← Chapters

တောင်တန်းပင်လယ်ဒေသကြီး

Vol. 82 Ch. 1262

တောင်တန်းပင်လယ်ဒေသကြီး

Vol. 82 Ch. 1262

ရွှီချင်းသည် သတိကြီးစွာထားနေသည်။ သူက ကောင်းကင်ပေါ်မှာ ပျံသန်းခြင်းမပြုပေ။ ယင်းအစား သူက တောအုပ်ထဲမှာ အရှေ့သို့ ဆက်လက် ရွေ့လျားနေသည်။ သူက တောအုပ်၏ သဘာဝပတ်ဝန်းကျင်ကို အသုံးပြု၍ သူ၏ ခြေရာလက်ရာများကို ဖုံးကွယ်လိုက်သည်။

သူက ကျင်းကန်းဂိုဏ်းဘိုးဘေးကိုပင် ကင်းထောက်အဖြစ် စေလွှတ်ထားခဲ့သည်။

ထိုသို့ဖြင့် ငါးရက်ကုန်ဆုံးသွားသည်။

ထိုငါးရက်အတွင်းမှာ သူက တခြားပြိုင်ပွဲဝင်သူများကို မြင်တွေ့ခဲ့သည်။ သူတို့ထဲမှ တချို့သည် ယခင်က သူ့ကို လာရောက်စိန်ခေါ်ခဲ့ကြသူများ ဖြစ်သည်။

သို့သော်လည်း သူ့မှာ ယင်းကို ဂရုစိုက်နေရန် အချိန်မရှိပေ။ ထို့ကြောင့် သူက တစ်ဖက်လူ သတိမထားမိခင်မှာ ထွက်ခွာသွားခဲ့သည်။

သူက ဤတောအုပ်ထဲတွင် သားရဲအများအပြားဖြင့် တွေ့ကြုံခဲ့သည်။ သစ်ကိုင်းများပေါ်မှာသော်လည်းကောင်း သို့မဟုတ် ရွှံ့မြေထဲမှာသော်လည်းကောင်း သားရဲများသည် မရေမတွက်နိုင်အောင် များပြားသည်။

ထူးဆန်းသော သက်ရှိတချို့လည်း ရှိသေးသည်။ ဥပမာ တောင်ကုန်းတစ်ခုသည် ရုတ်တရက် တုန်ယင်လာပြီး မြေကြီးထဲမှ ပေါ်လျှိုးလာကာ လက်ချောင်းများစွာနှင့် ဧရာမဘီလူးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ရွှီချင်းကို ဖြတ်ကျော်သွားသည်။

ခြေချောင်းများရှိသော နေလုံးများအပြင် မြေပြင်ပေါ်မှာ ပြေးလွှားနေသော လက်ပြတ်များလည်း ရှိသည်။

သီချင်းဆိုနေသော ကင်းခြေများနှင့် ခုန်ဆွခုန်ဆွ သွားနေသော မှိုပင်များလည်း ရှိသည်။

ထို့ပြင် ဟောက်သံကို ထုတ်လွှတ်နေသော သစ်ပင်များလည်း ရှိသည်။

ဤနေရာမှာ တိုက်ခတ်နေသော လေသည်ပင် ရွှီချင်းကို မျက်လုံးပြူးကျယ်သွားစေသည်။ လေသည် ဒြပ်မဲ့အရာဖြစ်သည်ဟု ထင်မှတ်ရသော်လည်း အမှန်မှာ ဒြပ်ထည်ရှိသည်။ လေက ကြည်လင်နေသောကြောင့် မမြင်နိုင်ခြင်းသာ ဖြစ်သည်။

အကယ်၍ ရွှီချင်း၏ စူးရှသော စိတ်အာရုံကြောင့်မဟုတ်လျှင် သူက လေနှင့် တိုက်ရိုက် တိုက်မိသွားနိုင်သည်။

ချောက်ချားဖွယ်ကောင်းသော ထူးထူးဆန်းဆန်း သက်ရှိများလည်း ရှိသည်။ ဥပမာ ပျံသန်းနေသော အရိုးခေါင်းများ၊ လမ်းလျှောက်နေသော အရိုးခြောက်များနှင့် ကျောချမ်းဖွယ်ကောင်းသော တေးသံများ ဖြစ်သည်။

