယ်စားပြုသည်။ ယင်းတို့ထဲမှာ ရွှေကျီးကန်း၊ တစ္ဆေအင်ပါယာတောင်ကုန်း၊ ကျောက်ရှာအလင်းနှင့် တခြားစွမ်းရည်များ ပါဝင်ကြသည်။
ခရမ်းရောင်လက်တံများသည် သူ့ဘာသာ ဖြစ်ပေါ်လာကြပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားကြသည်။ အဝေးမှကြည့်လျှင် ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် လက်တံများရှိသော နှင်းပန်းပွင့်နှင့် ဆင်တူသည်။
ယင်းက ရွှီချင်း၏ စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်ဖြစ်သည်။
၎င်း၏ နာမည်က ခရမ်းအရှင်သခင်ဖြစ်သည်။
ခရမ်းအရှင်သခင်ကို ဖွဲ့စည်းလိုက်ခြင်းကြောင့် အနာဂတ်တွင် လီဇီဟွားနှင့် သူက မိတ်ဆွေဖြစ်ရန် ခဲယဉ်းသွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ နတ်ဘုရားအရင်းအမြစ်က တစ်ခုတည်းဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ကျင့်ကြံခြင်းကို သူစတင်ခဲ့စဉ်က ဒြပ်နှောပြဿနာဖြင့် ရင်ဆိုင်ခဲ့ရချိန်ကနှင့် ဆင်တူပေသည်။
အနာဂတ်မှ သေခြင်းရှင်ခြင်းကို စဉ်းစားမည့်အစား ယနေ့ ကောင်းမွန်စွာ အသက်ရှင်သန်နိုင်ရန် စဉ်းစားသင့်ပေသည်။