တချို့သည် ရုပ်ခန္ဓာကိုယ်ရှိပြီး ထိတွေ့ကိုင်တွယ်နိုင်သည်။

ဤတောင်တန်းပင်လယ်ဒေသကြီးက မတူကွဲပြားသော လောကကြီးတစ်ခုဖြစ်သည်ဟု ရွှီချင်း ခံစားမိသည်။ ဤနေရာမှ သားရဲများ၏ အသွင်ပုံစံနှင့် စွမ်းရည်များသည် ယခင်က သူ၏ နားလည်ထားသမျှကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

ဤနေရာမှာ ဦးခေါင်းမရှိသော သားရဲဘီလူးများရှိပြီး ၎င်းတို့၏ ဆံပင်ရှည်သည် ရွှံ့မြေထဲမှာ လူးလွန့်နေသည်။ အန္တရာယ်အရှိန်အဝါသည် ၎င်းတို့အားလုံးထံမှ ထွက်ပေါ်နေသည်။ ထို့ပြင် ကျောက်တုံးစားပွဲများကို ကျောပေါ်မှာ ထမ်းပိုးထားသော မျက်နှာမဲ့ အရိုးခြောက်များလည်း ရှိသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းသည် တောအုပ်ထဲမှ ပန်းပွင့်ပင်လယ်ပေါ်မှာ ခုန်ပျံကျော်လွှားနေသည်။

ရောင်စုံပန်းပွင့်ပင်လယ်သည် မြေပြင်ပေါ်တွင် ရွေ့လျားနေသည်။ ယင်းက လှိုင်းလုံးများကို ဖြစ်ပေါ်စေပြီး ၎င်းတို့၏ လမ်းကြောင်းရှေ့မှာရှိသော အပင်အားလုံး၊ သက်ရှိအားလုံးနှင့် အရာအားလုံးကို ဝါးမျိုပစ်နေသည်။ ဝါးမျိုခံလိုက်ရသူများသည် ပန်းပွင့်ပင်လယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မည်။

အနီးကပ်သေချာကြည့်မည်ဆိုလျှင် ပန်းပွင့်ပင်လယ်ဆိုသည့်အရာမှာ မရေမတွက်နိုင်သော ရောင်စုံဖားပြုတ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သတိပြုမိလိမ့်မည်။ ၎င်းတို့က တစ်ပြိုင်နက် ခုန်လိုက်သည့်အခါတိုင်း လှိုင်းလုံးများက ထွက်ပေါ်လာလိမ့်မည်။

သို့သော်လည်း ပန်းပွင့်ပင်လယ်၏ ကြောက်စရာအကောင်းဆုံး အပိုင်းမှာ ရောင်စုံဖားပြုတ်များက သယ်ဆောင်ထားသော ရုပ်တုပျက်တစ်ခုဖြစ်သည်။

ထိုရုပ်တု၏ ရင်ဘက်က ဟာလာဟင်းလင်းဖြစ်နေပြီး ၎င်းမှာ ဦးခေါင်းလေးလုံးရှိသည်။ ဦးခေါင်းအားလုံးသည် မျက်လုံးမှိတ်ထားကြသည်။ ရုပ်တု၏ လက်တစ်ဖက်က ကလေးငယ်ကို ရင်ဘက်ထဲမှာ ပွေ့ဖက်ထားပြီး တခြားလက်တစ်ဖက်က ကလေးငယ်၏ မေးစေ့ကို ကိုင်ထားသည်။

ပန်းပွင့်ပင်လယ်က အရှေ့သို့ ရွေ့လျားနေစဉ် ဟောက်သံသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

ပျက်စီးနေသော အပိုင်းသည်တော့ ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းဖြစ်သည်။ ဦးခေါင်းလေးလုံးစလုံးသည် အတိုင်းအတာတစ်ခုထိ ပျက်စီးနေကြသည်။ အထူးသဖြင့် ၎င်း၏ လက်မောင်းထဲမှ ကလေးငယ်ဖြစ်သည်။

ရွှီချင်းက အဝေးမှ လေ့လာစစ်ဆေးကြည့်လိုက်သည့်အခါ နှလုံးခုန်မြန်လာသည်။ ဤသည်မှာ လွန်ခဲ့သော ငါးရက်အတွင်းတွင် သူမြင်တွေ့ခဲ့သော ဆယ်ခုနစ်ခုမြောက် ရုပ်တုပျက်ဖြစ်သည်။ ထို့ပြင် ရုပ်တုတစ်ခုစီသည် သူ့အား အန္တရာယ်ခံစားမှုကို ပေးသည်။

ယင်းက နတ်ဘုရားနန်းတော်၏ ပျက်စီးနေသော ခန်းမများနှင့် ဆင်တူသည်။

ထိုရုပ်တုများသည် ဆိုးဝါးစွာ ထိခိုက်ပျက်စီးနေပြီး မည်သည့်ရုပ်တုမှ အကောင်းတိုင်း မရှိပေ။ အပိုင်းပိုင်းအစစ ဖြတ်တောက်ခံထားရသော ရုပ်တုများပင် ရှိသည်။

သို့ဖြစ်၍ သူ့အရှေ့မှ ရုပ်တုသည် အတော်အသင့် ကောင်းမွန်သေးသည်ဟု ဆိုနိုင်ပေသည်။

“ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက တောင်တန်းပင်လယ်ဒေသကြီးထဲမှာ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ ”

“ ဒီနေရာမှာ ဘုရားကျောင်းတွေ အများကြီး ရှိတယ်… ပြီးတော့ ရုပ်တုပျက်တွေရောပဲ… ”

ထူးဆန်းသော ခံစားမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ပန်းပွင့်ပင်လယ်၏ ဘေးနားမှ ဖြတ်ကျော်သွားစဉ် တွေးတောလိုက်သည်။ သို့သော်လည်း ဆယ်ငါးမိနစ်ကြာအောင် အရှိန်မြှင့်တင်ပြီးနောက် ရွှီချင်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အမြန်အနောက်ဆုတ်သွားပြီး လေထဲသို့ ပျံတတ်သွားသည်။

သူက လေထဲသို့ ပျံတတ်သွားသည်နှင့်ချက်ချင်း အစောနက သူရှိနေခဲ့သော နေရာသည် ရုတ်တရက် ပေါက်ကွဲသွားပြီး တွင်းနက်တစ်ခု ထွက်ပေါ်လာသည်။

တွင်းနက်သည် အကြောင်းအရင်းမရှိဘဲ ရုတ်တရက် ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ထိုသို့ဖြစ်ရသည့် ဇစ်မြစ်က မြေကြီးထဲမှာ ဖြစ်သည်။

ရွှံ့မြေထဲတွင် ပေတစ်သိန်းရှည်လျားသော ရုပ်တုပျက်တစ်ခုသည် ထိုနေရာမှာ လဲလျောင်းနေသည်။ ၎င်း၏ ခန္ဓာကိုယ်သည် အက်ကွဲနေပြီး ပြည့်စုံခြင်းမရှိပေ။ ၎င်း၏ ဦးခေါင်းသည် အကောင်းတိုင်းနီးပါး ကျန်ရှိနေဆဲပင်။ အထူးသဖြင့် ပါးစပ်ဧရိယာဖြစ်သည်။ ထိုနေရာတွင် ထိခိုက်ပျက်စီးထားသော အရိပ်အယောင်မရှိပေ။

ထို့ပြင် ၎င်းက အသက်ရှူနေသည်။

၎င်းက အသက်ရှူလိုက်သည့်အခါတိုင်း တွင်းနက်တစ်ခုက လေထဲမှာ ထွက်ပေါ်လာလိမ့်မည်။

တစ်ချိန်တည်းမှာ ၎င်းက ဘဝအဆင့်အတန်း မြင့်မားမှုမှ ခြိမ်းခြောက်မှုတစ်ခုကို ထုတ်လွှတ်နေသည်။

ရွှီချင်း၏ ကျင့်ကြံခြင်းက ထူးခြားပြီး သူ၏ တိုက်ပွဲစွမ်းအားက အံ့ဖွယ်ကောင်းသော်လည်း ရုပ်တု၏ အရှိန်အဝါကြောင့် သူက ထိတ်လန့်သွားခဲ့သည်။ ထို့ကြောင့် သူက ရုပ်တုကို ကွေ့ပတ်သွားရုံသာ တတ်စွမ်းသည်။

တစ်ချိန်တည်းမှာ နတ်ဘုရားလက်ချောင်း၏ ထိတ်လန့်နေသော အသံသည် (ဃ၁၃၂)ထဲမှ ထွက်ပေါ်လာသည်။

“ ဒီမှာ… ဒီမှာ… ”

ရွှီချင်း၏ နှလုံးသည် တုန်ယင်သွားသည်။

“ ဆက်ပြော ”

နတ်ဘုရားလက်ချောင်းက တုန်ယင်နေပြီး တိုးညင်းစွာ ပြောသည်။

“ ဒီနေရာမှာ နတ်ဘုရားတွေ သေဆုံးခဲ့တယ်… နတ်ဘုရားတွေက နည်းနည်းပဲ မဟုတ်ဘူး… အများကြီးပဲ… ဘုရားရေ… ဒီအကြောင်းကို အရင်က ငါဘာလို့ မကြားဖူးတာလဲ ”

“ မင်းရဲ့ မူလခန္ဓာကိုယ် ဆင်းသက်လာတဲ့အချိန်မှာ ဖြစ်နိုင်တယ်… မင်းက အမြဲတမ်း အိမ်မောကျနေတာ မဟုတ်ဘူးလား… နောက်ပိုင်း မင်းက ခွဲထုတ်ခံရတဲ့အချိန်မှာတောင် ဖိနှိပ်ခံခဲ့ရပြီး အမြဲတမ်း အိပ်ပျော်နေတာ မဟုတ်ဘူးလား… ”

ကျင်းကန်းဂိုဏ်းဘိုးဘေးက အဝေးမှ ပျံသန်းလာပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။

နတ်ဘုရားလက်ချောင်းသည် နှုတ်ဆိတ်သွားသည်။ ၎င်းက ပြန်ပြောချင်သော်လည်း ရွှီချင်း၏ နှလုံးသားထဲမှာ တစ်ဖက်လူ၏ အဆင့်အတန်းက ၎င်းထက် ပိုမြင့်မားကြောင်း သိထားသည်။ ထို့ကြောင့် ၎င်းက စိတ်ထဲမှာသာ ကျိန်ဆဲလိုက်ပြီး ပြန်မငြင်းပေ။

ရွှီချင်းသည် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ စကားကို ဂရုမစိုက်ပေ။ သူက လမ်းတစ်လျှောက်တွင် မြင်တွေ့ခဲ့သော ရုပ်တုပျက်များကို ပြန်တွေးတောလိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်လေရာ မျက်လုံးမှေးကျဉ်းသွားသည်။

ဤနေရာမှ လေသည် သာမန်ဖြစ်ဟန်ရသော်လည်း အာရုံစူးရှသော ရွှီချင်းအနေဖြင့် လေထဲမှာ သွေးနံ့တစ်စွန်းတစ်စ ကိန်းအောင်းနေကြောင်း သူအာရုံခံနိုင်သည်။

သွေးနံ့သည် လေထဲမှာသာမက အပင်များ၊ ကျောက်တုံးများနှင့် ဤလောကထဲမှ ပျံ့လွင့်လာနေခြင်း ဖြစ်သည်။

ဤလောထဲမှ အရာအားလုံးက သွေးဖြင့် စွန်းထင်နေသည့်အလားပင်။

“ ဒီနေရာမှာ ကြီးမားတဲ့ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်… နတ်ဘုရားတွေအများကြီးက ဒီနေရာမှာ သေဆုံးသွားခဲ့တယ်… ဒါဆို နတ်ဘုရားတွေရဲ့ ရန်သူက ဘယ်သူတွေလဲ ”

ရွှီချင်းသည် ပုံပြင်၏ တစ်စိတ်တစ်ပိုင်းကိုသာ သိထားသည်။ သူက အသေးစိတ် မသိထားပေ။ ထိုအဖြေကို ရှာဖွေရန် သူ့မှာ သဲလွန်စအလုံအလောက် မရှိပေ။

သူ၏ အကြည့်က မြေပြင်ပေါ်မှ ဧရာမရုပ်တုပေါ်သို့ ကျရောက်သွားသည်။ သူက ရုပ်တုကို ကွေ့ပတ်သွားလိုက်သည်။ သူက တခြားဦးတည်ရာဆီသို့ အရှိန်မြှင့်တင်တော့မည့်အချိန် လေခွင်းသံသည် အဝေးမှ ထွက်ပေါ်လာသည်။ ထို့နောက် သက်တံ့ခုနစ်ခုရှစ်ခုသည် အဝေးမှ ပျံသန်းလာနေကြသည်။ သူတို့က ရွှီချင်းကဲ့သို့ ဧရာမရုပ်တု၏ ဘေးကို ကွေ့ပတ်သွားရန် လုပ်ဆောင်နေကြသည်။

ထို့ကြောင့် သူတို့က ရွှီချင်းကို မြင်သွားသည်။

ရွှီချင်းသည်လည်း သူတို့ကို ရှင်းလင်းစွာ မြင်သွားသည်။

ထိုအုပ်စုထဲမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များနှင့် ၎င်း၏ လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများ ပါဝင်ကြသည်။ သူတို့ထဲမှာ စီအဲမျိုးနွယ်ဝင်တစ်ဦးလည်း ပါဝင်သည်။ ရှင်းလင်းစွာပင် သူတို့က ယာယီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ရွှီချင်းကို ရှင်းလင်းစွာ မြင်သွားသောအခါ ထိုကျင့်ကြံသူအုပ်စုသည် အမူအရာပျက်ယွင်းသွားကြသည်။ သူတို့က ချက်ချင်း အနောက်ဆုတ်သွားကြပြီး အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။ အဖွဲ့ခေါင်းဆောင်ဖြစ်သော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်သည် အဝေးမှ ရွှီချင်းကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ဦးတည်ရာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။

သူ့နောက်မှ တခြားလူများသည်လည်း တုန်ယင်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးလိုက်ကြသည်။ စီအဲမျိုးနွယ်ဝင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ထို့နောက် သူက တခြားလူများနည်းတူ ရွှီချင်းကို မြန်ဆန်စွာ အရိုအသေပေးလိုက်သည်။

သူတို့က မြင့်မြတ်မြို့တော်၏ အပြင်ဘက်မှ ရွှီချင်း၏ တိုက်ပွဲကို မြင်တွေ့ခဲ့ကြသည်။ ယင်းက သူတို့၏ နှလုံးကို လှိုင်းထစေခဲ့သည်။ ထို့ကြောင့် ယခု သူတို့က ရွှီချင်းနှင့် တွေ့ဆုံသည့်အခါ အနားမကပ်ဝံ့ကြချေ။

ရွှီချင်း၏ အေးစက်စက်အကြည့်က သူတို့အပေါ်သို့ ကျရောက်သွားသည်။ တစ်ဖက်လူဆီမှာ မည်သည့်သန္ဓေပြောင်းသားရဲမှ မရှိကြောင်း သူအာရုံခံမိသွားသောအခါ တိုက်ခိုက်ရန် စိတ်မဝင်စားချေ။ သူ၏ ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး မူလဦးတည်ရာအတိုင်း ဆက်လက် ပျံသန်းသွားသည်။

ရွှီချင်း၏ ထွက်ခွာသွားမှုကို အာရုံခံမိသောအခါ မြန်ဆန်စွာ ရွေ့လျားနေသော ထိုအုပ်စုမှ ကျင့်ကြံသူများသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်လေရာ တစ်ဖက်လူ၏ တုံ့ဆိုင်းနေသော အမူအရာကို သတိပြုမိသွားကြသည်။

သို့သော်လည်း စီအဲမျိုးနွယ်ဝင်သည် လုံးဝတုံ့ဆိုင်းမနေပေ။ သူက အသံပို့လွှတ်ကျောက်စိမ်းပြားကို ချက်ချင်း ထုတ်လိုက်ပြီး အသံပို့လွှတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း သူက အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်လိုက်သည့်အခိုက် အေးစက်စက် စကားသံသည် သူ့ဘေးမှ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။

“ မင်းဘာလုပ်နေတာလဲ ”

ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ထိုအုပ်စုထဲမှ ကျင့်ကြံသူများ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြသည်။ အထူးသဖြင့် စီအဲမျိုးနွယ်ဝင်ပင်။ သူက အသံပို့လွှတ်ကျောက်စိမ်းပြားကို ဖမ်းဆုပ်လိုက်ပြီး အသံပို့လွှတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ယင်းက အလွန်နောက်ကျသွားချေ၏။

လက်တစ်ဖက်သည် စီအဲမျိုးနွယ်ဝင်၏ ဘေးမှ ဆန့်ထွက်လာပြီး သူ့လက်ကို ဖမ်းဆုပ်လိုက်သည်။ သူက ဖြည်းညင်းစွာ ဖျစ်ညှစ်လိုက်လေရာ စီအဲမျိုးနွယ်ဝင်၏ လက်သည် ကျိုးပဲ့သွားသည်။ ထို့အတူ သူ့လက်ထဲမှ အသံပို့လွှတ်ကျောက်စိမ်းပြားသည်လည်း အမှုန့်ဖြစ်သွားသည်။

ပြင်းထန်သော နာကျင်မှုကြောင့် စီအဲမျိုးနွယ်ဝင်သည် နှလုံးကွဲကြေသော အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ ထိုစဉ် နတ်ဘုရားအသွင်သဏ္ဍာန်ကို အသုံးပြုထားသော ရွှီချင်းသည် ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာပြီး စီအဲမျိုးနွယ်ဝင်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှ တခြားကျင့်ကြံသူများသည် နှလုံးတုန်သွားကြသည်။ သူတို့က ချက်ချင်း အနောက်ဆုတ်သွားကြသည်။ သို့သော်လည်း သူတို့က အဝေးကြီးသို့ မဆုတ်နိုင်ကြချေ။ သွေးနီရောင်လက်တံများသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြပြီး သူတို့တစ်ယောက်စီ၏ အရှေ့မှာ ရပ်တန့်သွားသည်။

အကယ်၍ သူတို့သာ နည်းနည်း ရွေ့လျားလိုက်မည်ဆိုလျှင် သူတို့၏ နဖူးသည် သွေးနီရောင်လက်တံများဖြင့် ထိုးဖောက်ခံရလိမ့်မည်။

သူတို့အားလုံးသည် ရပ်တန့်လိုက်ကြပြီး ရွှီချင်းကို ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။

“ တခြားလူတွေက ငါ့ကိုမြင်တော့ အရိုအသေပေးကြတယ်… အဲ့ဒါကို ငါနားလည်ပေးနိုင်တယ်… ဒါပေမဲ့ စီအဲမျိုးနွယ်ဝင်ဖြစ်တဲ့ မင်းက ငါ့ကို အရိုအသေပေးတာတော့ နည်းနည်း ထူးဆန်းတယ်… ပြီးတော့ မင်းရဲ့ အကြည့်က သိပ်မူမမှန်ဘူး… မင်းငါ့ကို အရင်က စိန်ခေါ်ခဲ့ဖူးတယ် မဟုတ်လား ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းသည် စေ့စပ်သေချာသူဖြစ်သည်။ သူသည် စောစောက ထွက်သွားခဲ့သော်လည်း သေးငယ်သော သံသယဖြစ်ဖွယ်ရာအချက်က သူ့အား သတိကြီးစေသည်။ ထို့ကြောင့် သူက အကဲခတ်စောင့်ကြည့်ရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးမှာတော့ တစ်ဖက်လူက အသံပို့လွှတ်ရန် ပြင်ဆင်နေသည်ကို သူမြင်လိုက်သည်။

“ ငါ့ကိုပြောစမ်း… ဘယ်သူ့ကို မင်းသတင်းပို့မလို့လဲ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ကြောက်လန့်မှုသည် စီအဲမျိုးနွယ်ဝင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စကားမပြောနိုင်ခင်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူက ရုတ်တရက် ပြောသည်။

“ တာအိုရောင်းရင်းရွှီ… ငါမင်းကို ပြောပြပါရစေ ”

“ လွန်ခဲ့တဲ့ငါးရက်တုန်းက ဂျိဒုန်းဇီက မင်းကို တွေ့တာနဲ့ သူ့ကို အကြောင်းကြားဖို့ သတင်းဖြန့်ခဲ့တယ်… ”

“ စီအဲမျိုးနွယ်ဝင်က ဂျိဒုန်းဇီကို အကြောင်းကြားဖို့ လုပ်နေတာပါ ”

မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် ဉာဏ်ကောင်းသူဖြစ်သည်။ သူက သေလမ်းရှာနေသော စီအဲမျိုးနွယ်ဝင်ကြောင့် သူ့အသက်ကို မဆုံးရှုံးချင်ပေ။ ရွှီချင်းက သတ်ဖြတ်ရန် စိတ်ဆုံးဖြတ်ထားကြောင်းကိုလည်း သူသိသည်။ ထို့ကြောင့် အကယ်၍ စီအဲမျိုးနွယ်ဝင်သာ အရင်ဆုံး ဖြေလိုက်မည်ဆိုလျှင် သူ၏ သေခြင်းရှင်ခြင်းက ရွှီချင်း၏ အတွေးပေါ်မှာ မူတည်သွားလိမ့်မည်။

အကယ်၍ သူက အရင်ဆုံး ဖြေလိုက်မည်ဆိုလျှင် သူ၏ အသက်ရှင်နိုင်ခြေက ပိုတိုးမြှင့်သွားလိမ့်မည်။

တခြားကျင့်ကြံသူများသည်လည်း အသိဝင်လာကြပြီး တစ်ယောက်ပြီးတစ်ယောက် ပြောသည်။

ရွှီချင်းသည် သူ၏ လက်ထဲမှ ကျင့်ကြံသူကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ကြောက်လန့်နေမှုကို သတိပြုမိသောအခါ သူက အဖြေရသွားပြီ ဖြစ်သည်။ သူက လက်ကို ဖျစ်ညှစ်လိုက်လေရာ အက်ကွဲသံထွက်ပေါ်လာသည်။ အက်ကွဲသံနှင့်အတူ ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရသည်။

တစ်ချိန်တည်းမှာ တခြားလူများသည်လည်း နှလုံးတုန်သွားကြသည်။ သူတို့က နှုတ်ဆိတ်သွားကြပြီး ရွှီချင်းကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

ရွှီချင်း၏ အကြည့်က သူတို့အပေါ်သို့ ကျရောက်သွားသည်။ သူက တားမြစ်အဆိပ်ကို ထုတ်လွှတ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။

ထိုလူများသည် ယင်းကို အာရုံခံမိသွားသောအခါ မျက်နှာဖြူဖျော့သွားကြသည်။

“ ဒုတိယပြိုင်ပွဲပြီးသွားရင် ငါ့ကို လာရှာပြီး ဖြေဆေးတောင်းပါ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်လေရာ မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။

မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူအပါအဝင် တခြားကျင့်ကြံသူများသည် နှုတ်ဆိတ်သွားကြသည်။ သို့သော်လည်း သူတို့မှာ တခြားရွေးချယ်စရာ မရှိပေ။ သူတို့က ခါးသီးစွာ ထွက်ခွာသွားကြသည်။

သူတို့ထွက်ခွာသွားပြီးနောက် ရွှီချင်း၏ ပုံရိပ်က ထပ်မံ ထွက်ပေါ်လာသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။

“ ဂျိဒုန်းဇီလား ”

All Chapters